COVID-19 vaccine contraindication ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ အကြိမ်ပေါင်းမျာစွာ တင်ထားပြီး။ မောပြီ။ ကိုဗစ်ကာကွယ်ဆေး မထိုးရသူများစာရင်းဆိုတာ မရှိသလောက်နည်းတယ်။ တိုင်းပြည်အလိုက် အသက် ကန့်သတ်ချက်သာ ထားတယ်။

၁။ ဆရာရှင့် ကျွန်မအသက် ၄၆နှစ်ပါရှင့် ကျွန်မနှလုံးသွေးကြောကျဉ်းရောဂါရှိလို့ နှလုံးဆေးနဲ့ သွေးကျဲဆေးတွေသောက်နေရပါတယ်ရှင့် covid19 ကာကွယ်ဆေးထိုးချင်ပါတယ်ရှင့် ဆေးသောက်နေတုန်းထိုးလို့ရပါလားရှင့်ညွန်ကြားပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်

၂။ သမီးအမေက ဆီးချို သွေးတိုး ရှိတယ် နှလုံးသွေးကြောပိတ်ခဲ့ဖူးပါတယ် အခုတော့ ဆီးချို ဆေး နှလုံးဆေး သွေးကျဲဆေး သောက်ရပါတယ် Covid ကာကွယ်ဆေး ထိုးလို့ရလားသိချင်ပါတယ် ဆေးထိုးရင် သောက်လက်စ ဆေးကို ဆက်သောက်ရမလား ရပ်ထားရမလားသိချင်ပါတယ်ဆရာ အကြံပေးပါအုံးရှင့် အမှားပါခဲ့ရင် ခွင့်လွှတ်ပါဆရာ

ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ အကြိမ်ပေါင်းမျာစွာ တင်ထားပြီး။ မောပြီ။ ကိုဗစ်ကာကွယ်ဆေး မထိုးရသူများစာရင်းဆိုတာ မရှိသလောက်နည်းတယ်။ တိုင်းပြည်အလိုက် အသက် ကန့်သတ်ချက်သာ ထားတယ်။
အောက်ပါ (၁) (၂) (၃) မှာမပါသူတွေ ကာကွယ်ဆေးထိုးနိုင်။ 
(၁) အလာဂျီ ဆိုးဆိုးဝါးဝါးမဖြစ်ဖူးသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်။
(၂) သက်ဆိုင်ရာနေရာ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့အသက် မဟုတ်သူတွေ မထိုးရပါ။
(၃) ကာကွယ်ဆေး ပဌမအကြိမ်ထိုးစဉ်က ဆေးကုသမှုခံယူလောက်တဲ့အထိ ဘေးထွက်သက်ရောက်မှုရှိခဲ့သူများ ဒုတိယဆေး မထိုးရပါ။

ယူအက်စ်အေမှာ ကာကွယ်ဆေးစထိုးတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်အကြီးဆုံးလူတွေကို ထိုးတယ်။ ၇၀-၈၀ တွေ။ နောက် ၆၅ နှစ်။ စသဖြင့်။ (၁၈) နှစ်အထိထိုးတယ်။ လွန်ခဲ့တဲ့ (၃) လလောက်ကစပြီး (၁၂) နှစ်အထိ။ တရုပ်ပြည်မှာ အရင် ၁၈ နှစ်ကနေ အခုကျောင်းသားတွေ ထိုးပေးနေတယ်။

ယူကေမှာလည်း သူ့သတ်မှတ်ချက်နဲ့သူ ထိုးပေးတယ်။ ပြောင်းတတ်တယ်။ ငယ်ငယ်လာတယ်။ ကလေးတွေကို လေ့လာမှုတွေလုပ်နေတယ်။

မြန်မာပြည်မှာ အခုထိုးပေးနေတဲ့ တရုပ်ကိုဗစ်ကာကွယ်ဆေး စာတချို့မှာ ၁၈-၆၅ နှစ်လို့ရေးတာတွေ့တယ်။ မဟုတ် မမှန်ပါ။ ၁၈ နှစ်အထက်အားလုံး ထိုးနိုင်တယ်။

ဘယ်တိုင်းပြည်မှာမဆို ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်။ 
မြန်မာပြည်မှာ အခြေအနေက ကျန်းမာရေးအတွက် တစက်ကလေးမှ မကောင်းပါ။ 
မြန်မာပြည်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးကြရမယ်။ အဲဒါထက် သင့်တာ မရှိလို့ဖြစ်တယ်။ 
အိမ်မှာနေနေ အပြင်ထွက်ထွက် ကာကွယ်ရေးစည်းကမ်းကို ၁၀၀% လိုက်နာရမယ်။
ကိုဗစ်ကာကွယ်ဆေး တကြိမ်ထိုးတာနဲ့ ကာကွယ်မှု မရသေး။ 
၂ ကြိမ်ထိုးပြီးရင် ၂ပတ်လောက်ဆို ကာကွယ်နိုင်စွမ်း ကောင်းလာမယ်။ 
အဲဒါလည်း ၁၀၀% တော့မဟုတ်။ 
ကာကွယ်ဆေးတမျိုးထိုးပြီး နောက်တမျိုးထိုးခြင်း ဆေးသုတေသန ရှိ။ 
ပဌမတကြိမ်ကတမျိုး ဒုတိယတမျိုးထိုးခြင်း ဆေးသုတေသနမရှိ။
ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေလည်း နှာခေါင်းစည်းနဲ့ လက်ဆေးရဦးမယ်။ 

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

  1. (၂) သက်ဆိုင်ရာနေရာ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့အသက် မဟုတ်သူတွေ မထိုးရပါ။

    နံပါတ် ၂ သက်ဆိုင်ရာဌာန အသက် သတ်မှတ်ချက်လေးပြောပြပေးပါလားခင်ဗျ ဘယ်ကို reference လုပ်ရန်မသိလို့ပါခင်ဗျ။ ခုလောလောဆယ်တော့ ရပ်ကွက်က အသက် ၆၅ နှစ်အထက်တွေကိုခေါ်ထိုးနေလို့ပါ။ ကျေးဇူးပါဆရာ။

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း