Ringworm ပွေး

မိုးတောင်က ပွေးပေါင်ကလို့ အရပ်ခေါ်ခေါ်တဲ့ အရေပြားရောဂါကို ဆေးစာနဲ့ Ringworm အပြင် Dermatophytosis; Dermatophytid; Tinea လို့လဲခေါ်တယ်။ ဆေးစာအခေါ်လွဲနေတာက Worm ဆိုပေမဲ့ သန်ကောင်မဟုတ်ပါ။ Fungus ဖန်းဂတ်စ် ခေါ် မှိုတမျိုးဖြစ်တယ်။

အဖြစ်များတယ်။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ သူများကို ကူးလွယ်တယ်။ အတူနေတာ၊ အဝတ်အစား၊ ဘီး၊ ရေကူးကန်၊ တိရစ္ဆာန်တွေကနေ ကူးနိုင်တယ်။ မှိုပိုးရှိနေပြီး ကိုယ့်မှာ ပွေးကို မမြင်ရပေမဲ့ သူများကို ကူးစေနိုင်တယ်။ ယားမယ်၊ နီနေမယ်၊ အရေပြားအကောင်းထက် မြင့်နေမယ်၊ မီးလောင်ဖုလိုလဲ ဖြစ်နိုင်တယ်။ မန်းရည်လဲထွက်ချင် ထွက်နိုင်တယ်။ နုပ်ခမ်းသား တိတိကျကျရှိတယ်။ နီတာက ဘေးဘက်မှာ ပိုနီတယ်။ စက်ဝိုင်းလိုဖြစ်နေမယ်။ ဦးရေခွံမှာ ဖြစ်ရင် ဆံပင်ကျွတ်မယ်။ ခြေသည်း-လက်သည်းမှာဖြစ်ရင် ထူပြီး ပုံပြောင်းနေမယ်။ အမှောင်ခမ်းထဲမှာ အပြာရောင်မီးနဲ့ စမ်းတာကို Wood's lamp ခေါ်တယ်။ KOH exam စမ်းနည်း၊ Skin biopsy စမ်းနည်း နဲ့ Skin culture တွေလုပ်ပြီး သေခြာအောင်လုပ်နိုင်တယ်။

Griseofulvin စားဆေး

အသက် ၃၅ နှစ် အမျိုးသား ဖြစ်ပါတယ်ခင်ဗျ။ ၂၀၀၅ ခုနှစ်မှာ သနပ်ခါးကုမ္ပဏီတစ်ခု(တခု)မှာ အလုပ်လုပ်ရင်း ပေါင်ကြားမှာ ပွေးတွေပေါက်လာပါတယ်ဆရာ။ အခြားဝန်ထမ်းတွေလည်း ပေါက်ကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်ကနေစပြီး အဲဒီပွေးတွေက ဆေးသောက်ရင်ပျောက်လိုက်  မသောက်တော့တဲ့အခါ ပြန်ပေါ်လာလိုက်ဖြစ်နေတာ အခုအချိန်ထိပါပဲဆရာ။ ဆရာ့ Website မှာ ရှာဖွေကြည့်ပြီး Griseofulvin 250 mg ကို တနေ့ ၂ ကြိမ် ဆေးကတ် ၃ ကတ် ကုန်တဲ့အထိ  သောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ လလောက်ကြာတော့ ပြန်ပေါ်လာ​ပြန်ပါတယ်ဆရာ။ အခုဆိုရင် ပွေးတွေက ပွေးပုံစံ အကွက်အဝိုင်းလေးတွေ မဟုတ်တော့ဘဲ မည်းခြောက်ခြောက်အရေပြားပုံစံပဲ မြင်ရပါတော့တယ်။ Griseofulvin ကို ပြန်သောက်သင့်ပါသလားခင်ဗျ။ ပြန်သောက်တဲ့အခါ ဆေး ဘယ်နှစ်ကတ်အထိ အလွန်ဆုံး သောက်သင့်ပါသလဲခင်ဗျ။ စာမှာ အမှားပါရင်လည်း ခွင့်လွတ်ပါဆရာ။

Ringworm ပွေး ဘယ်လိုကုသမလဲ

ဖြစ်တဲ့နေရာကို ခြောက်သွေ့နေပါစေ။ ဖြစ်တဲ့နေရာကို ဖိနေစေမဲ့ အဝတ်အစား မဝတ်ပါနဲ့။ အဝတ်အစားကို နေ့တိုင်း လျှော်ပါ။ Miconazole, Clotrimazole ဆေးတွေပါတဲ့ ဆိုင်တွေမှာ ဝယ်လို့လွယ်တဲ့ Antifungal powders, lotions, creams လိမ်းဆေး၊ ပေါင်ဒါ တခုခုသုံးနိုင်တယ်။ လိမ်းဆေးထဲမှာ Clotrimazole ပါတာတွေက (Cruex cream, Desenex cream, Lotrimin cream, lotion, and solution) ဖြစ်တယ်။ Miconazole ပါတာတွေက (Monistat-Derm cream), Ketoconazole (Nizoral cream) တွေဖြစ်တယ်။ Econazole (Spectazole) ဆေး၊ Naftifine (Naftin) နဲ့ Terbinafine (Lamisil cream and solution) တွေရှိတယ်။ ယားလို့ ကုပ်မိရာကနေ ဗက်တီးရီးယား ဝင်နေရင် Antibiotics ပိုးသေဆေး လိုနိုင်တယ်။ ဖြစ်တာမကြာသေးသူတွေ ပျောက်တာမြန်မယ်။ ကြာမှဆေးကုရင် ပျောက်တာ ကြာမယ်။ လိမ်းဆေးနဲ့ မပျောက်နိုင်သူတွေ၊ ဦးရေခွံနဲ့ ခြေသည်း-လက်သည်း ဖြစ်သူတွေက စားဆေးပါလိုတယ်။

Griseofulvin စားဆေးကို Dermonorm, Fluvin, Fungivin, Geovin, Gris O.D, GrisactinForte, Grisomed, Grisoral, Grisoral-OD, Grisovin-FP, Idifulfin, Nufulvin, Ulvin, Walavin-250, Fulvicin-U/F, Grifulvin V, Gris-PEG နာမည်တွေနဲ့လာတယ်။ အသည်းမကောင်းရင် မပေးပါ။ လူကြီး 0.5-1 g/day ဆေးကို အစာနဲ့သောက်တာ ပိုကောင်းတယ်။ အရေပြားနဲ့ ဆံပင် = ၂-၈ ပတ်၊ လက်သည်း = ၆ လ၊ ခြေသည်း = ၁၂ လ။ Griseofulvin ဆေးကို Dermatophytosis အရေပြားရောဂါဖြစ်ရင် ကလေး ၁ နှစ်အထက် = 10 to 20 mg/kg/day တနေ့ ၁ ကြိမ်၊ (သို့) တဝက်ကို ၂ ခါခွဲတိုက်ပါ။ တနေ့မှာ 1000 mg/day ထက်မပိုစေရ။

Griseofulvin ကို Onychomycosis (Fingernail) လက်သည်းမှိုအတွက်

• Microsize formulation 1000 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။

• Ultramicrosize formulation 660 to 750 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။

Griseofulvin ကို Onychomycosis (Toenail) ခြေသည်းမှိုအတွက်

• Microsize formulation 1000 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။

• Ultramicrosize formulation 660 to 750 mg/day တနေ့ ၂-၄ ကြိမ်ခွဲပေးပါ။

Griseofulvin ကို Tinea Pedis အားကစားသမားခြေထောက်မှိုအတွက်

• Microsize formulation 1000 mg/day တနေ့ ၂-၄ ကြိမ်ခွဲသောက်ပါ။

• Ultramicrosize formulation 660 to 750 mg/day တနေ့ ၂-၄ ကြိမ်ခွဲသောက်ပါ။

Griseofulvin ကို Tinea Barbae မိုတ်ဆိတ်မှိုအတွက်

• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊

• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊

Griseofulvin ကို Tinea Capitis ဦးရေခွံမှိုအတွက်

• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊

• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊

Griseofulvin ကို Tinea Corporis ကိုယ်ခန္ဓာမှိုအတွက်

• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊

• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊

Griseofulvin ကို Tinea Cruris ပေါင်ခြံမှိုအတွက်

• Microsize formulation 500 mg/day တနေ့ ၁ ကြိမ်၊

• Ultramicrosize formulation 330 to 375 mg/day တနေ့ ၁ ကြိမ်၊

Griseofulvin ကို Dermatophytosis ကလေးမှို

• Microsize formulation: 1 year or older: 10 to 20 mg/kg/day တနေ့ ၁ ကြိမ်၊ 1000 mg/day ထက်မများစေရ။

• Greater than 2 years: 5 to 15 mg/kg/day တနေ့ ၁ ကြိမ်၊ 750 mg/day ထက်မများစေရ။

Griseofulvin ဘေးထွက်ဆိုးကျိုး = ပျို့၊ အန်၊ ဝမ်းပျက်၊ ပါးစပ်အနာပေါက်၊ ရေငတ်၊ ခေါင်းကိုက်၊ စိတ်ကျ၊ အိပ်မရ၊ အားယုတ်။ Pregnancy category C သတ်မှတ်ထားလို့ ကိုယ်ဝန်မှာမပေးရပါ။ လိမ်းဆေးတော့ လိမ်းလို့ ရပါမယ်။ ကလေးနို့တိုက်နေချိန်မှာတော့ တားထားတာမရှိပါ။ Clotrimazole ဆေးပါတဲ့လိမ်းဆေး (Cruex, Desenex, Lotrimin)၊ Miconazole ပါတဲ့လမ်းဆေး (Monistat-Derm) Ketoconazole ပါတဲ့ (Nizoral) နဲ့ and terbinafine ပါတဲ့ (Lamisil) ဆေးတွေကိုလိမ်းနိုင်တယ်။

Itraconazole ဆေးကို Biospore, Candistat, Canditral, Fulcover, Fungicap, Itaspor, Itra, Itrazen, Itrole, Sporanox နာမည်တွေနဲ့လာတယ်။ ကျောက်ကပ်၊ နှလုံး သိပ်မကောင်းသူတွေကို မပေးပါ။ Cisapride, Midazolam, Nisoldipine, Pimozide, Quinidine, Dofetilide, Triazolam, Levacetylmethadol ဆေးတွေနဲ့ တွဲမပေးပါ။

လူကြီး 100-200 mg တနေ့ ၁ ကြိမ် (၂ တောင့်)။ ဆေးကို အစာမရှိချိန်သောက်ရတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့၊ အန်၊ ဝမ်းပျက်၊ ဗိုက်နာ၊ အစားပျက်၊ ကိုယ်ရောင်၊ အားယုတ်၊ ကိုယ်ပူ၊ အနေရခက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ လိင်စိတ်နည်း၊ အိပ်ချင်၊ သွေးဖိအားတက်၊ သွေးထဲ ပိုတက်ဆီယမ်ဓါတ်နည်း၊ ယောက်ျားပန်းညှိုး၊ အသည်းထိခိုက်။ နို့တိုက်မိခင်တွေ နို့ထဲမှာနည်းနည်းသာပါလို့ ကလေးအတွက်မစိုးရိမ်ရပါ။

Terbinafine ဆေးက စားဆေး၊ လိမ်းဆေးလာတယ်။

• Anibret Cream, Daskil Cream, Dermafine Cream, Exifine Cream, Fungotek Cream, Mecloma-T Cream, Mycofem Cream, Sebifin Cream, Tebina Cream, Tefdin Cream, Teraderm Cream, Terbee Cream, Terbest Cream, Terbicip Cream, Terbicrat Cream, Terbiderm Cream, Terbina Cream, Terbinyl Cream, Terbized Cream, Terbo Cream, Terfast Cream, Tinafine, Terbinid, Bifine, Derbina, Xtra, Befine, Mycoseal, Tyza Cream လိမ်းဆေးတွေ ဖြစ်တယ်။

• Anibret Tab, Daskil Tab, Exifine Tab, Fin Tab, Fungotek Tab, Lamisil Tab, Phyte Tab, Sebifin Tab, Tebif Gel, Tebif Tab, Tebina Tab, Tebsil Tab, Tefdin-250 Tab, Teraderm Tab, Terbee Tab, Terbest Tab, Terbicip Tab, Terbized Tab, Terfast Tab, Terif Tab, Tyza Tab, Zimig Cream, Zimig Tab စားဆေးတွေ ဖြစ်တယ်။

လူကြီး Toenail- 250 mg တနေ့ ၁ ကြိမ်၊ 12 weeks ၃ လသောက်ပါ။ အစာနဲ့ နီးနီး ဝေးဝေး ရတယ်။

လိမ်းဆေး Cream တနေ့ ၁-၂ ကြိမ်။Fluconazole လူကြီး 50-400 mg daily ပေးရတယ်။ ကင်ဆာ၊ AIDS အေအိုင်ဒီအက်စ်၊ နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ အသည်းရောဂါ၊ အရက်စွဲရောဂါ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ သတိနဲ့ပေးမယ်။ ဘေးထွက်-ဆိုးကျိုး = ခေါင်းကိုက်၊ ပျို့၊ ဗိုက်နာ၊ ဝမ်းပျက်၊ အစာမကျေ၊ ခေါင်းမူး။

Tinea Corporis ကိုယ်မှာပေါက်တဲ့ပွေး

လိမ်းဆေးကို ဖြစ်နေတဲ့နေရာတခုလုံးအပြင် ဘေး ၂ စင်တီမီတာအထိ တနေ့ ၁-၂ ကြိမ်။ အနည်းဆုံး ၂ ပါတ်။

1. Topical azoles ဆိုတာ Econazole, Ketoconazole, Clotrimazole, Miconazole, Oxiconazole, Sulconazole, Sertaconazole တွေဖြစ်တယ်။

2. Allylamines ဆိုတာ Naftifine, Terbinafine တွေဖြစ်တယ်။

3. Ciclopirox olamine ကိုလဲသုံးနိုင်တယ်။

သောက်ဆေးများ

1. Ketoconazole = 3-4 mg/kg/d ပေးရတယ်။ ဒါပေမဲ့ အသည်းကိုထိခိုက်စေနိုင်တယ်။

2. Fluconazole = 50-100 mg/d or 150 mg တပါတ် ၁ ကြိမ်၊ ၂-၄ ပါတ်။

3. Itraconazole = 100 mg/d ၂ ပါတ်၊ (သို့) 200 mg/d ၁ ပါတ်။

4. Terbinafine = 250 mg/d ၂ ပါတ်။

Dr. တင့်ဆွေ


Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ