အတူတူ

အတူတူ မနက် နေ့ ညစာ စား
အတူတူ မြူ မိုး နှင်းတွေ ကြား
အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေ များ
အတူတူ အယူ ကိုးကွယ်ရာ တရား
အတူတူ အလှူ ပေးကမ်းစရာ စေတနာ ထား
အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန် မနား။

အသက်တွေရချိန်မှာ မတူတာက ချက်တဲ့သူ သူချက်တာ မစားရ။ ကျွန်တော်တို့နှစ်ယောက်သည် နမူနာမျှသာဖြစ်ပါသည်။ သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။

အတူတူနား တနေ့မှာ သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာ သွားရပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၈
ပုံ ၂ဝ၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ။ Photo by Dr. Maung Win

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ