COVID-19 Coughing ကိုဗစ် ချောင်းဆိုးခြင်း



ကျွန်တော့ အမေ ချောင်းဆိုးနေတာ တပတ် ကျော်နေပါပြီ ချောင်းဆိုးပျောက်ဆေးတွေလည်း ပြောင်းသောက်တာ ၃/၄ မျိုး ရှိနေပါပြီ အခုထိ မသက်သာသေးလို့ပါဗျ လမ်းညွှန်ပေးပါဦး ခင်ဗျာ အမေ့ရဲ့ အသက်က ၅၉ နှစ်ပါဗျ

အခုလိုရက်တွေမှာ နေမကောင်းသူတိုင်း ကိုဗစ်ကိုအရင်ဆုံး ခေါင်းထဲထည့်ရမယ် ကာကွယ်နည်း သီးသန့်နေထိုင်နည်းနဲ့ သန့်ရှင်းနည်းတွေ အတိအကျ လိုက်နာရမယ်။ 
ကိုဗစ် ကာကွယ်နည်း
၁။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ
၂။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ Sanitizer လက်ဆေးရည် သုံးပါ)
၃။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)
၄။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။
၅။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။
၆။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။
၇။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။ 
၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။
၉။ ကာကွယ်ဆေးထိုးပါ။

ကိုဗစ် ပိုးကူးစက်ခံရပြီးနောက် လက္ခဏာတွေ စတင်ခံစားရပြီး (၂၀) ရက်အထိ သူများကို ကူးစက်နိုင်တယ်။ ကိုဗစ် ပိုးကူးစက်ခံရပြီးနောက် လက္ခဏာတွေ ခံစားရတာ ၁၄ ရက်အထိအချိန်ယူနိုင်တယ်။ ပဌမတပတ်အတွင်း သိသာတယ်။ ၄-၅ ရက်ဆို ဆိုးမလား ကောင်းမလား သိမယ်။ သက်သာလာချိန် ပျမ်းမှာကာလ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာတယ်။ ကိုဗစ်လက္ခဏာတွေ စခံစားရပြီးနောက် (၁၀) ရက်ဆိုရင် သူတပါးကို မကူးစက်နိုင်တော့ပါ။ သီးခြားထားတာ မလိုတော့ပါ။ ရောဂါခံစားရတာဆိုးသူတွေနဲ့ ခုခံအားနည်းသူတွေက (၂၀) ရက်အထိ သူများကို ကူးစက်နိုင်သေးတယ်။ Home isolation ခေါ် အိမ်မှာသီးခြားနေချိန်ကာလ လက္ခဏာတွေ စတင်ခံစားရပြီးနောက် (၁၀) ရက်။ အဖျားလုံးဝမရှိတဲ့နောက် (၂၄) နာရီ။

ကိုဗစ်ကူးစက်ခံရသူ ၂၀% သာ ဆေးရုံတက်ရန်လိုကြတယ်။ အောက်စီဂျင်မကျသူ ခံစားရတာ မဆိုးသူတွေ ဆေးရုံတက်ရန်မလိုကြပါ။ ဖျားသူ Paracetamol ပါရာစီတမော သို့မဟုတ် Ibuprofen အိုင်ဘူပရိုဖင် သောက်နိုင်။ အပူချိန်တက်တိုင်း သောက်နိုင်။ တနေ့ ၁-၂-၃-၄ ကြိမ်။ ဝမ်းပျက်သူ Imodium တနေ့ ၁-၂-၃ ကြိမ် သောက်နိုင်။ ORS ဓါတ်ဆားလည်း သောက်နိုင်။ ကျန်ဆေးတွေ မလိုအပ်ပါ။ ပဋိဇီဝဆေး ခေါ် ဘက်တီးရီးယားဆေး မလိုပါ။ အားဆေး မထူးပါ။ ဖြည့်စွက်စာ မထူးပါ။ စားလိုတာ စားနိုင်။

COVID-19 ပိုးရှိသူ တအိမ်သားလုံး လိုက်နာရန်
ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေက ကူးစက်ခံထားရသူ ချောင်းဆိုး နှာချေတာကနေ ထွက်လာတယ်။ အမှုန်လေးတွေဖြစ်တယ်။ တီဘီတို့လို လေထဲကနေတဆင့် ကူးစက်တာ မဟုတ်ပါ။ ပိုးရှိနေသူတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ဝန်းကျင်မှာ ရှိနေမယ်။ လက်တွေမှာလဲ ရှိနေမယ်။ သူတို့အနီးအနားနဲ့ သုံးစွဲ ကိုင်တွယ်တဲ့ အရာတွေရဲ့ အပေါ်မျက်နှာပြင်တွေမှာ ပိုးတွေ ရှိနေနိုင်တယ်။

• ပိုးရှိသူတယောက်နဲ့ အတူနေရတဲ့ နေအိမ်တွေ တအိမ်သားလုံး အိမ်ထဲမှာပါ နှာခေါင်းစည်း သုံးကြရတယ်။
• မျက်နှာပြင်တွေကို ဆေးနေရမယ်။ ပိုးက ကြာကြာတော့ ရှင်မနေနိုင်ပါ။ သန့်ရှင်းနည်းတွေကို လိုက်တာပါ။ 
• အပိုတွေလည်း မလိုအပ်ပါ။ လိုတာတွေကိုတော့ တိတိကျကျလိုက်နာရတယ်။
• ကူးစက်ခံထားရသူက ရက်ပိုင်းကြာရင် သူများကို မကူးစက်နိုင်တော့ပါ။
• တအိမ်သားလုံး ခါတိုင်းစာနေကျ အစားအစာတွေ အကုန် (၁၀၀%) စားနိုင်တယ်။ ရှောင်ရမဲ့အစားအစာ (၀%) သာရှိတယ်။
• ဒီလိုအခြေအနေမှာတော့ နှာခေါင်းစည်း ၂ ထပ်သုံးနိုင်ရင် ပိုကောင်းတယ်။

ကိုဗစ်ရောဂါဟာ အသက်ရှူလမ်းရောဂါတခုဖြစ်တယ်။ အဆုတ်တွေ ပျက်စီးစေတယ်။ သာမန်လောက်နေ ဆိုးဆိုးဝါးဝါး ခံစားရနိုင်တယ်။ တချို့ အသက်ဆုံးပါးရတယ်။ အသက်ကြီးသူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာအခံရှိသူတွေ၊ ကိုယ်အလေးချိန်များပြီး ကိုလက်စထောများသူတွေမှာဖြစ်ရင် ဆိုးတယ်။ စစချင်း ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူတော့ လေထဲက ပိုးပါနေတဲ့ အမှုန်အမွှားလေးတွေကို ရှူမိမယ်။ ကူးပြီ။ အပြင်မသွားပါနဲ့။ ထွက်ရတိုင်းမှာ နှာခေါင်းစည်းတပ်ပါ။ 

ပိုးတွေကြောင့် နှာခေါင်း၊ အာခေါင်၊ လေပြွန်ကိုဖုံးထားတဲ့ အလွှာလေးတွေကို ရောင်စေမယ်။ ချောင်းဆိုးမယ်။ ချောင်းခြောက်။ ခွဲျမထွက်။ ခွဲထွက်စေတဲ့ ချောင်းဆိုးသက်သာဆေး မလိုပါ။ လည်ပင်းနာမယ်။ ဖျားမယ်။ Paracetamol, Ibuprofen, Biogesic တခုခုသောက်ပါ။ ပါးစပ်နဲ့ မျက်စိတွေကိုလည်း ရောက်နိုင်တယ်။ လက်မဆေးပဲ မျက်စိကို မကိုင်ပါနဲ့။ မျက်နှာသစ်ပါ။ ပိုးကူးစက်ခံထားရသူ အနီးအနားမှာ ပိုးတွေကျရောက်နေမယ်။ မျက်နှာပြင်တွေကို Lysol, Bleach ပိုးသတ်ဆေးနဲ့ သန့်ရှင်းပါ။ လက်အိတ်သုံးပါ။ လက်ဆေးပါ။ ပိုးတွေက အမြန်ပွါးလာမယ်။ အသက်ရှူလမ်းအောက် ဆက်ဆင်းမယ်။ လေပြွန်ကြီးတွေ၊ အဆုတ်နှစ်ဘက်။ အဆုံးနေရာကို Alveoli လေအိတ်လို့ခေါ်တယ်။ လူတိုင်း အဲဒီနေရာမှာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အသက်ရှူတဲ့လေထဲမှာပါလာတဲ့ အောက်စီဂျင် အပြောင်းအလဲလုပ်တယ်။

ဗမာနည်း နှာရှူခြင်းကြောင့် ရှိနေတဲ့ပိုးတွေပါတဲ့ အမှုန်အမွှားလေးတွေ အင်နဲ့အားနဲ့ ထုတ်ပြစ်ရာကျတယ်။ ၆ ပေပတ်လည်မက လူတွေရှူမိရင် ကူးမယ်။ အဲဒါကြောင့် တတောင်ဆစ်ထဲမှာသာ နှာချေပါ၊ ချောင်းဆိုးပါ ခိုင်းတာ။ အဲဒါကြောင့် ၆ ပေအကွာမှာနေပါ။ နှာခေါင်းစည်းပါ။ မျက်နှာပြင်တွေကို Lysol, Bleach ပိုးသတ်ဆေးနဲ့ သန့်ရှင်းပါ။ လက်အိတ်သုံးပါ။ လက်ဆေးပါ။

ကူးစက်ခံရသူ ၈၀% တို့ဟာ သာမန်အဆင့်သာ ခံစားကြရတယ်။ ချောင်းခြောက်ဆိုးမယ်။ လည်ပင်းနာမယ်။ ဖျားမယ်။ အားနည်းမယ်။ ကျန် ၂၀% ကတော့ ဆိုးတယ်။ အဆုတ်ရောင်လာပြီ။ Pneumonia နူမိုးနီးယားလို့ ခေါ်တယ်။ Alveoli လေအိတ်သေးသေးလေတွေ ရောင်မယ်။ တကယ်ဆိုးတာက ၁၄% သာရှိပါတယ်။ အဆုတ်နှစ်ဘက်လုံး နူမိုးနီးယားဖြစ်မယ်။ အဆုတ်ထဲမှာ အရည်တွေ ပြည့်နေမယ်။ မောမယ်။ အသက်ရှူမဝဖြစ်မယ်။ အသက်ရှူမြန်မယ်။ Oxygen အောက်စီဂျင်လိုတယ်။ Ventilator အသက်ရှူစက်လိုတယ်။ ၂၀-၃၀% တို့မှာ အဆုတ်ထဲမှာ သွေးခဲနိုင်တယ်။ အသက်အန္တရာယ်ရှိတယ်။ သွေးခဲလေးတွေက အဆုတ်၊ ခြေထောက်နဲ့ ဦးနှောက်သွေးကြောသေးသေးလေးတွေကို သွားပိတ်မယ်။ လူနာနည်းနည်းပါးပါး lung transplants အဆုတ်လဲပေးရနိုင်တယ်။ အရေးပေါ်အဆင့်လူနာ ၅% သာရှိတယ်။ Severe pneumonia နဲ့ acute respiratory distress syndrome (ARDS) လို့ခေါ်တယ်။

Cough Links ချောင်းဆိုး စာများ https://dr-tint-swe.blogspot.com/2021/05/cough-links.html
COVID-19 Coughing ကိုဗစ် ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2021/07/covid-19-coughing.html

Amoxicillin 500 mg တနေ့ ၂ကြိမ်၊ အနည်းဆုံး ၅ ရက် တချို့မှာသာလိုတယ်။ ချောင်းခြောက်ဆိုးသူ အဲလိုဆေး မလို။ ချွဲထွက်ဆေး မလို။ ပန်နာရှူဆေးပြောနေသူတွေ အကုန်မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ