COVID-19 ကိုဗစ် သီလငါးပါး

ဆရာရှင့် သမီးတို့က Covidshield (၂)ကြိမ် ထိုးခဲ့ပြီးပါပြီရှင့် သမီးတို့ အဲဒီကာကွယ်ဆေးထိုးပြီးရင် ကျန်တဲ့ကာကွယ်ဆေးတွေ ထိုးဖို့လိုပါသေးသလားရှင့်

Antibodyက (၆)လထိခံတယ်လို့လည်းကြားပါတယ်ရှင့် (၆)လကျော်ရင်ကျတော့ ဘာဆက်လုပ်ဖို့လိုပါသေးသလဲရှင့်

ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးထဲက တမျိုးကို (၂) ကြိမ်ထိုးပြီးသူတွေ တခြားကာကွယ်ဆေးထိုးရန် မလိုပါ။  Johson and Johnson vaccine ကတော့ တကြိမ်သာထိုးရတယ်။

ကာကွယ်ဆေးတွေကို လူအများကိုမထိုးခင် အဆင့် (၃) ခုနဲ့ စမ်းသပ်ခဲ့တယ်။ နောက်ဆုံးအဆင့်မှာ လူ ၃ သောင်း အနည်းဆုံးစမ်းတယ်။ အခုလူတွေ သန်းပေါင်းများစွာကို ထိုးနေတယ်။ ဆန်းစစ်မှုတွေ ဆက်လုပ်နေတယ်။ ထိရောက်မှု % မတူကြပါ။ ခုခံနိုင်စွမ်းကာလ မတူကြပါ။ သုတေသနရလဒ်တွေ မတူကြပါ။

ကာကွယ်ဆေးထိုးထားသူတချို့ကူးစက်ခံရတယ်။ ထပ်ကူးစက်ခံရသူတွေက ခံစားရတာ သိသိသာသာ သက်သာကြတာ တွေ့ရတယ်။

အဲဒါကြောင့် ကိုဗစ်ကာကွယ်နည်း + သန့်ရင်းရေးနည်းတွေကို ကာကွယ်ဆေးထိုးထားပြီးလည်း လိုအပ်တယ်။

မျိုးဆက်သစ်ကြောင့်ကတချက်၊ လူတွေ စည်းကမ်းပေါ့လာတာတချက်နဲ့ ကာကွယ်ဆေးထိုးသူဦးရေ လိုသလောက် မများသေးလို့ ယူအက်စ်အေမှာ ကူစက်မှုပြန်တက်လာလို့ နှာခေါင်းစည်း စည်းကမ်းကို ၂၇-၇-၂၀၂၁ နေ့ ပြန်ပြီး ထုတ်ရတယ်။

ကိုဗစ်ဆိုတာ ကာကွယ်ရေးထက်ကောင်းတာ အခုထိ မရှိပါ။

ကိုဗစ် သီလငါးပါး

၁။ အပြင်မထွက်ပါနဲ့

၂။ ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ

၃။ ဘယ်ရောက်နေနေ လက်ဆေးပါ

၄။ သန့်ရှင်းရေးလုပ်ပါ။

၅။ ကာကွယ်ဆေးထိုးပါ။

Booster dose လို မလို လေ့လာနေဆဲ။

ဒေါက်တာတငိ့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ