Anniversaries ၃၃ နှစ်ပတ်လည်နေ့ကို ဘယ်လိုခေါ်မလဲ

စက်တင်္ဘာလ (၁၈) ရက်နေ့ဟာ ဒုတိယအကြိမ်စစ်အာဏာသိမ်းခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်တယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ပဌမအကြိမ်တုန်းက ဗိုလ်ချုပ်နေဝင်းက ဦးနုလက်ထဲကနေ တကယ်အာဏာသိမ်းတာ။ ၁၉၈၈ ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့မှာ ဒေါက်တာမောင်မောင်ကနေ ဗိုလ်ချုပ်ကြီးစောမောင်ကို အာဏာလွှဲပေးတာပါ။


နှစ်ပတ်လည်နေ့ Anniversary က အင်္ဂလိပ်စကားလုံး။ Jubilee ဂျူဘလီဆိုတာ ခရစ်ယန်ဘိုင်ဘယ်ကနေလာတဲ့အသုံး ဖြစ်တယ်။ အများလက်ခံထားတဲ့ နှစ်ပတ်လည်နေ့တွေရှိတယ်။


၂၅ နှစ် = Silver Jubilee ငွေ၊

၃ဝ နှစ်= Pearl Jubilee ပုလဲ၊

၄ဝ နှစ် (၈ဝ နှစ်) = Ruby Jubilee ပတ္တမြား၊

၅ဝ နှစ် = Golden Jubilee ရွှေ၊

၆ဝ နှစ် = Diamond Jubilee စိန် နဲ့

ရဝ သို့ ၇၅ နှစ် = Platinum Jubilee ပလက်တီနမ်ဖြစ်ပါတယ်။


Latin လက်တင်လိုလည်းရှိတယ်။

1 year Annual Paper စက္ကူ

2 years Biennial Cotton ချည်

3 years Triennial Leather သားရေ

4 years Quadrennial Linen လိုင်နင်

5 years Quinquennial Wood သစ်သား

6 years Sexennial Iron သံ

7 years Septennial Wool သိုးမွှေး

8 years Octennial Bronze ကြေးဝါ

9 years Novennial Copper ကြေးနီ

10 years Decennial Tin/Aluminium သွပ် (အလူမီနီယမ်)

11 years Undecennial Steel သံမဏိ

12 years Duodecennial Silk ပိုး

13 years Tredecennial Lace ဇာ

14 years Quattuordecennial Ivory ဆင်စွယ်

15 years Quindecennial Crystal သလင်းကျောက်

20 years Vigintennial / Vicennial China/Porcelain စဉ့်

25 years Quadranscentennial Silver Jubilee ငွေ

50 years Semicentennial / Quinquagenary Golden Jubilee ရွှေ

60 years Sexagennial / Sexagenary Diamond Jubilee စိန်

70 years Septuagennial Platinum Jubilee ပက်တီနမ်

75 years Dodranscentennial Diamond Jubilee စိန်

100 years Centennial Centenary / platinum jubilee ပလက်တီနမ်


စစ်အာဏာသိမ်း (၃၂) နှစ်ရှိပြီ။ ဘယ်လိုခေါ်ကြမလဲ။ ကျောက်သံပတ္တမြား၊ သစ်ဝါး၊ ကြေးနီ၊ ကြွေးမြီ၊ ဓါတ်ငွေ့နဲ့ မြေယာ ပေါင်းခေါ်မှသာ ပြည်စုံသလောက်နီးနီးရှိမယ်။ သူတို့ အဲဒါတွေ ထပ်လိုချင်နေကြပြန်ပြီ။ ဝေမျှစားချင်သူတွေကလည်း အရောင်သာမတူတာ မျက်နှာပြောင်တွေနဲ့။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ