တက် နဲ့ တတ်

တရား မဟုတ်ပါ။ သဘောမပေါက်လို့။ တက် နဲ့ တတ် မှားနေတယ် ထင်တယ်။ အောက်မှတော့ မှန်တယ်။ သမာဓိ မြန်မြန်တက်တဲ့နည်း။

တတ်

တတ်ကျွမ်းအောင် လေ့လာသင်ယူပါ

တတ်စွမ်းသလောက်တော့ လုပ်ပါ

တတ်တိုင်း မကြွားသင့်

တတ်တိုင်းပညာပြနေသည်

တတ်ပွန်

တတ်သိလိမ္မ ာ

တတ်ယောင်ကားမလုပ်ပါနှင့်

တတ်မြောက်ပြီ

တတ်နိုင်သလောက်လှူပါ

တတ်နိုင်သော

ပညာတတ်

ပုတတ်ကောင်

ဖွတ်ပတတ်

ကြည့်တတ် မကြည့်တတ်

မတတ်နိုင်

မတ်တတ်ရပ်

မပြီးတတ်သေး

ဖြစ်ကတတ်ဆန်း

ဖြစ်တတ် ပျက်တတ်

လုပ်တတ် ကိုက်တတ်

လုပ်တတ် မလုပ်တတ်

သမားဟူးရားအတတ်

အတတ်ပညာ ရှာမှီးပါ

အတတ်ပညာ ရှာမှီးပါ။

အနောတတ်ရေအိုင်

အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်

ကောင်းအောင် လုပ်တတ်သလား

ဆေးပညာအတတ်

ပြောတတ်ဆိုတတ်

သေလုမတတ်

တက်

တက္ကတွန်း

တက္ကသိုလ်

တက်ကစီနဲ့သွားမယ်

တက်ကျမ်း လေ့လာသူ

တက်ခပ်သည်

တက်ညီလက်ညီ

တက်တက်စင်လွဲနေတယ်

တက်တူးထိုးသည်

တက်မ

တက်သည် ဆင်းသည်

တက်သုတ်ရိုက်မလုပ်ပါနှင့်

တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား

တက်ခေါက်သည်

တနှစ်တတန်း တက်တဲ့ကျောင်းသား

မတုန်တက်သေး

လူ့သက်တမ်း

အစိုးရသစ် တက်လာပြီ

အတက် (ဝက်ရူးပြန်) ရောဂါ

ကျော်တက်သည်

ဒေါသဖြင့် တက်ခေါက်သည်

လှေတက် တစုံယူခဲ့ပါ

မြန်မာစာမတတ်သူတွေက စာတွေ ကဗျာတွေ ရေးနေကြတယ်။ သတ်ပုံမတတ်သူတွေက ဆုံးမစာတွေ၊ တရားစာတွေ ရေးနေကြတယ်။ နောက်ထုတ်စာအုပ်တွေ၊ ပြန်ထုတ်စာအုပ်တွေနဲ့ ဒေါင်းလုဒ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်။ မြန်မာစာမတတ်သူတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ