Mirror image ကြေးမုံမှန်မှာ
ကြေးမုံမှန်မှာ ပေါ်နေတဲ့အတိုင်း ကြည့်မြင်ပါ။ အပို အလို မထည့်ပါနဲ့။ ကြိုက် မကြိုက်မထည့်ပါနဲ့။ ပေါ်နေတာကို ပြင်ပေးဘို့ မကြိုးစားပါနဲ့။
အရှိကို စောင်းလည်းကြည့်ပါ။ ဇောက်ထိုးလည်းကြည့်ပါ။ မျက်စိမှေးပြီးလည်းကြည့်ပါ။
မျက်စိမှိတ်ပြီးလည်းကြည့်ပါဦး။ အဆုံးမှာ ကိုယ့်သုံးသပ်မှုနဲ့ ဆင်ခြင်မှုထည့်ပါ။ ပညာနဲ့ စေတနာပါပါစေ။
အဲဒါတောင် ကြေးမုံမှန်ထဲမှာ ညာက ဘယ်၊ ဘယ်က ညာ။
ဒေါက်တာတင့်ဆွေ
၁၇-၉-၂၀၁၅
Comments
Post a Comment