Protocol ပရိုတိုကော

၁၆-၁၁-၂၀၁၂ နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့တဲ့အခါ အရင်ဆုံး သူရတဲ့ ဆုငွေထဲကနေထူထောင်ထားတဲ့ Prospect Burma School ကျောင်းကိုအရင်လာပါတယ်။ ကျွန်တေ်ာက ကျောင်းကောင်စီဥက္ကဋ္ဌတာဝန်ရှိလို့ အစစစီစဉ်ရပါတယ်။ 

ကျောင်းအကြောင်းပြောတော့လည်း အနားမှာထိုင်ရတယ်။ အဲဒီရက်တွေက ကချင်ဒေသမှာတိုက်ပွဲတွေဖြစ်နေတယ်။ ကချင်ကိစ္စမှာ ဒေါ်စုက ဘာမှမပြောဘူးအထင်နဲ့ ကချင်လူမျိုးတချို့က မကျေနပ်လို့ ဒေါ်စုနဲ့ မြန်မာကွန်မြူနတီတွေ့တဲ့ပွဲကို ဒေလီရောက်ကချင်တွေက သပိမှောက်တဲ့သတင်းကို ဒေါ်စုကကြားထားနှင့်တယ်။ အဲဒီကျောင်းကနေ နောက်တနေရာ အကူးမှာ အနီးဆုံးမှာရှိတဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင် ကျမကို ကချင်တွေက ဆန္ဒပြကြတယ်လို့ ကြားတယ်။ ကျမက လာစေချင်တယ်။ သဘောမတူတာမှန်သမျှ မျက်နှာချင်းဆိုင်ပြောဆိုဆွေးနွေးရင် ပြေလည်နိုင်တယ်။ လာစေချင်ပါတယ်လို့ ပြောသွားတယ်။ ကျွန်တော်လည်း ကြုံတိုင်း သူပြောခဲ့တာကို ပြန်ရှင်းပြရပါတယ်။

ဒေါ်စုကိုကြိုဆိုတာ၊ လမ်းပြခေါ်ဆောင်တာကအစ ကျွန်တော်ကရှေ့ဆုံးကနေရတယ်။ မြန်မာကွန်မြူနတီအတွက် အချိန် တနာရီတိတိသာရတယ်။ အဲဒီကျောင်းမှာက မိနစ် ၂ဝ။ နောက်တနေရာကို (၇) မိနစ်ကြာမှ ရောက်မယ်။ ကွန်မြူနတီပွဲမှာ (၃၃) မိနစ်။ အဲဒီအချိန်ဇယားကို အိန္ဒိယအစိုးရ ပရိုတိုကောအရာရှိတွေနဲ့ကျွန်တော် ဆွဲထားကြတာပါ။ ဒါပေမယ့် ဒေါ်စုခင်ဗျာ ကျွန်တော်က NLD ၁၉၉ဝ အမတ်ပါ။ ဘာညာပြောပြီး ဒေါ်စုရဲ့ တိတိကျကျသတ်မှတ်ထားတဲ့ အချိန်ထဲကနေ ခိုးမယူခဲ့ပါ။ 

အဲတာကို ပရိုကောလ်လို့ခေါ်တယ်။

ရေးထာတာ ၅ နှစ်။ အဖြစ်အပျက်က ၉ နှစ်တိတိကြာပြီ။ ပြဇာတ်တို ပြဇာတ်ရှည်တွေထဲက အခန်းတခန်းမှာ သရုပ်ဆောင်ခဲ့ရတယ်။ ပုံထဲက အဓိကဇာတ်ဆောင်တွေ အခုတော့ စင်ပေါ်မှာ မရှိကြတော့ပါ။

ဒေါက်တာတင့်ဆွေ

၁၆-၉-၂၀၁၆


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ