US launches study of long Covid in tens of thousands of patients ကိုဗစ် လေ့လာမှုတခု

ကိုဗစ်လူနာပေါင်းများစွာကို သုတေသနလေ့လာမှုတခု ယူအက်စ်အေမှာလုပ်မဲ့သတင်း ၁၅-၉-၂၀၂၁ နေ့က ထွက်ပါတယ်။ US National Institutes of Health (NIH) ကနေဆောင်ရွက်တယ်။ ဒေါ်လာ $470 သန်း ကုန်ကျမယ်။

Covid-19 ကိုဗစ်ကြောင့် ရေရှည်ဘယ်လို ဆိုးဝါးတာတွေခံစားရသလဲကို လေ့လာမယ်။

ရံပုံငွေဟာ ယူအက်စ်ကွန်ဂရက်ကျချထားတဲ့ $1.15 billion ဘီလီယံထဲကဖြစ်တယ်။ အဲဒီငွေကလည်း သမတ ဘိုဒင် မတ်လတုန်းက လက်မှတ်ထိုးပြီးဖြစ်တဲ့ American Rescue Plan $1.9 trillion ထရီလီယန်ထဲကလို့ ဆိုပါတယ်။

လူပေါင်း ၃ သိန်းကနေ ၄ သိန်းပါဝင်မယ်။ သုတေသနဌာနပေါင်း ၃၀ ကျော်မှာလုပ်ဆောင်မယ်။ လူနာဟောင်းတွေရော လူနာသစ်တွေကိုပါ လေ့လာမှာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ