Waves တကြော့ပြန်

ကရိုနာဗိုင်းရပ်စ်ရောဂါ ပိုဆိုးလာတာကို တကြော့ပြန်လို့ မှတ်ယူသုံးနှုန်းနေကြတယ်။ ယူအက်စ်အေမှာတော့ ပဌမအကြော့ကို အဆုံးမသတ်သေးပါ။

မြန်မာပြည်မှာဖြစ်တာကို မြင်လွယ်အောင်ပြောရရင် အိမ်ဝိုင်းထဲရောက်နေတဲ့ ဗိုင်းရပ်စ်က အိမ်ခန်းထဲဝင်လာတာ။

စက်တင်္ဘာလ ၁၈ ရက်နေ့ဟာ တကြော့ပြန် စစ်တပ်ကအာဏာသိမ်တဲ့နေ့ ဖြစ်တယ်။ ၂-၃-၁၉၆၂ နေ့က ပဌမအကြိမ်။ ၁၈-၉-၁၉၈၈ နေ့က ဒုတိယ။  

နောက်တချီတိုင်းက ပိုပိုဆိုးတယ်။

မနှစ်က ဒီလိုနေ့မှာ ရေးခဲ့ပြီး ၁-၂-၂၀၂၁ နေ့မှာ နောက်တချီ အာဏာသိမ်းတယ်။ ပိုဆိုးတယ်လို့ တနှစ်ကြို ပြောထားတာ နည်းတောင် နည်းသေး။

လူတချို့က ဆိုးတာကို မျှော်ကြတယ်။ ဒုတိယမပြီးခင်ကတည်းက တတိယလှိုင်းတဲ့။ တတိယမှ ဆိုးကောင်းတုန်း စတုတ္ထလှိုင်းလို့ အော်နေကြတယ်။ မဟုတ်တာတွေ မပြောကောင်း မရေးကောင်းပါ။

ဒေါက်တာတင့်ဆွေ

၁၈-၉-၂၀၂၀

၁၈-၉-၂၀၂၁

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ