စောင့်တဲ့လေးနာရီ

၁။ ဒီနေ့ တနေ့လုံး မီး ၄ နာရီ လာသွား သည်။ ရေအပြည့် တင်နိုင်ခဲ့သည်
၂။ အမှောင်ခေတ်ကို တနေ့ ၄နာရီအနည်းဆုံးသည်းခံကျော်ဖြတ်နေရတယ်

စောင့်တဲ့လေးနာရီ - ဟိုအရင်က ခေတ်စားခဲ့တဲ့ ရေဒီယိုသီချင်း။
နှစ်ကိုယ်ကြင်တဲ့ အကိုလင်ရဲ့
ပျိုခင်နွဲ့ ကြိုတဲ့လေးနာရီ ထိုးပြီထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီထိုးပြီ။
မောင်နေ့စဉ်နေ့တိုင်း ပြန်လာမယ်လမ်းဆီ
မှန်းဆလို့အခါခါတွေး အစဉ်ငေးရသည်
မောင်ရောက်ချိန် နီးပါပြီ
မောင်ရောက်ချိန် နီးပါပြီ
ဇနီးအလှဒါလီ သာကြည်စကားနဲ့
ဗျာကသီအနားကပ်လို့ ပါးအပ်ခါအတည်
နှစ်ကိုယ်တည်းကြားရအောင်
မောင် မောသလားလို့
မောသလားလို့ သူ့အနားဆီ
တိုးတိုးလေးနဲ့မေးမည် ရိုးရိုးလေးနဲ့မေးမည်
တွေးခါမှီနေ့စဉ်စောင့်တဲ့ လေးနာရီ။
https://www.facebook.com/100073432580776/videos/2172772492904950

ဟိုအရင်က ရုံးတွေ ကျောင်းတွေက ညနေ ၄ နာရီမှာ ရုံးဆင်း၊ ကျောင်းဆင်းပါတယ်။ မနက် ၉ နာရီခွဲမှာ စတက်ကြရတယ်။ သီချင်း ဟိုအရင်ကဖြစ်လို့ နောက်ခံစာသား မပါ။ သီချင်းစာသား မပါတော့ သတ်ပုံလည်း မမှားပါ။ ကောင်းတယ်။ ခုတေ်မှာ သီချင်းစာသား သတ်ပုံမှန်တာ ၁၀% လောက်သာရှိတယ်။ တခါက ရေဒီယိုတေးများ - တင်ထားသူကလည်း သတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ