Omicron Positive အိုမီခရွန် ကူးစက်ခံရလျှင်

၁။ အဖေကင်ဆာ​သမား covid ကူးစက်ခံရလို့ ဘာတွေရှောင်ပီး (ရှောင်ပြီး) ဘာတွေ စားသင့်ပါသလဲရှင်
၂။ ဆရာခင်ဗျာ နေ့ခင်းဘက်‌‌ ခြေဖျားတွေအေးတာက ၄ရက် ၅ရက်လောက် ၆ရက် ၇ရက်လောက်ခေါင်းတွေ တအားထိုးကိုက်တယ်။ ibuprofen400 သောက်တာလေးလုံးလောက်ရှိပြီ ခေါင်းမကိုက်တော့ဘူးဆရာ တစ်ခါတလေ(တခါတလေ) နည်းနည်းချမ်းစိမ့်စိမ့်တော့ဖြစ်တယ် လူကနည်းနည်း weak ချင်တယ်။ ပျမ်းမျှ ၇ရက် ၈ရက်‌ မြောက်နေ့လောက် covid test စစ်ကြည့်တော့ P ထွက်တယ်။အဲ့တာ ibuprofen နေ့တိုင်းသောက်သင့်လားခင်ဗျ။ ဆောင်ရန်ရှောင်ရန်လေးပြောပြပေးပါခင်ဗျ။ နှာခေါင်းနည်းနည်းပိတ်ချင်တယ် လမ်းလျှောက်ရင် ခေါင်းကမူးချင်သလိုသိပ်မကြည်ဘူး
၃။ ဆရာရှင့် အသက် ၄၀အမျိုးသမီး ဆီးချိုရှိပါတယ်ရှင့်။ မနေ့ကစပြီး ချောင်းနည်းနည်းဆိုးလာတယ်ဆရာ။ ဒီနေ့မနက် ချောင်းဆိုးပြီးဖျားတယ်ဆရာ တခြား ခါးအောက်ပိုင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာရည်ယို၊ နှာပိတ်၊ နှာစေး၊ နှာချေနှာမွှန်ခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတွေတော့မရှိပါဘူး ဆရာ။ မနေ့ညက ချောင်းနည်းနည်းဆိုးတာနဲ့ ဒီနေ့ည ၇:၃၀ မှာ test kit နဲ့စစ်လိုက်တာ အောက်ကပုံအတိုင်းပါပဲရှင့်။ ဆက်လက်ပြီး isolation လုပ်စရာလိုသလားရှင့်။ ဆရာပြောတဲ့အတိုင်းနေပါ့ျတယ်ရှင့် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ 
၄။ ဆရာ မင်္ဂလာပါရှင့် ကျွန်မအသက် ၃၉ပါ ၇လပိုင်း ၁၉ရက် တုန်းကကိုဗစ်ဖြစ်ခဲ့ဖူးပါတယ်ရှင့် အခုမေးချင်တာလေးကတော့ ညောင်းညာကိုက်ခဲပီး(ပြီး) လည်ချောင်းနာတာ ၂ရက်ရှိပါပြီရှင့် ပါရာမနက် ၁ည ၁ သောက်ပြီး ဆားရည်နဲ့အာလုပ်ကျင်းပါတယ် ဖျားတာ ချောင်းဆိုးမျိုးတော့မဖြစ်​သေးပါဘူးရှင့် အိုမီခရွန်ကရော ဘယ်လိုစစ်ရတာလဲ မသိလို့ လမ်းညွှန်ပေးပါအုံးရှင့်
ကိုဗစ် စစ်တာတွေ့ ပြည်တွင်းမှာက အမျိုးမျိုး။ အရင်နဲ့ အခုလည်း တူတာမဟုတ်။ အထဲကလူတွေ့က သိကြပါမယ်။

စစ်လို့ (+) (T) တွေသူတွေ ၅ ရက်ကြာ သီးခြားနေထိုင်ပါ။ အိမ်မှာ တယောက်တည်းနေတာ မဟုတ်ရင် အိမ်မှာလည်း နှာခေါင်စည်းတပ်ပါ။

အိမ်သုံးဆေးတွေ သုံးနိုင်တယ်
• Acetaminophen (Tylenol) ခေါ် ပါရာစီတမော ပဌမဦးစားပေးဆေး
• ibuprofen (Advil) and naproxen (Aleve) တွေလည်း သုံးနိုင်တယ်။
• နှာစေးတာ ချောင်းဆိုတာအတွက် အလွယ်ဝယ်ရတဲ့ဆေးတွေသုံးနိုင်တယ်။
• ရေ၊ ဓါတ်ဆားရေနဲ့ သစ်သီးရေတွေ သောက်ပါ။

သတိထားရမဲ့အုပ်စုမှာပါသူတွေ
• Pulse oximeters အောက်စီဂျင်တိုင်းတာပါ
• နူမိုးနီးယားလား သတိထားပါ။
• ဆရာဝန်ပြပါ။

အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ပြပါ။
• အဖျားကြီးခြင်း
• အသက်ရှူမဝခြင်း
• ရင်ဘတ်နာခြင်း
• အားအလွန်နည်းလာခြင်း
• ခေါင်းမူး၊ စိတ်မကြည်လင်၊ အပြင်းအထန်ခေါင်းကိုက်ခြင်း။

သတိကြီးကြီးနဲ့သုံးနိုင်တဲ့ ကုသနည်းတွေ
• antiviral pills or monoclonal antibodies ဗိုင်းရပ်စ်ဆေး
• အရင်မျိုးပွားအတွက် သုံးနေတဲ့ monoclonal antibody combination ((bamlanivimab with etesevimab and casirivimab with imdevimab) ပူးတွဲဆေးက အိုမီခရွန်မှာ ပိုမကောင်းတာ တွေ့ရတယ်။
• monoclonal antibody (Sotrovimab made by GlaxoSmithKline) ကို အိုမီခရွန်အတွက် သုံးနိုင်တယ်။
• AstraZeneca monoclonal antibody (tixagevimab with cilgavimab) ကိုလည်း သုံးနိုင်တယ်။
• Paxlovid (nirmatrelivir/ritonavir) ဆေး၊ Molnupiravir နဲ့ Remdesivir ဆေးတွေလည်း သုံးနေတယ်။

ပါရာစီတမောနဲ့ အိုင်ဘူပရိုဖင်ဆေးတွေဟာ ဖျား၊ အနာ၊ အကိုက် သက်သာဆေးတွေဖြစ်တယ်။ ဖျားမှ၊ နာမှ၊ ကိုက်မှ သောက်ရတာ။ မဖျား၊ မနာ၊ မကိုက်ရင် ဆက်သောက်ရန် မလိုအပ်။

သတိပြုရန်
ထူးပြီးစားစရာ မရှိ။ ရှောင်ရမဲ့ စားစရာ မရှိ။ ထူးပြီးသောက်ရန်လိုတဲ့ အားဆေး မရှိ။ မေးခွန်း ၁ အတွက် ကွန်မင့်ကနေ အကြံပေးတဲ့ဆေး မလိုအပ်ပါ။
အထက်ကဆေးနည်းမှန်တွေထဲမှာ တမာရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နှာရှူခြင်း၊ ငှက်သိုက်၊ ဒီ-သရီး၊ စီ၊ ဇင့်၊ ပရိုဘိုင်အောတစ်၊ အိုမီဂါသရီး၊ အမိုင်နိုအက်စစ်၊ စတာတွေ မပါ (မပါဝင်)။ မလိုအပ်။ မသင့်မှန်။ မှားတယ်။ မဟုတ်ကဟုတ်ကနည်းတွေ မတင်ပါနဲ့၊ မရှယ်ပါနဲ့၊ မယုံပါနဲ့၊ မရောင်းပါနဲ့၊ မဝယ်ပါနဲ့။ တင်တဲ့သူတွေကို (ဘလော့) မယ်။ ဆောရီး မဖြစ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ