Shingles ဆင်ဖြူတော်ရေယုံ (၂)

ဆင်ရေယုန်စာတပုဒ် တွေ့တယ်။ အရှည်ကြီး ရေးထာတာကို အပြေးအလွှားဖတ်ပါတယ်။ ဆေးလည်းပါ။ မန်းတာလည်းပါပြီး သွေးလိမ်းတာလည်းပါတယ်။ ရေယုံလို့ရေးရမယ်။ ပိုအရေးကြီးတာက ရောဂါအကြောင်း။ ရေယုံဆိုတာ ၃-၄ မျိုးရှိတယ်။

၁။ ရိုးရိုးရေယုံ။

၂။ နှုတ်ခမ်းရေယုံ။

၃။ လိမ်လမ်းရေယုံနဲ့

၄။ ဆင်ဖြူတော်ရေယုံ။ 

ဆင်ဖြူကိုနိုင်ငံရေးလုပ်တာကို အမြင်ကပ်လို့ ဆင်ရေယုံလို့ ပြောကြတာကို ဖြူထည့်ပေးထားတာ။ ရေယုံတွေအားလုံးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ နည်းနည်းစီ မတူပါ။ ကနေ့အထိကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ဆေး မပေါ်သေးပါ။ ကိုဗစ်ကလည်း ဗိုင်းရပ်စ်ဘဲ။ သားအိမ်ဝ ကင်ဆာကလည်း လိင်လမ်းကြွက်နို့နဲ့ ဆိုင်တယ်။ ကြွက်နို့က ဗိုင်းရပ်စ်။

လူတိုင်းလိုလို နှုတ်ခမ်းနာလေးတွေ ပေါက်ဘူးကြမယ်။ အပူနာလို့ခေါ်တာ။ ဆေးစာတဲ့ အင်္ဂလိပ်လိုက အအေးနာ။ သူ့ဖါသူ ပျောက်တယ်။ ထမင်းလုံးကပ်ကပ်၊ ရေမန်းသောက်သောက်၊ ဆရာဝန်ညွှန်တဲ့ဆေး လိမ်းလိမ်း၊ ဒီအတိုင်းထားထား ပျောက်ပါတယ်။

ဆင်ဖြူတော်ရေယုံကတော့ တမျိုး။ အတော်ဆိုးတယ်။ အသက်ကြီးသူတွေသာ ပေါက်တယ်။ ငယ်ငယ်က ရေကျောက်ပေါက်ခဲ့ဘူးတာနဲ့ ဆိုင်တယ်။

Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ https://dr-tint-swe.blogspot.com/2021/05/shingles.html

ယုန်ကလေးက နားရွက်ထောင်၊ ပညာရှိယောင်ဆောင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ