ဘောင် နှင့် ပေါင်

ဆရာခင်ဗျား မြန်မာစာမှာ frame ကို ဘာကြောင့် ဘောင်လို့ မရေးရဘဲ ပေါင်လို့ ရေးရသလဲ။ ပေါင်က thigh ရှိနေသားနဲ့။ ဇီးဖျော်ရည် သောက်မလားကို စာနဲ့ ဆီးဖျော်ရည်သောက်မလားမေးရင် ဂွဘဲ။ သတ်ပုံဆိုတာ လူပညာရှင်တွေ သတ်မှတ်တာမို့ မမှားနိုင်ဘူးလားခင်ဗျား

အင်္ဂလိပ်လို ဖရိမ် ကို ဘောင်လို့ရေးမှသာ မှန်တယ်။ အင်္ဂလိပ်လို သိုင်း က ပေါင်မှန်တယ်။

ဆီး ကတော့ ဂွကျတာ အမှန်ပဲ။

ဆီး

ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ

ဆီးကုန်းမြို့

ဆီးခုံက နာတယ်

ဆီးချုပ်နေပါသလား

ဆီးချိုရောဂါ စစ်ထားပါ

ဆီးချူပေးမယ်

ဆီးစပ် (ဆီးစ)

ဆီးစပ်မှာ အလုံးရှိနေတယ်

ဆီးတန့်ထားလို့ ဆက်သွားမရပါ

ဆီးတားပိတ်ပင်

ဆီးပန်းနီဆရာတော်

ဆီးကြိုသည်

ဆီးဖြူသီးစားမလား

ဆီးဝမ်းလေ မှန်ပါသလား

ဆီးသီးကောင်းကောင်းစားချင်တယ်

ဆီးအောင့်

ဆီးနှင်းတွေ ကျနေတယ်

တားဆီး ပိတ်ပင်ထားသည်

တားဆီးကံမြစ်

ထုပ်ဆီးတိုးကစားခြင်း

ပုဆိုးဆီး

ဖမ်းဆီးချုပ်နှောင်

ဖျက်ဆီးပစ်သည်

လူဆိုးကို ဖမ်းဆီးပါ

ဧည့်သည်ကို ဆီးကြိုပါ


ဇီး

ဇီးကပ်သည် (ကိုယ်ဝန်ရှိသည်)

ဇီးကွက်မျက်ပြူး

ဇီးရှိသည် (ကိုယ်ဝန်ရှိသည်)

ဇီးလျှောသည် (ကိုယ်ဝန်ပျက်သည်)

ပေါင်

အုန်းပေါင်မြို့

ပေါင်ချန် (ပေါင်ခြံ)

ပေါင်တံရိုး

ပေါင်ချိန်

ပေါင်မုံ့

အပေါင်ဆိုင်

ဘောင်

စံနည်းတဘောင်

တံခါးဘောင်

ဓါတ်ပုံဘောင်

ရဟန်းဘောင်

လူ့ဘောင်

ဘောင်ခတ်သည်

ဘောင်ဘင်ခတ်

ဘောင်ဘင်ဝေ

ဘောင်ဝင်အောင်လုပ်

ဘောင်သွင်း

ဒေါက်တာတင့်ဆွေ

၂၅-၅-၂၀၁၉

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ