မြန်မာစာ အဘယ်ကြောင့် မှားနေကြသနည်း

၁။ မရေးတတ်တူတူ ရောချသလားထင်ရပါတယ်

၂။ အလွယ်နဲ့အမြန်ရေးကြလို့ပါ

အဲလိုကောက်ချက်တွေက နည်းနည်းလေးသာမှန်ကြောင်း အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ အရင်တခါ အကြောင်းတရား ဆယ်ပါးတင်ပြထားတယ်။ ထပ်တိုးရဦးမယ်။

၁။ ပညာရေးကို အားမပေးတော့ခြင်း

၂။ မြန်မာစာ ဦးစားပေးမခံရတော့ခြင်း

၃။ မြန်မာစာအဖွဲ့ နိုင်ငံရေးလုပ်ခံရခြင်း။

၄။ ၁၉၉၁ ခုနှစ်စက်တင်္ဘာလထုတ် မြန်မာအဘိဓာန်ကစပြီ အမှားတွေပါလာခြင်း။

၅။ နဝတ ဆင်ဆာအဖွဲ့က သတ်မှတ်ထားတဲ့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့်မပေးခဲ့ခြင်း။

၆။ ပေါ်လစီအရ လျှာရှည်ပြီးပြင်ထားတာကိုသာ သင်ပေးနေခြင်း။

၇။ ပြန်ထုတ်စာအုပ်တွေမှာ မူရင်းသတ်ပုံမှန်တွေကို မှားအောင်ပြင်ရေး ထုတ်ဝေနေကြခြင်း။

၈။ ဒေါင်းလုဒ်စာအုပ်တွေမှာ မူရင်းသတ်ပုံမှန်တွေကို မှားအောင်ပြင်ရေးနေကြခြင်း။

၉။ ဘယ်လိုရေးရေး ရတယ်လို့ ထင်မှတ်နေကြခြင်း။

၁၀။ စာနဲ့ စကား ကွဲပြားအောင် မသိကြခြင်း။

အထင်နဲ့ အလွယ်တကူ ကောက်ချက်ချတာတွေ နည်းနည်းလေးသာ မှန်ပါတယ်။ 

၁။ အတန်းစာနည်းလို့ထင်တာ မဟုတ်ပါ။ ကျွန်တော်က မေးခွန်းမှားရေးသူတွေရဲ့ နောက်ခံအကြောင်းအချက်တချို့ကို သိတယ်။

၂။ တိုင်းရင်းသားထင်တာ မဟုတ်ပါ။ တိုင်းရင်းသားတွေထဲမှာ မြန်မာစာ တော်တည့် မှန်ကန်အောင်ရေးသူတွေကို သိတယ်။ တရုပ်-ဗမာ၊ ကုလား-ဗမာကပြားတွေထဲက မှန်အောင်ရေးတတ်သူတွေကို သိတယ်။

၃။ အလွယ်ရေးလို့ထင်တာ မဟုတ်ပါ။ တ တလုံးတည်းနဲ့ ပြီးတာကို စသတ်တယ်။ မှု နဲ့ပြီးတာကို အောက်မြစ် ထည့်တယ်။ အင်္ဂလိပ်ဖေါင့် တမင်ပြောင်းပြီး အင်္ဂလိပ်လို ပီ စာလုံးထည့်ရေးတယ်။ အင်္ဂလိပ်ဂဏန်းနဲ့ ရေးတယ်။ ဖူးလ်စတော့တွေ ထည့်ရေးတယ်။

၄။ ခေတ်လို့ပြောကြတယ်။ မဟုတ်ပါ။ ခေတ်အပြောင်းအလဲရှိတာ မှန်တယ်။ ခေတ်အပြောင်းအလဲဆိုတာ ပိုပြီးမြန်၊ ပိုပြီးမှန်၊ ပိုပြီးလွယ်ကူရှင်းလင်းစေအောင် အဆင့်တွေ၊ ပါဠိတွေ၊ သက္ကတတွေ နည်းစေအောင်ပြောင်းတာကို ခေါ်တယ်။ စသတ်အပို ထည့်တယ်။ ဘိုစာလုံးတွေ သုံးတယ်။ ရရစ်တွေ ဖြုတ်တယ်။ 

၅။ ရေးတော့အမှန်၊ ဖတ်တော့အသံဆိုပြီး ဆင်ခြေပေးကြတာ တစိတ်တပိုင်းသာ မှန်တယ်။ ခေါင်းကိုက်ကို ဂေါင်းကိုက် ထွက်တာမျိုးကို ခေါ်တယ်။ တခါတရံကို စသတ်နဲ့ရေးခိုင်းပြီး တခါတရံသံထွက်ခိုင်းတာက သွက်သွက်ခါအောင်မှားတယ်။

၆။ ကျောင်းသုံးစာအုပ်တွေ၊ အခမ်းအနားတွေ၊ အစည်းအဝေးတွေရဲ့ ခေါင်းစီးတွေမှာ အမှားတွေ ပါနေတယ်။ ရုပ်ရှင်နဲ့ သီချင်းနောက်ခံစာသားတွေမှာ အမှားတွေ မြင်မကောင်းအောင်ပါနေတယ်။ 

၇။ နားလည်ရင်ပြီးတာပဲလို့ ပြောကြတာ မဟုတ်ပါ။ ထုတ် နဲ့ ထုပ် မှားရေးတာကို နားလည်မှုပေးမရပါ။ တတ်ကို တက်လို့ ရေးရင် အတက်ရောဂါကို စဉ်းစားရတယ်။ 

၈။ ဘယ်လိုလုပ်ကမလဲလို့ရေးရင် ကခုန်တာကို မစဉ်းဘဲနေလို့ မရပါ။ သမီးလို့ သားလို့ ရေးတိုင်း ရေးတဲ့သူတွေရဲ့ သားသမီးတွေလား မစဉ်းစားရင် ဆရာဝန်မှားပြီ။

၉။ တာဝန်ရှိသူတွေက ပေးကြတဲ့ဆင်ခြေတွေဟာ ကိုယ့်အမှုသည်အနိုင်ရရေး လျှောက်လဲချက်ပေးသလိုသဘောမျှသာ ဖြစ်နေတယ်။ ပညာမဆန်ပါ။ 

၁၀။ အမှားဘုန်းတော်ဘွဲ့တွေကို အဟုတ်ထင်နေကြတယ်။ 

ရှိသေးတယ်။ ဆောရီး။ ကန်တော့။ 

ဒေါက်တာတင့်ဆွေ

၂၅-၅-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ