Severe Burn Treatment ဆိုးဝါးတဲ့ မီးလောင်နာ
မီးလောင်ဒဏ်ရာတွေဟာ တခါတလေ ဆိုးဝါးပြီး၊ အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဆေးရုံတင် ကုသရတယ်။ အသက်ကယ်ဆယ်ရေး၊ အနာကျက်စေရေး၊ တခြားလိုအပ်တာတွေ လုပ်ပေးပြီးတဲ့နောက်မှာပါ လုပ်ပေးစရာတွေ ရှိနိုင်တယ်။ အမာရွတ်က ဘယ်လိုလဲ။ ဘယ်နေရာ ဒဏ်ရာရတာလဲ၊ ဘယ်လောက်ထိ နက်သလဲ၊ လူနာအသက်၊ ကျား-မအပေါ် မူတည်ပြီး ကုသနည်းတွေ ဆက်လုပ်ရမယ်။
အမာရွတ် (၃) မျိုးရှိတယ်။
၁။ Hypertrophic scars (ဟိုက်ပါထရောဖစ်) အမာရွတ်၊
ရိုးရိုးအမာရွတ်ထက် ထူနေမယ်။ (ကီးလွိုက်) အမာရွတ်နဲ့တော့ ဆင်တယ်။ ဒါပေမဲ့ ဒဏ်ရာဘေးအထိ မရောက်ဘူး။ အရောင်နီမယ်။ Steroid application or injections (စဆီရွိုက်) ဆေးထိုးနည်းနဲ့ ကုသနိုင်တယ်။
၂။ Keloid scars (ကီးလွိုက်) အမာရွတ်၊
အနာပျောက်ဖြစ်စဉ်မှာ အပြင်းအထံဖြစ်လာလို့ အမာရွတ်က ထူထူကြီးနေမယ်။ ထိခိုက်တဲ့နေရာသာမက ဘေးအထိ ဖြစ်မယ်။ ပန်းရောင်၊ ခပ်ညိုညို၊ ခပ်မဲမဲအရောင်ရှိနိုင်တယ်။ (ကိုလာဂျင်) ဖိုက်ဘာတွေ လိုတာထက် များများဖြစ်လာလို့ ဖြစ်တယ်။ ထူထဲတယ်၊ အဖု-အသီးလိုနေတယ်။ ကြမ်းတာ-ချောဖြစ်နိုင်တယ်။ ယားယံမယ်။ ဖြစ်လာရင် အကုရခက်တယ်။ ခွဲထုတ်လိုက်ရင် ခဏတော့ လှသွားပေမဲ့ ပြန်ဖြစ်တာများတယ်။ လေဆာနဲ့ကုတာလဲ ရာခိုင်နှုန်း တချို့အတွက်သာ ကောင်းတယ်။ Cryotherapy အေးခဲနည်းလဲသုံးတယ်။ External pressure ဖိအားပေးနည်း၊ Cortisone injections (ကော်တီဇုန်း) ထိုးဆေး၊ Steroid injections (စတီရွိုက်) ထိုးဆေး၊ Radiation ဓါတ်ရောင်ခြည်နည်းတွေလဲ လုပ်တယ်။
၃။ Contracture scars (ကွန်ထရွက်ချာ) အမာရွတ်၊
အဆစ်နေရာမှာ မီးလောင်ခံရရင် အနာကျက်ဖြစ်စဉ်မှာ အမာရွတ်က နီးစပ်ရာနေရာတွေ ဆက်တွယ်ပြီး ကျက်တဲ့အခါ တင်းနေတဲ့ ဆက်နေတဲ့အမာရွတ် ဖြစ်လာတယ်။ လှုတ်ရှားဘို့ ခက်ခဲမယ်။ အမြင်သာမကဘဲ သူ့အောက်က အာရုံကြော၊ ကြွက်သား၊ အရွတ်ကြောတွေကိုပါ သက်ရောက်နေတယ်။ ရာသက်ပန်ဖြစ်နေမယ်။ ပုံမှန် ဆန့်နိုင်စွမ်းရှိတဲ့ (တစ်ရှူး) တွေအစား မဆန့်နိုင်တဲ့ (တစ်ရှူး) တွေဖြစ်လာလို့ဖြစ်ရတယ်။ (ဖီဇီယို) နည်း၊ ဖိအားပေးနည်း နဲ့ လေ့ကျင့်ခန်း နည်းတွေ လုပ်တယ်။ လိုအပ်ရင်ခွဲစိတ်ရတယ်။ Skin graft အရေပြားအစားထိုးနည်းနဲ့ Flap procedure (ဖလက်ပ်) နည်းတွေရှိတယ်။ Z-Plasty or Tissue expansion နည်းတွေကိုလဲ သုံးလာတယ်။
Scar Treatment Medications အမာရွတ်အတွက်ဆေး
Mederma လိမ်းဆေး (ဂျဲလ်) ကို သုံးနိုင်တယ်။ အမာရွတ်သေးစေမယ်။ တနေ့မှာ ၃-၄ ခါ၊ ၃-၆ လကြာလိမ်းရတယ်။
Cica-Care gel sheets (ဂျဲလ်) ကပ်ခွါကတော့ Silicone gel (စီလီကွန်-ဂျဲလ်) ဖြစ်တယ်။ အမာရွတ်ကို ပါးအောင် လုပ်ပေးမယ်။ တခါသုံးရင် ၂၈ ရက်အထိထားနိုင်တယ်။
လိုအပ်ရင် အရေပြားအစားထိုးရတယ်။ သူ့ကိုယ်ပိုင်အရေပြားမလုံလောက်ရင် တချို့နေရာတွေမှာ လူသေဆီက အရေပြား ယူသုံးတယ်။ တချို့က ကလေးမွေးပြီးစက ထွက်ကျတဲ့ အချင်းအိတ်လွှာကိုယူသုံးတယ်။ (ကျွန်တော်လဲ တောနယ်မှာ တာဝန်ကျတုံးက လုပ်ပေးဘူးတယ်။) ခုနောက်ပိုင်းမှာ Artificial skin အရေပြားအတုဆိုတာကို တီထွင်လာတယ်။ Integra Artificial Skin Regeneration Templates နဲ့ Original Biobrain တွေဖြစ်တယ်။ Cultured skin အရေပြားကို မွေးယူတာကိုလဲ လုပ်နေပြီ။ တံဆိပ်ခေါင်း အရွယ်လောက်ကို ဓါတ်ခွဲခန်းမှာ မွေးယူတာက တကိုယ်လုံးဖုံးနိုင်အောင် လုံလောက်တယ်။ ၃ ပတ်သာကြာမယ်။
အမာရွတ် ခွဲစိတ်ကုသနည်း (၂) မျိုး
(၁) Dermabrasion နည်းကို အမာရွတ်ပုံပန်း ကြည့်ကောင်းအောင် အနာကျက်ပြီးလုပ်နိုင်တယ်။ မျက်နှာ၊ လက်မောင်း၊ လက်ဝါးတွေမှာ လုပ်လေ့ရှိတယ်။
(၂) Skin grafting အရေပြားအစားထိုးနည်းကို အနာမကျက်ခင်လဲလုပ်တယ်။ ဆိုးတဲ့ ဒုတိယဒီ၈ရီ နဲ့ တတိယဒီဂရီ မီးလောင်နာတွေအတွက် လုပ်ရတယ်။ (က) Pinch grafts နည်း၊ (ခ) Split-thickness grafts နည်း နဲ့ (၈) Full-thickness grafts နည်းတွေရှိတယ်။
အရေပြားအတု BioBrane နဲ့ Integra စတာတွေလဲ သုံးနိုင်တယ်။ Pressure Garment Care အထူးစီမံထားတဲ့ အဝတ်အစားကို အနာကျက်တာ ပိုကောင်းစေအောင် သုံးနိုင်တယ်။ အမာရွတ်ထင်တာကို သက်သာစေမယ်။ နားလည်သူဆရာဝန် အကူအညီနဲ့ သုံးရတယ်။
မီးလောင်တာကို ပဌမဆုံး ၄၈ နာရီမှာ ဆေးကုသမှုဟာ အရေးပါတယ်။ အသက်မဆုံးနိုင်တာ သေခြာပြီးတဲ့နောက် ရေဓါတ်နည်းတာနဲ့ ပိုးဝင်တာတွေကို အာရုံစိုက်ရတယ်။ ပိုးဝင်တာကဆိုးနိုင်တယ်။ အရည်ဆုံးရှုံးတာကိုလဲ သတိကြီးရတယ်။ အရည်ပြန်ဖြည့်ဘို့ရာ Ringers Lactate ဝမ်းလျှောသူတွေအတွက်သုံးတဲ့ သွေးပြန်ကြောထဲ သွင်းပေးရတယ်။ များသွားရင်လဲ အဆုပ်ရောင်မှာ သတိထားရတယ်။ ပါးစပ်ကလည်း ORS ဓါတ်ဆားထုပ်တိုက်ရမယ်။
Thermal Burn Medications အပူကြောင့်နာတာ ဘာပေးမလဲ
• Acetaminophen (ပါရာစီတမော) သုံးတယ်။
• NSAID ခေါ်တဲ့ Ibuprofen (Advil, Motrin) နဲ့ Naproxen, Ansaid နဲ့ Anaprox တွေပေးနိုင်တယ်။
• သိပ်နာလွန်းသူတွေကို ဘိန်းသဘောပါတဲ့ Morphine sulfate, Demerol နဲ့ Vicodin အပြင်းစားဆေးတွေ ပေးရတယ်။
Topical Antibiotics ပိုးသေဆေး လိမ်းဆေးများ
• Neosporin သာမန်မီးလောင်ဒဏ်ရာမှာသုံးတယ်။ တနေ့ကို ၁-၃ ကြိမ်လိမ်းရတယ်။
• Silvadene ကို ဆိုးတဲ့မီးလောင်နာအတွက်သုံးတယ်။ Sulfa (ဆာလ်ဖါ) ဆေးဖြစ်ပြီး ဗက်တီးရီးယားတွေနဲ့ (ဖန်းဂတ်စ်) တွေကိုနိုင်တယ်။ တနေ့ ၁-၂ ကြိမ်လိမ်းပါ။ မျက်နှာနေရာကို ရှောင်သင့်တယ်။ ကလေး သိပ်ငယ်ရင်လဲ မသုံးသင့်ဘူး။ ကိုယ်ဝန်ရင့်နေရင်လဲ မသုံးပါနဲ့။
• Chemical Burn Medications ဓါတုရည်တွေလောင်တာအတွက် ပိုးသေဆေးမဟုတ်ဘဲ Calcium နဲ့ Magnesium salts ဓါတ်ဆားတွေ သုံးရတာများတယ်။
• Erythromycin ointment (Bacitracin) မျက်စိနေရာ မီးလောင်တာအတွက်သုံးတယ်။
• Electrical Injuries လျှပ်စစ်ဓါတ်လိုက်တာအတွက် ကြွက်သားတွေကို ထိခိုက်ရင် Osmotic diuretic (Mannitol) ဆီးသွားစေတဲ့ဆေး ပေးတယ်။
တခြားလိုအပ်တာတွေ -
• အစားအသောက်မှာ (ကလိုရီ) မနည်းစေရပါ။ ကစီဓါတ် ပိုစားပါ။ သကြား၊ ဂလူးကို့စ်၊ အချို၊ ထမင်း၊ ဂျုံနဲ့ လုပ်တာတွေ။
• အဆီလဲ စားရမယ်။ (ကယ်လိုရီ) ရသမျှထဲက ၃ဝ% ဟာ အဆီကနေရသင့်တယ်။ လိုတာထက်ပိုရင်တော့ မကောင်းပါ။
• ဗီတာမင် (စီ)၊ (အီး)၊ နဲ့ Zinc သွပ်ဓါတ်တွေလဲ လိုတယ်။
• မီးလောင်လူနာအတွက် (ပရိုတင်း) လိုအပ်ချက်ကို လျှော့မတွက်သင့်ပါ။ လူကြီးတွေအတွက် Harris-Benedict equation ဆိုတဲ့ ဖေါ်မြူလာလဲ သုံးနိုင်တယ်။ ကလေးတွေအတွက် Galvaston formula ကိုသုံးတယ်။ Curreri formula ဆိုတာက လူကြီး-ကလေး သုံးနိုင်တယ်။
Burn မီးလောင်ခံရခြင်း https://dr-tint-swe.blogspot.com/2021/07/burn.html
Scar (2) အမာရွတ် (၂) https://dr-tint-swe.blogspot.com/2021/05/scar-2.html
Scar (1) အမာရွတ် (၁) https://dr-tint-swe.blogspot.com/2021/05/scar-1.html
Radiation burn ဓါတ်ကင်သည့်နေရာ အရေပြားလောင်ခြင်း https://dr-tint-swe.blogspot.com/2022/02/radiation-burn.html
Severe Burn Treatment ဆိုးဝါးတဲ့ မီးလောင်နာ https://dr-tint-swe.blogspot.com/2022/06/severe-burn-treatment.html
ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၂
Comments
Post a Comment