Female infertility သားသမီးမရသေးတဲ့ အမျိုးသမီး

(ကန်တော့)

ဆရာရှင့်  မေးခွင့်ပြုပါရှင့် ကျွန်မအသက် ၄၃ နှစ်ပါ မန္တလေးကပါ  အိမ်ထောင်သက် ၆နှစ်ရှိပါပြီ  သားသမီးမရသေးပါ ရာသီမှန်ပါတယ် အမျိုးသားက အသက် ၄၇ နှစ်ရှိပြီး အဝေးမှာပါ  ၂နှစ်တခါ  ၃လ ခွင့်ရပါတယ်  လွန်ခဲ့တဲ့လေးနှစ်တုန်းကနှစ်ယောက်လုံးဆေးစစ်ချက်ရလဒ်ကောင်းခဲ့ပါတယ်  အခုဖြစ်နေတာကို ပြောပါ့မယ်ရှင့် ( - ) ရာသီမတိုင်မီနဲ့ ရာသီကာလတွေမှာ ရေခဲရေသောက်မိခဲ့ပါတယ်  အခုထိ ရာသီပြန်မလာသေးပါ  ကိုယ်ဝန်ကိုမျှော်လင့်ပေမယ့် ဆီးစစ်တော့လည်း တကြောင်းထဲပေါ်ပါတယ်  ရေခဲရေကြောင့် ရာသီရပ်သွားတာလား  အန္တရာယ်ရှိနေမှာလား မသိလို့  ဘာလုပ်သင့်ပါသလဲဆိုတာ ဖြေကြားပေးပါရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့်

ရေကြောင့်၊ ရေခဲရေကြောင့်၊ ရေနွေးကြောင့်၊ ရေသန့်ပုလင်းထဲကရေကြောင့် ဘာတခုမှ ထူးဖြစ်စရာ မရှိနိုင်။ ရေကို ထိုင်သောက်လို့၊ ရေကိုမတ်တတ်ရပ်သောက်လို့ ဘာတခုမှ ထူးဖြစ်စရာ မရှိနိုင်။

အမျိုးသမီးတွေမှာ သားသမီးမရသေးတဲ့ အကြောင်းခံတွေ အမျိုးမျိုးရှိတယ်။

၁။ မျိုးဥမထွက်ခြင်း ၂၅%၊

၂။ အင်ဒိီုထရီရိုးဆစ် ခေါ် သားအိမ်ရောဂါတမျိုး ၁၅%၊

၃။ တင်ပါးဆုံတွင်းတွယ်ကပ်မှုဖြစ်ခြင်း ၁၁%၊

၄။ အခြားသားအိမ်ပြွန်ပုံမှန်မဖြစ်ခြင်း ၁၁%၊

၅။ ပရိုလက်တင်ဟော်မုန်းများနေခြင်း ၇%၊

၆။ အကြောင်းရှာမတွေ ၁၀%၊

၇။ အခြားအကြောင်းခံများ ၉%။

စမ်းသပ် စစ်ဆေး ကုသရပါမယ်။ တယောက်နဲ့တယောက် မတူကြပါ။ စာတွေအားလုံး ဘလော့အဟာင်းမှာ ရှိတယ်။

သားအိမ်နေရာ အာထွာဆောင်းရိုက်ရင် သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါရှိ မရှိ သိမယ်။ မနေ့က တယောက်ကမေးလို့ မျိုးဥထွက်ဆေးစာ ထပ်တင်ထားသေးတယ်။ တခြားစာတွေလည်း ဘလော့အဟာင်းမှာရှိတယ်။ အသစ်မှာ မတင်အားသေးပါ။

Clomiphene Citrate မျိုးဥထွက်ဆေး https://dr-tint-swe.blogspot.com/2020/12/clomiphene-citrate.html

Clomid ကလိုမစ်ဆေး https://dr-tint-swe.blogspot.com/2021/05/clomid.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ