Leaves မဖြစ်နိုင်ရွက်
လောက်သေရွက်က hiv ပိုးကိုသေစေတယ်ဆိုတာ ဖြစ်နိုင်ပါလားဆရာ။
တယောက်ပြီးတယောက် မေးနေကြတယ်။
မနေ့ကလည်း ဘာရွက်မသိ မေးသေးတယ်။
ဆေးအိုးဗုတ်
အောက်မည်းညို
ငှက်သိုက်
ဒေါက်ခွရွက်
ပေါင်းပင်
မြက်
တမျိုးပြီးတမျိုး မေးနေကြတယ်။
အမည်ဆန်းတဲ့အရွက်တွေက ကင်ဆာပျောက်တယ်တဲ့။
ကိုဗစ်ဆုန်းကလည်း အံလိုဟာတွေ။
လောက်သေ
ဆေးအိုးဗုတ်
အောက်မည်းညို
ငှက်သိုက်
ဒေါက်ခွရွက်
ပေါင်းပင်
မြက်
တော်သေးတယ် ငလျင်တုန်းက မပြောကြလို့။
ဆေးသုတေသန မရှိ။ မဖြစ်နိုင်။ မှားယွင်း။ လိမ်ညာ။
နိုဗယ်ဆုကို နှစ်စဉ် ဒီဇင်္ဘာ (၁ဝ) ရက်မှာ ပေးနေတယ်။ HIV ပိုး၊ ဆီးချိုရောဂါပျောက်တယ်ဆိုတာတွေက မှန်တယ်ဆိုရင် ဆေးပညာနိုဗယ်ဆု ကြားဖြတ်ရမယ်။
မဖြစ်နိုင်ရွက်တွေ မြန်မာပြည်မှာ အလေ့ကျပေါက်တယ်။ အွန်လိုင်းအခင်းကြီးထဲမှာ တချို့ ရေလောင်းပေးနေကြတယ်။
ရောင်းကောင်းသတဲ့။
ဆေးပညာနိုဗယ်ဆုကို မြန်မာလိုရေးတဲ့ဖေ့စ်ဘွတ်က ရမယ်ထင်တယ်။
ဒီစာရေးထာတာ ၇ နှစ်ရှိပြီ။ မြန်မာပြည်ကသတင်း နော်ဝေ၊ ဆွီဒင်က မကြားကြဘူးထင်တယ်။
ဒေါက်တာတင့်ဆွေ
၉-၆-၂၀၁၉

Comments
Post a Comment