HIV အကြောင်း

(ကန်တော့)

မင်္ဂလာပါ ဆရာ ကျနော် တခုလောက်မေးပါရစေ ( - ) သုံးမိပါတယ် ( - ) သုံးပါ ။ HIV virus ကူဆက် (ကူးစက်) နိုင်ပါသလားခင်ဗျာ ကျေးဇူးပြုပြီးဖြေပေးလားဗျာ  ဆရာစာဖတ် ပရိတ်သတ်တဦးပါ

HIV (Human Immunodeficiency Virus) ဗိုင်းရပ်စ်ပိုးကို အတိုကောက်ခေါ်တာ။ ယူအက်စ်အေမှာ အကြမ်းအားဖြင်း လူ ၇ ယောက်မှာ ၁ ယောက်က ပိုးရှိနေတာကို မသိကြ။ မြန်မာပြည်မှာ မသိပါ။

ဘယ်လိုကူးစက်သလဲ

လိင်မှုကနေ ကူးစက်တယ်။ ကျားမလိင်အင်္ဂါအရည်တွေထဲမှာ ပိုးပါနေတယ်။ ဆေးထိုးအပ်ကနေလည်း ကူးစက်တယ်။ ထိစပ်မှုရှိပေမဲ့ ပါနေတဲ့ပိုးအရေအတွက် နည်းရင် မကူးစက်ပါ။ ပိုးပါနေတဲ့ အရည်နဲ့ သွေးက ကိုယ့်သွေးထဲဝင်မှသာ ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေးကို ကူးစက်နိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်။

ဒီပိုးကူးစက်ခံရရင် ကိုယ်ထဲက CD4 cells ခေါ် သွေးဖြူဥတွေကို တိုက်ခိုက်မယ်။ T cells လို့လည်းခေါ်တယ်။ အဲတာတွေက ရောဂါတခုခုဝင်လာတိုင်း ခုခံတိုက်ဖျက်ပေးနေတာ။ အဲတာနည်းလာလေလေ ရောဂါကို ခံနိုင်ရည် နည်းလေလေ။ ကြာလာတော့ AIDS ရောဂါဖြစ်လာနိုင်တယ်။ acquired immunodeficiency syndrome ကို အတိုကောက်ခေါ်တာ။

ကူးစက်ခံရခြင်းလက္ခဏာများ

တုပ်ကွေးမိတာနဲ့ အတော်တူတယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ အရေပြားအနီပြင်ထွက်မယ်။ ညချွေးထွက်မယ်။ ကြွက်သားတွေနာမယ်။ လည်ချောင်းနာမယ်။ အားနည်းနေမယ်။ တက်စေ့တွေရောင်မယ်။ ပါးစပ်မှာ အနာပေါက်မယ်။

ဒုတိယအဆင့်မှာ ပိုးတွေကပွါးများလာမယ်။ တတိယအဆင့်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အာရုံကြောပိုင်း လက္ခဏာခံစားရမယ်။ ကိုယ်အလေးချိန်ကျမယ်။ ညချွေးအလွန်ထွက်မယ်။ ဖျားလိုက်ပျောက်လိုက်နေမယ်။ မောပန်းနေမယ်။ ချိုင်း၊ ပေါင်ခြံနဲ့ လည်ပင်းမှာ တက်စေ့တွေ ကြီးနေမယ်။ ဝမ်းပျက်မယ်။ ပါးစပ်၊ စအို၊ လိင်အင်္ဂါနား အနာတွေပေါက်မယ်။ နူမိုးနီးယား ဝင်မယ်။ အရေပြား၊ ပါးစပ်၊ တင်ပါး၊ မျက်နှာမှာ နီညိုရောင်အကွက်တွေပေါ်လာမယ်။ စိတ်ကျမယ်။ မှတ်ဉာဏ်နည်းမယ်။ အာရုံကြော ချို့ယွင်းမယ်။ 

HIV antigen test အင်တီဂျင်စမ်းနည်းကို ပိုးကူးစက်ခံရပြီး ၃ ပတ်မှာစမ်းလို့ရမယ်။ တချို့ဓါတ်ခွဲခန်းတွေမှာသာ စစ်လို့ရတယ်။ antibody test အင်တီဘော်ဒီစမ်းနည်းကို အများဆုံးသုံးရတယ်။ ၁၂ ပတ်ကြမှသာ စမ်းတွေ့နိုင်တယ်။ စမ်းသပ်မှုလုပ်သူ ၁၀၀၀ မှာ ၄ ယောက်က ပိုးမကူးစက်ပဲ ကူးစက်တယ်လို့ အဖြေထွက်နိုင်တယ်။ သေချာအောင် နောက် လအနည်းငယ်မှာ ထပ်စစ်ပါ။ 

အဆင့် ၃ ဆင့်ရှိတယ်။ ရက်တို၊ နာတာရှည်နဲ့ AIDS ရောဂါ။

၁။ Acute HIV infection ရက်တို

ပိုးဝင်ခံရပြီးနောက် ၂ ပတ်ကနေ ၄ ပတ်။ ပိုးကိုခုခံတိုက်ထုတ်တဲ့ အင်တီဘော်ဒီတွေထွက်လာမယ်။ အဲတာကိုစစ်တာနဲ့ ပိုးကူးစက်ခံထားတာကို သိမယ်။ HIV-antibody test လို့ခေါ်တယ်။ သူကနေ တခြားလူတွေကို ကူးစက်နိုင်နေပြီ။

၂။ Chronic HIV infection နာတာရှည်အဆင့်

CD4 cell အရေအတွက် နည်းနည်းလာမယ်။ ရောဂါခံစာရမှာတော့ မဟုတ်သေးပါ။ ဆယ်နှစ်လည်းကြာနိုင်တယ်။ ဒိထက်မကလည်းကြာနိုင်တယ်။ ဆေးသောက်နေရင်တော့ ဆယ်စုနှစ်တွေကြာထိနေနိုင်တယ်။

၃။ AIDS ရောဂါ

ခုခံအားနည်းနေပြီ။ ရောဂါပိုးတွေကို ခံနိုင်ရည် နည်းနေပြီ။ T cells တွေအများကြီး ဖျက်ဆီးခံထားရပြီ။ opportunistic infections ခေါ် အခွင့်ကောင်းယူပြီး ဝင်လာမဲ့ ကူးစက်ရောဂါတွေ ခံစားရတော့မယ်။ 

Opportunistic infections and diseases အခွင့်ကောင်းယူ ကူးစက်ရောဂါတွေ

1. Tuberculosis (TB) တီဘီ။

2. Cytomegalovirus ရေယုံဗိုင်းရပ်ကနေ မျက်စိ၊ အဆုတ်၊ အစာလမ်း၊ စတာတွေကိုရောဂါရစေမယ်။

3. Candidiasis မှိုပိးကနေ ပါးစပ်၊ လျှာ၊ အစာမျိုပြွန်၊ ဗဂျိုင်းနာကို ရောဂါရစေမယ်။

4. Cryptococcal meningitis ဦးနှောက်ဖုံးလွာရောင်ခြင်း။ ခေါင်းကိုက်၊ ဖျား၊ မျက်စိကြည့်မကောင်း၊ လည်ပင်းတင်းနေ။ လူအမူအယာပြောင်း။

5. Toxoplasmosis ကြောင်တွေမှာရောဂါရစေတဲ့ပိုး။ သီးနှောက်ရောက်ရင် တက်မယ်။

6. Cryptosporidiosis အကောင်တွေမှာဖြစ်တဲ့ ကပ်ပါးကောင်။ နာတာရှည်ဝမ်းပျက်မယ်။

7. Cancers ကင်တာ သူများထက်ပိုဖြစ်တယ်။

8. Kaposi sarcoma နဲ့ Lymphoma လင်ဖိုးမား ခေါ် တက်စေ့ကင်ဆာ။

9. Other complications တခြားရောဂါတွေ။ Wasting syndrome ပိန်ချုံးကျလာမယ်။

10. Neurological complications အာရုံကြောသက်ရောက်မှုတွေ။ စိတ်မကြည်လင်၊ သတိမေ့၊ လမ်းကောင်းကောင်းမလျှောက်နိုင်၊

အရေးပေါ်ကာကွယ်မှု

post-exposure prophylaxis (PEP) drugs ခေါ်ဆေးကို ၇၂ နာရီအတွင်းသောက်သင့်တယ်။ (PrEP) လို့လည်း ခေါ်တယ်။ လိင်မှုကနေကူးစက်မှာကို ၉၉% နဲ့ ဆေးထိုးအပ်ကနေကူးမှာကို ၇၄% ကာကွယ်မယ်။

ကုသနည်း

ပိုးကူးစက်ခံရခြင်းဟာ သေဒဏ်ကျတာ မဟုတ်ပါ။ antiretroviral therapy (ART) ခေါ် ဆေး သောက်နေသူတွေဟာ AIDS ဖြစ်တဲ့အထိ မရောက်သလောက်လို့ ပြောနိုင်တယ်။ ပိုးရှာမတွေ့တဲ့အထိ သက်သာလာနိုင်တယ်။ သူများကိုလည်း ကူးစက်ချင်မှသာ ကူးစက်တော့ပါမယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ