Posts

Showing posts from February, 2023

Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား

Image
(ကန်တော့) ၁။ မင်္ဂလာပါဆရာ ဒုကိုယ်ဝန် ၂၉ ပတ်။ အရင်ကလေးအသက်-၅ နှစ်ခွဲ C-section မွေး horizontal ခွဲထား။ ဆရာရှင့် မွေးဖို့ရက်နီးလာလေလေ စိတ်ပူပြီးအိပ်မပျော်လေပါရှင့် ပထမကလေးလို CS မွေးရမလား သဘာဝအတိုင်းမွေးရမလား စဉ်းစားရအလွန်ကြပ်ပါသည်။ မေးခွန်း ၂ခုမေးခွင့်ပြုပါရှင်။  (1) Vbac မွေးပါက လွန်ခဲ့တဲ့ ၅နှစ်ခွဲက CS ဒဏ်ရာဟောင်းကွဲထွက်နိုင်ပါသလား (2) ဒဏ်ရာဟောင်းကွဲသွားပါက ဆိုးကျိုးဆက်လေးပြောပြပါဆရာ ကျေးဇူးတင်ပါတယ်။ ဆရာနှင့် မိသားစု ကျန်းမာပါစေ။ ၂။ မ အသက် - ၃၁ အိမ်ထောင် - ရှိ အိမ်ထောင်သက်တမ်း ၃ နှစ် ဆရာရှင့် ကျွန်မ သားဦးလေးကို ခွဲမွေးတာထားတာပါ။ သားလေးမွေးရာပါရောဂါတစ်ခု(တခု)ကြောင့်ပြင်ပတွင် သုံးရက်သာအသက်ရှင်ပြီး ဆုံးပါးသွားပါသည်။ သားလေးကိုမွေးထားတာ 6 လခွဲ ရှိပါပြီ။ ယခု ရာသီလာရန် ရက်ကျော်နေပါသဖြင့် ဆီးစစ်ကြည့်တော့ နောက်ကိုယ်ဝန် ထပ်ရှိနေပါသည်။  ခန့်မှန်းခြေ 4 ပါတ်ကျော်လောက်ဖြစ်နိုင်ပါသည်။ ခွဲမွေးထားတဲ့ မိခင်က ဒီလောက်အချိန်နှင့်နောက်ကိုယ်ဝန်ကို အဆင်ပြေပြေဆောင်နိုင်ပါ့မလားဆရာရှင့်။ ဘယ်လိုအကျိုးဆက်တွေများ ဖြစ်လာနိုင်မလဲ သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။ (1-2-3 တွေကို ၁-၂-၃ လို့ ပြင်လိုက်တယ်။ ဆောရီး။) အများအာဖြင်

ဘဝသံသရာ

Image
(သုံးဆယ့်တဘုံသည် သုံးဆယ့်'တစ်'ဘုံ မဟုတ်။) ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်းသွားကြတာ  ခရီးပန်းတိုင်မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက်ထွက်ခွါလာ လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရတဲ့ ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ရာ ဘယ်ဟာမတည်မြဲ ဖောက်လွဲဖောက်ပြန်အကြောင်းခံ ကမ္မဿကာ တွေ့ကြုံ ဆုံကွဲ ခရီးထဲဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လာ ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်တာလည်း ဖြစ်ရတာ ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ သုံးဆယ့်တဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုံမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ ဘဝသံသရာ ဦးသုခ https://soundcloud.com/khinthidakhin/bawa-thanthayar-u-thu-kha ဘဝသံသရာ ဝင်းဝင်းအောင် (မြို့မ) https://www.facebook.com/watch?v=4545012145546118 ဘဝသံသရာ မောင်မောင်ကြီး https://www.facebook.com/100023443804322/videos/683235962467858?idorvanity=211533522724799 ဒေါက်တာတင့်ဆွေ

Natural Ways to Lower Your Blood Pressure သွေးတိုးကျစေတဲ့ အိန္ဒိယက တိုင်းရင်းဆေးနည်း

Image
Neem leaves တမာရွက်နဲ့ Tulsi (Basil) ပူဒီနာရွက်တွေက သွေးတိုးကျစေပါသတဲ့။ အိန္ဒိယက တိုင်းရင်းဆေးနည်းကို လေ့လာမှုပြုထားတာမှာ ပါတယ်။ ဘာသာမပြန်တော့ပါ။ မြန်မာပြည်မှာ လက်ခံမဲ့သူ မရှိလောက်။ According to the journal Studies of Ethno-Medicine, combination of neem and tulsi was beneficial to lower the blood pressure levels due to their active compounds. Hawthorn berries are rich in flavonoids that include quercetin and oligomeric procyandins that boost heart health. The antihistamine effects of neem leaves can cause blood vessels to dilate. This is why these leaves can help lower blood pressure. Taking neem extract or capsules for a month can also lower the high cholesterol levels. 1. Punarnava 2. Ashwagandha 3. Gotu Kola 4. Tulsi Leaves 5. Hawthorn 5 Natural Ways to Lower Your Blood Pressure https://www.ndtv.com/.../5-natural-ways-to-lower-your... ဒေါက်တာတင့်ဆွေ

March မတ်လ

Image
၂၀၂၃ခုနှစ် မတ်လဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ် တပေါင်းလတန်း ၁၁ ရက်ကနေ တန်ခူးလဆန်း ၁၁ ရက်နေ့အထိကျရောက်တယ်။ March နာမည်က လက်တင်လို Martius မာတိယပ်စ်ကနေလာပါတယ်။ ရိုမင်ပြက္ခဒိန်ပေါ်စမှာ အစဆုံးလ ဖြစ်ခဲ့တယ်။ Mars ဆိုတဲ့ Roman god of war ရောမစစ်ပွဲဘုရားက နေယူထားတယ်။ စိုက်ပျိုးရေးကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တဦးနာမည်လည်းဖြစ်တယ်။ ဒီလမှာ စိုက်ပျိုးလုပ်ငန်းတွေလည်း စတင်ကြပါတယ်။ မတ်လအစမှာ ဆောင်းရာသီရဲ့နောက်ဆုံးရက်တွေနဲ့ လအဆုံးမှာ နွေရာသီထဲဝင်လာပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကနေ ဖူးတွေ့ချင်လို့ အမတ်တွေ တယောက်ပြီးတယောက်ကိုပင့်ဘို့ ခိုင်းစေခဲ့တယ်။ နောက်ဆုံး ဆယ်ကြိမ်မြောက်မှာတော့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေလွှတ်ရတယ်။ ကာဠုဒါယီကတော့ သွားရေးလာရေးသာတဲ့ တပေါင်းလကို ရွေးပါတယ်။ တပေါင်းလရဲ့ လမ်းခရီးသာယာပုံကို ဂါထာပေါင်း ၆ဝ နဲ့ဖွဲ့နွဲ့ပြီး၊ လျှောက်ထားတော့မှသာ ဘုရားရှင်ဟာ တပေါင်းလပြည့်နေ့မှာ ကပိလဝတ်ပြည်ကို ကြွတော်မူခဲ့တယ်။ မတ်လအတွက် နိုင်ငံတကာနေ့များ • မတ်လ ၁ ရက် Independence Movement ကိုရီးယား လွတ်လပ်ရေးလှုပ်ရှားမှုနေ့ • မတ်လ ၁ ရက် Se

Milo မိုင်လို

Image
မင်္ဂလာပါ ဆရာ Nestle က ထုတ်တဲ့ Milo ကို အသက် ၇ နှစ်မှ ၁၂ ထိသောက်သုံးရန် အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ် ကျွန်တော့ သမီးက အသက် ၂ နှစ် ၂ လပါ သမီး Milo အရမ်း ကြိုက်ပါတယ် ကျန်းမာရေးအရ ဒီ အသက်အရွယ်မှာ တိုက်သင့်ပါသလား Milo မိုင်လိုထဲမှာ ချိုတာပါလို့ ကလေးတွေကြိုက်ကြတယ်။ သတိထားစရာတချို့တော့ ရှိတယ်။ သကြားဓါတ်ရဲ့ သဘောက ဘယ်ကနေရရ ကိုယ်အလေးချိန်တိုးမယ်။ အချိုကြိုက်လွန်းရင် တခြားအရသာတွေကို မကြိုက်တာ ဖြစ်တတ်တယ်။ သွားပေါက်ပြီးရင် သွားအပေါ်ယံလွှာကို ထိခိုင်နိုင်လို့ အချိုစားပြီးတိုင်း ပါးစပ် ဆေးသင့်တယ်။ မိုင်လိုထဲမှာ Vitamins A, B1, B2 & C တွေပါတယ်။ ဒါပေမဲ့ မိခင်နို့နဲ့ ဖေါ်မြူလာနို့မှုန့်လောက် မပြည့်စုံပါ။ မိုင်လိုကို နွားနို့ကနေလုပ်တယ်။ နွားနို့မတည့်သူတွေ မသင့်။ ကလေးဘယ်အရွယ်မှသာတိုက်လို့တော့ သုတေသနမရှိ။ VOA Burmese 28-2-2023 Nestle ကုမ္ပဏီ မြန်မာနိုင်ငံကထွက်မည် ဆွဇ်ဇာလန်နိုင်ငံက အစားအစာထုတ်လုပ်တဲ့ ကမ္ဘာကျော် Nestle ကုမ္ပဏီကြီး ဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းတော့မယ်လို့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွ

Numbers ဂဏန်းရေးနည်း (၁)

Image
၁။ ငွေ ၂၀၀၀၀၀၀၀ိ ကို (ကျပ်သိန်းနှစ်ရာတိတိ) ရေးရမည်လား ကျပ်မပါဘဲ (သိန်းနှစ်ရာတိတိ) ရေးရမည်လားရှင့် • ရှေ့မှာ ကျပ် ဆိုတာထည့်၊ နောက်ဆုံးမှာ တိတိ ဆိုတာထည့်မှ မသမာမှု လုပ်လို့် မရမှာလေ။ • ဂဏန်းတွေ အတိုးအလျှော့ လုပ်လို့ မရအောင် ထိန်းလိုက်တဲ့ သဘောပဲ။ • (ကျပ်သိန်းနှစ်ရာတိတိ) အမှန် • နောက်ကစပြီး သုည သုံးလုံးတစ်တွဲဲ ကော်မာခံ။ ကိန်းဂဏန်းရေတွက်လို့ လွယ်ကူအောင်။ နောက်က (ကျပ်သိန်းနှစ်ရာတိတိ) အမှန်ပါ။ • "ကျပ်"ထည့်တာပိုကောင်းတယ် မြန်မာငွေမှန်း သိသာတာပေါ့ • ကျပ်မထည့် ပြားဆိုပီး ငြင်းဘယ်လိုလုပ်ပ • ကျပ်နှစ်ရာသိန်းတိတိ ၂။ တစ်တောင် နဲ့ တတောင် စာလုံးပေါင်းအမှန်လေး သိချင်လို့ပါ ခင်ဗျာ ၃။ ဆရာဗျ ကိန်းဂဏန်း ၁ ကို မြန်မာလို တစ်လို့ရေးရမှာ ဟုတ်ပါသလားဗျ။ ၁ ကျပ်တန်မှာ တကျပ် (သို့) တစ်ကျပ် ၁ နှစ် တနှစ် (သို့) တစ်နှစ် ဘယ်လိုအရေးအသား အသုံးပြုသင့်ပါသလဲဗျ။ ဂဏန်းရေးနည်း • 100 = One hundred = တရာ • 1,000 (0 ၃ လုံး) = One thousand = တထောင် • 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း) • 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း) • 1,000,000 (0 ၆ လုံး) = One million = တသန်း • 10,000,00

Online Doctor အွန်လိုင်းဆရာဝန်အဖြစ်ကတော့

Image
အွန်လိုင်းဆရာဝန်က မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထက် အဖြစ်ဆိုးတယ်။ ပုဏ္ဏားတွေကမှ လက်နဲ့စမ်းလို့ ရသေးတာ။ ကျွန်တော်က မမြင်ရ၊ မစမ်းရ၊ မကြားရ။  စာနဲ့ရေးမေးတော့လည်း သတ်ပုံမှန်တာက ရှားတယ်။ ရေးပြတာ မရှင်းလို့ ပြန်ပြန်မေးရသေးတာ။ ကလေးကနေမကောင်း ဘယ်လိုကရမလဲဆရာတဲ့။ ကလေးအမေက အငြိမ့်မင်းသမီးတော့ မဟုတ်ဘူးတဲ့။  သမီးရဲ့ သမီးကို မြေးမလေးလို့ထင်တော့ မှားရော။ သား ကောင်မလေးကို ချွေးမမှတ်တာလည်း မမှန်။ သမီး ကောင်လေးကလည်း သူ့သားမက်မဟုတ်ပါတဲ့။ သမီး ကောင်လေးအသက်ကို မေးတော့ သမီးဆိုသူထက် ကြီးနေပြန်ရော။ သား ကောင်မလေးကလည်း သူ့ထက် မငယ်။ ညီမအမေ နေမကောင်းဘူးဆိုတာကို မေးတဲ့သူရဲ့ အဒေါ်လားဆိုတော့ မဟုတ်ဘူးတဲ့။  မမ ဖျားနေသတဲ့။ သူ့အမ မဟုတ်ဘူး၊ သူ့နာမည်တဲ့။ အိမ်ကအဖေတဲ့။ အိမ်မှာမနေတဲ့အဖေ ရှိသေးလားလို့ မမေးရဲ။ အွန်လိုင်းဆရာဝန်ကတော့ အလွဲချည်းဘဲ။ ဒေါက်တာတင့်ဆွေ

Without Your Pancreas သရက်ရွက်မရှိလျှင်

Image
ဆရာမင်ဂလာပါရှင့် ဆရာ လူ့ကိုယ်ထဲမှာ သရက်ရွက်မရှိရင်ရောဂါပိုးအလွယ်တကူဝင်နိုင်လားဆရာ ကြိုတင်ကာကွယ်လို့ရောရနိုင်လားဆရာ သရက်ရွက်မရှိတော့ပေမဲ့ အသက်ဆက်ရှင်နိုင်ပါတယ်။ ဆေးတော့ လိုတယ်။ သရက်ရွက်ကင်ဆာနဲ့ ဆိုးဝါးတဲ့သရက်ရွက်ရောင်ခြင်းတို့ကြောင့် ခွဲစိတ်ထုတ်ရတတ်တယ်။ ထိခိုက်မိလို့လည်း ထုတ်ရနိုင်သေးတယ်။ သရက်ရွက် ခေါ် ပန်ခရိယပ်စ် (ပန်ကရိယ) ခေါ် မုန့်ချိုအိတ်ကနေ insulin, glucagon, somatostatin, and pancreatic polypeptide ဓါတ်တွေ ထုတ်ပေးနေတယ်။ Insulin အင်စူလင်ကနေ သကြားဓါတ် ထိန်းပေးနေတယ်။ Enzymes အင်ဇိုင်းတွေက အစာကျေချက်ဘို့ လုပ်ပေးနေတယ်။ Trypsin နဲ့ chymotrypsin တို့ အစားအသောက်ထဲက ပရိုတင်းကို ကျေချက်ပေးတယ်။ Amylase ကနေ ကာဘွန်ဟိုက်ဒရိတ်တွေကို ကျေချက်ပေးတယ်။ Lipase ကနေ အဆီကို ကျေချက်ပေးတယ်။ အင်စူလင်မရတော့သူနဲ့ လုံလောက်အောင်ထုတ်မပေးနိုင်သူတွေက ဆီးချိုဖြစ်တယ်။ သွေးထဲ ဆီးထဲက သကြားဓါတ်အနည်းအများကို စစ်ဆေးနေရမယ်။ အစာကျေချက်ဘို့ အင်ဇိုင်းဆေးတွေလိုမယ်။ စားပြီးတိုင်း လိုမယ်။ ဆီးချိုသမားတွေစားသလိုသာ စားရမယ်။  ကိုယ်လက်လှုပ်ရှားမှု လုပ်နေရမယ်။  သရက်ရွက်မရှိတော့သူတွေ ၇ နှစ်အသက်ဆက်ရှင်နှုန်း ကင်ဆာမဟုတ်သူတွေက ၇၆% ရှိတယ်

CDC issues warning over an increase of drug-resistant bacteria ဆေးယဉ်ဘက်တီးရီးယား သတိပေးချက်

Image
ယူအက်စ်အေမှာ ထွက်ပါတယ်။ ဘက်တီးရီးယားအမည်က Shigella ရှီဂဲလား။  ဒီပိုးကူးစက်ခံရရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။ အညစ်အကြေး-ပါးစပ်လမ်းကနေ ကူးတယ်။ အစားအသောက်နြ့ရေထဲမှာ ပါနေနိုင်တယ်။ သုံးနေကျ ပဋိဇီဝဆေးတွေကို ပိုးကယဉ်းပါးနေလို့ ကုသရတာ ခက်တယ်။ ယူအက်စ်အေမှာ ဆေးယဉ်ဘက်တီးရီးယား သတင်းပေးပို့ချက် ၂၀၁၅ ခုနှစ်မှာ သုညသာရှိရာကနေ ၂၀၂၂ မှာ ၅% ရှိလာတယ်။ တပြည်လုံးမှာ လူ ၃ သုံးသန်း ကူးစက်ခံထားရပြီး၊ ၃ သောင်း ၅ ထောင်သေဆုံးတယ်။ မြန်မာပြည်မှာလည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ရေ + အစားအသောက်သန့်ရှင်းရေး ပိုပြီး ဂရုစိုက်သင့်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

Water ရေသောက်တာ ခေါင်းလျှော်တာကို ရန်ရှာနေကြတာ မှားတယ်

Image
ကင်ဆာနေရာတခုမှာ တွေ့တဲ့ အမှားတခု။ ကင်ဆာသမားတွေအတွက် ကျွန်တော်သိတာ‌လေးတစ်ခု(တခု) မျှဝေပေးပါအုန်းမယ်။ အဲဒါက ဘာလဲဆိုရင် ကင်ဆာဖြစ်‌တဲ့သူတိုင်း ရေကို တစ်နေ့(တနေ့)သုံးလီတာ အနည်းဆုံးသောက်ပေးရပါမယ်။ ဒီထက်များရင်ပိုပြီးကောင်းပါတယ်။ ‌ရေကိုများများသောက်ပေးကျ(ကြ)ပါ။ အဟုတ်ကို လုပ်ဆောင်ကြည်ကျ(ကြ)ပါ။ ကောင်းကျိုးတွေ ခံစားရပါမယ်။ ကင်ဆာရောဂါခွဲစိတ်ဖို့ဆိုရင် မန်းလေးက ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ဆင့်နဲ့ခွဲစိတ်ကျ(ကြ)ပါလို့ တိုက်တွန်းချင့်ပါတယ်။ ဆရာကြီးက အခု တော်ဝင်နှင်းဆီဆေးရုံမှာ ထိုင်ပြီး ခွဲစိတ်ပေးနေပါတယ်။ ကင်ဆာနဲ့ ရေ တိုက်ရိုက်မဆိုင်ပါ။ ကင်ဆာကို ကင်ဆာအလိုက် စနစ်တကျ ကုသဘို့ထက်အရေးကြီးတာ မရှိပါ။ တချို့ဆေးတွေကို ရေတဖန်ခွက်နဲ့ သောက်စေတယ်။ ရေသောက်နည်းရင် ရေခန်းခြောက်ခြင်းဖြစ်မယ်။ ကျောက်ကပ်အလုပ် နည်းစေမယ်။  အခြေခံအချက်ကတော့ လူတိုင်းလိုလိုက နေ့တိုင်းလို ရေအပါအဝင် စားသောက်တာတွေကနေ ရောဂါမရစေနိုင်။ ရောဂါကိုလည်း မကာကွယ်နိုင်။ ရောဂါကိုလည်း ပျောက်အောင်မကုနိုင်ပါ။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ ရေသောက်တာ၊ ခေါင်းလျှော်တာကို ရန်ရှာနေကြတာ မှားတယ်။ 1. Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05

တရား

Image
ဆရာ မြတ်စွာဘုရား နောက်ဆုံးဟောခဲ့တဲ့တရားကို သိချင်ပါတယ် ကျွန်တော်က ဆေးပညာ၊ နိုင်ငံရေး၊ မြန်မာစာနည်းနည်းနဲ့ သုတတချို့ကိုသာ ရေးပါတယ်။ တရားစာ မရေးပါ။ ရေးထား ဟောကြာထားတာတွေ အများကြီး။ ရွေးပြီးသာ ဖတ်ပါလေ။ တရားကိုတော့ အလွန်အကျွံတွေ့ရင်တော့ ထောက်ပြတယ်။  'တစ်ရား' မရှိ 'တစ်ရား' ရှိတာ ဘုရား မသိ။ မြန်မာစာမှာ 'ဓါး' နဲ့ 'ဓား' သာမက 'ဒါး' လည်းရှိ၏။ မြတ်ဗုဒ္ဓ၏ ‘တစ်ရားတော်များ’ နေရာမှာ ဖေါ်လိုဝါ သာဝက၊ အသင်းဝင် ဒါယိကာမတွေ အများကြီး။ ဒေါက်တာတင့်ဆွေ

Cervical Cancer Treatment by Stage သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ အဆင့်အရ ကုသနည်းများ

Image
သားအိမ်ထုတ်ပြီး ကုသထားတဲ့ချစ်မတွေရှိရင် အကြံတောင်းခံပါတယ် ကျွန်မက သားအိမ်ခေါင်းကင်ဆာအဆင့်တစ်လို့အဖြေထွက်ထားပါတယ်ဆရာဝန်က သားအိမ်ထုတ်လိုက်တာ အကောင်းဆုံးလို့ပြောပြီးထုတ်ပစ်ဖို့အကြံပေးပါတယ် သားအိမ်ထုတ်ရင်ဗိုက်ခွဲထုတ်ရတာလားရှင့် ခွွဲထုတ်ဖူးတဲ့သူများရှိရင် ထုတ်လိုက်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုးကို သိပါရစေရှင့် ဝေခွဲရဖို့ခက်ခဲလို့ပါ အဆင့်တစ်လည်းဖြစ်သလိုသားအိမ်ကလည်း လုံးဝကောင်းနေသေးပြီး သားသမီးယူလို့လည်း ရတယ်ပြောတယ် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်တစ်ဆိုရင် သားသမီးကရနိုင်တာလားရှင့် သားသမီးက အရေးမကြီးဘူးသားအိမ်သာခွဲထုတ်ပစ်တာအကောင်းဆုံးလို့လည်းပြောကြတော့ စိတ်တွေဝေခွဲဆုံးဖြတ်ဖို့ ခက်ခဲနေပါတယ် ဘဝတူများရှိခဲ့ရင်အကြံပေးအလင်းပြတာလေးရယူချင်ပါတယ်။ မြန်မာပြည်မှာ ကင်ဆာမှန်သမျှ ဆရာဝန်ကို မေးလေ့မရှိပါ။ ဖေ့စ်ဘွတ်မပေါ်ခင်ကတော့ မေးလို့ ဖြေရတယ်။ အခုတော့ အကိုတွေ အမတွေ၊ ကင်ကင်တွေ၊ အမျိုးအဆွေတွေမေးတာတွေကို လိုက်ရှာပြီး ဖြေပါတယ်။ IA cervical cancer အဆင့် (၁ အေ) အဆင့် (၁) ကို IA1 နဲ့ IA2 လို့ ထက်ခွဲထားတယ်။ IA1 ကုသနည်းများ cold knife conization, a fertility-sparing procedure, for some small cancers တချို့ကို သားသမီးရနိုင

Three Years Breast Cancer Free ရင်သားကင်ဆာ ပျောက်တာ ၃ နှစ်ရှိပြီ

Image
မင်းသမီး Julia Louis-Dreyfus ဂျူလီယာဟာ အသက် ၆၀ ရှိပြီ။ ရင်သားကင်ဆာ အဆင့် ၂ ကို ကုသ အောင်မြင်ထားပါတယ်။ မင်းသမီးမှာ ရင်သားကင်ဆာရှိနေတယ်လို့ ၂၀၁၇ ခုနှစ်က စသိတယ်။ ခီမိုသာရာသီ ၆ ကြိမ်ယူရတယ်။ ရင်သား ၂ ဖက်လုံးလည်း ဖြတ်လိုက်ရတယ်။  အမျိုးသမီး ၈ ယောက်မှာ ၁ ယောက် ရင်သားကင်ဆာဖြစ်နေတယ်။ ကျမလည်းတယောက်ပါလို့ ၂၈-၉-၂၀၁၇ နေ့က တွစ်တာမှာရေးပါတယ်။  ရင်သားကင်ဆာ အဆင့် ၂ ဆိုတာ အရွယ်အစားအားဖြင် ၂ စင်တီမီတာရှိနေတာ။ တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေမှာလည်း ကင်ဆာပြန့်နေပြီ။ တက်စေ့အရေအတွက် များများ ဥပမာ ၁၀၊ ၁၁၊ ၁၂ ခုထိကင်ဆာပြန့်နေရင်တော့ အဆင့် ၃ လို့ သတ်မှတ်တယ်။ ရင်သားကင်ဆာကို ဘယ်လိုကုသမလဲဆိုတာ ကင်ဆာအဆင့်တခုတည်းနဲ့ မပြီးပါ။ ဟော်မုန်းသက်ရောက်မှု ရှိ-မရှိစစ်ဆေးရမယ်။ hormone receptor positive ဟော်မုန်းရီဆက်ပတာ (+) လား (-) လား။ ခီမိုသာရာပီ လိုမလား၊ မလိုဘူးလား ဆုံးဖြတ်မယ်။  Receptors ရီဆက်ပတာတွေဆိုတာ estrogen receptor, progesterone receptor နဲ့ HER2 receptor တွေဖြစ်တယ်။ Keytruda Chemo Combo ဆေးကို FDA ကနေ Aggressive Triple-Negative Breast Cancer ကုသဆေး အဖြစ် အသိအမှတ်ပြုနိုင်ခြင်းဟာ ရင်သားကင်ဆာကုသနည်းမှာ အခယာကျတဲ့ အပြောင်းအလ

Selling Sickness ရောဂါကို ရောင်းချနေခြင်း

Image
၉ နှစ်တိတိက ရေးထားတာ။ ဆေးကြော်ငြာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပြောင်းစေသလဲ။ ဆေးတွေကို ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ပစ်မှတ်ထားပြီး ဆေးညွှန်းရေးပေးစေချင်လို့ ကြော်ငြာရပါတယ်။ စားသုံးသူတိုက်ရိုက် ဆေးကြော်ငြာခြင်း နည်းသစ်ကတော့ စားသုံးသူတွေကို ဝယ်ချင် လာအောင် ကြော်ငြာနည်း ဖြစ်ပါတယ်။ FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာဝန်ရှိပါတယ်။ စားသုံးသူတိုက်ရိုက် ဆေးကြော်ငြာကို စတင်ခဲ့တာကတော့ ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာဘဲ FDA ကနေ အနာသက်သာဆေး Oraflex ကို စျေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ငြာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin အလာဂျီဆေးအတွက် ကြော်ငြာစရိတ် ၁၂၄ သန်း သုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ဒါပေမဲ့ ကြော်ငြာခ သုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂ဝဝ၂ အထိ သန်း ၂၂ဝ ကနေ ၂့၈ ဘီလီလျန်အထိတိုးသုံးလာတာတွေ့ရတယ်။ မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်ဝင်စားမှုလဲ ပြောင်းလာပါတယ်။ အရင်က

Life Expectancy Data အသက်ဘယ်လောက်ရှင်နိုင်သလဲ

Image
ယူအက်စ်အေ ကိန်းဂဏန်းတွေကိုသာ တင်ပြပါမယ်။ ကျား + မ = 76.4 years ကျား = 73.5 years မ = 79.3 years ၂၀၂၁ ခုနှစ်မှာ 76.4 years ရှိခြင်းဟာ ၂၀၂၀ ကထက် 0.6 year နှစ် နည်းလာတာဖြစ်တယ်။ ၁။ Heart disease နှလုံးရောဂါ၊ ၂။ Cancer ကင်ဆာနဲ့ ၃။ COVID-19 ကိုဗစ်တို့ကြောင့် သေးဆုံးရတာ အများဆုံး။ အသက် ၁ နှစ်အောက်ကလေး သေနှုန်း = အရှင်မွေး ကလေးတသိန်းမှာ 543.6 ယောက်။ အသက် ၁ နှစ်အောက်ကလေး သေနှုန်း မြန်မာပြည်မှာ ကလေး တထောင်မှာ 35 ယောက်။ အဲဒါကြောင့် အသက်ကြီးရင် သေတတ်တယ်ဆိုတာ မမှားပါ။ တနှစ်အောက်ကလေးတွေလည်း သေဆုံးကြတယ်။ (ပုံအတွက် ကျေးဇူး။) ဒေါက်တာတင့်ဆွေ

Breast Cancer History ရင်သားကင်ဆာသမိုင်း

Image
ရှေးဟောင်း အီဂျစ်ခေတ်ကတည်းက ရင်သားကင်ဆာရှိသည်။ ရင်သားကင်ဆာကို အပူဓါတ်သုံးလာင်ကျွမ်းနည်းဖြင့် ကုသခဲ့ကြသည်။ Breast Cancer writings ရင်သားကင်ဆာ စာများ https://dr-tint-swe.blogspot.com/2021/11/breast-cancer-writings.html ဒေါက်တာတင့်ဆွေ

Brown Rice ဆန်လုံးညို

Image
ဆရာရှင့် ကျမရိုသေစွာ စာရေးမေးမြန်းပါရစေရှင့် Brown rice နဲ့white rice မှာ white rice က အများကြီးစားရင် ကြာရင် side effect ဖြစ်တယ်လို့ပြောကြပါတယ်ရှင့် white rice ဆိုတာ ထိုင်းကလာတဲ့ဆန်မွှေးလိုမျိုး ပေါ်ဆန်းမွှေးလိုမျိုးကို ပြောတာပါရှင့် ဟုတ်ပါသလားရှင့် ဘာကြောင့်ပါလဲရှင့် ကမာ္ဘမှာ စိုက်ပျိုးထုတ်လုပ်သမျှထဲက ဆန်ကို ၇၈%၊ ဂျုံကို ၆၄% နဲ့ ပြောင်းကနေ ၁၄% ကို စားသုံးခဲ့ကြတယ်။ ဆန်ကနေ အင်နာဂျီစုစုပေါင်းရဲ့ ၁၉% နဲ့ ပရိုတင်း ၁၃% ရကြတယ်။ မြန်မာပြည်လို မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ဆန်ကိုသာအားထားကြတယ်။ အာရှတိုက်မှာ ၉ဝ% စားသုံးကြတယ်။ သန်း ၅ဝဝ ကျော်တယ်။ အာဖရိတိုက်နဲ့ တောင်အမေရိကတိုက်မှာလည်း ဆန်းစားသူများတယ်။ ဆန်ကနေ ကယ်လိုရီ ၂ဝ% ကျော်ရကြတယ်။ Rice brown 1 cup (195 g) မှာပါတဲ့ အာဟာရဓါတ်များ Calories 216 Total Fat 1.8 g 2% Saturated fat 0.4 g 2% Polyunsaturated fat 0.6 g Monounsaturated fat 0.6 g Cholesterol 0 mg 0% Sodium 10 mg 0% Potassium 84 mg 2% Total Carbohydrate 45 g 15% Dietary fiber 3.5 g 14% Sugar 0.7 g Protein 5 g 10% Vitamin A 0% Vitamin C 0% Calcium 2% Iron 4% Vitamin D 0% Vitamin B-6 15% Vit

Rice ရိုးရိုးဆန်

Image
ဒေါက်တာရှင့် အားဖြည့်ဆန် အကြောင်းလေး သိချင်တာပါ ကလေးတွေကို ဖြည့်စွက်စာ ကျွေးတဲ့အခါမှာ ခေတ်စားနေလို့ပါ သိချင်တာကတော့ ဒေါက်တာရယ် အားဖြည့်ဆန်ဆိုတာ လူတိုင်းစားနေတဲ့ဆန်နဲ့ ဘယ်လိုကွာတာလဲ။ လူတိုင်းစားတဲ့ ဆန်ကိုပဲ အားဖြည့်ထပ်ပေါင်းထပ်လုပ်ထားတာလားဆိုတာပါ Page မှာ တင်ပေးပါလား ဒေါက်တာ ရေးပြီးသားရှိရင်လည်း link လေးပေးပါ ကျေးဇူးတင်ပါတယ် ဒေါက်တာ။ လူမှန်သမျှ ဂျုံ သို့မဟုတ် ဆန် စားကြတယ်။ နှစ်သန်းပေါင်းများစွာကြာပြီ။ ခေတ်စားနေတယ်ဆိုတာ နှစ်ပေါင်း ဘယ်လောက်ကြာပြီ မသိပါ။ အဲတာမျိုးကို လူပေါင်းဘယ်နှစ်ယောက်စားသုံးနေသလဲ မသိပါ။ ဆေးသုတေသန မတွေ့ဖူးသေးပါ။ ကမာ္ဘပေါ်မှာ လူပေါင်း ၃့၅ သန်းကတော့ လူအများစုစားတဲ့ဆန်ကိုသာ စားကြတယ်။ ဆန်ကနေ တနေ့တာလိုအပ်ချက် ကယ်လိုရီစုစုပေါင်းရဲ့ ၄၂% ကျော်ရနေကြတယ်။ ၂၀၀၉ ခုနှစ်က စိုက်ပျိုးထုတ်လုပ်သမျှထဲက ဆန်ကို ၇၈%၊ ဂျုံကို ၆၄% နဲ့ ပြောင်းကနေ ၁၄% ကို စားသုံးခဲ့ကြတယ်။ ဆန်ကနေ အင်နာဂျီစုစုပေါင်းရဲ့ ၁၉% နဲ့ ပရိုတင်း ၁၃% ရကြတယ်။ မြန်မာပြည်လို မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ဆန်ကိုသာအားထားကြတယ်။ အာရှတိုက်မှာ ၉၀% စားသုံးကြတယ်။ သန်း ၅၀၀ ကျော်တယ်။ အာဖရိတိုက်နဲ့ တောင်အမေရိကတိုက်မှာလည်း ဆန်းစာသူများတယ်။

Costochondritis အရိုးနုရောင်ခြင်း

Image
ဆရာ တံတောင်ဆစ်အရွတ်ရောင်နေလို့ ဘာဆေးဝယ်သောက်ရမလဲဆိုတာ ကျေးဇူပြုပြိးလမ်းညွန်ပေးပါဆရာ ဆေးစစ်ချက်ပါ ရောဂါအမည်ကို ဆေးစာလုံးနဲ့ မသိပါ။ အရပ်ခေါ်တွေက မတိကျပါ။ ယေဘုယျ အရိုးနုရောင်ရင် တချို့ အလိုလို ပျောက်သွားနိုင်တယ်။ တချို့ ဆေးလိုမယ်။ Acetaminophen (Tylenol, others) သို့မဟုတ် ibuprofen (Advil, Motrin IB, others) သို့မဟုတ် naproxen sodium (Aleve, others) အနာသက်သာဆေးတခုခုလိုမယ်။ Topical pain relievers အနာသက်သာလိမ်းဆေးတခုခုလိုမယ်။ Heat or ice အပူတလှည့် အအေးတလှည့် ကပ်ပေးနိုင်တယ်။ Rest ဖြစ်တဲ့နေရာ အနားပေးရမယ်။ Costochondritis ခေါ် ရင်ညွန့်ရိုးနဲ့ နံရိုးဆက်တဲ့နေရာ အရိုးနုရောင်တာ များတယ်။ Tramadol (Ultram) လို ဘိန်းပါတဲ့ အနာသက်သာဆေးလိုနိုင်တယ်။ Antidepressants (amitriptyline) စိတ်ငြိမ်းဆေးလိုနိုင်တယ်။ Anti-seizure drugs (Gralise, Neurontin) အတက်သက်သာဆေး နာတာရှည်အတွက် လိုနိုင်တယ်။ ဒေါက်တာတင့်ဆွေ

Hospice care ဟော့စပင် ကဲယား

Image
အမေရိကန်သမတဟောင်း ဂျင်မီကာတာကို ဟော့စပင်ကဲယား အဆင့်နဲ့ ပြုစုကုသပေးနေပါတယ်။  Hospice care ဟော့စပင် ကဲယားဆိုတာ လူနာတဦးရဲ့ ဘဝတာတခုမှာ နောက်ဆုံးနေ့ရက်တွေအတွင်း သက်သာရာသက်သာကြောင်း၊ အကောင်းဆုံးပြုစု စောင့်ရှောက် ကုသပေးခြင်းဖြစ်ပါတယ်။  အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီကာတာဟာ melanoma မှည့်ကင်ဆာကနေ ဦးနှောက်နဲ့ အသည်းကို ပြန့်နေပါတယ်။ Hospice care ဟော့စပင်ကဲယားနဲ့  Palliative Care နည်းနည်းတော့ မတူပါ။ Hospice care ကို အဆိုးဆုံးအဆင့်လူနာတွေအတွက် ဆောင်ရွက်ပေးပါတယ်။ ဒေါက်တာတင့်ဆွေ

Vaseline နှင့် Neomycin လိမ်းဆေးများ

Image
မင်္ဂလာပါဆရာ Vaseline (pure petroleum jelly) က ဘာ‌အတွက်အဓိကသုံးတာလဲခင်ဗျ။ မျက်နှာမှာ တင်းတိတ်၊ ဝက်ခြံနဲ့ ခြေလက်တွေမှာအသားပတ်တာတွေအတွက်ရော လိမ်းလို့ရလားသိချင်လို့ပါခင်ဗျ။ Neomycin sulfate cream ကအရေပြားယားတာယံတာနဲ့ (ကန်တော့) ပေါင်ခြံ/ကြားမှာယားတာတွေအတွက်ရောသုံးလို့ရလားခင်ဗျ။ Vaseline Petroleum jelly ဗက်ဆလင်းခရင်မ်ကို အရေပြားကာကွယ်နဲ့ အရေပြားခြောက်သွေ့နေတာကို သက်သာစေဘို့သုံးတယ်။ အလှအပအဖြစ် နှုတ်ခမ်း တောက်ပြောင်နေစေအာင်လည်း လိမ်းနိုင်တယ်။ Neomycin နီယိုမိုင်စင်က ပိုးသေဆေးတမျိုးဖြစ်တယ်။ ပိုးဝင်နေတဲံ အနာ ဒဏ်ရာအတွက်သုံးတယ်။ တင်းတိတ်၊ ဝက်ခြံရောဂါစာတွေ ဘလော့မှာ ဖတ်နိုင်။ ဒေါက်တာတင့်ဆွေ

Hemoglobin E ဟီမိုဂလိုဗင် (အီး)

Image
၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက် (၃၃) နှစ်ရှိပါပြီ။ ကိုယ်ဝန် (၃၂) ပါတ် ၊ ပထမဆုံးကိုယ်ဝန်ပါဆရာ။ သွေးစစ်ချက် အဖြေတွေက (1) Hb E 24.1% (2) Hb A 75.9% (3) HGB 6.4 (4) Ferritin 3.10 တို့ဖြစ်ပါတယ်။ ဒီအဖြေတွေအတိုင်းဆိုရင် ကျွန်မရဲ့ကလေး အခု ဗိုက်ထဲရှိနေချိန်မှာ ဘာတွေချို့တဲ့နေနိုင် ပါသလဲဆရာ။ မွေးပြီးသွားရင်ကော မွေးရာပါအနေနဲ့ ဘာရောဂါတွေ ပါလာနိုင်ပါသလဲဆရာ။ ကိုယ်ဝန် (၃၂)ပါတ်ရောက်ရှိမှ ဆေးစစ်ပြီးသိရတာဖြစ်တာကြောင့် ကလေးမွေးတဲ့ အချိန်အထိ ဘယ်လိုနေထိုင်သင့်သလဲ ဆိုတာကိုပါ ညွှန်ကြားပေးပါဆရာရှင့်။ ဆရာကျမ်းမာပါစေ။ ၂။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်ဆောင် မိခင်ကို blood test လုပ်တဲ့အခါ ဆရာဝန်က Hb E trait positive ဖြစ်နေလို့ အမျိုးသားကိုပါ ဆေးစစ်ရမယ်လို့ပြောပါတယ်။ တကယ်လို့ အမျိုးကိုစစ်တဲ့အခါ Hb E trait က normal ဆို ရင်သွေးကို စစ်ဖို့မလိုဘူးလို့ပြောပါတယ်ဆရာ။ အဲဒါ ဘာကိုပြောတာလဲဆရာ။ ၃။ ဟေမိုဂလိုဗင်အီးအကြောင်း သိပါရစေဆရာ။ မိဘက သယ်ဆောင်သူ ဖြစ်နေရင် ကလေးတွေမှာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ဘယ်လို ကုသတားဆီး သက်သာအောင် လုပ်လို့ရနိုင်ပါသလဲ သိပါရစေ။ ၄။ ကျွန်တော်တို့ရဲ့ သားဦးရတနာကို ၁၅ ရက် ဇူလိုင့် မှာ မွေးဖွားပါတယ်။ ဒုတိယနေ့မှာ အသားဝါလ

Symptoms of Breast Cancer ရင်သားကင်ဆာ လက္ခဏာများ

Image
ရင်သားကင်ဆာရဲ့ အစ လက္ခဏာလေးများသိပါရစေရှင် ရင်သား နှင့်/သို့မဟုတ် ချိုင်းတွင် အကျိတ်အလုံး စမ်းမိခြင်း ရင်သားနေရာတခုခုမှာ ထူထဲလာခြင်း သို့မဟုတ် အလုံးဖြစ်လာခြင်း ရင်သားအရေပြား အနေရခက်လာခြင်း ရင်သားနို့သီးခေါင်းနေရာမှာ နီရဲလာခြင်း သို့မဟုတ် နဂိုလိုမဟုတ်ခြင်း နို့သီး အတွင်းသို့ ဝင်ခြင်း သို့မဟုတ် နာလာခြင်း နို့သီးခေါင်းမှ သွေး သို့မဟုတ် တခုခုထွက်လာခြင်း ရင်သားအရွယ်အစား ပုံပန်း ပြောင်းလာခြင်း ရင်သားတနေရာရာ နာလာခြင်း မှတ်ချက် -  တယောက်နဲ့တယောက် မတူတတ်ပါ။ အထက်ပါလက္ခဏာတခုခုတွေ့တိုင်းလည်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်မယ်။ သံသယရှိရင် ဆရာဝန်ပြပါ။ ကင်ဆာကို သိလိုသူ၊ စစ်လိုသူ၊ ကုသလိုသူတွေက ဆရာဝန်ကို မေးလေ့မရှိပါ။ မြန်မာပြည်တခုတည်းမှာသာ။ ကင်ဆာ ကာကွယ်နည်းနဲ့ ကုသနည်းတွေကို မသိလို၊ စားစရာကိုသာ မေးတာလည်း မြန်မာပြည်မှာသာ။  ဒေါက်တာတင့်ဆွေ

Cancer Question ကင်ဆာကို စောစောသိအောင် စစ်ပါလေ

Image
ကင်ကင်များခြေထောက်တေက ထုံနေတာဘာကြောင့်လဲဘာလုပ်ရမလဲသိရင်ပြောပေးပါလား B12 ဓါတ် လိုလို့လား ဒါပေမဲ့အဲ့ဒါက ကင်ဆာအားပေးတယ်လီု့လဲပြောကြတော့ဘာလုပ်သင့်လဲသိရင်ကျေးဇူးပြုပါ ဒီဟာလည်း ဆရာဝန်ကို မမေးပါ ကင်ကင်ဆိုသူတွေကို မေးတာ။ ဆရာဝန်ကိုမေးရင်လည်း အဖြေရခက်တယ်။ ဖြစ်တဲ့သူ ကလေး၊ လူကြီး၊ အသက်၊ ကျား၊ မ မသိ။ ကင်ဆာရှိ မရှိလည်း မသိ။ ရှိရင်လည်း ဘာကင်ဆာ မသိ။ ကုသနေ မနေလည်း မသိ။ Vitamin B complex ဗီတာမင် (ဘီ) အုပ်စု https://dr-tint-swe.blogspot.com/2021/05/vitamin-b-complex.html Stomach cancer and B12 ဗီတာမင် ဘီ-၁၂ နှင့် အစာအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2022/06/stomach-cancer-and-b12.html Vitamin B12 ဗီတာမင် ဘီ ၁၂ https://dr-tint-swe.blogspot.com/2021/06/vitamin-b12.html Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html ကင်ကင်များခြေထောက်လို့ ရေးတာကို ကင်းခြေများလို့ ဖတ်မိတယ်။ တွေ ကို တေ၊ ဖြစ် ကို ဖစ်လို့ ရေးသူတွေကို ကင်ဆာနေရာတွေမှာ အများဆုံး တွေ့ပါတယ်။ ကင်ဆာကို စောစောသိအောင် စစ်ပါလေ။ ဒေါက်တာတင့်ဆွေ

Armpit Question မမေးသည်ကို ဖြေခြင်း

Image
(ကန်တော့) ညီမမေးချင်တာလေးရှိလို့ပါရှင် ညီမအသက် ၁၅ နှစ်လောက်ကတည်းက ဂျိုင်းမှာအဆီပြင်ကြီးရှိပါတယ် အခုအသက် ၂၄ နှစ်ရှိပါပြီ အာ့အဆီပြင်ကြီးပျောက်မသွားပါဘူးရှင် ပြောချင်တာက အဆီလား တခြားရောဂါဖြစ်မှာကြောက်လို့ပါ ကင်ဆာလိုမျိုးပေါ့ ငယ်ငယ်ကတော့ဆေးခန်းသွားပြပါတယ် ဘာမှမဖြစ်ပါဘူးပဲပြောတယ် ညီမကသံသယအရမ်းများလို့ပါ ဖြစ်နိုင်ရင်ခွဲထုတ်ပြစ်ချင်ပါတယ် ရိုးရိုးဆေးခန်းပဲသွားပြရမှာလား ဒါမှမဟုတ်ဆေးရုံးကြီးတွေသွားရသလားသိချင်လို့ပါ နာလည်းမနာပါဘူးရှင် ဒီတိုင်းလည်းမမြင်ရပါဘူး ကိုင်ကြည့်မှသိသာတာပါ အကြံလေးပေးကြပါအူးရှင့် အမှားပါသွားရင်တောင်းပန်ပါတယ်ရှင့် ကင်ဆာကို သိလိုသူတွေ၊ သံသယရှိသူတွေနဲ့ ကုသလိုသူတွေက ဆရာဝန်ကို မမေးကြပါ။ ဆရာဝန်က လိုက်ရှာဖတ်ပြီး ဖြေတယ်။ ဆရာဝန်ဖြေတာကို မဖတ်လိုက ကျော်သွားပါလေ။ မေးခွန်းပါလူနာ (စာရေးမေးသူရဲ့ ညီမ) ကို မေးစရာနဲ့ စမ်းသပ်စရာ လိုတယ်။ အဲဒါတွေပြီးမှ စစ်ဆေးစရာ လိုကောင်း လိုပါမယ်။ ဖြစ်နိုင်ခြေ ၄ ခုရှိတယ်။ ၁။ လိုက်ပိုးမား ခေါ် အဆီအိတ်။ ၂။ လင့်ဖ် နုတ် ခေါ် တက်စေ့။ ၃။ နို့အပို ခေါ် တတိယနို့။ ရာသီဖြစ်စဉ်၊ ကိုယ်ဝန်နဲ့ ကလေးချိုတိုက်ချိန်တွေမှာ ရင်သားအစစ်တွေလို အဲဒီအရာကလဲ လိုက်ပြောင်းလိမ့်မယ်။ ၄။ ကင်ဆ

VOA စစ်အစိုးရ လက်အောက်က ဆေးပညာကဏ္ဍ

Image
https://burmese.voanews.com/a/science-field-under-myanmar-military/6959319.html မြန်မာနိုင်ငံမှာ တတိယအကြိမ် စစ်တပ်အာဏာသိမ်းခဲ့တာဟာ ဆေးဘက်ဆိုင်ရာ ကုသကာကွယ်ရေး မှာသာမက ဆေးသုတေသနနဲ့ ပညာပေးတာ အထိ ဆေးပညာကဏ္ဍအတွက် ကြီးမားတဲ့ဆုတ်ယုတ်မှု ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဆေးပညာရှင် ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။ ဒေါက်တာတင့်ဆွေ

Cancer Hospital ကင်ဆာဆေးရုံ

Image
၁။ သားအိမ်မှာ အသားလုံးရှိပြီး ရာသီက တစ်လ(တစ်လ)ထဲ နှစ်ခါလာသလိုမျိုး ဖြစ်နေပါတယ်။ အဖြူလည်း ဆင်းပြီး နည်းနည်းကိုက်သလိုဖြစ်နေပါတယ်ရှင့်။အဲ့ဒါကင်ဆာဖြစ်မှာစိုးလို့ ဘာစစ်ကြည့်သင့်လဲရှင်။ ၂။ သားဥအိမ်ကင်ဆာ အဆင့် ၃ C အဆုတ်ထဲမှာရေတွေ့လို့ ကီမိုဆေး၃ခါသွင်းပီး(ပြီး) မှ CT ရိုက်မှ အဖြေသိရမယ် ပြောပါတယ် အဲ့တာ အဆုတ်ထဲကအရည်တွေက ကင်ဆာဆဲလ် ဖြစ်နိုင်ခြေရှိလား သိတဲ့သူရှိရင်ပြောပြကြပါဦးး ဘာလုပ်ရမလဲ အကောင်းဆုံးဖြစ်အောင် ၃။ ခုရက်ထဲ နေ့တိုင်းလိုလို ခေါင်းမထူနိုင်အောင်ကိုက်ပါတယ် ဆံပင်တွေလဲအရမ်းကျွတ်ပါတယ် ညဘက်တွေလဲ အိပ်မရပါဘူး မျက်လုံးကလည်းမျက်မှန်တပ်ထားတာတောင် သေချာမမြင်ရဘူး သွေးဖြူဥနည်းတဲ့ရောဂါတော့ ရှိပါတယ် brain cancer ဖြစ်နေမှာဆိုးလို့ပါ(စိုးလို့ပါ) ဖြစ်ဖူးတဲ့သူတွေ ပြောပေးကြပါအုံးနော် cancer မျိုးရိုးတော့ မရှိပါဘူး  ၄။ ရင်သားကင်ဆာ သံသယပါ ဆေးမပြတာ ၈လလောက် တော့ရှိပါပြီ ခု ရင်သားနဲ့ နို့သီးခေါင်းထိပ်တွေက ယားလို့ပါ ကုတ်လည်းအရမ်းမကုတ်ရဲလို့ပါ တစ်ခါတစ်ရံ(တခါတရံ) နို့သီးခေါင်းထိပ်က ရှုံတွပြီ ကြမ်းပါတယ်ရှင် ဒီရက် ဆ ီတို့ဘူးနဲ့ ဆိတ်သားလည်း စားမိပါတယ် ဖေ့စ်ဘွတ်သည် မြန်မာပြည်မှာ ကင်ဆာဆေးရုံအဖြစ် ပြောင်းလာပြီ။ ကင်ဆာဆေး

Azithromycin အဇစ်သရိုမိုင်စင်

Image
မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၃၁ နှစ်ပါ။ ကျွန်မမျက်နှာမှာ ဝက်ခြံဖုတွေများလာလို့ အရေပြားဆေးခန်းက ဒီပိုးသတ်ဆေး ၆ လုံးသောက်ဖို့ပေးလိုက်ပါတယ်ဆရာ။ မကြာခင်ကိုယ်ဝန်ဆောင်မှာမလို့ ဒီဆေးသောက်ရမှာ ကြောက်လို့ပါ။ ခဏခဏမေးခွန်းမေးလို့စိတ်မရှိပါနဲ့ဆရာ။ ကျွန်မနယ်မှာတာဝန်ကျနေလို့ ရန်ကုန်မှာလိုအဆင်မပြေလို့ပါ။ Azithromycin ဆေးကို FDA ကနေ B အဆင့်သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးက ဘေးထွက်ဆိုးကျိုးထက်ပိုရင် သောက်နိုင်တယ်။ ကလေးအတွက်စိုးရိမ်ရန်မရှိပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ azithromycin က erythromycin ထက်ပိုစိတ်ချရတယ်။ ကလေးနို့တိုက်ရင် နို့ထဲမှာ ဆေးပါတယ်။ သတိထားသင့်တယ်။ အဇစ်သရိုမိုင်စင်ဆိုတာ ပဋိဇီဝဆေးဖြစ်တယ်။ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ လိင်ကတဆင့် ကူးစက်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊ • ရက်တို နားအလယ်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ Chla

Sleepwalking

Image
အသက် ၂နှစ် ၁ဝလ ယောက်ျားလေး(ယောက်ျားလေး) ပါရှင့် သားလေးကအခုရက်ပိုင်းအတွင် ည ၁၂ နောက်ပိုင်း အိပ်နေရာမှ အပြင်သွားမယ်ဆိုပြီးကြုံးရုန်းထပါတယ် မျက်လုံးကမဖွင့်ပါဘူး ဟိုတရက်ကလဲသူ့ပါပါးက Night duty မို့အိမ်မှာမရှိပါဘူး ညရောက်တော့ပါပါးလာလာဆိုပြီးမျက်လုံးမဖွင့်ပဲအခန်းထဲကထွက်သွားပါတယ်ရှင့် အရင်ကအိပ်ပြီဆိုအခုလိုမဖြစ်တတ်ပါဘူး ဒီအရွယ်ကလေးတွေက ဒီလိုပဲဖြစ်တတ်လားသိချင်ပါတယ်ရှင် ဆရာဝန်ပြစရာရောလိုလားသိချင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် ဘာသာမပြန်အားသေးပါ။ ဆောရီး။ ကလေးဆရာဝန် ပြနိုင်။ Sleepwalking — also known as somnambulism — involves getting up and walking around while in a state of sleep. More common in children than adults, sleepwalking is usually outgrown by the teen years. Isolated incidents of sleepwalking often don't signal any serious problems or require treatment. However, recurrent sleepwalking may suggest an underlying sleep disorder. Sleepwalking in adults has a higher chance of being confused with or coexisting with other sleep disorders as well as medical conditions. If anyone in your hous

Screening ဆန်ကာ ဆန်ခါ ဇကာ

Image
Nominate က ဆန်ကာတင်လား၊ ဆန်ခါတင်လား၊ ဇကာတင်လား ဆရာ။ မယ်ရွေးပွဲအရေးအသားကို မေးတာ။ ဆေးပညာအသုံးနဲ့ ဖြေပါမယ်။ Nominate ဆိုတာ အမည်သတ်မှတ်တာ။ အမည်ပါသူကို ရွေးတာ။  ဆန်ကာ၊ ဆန်ခါ၊ ဇကာလို့လည်း အရင်ကတည်းက ရေးတယ်။ Screening ဆိုတာကသာ ဆန်ကာတင်ရွေးတာ။ လူအများစုထဲမှာ ရောဂါပိုးရှိမရှိ ပဌမဆုံးစမ်းသပ်နည်းကို Screening test လို့ ခေါ်တယ်။  တခြားအကြောင်းတွေနဲ့ လူရွေးချယ်ရာမှာလည်း အဲတာပဲ။ တဦးကိုရွေးလိုက်တော့မှာ နော်မီနိတ် လုပ်တယ်လို့ ခေါ်တယ်။  နောက်ဆုံးအဆင့် မရောက်မီ ပဏာမရွေးတာကိုလည်း ခေါ်တယ်။ မယ်ရွေးပွဲတွေမှာ လူအများကြီးထဲက ၂၀၊ ၁၀၊ ၅ ယောက် အဆင့်ဆင့် ရွေးတယ်။ ကင်ဆာဖြစ်နိုင်ခြေများသူတွေကို ဆခရင်နင်တက်စ် လုပ်ရတယ်။ ကင်ဆာအမျိုးအစားအလိုက် လူရွေးစစ်ဆေးတာ မတူပါ။ Recommendations for the Early Detection of Breast Cancer အမေရိကန် ကင်ဆာဆိုဆိုင်ယာတီရဲ့ ရင်သားကင်ဆာ ဆန်ခါတင်စစ်ဆေးနည်း လမ်းညွှန် https://dr-tint-swe.blogspot.com/2022/10/recommendations-for-early-detection-of.html Colonoscopy အူမကြီးစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2022/05/colonoscopy.html ဒေါက်တာတင့်ဆွေ ၁၅-၂-၂၀၂၀

Cough ချောင်းဆိုးနေတယ်

Image
- မဂ်လာပါ ဆရာ ကျတော်အသက် ၃၅နှစ်ပါ  ကိုဗစ် 19 ဖြစ်ဖူးပါတယ် ညဘက် ၇နာရီလောက်ဆို ချောင်းခြောက်ဆိုးဆိုးနေပါတယ် ဘာဆေးသောက်သင့်ပါသလဲဆရာ။ ဘက်တီးရီးယားကြောင့်ဖြစ်တာအတွက် Amoxacillin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။ - ဆရာရှင့် အသက်က ၇၀နှစ်ပါ မိန်းမပါရှင့်။ ငယ်ငယ်တုန်းကတော့ဆေးလိပ်သောက်ခဲ့ပါတယ် အခုတော့မသောက်တော့ပါဘူးရှင့်။ ချောင်းဆိုးတာနှစ်ကြာနေပါပြီရှင့်။ ဆရာဝန်ပြတာလည်း ဆေးပေးရုံကလွှဲရင်ဘာမှမပြော ဘာမှမစစ်ခိုင်းလို့ ဆေးစစ်ကြည့်ချင်ပါတယ်ရှင့်။ ဆေးစစ်ရင် သွေးစစ်ရမှာလား၊ သလိပ်စစ်ရမှာလား၊ သလိပ်မထွက်ရင်ရော တံတွေးကိုစစ်လို့ရပါသလားရှင့်။ 1. Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/01/chest-infection.html  2. Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html 3. Cough ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် https://dr-tint-swe.blogspot.com/2022/02/cough.html 4. COVID-19 and Lungs ကိုဗစ် နှင့် အဆုတ် https://dr-tint-swe.blogspot.com/2021/07/covid-19-and-lungs.html 5. COVID-19 Coughing ကိုဗစ် ချောင်းဆိုးခြင်း https://dr-tint-swe.blog

Filgrastim Injection Meropenem Injection

Image
ဆရာ ဒါလေးက ဘာအတွက်ထိုးတဲ့ဆေးလဲမသိဘူးနော် Filgrastim Injection ထိုးဆေးသည် ကင်ဆာလူနာများအား သွေးဖြူဥနည်းနေရင် ထိုးပေးတဲ့ဆေး ဖြစ်တယ်။ Meropenem Injection ထိုးဆေးသည် ဘက်တီးရီးယားပိုးဝင်သူတွေကို ထိုးပေးတဲ့ဆေး ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

Mortuary ရင်ခွဲရုံ

Image
(ကန်တော့) "မော်ကျူရီဆာဂျင်" အဲဒီခေါင်းစဉ်နဲ့စာ ကျွန်တော်ရေးတာ မဟုတ်ပါ။ အချက်အလက်သာမက သတ်ပုံကိုလည်း မှန်အောင် ရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။ မော်ကျူရီ ဆိုတာ ရင်ခွဲရုံ။ Morgue လို့လည်း ရေးပါတယ်။ ဆာဂျင် ဆိုတာ ခွဲစိတ်ဆရာဝန်။ ဒီခေတ်မှာ  ဆေးစာလုံးတွေကို ဆရာဝန်တွေထက် ဖေ့စ်ဘွတ်သုံးသူတွေက ပိုသိကြတယ်။ ဆေးစာလုံး အင်္ဂလိပ်စာလုံးတွေကို ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူ ရေးနေကြတယ်။ လူတကာ သိတာလို့ထင်လေသလား မပြောတတ်ပါ။ ကျွန်တော်ကတော့ တချို့စာလုံးလေးတွေကို ဂူဂယ်လုပ်မှ သိတာ။ အဲ သူတို့တတွေက မြန်မာစာရေးတော့ သတ်ပုံတွေက မမှန်။ ရင်ခွဲရုံအကြောင်း ကျွန်တော့မှာလည်း ပြောစရာနည်းနည်း ရှိတယ်။  မုံရွာ အထက ၂ က မုံရွာဆေးရုံကြီးနဲ့ ကပ်နေတယ်။ ၆ တန်းနဲ့ ၇ တန်းအခန်းတွေကနေ ဆေးရုံကြီးထဲက ရင်ခွဲရုံကို အတိုင်းသား မြင်ရတယ်။ မကြည့်ချင် မကြည့်ရဲ့လည်း နှာခေါင်းက သိတယ်။  အဲလိုနောက်ခံကနေလာတဲ့ မောင်ကျောင်းသားဟာ ရင်ခွဲရုံအစစ်ကို မန္တလေးဆေးရုံကြီးရောက်မှသာ ကြုံခဲ့ရပါတယ်။ ဆရာဝန်ဖြစ်တော့ - မုံရွာဆေးရုံမှာ စပြီး တာဝန်ကျတော့ ၆ တန်းကျောင်းသားကနေ ဆရာဝန်ဖြစ်လာသူ အလှည့်ကျရင် ရင်ခွဲရုံထဲ ဝင်ခွဲရပြီ။ ရင်ခွဲရုံ မပြောနဲ့ ခွဲစိတ်ခန်းမရှိတဲ့ မြ

Premature labor ကလေးစောမွေးခြင်း

Image
ဆရာရှင့် ကျွန်မ အသက် ၃၃ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၃၁ပတ်ရှိလို့ ဗိုက်အပ်ထားတဲ့ အိုဂျီကပြောပါတယ်ရှင့်။ နောက်ဆုံး ရာသီလာရက်က ၃-၁-၂၀၁၇ ပါ။ မွေးရက်က အယ်လ်ထွာဆောင်းက ယခု ၃၀ ပတ်မှာ ရိုက်တာ ၁၂-၁၀-၂၀၁၇ လို့သတ်မှတ်ထားပါတယ်။ ကျွန်မရဲ့ကိုယ်ဝန်က ကလေးက အစောပိုင်းကတည်းက အောက်ရောက်တယ်လို့ ဆရာဝန်ကပြောပါတယ်။ စလှှုပ်ကတည်းကလဲ ချက်အောက်ပိုင်းနဲ့ ခုဆိုရင် ပေါင်နှစ်ခုကြားမှာ အရမ်းလှှုပ်လွန်းလို့ နာကျင်ရတယ်။ ပေါင်လဲခဏခဏတန်းပါတယ်။ အာလ်ထွာဆောင်းရိုက်တော့လဲ မိန်းခလေး ပြီးတော့ တင်ပါးဆုံ Breech လို့ပြောပါတယ်။ ကျွန်မက ပထမကလေးတုန်းက ရိုးရိုးမွေးပေမဲ့ မမွေးနိုင်လို့ ခွဲမွေးခဲ့ရပါတယ်။ ဒါကြောင့် ဒီတခါလဲခွဲမွေးရမယ်ပြောပါတယ်။ သိချင်တာက ကျွန်မစောမွေးနိုင်လာဆရာ။ စောမွေးမှာ စိတ်ပူလို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာကျန်းမာပါစေ။ ကိုယ်ဝန်ဆိုတာ ဆန်းတယ်။ မှန်းကြိုပြောလို့ မရတာတွေလည်းရှိတယ်။ အနည်းဆုံး ၃၇ ပတ်ရှိရင် ကလေးဖွံ့ဖြိုးမှု ပြည့်စုံပြီ။ ကိုယ်ဝန်ဆောင်တိုင်းကိုပြောပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ကိုယ့်မှာမဖြစ်တဲ့ မူမမှန်တာတွေကို နားမထောင်ရ၊ မမေးရ၊ မဖတ်ရလို့။ ဆရာရေးတာတွေလည်း ကိုယ်နဲ့မဆိုင်ရင် မဖတ်ပါနဲ့။ ၂။ မင်္ဂလာပါ ဆရာ။ တခုလောက် မေးချင်