Posts

Showing posts from June, 2023

မြန်မာ့ရိုးရာ စကားထာ

Image
တဆယ့်ခြောက်ပြည် စိုးစံသည်၊ မင်းမျိုး မဟုတ်ပါ၊ ရှေးကုသိုလ်ကံမကောင်း၍ ခေါင်းခြေလက်မပါ = ၁၆ ပြည်ဝင် တင်းတောင်း။ စပယ်ဖူးစ ဆီးယောင်းမ = (စပယ်ဖူးက ငုံ၊ ဆီးယောင်းမက မွှေ) = ငုံမွှေ = ငွေမှုံ။ ကျောက်စရစ်ခဲ စောင်ဖြူခြုံ = (ကျောက်စရစ်ခဲက မာ၊ စောင်ဖြူခြုံက လုံ) = မာလုံ = မုံလာ။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက် = ရေအိုး နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင် = ထရံပေါက်မှ ကျရောက်သည့် နေပြောက် ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်း = ကျောက်ပျဉ်။ မှတ်ချက် - ပဥ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူတာ သတိပြုမိပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။ ၇။ နတ်သမီးအိမ်တိုင် ပိုးမဖေါက်နိုင်၊ ဖောက်ပြန်သော်လည်း တပေါက်တည်း = အဝတ်ချုပ်အပ် ၈။ ငယ်ခါ တဘက်ဝတ်၊ ကြီးခါ တဘက်ချွတ် = ထန်းပင် ၉။ သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း = ခေါင်းခုအဝတ် ၁၀။ ငါ့နွားတကောင် ဘို့တထောင် = ကြက်ဟင်းခါးသီး ၁၁။ တနှစ် တခါ ပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း = မှို ၁၂။ တံတိုင်းသုံးထပ် ကာရံပတ် ဘယ်

Povidone-Iodine ပိုးသန့်ဆေး

Image
ဆရာခင်ဗျာ အဲဒီဆေးရည်ရဲ့ အာနိသင်ကို သိချင်လို့ပါဆရာ အရပ်ခေါ်ဆေးအမည်ကတော့ ဆေးဝါရည်လို့ ခေါ်ကြပါတယ်ခင်ဗျာ Betadine, Povidone iodine 9-12% အနာ ဒဏ်ရာ ကလေးချက်ကြိုးတွေအတွက် ပိုးမဝင်အောင် ထည့်ရတဲ့ဆေးဖြစ်တယ်။ ပိုးသန့်ဆေးတွေ အဆင့် (၁) Dettol (ဒက်တောလ်) က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံးဖြစ်တယ်။ Chloroxylenol ပါတယ်။ အဆင့် (၂) Alcohol အရက်၊ Ethanol အရက်ပြန်၊ Isopropanol (70% Ethanol) ကို ဆေးရုံ-ဆေးခန်းသုံးခေါ်တယ်။ ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို ပိုးသန့် ပေးတယ်။ အနာထဲ သွားမထည့်ရပါ။ သက်မဲ့ မျက်နှာပြင်တွေအတွက် မသုံးရပါ။ HIV ပို၊ ဘီပိုး၊ စီပိုးတွေအတွက် ပိုပြင်းတဲ့ (80% Ethanol + 5% Isopropanol) ကို သုံးရတယ်။ မှို၊ အခွံပါ (ဗက်တီးရီးယား) နဲ့ အသည်းရောင် (အေ) ပိုးတွေအတွက် အရက်ပြန်က အသုံးမကျပါ။ အဆင့် (၃) အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။ ဆေးရုံ-ဆေးခန်းတွေမှာတော့ Iodine ကို Alcohol နဲ့ရောပြီး၊ 2% ကို သုံးရတယ်။ ဒိထက် ပြင်းရင် လောင်စေတတ်တယ်။ အရက်ပြန်လို အနာထဲမထည့်ရဘူး။ အနာဘေးက အရေပြားကိုသာ သန့်ပေးဘို့ သုံးရတယ်။ Tincture of Iodine (2-7% Sodium iodide or Potassium iodide)

ရွှေအကြောင်း ဖယောင်းသက်သေ

Image
ရွှေအကြောင်း ဖယောင်းသက်သေ စကားပုံ ရဲ့ အဓိပ္ပါယ်  သိချင်ပါတယ် ဆရာ ခင်ဗျား (၁) ပုံပါစာ။ ကူးမရေးအားသေးပါ။ (၂) ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ် ရွှေကို မှတ်တိုက်၍ မှတ်ကို ဖယောင်းလုံးဖြင့် လှိမ့်ကြည့်ခြင်းဖြင့် ရွှေကောင်း မကောင်းကို သိနိုင်သကဲသို့ လူ၏ အကျင့်စရိုက် ကောင်း မကောင်းကို ပေါင်းကြည့်ခြင်းဖြင့် သိနိုင်သည်။[၁] (၃) အခြားသောသတ္တုတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ရွှေဟာပိုပြီးပျော့ပါတယ်။ ရွှေက အပူနဲ့လျှပ်ကူးသတ္တိ အများဆုံးရှိပြီး နန်းကြိုးဆွဲဖို့ လွယ်ကူတဲ့ သတ္တုလည်းဖြစ်ပါတယ်။ ရွှေရဲ့ ပျော့ပျောင်းမှုကိုလိုအပ်သလို ပုံသွင်းခြင်းက ပျော့ပျောင်းတဲ့ပျားဖယောင်းကို ပုံသွင်းခြင်းနဲ့ နှိုင်းယှဥ်တတ်ကြတယ်။ သန့်စင်တဲ့အခေါက်ရွှေ (မီးလင်းရွှေ) မှတ်ကျောက်တိုက်ပြီး အဲ့ဒီနေရာမှ ပျားဖယောင်း လုံးလေးကို လှိမ့်ပြီးကြည့်တဲ့အခါ သန့်စင်တဲ့ရွှေရဲ့ အဝါရောင်ကို ထင်ထင်ရှားရှားတွေ့ရပြီး မသန့်စင်တဲ့ ရွှေဆိုရင်တော့ ကွဲပြားတဲ့အရောင်ကို တွေ့ရမှာပါ။  ယခင်အချိန်တည်းက ဒီလိုမျိုး ပျားဖယောင်းကို အသုံးပြုပြီး ရွှေရဲ့အရည်အသွေ

Optic neuritis မျက်စိအာရုံကြောရောင်ခြင်း

Image
ဆရာရှင့် အသိညီမတယောက်မှာ Optic Neuritis ဖြစ်တယ်ဆိုပြီး MRI ဦးခေါင်းကို ရိုက်ရတယ်ရှင့်။ Optic Neuritis ဆိုတာ ဘယ်လိုရောဂါဝေဒနာမျိုးပါလဲရှင်။ ဘယ်လိုကုသလျင် ရောဂါဝေဒနာ သက်သာပါမလဲရှင်။ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူတဦးဖြစ်ပါသဖြင့် ရှောင်ကြဉ်ရမည်များနှင့် ပြုမူနေထိုင်ရန် လိုအပ်သည်များအား ကျေးဇူးပြု၍ လမ်းညွှန်ပြပေးပါရှင့်။ Optic neuritis ဆိုတာ မျက်စိအာရုံကြောရောင်ခြင်း ဖြစ်တယ်။ မျက်စိအကြည့်မကောင်းဖြစ်မယ်။ multiple sclerosis, cytomegalovirus, Lyme disease and herpes ရောဂါ တခုခုနဲ့ ဆက်စပ်နေတတ်တယ်။ သူ့အလိုလို တိုးတက်သက်သာလာလေ့ရှိတယ်။ ဥပမာ ၆ လ။ steroid medications တချို့ကို ရောင်တာသက်သာအောင် ဆေးပေးတယ်။ ဆေးရဲ့ ဘေးထွက် သက်ရောက်မှုကိုလည်း သတိထားရတယ်။ ဆေးကို သွေးပြန်ကြောကနေ ပေးလေ့ရှိတယ်။ ဆိုးတဲ့လူနာတွေကို plasma exchange therapy ကုသနည်း လုပ်ပေးနိုင်တယ်။  မေးခွန်းရေးသူ ညီမတယောက်၊ တဦး စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ

Surgical Scar ခွဲစိတ်ဒဏ်ရာ

Image
ရင်သားအကျိတ် ခွဲချင်လို့ပါ တခါမှမခွဲဖူးတော့ ဘယ်မှခွဲရမှန်းမသိလို့ ချုပ်ရိုး​​သေသပ်ပြီး အဆင်ပြေမယ့်ဆရာဝန် ညွှန်ပေးပါအုံး(ဦး)ရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့တာ။ ဆရာဝန်၊ ဆေးခန်း ဆေးရုံတွေတော့ မသိပါ။ သိတဲ့သူတွေက ပြောကြစေချင်တယ်။ ကင်ဆာနေရာ နှစ်ခုနဲ့ ကင်ဆာမေးခွန်းတွေမှာ စာရေးတာ မမှန်ဆုံးဖြစ်ကြောင်း ထောက်ပြပါတယ်။ အခုမေးခွန်းက တခါမှ ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ လူနာရဲ့ ကျား-မ၊ အသက်နဲ့ အလုပ်အကိုင်အရ ခွဲစိတ်ရာမှာ ပိုပြီး သတိထားရတာ အမှန်ဖြစ်တယ်။ ဖြစ်တဲ့နေရာက မျက်နှာဆို ပိုသတိထားရတယ်။ အပျိုရွယ်မိန်းလေးတွေ ရင်သားချုပ်ရိုးအမာရွတ်အတွက် ပိုပြီး သတိထားပေးရတယ်။ မော်ဒယ်တွေလည်း အတူတူဘဲ။  ပလပ်စတစ်ခွဲစိတ်ပညာလို့ ခေါ်တယ်။ တချို့တိုင်းပြည်တွေမှာ အမာရွတ်ထင်ကျန်နိုင်တဲ့ ကာကွယ်ဆေးကိုတောင် နေရာရွေးထိုးတာမျိုး ရှိတယ်။ အမာရွတ်ကို ပြင်ပေးလို့ရတာမျိုးလည်း ရှိတယ်။ မရတာလည်း ရှိတယ်။ ကီးလွိုက် လို့ ခေါ်တာမျိုးကတော့ မရပါ။ ဒေါက်တာတင့်ဆွေ

Dictator သြဇာအာဏာမရှိသော ဆရာဝန်

Image
ကင်ဆာလူနာများအတွက် အစားအသောက်များ စာအုပ်တော့ အလွန်ရောင်းရလိမ့်မည်။ သို့သော် အစားအသောက်ကောင်းများ ရောင်းရလိမ့်မည်မဟုတ်။ တွဲပြီးစားသုံးရန်မသင့်သည့် အစားအစာများ စာအုပ်တော့ အလွန်ရောင်းရလိမ့်မည်။ သို့သော် အစားအသောက်ကောင်းများ ရောင်းရလိမ့်မည်မဟုတ်။ ကျွန်တော်တင်ပြနေတဲ့ အာဟာရနှင့် အစားအသောက်များစာ ဖတ်တဲ့သူနည်းသည်။ အစားအသောက်ကောင်းများလည်း ရောင်းရလိမ့်မည်မဟုတ်။  ဖြည့်စွက်စာ အားမပေးပါစာ။ ဖတ်တဲ့သူနည်းပြီး ဖြည့်စွက်စာတွေကိုကား ဝယ်ယူအားပေးသူများမည်။ အဘယ့်ကြောင့်ဆိုသော် အထက်ပါစာအုပ်များကြောင့်ဖြစ်၏။ ကျွန်တော် အခမဲ့တင်ပြနေတဲ့ မြန်မာစာ ဝယ်ယူအားပေးသူ နည်း၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်မှာ သြဇာအာဏာမရှိ။ ထို့ကြောင့် အာဏာရှင်တွေ ကြီးစိုးနေ၏။ ဒေါက်တာတင့်ဆွေ

မကျန်းမာသော ပျက်စီးနေသော မမှန်ကန်သော မေးခွန်း

Image
ကျမသူငယ်ချင်ရယ်ယောက်ကျပါရှင်းပါစပ်မှာနာဖြစ်နေလိုပါရှင်းဆေခန်ပြတာသွေစစ်ကတယ်လိုပြောတယ်သွေစစ်တာဖြေကရပြီသူယောက်ကျကခရီထွက်နေတော့ဖြေမသိကဘူဖြစ်နေလိုပါရှင်သိကြာတဲ့သူရှိရင်ဖြေပေကြာပါဆရာဝန်နက်မတွေကတော့စိတ်ပူလိုပါစိုရိမ်စရာရှိလာဆိုတာပြောပေကြာပါရှင် မေးတာ ရေးတာကို နားမလည်။ ကျွန်တော့ကို မေးတာ မဟုတ်ပါ။ ကျွန်တော့ကို မေးတာဆိုရင် နားမလည်တာကို ပြန်မေးပါမယ်။ ဖတ်လို့ရသလောက် HIV မရှိပါ။ ဖြစ်တဲ့သူဟာ မေးတဲ့သူရဲ့ သူငယ်ချင်းလား၊ သူငယ်ချင်းနဲ့ သူ့ယောက်ျားလား၊ အနာဖြစ်တာပါလား။ ဆရာဝန်နက်ဆိုတာ အသားမည်းတဲ့ဆရာဝန်လား။ သွေးစစ်တာလား။ ကခုန်တာလား။ မသိရတာလား။ ကခုန်တာလား။ သွေးစစ်သွားရင် ကသတဲ့။ ဝါသနာအတော်ကြီးပုံရတယ်။ ပန်တျာကျောင်းဆင်းလား မသိ။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂၀၂၁

ဖြတ် ညှပ် ကပ်

Image
အရပ်ထင် အရပ်တွေး ဘာနဲ့ဘာ တွဲစားရင် သေမယ်ဆိုတာတွေမှာ သုတေသနမရှိပါ။ အများအားဖြင့် မမှန်ပါ။ မှားပြီးထင်မှတ်နေကြတာတွေကို အခွင့်သင့်တိုင်း တင်ပြပါတယ်။ ကျွန်တော့အမည်နဲ့ တွဲတင်ထားတာတွေကိုလည်း စာကို အစအဆုံးဖတ်ကြစေလိုပါတယ်။ ဈေးသည်နဲ့ ရန်ဖြစ်ထားသူတွေက အဲလိုလုပ်ကြလေ့ရှိတယ်။ မဟုတ်မမှန်တဲ့ ဖြည့်စွက်စာဆိုတာတွေကိုတော့ အဟုတ်ကြီးလုပ်နေကြတယ်။ ဒေါက်တာတင့်ဆွေ

Guidance on Antibiotic Choice for Patients with Penicillin Hypersensitivity ပနယ်စလင်ဆေးတွေနဲ့ မတည့်သူများအတွက် တခြားဆေးများ

ဆရာ ပင်နစလင် နဲ့မတည့်ဘူးဆရာ ကျွန်တော်နဲအစဉ်ပြေ(အဆင်ပြေ)မဲ့ ဆေးကို ညွှန်ပြပေးပါဆရာ ပနယ်စလင်ဆေးတွေနဲ့ မတည့်သူများအတွက် တခြားဆေးများ 1. Tetracyclines (doxycycline),  2. quinolones (ciprofloxacin),  3. macrolides (clarithromycin),  4. aminoglycosides (gentamicin) and  5. glycopeptides (vancomycin) Urinary Tract Infections ဆီးလမ်းပိုးဝင်ခြင်းအတွက်ဆေးများ 1. Female Lower UTI Trimethoprim or nitrofurantoin 2. Female Upper UTI Co-trimoxazole + gentamicin 3. Male UTI Trimethoprim or ciprofloxacin Upper Respiratory Tract Infections အသက်ရှူလမ်းအထက်ပိုင်းပိုးဝင်ခြင်းအတွက်ဆေးများ 1. Sinusitis Doxycycline 2. Tonsillitis Erythromycin or clarithromycin 3. Otitis Media Erythromycin or clarithromycin Lower Respiratory Tract Infections အသက်ရှူလမ်းအောက်ပိုင်းပိုးဝင်ခြင်းအတွက်ဆေးများ 1. Community Acquired Pneumonia (non-severe) Doxycycline 2. Community Acquired Pneumonia (severe) IV Levofloxacin then oral doxycycline 3. Aspiration or Hospital Acquired Pneumonia (

အောင် နဲ့ အောင့်

Image
(ကန်တေ့ာ) ဆရာကန်တေ့ာပါ ကျွန်တော်ကပ်ပယ်အိတ်တဖက်က အပေါ်ကပ်ပြီး အောက်နေလို့ ပျောက်သွားလိုက်ဖြစ်လိုက်နဲ့ ကျွန်တော်အထိုင်များပါတယ်ဆရာ ဆေးကုသမှုခံယူရမှာလားဆရာ ပြန်မေးရလိမ့်တယ်။ အောင် နဲ့ အောင့် အတော်မတူပါ။ အောက်ဆိုတာ အောက်ကျနေတာ။ အပေါ် အထက်တို့နဲ့ ပြောင်းပြန်။ အောင့်တယ်ဆိုတာ နာခြင်းတမျိုး။ စာလုံး ၂ နဲ့ဆိုင်တဲ့ ရောဂါတွေကလည်း မတူပါ။ အူကျတာက ဗိုက်ထဲမှာနေရမဲ့ အူတွေက အောက်ကို ကျဆင်းလာတာ။ ကျားအစိအကြောရောင်ရင် နာမယ်။ အောင့်တယ်။ ကာလကြာချိန်လည်း မေးရမယ်။  အူကျတယ်ဆိုတာ ကြာမယ်။ နှစ်တွေများစွာအထိ ကြာနိုင်တယ်။ အကြော အစိရောင်တာက ရက်တိုသာဖြစ်တာ။ ဖြစ်တဲ့သူ အသက်လည်း မသိရပါ။ တချို့ရောဂါတွေအတွက် အသက်အပိုင်းအခြား လိုတယ်။ အဲဒါတွေကြောင့်  ၁။ မေးနည်းစည်းကမ်းကို အခါတရာလောက် တင်ပြထားပါတယ်။ ၂။ စာအရေးအသား၊ စာလုံးပေါင်းသတ်ပုံနဲ့ အသံထွက်အကြောင်းကိုလည်း အမုန်းခံပြီး ရေးနေရတာ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Weight-loss drugs ပိန်ဆေးသတင်း

Image
၂၆-၆-၂၀၂၃ နေ့သတင်း - စမ်းသပ်နေဆဲ ကိုယ်အလေးချိန်လျှော့ဆေး အလားအလာကောင်း GLP-1 agonists လို့ခေါ်တယ်။ စားချင်စိတ်ကို နှိမ်ပေးမဲ့ဟော်မုန်းဆေးနဲ့အလားတူတယ်။  လက်ရှိ အမေရိကန် FDA က ခွင့်ပြုချက်ပေးထားပြီး ကိုယ်အလေးချိန်လျှော့ဆေး ၆ မျိုး 1. Bupropion-naltrexone (Contrave) 2. Liraglutide (Saxenda) 3. Orlistat (Xenical, Alli) 4. Phentermine-topiramate (Qsymia) 5. Semaglutide (Wegovy) 6. Setmelanotide (Imcivree) ဒေါက်တာတင့်ဆွေ

Foods that Could Cause Cancer ကင်ဆာနဲ့ ဆက်စပ်နိုင်သော အစားအသောက်များ

Image
မြန်မာလို ရေးတင်နေကြတာတွေ့ အတော်များများ မှားတယ်။ ဒါပေမဲ့ ထပ်ဆင့်တင်နေကြတယ်။ ပုံကစာကို တွေ့နေတာ ၃-၄ ခါရှိပြီ။ မမှန်ပါ။ မှားတယ်။ အဲဒါကြောင့် အောက်ကရေးတာတွေကို ဖြတ်ထားလိုက်တယ်။ ဘယ်အကြောင်းအရာမဆို မမှန်တာဆို အဟုတ်မှတ်သူကလည်း များတယ်။ (၁) ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနတခုအရ ကင်ဆာနဲ့ ဆက်စပ်နိုင်တဲ့အစားအစာများ ၁။ Processed meat ပြုပြင်စီမံထားသောအသားအမျိုးမျိုး bacon, ham, lunch meats, meat jerky, hot dogs, salami, and other cured meat products. ၂။ Any amount of processed meat and more than around 18 ounces of fresh meat per week are most strongly linked with a higher risk of cancer. ပြုပြင်စီမံထားသောအသားအမျိုးမျိုးနှင့် လတ်ဆတ်တဲ့အသားကို တပတ်မှာ ၁၈ အောင်စကျော်စားသုံးခြင်း။ အဲလိုစားသုံးသူတွေဟာ အဲလိုမစားသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်။ (၂) ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနတခုအရ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းခံများ 1. Cigarette Smoking and Secondhand Smoke Exposure စီးကရက်သောက်ခြင်းနှင့် တဆင့်ခံဆေးလိပ်ငွေရှူရခြင်း၊ 2. Exposure to Sun and Tanning Beds နေရောင်ခြည်များခြင်း၊ 3. Overweight and Obesit

ပဲကြော်

Image
အိမ်မှာ ကြော်နေတယ်။ ဒီအရပ်မှာက ညှော်နံ့အတွက် အိမ်ပြင်ထွက်ကြော်ရတယ်။ အပြင်မှာ မိုးတိမ်တဝက် နေတဝက်။ မနေ့က မြန်မာပြည်ကလာနေသူတွေ ဖွင့်ထားတဲ့ဆိုင်တခုမှာ မြန်မာပြည်ကအစားအစာတချို့ မရှိတော့ဘူးတဲ့။ ဈေးဝယ်ပြန်လာသူတယောက်က ပြောတယ်။ ‘အက်ဖ်ဒီအေ’ ကနေ တားသတဲ့။ ဆောရီး။ ဒီတိုင်းပြည်မှာ အဲလို ‘အက်ဖ်ဒီအေ’ ကတားမြစ်တာတွေအကြောင်း နှစ်ကြိမ် တင်ပြဘူးတယ်။ သန့်ရှင်းရေးအပြင် ‘ခဲဓါတ်’ နဲ့ ‘အာဆဲနစ်ဓါတ်’ ခွင့်ပြုချက်ထက် များရင် ရောင်းချခွင့် မပြုပါ။ တိုင်းရင်းဆေး တချို့နဲ့ သနပ်ခါးထုတ်ကုန်ပစ္စည်းတွေ။ အားလုံး မဟုတ်ပါ။ စစ်ဆေးလို့ သတ်မှတ်ချက်နဲ့ မညီတာတွေသာ။ ‘အက်ဖ်ဒီအေ’ ခွင့်ပြုချက်ဆိုတာ ဘာလဲ တင်ပြပြီးပြီ။ လူကို အန္တရာယ် မပြုရင် ခွင့်ပြုတယ်။ အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် ခွင့်ပြုတယ်။ သတိထားဘို့က ဒီအရာအား စားသုံးသော် ဒီရောဂါကို ပျောက်စေမယ်လို့ အာမခံတာ မဟုတ်ပါ။ အဲလိုအချက်က နောက်တမျိုး ရှိတယ်။ ခပ်လွယ်လွယ်ရေး၊ ခပ်ပေါ့ပေါ့ ပြောနေကြတာများတယ်။ ဖြဲခြောက်တာ လျှော့ပေါ့ရေးတာတွေကို ဘာမဆို အဟုတ်ထင်သူက ပိုများတယ်။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသုံးနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို

Image
(ကန်တော့) ၁။ ဆရာရှင့်  သမီးက အပျိုပါရှင့် အသက်က ၄၃ နှစ်ပါ။ ခုချိန်ထိ  အမျိုးသမီးမီယပ် ရောဂါနဲ့ ပတ်သက်ပီး(ပြီး) အမှား မဖြစ်ဘူးသေးပါရှင့် လစဥ် ပုံမှန် လည်ပတ်နေဆဲပါရှင့်။ သာအိမ်ခေါင်း  သားအိမ်ကင်ဆာ အမျိုးသမီး ရောဂါတွေ ဖစ်(ဖြစ်)နိုင်ချေ ရှိမရှိ သိချင်ပါတယ်ရှင့်။ အပျိုစင်တွေမှာကော အထက်ပါရောဂါတွေ  ဖြစ်နိုင်လားရှင့်။ ကျေးဇူးပါရှင့်။  အမှားပါရင် ခွင့်လွတ်ပါရှင့်။ ၂။ သားအိမ်ခေါင်းကင်ဆာက အသက် ၁၉-၂၀ မှာရော ဖြစ်တတ်လားရှင့် ညီမ ဆီးစပ်ကိုက်နေလို့ပါ ဆေးခန်းသွားထားတာ ဆေးကမကုန်သေးပေမဲ့ မသက်သာလို့ပါ လက္ခဏာကဘယ်လိုတွေဖြစ်တတ်လဲဟင် တယောက်ထဲကြောက်နေလို့ပါ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖတ်မိတော့ မနေတတ်လို့။ မေးခွန်းထဲက မိန်းကလေးမှာ အိမ်ထောင်ရေးရာဇဝင်လည်း မသိပါ။ ၃။ မင်္ဂလာပါဆရာ သားအိမ်ခေါင်းကင်ဆာက အိမ်ထောင်မရှိတဲ့အပျိုတွေရောဖြစ်နိုင်ပါသလားဆရာ။ ရောဂါလက္ခဏာရော ဘယ်လိုပြပါသလဲရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်။ ၄။ အပျိုအစစ်မှာ သာအိမ်ဝကင်ဆာဖြစ်နိုင်လားဆရာ။ ၅။ ကြားဖူးတာက အပျိုတွေမှာ မဖြစ်ဘူးဆိုတာ မှန်ပါသလားဆရာ။ ၆။ အိမ်ထောင်လည်းမရှိဘူး၊ လိင်ဆက်ဆံဖော်လည်းမရှိဘူး၊ မာစတာဘေးရှင်းလည်း မရှိဘူးဆိုရင် (၁) သ

Diagnosis ရောဂါရှာဖွေနည်းများ

Image
ကင်ဆာကို ဘယ်လိုစစ်ဆေးရသလဲစာ တင်လိုက်ပြီ။ စာထဲမှာ မထည့်အားသေးတဲ့ စစ်ဆေးနည်းတွေလည်း ရေးထားပြီးသား ရှိသေးတယ်။  တချို့ရောဂါတွေက စစ်ဆေးရတာ ခက်တယ်။ တချို့ရောဂါတွေက အင်မတန်လွယ်တယ်။ လူနာက ပြောပြတာ နားထောင်တာနဲ့ သိနိုင်တာလည်း ရှိတယ်။ လူနာကို သိလိုတာထပ်မေးရင် သိနိုင်တာလည်း ရှိတယ်။ မျက်စိနဲ့ကြည်တာနဲ့လည်း တချို့ကို သိတယ်။ လက်နဲ့ စမ်းတာနဲ့လည်း သိနိုင်တာတချို့ ရှိတယ်။  မေးခွန်းဖတ်တာနဲ့လည်း သိနိုင်တာ ရှိတယ်။ အွန်လိုင်းကနေသာ ဖြေရတာဖြစ်တော့ စာရေးတာကို အားကိုးရတယ်။ အဲဒါကြောင့် စာရေးမှန်အောင်ကိုပါ တင်ပြနေရတယ်။  သတ်ပုံမမှန်ပေမဲ့ ဆိုလိုချက်ကို သဘောပေါက်ရင်လည်း သိနိုင်တာတချို့ ရှိတယ်။ မေးခွန်းကို ပို့စ်မှာသုံးရင်တော့ စာရေးမှာတာတွေ အကုန်ပြင်ရတယ်။ ကိုယ့်အမည်နဲ့ သတ်ပုံအမှား တွဲမြင်ခံရမှာ အလွန်ရှက်တယ်။ တချို့က သူများရေးတာကို ယူလိုက်လို့ပါလို့ ပြန်ဖြေတယ်။ ရေးသူကလည်း မှားနေမှန်း မသိ။ ရှယ်သူကလည်း မှားနေမှန်း မသိတာတွေ အတော်များတယ်။  အဲဒီရောဂါမျိုးက ဖတ်တာနဲ့ သိတယ်။ ဓါတ်ခွဲခန်းပို့စစ်ရန် မလို။ ဘိုင်အော့်ပ်စီ မလို။ ထိုင်းနဲ့ နယူးဒေလီပို့ စစ်ရန်မလို။ ဖေ့စ်ဘွတ်ကစာကို ရိုးရိုးမျက်စိနဲ့ သိတယ်။ မေးခွန်းအစအဆုံး မှန်အောင်ရေး

As it is ရပါသည်

Image
shareလို့ ရပါသလား ဆရာ ရပါသည်။ ကျွန်တော် တင်ထားတဲ့စာတွေကို - ၁။ အခမဲ့နေရာတိုင်းကနေ ယူသုံးနိုင်တယ်။ ၂။ စာပါ စာလုံးပေါင်းသတ်ပုံတွေကို မှားအောင် မပြင်ရ။ ၃။ ပုံနဲ့တွဲတင်ရင် အများအမြင်မှာ တင့်တယ်သာသာ ဖြစ်ရမယ်။ ၄။ စာရေးသူအမည်မှာ အောက်ပါအတိုင်းသာ  - အပိုမပါ၊ မလိုစေရ၊  - ဆရာလေး ဆရာကြီးတွေ မပါရ။  - အမျိုးစပ်မခေါ်ရ။ ဒေါက်တာတင့်ဆွေ

Cancer ဆရာဝန်ကို မမေးလိုကြသော ကင်ဆာ မေးခွန်းများ

၁။ သားအိမ်ခေါင်းကင်ဆာ အဆင့်1b သားဥပြွန် နဲ့ သားအိမ်ထုတ်ထားတာ ၁၀ရက်ရှိနေပါပြီ။ သွေးပြန်ဆင်းနေလို့ og နဲ့ပြတာ ဆေး ၅ ရက်စာပေးလိုက်တယ်။ ဘာလို့ပြန်ဆင်းလဲသိချင်လို့ပါ ဖြေပေးပါနော်။ စိတ်အရမ်းပူနေလို့ ကျေးဇူးပါရှင်။ စမ်းသပ် ကုသပေးတဲ့ ဆရာဝန်ကသာ သိပါမယ်။ ဘေးလူတွေက အထင်နဲ့ ပြောကြတာ မမှန်နိုင်ပါ။ ၂။ တပင်တိုင်မြနန်းဆေးပေါင်းရည်တိုက်ပါ နိုး နိုး နိုး ၃။ လည်ပင်းမှာ အကျိတ်သေးသေးလေးတစ်ခုဖြစ်နေပါတယ်။ လည်ပင်းကင်ဆာလား ရိုးရိုးလည်ပြွန် ကျိတ်ရောင်တာလား ဘယ်လိုခွဲလဲ သိချင်ပါတယ်။အကျိတ်က အရွယ်အစား ဘယ်လောက်ဆိုရင် လည်ပင်းကင်ဆာ လို့ သတ်မှတ်လို့ ရပြီလဲလည်း သိချင်ပါတယ်။ စမ်းသပ် ကုသပေးတဲ့ ဆရာဝန်ကသာ သိပါမယ်။ ဘေးလူတွေက အထင်နဲ့ ပြောကြတာ မမှန်နိုင်ပါ။ ၄။ အမေက အဆင့် ၂ပါ ဆေးနှစ်ကြိမ်သွင်းပြီးပြီး ဆေးသွင်းပြီးကိုက်ခဲနေတာကိုသက်သာအောင်နည်းလမ်းရှိလားရှင့်  ငှက်သိုက် Ensure တို့သောက်လို့ရလားရှင့် ငှက်သိုက် ပိုက်ဆံပိုပါက သောက်လိုက သောက်နိုင်။ ဒေါက်တာတင့်ဆွေ

Medical Report ဆေးစစ်ချက်

Image
ညီမက သားဥအိမ်ကင်ဆာပါ ca 125 က 12.84 ပြထားတယ်  ဘယ်အဆင့်ဖြစ်နေပီလဲရှင့် ဆရာမကမပြောပြဘူး ဖြစ်နေတယ်ရှင့် thanks စာရွက်ထဲကအ‌ဖြေရော ဘာဖစ်တာလဲရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖေ့စ်ဘွတ်ပေါ်တာ ကြာတော့ သိသိသာသာသတိထားမိတာတွေ ရှိလာတယ်။ ၁။ နေမကောင်းရင် ဆရာဝန်ကို မမေးကြတော့။ ၂။ ရောဂါကြီးရင် ဆိုးရင် ဆရာဝန်ကို မမေးကြတော့။ ဥပမာ ကိုဗစ်နဲ့ ကင်ဆာ။ ၃။ ကင်ဆာစာမျက်နှာ ၂ ခုနဲ့ ကင်ဆာမေးခွန်းတွေမှာ တွေ့ရတဲ့ အမှားဆုံး စာလုံးပေါင်းတွေက ဖစ်၊ တေ၊ ပါပီ၊ မာ၊ ညမ၊ က စသည်။ ဆေးစစ်ချက် ၁။ ဆေးစစ်ချက်မှာ ရှေ့ဆုံးက လူနာရဲ့ဂဏန်း၊ အလယ်မှာ ပုံမှန်အနည်းဆုံးနဲ့ အများဆုံးဂဏန်းတွေ၊ နောက်ဆုံးက နည်းသည်-များသည် အဖြေ ဖြစ်ပါတယ်။ မေးခွန်ပါလူနာ LDH များနေတယ်။  Lactate dehydrogenase is an enzyme that is present in almost all body tissues. Conditions that can cause increased LDH in the blood may include liver disease, anemia, heart attack, bone fractures, muscle trauma, cancers, and infections such as encephalitis, meningitis, encephalitis, and HIV. ၂။ ဆေးစစ်ချက်တွေကို လူတကာမြင်သာရာမှာ တင်ရင် ကိုယ်ရေးအချက်အလက်တွေကို ဖုံးထားရမယ်။ မသမာသူတွေက မျ

Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း)

Image
(ကန်တော့) ၁။ ဆရာကလေးပေါင်ချိန်လေးကြည့်ပေးပါလားမတွက်တက်လို့ရှင့် နံပါတ် ၃ ကို ဖတ်ပါရန်။ မတွက်တတ်လို့ ရေးရတယ်။ ၂။ ဆရာရှင့် စာပြန်ပေးတာကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ်ဝန် ၁၈ ပတ်တုန်းက OG က အာထရာဆောင်း ရိုက်ခိုင်းပါတယ်။ breech အနေအထားနဲ့ normal လို့ပြောပါတယ်။ သမီးမိန်းကလေးလို့ပြောပါတယ်။ အခု ကိုယ်ဝန်က ၃၃ ပတ်ပါ။ due date က July ပထမပတ်ဆိုတော့ ကလေးအနေအထားမှန်မမှန်ကို ကျွန်မ အာထရာဆောင်း ထပ်ရိုက်ချင်ပါတယ်။ ထုံးစံအတိုင်း ဘာကိုစိုးရိမ်လို့စိုးရိမ်နေမိမှန်းလဲမသိပါဘူး။ ဒါပေမယ့် OG က အာထရာဆောင်း ခဏခဏမရိုက်ဘူးဆိုပြီး ပြောပါတယ်။ ကိုယ်ဝန်လေးလတုန်းကရိုက်ထားတာနဲ့လုံလောက်မလောက်သိချင်လို့ပါဆရာ။ ဆရာရှင့် ကျမကိုယ်ဝန် ၂၅ပါတ်ပါ။ ultrasound ရိုက်ကြည့်ပြီးပါပြီ။ ယောကျ်ားလေးလို့သိရပါတယ်။ Ultrasound မှာ BPD 64.5mm လို့ရေးထားပါတယ်။ နောက်ပြီး FL 44.0mm လို့ ရေးထားပါတယ်။ အဲဒါက ကလေးရဲ့အရွယ်အစားလား သိချင်ပါတယ်ရှင့်။ နောက်ပြီး ၂၅ပါတ်မှာကလေးရဲ့ normal size ဟာ ဘယ်လောက်လဲသိချင်ပါတယ်ရှင့်။ ကိုယ်ဝန်မှာ (အာလ်ထွာဆောင်း) ရိုက်စစ်ဆေးနည်းဟာ စိတ်ချရတယ်၊ အကုန်အကျမများဘူး၊ တိကျတယ်လို့ လက်ခံထားကြတာမို့ ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ အလွန်မတ

Liver အသည်း

Image
ဟုတ်ကဲ့ဆရာ အခုလက်ရှိကင်ဆာဆရာဝန်နဲ့ ကုသနေပါတယ်ဆရာ  အချိန်ကာလ အားဖြင့်  ၈လကျော် ရှိပါပြီ  ဆရာအနေဖြင့် အချိန်ပေးနိုင်မယ်ဆိုရင် လူနာ ရဲ့  SUMMARY REPORT ပို့ပေးချင်ပါတယ် အသည်းထိခိုက် ပျက်စီး နေတဲ့ လူနာ အတွက် နေထိုင်မှု ပြုစုနည်း နဲ့  အစားအစာ ကျွေးနည်း သိလိုပါတယ်ဆရာ ကျေးဇူးအထူးတင်ရှိပါတယ် ဆရာ Liver Cancer Statistics အသည်းကင်ဆာ ကိန်းဂဏန်းများ https://dr-tint-swe.blogspot.com/2022/05/liver-cancer-statistics.html Liver cancer အသည်းကင်ဆာ https://dr-tint-swe.blogspot.com/2021/05/liver-cancer.html Liver cancer အသည်းကင်ဆာ ကာကွယ်နည်း https://dr-tint-swe.blogspot.com/2021/06/liver-cancer.html Liver Cancer အသည်းကင်ဆာ မေးခွန်းများ https://dr-tint-swe.blogspot.com/2023/03/liver-cancer.html 5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2021/05/5-year-survival-rate.html Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း https://dr-tint-swe.blogspot.com/2021/08/liver-blood-test.html Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://dr-tint-swe.blogspot.com/2021/05/fatty-liv

Epithelioid hemangioendotheliomas အသည်းကင်ဆာတမျိုး

မင်္ဂလာပါ ဆရာ ကျွန်တော့် အစ်မ က အသက် ၃၆ နှစ်ပါ  hemangioendothelioma cancer ဖြစ်နေပြီး အကြိတ်က အသည်းမှာ ဖြစ်နေပါတယ်ဆရာ ဘာသာမပြန်အားသေးပါ။ ကင်ဆာအထူးကုဆရာဝန်နဲ့ ကုသရပါမယ်။ ဖေါစ်ဘွတ်ကနေ ဟိုပြောဒီပြောတွေကို လိုက်နာရန် ရှောင်ရန် မလိုပါ။ Epithelioid hemangioendotheliomas (EH) are vascular tumors that may affect the liver, lungs, mediastinum, and multiple other sites. However, the most commonly involved organ is the liver[1]. Primary epithelioid hemangioendotheliomas of the liver (EHL) are rare tumors with an incidence rate of less than 0.1 per 100000 population. Due to the low incidence rate, not a lot is understood regarding the pathogenesis of this tumor. However, it has been shown that EHL have a predilection for females, with a female-to-male ratio of 3:2, and affects the right lobe of the liver more than the left lobe. These tumors may be asymptomatic (24.8%), or symptomatic, with right upper quadrant pain being the most common presenting symptom (48.6%)[2]. The lungs, regional lymph no

Rheumatoid factor ရူမတွိုက် ဖက်တာ လေးဘက်နာ

Image
၁။ အသိတ​ယောက်က အစားလဲမဝင်ဘူး Bp 90/60 ဘဲရှိတယ်။ မူးတယ်ဘဲ​ပြော အိမ်အလည်​ရောက်​နေတာပါဆရာရှင့် အ​ရေပြား​တွေကအနည်​စက် အ​ရေပြားကလဲအမည်းစက်​တွေနဲ့ သူ့ကြည့်ရတာအားမရလို့ပါ RA fector = Positive ASO = 100 ၂။ သမီး အမေအသက် ၆၉ နှစ် RA positive ဖြစ်နေပါတယ်။ စိုးရိမ်ရလား သိချင်လို့ပါ။ ၃။ ကျွန်တော့သမီး အသက် ၂၅ နှစ်ပါဆရာ Rheumatoid Factor စစ်ဆေးတာ မှာ ဓါတ်ခွဲခန်းအဖြေမှာ 8.70 IU/ml ဟု အဖြေထွက်ပါသည် အဲဒါ သွေးလေးဘက်နာရှိမရှိ သိလိုပါသည် ဆရာခင်ဗျား ကျေဇူးတင်ပါသည်။ ၄။ ။ ကျွန်တော့် သမီး အသက် ၂၅ နှစ်။ ခြေလက်ကအမြဲကိုက်နေသဖြင့် ဆရာန်မှ သွေးစစ်ခိုင်းရာ ASO 400 နှင့် RA postive ဟုအဖြေထွက်ပါသည်။ ကျွန်တော်စိုးရိမ်မည့်ပါသည်။ သို့ပါသောကြောင့် မည်သို့နေထိုင်ရမည်နှင့် RA မှာ ဘာရောဂါလည်းဆိုသည်ကို သိချင်ပါသည်။ ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆရာ ကျန်းမာချမ်းသာပါစေခင်ဗျာ။ ၅။ လေးဖက်နာအကြောင်းမေးချင်လို့ပါရှင့်။ သမီးအသက် ၁၉ ပါရှင့်။ ဖျားပြီးဆိုရင် လည်ချောင်းနာ ကိုယ်တွေ လက်တွေ ကိုက်ပါတယ်ဆရာ။ ဖြစ်နေကျပါဆရာ။ ဒီတခါကျ အဖျားရှိလာတယ်။ လည်ချောင်းနာလာတယ်။ ကိုယ်တွေလက်တွေ အရမ်းကိုက်ခဲလာပါတယ်။ အရင်ကလိုပဲထင်လို့ အကိုက်ခဲပျောက

No Harm မှား မမှန် လွဲ

Image
စားဆေး၊ လိမ်းဆေး၊ ထိုးဆေးနဲ့ မပျောက်နိုင်တဲ့ရောဂါတခုအကြောင်းအောက် ကွန်မင့်ကနေ ဗမာဆေးတခုကို ရေးတယ်။ ဆေးအမည် မထည့်တော့ပါ။ အားနာလို့။ မှား + မမှန် + လွဲ = ပိုက်ဆံ။ ဆေးရောင်းချင်သူတွေ ကိုယ့်နေရာကနေသာ ရောင်းချ ငွေရှာ ကြပါရန်။ စေတနာနဲ့ ဆေးနည်းပေးတာလည်း ဖြစ်နိုင်တယ်။ စေတနာမှာ ပညာမပါရင် သူများကို ဒုက္ခပေးတယ်။  ဆရာဝန်တွေဆိုကြရတဲ့ ဟစ်ပိုကရေးတီးစ် ပဋိညာဉ်မှာ သူတပါး ဒုက္ခမရောက်စေနဲ့ တဲ့။ ဒေါက်တာတင့်ဆွေ

Durian myths ဒူးရင်းသီး နှင့် အရက်

Image
- မှား မမှန် လွဲ - နေမင်း နေနေ ဆေးပညာ နားမလည်ပါ ဆရာ ‌ကျန်းမာရေးအရ တွေ့တာမျှဝေတာပါ ဆရာ - ကျွန်တော်က ဆေးပညာနဲ့ ကျန်းမာရေးကို အတူတူ ထားပါတယ်။ မှားရင် မှားတယ်လို့သာ ရေးတယ်။ တင်ပြထားတာ ၂ ကြိမ်ရှိပြီ။ (၁) ဒူးရင်းသီးနဲ့ ကိုကာကိုလာတွဲပြီး စားသောက်ရင် သေတယ်လို့ပြောတာ မဟုတ်ကြောင်း (ယူကျု) မှာ စားသောက်ပြတဲ့ ဗီဒီယိုတခုရှိပါတယ်။ Mythbusting: Durian + coke = death? https://www.youtube.com/watch?v=zDxn5Ag4SZ0 (၂) Five Myths about Durians https://www.rafflesmedicalgroup.com/health-resources/health-articles/five-myths-about-durians/ ကျွန်တော်က ဆေးပညာနဲ့ ကျန်းမာရေးကို အတူတူ ထားပါတယ်။ မှားရင် မှားတယ်လို့သာ ရေးတယ်။ တင်ပြထားတာ ၂ ကြိမ်ရှိပြီ။ Durian myths and facts: The truth about its connection to alcohol, cholesterol, libido and more https://www.malaymail.com/news/life/2019/07/05/durian-myths-and-facts-the-truth-about-its-connection-to-alcohol-cholestero/1768624 MYTH 3 အထင်မှား (၃) ဒူးရင်းသီးနဲ့ အရက်တွဲမိရင် သေနိုင်တယ်ဆိုတာ မှားတယ်။ သိပ္ပံနည်းကျ အထောက်အထား မရှိပါ။ ဒူးရင်းသီးမှာ fibre ဖိုက်ဘာနဲ့ carbohydr

Food for Kidney Diseases နာတာရှည်ကျောက်ကပ်ရောဂါရှိသူများအတွက် အစားအစာများ

Image
Eating Right for Chronic Kidney Disease နာတာရှည်ကျောက်ကပ် မကောင်းသူများအတွက် အစားအသောက်  ဆေးအရှိန်နဲ့ ကျောက်ကပ်ထိရင်ဘာဖြစ်နိုင်လဲဟင် ကျောက်ကပ်သန့်စင်အောင် ကျောက်ကပ်အားကောင်းအောင် ဘာစားပေးရမလဲရှင့် သိတဲ့သူဖြေပေးကျ(ကြ)ပါအုန်းနော် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု https://dr-tint-swe.blogspot.com/2021/08/kidney-failure.html ပုံထဲမှာ မစားသင့် စားနိုင် အစားအစာတွေပါတယ်။ ငှက်ပျောသီး၊ ဆန်လုံညို၊ နွားနို့နှင့် နို့ထွက်အစားအစာများ၊ ထောပတ်သီး၊ စည်သွပ်ဗူးအစားအစာများ၊ လိမ်မော်သီးနှင့် လိမ်မော်ရည်၊ စပျစ်သီး၊ ပန်းသီး၊ ဘယ်ရီသီးတွေ မသင့်ပါ။ နာတာရှည်ကျောက်ကပ် မကောင်းသူများအတွက် အစားအသောက်  Step 1: Choose and prepare foods with less salt and sodium ဆားနှင့် ဆိုဒီယမ် နည်းပါစေ တနေ့မှာ 2,300 milligrams of sodium each day ထက်နည်းရမည်။ ပြင်ဆင်ပြီးသား စားစရာတွေမှာ ဆားများလေ့ရှိတယ်။ လတ်ဆတ်တဲ့အစားအသောက်ဖြစ်ပါစေ။ ရောနှောချက်ပြုတ်ကြော်လှော်ထားတာတွေထက် အမျိုးအစား တခြားစီဖြစ်တာတွေက ပိုသင့်တယ်။ ဆားအရသာကို အစားထိုးတဲ့အနေနဲ့ အစပ်နဲ့ တားမပါတဲ့ ဟင်းခပ်အမ

Super-engineered vaccines created to help end polio ပိုလီယို ကာကွယ်ဆေးသစ်

Image
အထူးပြုပြင်စီမံထားတဲ့ ဆူပါအင်ဂျင်နီးယား ပိုလီယိုကာကွယ်ဆေးသစ် ရရှိလာပြီ။ အမေရိကန်နဲ့ ဗြိတိန်ပညာရှင်တွေ တီထွင်တာဖြစ်ပါတယ်။ ပါးစပ်ကနေ တိုက်ရတယ်။ ‘ဆူပါ’ ကို ‘စူပါ’ လို့ အသံထွက်တာ မမှန်ပါ။ ဒေါက်တာတင့်ဆွေ

Anthophobia ပန်းကြောက်တဲ့ရောဂါ

Image
ပန်းကြောက်တဲ့ရောဂါကို ဆေးပညာအရ ဘယ်လိုခေါ်လည်းဗျာ People who have anthophobia have an extreme fear of flowers. “Anthos” is the Greek word for flowers, while phobia means fear. Someone with anthophobia may be afraid of any flower or a specific type. Anthophobia (Fear of Flowers) People with anthophobia, a fear of flowers, may be reacting to earlier experiences involving flowers and insect stings, allergies or difficult settings, like funerals. They may get anxious or fearful when near flowers or seeing images of flowers. Exposure therapy and cognitive behavioral therapy (CBT) can help. https://www.epainassist.com/mental-health/phobias/anthophobia-or-the-fear-of-flowers ဒေါက်တာတင့်ဆွေ

စျာန်ရသူဆိုရင်သင့်ပေလိမ့်

Image
နိစ္စဓူဝ လား နေ့တဓူဝ လား ဆရာ ခင်ဗျား ထန်းသမားတို့၏ လုပ်ငန်းသဘာဝကို ကြည့်၍ ဖွဲ့ဆိုသော သံချို ကုသလံ ကံကြမ္မဇရယ်ကြောင့်၊ စျာန်ရသူ ဆိုရန်သင့်ပေလိမ့်၊ ငြမ်းမဆင် ထန်းပင်မြင့်၊ လမ်းထွင်သင့် နိစ္စဓူ။ ခါးယံမှာ ဓားသန်လျက်နှင့်၊ တရက်လျှင် နှစ်ကြိမ်ပ၊ ထက်ဝတိန် ဘွေတခိုမှ၊ နေညိုလျှင် ရေချိုအိုး၊ ကြိုးနှင့် သယ်ယူ။ နော်ရထာ စံတည်တဲ့၊ ပုဂံပြည် စည်ပွင့်လင်းစဉ်က၊ ရွာမြင်းမူသာတဲ့ ကျေးမှာဖြင့်၊ မောင်ထွေးနာမည်နှင့်၊ တရာရည်ပင် စည်ပင်ထန်းတို့၊ ကျွမ်းကျင်ကာ နေ့စဉ်တက်နိုင်လို့၊ ဝင်ထွက်ကာ ကျန်းစစ်သားတို့နှင့်၊ ကစားရအတူတူ၊ ကျော်ဇမ္ဗူခြိမ့်သဲ။ နွေအခါ၊ ရေပြာညိုတဲ့၊ ရွှေထန်းဖိုခန်းကာပပြန်တော့၊ ထန်းမမှာ လှမ်းကာဟက်လို့၊ ထန်းလျက်ပါ ချက်ကာ ရောင်းရ၊ သိန်းသောင်းရေ ရွှေငွေလျှံလို့၊ ပြေပုဂံ ကျန်စစ်သားတို့နှင့်၊ စစ်များစွာ အောင်သည့်ရေးရယ်ကြောင့်၊ မောင်ထွေးနာမည်ရင်းငယ်နှင့်၊ ရာဇဝင် စာတင်လို့သွင်းခဲ့၊ မြင်းမူသားနဲ။ ကုသလံ = ကိုသိုလ် ကံကြမ္မဇ = ကံမ္မဇ (အတိတ်ကပါလာသော ကံရင်း)။ မောင်ထွေး = မောင်ထွေရူး။  တရာရည် = ထန်းပင်တရာ၏ ထန်းရည်။ နိစ္စဓူ = နိစ္စဓူဝ (အစဉ်အမြဲ)။ မြင်းမူသာနဲ = မြင်းမူသား မောင်ထွေရူး နည်းအတိုင်း။ မောင်းထောင်ဦးကျော်လှ

Sweeping broom တံမြက်စည်းလှည်းနည်း

Image
အဖေနေ့မှာ တခြားသူတွေက သူတို့ဖခင်တွေကို အသီးသီးဂုဏ်တင်ကြ၊ ကျေးဇူးတင်ကြတယ်။ ကောင်းတယ်။ ကျွန်တော်လည်း ပါဦးမယ်။ ကျွန်တော့အဖေက စက်ဘီးစီးနည်း သင်ပေးတယ်။ တံမြက်စည်းလှည်းနည်းလည်း သင်ပေးတယ်။ မန္တလေးရောက်တော့ ဦးလေးဘုန်းကြီးက မွမ်းမံသင်တန်းပေးတယ်။ အမှိုက်ကို ဘယ်နေရာမှစုထားမလဲ။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းရ ဆိုတဲ့ဥပဒေသက မြန်မာစကားပုံထဲမှာတောင်ပါသေးတာ။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကို ပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။ အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည် ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်လှည်းစရာတွေကို ငယ်တုန်းကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။  တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတ

ဆရာဝန် အလိုမရှိ

Image
please admin approved ပေးပါနော် ရင်သားကင်ဆာ လူနာက အမဲသား စားလို့ရလားရှင့်။ ကုသနေတဲ့ ဆရာဝန်ကတော့ စားခိုင်းပါတယ်။ အဒေါ်က မစားရဲဘူးဖြစ်နေလို့ပါ။ သွေးဖြူဥ နည်းနေလို့ ပြောပါတယ်။ နောက်တစ်ခေါက် (တခေါက်) ဆေးသွားသွင်းရင် သွေးသွင်းရမှာစိုးလို့ အမဲသားစားလို့​ပြောလို့ပါ။ စားသင့် မစားသင့် ​ပြောပေးပါနော် မြန်မာပြည်မှာ ကင်ဆာဆိုရင် ဆရာဝန်ကို မမေး။ ဆရာဝန်ပြောလည်း မယုံ။ ဖေ့စ်ဘွတ်ကတော့ ဘာပြောပြော ယုံကြတယ်။ ဟင်ဒူဘာသာဝင် ဆိုရင် စားပါလို့ အတင်းမတိုက်တွန်းပါ။ ဒေါက်တာတင့်ဆွေ

ကြော်ငြာဆေး၊ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေးတွေ တခုတလေမှ မသင့်၊ မကောင်း၊ မမှန်ပါ

Image
ဆရာရှင့် ကုသလို့ပျောက်ကင်းနိုင်လားစိုးရိမ်ရလားသိချင်ပါတယ်ရှင့် Ovarian cancer မျိုးဥအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/08/ovarian-cancer.html 5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2021/05/5-year-survival-rate.html ဟုတ်ကဲ့ပါဆရာရှင့် ဒီဆေးလေးကောင်းလားရှင် အမေက သားအိမ်ကင်ဆာ အဆင့် 1 ပါ ဆေးသွင်းတာ 1 ကြိမ်ရှိပါပီ ကြော်ငြာဆေး၊ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေးတွေ တခုတလေမှ မသင့်၊ မကောင်း၊ မမှန်ပါ။  ပါပြီလို့ ရေးရ ပါပီဆိုတာ ခွေးကလေး။ မြန်မာပြည်မှာ ခွေးကလေးမွေးသူဦးရေ တိုးလာတာ ၄-၅ နှစ်ရှိပြီ။ ခွေးရူးကာကွယ်ဆေးအကြောင်း ခဏခဏ ဖြေရတယ်။ ပို့ပေးတဲ့ဆေးကြော်ငြာပုံ မသုံးပါ။ သုံးမိရင် မဟုတ်ဘူးပြောလည်း ဘယ်မှာဝယ်ရမလဲတဲ့။ ပိုက်ဆံလိုချင်လို့ရောင်းတဲ့ဆေးလို့ရေးလဲ ဘယ်ဘောက်ပေးရသလဲတဲ့။ ဒေါက်တာတင့်ဆွေ

Nasal and sinus cancer နှာခေါင်းကင်ဆာ

Image
ဆရာ နှာခေါင်းအနောက်ကင်ဆာအကြောင်းလေး သိချင်လို့ပါရှင့် မြန်မာသာလို မရေးအားသေးပါ။ ဘယ်ရောဂါမဆို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုတာ ပြောပါမယ်။ ဖေ့စ်ဘွတ်ကနေ ထင်ရာပြောကြတာတွေကို အလေးမထားသင့်။ Nasal and sinus cancer is a rare cancer that affects the nasal cavity (the space behind your nose) and the sinuses (small air-filled cavities inside your nose, cheekbones and forehead). Nasal and sinus cancer is different from cancer of the area where the nose and throat connect. This is called nasopharyngeal cancer. The most common symptoms of nasal and sinus cancer are: a persistent blocked nose, which usually only affects 1 side. nosebleeds. mucus draining from the nose, which may be blood-stained. a decreased sense of smell. If the cancer is located only in the nasal cavity or paranasal sinus, the 5-year relative survival rate is 86%. If the cancer has spread to nearby tissues or organs and/or to regional lymph nodes, the 5-year relative survival rate is 52%. Nasal cavity and paranasal sinus cancers ca

Postmenopausal bleeding သွေးဆုံးပြီးနောက် သွေးဆင်းခြင်း

Image
(ကန်တော့) သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာဟာ သာအိမ်ကင်ဆာကြောင့်တစ်ခု(တခု)ထဲလားရှင့် ဆင်းနေတာတစ်ပတ်(တပတ်)လောက်ရှိနေလို့ပါ သိတဲ့သူများဖြေကြားပေးပါ ကျေးဇူးပါ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖြေပါမယ်။ မေးတဲ့သူရဲ့ မက်စင်ဂျာ မပါလို့ ပို့စ်အဖြစ် တင်ပါမယ်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရပါတယ်။  သွေးဆုံးပြီးနောက် အသက် ၅၅ နှစ်ကျော်သူ ၁၀% က သွေးဆင်းကြတယ်။ ဘာကြောင့် ဆင်းသလဲ 1. Endometrial or vaginal atrophy ဗဂျိုင်းနား ခေါ် မွေးလမ်းကိုဖုံးထားတဲ့အလွှာ ပါးပြီး ခြောက်ခြင်း။ 2. Hormone replacement therapy (HRT) (estrogen and progesterone supplements that decrease some menopausal symptoms) ဟော်မုန်းဆေးပေးထားခြင်း။ 3. Uterine cancer or endometrial cancer သားအိမ်ကင်ဆာ။ 4. Endometrial hyperplasia သားအိမ်ရောဂါတမျိုး။ 5. Uterine polyps သားအိမ်တံင်း အသားပို။ အခြားအကြောင်းများ 1. Cervical cancer သားအိမ်ဝ (သားအ်ိမ်ခေါင်း) ကင်ဆာ။ 2. Cervicitis or endometritis သားအိမ်ဝ (သားအ်ိမ်ခေါင်း) သို့မဟုတ် သားအိမ်ရောင်ခြင်း။ 3. Bleeding from other areas အခြေားနေရာများက ဆင်းခြင်း (ဆီးအိမ်၊ အစာဟောင်းအိမ်၊ မိန်းမကို

Child blood pressure သွေးဖိအားတိုင်းတာမှာ သတိထားစရာတွေ ရှိတယ်

Image
မင်္ဂလာပါ ဆရာ ကျွန်တော်၏ သား အသက် (၉)နှစ် ရာသီ တုပ်ကွေး ဖျားလို့ ဒီနေ့ (၁၆-၆-၂၀၂၃ ရက်နေ့) ရိုးရိုးဆေးခန်းသွားပြပါတယ်ဆရာ၊ ဆရာဝန်က အပေါ်သွေး (၁၄၀)ရှိလို့ ကလေးအရွယ် သွေးတိုးနေတာကြောင့် ကလေးအထူးကုနဲ့ ပြခိုင်းပါတယ်ဆရာ။ အဖျားအတွက်တော့ သောက်ဆေး ပေးလိုက်ပါတယ်။ အဲဒါ ကလေးအထူးကုနဲ့ ချက်ချင်းပြဖို့ လိုအပ်/မလိုအပ်နဲ့ ကလေးသွေးတိုးတာနဲ့ပတ်သက်ပြီး ဆရာ့ဆီက အခြား အကြံဉာဏ်လေးများ လိုချင်ပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ သွေးတိုး ခေါ် သွေးဖိအားတိုင်းတာမှာ သတိထားစရာတွေ ရှိတယ်။ နောက်ပေါ် ဒစ်ဂျစ်တယ်လ် ခေါ် ဓါတ်ခဲသုံး ဂဏန်းပြကရိယာတွေက မမှန်တတ်ပါ။ ပြဒါးတိုင်ပါ သို့မဟုတ် ဒိုင်ခွက်ပြ ကရိယာကို သုံးကြရတယ်။ လက်မောင်းပတ်တာလည်း ကလေးအတွက်ဆို ကျယ်နေရင် မမှန်တာ ပြာတတ်တယ်။ မေးခွန်းပါ သွေးဖိအားကို မှားနေတယ်လို့ ပြောတာတော့ မဟုတ်ပါ။ ထပ်တိုင်းကြည့်သင့်တယ်။ အဲဒါလည်း အပေါ် ၁၄၀ နဲ့ အောက် ၉၀ ကျော်နေရင် အထူးကုဆရာဝန်ကို ပြသင့်တယ်။  သွေးဖိအားကို ဂဏန်းတမျိုးတည်း မဖတ်ရပါ။ ကလေးများ ပုံမှန်သွေးဖိအား ဟုတ်ကဲ့ပါ ဆရာ။ Digital သွေးပေါင်ချိန်စက်နဲ့ ပထမ တိုင်းပါတယ် ဆရာ။ နောက် ထပ်ပြီး ပြဒါးတိုင်ပါတာနဲ့ ပြန်တိုင်းပြီး လမ်းညှန်မှုပြုတာပါ ဆရာ။ လူနာမ

June 16 World Fresh Veggies Day ဇွန်လ ၁၆ရက် ကမ္ဘာ့လတ်ဆတ်သီးနှံ​စားသုံးနေ့

Image
တင်ပေးထားသူ ကျေးဇူး။ December Root Vegetables and Exotic Fruits Month ဒီဇင်္ဘာ နိုင်ငံတကာမှာ အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလ https://dr-tint-swe.blogspot.com/2021/11/december-root-vegetables-and-exotic.html Raw food အစိမ်းစားတဲ့အလေ့ https://dr-tint-swe.blogspot.com/2021/10/raw-food.html Vegetables not good for high blood pressure သွေးတိုးနဲ့ မတည့်တဲ့ အစားအစာတွေ https://dr-tint-swe.blogspot.com/2022/01/vegetables-not-good-for-high-blood.html Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး https://dr-tint-swe.blogspot.com/2022/05/vegetarianism.html ဒေါက်တာတင့်ဆွေ

Nasal and sinus cancer နှာခေါင်းကင်ဆာ

Image
ဆရာ နှာခေါင်းအနောက်ကင်ဆာအကြောင်းလေး သိချင်လို့ပါရှင့် မြန်မာသာလို မရေးအားသေးပါ။ ဘယ်ရောဂါမဆို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုတာ ပြောပါမယ်။ ဖေ့စ်ဘွတ်ကနေ ထင်ရာပြောကြတာတွေကို အလေးမထားသင့်။ Nasal and sinus cancer is a rare cancer that affects the nasal cavity (the space behind your nose) and the sinuses (small air-filled cavities inside your nose, cheekbones and forehead). Nasal and sinus cancer is different from cancer of the area where the nose and throat connect. This is called nasopharyngeal cancer. The most common symptoms of nasal and sinus cancer are: a persistent blocked nose, which usually only affects 1 side. nosebleeds. mucus draining from the nose, which may be blood-stained. a decreased sense of smell. If the cancer is located only in the nasal cavity or paranasal sinus, the 5-year relative survival rate is 86%. If the cancer has spread to nearby tissues or organs and/or to regional lymph nodes, the 5-year relative survival rate is 52%. Nasal cavity and paranasal sinus cancers ca

မှား မမှန် လွဲ လိမ်ညာ

Image
၁။ အင်ပြင် ထွက် အင်ရွက် ပြုတ် ရေချိုး ပျောက်။ မှား + မမှန် + လွဲ + လိမ်ညာ။ ၂။ တစ်ခု။ နှစ်ခု ရေတွက်လို့ရရင် တစ် နဲ့ရေးပြီး ရေတွက်မရတာကို တ နဲ့ရေးရတယ်လို့ မှတ်သားခဲ့ဖူးပါတယ် ဟုတ်ပါသလား ဆရာရှင့် အကြိမ်တရာလောက် (တစ်ရာ မဟုတ်) နဲ့ သက်သေခံတထောင်လောက် (တစ်ထောင် မဟုတ်) တင်ပြထားပြီးပြီ။ မှား + မမှန် + လွဲ + လိမ်ညာ။ ဒေါက်တာတင့်ဆွေ

Foods and Cancer ကင်ဆာနဲ့ စားစရာ

Image
Cancer Foods ကင်ဆာနဲ့ စားစရာ ခဏခဏ ဖြေရတယ်။ မကြာမကြာ တင်ရတယ်။ ကင်ဆာဆိုရင် ဘာစားပြီး ဘယ်အစာရှောင်ရမလဲကိုသာ မေးကြပြီး ဘယ်လိုကာကွယ် ဘယ်လိုကုသရမလဲကို သိပ်မမေးကြပါ။ လူတိုင်းက နေ့တိုင်းလိုလို စားသောက်တာတွေကနေ ကင်ဆာ မဖြစ်။ ကင်ဆာကို မကာကွယ်။ ကင်ဆာဖြစ်လည်း မတည့် မရှိ။ ကုသပေးနေတဲ့ ဆရာဝန်က တားတာကလွဲရင် ကိုယ်တသက်လုံး စားသောက်လာမှန်သမျှ အကုန် စားသောက်နိုင်တယ်။  ကင်ဆာ + ဆီးချိုရှိသူ အချို မတည့်။  ကင်ဆာ + သွေးတိုးရှိသူ အငန် မတည့်။ ကိုယ်တသက်လုံးမစားဖူးတာကိုတော့ သတိထားစားသောက်ရမယ်။ ဖေ့စ်ဘွတ်ကနေ စားပါဆိုတာတွေ မစားနဲ့ဆိုတာတွေကို တခုတလေ တမျိုးတစားကိုမှ လိုက်နာရန် မလို။ အစားအစာ တမျိုးစီလိုက်ရေးနေရင်တော့ မနက်စာရော ညစာပါ လွတ်မယ်။ အစားအသောက်နဲ့ ကင်ဆာ လင့်တွေကိုလည်း အခါ ၂၀ လောက် တင်ထားတယ်။ ဖြည့်စွက်စာဆိုတာ ပိုက်ဆံအတွက် ရောင်းတာ။ ပိုက်ဆံပေါရင်တော့ သဘော။ ကင်ဆာကုရတာ အလွန်ငွေကုန်တယ်။ ဆန်၊ ဂျုံ၊ ပြောင်း။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး။ ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး။ အသီးအမျိုးမျိုး။ ရာသီစာ။ နွားနို့၊ ပဲနို့။ ထမင်း၊ ခေါက်ဆွဲ။ မုံ့ဟင်းခါး၊ မုံ့တီ၊ ကြာဆံ။ ဘာကျန်သေးလဲ။ စားစရာတွေ ပေါလိုက်တာ။  ဒီမေးခွန

U4 နှင့် Calcitriol ဆေးတို့၏ ဘေးထွက်သက်ရောက်မှုများ

Image
မင်္ဂလာပါဆရာရှင့်။ အသက် 60 (၆၀)အမျိုးသမီးပါရှင့်။ နွေရာသီ 3 (၃)လပိုင်းကစပြီး အပူချိန်မြင့်မားထဲက သမီးရဲ့အမေက မျက်နှာပေါ်မှာချွေးတွေကျပြီး နေ့ရော ညရော အိပ်နေလို့ပါ။ အမေကလည်ပင်ကြီးဆေးကိုသောက်နေရတဲ့သူပါဆရာ။ ဆေးခန်းပြတော့ ဆီးချို သွေးချို/သွေးတိုးမရှိပါဆရာ။ အကြောဆေးတွေလဲ slim နဲ့ရော ပုလင်းကြီးနဲ့ပါ ချိတ်ရပါတယ်ဆရာ။ အရင်က နေမကောင်းဖြစ်လို့ သွေးပေါင်ကျတယ်ဆို 25cc နဲ့အကြောဆေးလွှတ်ပေးရင်ကောင်းပါတယ်။ ခုက အကြောဆေးတွေလဲ သွင်းရတဲ့ရက်က စိပ်လာတဲ့အပြင် နေရော ညရောအိပ်လဲပဲ အိပ်ပြီးရင်းအိပ်ချင်နေဖြစ်နေပါတယ်ဆရာ။ သမီးအမေအတွက် စိတ်ပူလို့ပါဆရာ။ ချွေးထွက်ပြီး အိပ်ပဲအိပ်နေတာက ရောဂါတခုခုရဲ့ လက္ခဏာများလား ဘာဖြစ်တာလဲသိချင်လို့ပါဆရာရှင့်။ဖြေကြားမှုအတွက်ကျေးဇူးတင်ပါတယ်ဆရာရှင့်။ သောက်နေတဲ့ ဆေးအမည်တွေ သိလို။ Meditrol နဲ့ U4 ပါဆရာ။ Flupentixol + Melitracen: U4 ဆေး ဘေးထွက်သက်ရောက်မှု မများ မဆိုးပါး တခါတလေ ဂဏာမငြိမ်သလိုဖြစ်။ အိပ်မပျော်။ Calcitriol ခေါ် vitamin D ဗီတာမင်ဒီဆေးကို hypocalcemia ခေါ် ကယ်လ်စီယမ်နည်းသူတွေကို ပေးတယ်။ postsurgical hypoparathyroidism ခေါ် ခွဲစိတ်ပြီးနောက်ဖြစ်လာတဲ့ ပါရာသိုင်းရွိုက်ဟော်မုန်းနည်းသူတ

Paracetamol ဘးထွက်သက်ရောက်မှုများ

မင်္ဂလာပါ  ဆရာရှင့် ကျန်းမာရေးအ‌ကြောင်းလေးမေးခွင့်ပြုပါရှင့် ကျွန်မအသက်က ၃၆ နှစ်ရှိပါ ပြီရှင့် Paracetamol နဲ့ဓာတ်မတည့်ဘူးဖြစ်နေလို့ပါရှင့် Mixagrip နဲ့ကျတော့တည့်တယ်ရှင့် ကျွန်မသတိထားမိတာ ၄လလောက်တော့ရှိ ပြီရှင့် Paracetamol သောက်ပြီးရေကိုင်လို့ရှိရင်ရေစိုတဲ့နေရာက။ လက်ကပိုသိသာတယ်ရှင့်ယားပြီးနာတယ်ရှင့်ရေမကိုင်ရင်တော့မ ဖြစ်ဘူးရှင့်သွေးကဖြစ်တာလိုမျိုးပဲရှင့် ဘာ‌ကြောင့်ဖြစ်သလဲမသိဘူးရှင့်ဘာဆေးသောက်ရမလဲလို့‌ဖြေ ကြားပေးပါဦးဆရာရှင့် အခုလိုမေးမြန်းခွင့်ရတာကျေးဇူးတင်ပါတယ်ရှင့်စာလုံးသတ်ပုံအမှားပါရင်တောင်းပန်ပါတယ်ရှင့် အကိုက်ခဲပျောက်ဆေးမသောက်ရဲအောင်ဖြစ်နေလို့ပါရှင့် ‌ဖြေကြားပေးပါဦးရှင့် Paracetamol (acetaminophen) ဘေးထွက်သက်ရောက်မှုများ အရေပြား နီ၊ ကွာ၊ အဖူးပေါက်။ အနီပြင်ထွက်။ အင်ပြင်ထွက်။ ယား။ မျက်နှာ ခြေလက် လျှာ နှုတ်ခမ်း မျက်စိ လက် ခြေချင်းဝတ် ခြေထောက် ရောင်း အသံသြ။ အသက်ရှူရခက်၊ ရေ အစာမျိုရခက်။ ဒေါက်တာတင့်ဆွေ

Blood သွေး

Image
Blood သွေး ၁။ မင်္ဂလာပါ ဆရာ လူက မွေးကာစ အချိန်ကနေ အရွယ်ရောက်ပြီး အချိန် အထိ ခန္ဓာကိုယ်ထဲက သွေးပမာန အတူတူ ပဲ ဆိုတာ မှန်လား ခင်ဗျ ၃ လအရွယ်ကလေးငယ်မှာ သွေးထုထည် 75 mL/kg ရှိမယ်။ ၈ ပေါင်လေးတဲ့ ကလေးတယောက်မှာ သွေးထုထည် 270 mL ရှိတယ်။ 0.07 ဂါလံနဲ့ ညီမျှတယ်။ ၈၀ ပေါင်လေးတဲ့ ကလေးတယောက်မှာ သွေးထုထည် 2,650 mL ရှိတယ်။ 0.7 ဂါလံနဲ့ ညီမျှတယ်။  အရွယ်မရောက်မီ ယောက်ျားလးတယောက်မှာ 70 mL/kg ရှိမယ်။ အရွယ်မရောက်မီ မိန်းကလေးတယောက်မှာ 65 mL/kg ရှိမယ်။ ၁၅၀-၁၈၀ ပေါင်ရှိတဲ လူကြီးတယောက်မှာ 1.2 to 1.5 ဂါလံနဲ့ ညီမျှတယ်။ အသက် ကြီးရင့်လာသူတွေမှာ သွေးထုထည်း နည်းနည်းလေးတော့ လျော့တယ်။  သူများတွေထက် ပိုဝပေမဲ့ သွေးထုထည် ပိုမများပါ။ ၂။ ဆရာ လူတယောက်မှာ သွေး ၅ လီတာ မှ ၆ လီတာအထိရှိတယ်လို့ စာအုပ်ထဲမှာဖတ်ဖူးပါတယ်။ Blog စာမျက်နှာတခုမှာ ၇ လီတာလို့ ရေးထားတာတွေ့ရတယ်။ ဘယ်ဟာအမှန်လဲဆရာ။ ပုံမှန်လူတယောက်မှာ သွေး ၅ လီတာရှိပါတယ်။ သွေးကို ခန္ဓာဗေဒမှာ ထူးခြားတဲ့ (ကွန်နက်တစ်-တစ်ရှူး) များထဲမှာ ထည့်ထားတယ်။ သွေးမှာ အခဲပိုင်းနဲ့ အရည်ပိုင်းရှိတယ်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်) ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓါတ်ဆားများ၊ Protein