Posts

Showing posts from February, 2021

Hiccups ကြို့ထိုးခြင်း

Image
၁။ ဆရာရှင့် လသားကလေးတွေကျို့ထိုးတာ အစာကျေလို့ထိုးတာလား အစာအိမ်ထဲပြည့်နေလို့ ဝမ်းခေါင်းချဲ့လို့ထိုးတာလား အဲ့ဒါလေး အငြင်းပွားနေလို့ သိချင်ပါတယ်ဆရာရှင့်။ ၂။ ဂျွတ်ထိုး ကိုလည်း ကြို့ထိုးလို့ ရေးရတယ်မလားဆရာ။ ၃။ မင်္ဂလာပါဒေါက်တာ ကျနော် အသက် ၃၃ ကျား။ ကျို့ထိုးနေတာ ယခုပတ်အတွင်း (၃) ရက်ရှိပါပြီ။ လေလည်း အရမ်းထပါသည်။ ယခင် တစ်ပါတ်ကျော်ကလည်း ၃ ရက်လောက်ဖြစ်ခဲ့ပါသည်။ သို့သော် ဆေးခန်းသွားပြ၍ ဆေးထိုးဆေစားပြီး ပျောက်သွားပါသည်။ ယခု ဖြစ်နေစဉ် ဆေးခန်းပြ ဆေးထိုးဆေးသာက်နေသော်လည်း မပျောက်သေးပါဒေါက်တာ။ တရက်လုံးမနားတမ်း ကျို့ထိုးနေပါသည်။ ကျေးဇူးပြု၍ဆေးနည်းလေးပေးပါခင်ဗျာ။ ဓာတ်မှန်ရိုက်ကြည့်ခြင်းမပြုလုပ်ရသေးပါ။ ပြုလုပ်ရန်ရောလိုအပ်ပါသလားခင်ဗျာ။ လေးစားစွာဖြင့်။ ကြို့ထိုးလို့ရေးရတယ်။ ကလေးငယ်လေးတိုင်း ကြို့ထိုးကြတယ်။ ရောဂါ မဟုတ်ပါ။ ကြို့ထိုးတာဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုခြားထားတဲ့ ဒိုင်ယာဖရမ် ခေါ်တဲ့ ကြွက်သားပြားပြားခုံးခုံးကြီးက အလုပ်ပိုလုပ်တာဖြစ်တယ်။ သူ့တာဝန်က အသက်ရှူတာ။ သူ့အထက်မှာ အဆုတ်ရှိတယ်။ ဒိုင်ယာဖရမ်အောက်မှာ ညာဘက်က အသည်းနဲ့ ဘယ်ဘက်ကအစာအိမ်ရှိတယ်။ အဲဒီ ၂ ခုထဲက တခုခုမှာ တခုခုဖြစ်ရင် ကြို့ထိုးတယ်။ ကလေးငယ်တွေမှာ အစ

မြန်မာ့အရေး

ကျွန်တော် ယူအက်စ်အေ၊ အင်ဒီယာနာပုလစ်မြို့မှာနေပါတယ်။ လာနေထိုင်သူတွေ အွန်လိုင်း အစည်းအဝေး လုပ်နေပါတယ်။ ကျွန်တော်ပြောမှာကို ကြိုတင် ရီကော့ လုပ်ထားပါတယ်။ ဒေါက်တာတင့်ဆွေ

သမိုင်းထဲက ရွေးကောက်ပွဲ

Image
လွှတ်တော်မတက်ဘဲ ထောင်ထဲဝင်ရတဲ့အမတ်များနဲ့ စင်ပြိုင်အစိုးရ ဘိုဘို - ဘီဘီစီမြန်မာပိုင်း ၇ ဖေဖော်ဝါရီ ၂၀၂၁ ဓာတ်ပုံ ပုံစာ ၁၉၆ဝ နောက်မှာ ပထမဆုံးလုပ်တဲ့ ပါတီစုံရွေးကောက်ပွဲ ၁၉၉ဝ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေဟာ မြန်မာပြည်ရဲ့ ပထမဆုံး လွှတ်တော်မတက်လိုက်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ ဒီလွှတ်တော်က အများဆုံး အနိုင်ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ တခြား ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် အများအပြား လွှတ်တော်တာဝန်တွေ မထမ်းဆောင်ရဘဲ ထုတ်ပယ်အကျဉ်းချခံရတာတွေ ဖြစ်ခဲ့သလို ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတာတွေ ရှိခဲ့ပါတယ်။ ဒီလွှတ်တော်ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ အနှစ် ၃ဝ အတွင်း ပထမဆုံး ပါတီစုံလွှတ်တော်ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်စွာ မဲဆွယ်ခွင့် သိပ်မရှိပေမယ့် ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ၁၉၈၈ ဆန္ဒပြပွဲတွေအပြီး အာဏာသိမ်း စစ်အစိုးရ လုပ်ပေးတဲ့ ရွေးကောက်ပွဲဖြစ်သလို ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ခေါ်မပေးတဲ့အတွက် ရွေးကောက်ပွဲကတိ ဖျက်တယ်ဆိုပြီး စစ်အစိုးရကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဓာတ်ပုံ ပုံစာ ချေမှုန်းခံရတဲ့ ၁၉၈၈ ဆန္ဒပြပွ

Prescription notes ဆေးစာ အတိုကောက်များ

Image
ဆရာမင်္ဂလာပါ သောက်ဆေးတွေမှာပါတဲ့ 1bd တို့ 2tds တို့ရေးသားတဲ့ အဓိပ္ပါယ်အပြည့်စုံလေး ဘယ်မှာ ဖတ်ရှုလို့ရပါသလဲခင်ဗျာ။ ဆေးစာအတိုကောက်များ a.c. ante cibum before meals အစာမစားမီ a.m. ante meridiem before noon မွန်းမတည့်မီ ad lib. ad libitum use as much as one desires; freely ကြိုက်သလောက်သောက် agit agita stir/shake လှုပ်သောက်ပါ b.d./b.i.d. bis in die twice daily တနေ့ ၂ ကြိမ် od/qd omne in die every day/once daily တနေ့ ၁ ကြိမ် p.c. post cibum after meals အစာစားပြီးသောက်ပါ p.o. per os by mouth or orally ပါးစပ်မှသောက်ပါ PRN, prn pro re nata as needed လိုတဲ့အခါq quaque every နေ့စဉ် q.1 h, q.1° quaque 1 hora every 1 hour တနာရီ တကြိမ် q.d.s. quater die sumendus four times a day တနေ့ ၄ ကြိမ် q.h. quaque hora every hour နာရီတိုင်းမှာ q.h.s./h.s. quaque hora somni every night at bedtime ညတိုင်း မအိပ်မီ q.i.d. quattuor in die four times a day တနေ့ ၄ ကြိမ် s.o.s., si op. sit si opus sit if there is a need လိုတဲ့အခါ stat statim immediately ချက်ချင်းသောက်ပါ t.d.s. ter die sumendum three times a day တနေ့ ၃

PR at glance ပီအာ သို့မဟုတ် ရှုံးလဲနိုင်ရမယ်

Image
ရေးထာတာက ၇-၄-၂၀၁၅ နေ့ကတည်းက။ အခုတခါ အလားအလာရှိလာပြန်ပြီ။ ၂၀၁၅ တုန်းက အဆို ရှုံးသွားသူတွေကို စစ်ကောင်စီမှာ နေရာပေးထားတယ်။ NLD တပါတီတည်းက အပြတ်နိုင်လည်း တပါတီတည်းကနေ အစိုးရဖွဲ့မရအောင် အသစ်တဖန် လုပ်လာနိုင်တယ်။ ဗခမက မအလ က သမတ လုပ်လို့ရအောင် အကြံသစ်ထုတ်တာဖြစ်တယ်။ လေ့လာရေးစာတခုအဖြစ် ထပ်မံတင်ပြပါတယ်။ ၁။ နိဒါန်း ၂။ ပီအာ စနစ်အမျိုးမျိုး ၃။ ပီအာ စနစ်ကို ကြိုက်သူတွေအပြောနဲ့ မကြိုက်သူတွေအပြော ၄။ ပီအာ နိုင်ငံရေးကွက် ၅။ ပီအာ နိုင်ငံရေးအလားအလာ ၆။ ပီအာ စနစ်သုံးနေတဲ့နိုင်ငံများစာရင်း ၇။ နိဂုံး ၁။ နိဒါန်း ကမ္ဘောဒီးယားမှာ နိုင်ငံရေးအပြောင်းအလဲရဲ့ အစပိုင်းလို့ သတ်မှတ်နိုင်တဲ့ ရွေးကောက်ပွဲကို ၂ဝဝ၃ မှာ ကျင်းပတော့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖွဲ့ ကာတာ ဖေါင်ဒေးရှင်း နဲ့အတူ လိုက်ပါခဲ့ရဘူးတယ်။ မဲပေးတဲ့ရက်မှာ မဲရုံတွေကို တခုပြီးတခုသွားကြည့်ပြီး၊ မဲရေတွက်တာလဲ လေ့လာစောင့်ကြည့်ကြတယ်။ နိုင်တဲ့သူကို ချက်ချင်းဆိုသလို သိရပေမဲ့ ပီအာ စနစ်ရှိနေလို့ မဲအများဆုံးရသူတိုင်းက အမတ်မဖြစ်သေးဘူး။ တွက်တာချက်တာတွေ လုပ်ရသေးတယ်။ ဟွန်ဆန် ဟာ အဲဒီအချိန်ကတည်းက ဝန်ကြီးချုပ်ဖြစ်နေတာ အခုထိပါ။ သင့်ခယူး ပီအာ။ ပီအာ ဆိုတဲ့ Proportional Repr