Posts

Showing posts from April, 2024

ကင်ဆာကုသနည်းသုတေသန

Image
Oncolytic Virus ဗိုင်းရပ်စ်ကို ပြုပြင်စီမံပြီး ကင်ဆာကုသနည်းသစ်မှာ အသုံးပြုပါတယ်။ ကင်ဆာဆဲလ်တွေကို သေစေပြီး ကင်ဆာခုခံအားကိုလည်း တိုးတက်စေတယ်။ အဲလိုလုပ်ထားတဲ့ ပိုးတွေနဲ့ ဟော်မုန်းဓါတ်ကနေ ကင်ဆာဆီရောက်လာပြီး ကင်ဆာဆဲလ်တွေကို သေစေမယ်။ ခုခံအားနှိမ် TGF-beta and regulatory T cells (Tregs) တွေကနေ ကင်ဆာကို သေစေမှာဖြစ်တယ်။ ဒီလေ့လာမှုကို ဆယ်စုနှစ် ၂ ခုကြာလေ့လာထားတာကနေ သိလာတာဖြစ်တယ်။ metastatic melanoma ခေါ် ပြန့်နေတဲ့ အရေပြားကင်ဆာအတွက် T-VEC ကို FDA ကနေ အသိအမှတ်ပြုထားပြီဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

Neck Hump ဂုတ်ပိုးသားတက်ခြင်း

Image
မြန်မာအခေါ်ဆို ဂုတ်ပိုးတက်တယ်ဆိုတာမျိုးပါ။ ဝိတ်လဲ တအားမများပဲ ဖြစ်နေတာပါ။ ပိန်သွားလဲ neck hump ရှိနေတုန်းပါ။ အဲ့အတွက် အမြဲစိတ်မလုံခြုံမှုဖြစ်နေတာပါ ဆရာ။ ဘယ်လိုကုသမှုမျိုးနဲ့ပျောက်နိုင်မလဲ ဆရာ။  Dowager's Hump လို့လည်း ခေါ်တယ်။ ပျောက်အောင်လုပ်နည်းတွေတော့ တွေ့တယ်။ လေ့ကျင့်ခန်းလုပ်ရတယ်။ တကိုယ်လုံးမှာရှိနေတဲ့အဆီတွေကို လျှော့ကျအောင်လည်း လုပ်ရမယ်။ Shoulder rolls နည်း Chin tucks နည်း Cat pose နည်း Chin-to-shoulder stretch နည်း Squeezing your shoulder blades together နည်းတွေလို့ရှိတယ်။ တခုစီအကြောင်း ဂူဂယ်လ်မှာရှိနိုင်တယ်။ လည်ပင်းအဆစ်နေရာ ရောဂါကြောင့်ဖြစ်တာကိုတော့ အခံရောဂါကို ကုသရပါမယ်။ ဒေါက်တာတင့်ဆွေ

Cannabis (marijuana) in the body ဆေးခြောက်သုံးတာကို ဘယ်လောက်ကြာထိ စစ်ရင်တွေ့နိုင်သနည်း

Image
ဆရာ ​မေးစရာ​လေးရှိလို့ပါဆရာ​ဆေး​ခြောက်အနံကိုနည်းနည်း​လေး ရှူမိယုံနဲ့ ​ဆေးစစ်ရင်​ဆေးကျနျုင်လားဆရာ ကျွန်​တော်ကပြည်ပထွက်မှာမို့ပါ မသုံးပါဘူးဆရာ အချိန်ဘယ်​လောက်ထိစစ်ရင်​ပေါ်နိုင်လဲဆရာ ​ဆေး​အောင်မြင်​အောင်​ရောဘာ​တွေလုပ်ရလဲဆရာ စာလုံး​ပေါင်းအမှာပါးရင်​ဆောရီးပါဆရာ ဆေးခြောက်ထဲမှာ Tetrahydrocannabinol (THC) ခေါ် ဓါတ်ပါတာကို စစ်ရတယ်။ အလွယ်ဖြေရရင် သုံးစွဲပြီးနောက် ရက်ပေါင်းများစွာအထိ စစ်ရင်သိနိုင်တယ်။ အရက်က သိပ်မကြာခင်မှာ စစ်ရင် မတွေ့နိုင်တော့ပါ။ ဘယ်လောက်များများ သုံးစွဲထားသလဲ သုံးစွဲသူရဲ့ကိုယ်ထဲမှာ အဆီများ မများ မကြာခဏသုံးစွဲသူလား တခါတလေသာသုံးတဲ့သူလား စစ်ဆေးနည်းတွေအပေါ်မှာ မူတည်တယ်။ ဆေးခြောက်စစ်နည်းအတွက် ဆီး၊ သွေး၊ ဆံပင်ကနေ စစ်တယ်။ တံတွေးကိုစစ်ရင် နာရီအနည်းငယ်မှာ သိနိုင်တယ်။ လေ့လာမှုတွေလုပ်တော့  ဆေးခြောက်ကို စသုံးသူ ၃ ရက်။ တပတ်မှာ ၃-၄ ကြိမ်သုံးသူ ၅-၇ ရက်။ နေ့တိုင်း တနေ့တခါသုံးသူ ရက် ၃၀ အနည်းဆုံး။ Urine tests ဆီးစစ်နည်း ၁-၃၀ ရက်အထိ။ Saliva tests တံတွေးစစ်နည်း ၂၄-၄၄ နာရီ။ Hair tests ဆံပင်စစ်နည်း ၉၀ ရက်။ Sweat tests ချွေးစစ်နည်း ၇-၁၄ ရက်။ Blood tests သွေးစစ်နည်း နာရီအနည်းငယ်။ ဒေါက်တာတင့်ဆွေ

Cancer Treatment ကင်ဆာကုသနည်းသစ်တခု

နယူးယော့ Memorial Sloan Kettering Cancer Center မှာ စမ်းသပ်ကုသမှု လေ့လာချက်တွေအရ အစာဟောင်းအိမ်ကင်ဆာ လူနာ ၁၄ ဦးတို့ဟာ ကင်ဆာကုသနည်းသစ်ကြောင့် ၁၀၀% အောင်မြင်တယ်လို့ ဆိုပါတယ်။ သတင်းကတော့ ၁၆-၆-၂၀၂၂ နေ့ကတည်းက ထွက်ပါတယ်။ လူနာတွေကို Dostarlimab ခေါ် အင်မြူနိုသာရာပီဆေး ပေးခဲ့တာဖြစ်ပါတယ်။ ဆေးပေးပြီး ၆ လနေတော့ စမ်းသပ်တဲ့အခါ ၁၀၀% အောင်မြင်တာတွေ့ရတယ်။ ဒေါက်တာတင့်ဆွေ

Durian fruit and pregnancy ဒူးရင်းသီးနဲ့ ကိုယ်ဝန်ဆောင်

Image
ဒူးရင်းသီးက ကလေးမွေးပီး(ပြီး) ဘယ်နှစ်လနေရင်စားလို့ရလဲ ဆရာဝန်ကိုမေးတာ မဟုတ်ပါ။  ဆေးသိပ္ပံသုတေသနတွေအရ ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးမစားရလို့ မရှိပါ။ တကယ်ဆော့ ဒူးရင်းသီးမှာ အာဟာရဓါတ်တွေကြွယ်ဝတယ်။ အသင့်အတင်စားရင် ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းတယ်။ ဒူးရင်းသီးမှာ သကြားဓါတ်များလို့ များများ မစားသင့်ပါ။ နည်းနည်း စားနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တဲ့ ဆီးချိုရှိသူတွေကတော့ ရှောင်သင့်တယ်။ နောက်အချက်တခုက ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးစားရင် အထဲကကလေးပိုထွားသလား။ အဲတာအတွက်လည်း ဆေးသိပ္ပံသုတေသန သက်သေခံချက် မရှိပါ။ မြန်မာပြည်မှာ ဘာဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း ထင်ရာဖြေကြတယ်။ စားစရာတခုခုမေးလို့ မစားနဲ့ဖြေသူတွေဟာ အဲဒီစားစရာရောင်းတဲ့ဆိုင်နဲ့ မတည့်သူတွေဖြစ်ကောင်း ဖြစ်နိုင်တယ်။ စားပါစားပါ များများစားပါဆိုသူတွေက အဲဒီစားစရာရောင်းတဲ့သူတွေလား မသိ။ ဒေါက်တာတင့်ဆွေ

HIV မေးခွန်း

Image
ဆရာ hiv နဲ့ပတ်သတ်ပီး(ပြီး) မေးချင်လို့ပါဆရာ။ ဆရာ blog မှာလဲဖတ်ပီးပါပီ။ window period အပြီး ၁၀၇ရက်မြောက်မှာ hiv test လုပ်တာ non reactive ပါဆရာ။ ဒီကြားထဲလဲ exposure မရှိပါဘူးဆရာ။ ၃လပြည့်စစ်တာမှာ hiv.b.c.vdrl non reactive ပါဆရာ။ အခုခြောက်လပြည့်ပီး(ပြီး) ဆေးစစ်ဖို့မလွယ်တဲ့နေရာရောက်နေလို့ပါဆရာ။ ၃လပြည့် non reactiveအဖြေက ပြောင်းလဲနိုင်ပါသလားဆရာ။ ဆရာ့ blog မှာ၃လပြည့်ပီး(ပြီး)စစ်လို့မတွေ့ရင် ကူးစက်ခံရခြင်းမရှိလို့ဖတ်မိပါတယ်ဆရာ။ ၆လပြည့်ပီး (ပြီး)ဆေးမစ - သံသယရှိစရာနဲ့ တွေ့ပြီး ၆ ပတ်မှာစစ်တဲ့ HIV antibody-only tests စစ်နည်းအဖြေမှာ Nonreactive ပြခြင်းဟာ ကူးစက်ခြင်းမရှိလို့ ဆိုနိုင်တယ်။ ထပ်စစ်ရန် မလိုပါ။  ၃ လပြည်ပြီးရင်တော့ စစ်သင့်တယ်။ ၆ လအထိ Nonreactive စက်ခံရခြင်း မရှိတာ သေချာတယ်။ လေ့လာမှုတခုအရ သံသယရှိစရာနဲ့ တွေ့ပြီး ၃ လမှာစစ်တဲ့ HIV antibody-only tests စစ်နည်းအဖြေမှာ Nonreactive ပြခြင်းဟာ ယေဘုယျ မှန်တယ်။ ဒါပေမဲ့ ၁၀၀၀ မှာ ၃ ခုက အဖြေလွဲနိုင်တယ်။  မေးခွန်းက အီးမေးလ်ကနေလာတယ်။ အီးမေးလ် မရေးတတ်သူဖြစ်မယ်။ အီးမေးလ်မှာ အပေါ်က Subject အကြောင်းအရာနေရာမှာ စာကိုယ် မရေရပါ။ ရေးရင် စာတွေအကုန် မပေါ်ပါ။ အောက်မှာ

Linkedin

အခုချိန်ကစပြီး Linkedin ကို သုံးကြည့်ပါတယ်။ https://www.linkedin.com/feed/update/urn:li:share:7188557949231915008/ ဒေါက်တာတင့်ဆွေ

Social Media ဆိုရှယ်မီဒီယာများ

ဖေ့စ်ဘွတ်က ဒုက္ခပေးနေလို့ ဘယ်ဟာကို ပြောင်းသုံးရမလဲ လေ့လာနေပါတယ်။ တခြားသူတွေက ရေးလာတာတွေကို စုစည်းထားတာဖြစ်ပါတယ်။ (၁) TikTok တစ်တော့ Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။ ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။  တွေ့သလောက်တော့ ဗီဒီယိုတွေချည်းဖြစ်နေတယ။ ကျွန်တော်က ဗီဒီယိုမသုံးပါ။ စာတွေ ရှိပါတယ်။ ဗီဒီယိုလို အောက်မှာ ရေးပြီး တင်ကြတာပါ။ ကျန်းမာရေး ဗဟုသုတ တင်သူတွေလည်း ရှိပါတယ်။ ဟုတ်။ အိမ်မှာတော့ ကလေးတွေသာ 'ဂိမ်း' ကစားနေကြတယ်။ စမ်းကြည့်ပါဦးမယ်။ ကျေးဇူး။ As of April 2023, at least 34 out of 50 states have announced or enacted bans on state government agencies, employees, and contractors using TikTok on government-issued devices. State bans only affect government employees and do not prohibit civilians from having or using the app on their personal devices. (၂) TikTok တစ်တော့ Instagram အင်စတီဂရမ် ၁။

မေးကြလွန်းလို့

မေးကြလွန်းလို့ ဘာညာဆိုတဲ့ ပို့စ်တွေ ခဏခဏတွေ့ရတယ်။ တကယ်ကို မေးကြလွန်းသလားတော့ မသိပါ။ ကျွန်တော် လွန်ခဲ့တဲ့ ၁၅ နှစ်ကနေ နေမကောင်းလို့မေးတာတွေကို ဖြေတယ်။ အစပိုင်းနှစ်တွေမှာ အတော်မေးကြပါတယ်။ တချို့ရက်တွေမှာ မေးခွန်း ၅၀ လောက်ထိလာတယ်။ အခု သိသိသာသာ နည်းသွားပြီ။ နေကောင်းနေကြပြီထင်တယ်။ ကင်ဆာမျိုးစုံလည်း မေးကြတယ်။ နေ့တိုင်း ဖြေရတယ်။ အခုသုံးနေရတဲ့ ဖေ့စ်ဘွတ်မှာတော့ ကင်ဆာမေးတာ မရှိသလောက် နည်းသွားတယ်။ ကင်ဆာပျောက်ကုန်ကြပြီ ထင်ပါတယ်။ အဲလိုပြောတာက တစိတ်တပိုင်းသာ မှန်တယ်။ အခုဖေ့စ်ဘွတ်အရင်က နှစ်ပေါင်းများစွာသုံနေတဲ့ဖေ့စ်ဘွတ်မှာ ကင်ဆာမေးခွန်းလာတယ်။ ကင်ဆာမေးခွန်းမလာလည်း ကင်ဆာနေရာ ၂ ခုကိုဖတ်ပြီး ကိုယ့်မပေးဘဲ ဖြေတယ်။ ကိုယ့်မမေးဘဲဖြေတာမှာ အဆစ်ပေးတာ များသွားတယ်။  ကင်ဆာနေရာတွေပှာ ပီ၊ ပါပီ၊ ဖစ်၊ တေ၊ မာ၊ ပြီး၊ ညမ၊ ကျယ်မ၊ အူး၊ ဝူး တွေ အများဆုံးဖတ်ရတယ်။ သတ်ပုံပါပြင်ပေးပြီး ဖြေမိတယ်။ ကင်ဆာဂရုကို တည်ထောင်သူတွေက သတ်ပုံပြင်ပေးတာ မကြိုက်ပါဆိုလို့ သွားမဖတ်တော့ပါ။  အခုတော့ ကင်ဆာဂရုတွေက ဆရာဝန်ကို ဘလော့ထားပြီလိုထင်ပါတယ်။ ကင်ဆာရောဂါသည်တွေနဲ့ ဆရာဝန် လမ်းခွဲလိုက်ရပါတယ်။ မြန်မာစာကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Doctor-patient relationship (1) လူနာ-ဆရာဝန် ဆက်ဆံရေး (၁)

Image
ရေးထားတာ ၁၃ နှစ်ရှိပြီ။ လူနာ-ဆရာ ဆက်ဆံရေး အမြဲပြော၊ မပြတ်ကြားသိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြ-ရေးကြတာပေါ့ဗျာ။ (အက်သစ်) လူ့ကျင့်ဝတ်ဆိုတာတော့ကျမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာ တားတာရှိပေမဲ့၊ လူမှုဆက်ဆံရေး ဆိုတာကို ဘာနဲ့ ပြင်ယူမလဲ။ (မီဒီယာ) က အသံကျယ်လာတာ ကောင်းတယ်။ အထွေထွေ အားနည်းချက်ကြီးထဲက အချက်လေး တခုဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေ ရှိတယ်မဟုတ်လား။ ဘတ်စ်ကား ခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံ လာရသူတွေ အတူတူခံနေကြရတယ်။ စပါယ်ယာတွေထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင့်ခဲ့ကြတာကတော့ မတူကြဘူးပေါ့။ “ဆရာ-လူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေး ကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အလွန်အရေးပါသည်” လို့ အဘိဓါန်မှာ ရေးပါတယ်။ ခေတ်မီ ဆေးပညာ ပဋိဉာဉ်မှာလဲ ပါတယ်။ အမှန်က ဆေးပညာကို စသင်ကြရမဲ့အချိန် ဆေးရုံထဲ ခြေချတော့မဲ့ကာလကတည်းကနေ လိုက်နာ၊ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာကျင့်ကြံဘို့ လိုတာပါ။ လူနာတွေရဲ့ သူများမသိစေချင်တာကို ထိန်းသိမ်းပေးဘို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကိုလဲ လေးစားကြရမယ်။ လူနာတွေကလဲ ကိုယ့်ကို ကုသပေးမဲ့ ဆရာဝန်ကို ယုံလို့ ပုံအပ်တာမျိုး ဖြစ်တာများမယ်

TikTok တစ်တော့ Instagram အင်စတီဂရမ်

Image
၁။ Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။ ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။  ၂၀၂၃ ခုနှစ် ဧပြီလအထိ ယူအက်စ်အေမှာ ပြည်နယ်ပေါင်း ၅၀ ထဲက ၃၄ ပြည်နယ်မှာ TikTok တစ်တော့ သုံးခွင့် ပိတ်ပင်ထားပါတယ်။ လုံခြုံရေးအတွက်ဖြစ်တယ်။ လူတိုင်းကို ပိတ်တာတော့ မဟုတ်ပါ။ အစိုးရ အေဂျင်စီတွေ၊ အစိုးရဝန်ထမ်းတွေ၊ အစိုးရကွန်ထရိုက်ယူလုပ်သူတွေကို သုံးခွင့် မပေးပါ။ တခြားအရပ်သားတွေတော့ သုံးခွင့်ရှိတယ်။ ၂။ Instagram ပဲကောင်းပါတယ်ဆရာ နောက်ဆုံး သုတသနလေ့လာမှုတွေအရ Instagram အင်စတီဂရမ် သုံးနေသူ ၇ဝ့၄% တို့ဟာ ဓါတ်ပုံ၊ ဗီဒီယိုတွေအတွက် သုံးကြတယ်။ ကျွန်တော်က ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ဝါသနာမပါ။ တင်ပြနေတာတွေအတွက် အလွန်ဆုံးသုံးမှ တပုဒ်မှာ ရုပ်သေတပုံသာ သုံးတယ်။ ကောက်ချက် ကျွန်တော် တင်ပြနေတဲ့ ကျန်းမာရေးစာတွေ၊ အမေးအဖြေတွေ၊ နိုင်ငံရေးအကြောင်းအရာတွေနဲ့ မြန်မာစာအပါအဝင် သုတစာတွေအတွက် TikTok တစ်တော့ရော Instagram အင်စတီဂရမ် မှာပါ တာမစားလောက်ပါ။ သုံးလို့တေ

TikTok တစ်တော့

Image
Tiktok မှာ လူငယ်တွေ ရှိတယ် မြန်မာပြည်ရဲ့ လူငယ် ၁၀၀% မှာ ၉၉.၉ က Tiktok သုံးနေတယ်  FB မှာက ၂၅-၃၀ကျော် တန်းတွေပဲ ရေရေရာရာ သုံးတော့တာ။ ဟုတ်။ ကျွန်တော် သိချင်တာက အဲဒီဟာကိုသုံးတဲ့လူငယ် လူကြီးတွေက အပျော်အပါးကိုသာ စိတ်ဝင်စားကြသလား၊ သုတကိုကော သိလိုကြသလား။ သုတစာတွေ တင်လို့ရသလား။  တွေ့သလောက်တော့ ဗီဒီယိုတွေချည်းဖြစ်နေတယ။ ကျွန်တော်က ဗီဒီယိုမသုံးပါ။ စာတွေ ရှိပါတယ်။  ဗီဒီယိုလို အောက်မှာ ရေးပြီး တင်ကြတာပါ။ ကျန်းမာရေး ဗဟုသုတ တင်သူတွေလည်း ရှိပါတယ်။ ဟုတ်။ အိမ်မှာတော့ ကလေးတွေသာ 'ဂိမ်း' ကစားနေကြတယ်။ စမ်းကြည့်ပါဦးမယ်။ ကျေးဇူး။ As of April 2023, at least 34 out of 50 states have announced or enacted bans on state government agencies, employees, and contractors using TikTok on government-issued devices. State bans only affect government employees and do not prohibit civilians from having or using the app on their personal devices. ဒေါက်တာတင့်ဆွေ

Hypertension (2) သွေးတိုးရောဂါ (၂)

Image
သွေတိုးကိုတိုင်းတဲ့အဖြေဂဏန်းတွေကို သွေးပေါင်လို့ခေါ်တာ မမှန်ပါ။ သွေးဖိအားဖြစ်ဖြစ်၊ BP ဘီပီ ဖြစ်ဖြစ် ခေါ်သင့်ပါတယ်။ ပြောရင်လည်း ဂဏန်း နှစ်ခုအနည်းဆုံးပြောရမယ်။ ပြည့်စုံတာကတော့ နှလုံးခုန်နှုန်းရောပါ ဂဏန်း (၃) ခု ပြောရပါမယ်။  သွေးဖိအားများနေတာကို High blood pressure နဲ့ Hypertension သွေးတိုးရောဂါလို့ခေါ်တယ်။ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက်ဖိအားနဲ့ သက်ရောက်နေသလဲကို တိတိကျကျတိုင်းတာတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက်ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါရောဂါရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ နှလုံးရောဂါ၊ ဦးနှောက်-သွေးကြောရောဂါနဲ့ ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။ • သွေးတိုးလက္ခဏာတွေ များသောအားဖြင့် ဘာမှမခံစားရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထန်ရောဂါရတတ်လို့ တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက် နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။ •

Herbal Medicines ဟာဗယ်ဆေး

Image
ပို့စ်တခု = တရုတ်စကားပန်း နီနီ ဆေးဖက်ဝင် သုတ်စားတာ ရှယ် စားရင် လာခူးပါဗျိူ့ ဖတ်ဖူးတာ တခုရှိပါသည်။ သမားတော်ကြီး ဆရာဇီဝက ပြောတာဟု ဆိုပါသည်။ တောထဲသွားပါ။ ဆေးဘက်မဝင်တဲ့ အသီးအရွက်အပွင့် တွေ့ရင် ယူခဲ့ပါတဲ့။ မြန်မာပြည်မှာ လူအများစားသုံးကြတဲ့ အသီးအရွက်အပွင့်တွေ ကောင်းပါသည်။ ရာသီစာတွေလည်း ကောင်းပါသည်။ လူတွေမစားတာကိုတော့ မစားသင့်ကြပါ။  ဆေးဖေါ်လို့ရတာတွေလည်း ရှိပါမည်။ အကုန်လုံးတော့ မဟုတ်လောက်ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်မှာ ဇီဝက မရှိ။ Herbal Medicines ဟာဗယ် https://dr-tint-swe.blogspot.com/2022/03/ginger.html ဒေါက်တာတင့်ဆွေ

Burkitt lymphoma လင်ဖိုးမားရောဂါတမျိုး

Image
ဆရာ မင်္ဂလာပါရှင့်။ ကျမသားက အသက် ၆နှစ် ၈လပါ။ PET CT scan အဖြေ၊ Biopsy အဖြေ၊ Bone marrow အဖြေတွေအရ Burkitt Lymphoma ကင်ဆာဖြစ်တယ်သိရပါတယ်။ ဆရာရေးထားတဲ့ Lymphyoma နဲ့ပတ်သက်ပြီး ဆရာရေးထားတာကိုလည်း ဖတ်ထားပါတယ်။ လက်ရှိမှာ သားကို ခီမိုပထမအကြိမ် ဆေးသွင်းပြီးပါပြီ။ ဒရစ်ချိတ်တာ နဲ့ Lumbar  puncture မှာ ၂ကြိမ် ဆေးထိုးထားတာပါ ့့့ နိုင်ငံ ့့့ ဆေးရုံမှာပါရှင့်။ ဒုတိယအကြိမ်က နောက်တပတ် ကြာသပတေးနေ့ မှာ သွင်းရမယ်။ စုစုပေါင်း၈ကြိမ်သွင်းရမယ်လို့ သိရပါတယ်။ သိချင်တာက သားရဲ့ရောဂါက ဘာကြောင့် ဖြစ်တာလဲ မျိုးရိုးထဲမှာအဲ့ရောဂါဖြစ်တဲ့သူမရှိပါရှင့်။ ကုသ၍ပျောက်ကင်းနိုင်ပါသလား။ ကုန်ကျစရိတ်အရမ်းများတဲ့အတွက် မြန်မာနိုင်ငံမှာ ပြန်ကုသရင်ရော ကလေးအတွက်အဆင်ပြေပါ့မလားရှင့်။ သားဆေးချိတ်ပေးရာမှာ သုံးတဲ့ဆေးတွေကိုတော့ ဓာတ်ပုံရိုက်ထားတာရှိပါတယ်ရှင့်။ Burkitt lymphoma ဆိုတာ non-Hodgkin's lymphoma အမျိုးအစားကင်ဆာတမျိုးဖြစ်တယ်။  Endemic (African) ခေါ် အာဖရိကန် ကလေး ၄-၇ နှစ် အဖြစ်များတယ်။ ယောက်ျားလေးတွေပိုဖြစ်တယ်။ Sporadic (non-African) အာဖရိကန်မဟုတ်သူတွေဖြစ်တာ။ လင်ဖိုးမားတွေထဲမှာ ၁-၂% ပါတယ်။  HIV/AIDS ရှိသူတွေမှာဖြစ်တယ်။ လင်ဖိုး

ခီမိုသာရာပီ နှင့် ကိုယ်ဝန်

Image
ကုသမှုပြီးတာ ၁နှစ်ကျော်ပါပြီရှင့် သမီးသိချင်တာက ကင်ဆာဖြစ်ပြီးသားလူက ကိုယ်ဝန်ဆောင်လို့ရနိုင်သိချင်လို့ပါရှင့် ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆရာရှင့် ကင်ဆာကုသနည်းတွေထဲမှာ Chemotherapy ခေါ် ကင်ဆာဆေးသွင်းရတာပါတယ်။ သုံးတဲ့ဆေးတချို့ကနေ မျိုးဗီဇကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ genetic changes (mutations or variants) လို့ ခေါ်တယ်။ အဲဒါကြောင့် ခီမိုသာရာပီယူပြီးနောက် အနည်းဆုံးတနှစ်စောင့်ပြီးမှသာ ကိုယ်ဝန်ဆောင်သင့်တယ်။ သမီးကိုယ်ဝန်ဆောင်ထားချိန်မှာဒီရောဂါဖြစ်တယ်လို့သိလိုက်ရတဲ့အတွက်ကုသရင်းကနေ ကလေးဆုံးရှုံးခဲ့ရဖူးပါတယ်ဆရာ။ အကယ်၍များ သမီးနောက်ထပ်ကိုယ်ဝန်ဆောင်ရင် ကလေးကတခြားကလေးတွေလိုမျိုးရော ဉာဏ်ရည် ဖွင့်ဖြိုးနိုင်ရဲ့လား သိချင်ပါတယ်ရှင့်။ ဆေးသုတေသနတွေကို ကိုးကားဖြေပါမယ်။ ၁။ အထက်မှာ ဖြေထားပြီး။ ၂။ ကိုယ်ဝန် ဒုတိယ ၃ လနဲ့ တတိယ ၃ လအတွင်း ခီမိုသာရာပီရယူသူတွေအတွက် သိပ်စိုးရိမ်စရာ မရှိ။ ၃။ ဓါတ်ကင်ကုသမှုကိုတော့ ကလေးမွေးဖွားပြီးအထိ စောင့်သင့်တယ်။ ၄။ ဆေးသုတေသနတွေကို ယူအက်စ်အေမှာသာ လုပ်ထားတယ်။  ၅။ ဦးနှောက်တစုံတရာ ပုံမှန်မုတ်တဲ့ကလေးတွေနဲ့ ကင်ဆာကုသမှု သက်ဆိုင်းခြင်းမရှိတာတွေလည်း အများကြီးရှိတယ်။ ၆။ မြန်မာပြည်သူတွေအတွက် က

Spondylosis ကျီးပေါင်းရောဂါ

၂ မျိုးရှိတယ်။ လည်ပင်းနဲ့ ခါး။ အဆစ်နာတိုင်းတော့ ကျီးပေါင်း မဟုတ်ပါ။ အဆစ်နာတိုင်းလည်း လေးဘက်နာ မဟုတ်ပါ။ စစ်ဆေးမှသာ ရောဂါအမည် သိမယ်။ ကျီးပေါင်းရောဂါလူနာတွေဟာ အသက် ၂၀-၂၉ ကြားမှာ ၃% သာရှိပြီး အသက် ၄၀ ကျော်ရင် ၈၀% ရှိတယ်။ အမျိုးသားတွေမှာ ၈၄% နဲ့ အမျိုးသမီးတွေမှာ ၇၄% ဖြစ်တာတွေ့ရတယ်။ ခါးကျီပေါင်းရောဂါဟာ ခါးဆစ်ရိုး T9-10 နဲ့ L3 levels မှာ အများဆုံးဖြစ်တယ်။  အသက် ၄၅-၆၄ နှစ် အမျိုးသားတွေ ၂၀% နဲ့ အမျိုးသမီး ၂၂% တို့ရဲ့ ခါးမှာ lumbar osteophytes တွေ တွေ့ရတယ်။ အသက် ၅၅-၆၄ နှစ် အမျိုးသားတွေ ၃၀% နဲ့ အမျိုးသမီး ၂၈% တို့ရဲ့ ခါးမှာ lumbar osteophytes တွေ တွေ့ရတယ်။ Pathogenesis ရောဂါဖြစ်စဉ်မှာ ၃ ဆင့်ရှိတယ်။ ၁။ Dysfunction phase ကောင်းကောင်းအလုပ်မလုပ်နိုင် ၂။ Instability phase ပုံပန်းနဲ့ အလုပ်ပြောင်းသွားတော့ခြင်း၊ ၃။ Stabilization phase မူမမှန်အတိုင်းမြဲသွားတော့ခြင်း။ Differential Diagnosis တခြားရောဂါတွေနဲ့ ခွဲခြားသိရမယ်။ • Rheumatoid arthritis လေးဘက်နာ • Excessive exercise လေ့ကျင်ခန်းလွန်ကဲခြင်း • Ankylosing Spondylitis ရောဂါ • Coccyx Pain နာခြင်း • Spinal Masses ရောဂါ • Infection ပိုးဝင်ခြင်း • Discitis

Painkillers အနာသက်သာဆေးများ

Image
ကုန်ခဲ့တဲ့ညပိုင်း အိမ်သာသွားမလို့ထတာ ဇက်ဘေးကအရမ်းနာပြီး ထမရဖြစ်တယ်ဆရာ လက်ထောက်ထလဲ လက်ထောက်တိုင်းလည်ပင်းနာတယ် နေ့လည်(နေ့လယ်)က နဲနဲကောင်းသွားပြီး အခုနဲနဲနာလာတယ်ဆရာ ညကတရေးနိုးမှဖြစ်တာ လူကူရတယ် အခု ဗိုတက်ဆေးလိမ်းထားတယ် ဘာဖြစ်တာလဲဆရာ ဖြေပေးပါဦး အိပ်ဖို့တောင်ကြောက်နေပြီ မေးခွန်းပါလူနာ အသက် မသိ။ အကောင့်အမည်အရ အမျိုးသမီးလို့တော့ သိ။ အသက်မငယ်တော့သူတိုင်း ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် သွေးတိုးနဲ့ ဆီးချို သိရမယ်။ ကိုလက်စထောလည်း သိရမယ်။ အဆစ်နာရင် ယူရစ်အက်စစ် ပါ စစ်ရမယ်။ အနာသက်သာဆေးတွေထဲမှာ လိမ်းဆေးတွေက ဘေးထွက်သက်ရောက်မှု နည်းတယ်။ အမျိုးမျိုးရှိတယ်။ Painkillers (1) အနာသက်သာဆေးများ (၁) https://dr-tint-swe.blogspot.com/2021/05/painkillers-1.html Painkillers (2) အနာသက်သာဆေးများ (၂) https://dr-tint-swe.blogspot.com/2021/05/painkillers-2.html ဒေါက်တာတင့်ဆွေ

Menopause သွေးမဆုံးခင်နဲ့ သွေးဆုံးရင်

Image
(ကန်တော့) အသက်က ၄၀ ကျော် ၅၀ နီး စိတ်နဲ့ကိုယ်ကမကပ် တခါတလေ ဒေါသထွက်တယ် စိတ်တိုတယ် ဝမ်းနည်းတယ် အားငယ်တယ် စိတ်ဓာတ်ကျတယ် ဘာတွေဖြစ်မှန်းကို မသိတော့ဘူး သေမင်းနဲ့နှစ်ပါးသွားချင်‌တော့တာ ထင်တယ်။ တင်ထားတာတခု ဖြစ်ပါတယ်။ အဲလိုဖြစ်နေသူဟာ အမျိုးသမီးသာဆိုရင်တော့ သွေးဆုံးချိန်ကို သေချာပေါက် စဉ်းစားရပါမယ်။ ကန်တော့။  သွေးဆုံးတော့မယ်ဆိုရင် စိတ်မူပြောင်းသူများတယ်။ Mood swing လို့ ခေါ်တယ်။ anxiety စိုးရိမ်စတ်ကဲခြင်း၊ stress စိတ်ဖိအားများခြင်း၊ depression စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်တယ်။ anger and irritability ဒေါသလည်း ခါတိုင်းထက်ကြီးမယ်။ Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://dr-tint-swe.blogspot.com/2020/12/menopause-1.html Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://dr-tint-swe.blogspot.com/2023/01/menopause-2.html Women အရွယ်ရ အမျိုးသမီးများသို့ https://dr-tint-swe.blogspot.com/2022/10/women.html Menopause ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ် https://dr-tint-swe.blogspot.com/2022/04/menopause.html ဒေါက်တာတင့်ဆွေ

Wine ဝိုင်

ဆရာ ဝိုင်ကို ညအိပ်ခါနီးနည်းနည်းတွက်သောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြတယ်။ ကျမအသက် ၆၀ပါ။ ကျမသားကသောက်စေချင်တယ်၊ ကင်ဆာကိုကာကွယ်တယ်လို့ပြောတယ်။ ကျမကငါးပါးသီလအမြဲ​ေစောင့်တော့ ဒါဟာအပြစ်လို့ယူဆမိတယ်။ ကျမရဲ့အထင်ကမှန်ပါသလားရှင်၊ ဆရာ့ကိုမေးရတာအားနာမိပါတယ်။ ကျမဆေးရုံဆေးခန်းသွားနိုင်တဲ့အခြေအနေမရှိပါဘူး၊ ဆရာအဆင်ပြေရင်ဖြေပေးပါနော်၊ အားမှပါ။ ကျေးဇူးတင်ပါတယ်ရှင်။ အရက်အမျိုးမျိုးထဲမှာ အယ်လ်ကိုဟော ဘယ်လောက်ပါသလဲ - • Pilsner ပေလ်စနာ = 3–6% • Beers ဘီယာ = 3-10% • Lager လက်ဂါဘီယာ = 4-5% • IPA (Pale Ale) ပေးလ်-အေးလ် = 6-7% • Sparkling Wine စပါကလင်-ဝိုင် = 8–12% • Wine (general) ပုံမှန် ဝိုင် = 10–15% • Madeira Wine မဒီရာ-ဝိုင် = 15-18% • Bum Wine ဘမ်-ဝိုင် = 15-20% • Port Wine ပို့တ်-ဝိုင် = 16-20% • Fortified Wines ဝိုင်အပြင်း = 16–22% • Sherry ရှယ်ရီ-ဝိုင် = 17–22% • Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60% • Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40% • Neutral Grain Spirits ချက်အရက် = 95% • Rectified Spirits မီးတောက်အရက် = 96% ရာခိုင်နှုန်းတွေဟာ အယ်လ်ကိုဟောပါဝင်မှုကို ဖေါ်ပြတာဖြစ်တယ်။ ရ

How Marijuana Affects Your System ဆေးခြောက်အစွမ်း

Image
 (ပဌမဆုံးတင်စဉ်က ဆေးခြောက်သမားတွေ တရာလောက်က ဝိုင်းဆဲတာခံရတဲ့စာဖြစ်ပါတယ်။) မင်္ဂလာပါဆရာ ဆေးခြောက် နှစ်ခါ သုံးခါ ရှိက်ဖွာမိပြီးလျှင် ဘယ်လောက် ထိဆေးစစ်လျှင်ပေါ်နိုင်သလဲ သိချင်လိုပါခင်ဗျာ ကျေးဇူးပါ အမြဲမသုံးပါခင်ဗျာ နှစ်ဖွာ သုံးဖွာ လောက်ပါဘဲဆရာ ဆေးစစ်ဆရာရှိလို့ပါခင်ဗျာ ဆေးစစ်စရာရှိလို့ပါလို့ ရေးသင့်။ ဆေးခြောက်ရှူတဲ့အစွမ်းဟာ အမြန်ပျောက်ကွယ်တယ်။ ကိုယ်ခန္ဓာထဲမှာတော့ အတော်ကြာကြာကျန်နေသေးတယ်။ ရက်သတ္တပတ်တွေအထိကြာနိုင်တယ်။ ဘယ်လောက်များများဝင်ခဲ့သလဲအပေါ် မူတည်တယ်။  ဆေးခြောက်ထဲမှာ Tetrahydrocannabinol ဓါတ်ပါတယ်။ ဓါတုဗေဒလို delta-9-THC သို့မဟုတ် THC လို့ခေါ်တယ်။ သွေးထဲရောက်ပြီးနောက် နာရီအနည်းငယ်အတွင်း မော်လီကျူးလေးတွေဖြစ်သွားတယ်။ အမျိုးအစားပေါင်း ၈၀ ရှိတယ်။ Metabolites လို့ခေါ်တယ်။ အဲတာတွေကို အဆီထဲမှာသိမ်းထားတယ်။ ဝမ်းနဲ့ ဆီးကနေတဆင့် စွန့်ထုတ်တယ်။ စားသုံးတာက ရှူတာထက် ပိုကြာမှသာ သွေးစံနစ်ထဲရောက်လာတယ်။ မိနစ် ၂၀ ကနေ တနာရီခွဲ။ ဆေးခြောက်ကနေဖြစ်စေတဲ့ မှတ်ဉာဏ်၊ သင်ယူခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းရွက်ဆောင်မှုတွေဟာ တနာရီကနေ ၂ နာရီအထိကြာတယ်။ တချို့ ၂၄ နာရီအထိကြာတယ်။ ကားမောင်နိုင်စွမ်းကို ၃ နာရီကြာသက်ရောက

Molluscum contagiosum ခေါ် ကလေးများ အရေပြားနာ

Image
၁။ မင်္ဂလာပါ ဆရာ ကလေးက ၁နှစ်နဲ့ ၈လပါ ပုံပါအတိုင်း အဖုလေးတွေပေါက်လာတာ ၄လလောက်ရှိပါပြီ ၁လကေျာ်မှာပွားလာလို့ အရေပြားဆရာဝန်နဲ့ပြကြည့်တဲ့အခါ လိမ်းဆေးတမျိုးပေးပါတယ် ငါးမျက်စိသဘောလို့လဲပြောပါတယ် တစ်နေ့(တနေ့)နှစ်ကြိမ်လိမ်းပေးပေမဲ့ မထူးခြားပဲထပ်ပွားလာလို့ နောက်အရေပြားဆရာဝန်နဲ့ပြတဲ့အခါမှာ ပထမပေးတဲ့လိမ်းဆေးပဲဆက်လိမ်းခိုင်းပါတယ် ခုဆို ဆေးခန်းပြထားတာ ၂လရှိပါပြီ သက်သာမလာပဲ ပွားလာလို့ ဘယ်လိုကုသလို့ရနိုင်မလဲ ဖြေကြားပေးပါ ဆရာ အလိုလိုလည်း ပျောက်နိုင်။ အရပ်ဆေးတွေ မလိမ်းသင့်။ တကယ်ရေသန့်ရှင်းရေး ပိုလုပ်သင့်။ အားနည်းတာတော့ မဟုတ်လောက်။ တမျိုးရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၂။ သမီးလေးက အဲ့လိုမျိုး တကိုယ်လုံးပေါက်နေလို့ပါ ဆရာ မျက်နှာ နား ပါးစပ် တွေမှာရောပဲဆရာ ဘယ်လိုမျိုးပျောက်ကင်းအောင် လုပ်ရမလဲဆရာ လမ်းညွှန်ပေးပါ သမီးလေးက ၁နှစ် ၃လ ပါ poxvirus (molluscum contagiosum virus) ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ အသက် ၂-၅ နှစ်တွေမှာ ဖြစ်လေ့ရှိတယ်။ အလိုလိုပျောက်ပါမယ်။ အနာကို ထိကိုင်မိတဲ့ တခြားကလေးတွေကို ကူးစက်နိုင်တယ်။ ကူးစက်ခံရပြီး ၂ ပတ်ကနေ ၆ လကြာမှ ရောဂါလက္ခဏာတွေ ပေါ်မယ်။ တကိုယ်လုံးမှာ အနာလေးတွေ ဖြစ်မယ်။ အရေပြားအထက်နည်းနည်းလေ

Cephalexin 250 mg ဆေး

ဆရာရှင့် အပေါမှာပါတဲ့ဆေးက ဘာအတွက်သောက်ရတာလဲသိချင်လို့ပါရှင့် Cephalexin ဆိုတာ ပဋိဇီဝ ခေါ် ဘက်တီးရီးယားသေဆေးဖြစ်တယ်။ အသက်ရှူလမ်းပိုးဝင်ခြင်း၊ နူမိုးနီးယား၊ အရိုးပိုးဝင်ခြင်း၊ ဆီးလမ်း၊ လိင်လမ်း ပိုးဝင်ခြင်း၊ အရေပြားအနာ၊ နားပိုးဝင်ခြင်း စတာတွေအတွက် ပေးတယ်။ ဒေါက်တာတင့်ဆွေ

Heat Intolerance Symptoms အပူမခံနိုင်ခြင်း

အသက် = ၃၉ ကျား ကျနော်ဟာ ပုံမှန်ထက် အပူကိုပိုကြောက်နေပါတယ်ဆရာရေချိုးပြီးတာတောင် ခေါင်း နဖူး ကိုယ်လက်အင်္ဂါတွေကနေ ချွေးတွေ အများကြီးထွက်နေပါတယ် အခုလိုနွေရာသီမှာ ရေ လေးငါးခါချိုးတာတောင်မှ ချိုးတုန်းပဲနေသာထိုသ်သာရှိတာပါဆရာ ချိုးပြီးပြီးချင်း အသားအရေတွေက ပူတယ်လို့ခံစားနေရပါတယ်ခင်ဗျာ ကိုယ့်အသားအရေကို ပြန်နမ်းကြည့်တဲ့အခါ လူနံ့ဟာလည်း သာမန်ထက်ပိုပြင်းနေပါတယ်။ ရေချိုးပြီးစတောင်မှ လူနံ့ကချက်ချင်းထွက်နေပါတယ်။ အနံ့ဆိုးမဟုတ်ပေမဲ့ ရေချိုးပြီးချင်းထွက်နေတာ မဖြစ်သင့်ဘူးလို့ယူဆမိလို့ပါဆရာ ချွေးထွက်လည်းအရမ်းများပြီး အခြားသူတွေထက် အပူကို ပိုကြောက်ပါတယ်ဆရာ ရေပဲဖြစ်ဖြစ် ပုံမှန်သုံးရေပဲဖြစ်ဖြစ် ရေချိုးတဲ့အခါ ဘယ်လောက်ချိုးချိုး လုံးဝအအေးမမိတာပါဆရာ လူတိုင်း ပုံမှန်ဆိုရင် အပူကို အလိုလိုထိန်းပေးပါတယ်။ ကိုယ်တွင်းအပူချိန်ကိုလည်း ၃၇ (စီ)၊ ၉၈့၆ (အက်ဖ်) ဖြစ်နေမယ်။ Heat Intolerance Symptoms အပူမခံနိုင်တာဖြစ်သူတွေမှာ • ခေါင်းကိုက်၊ • နှလုံးခုန်၊ ပျို့အန်၊ • အားနည်း၊ အားကုန်၊ • ချွေးထွက်များ၊ • ကြွက်တက်၊ • စိတ်မူပြောင်း စတာတွေ ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဖြစ်သလဲ • anxiety disorder ခေါ်စိုးရိမ်စိတ်ကဲခြင်း၊ • hyperthyroidism

Four Million လေးသန်းပြည့်ပြီ

Image
ကျွန်တော့ Blog ဘလော့ဂ်ကို စာဖတ်တဲ့အကြိမ်အရေအတွက် လေးသန်းပြည့်သွားပြီ။  Total Pageviews လာရောက်ဖတ်ရှုသူများ 4,000,671 ကျွန်တော် ဒေလီမှာနေစဉ် ဘလော့ဂ်ပေါ်စလောက်ကတည်းက ရေးတယ်။ ရေးစကာလတွေမှာ အတော်လက်ဝင်တယ်။ စာတင်ရတာလည်းခက်၊ ပုံတင်ရတာလည်းခက်တယ်။ နောက်ပိုင်း လွယ်လာတယ်။ ယမုန်နာဆေးခန်း၊ နိုင်ငံရေးနဲ့ ကျန်းမာရေးစာတွေ ခွဲလုပ်ထားခဲ့တယ်။ နောက်တော့ တခုတည်းသာလုပ်လိုက်တယ်။ ကျန်းမာရေးစာတွေထဲက အသက် (၁၈) နှစ်ပြည့်မှဖတ်ပါဆိုပြီး ဘလော့ဂ် သပ်သပ် လုပ်ထားတယ်။ နောက်တော့ စည်းကမ်းမညီလို့ဆိုပြီး ဖျက်ရတယ်။ တခုတည်းလုပ်တဲ့ ဘလော့ခ်မှာ အဲတာတွေအကုန်ပြန်ရေးတင်တယ်။ အဲတာတော့ အဖျက်မခံရ။ ယူအက်စ်အေကိုပြောင်းတော့ အီးမေးလ်လိပ်စာကို မှတ်ပုံတင်ထပ်လုပ်ရတော့ အီးမေးလ်ကို သုံးမရဖြစ်သွားတာနဲ့ အီးမေးလ်နဲ့လုပ်ထားတဲ့ ဘလော့ဂ်ကို ပြင်မရ၊ တင်မရဖြစ်သွားရော။ ဘလော့ခ်အသစ်တခု လုပ်ရပြန်တယ်။ အဟောင်းမှာ စာဖတ်ကြိမ်အရေအတွက် 3,540,277 လို့ အခုစစ်ကြည့်တော့ တွေ့တယ်။ အဲတာလည်းဖတ်နေကြတယ်။ အခုတော့ အရင်အီးမေးလ်လည်းပြန်ရလို့ အဟောင်းမှာ ပြင်လို့ တင်လို့တော့ရပြီ။ အချိန်မရှိလို့ အဟောင်းကို ဘာမှမလုပ်နိုင်ပါ။ အခုပြောတဲ့ ဘလော့ဂ်တခုတည်းကိုသာ အာရုံစိုက်နိုင်တယ်။ အချ

World Death Rate ကမ္ဘာ့ သေဆုံးနှုန်း

ပြည်တွင်းမှာနေတဲ့ ဆေးကျောင်းအတူတက်တဲ့ သူငယ်ချင်းတယောက် ကွယ်လွန်ပါသတဲ့။ တခြား တိုင်းပြည်တခုမှာနေတဲ့ သူတို့မိတ်ဆွေတဦး ကင်ဆာနဲ့ကွယ်လွန်ကြောင်း တင်ထားတာလည်း ဖတ်ရတယ်။ မဖတ်ရ မသိရတဲ့သူတွေလည်း အတူတူရှိပါမယ်။ ၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ ကလေးပေါင်း 134 million မွေးဖွားလာခဲ့တယ်။ ၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ လူပေါင်း 61 million သေဆုံးခဲ့တယ်။ 2024 World Death Rate ၂၀၂၄ ခုနှစ် သေဆုံးမှု ခန့်မှန်းချက် တနေ့မှာ 166,859 ယောက် သေဆုံးနိုင်တယ်။ တနာရီမှာ 6,952 ယောက် သေဆုံးနိုင်တယ်။ တမိနစ်မှာ 116 ယောက် သေဆုံးနိုင်တယ်။ တစက္ကန့်မှာ 1.93 ယောက် သေဆုံးနိုင်တယ်။ တနေ့က ပြည်တွင်းမှာ သီတင်းသုံးနေတဲ့ ဦးလေးအရင်း သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်နဲ့ စကားပြောရတယ်။  တရားလုပ်၊ မေတ္တာပို့တဲ့။ မရဏဆိုတာ ဘုရားတောင် မလွန်ဆန်နိုင်ဘူးတဲ့။ တင်ပါ့ဘုရား။ မရဏ ဆိုသည်မှာ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ ပျောက်ကွယ်ပျက်ပြုန်း သေဆုံးကုန်ခန်းမှုသည် မရဏ မည်၏။ ဒေါက်တာတင့်ဆွေ

Question Discipline မေးနည်းစည်းကမ်း

- ကွန်မင့်ကနေ မမေးပါနဲ့။ မက်ဆင်ဂျာက မေးပါ။  - ဖြစ်တဲ့သူ အသက်-ကျား-မကို အရင်ဆုံးရေးပါ။ လူအမည်တွေ မလိုပါ။ - ဖြစ်တဲ့သူက အမျိုးသမီးဆိုရင် ရာသီ၊ အိမ်ထောင်ရေး၊ ကလေး၊ ကိုယ်ဝန်။  - ဆေးစစ်ချက်တွေမှာ ပုံမလိုပါ။ မှတ်ချက်စာသာလိုတယ်။  - ဖုန်းဆက်ပြီး မမေးပါနဲ့။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်လည်း မပို့ပါနဲ့။ - စာရေးတာ သတ်ပုံမမှန်လည်း ဖတ်လို့နားလည်ရင် ဖြေပါတယ်။ - မေးနည်းစည်းအတိုင်း မမေးလိုသူတွေက ဘလော့မှာရှာဖတ်နိုင်ပါတယ်။  - drswe2018@gmail.com - doctortintswe@gmail.com - Telegram တယ်လီဂရမ် https://t.me/TintSwe_Yamuna_Oline_Clinic - တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/ - Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ စည်းကမ်းရှိကြပါစေ။  ဒေါက်တာတင့်ဆွေ

Cancer Posts ကင်ဆာဆိုရင် သတိနဲ့ဖတ်ပါလေ

ဆေးပညာ နောက်ဆုံးသုတေသန ကင်ဆာဖြစ်စေတဲ့ အစားအစာခုနှစ်မျိုး ၁။ အာလူးအကြွပ်ကြော် ၂။ အာလူးအချောင်းကြော် ၃။ ကော်ဖီမစ်ထုပ် ၄။ ပိုင်ကိတ် ၅။ အကင်များ ၆။ ကွမ်းသီး ဆေးမှိုမျာ ၇။ မြေပဲလျှော် မြေပဲပြုတ် ဒီစာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အဲလို တယောက်ပြီးတယောက်က တင်နေတာတိုင်းဟာ အမှားတွေသာများတယ်။ ခုနစ်မျိုးကို ခုနှစ်မျိုးလို့လည်း မှားတယ်။ စာလုံးပေါင်းသတ်ပုံမမှန်ရင် အချက်အလက်ကိုလည်း သံသယရှိပါလို့ မကြာခဏထောက်ပြနေပါတယ်။ ကင်ဆာဖြစ်စေနိုင်တာကို ဆေးပညာမှာ ကာစီနိုဂျင် လို့ ခေါ်တယ်။ ဆေးသုတေသနတွေအရ ကာစီနိုင်ဂျင်ပေါင်း ရှိတယ်။ ဒါတောင် နောက်ဆုံးထွက်တဲ့သုတေသန မဟုတ်သေးဘူး။ Carcinogens ကာစီနိုဂျင် ၃ မျိုး 1. chemical carcinogens ဓါတုနှင့် ဇီဝကာစီနိုင်ဂျင်များ 2. physical carcinogens ရုပ်ဝတ္ထုနဲ့ 3. oncogenic viruses ဗိုင်းရပ်စ်များ။ နောက်တမျိုးအုပ်စု ၃ စု 1. Radiation ဓါတ်ရောင်ခြည်သင့်ခြင်း 2. In prepared food ပြုပြင်စီမံထားသော အစားအသောက်များ 3. In cigarettes စီးကရက်များ။ Others အခြားအကြောင်းခံများ 1. Gasoline (contains aromatics) ဓါတ်ဆီ 2. Lead and its compounds ခဲနှင့် ဒြပ်ပေါင်းများ 3. Alkylating antineoplas

Mosquito coils health concerns ခြင်ဆေးခွေနှင့် ကျန်းမာရေး

Image
ဆရာရေးသားပေးပါသောပြည်သူ့ကျန်းမာရေး ပို့စ်များအတွက်ကျေးဇူးများစွာတင်ရှိပါတယ်လို့ဦးစွာပြောကြားလိုပါတယ် ကျနော်တခုတောင်းဆိုချင်လို့ပါ ကိုဗစ်ဖြစ်သောလူနာများအိမ်တွင် မြန်မာလူမျိုးများ၏အလေ့အကျင့်အရ ခြင်ဆေးခွေထွန်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများကိုရေးသားပေးဖို့တောင်းဆိုပါရစေ ကျေးဇူးတင်ပါတယ် ဆရာ မြန်မာပြည်မှာ ခြင်က အတော်ကိုဒုက္ခပေးပါတယ်။ နှစ်တွေကြာပြီ။ အခြေခံအဆောက်အအုံ တိုးတက်မှုက အတော်ကို နှေးတယ်။ စစ်တပ်က အာဏာသိမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ ပိုနှေးတော့တယ်။ • insecticide products ခေါ် အင်းဆက်ကောင်တွေအတွက် သုံးနေတာတွေက ယေဘုယျအားဖြင့် စိတ်ချရပါတယ်။ • smouldering mosquito coil ခြင်ဆေးခွေမီးရှို့သုံးတာမှာ သတိထားစရာတွေရှိတယ်။ ခြင်ဆေးခွေတခုကို မီးရှို့ခြင်းဟာ စီးကရက် ၇၅ လိပ်ကနေ ၁၃၇ လိပ်ကို မီးရှို့ခြင်းနဲ့ တူတယ်လို့ သုတေသနတခုက ဆိုပါတယ်။  • ခြင်ဆေးခွေနဲ့ စီးကရက်မှာ Heavy metals ဓါတ်တွေ ပါတယ်။ အသက်ရှူလမ်းကို ဒုက္ခပေးတယ်။ • ခြင်ဆေးခွေကို အခန်းထဲမှာ (၈) နာရီအထိသာ ထွန်းသင့်တယ်လို့ အိန္ဒိယသုတေသနတခုက ဆိုပါတယ်။ • ခြင်ဆေးခွေကို မတော်တဆ စားမိရင် လည်ချောင်းနာ၊ ပျို့၊ အန်၊ ဗိုက်နာမယ်။  • ဆေးလိပ်ငွေ့၊ ခြင်ဆ

Abstraction ဝါးလုံးသိမ်းကောက်ချက်

Image
မိန်းမသားတွေက သင်္ချာ အားနည်းတယ်။ တင်ထားတာတခုဖြစ်ပါတယ်။ စာရေးတာ စာလုံးပေါင်းသတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ အချက်အလက်ကိုတော့ ပြောချင်တယ်။ ယေဘုယျကောက်ချက်တိုင်းမှာ ချွင်းချက်တွေရှိတယ်။ ယောက်ျားတိုင်းသည်၊ အမျိုးသမီးတိုင်းသည်၊ မြန်မာလူမျိုးတိုင်းသည် စဖြင့် ကောက်ချက်ချတာတွေက ရာခိုင်နှုန်းတချို့သာ မှန်နိုင်တယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေမှာ ထူးခြားချက်တွေ မတူတာတော့ အမှန်ရှိပါတယ်။ ကျား-မ ဦးနှောက်အလုပ်မတူကြပါ။ ဓါတ်ခွဲခန်းအဖြေ ပုံမှန်ကိန်းဂဏန်းတွေကို ကျား-မ ခွဲထားတာရှိတယ်။ ကင်ဆာစာရင်းမှာလည်း ကျား-မ ခွဲထားတာရှိတယ်။ ရောဂါတိုင်း ဖြစ်နှုန်း၊ သေဆုံးနှုန်းမှာလည်း ကျား-မ ခွဲထားတာရှိတယ်။ အသက်ရှည်နှုန်းလည်း ကျား-မ မတူကြပါ။ ဦးနှောက်အရွယ်အစား မတူကြပါ။ ကမာ္ဘ့ အိုင်ကျူအမြင့်ဆုံး (၁ဝ) ဦးစာရင်းထဲမှာ အမျိုးသမီး ၂ ဦးပါတယ်။ မြန်မာပြည်မှာ သုတေသနလုပ်ရင် အလွန်စိတ်ဝင်စားစရာ ရလဒ်တွေ ထွက်လာပါမယ်။ ကျွန်တော် ပြည်တွင်းမှာ ဆရာဝန်အလုပ်ကို ၁၇ နှစ်လုပ်ခဲ့တယ်။ အများအားဖြင့် အညာမြေပြန့်ဒေသမှာသာဖြစ်တယ်။ သူငယ်ချင်းဆရာဝန်တွေက တခြားနေရာတွေမှာ တာဝန်ကျတယ်။ ကျွန်တော်တို့တတွေ အများဆုံးကုသပေးကြရတဲ့ ရောဂါစာရင်း မတူကြပါ။ ကျွန်တော်

Beat the heat သိပ်ပူနေချိန်မှာ

Image
ရေးပြီးသားစာ ၂-၃ ပုဒ်ကို နွေရာသီတိုင်းမှာ တင်ပြပါတယ်။ ဗြိတိသျှမီဒီယာ ဂါးဒီဒယန်ကို ကိုးကားပြီး အသစ်တခု ရေးပါဦးမယ်။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘုတ်မှာ နေပူထဲကပြန်လာရင် ချက်ချက်းရေချိုးဘို့မသင်တာကိုသာ ဦးစားပေး ရေးနေကြတယ်။ ရေးချိုး၊ ခေါင်းလျှော်နဲ့ ရေသောက်ကို အင်မတန်ရန်ရှာသူများတယ်။ ခိုင်မာတဲ့အချက်အလက်တွေကို တင်ပြပါမယ်။ နေပူထဲကနေ အရိပ်ထဲရောက်လာရင် ရေမချိုးခင်ဖြစ်ဖြစ် တခြားလုပ်စရာကိုင်စရာကိုဘဲဖြစ်ဖြစ် မလုပ်ခင်မှာ ကိုယ်အပူချိန်မြင့်နေတာကို လျှော့ချဘို့ အချိန်ယူရပါမယ်။ ၁၅-၂၀ မိနစ်စောင့်ပါ။  နေပူတဲ့ရာသီမှာ အဝတ်အစားကိုလည်း ချောင်ချိတာသာ ဝတ်ဆင်ပါ။ လက်ရှည်ဝတ်ပါ။  နေရောင်နဲ့ အသားအရေ တိုက်ရိုက်မထိလေ ကောင်းလေ။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေက ပိုပြီးသတိထားကြရမယ်။ လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာအပေါ်ပိုင်းနေရာတွေရဲ့ သွေးကြောတည်ရှိမှုအရ ရေအေးဝန သို့မဟုတ် ရေခဲ ကပ်ပေးပါ။ အရေပြားကို ရေနဲ့စိုစွတ်နေတာ ကောင်းတယ်။ ရေအေးလွန်းတာနဲ့ မချိုးသင့်။ ခပ်နွေးနွေးသင့်တယ်။ အိမ်မှာ လိုက်ကာတွေတပ်ဆင်ထားပါ။ နေ့ခင်းပိုင်းမှာ ပြူတင်းပေါက် ပိတ်တာလည်း တချို့အိမ်တွေအတွက် သင့်တယ်။ အထူးသဖြင့် နေရာင်လာတဲ့ဘက်ကို ပိတ်ထားပါ။ အိပ်ပြင်ထွက်ရင် သစ်ပင်တွေ

Capsaicin ငရုပ်သီးနဲ့ နွေရာသီ

Image
သွေးပေါင်ကျတတ်သူများ ပူပြင်းသောရာသီတွင် အပူအစပ် များရှောင်ပါ တင်ထားတာတခု ဖြစ်ပါတယ်။ ဟုတ်ပါရဲ့လား။ ငရုပ်သီးထဲမှာပါတဲ့ ဓါတ်ကို Capsaicin ကက်ပ်ဆေးဆင် လို့ခေါ်တယ်။ သုတေသနတွေ လုပ်ကြတယ်။ တခုက သွေးကြောတွေကို တင်းအားနည်းစေတယ်။ အဲဒါကြောင့် သွေးဖိအားကျမယ်။ နောက်လေ့လာမှုတခုအရက ပြောင်းပြန်။ သွေးကြောတွေကို ဖိအားသက်လို့ သွေးဖိအား တက်မယ်။ အခုလိုနွေရာသီမှာ ဆင်ခြင် အမှန်တွေကို နှစ်တိုင်းတင်ပြပါတယ်။ မဆိုင်တာကို ဟုတ်တယ်လို့ထင်မိရင် ဆိုင်တာကို မျက်ကွယ်ပြုရာကျတယ်။ Hot Places ပူတဲ့တိုင်းပြည်တွေမှာ https://dr-tint-swe.blogspot.com/2023/04/hot-places.html Heat stroke အပူဒဏ် ဘယ်လိုခံမလဲ https://dr-tint-swe.blogspot.com/2023/04/heat-stroke.html Heat sensitivity သူများထက် အပူ မခံနိုင်ဖြစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/heat-sensitivity.html Summer Time Infections နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ https://dr-tint-swe.blogspot.com/2023/03/summer-time-infections.html မြန်မာပြည်မှာ အပူအစပ်ကို အတော်ပြောကြတယ်။ အများစားသုံးတဲ့ ဆိုဒီယမ် ခေါ် ဆားများတာကိုတော့ မသိချင်ယောင်ဆောင်ကြတယ်။ ဆားက ဘယ်သုတေသနဖြစ်ဖြစ်

Hot Places ပူတဲ့တိုင်းပြည်တွေမှာ

Image
ရာသီဥတု ပူးပြင်းတဲ့နေရာမှာ နေသူတွေမှာ 1. ရေဓါတ်-ဆားဓါတ်နည်းစေတယ်။ 2. အရေပြား အပူလောင်မယ်။ 3. Heat stroke အပူလှိုင်းရိုက်ခံရမယ်။ • 20° C (68F) သက်တောင့်သက်သာရှိမယ်။ နှလုံးခုန် မှန်မယ်။ • 25° C (77F) ချွေးပိုထွက်လာမယ်။ • 30° C (86F) အနေရခက်လာမယ်။ ချွေးထွက်များလာမယ်။ • 38-41° C (104F) ချွေးထွက် တအားများမယ်။ • 45° C (113F) ချွေးမထွက်တော့ဘူး။ ကိုယ်ခန္ဓာကနေ ရေနည်းတိုင်း (ပိုတင်စီယမ်) နဲ့ (ဆိုဒီယမ်) ဓါတ်တွေပါ လိုက်နည်းတယ်။ စိတ်မကြည်လင်တာ၊ မလှုတ်ချင်-မကိုင်ချင်ဖြစ်မယ်၊ အသက်ရှူရခက်မယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်။ ချွေးနဲ့ ဆီးနည်းလာမယ်။ ချွေးထွက်ရင် ကိုယ်အပူချိန် မျှတအေးမြနေစေတယ်။ သိပ်ပူနေချိန်မှာ ဒီစနစ်က မလုပ်နိုင်တော့ဘူး။ ကိုယ်ပူချိန် တက်လာစေမယ်။ Heat stroke ဒါမှမဟုတ် Exhaustion ခေါ်တယ်။ အသက်ကြီးလာရင် ချွေးနဲ့ ကိုယ်ပူချိန်ထိန်းတာ အားနည်းလာကြတယ်။ ပူရင် နှလုံးခုန်တာမြန်လာရတယ်။ လူကြီးတွေမှာ အဲလို သိပ်မဖြစ်နိုင်တော့ဘူး။ မြန်ပြီးသားလဲ ပြန်ကျတာနှေးတယ်။ အရေပြားကလဲ အရင်လို အကာအကွယ် ကောင်းကောင်း မပေးနိုင် ဖြစ်လာတယ်။ သိပ်ဝသူတွေ၊ သိပ်ပိန်သူတွေမှာ ပိုသိသာမယ်။ အစာလမ်း၊ ဆီးလမ်း၊ မျိုးပွါးလမ်းတွေမှာ နာတာအတွက်ပေး

Hydrocephalus ဦးနှောက်ထဲ အရည်များခြင်း

Image
ကျွန်တော်က ၂၀၂၀ ဖေဖော်ဝါရီလ ထဲမှာ ဦးနှောက်ခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းတော့ ကိုဗစ်ဖြစ်တာနှင့် နိုင်ငံရေး အခင်းအကျင်းကြောင့် ပြန်လည်ပြီး မပြဖြစ်တော့ပါ။ အဲဒါ အခု ​အဲဒါကြောင့်ထင်ပါတယ်။ ဦးနောက်ရဲ့ လုပ်ဆောင်မှုက သိပ်ပြီး မဟုတ်ချင်တော့ပါ။ မှတ်ဉာဏ်က ယိုယွင်းလာတယ်၊ လုပ်ဆောင်ရမည့်အရာတွေ မေ့လာတယ်။ စာသင်ခန်းထဲ စာသင်ရင် တခါတလေ ဘာပြောရမှန်းကို မသိ ဖြစ်သွားတတ်တယ်။ ကျွန်တော် ဘာလုပ်သင့်ပါ သလဲ ခင်ဗျာ။ ကုသခဲ့ရတဲ့ရောဂါအမည် ဆေးစာနဲ့ စာလုံးပေါင်း သိပါသလား။ ကုသရတဲ့ အကြောင်းက မွေးရာပါ ဦးနောက်ရေခန်းကျယ်တာပါ ခင်ဗျ အဲဒီရောဂါရဲ့ အကျိုးဆက်ကြောင့် ကျွန်တော့် ခန္ဓာက ဖွံ့ဖြိုးမှု နှေးတယ် ဦးနောက်က သာမန်လူလို အလုပ်သိပ်မလုပ်၊ လမ်းလျှောက်တဲ့ အရွယ်နောက်ကျပါတယ်။ အသက် ၃၀အရွယ် ၂၀၂၀ မှာ လေဖြတ်မလို ဖြစ်လာလို့ ခွဲစိတ်လိုက်ရပါတယ် အခု ခေါင်းထဲမှာ ပိုက်ထည့်ပြီး ဝမ်းဗိုက်နှင့် ဆက်ထားပါတယ် အခု မြန်မာနိုင်ငံရဲ့ ရာသီက အတော့်ကို ပူလို့ ခေါင်းက မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲပါတယ် မှတ်ဉာဏ်ကလည်း သိသိသာသာ နည်းလာတာ သတိထားမိတယ် ကျောင်းသားဘဝတုန်းကလည်း ခက်ခက်ခဲခဲ သင်ယူခဲ့ရပါတယ် သူများတွေ တမ်းရတဲ့ စာတပုဒ်ကို ကျွန်တော်က တပတ်လော

Tonsillitis အာသီးရောင်ခြင်း

Image
ရွှေရင်အေး အိမ်မှာလုပ်ပါသည်။ ကျန်းမာရေးအတွက် ဆို အာသီးမယောင်(အာသီးမရောင်)နိုင်ဘူးလားဆရာ အာသီးရောင်စေတာ အများဆုံးက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ တခါတလေ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တယ်။ အစားအသောက်တွေကြောင့်တော့ အာသီးမရောင်ပါ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရင် ဆေးမလိုဘဲ ခံတွင်းကို တား + ရေနွေးနဲ့ဆေးတာနဲ့ ပျောက်တယ်။ ပါရာစီတမောသောက်လည်း သက်သာမယ်။ Streptococcus pyogenes (group A streptococcus) နဲ့ တခြား ဘက်တီးရီးယားကြောင့်ဖြစ်ရင်တော့ ပိုးသေဆေး ခေါ် ပဋိဇီဝဆေး လိုတယ်။ Tonsillitis အာသီးရောင်ခြင်း https://dr-tint-swe.blogspot.com/2021/01/tonsillitis.html ဒေါက်တာတင့်ဆွေ

Whiskey ဝီစကီဆိုတာ

ပို့စ်တခု ဖတ်ရတယ်။ ဝီစကီထက် ၂၀% ပြင်းတာကို အရက်ပျံဟုခေါ်သည်၊ ဆေးရုံသုံးအရက်ပျံနဲ့ လူတွေ သောက်သုံးတဲ့ အရက် မတူပါ။ အရက်ပျံကို မသောက်ရပါ။  Whiskey ဝီစကီဆိုတာ ဘာလီနဲ့ ရိုင်းဂျုံ တခုခုကနေ ပြုလုပ်ထားတယ်။ အယ်လ်ကိုဟော အနည်းဆုံး 40% ABV ၄၀% ပါတယ်။ သြစတေးလျမှာ ၃၇% နဲ့ တောင်အာဖရိကမှာ ၄၃% ပါတယ်။ Alcohol (၃) မျိုးရှိတယ်။ isopropyl, methyl and ethyl alcohol တွေဖြစ်တယ်။  အရက်ပျံကို Rubbing alcohol လို့ခေါ်တယ်။ isopropyl alcohol (68-99% alcohol in water) ဖြစ်တယ်။  Isopropyl rubbing alcohol USP ဖြစ်တယ်။ 70% alcohol by volume (≈ 127º alcohol proof) of pure isopropyl alcohol ပါတာကို ခေါ်ပါတယ်။ အရင်ပျံကို သောက်မိရင်၊ ရှူမိရင် အဆိပ်သင့်တာဖြစ်စေနိုင်တယ်။ များရင် သေဆုံးနိုင်တယ်။ ဆေးရုံတခုမှာ အလုပ်သမားတယောက်က အရက်ပျံကို ဆားခတ်သောက်တာ သိပ်မကြာခင် ကွယ်လွန်တယ်။ Hand Sanitizer လက်ဆေးရည်ကတော့ အငွေ့ပျံလွယ်တယ်။ လက်ကနေတဆင့် ဝင်လည်း % အတော်နည်းပါမယ်။  ဒေါက်တာတင့်ဆွေ

Telegram Channel Info ကျွန်ုပ်၏ တယ်လီဂရမ်

ဖေ့စ်ဘွတ် သုံးမရတော့ရင် ‘ဘလော့ဂ် (ဝဘ်ဆိုက်) နဲ့ တယ်လီဂရမ်မှာ ရှိနေပါမည်။ https://t.me/TintSwe_Yamuna_Oline_Clinic Tint Swe 4,704 Subscribers 11,095 photos 7,019 Shared links တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/ Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/ ဒေါက်တာတင့်ဆွေ

Doctor ဆရာဝန်ကို ဘယ်လိုခေါ်မလဲ

ဒေါက်တာ တင့်ဆွေ လို ခေါ်ရင် အမှန်လား။ ဒေါက်တာ လို့ ခေါ်ရင် ရလား ဒါမှမဟုတ် နာမည့်ထည့်ပြီး ဒေါက်တာ တင့်ဆွေလို့ ခေါ်ရင် ရိုင်းနေမလား ထင်မိလို့ပါ။ ဆရာဝန်ကို ‘ဒေါက်တာ’ လို့ခေါ်တာ မမှားပါ။ မရိုင်းပါ။ အင်္ဂလိပ်လို ‘ဖေါ်မယ်’ အသုံးဖြစ်ပါတယ်။ ရင်းနှီးမှုလည်း မရှိသူတွေက ခေါ်နိုင်ကြပါတယ်။ စကားပြောပွဲတွေမှာ ‘လူကြီးမင်းများခင်ဗျာ’၊ ‘လူကြီးမင်းများရှင့်’ လို့ သုံးကြတယ်။ လူချင်းမတွေ့ဘူးပေမဲ့ ဖေ့စ်ဘွတ်မှာ တယောက်အကြောင်းတယောက် ရင်းနှီးလာသူတွေကို ‘မဖြူ’၊ ‘ကိုနီ’ လို့ ခေါ်နိုင်ပါတယ်။ ယေဘုယျ ဆရာဝန်ကိုတော့ ‘ဆရာ’ အသုံးထက်ကောင်းတာ မရှိပါ။ ‘ဆရာကြီး’ ဆိုတာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ လေးစားလို့ခေါ်တာနဲ့ နှိမ်ခေါ်တာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ အသက်ကြီးတိုင်း ‘ကြီး’ ထည့်ရမယ်ထင်တာ မမှန်ပါ။ ဆရာဝန်အချင်းချင်း ‘ဆရာ’ ‘ဆရာစိုးမြင့်’ လို့သာ ခေါ်ပါတယ်။ ဆေးရုံအုပ်ကိုတော့ ‘ဆရာကြီး’၊ ‘ဆေးရုံအုပ်ကြီး’ လို့ ခေါ်တယ်။ အမျိုးသမီးဆရာဝန်တွေကိုတော့ ‘ဆရာမ’ ထက် ‘ဒေါက်တာ’ လို့က ပိုသင့်မှန်တယ်။ ‘ဆရာဝန်မ’ ဆိုရင် ရိုင်းတယ်။ ဘုန်းတော်ကြီးတွေအတွက်က ထူးခြားတယ်။ ‘ဆရာတော’် သင့်မှန်တယ်။ ကျွန်တော်ကတော့ ရင်းနှီးတဲ့ ဘုန်းတော်ကြီးတွေကို တခါခါ ‘ကိ

Mulberry ပိုးစာပင်လမ်းသွယ်မှာ

Image
- ပိုးဇာသီးပင်က ကိုယ်တိုင်ဆွတ်လာတဲ့ ပိုးဇာသီး - ပိုးစာပင်၊ ပိုးစာသီးလို့ ရေးရ။ - စားသုံးသူရေးရာဦးစီးဌာန ဝဘ်ဆိုက်မှာ ပိုးစာသီးလို့ခေါ်တဲ့ (Mylberry) လို့ ရေးထားတယ်။ Mulberry က စာလုံးပေါင်း မှန်တယ်။ ၁၉၉၀ ခုနှစ်အကုန်မှာ အိန္ဒိယနိုင်ငံကိုထွက်ပြေးရတော့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ တနှစ်တိတိ နေထိုင်ရတယ်။ ကျောင်းသားတွေနဲ့အတူနေကြတယ်။ ရောက်စ ၆ လ အနေအစား ဆင်းရဲတယ်။ ရေချိုး ရေခပ်ရင် အနားက ပိုစာပင်ခြံထဲ ဆင်းကြရတယ်။ စားစရာရှားတဲ့အခါ ပိုးစာရွက်ချက်စားကြပါတယ်။ ငပိ ပါလေကာနဲ့ ရေလုံပြုတ်များတယ်။ ကျွန်တော်က အညာဒေသမှာမွေးခဲ့နေခဲ့လို့ ပိုးစာပင်ဆိုတာ စာအုပ်ထဲမှာသာ ဖတ်ဖူးခဲ့တယ်။ တိုင်းပြည်ကနေ ထွက်ပြေးရပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်က အိမ်ကလေးတလုံးမှာ ကျွန်တော်တို့အဖွဲ့က ကျောင်းသားတွေနဲ့အတူ ၆ လကြာနေခဲ့ကြရတယ်။ စားစရာရော သောက်စရာ၊ ရေပါ ခက်ခဲတဲ့ကာလ ဖြစ်ပါတယ်။ အဆင်းအတက် နာရီဝက်လောက် ပိုးစာခြံကို ဖြတ်ပြီး၊ ရေခပ်ရေချိုး ဆင်းကြရတယ်။ ဟင်းချက်စရာဝယ်ဖို့ ပိုက်ဆံမရှိတိုင်း ပိုးစာရွက်ကို စားကြရတယ်။ အသီးမှည့်လည်း စားကောင်းတယ်။ ယူအက်စ်အေကို ရောက်စ Mulberry lane ခေါ် ပိုးစာပင်လမ်းသွယ်မှာ ၂ နှ

ကျွန်ုပ်၏ ‘တယ်လီဂရမ်’

‘ဖေ့စ်ဘွတ်’ သုံးမရတော့ရင် ‘ဘလော့ဂ် (ဝဘ်ဆိုက်)’ နဲ့ ‘တယ်လီဂရမ်’ မှာ ရှိနေပါမည်။ Telegram Channel Info Tint Swe 4,704 Subscribers 11,095 photos 7,019 Shared links https://t.me/TintSwe_Yamuna_Oline_Clinic တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/ Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/ ဒေါက်တာတင့်ဆွေ

ဆရာဝန်လည်း ဖြစ်ပါသည်

ကျန်းမာရေး မေးတာတွေ သိသိသာသာနည်းလာပါသည်။ အမေးအဖြေတွေ စလုပ်တဲ့ လွန်ခဲ့တဲ့ ၂၀၀၂ ကဆိုရင် နေမကောင်းလို့မေးကြတာတွေ များတယ်။ တနေ့မှာ ၂၀ ဦးကနေ ၅၀ ဦးအထိ မေးကြတယ်။ ဖေ့စ်ဘွတ် မပေါ်သေးခင် အီးမေးလ်ခေတ်မှာ များတယ်။ ကျွန်တော်က ဆေးပညာစာတွေကို ဆေးကျောင်းမှာလို တခန်းချင်းမရေးပါ။ လာတဲ့မေးခွန်းထဲကရောဂါကို ရေးပါတယ်။ ရောဂါတွေ စုံသလောက ကုန်သလောက်ရှိပြီ။  ကျန်းမာရေးမေးတာတွေ နည်းလာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ၁။ တခြားဆရာဝန်တွေကိုလည်း မေးလို့ရနေပြီ။ ၂။ ကျွန်တော့ ဆေးပညာဘလော့ကို အချိန်မရွေး ဖတ်လို့ရပြီ။ ၃။ ဒီဆရာဝန် အလိုမရှိ။ ၄။ အားလုံး နေကောင်းကြပြီ။ ဆေးသုတေသနအသစ်ထွက်ပြီး မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးရှိမှာကိုတော့ မမေးလည်း အသစ်ရေးပါတယ်။ ကျန်းမာရေး ဖြေစရာမရှိမှသာ မြန်မာစာ ရေးပါတယ်။ ဒေါက်တာတင့်ဆွေ

HIV နဲ့ပတ်သတ်ပြီး ကာကွယ်ဆေးမြန်မာပြည်မှာ PrEP ရှိပါတယ်

Image
ဆရာ ခင်ဗျာ HIV နဲ့ပတ်သတ်ပြီး ကာကွယ်ဆေးမြန်မာပြည်မှာ PrEP ဆိုတယ့် program ရှိပါတယ်ခင်ဗျာ လူတိုင်းကိုတော့မပေးပါဘူး၊ ကူးစက်နိုင်ခြေအများဆုံးရှိတယ့် လူ ဦးရေတန်းစားကို တိုက်‌‌ကျွေးခြင်းမျိုးပါ။ TDF/3TC တိုက်ပါတယ်ခင်ဗျာ Prevention program မှာ condom ဝေခြင်း၊ Rapid test kit နဲ့ သွေးစစ်ခြင်းများအပြင်၊ TDF/3TC တိုက်ကျွေးခြင်းလဲရှိပါတယ်ခင်ဗျာ။ ဟုတ်။ တစိတ်တပိုင်းသာ သိတယ်။ အများအကျိုးရှိစေမှာဖြစ်လို့ ဒီနေရာမှာ ရေးထားပေးပါဦး။ ဆရာ့ဖေ့စ်ဘွတ်အလုပ်လုပ်ချိန်မှာ ကူးယူတင်ပြပါမယ်။ ကျေးဇူး။ Global Fund ရဲ့အကူအညီနဲ့ project တွေ လုပ်ကိုင်နေတယ့် INGO/ NGO တွေ ရှိကြပါတယ်ခင်ဗျာ။ Alliance Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော HIV ကာကွယ်ရေးလုပ်ငန်းများတွင် ဘဝတူ ပညာပေးသူများအဖြစ် ပါဝင်လုပ်ဆောင်ပေးနေသည့် လက်ရှိ PrEP ဆေး သောက်သုံးနေသူများ ၏ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်။ (Alliance Myanmar မှလည်း ရန်ကုန် မန္တလေး နှင့် မော်လမြိုင် မြို့များတွင် ဦးတည်အုပ်စုဝင်များအတွက် PrEP ဆေး ရရှိရန် စတင်ဝန်ဆောင်မှုပေးနေပါသည်။) ဟုတ် လင့်တွေကိုတော့ မသုံးပါ။ ဟုတ်ကဲ့ဆရာ ခင်ဗျာ။ ကျွန်တော်ရှင်းပြတာ လိုတာနဲ့အမှားပါတာရှိမှာစိ