"ညောင်ရွှေ နှင့် မန်ကျည်းရွက်"
ညောင်ရွှေစျေးမှာ မန်ကျည်းရွက်ရောင်းနေတာ တွေ့ပေါ့တဲ့။ ၂စျေး ၃စျေး တောင်ရှိနေပေါ့ဆိုဘဲ။ စျေးကလဲ ပေါမှပေါ။ လိုက်ဖက်ဟင်းတွေနဲ့ မန်ကျည်းရွက်ချဥ်ရေမန်ကျည်းရွက်သုတ် တွေကို ကြိုက်ကြတဲ့ ညောင်ရွှေသူ/သား များအတွက် လွမ်းစရာပါနော။ ညောင်ရွှေသား သူငယ်ချင်းက တင်ထားတာ။ သူကလည်းဆရာဝန်။ ကျွန်တော်အညာသားလည်း မန်ကျည်းရွက် ကြိုက်တယ်။ ဆရာဝန်ဆိုတာ ကျန်းမာရေးမှာ အမြင်မတော်တာတွေကို ထောက်ပြရတယ်။ ကျီးပေါင်းအတွက် မန်ကျည်းရွက်ကို ခေါင်းအုံးအိပ်ရင် ပျောက်တယ် တဲ့။ အရပ်ဆေးနည်းတွေထဲမှာ အသံထွက်ဆင်တူတာလိုက်ပြီး ဆေးနည်းပေးကြတယ်။ မှားတယ်။ မှန်တာ တခုမှ မရှိပါ။ • ကင်ဆာနဲ့ ကင်ပွန်းရွက်နဲ့ မဆိုင်။ • ကျီးပေါင်း နဲ့ မန်ကျည်းရွက် မဆိုင်။ • ကိုဗစ်နဲ့ ဗစ်ပရုပ်ဆီနဲ့ မဆိုင်။ • ခါးနာနဲ့ ခရမ်းခါးသီးနဲ့ မဆိုင်။ • ဆီးချိုနဲ့ နွားချိုနဲ့ မဆိုင်။ • တုပ်ကွေးနဲ့ ဒုတ်ကွေး မဆိုင်။ • ဒူးနာနဲ့ ဒူးရင်းသီးနဲ့ မဆိုင်။ • လျှာနာနဲ့ နွားလျှာ မဆိုင်။ • လိပ်ခေါင်းနဲ့ လိပ်ဥနဲ့ မဆိုင်။ • လေနာနဲ့ လေတိုက်တာနဲ့ မဆိုင်။ • ဝက်သက်နဲ့ ဝက်သားနဲ့ မဆိုင်။ • သန်ကောင်နဲ့ သံချောင်းနဲ့ မဆိုင်။ ဒီအရပ်မှာတော့ မန်ကျည်းရွက် မူးလို့တောင် ရှူစရာမရှိ။ မန်ကျည်းရွက်က အမူးပျောက်