Posts

Showing posts from November, 2023

Common Cold in children ကလေးတွေ အအေးမိရင်

Image
ဆရာရှင့် သမီးက ၅လပြည့်တော့မှာပါ ချောင်းဆိုးတာချွဲသံနည်းနည်းကြားနေရလို့ပါ သမီးကို ဘာဆေးလေး တိုက်ရင်ရမလဲဆရာ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါဆရာ ကလေးငယ်တွေ ဆေးသတိထားရ။ နှာခေါင်းထဲက ထွက်သင့်တာကို ရာဘာဘူလုံးလေးနဲ့ စုပ်ထုတ်သင့်။ ရေနွေးငွေ့ကောင်း။ ဆားရေအစက်ချဆေး တချို့ကလေးတွေနှာခေါင်းထဲ ထည့်ပေးနိုင်တယ်။ Coughing and Children ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/03/coughing-and-children.html Children and Cough ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2021/10/children-and-cough.html Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html Common Cold in Children ကလေးတွေ အအေးမိရင် https://dr-tint-swe.blogspot.com/.../common-cold-in... Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ https://dr-tint-swe.blogspot.com/2021/10/pneumonia-in-children.html Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် https://dr-

Snow creeper ဒီဇင်္ဘာပန်း

Image
ငယ်ငယ်က အိမ်မှာရှိခဲ့တယ်။ ဒီဇင်္ဘာပန်းပုံတင်တော့ နှစ်ခြိုက်သဘောကျသူတွေက ကွန်မင့်တွေ ရေးကြတယ်။ မေးကြတယ်။ ကျွန်တော်က နည်းနည်းသာသိလို့ ပန်းတွေ၊ အပင်တွေအကြောင်း သိတဲ့သူဆီကနေ ကူးတင်ပါမယ်။ ကျေးဇူး။ (၁) ဒီဇင်ဘာပန်း ကရမက်ပန်း  ခရစ်စမတ်ပန်း နွယ်ညိုပန်း Snow creeper  (Dinetus racemosus (Roxb.)  Buch.-Ham. ex Sweet Common names: cluster-flowered dinetus, Draupadi's hair, horse-tail creeper,  Flowering. December to February  Poranopsis paniculata (Roxb.) roberty. Porana paniculata. Christmas vine, bridal vine Snow creeper, Bridal bouquet. Familly: Convolvulaceae (၂) ဆောင်တော်ကူးပန်း၊ စိန်သဇင်၊ ဂေါ်သဇင် Porana volubilis Burm. f.  P. volubilis Burm. f. var. burmanniana Bl.  P. volubilis Burm. f. var. microcarpa Engl.  Myanmar names: Kodeik-sein, Pyinthit-pan, Saung-daw-gu, Sein-thazin Family: Convolvulaceae  Bridal creeper, Horse-tail creeper, Snow creeper ဒေါက်တာတင့်ဆွေ

One identical twin went vegan အသွင်တူအမြွှာညီအမနှစ်ယောက် သက်သတ်လွတ်စား

Image
၃၀-၁၁-၂၀၂၃ နေ့ စီအင်န်အင် ကျန်းမာရေးသတင်းဆောင်းပါး။ အသွင်တူအမြွှာညီအမနှစ်ယောက် သက်သတ်လွတ် ၈ ပတ်ကြာစားကြပြီး ဘာတွေထူးခြားလာသလဲ။ LDL (low-density lipoprotein) မကောင်းတဲ့ ကိုလက်စထော ကျလာတယ်။ blood sugar levels သကြာဓါတ် ပိုကောင်းလာတယ်။ weight loss ကိုယ်အလေးချိန်ထိန်းနိုင်လာတယ်။ အသားငါးတွေစားတဲ့ တခြားမွေးချင်းတွေနဲ့ နှ်ိုးယှဉ်လေ့လာ တွေ့ရှိမှု ဖြစ်ပါတယ်။ LDL မကောင်းတဲ့ ကိုလက်စထော 10% to 15% ကျတယ်။ insulin 25% ကျတယ်။ body weight 3% ကျတယ်။ Stanford Prevention Research Center in Palo Alto, California မှာ လေ့လာခဲ့တာ ဖြစ်ပါတယ်။ VEGAN WEEK 1 MENU သက်သတ်လွတ်မီနူး • Strawberry almond oatmeal • Cinnamon blueberry oatmeal • Tofu scramble with plant-based breakfast sausage • Coconut curry spinach and chickpeas with quinoa • Black bean bowl with tofu • Buffalo beans with cauliflower • Chipotle-lime cauliflower with plant-based chicken • Lentils and herb-roasted potatoes with remoulade sauce • Harissa chickpeas with sumac carrots and broccoli • Tofu with coconut curry brown riceနာ OMNIVORE WEEK 1 MENU အစ

Body odor ကိုယ်နံ့ ချွေးနံ့

Image
မင်္ဂလာပါဆရာ အသက်က ၄၈ နှစ်ပါ အခု နှစ်ပိုင်းအတွင်း ချွေးနံ့တအားပြင်းလာလို့ပါဆရာ  ( - )မှာနေတာပါ အလုပ်ကအရောင်းစာရေးမပါ ဖောက်သည်တွေနဲ့ တွေ့ဆုံစကားပြောရင် အဆင်မပြေဖြစ်ပါတယ် ချိုင်းနံ့မနံပါဘဲ ချွေးကချဉ်နံ့ထွက်နေတာပါ Body Spray လဲသုံးပါတယ် ရေ တနေ့ ၂ ကြိမ်ချိုးပါတယ် ‌ခန(ခဏ)ပဲ ရပါတယ် သောက်ဆေး လေးများရှိရင် ညွန်ပေးပါရှင် လေးစားလျှက်ပါဆရာ (စာလုံးပေါင်း အမှား ထောက်ပြနိုင်ပါတယ်ရှင်) Body odor ကိုယ်နံ့ https://dr-tint-swe.blogspot.com/2023/01/body-odor.html ချိုင်းနံ့ ၁။ Antiperspirants contain aluminium-based compounds that temporarily block sweat pores, thereby reducing the amount of sweat that reaches your skin. ၂။ Deodorants can eliminate odor but not sweat. They're usually alcohol-based and turn your skin acidic, making it less attractive to bacteria. Deodorants often contain perfume fragrances intended to mask odor. ၃။ Baking Soda. This exceptional kitchen ingredient portraying anti-bacterial property is significant in arresting underarm smell by altering the pH of the underarm skin, thus

Erythromycin အရစ်သရိုမိုင်စင်

Image
ဆရာရှင့် သမီး သားအိမ်နား အရမ်းနာနေလို့ ဆရာဝန်သွားပြလိုက်တာ အခုပဲအိမ်ပြန်ရောက်ပါတယ်။ OG က သားအိမ် နည်းနည်း ရောင်နေတယ်ပြောပါတယ်။ Erythromycin 500 mg 1-1 for 2 weeks Relispa 1-1 for 3 days Etoshine 1-1 for 3 days သောက်ခိုင်းပါတယ်ရှင့်။ Erythromycin 500 mg ဆေးအကြောင်း ရှင်းပြပေးပါရှင့်ဆရာ။ ဘာကြောင့် အဲ့ဒီ့ဆေးကို အဲ့လောက်အကြာကြီး ၂ ပတ်တောင် သောက်ခိုင်းရတာပါလဲရှင့်။ ဆေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိရင်ပြောပြပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ အရစ်သရိုမိုင်စင်ဟာ Macrolides မက်ခရိုလွိုက်အုပ်စုဝင် ပဋိဇီဝဆေးဖြစ်တယ်။ Azithromycin, Clarithromycin, Erythrocin, Tyhromycin, E-mycin ဆေးတွေကလည်း အုပ်စုတူဆေးတွေဖြစ်ကြတယ်။ • လိင်ကတဆင့်ကူးစက်တဲ့ (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝရောင်ခြင်း = Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။ သို့မဟုတ် ပဌမရက် Erythromycin 500 mg orally နောက်ရက် 250 mg ၅ ရက်။ သို့မဟုတ် Erythromycin 1 g ၁ ကြိမ်။ • နားကိုက် = Erythromycin 50 mg/kg/day + Sulfonamide 150 mg/kg/day x ၁ဝ ရက်၊ • နူမိုးနီးယား = Erythromycin 500 mg IV တနေ့ ၄ ကြိမ်၊ ၇ ရက်မှ ၁၄ ရက်အထိ။ • လူစုလူဝေးမှရသော

Perineal wound infection

Image
(ကန်တော့) သမီးကအိမ်ထောင်သည်ပါ အခုအဝေးမှအလုပ်လုပ်နေတယ်ဆရာ ဆေးခန်းပြဖို့အခက်ခဲရှိလို့ပါဆရာ သမီးစကား နည်းနည်းရိုင်းတာပါရင်ခွင့်လွှတ်ပါဆရာ သမီးရဲ့မိန်းမကိုယ်မှာပွန်းပဲ့ဒဏ်ရာကဖစ်(ဖြစ်)တာကနေမပျောက်ဘူးဖစ်(ဖြစ်)နေတယ်ဆရာ တစ်ပတ်(တပတ်)ကျော်ပီ(ပြီ)ဆရာ သမီးရဲ့စအိုအဝနဲ့ မိန်းမကိုယ်အောက်ပိုင်းနားက အနာလိုဖစ်(ဖြစ်)နေတယ်ဆရာ ပဌမဦးစားပေးဆေး Co-amoxiclav 625mg တနေ့ ၃ ကြိမ် ၇-၁၀ ရက်သောက်ရန်။ 2nd choice option / Penicillin Allergy ဒုတိယဦးစားပေးဆေး Clindamycin 300mg-450mg every တနေ့ ၄ ကြိမ် ၇-၁၀ ရက်သောက်ရန်။ ဒေါက်တာတင့်ဆွေ

How to quit Alcohol အရက်ဘေးက ဝေးကြပါစေ

Image
၁။ ဆရာ ကျွန်တော်အသက် ၃၅နှစ်ပါ၊ ညနေတိုင်း တောအရက်တပိုင် းအမြဲတမ်းသောက်လာတာ ၁ဝနှစ်ကျော်ပါပြီ၊ အခု ရင်ခေါင်းအောင့်ပြီး ရင်ပူတာ ၁လနီးပါးရှိပီဆရာ၊ ညတရေးနိူးမှဖြစ်ပြီး နံနက်ကျရင် သက်သာသွားပါတယ်၊ ကွမ်းလည်း စားပါတယ်၊ လမ်းညွုန်ချက်သောက်ရမယ့်ဆေးလေးသိပါရစေခင်ဗျာ။ ၂။ ဆရာမင်္ဂလာပါရှင့် ကျွန်မအမျိုးက အရက်အရမ်းသောက်ပါတယ်ဆရာ။ ဒီရက်ပိုင်းပိုစိုးပါတယ်ရှင့်။ (ဆိုးပါတယ်လို့ ရေးရတယ်)။ အဲ့တာ အရက်ပြတ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။ သူအသက်က ၃၆ နှစ်ပါရှင့်။ ၃။ ကျမအသက်က ၃၃ နှစ်ပါ။ ကျမအမျိုးသားက၂၈ ပါ။ အမျိုးသားကို အရက်ပြတ်စေချင်လို့ပါဆရာ။ အရက်သောက်တာ ၃ နှစ်လောက်တေ့ာရှိပါပြီရှင့်။ သူငယ်ချင်းတွေနဲ့ အပျော်သောက်ရာက ခုမသောက်ပဲ မနေနိုင်အောင် ဖြစ်နေတာပါ။ အမျိုးသားကကျိုးစား(ကြိုးစား)ပြီးလျော့သောက်ကြည့်ပါတယ်။ မနက်တပိုင်းလောက် မသောက်ပဲနေတာနဲ့ လေတွေတက်တယ် ပျို့ပြီးအန်ပါတယ်။ လုံးဝနေလို့မကောင်းဘူးရှင့်။ အရက်ဖြတ်ဆေး ရှိတယ်လို့ ပြောပါတယ်ရှင့်။ အရမ်းလဲခံရတယ်လို့ကြားဘူးတယ်။ အမျိုးသားက ဟိုတုန်းကဘီယာလောက်ပဲသောက်တာ ခုမသောက်ရမနေနိုင်ဖြစ်တာ ၅လလောက်တော့ရှိပါပြီဆရာ။ အရက်ပြတ်နိုင်အောင် ဘယ်လိုဆေးနည်းများရှိမလဲ ညွှန်ကြားပေးပါဆရာ။ သူကအလုပ်လုပ်တ

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု

Image
မင်္ဂလာပါ Mandalarian တို့ရေ ဒီနေ့မှာတော့ ယဉ်နှောင်းက မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း(၁၀)မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။ (၁) မုန့်တီ မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။ မန္တလေးမုန့်တီစားမယ်ဆိုရင်  နန်းသေး= 0.1 - 0.2 cm နန်းလတ်=0.4 - 0.5 cm နန်းကြီး =  0.7 - 0.8 cm ဆိုပြီး ဆိုဒ်(ဆိုက်)အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့ ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်(ဆိုက်)ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်(ဆိုက်) ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စား

Yawning သန်းဝေခြင်း

Image
ဆရာခင်ဗျ မင်္ဂလာပါ။ ဗဟုသုတ အနေနဲ့မေးစရာလေးရှိ‌လို့ ဖြေကြားပေးနိုင်မလား ခင်ဗျ။ လူတယောက်က အိပ်ရေးဝလည်းသန်းတယ်။ အိပ်ရေးမဝလည်းသန်းတယ်။ ဘုရားရှိခိုးရင် လည်းသန်းတယ်။ မိမိနှင့် အခြားသူတဦး စကားပြောဆိုနေစဉ် အခြားသူတဦးသန်းတာနဲ့ မိမိပါ သန်းတယ်။ သန်းတာက ဘာကြောင့်ဖြစ်ရပါသလဲ ခင်ဗျ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။  လူတွေ သန်းတာ ပုံမှန်ဖြစ်စဉ်တခုသာဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။ ဖြစ်စေနိုင်သည့် အကြောင်းခံများ 1. sleep deprivation အိပ်ရေးပျက်ခြင်း 2. insomnia အိမ်ပျော်ခြင်း။ 3. sleep apnea အိပ်ပျော်နေစဉ် ဟောက်သံကျယ်ပြီး အသက်ရှူရပြ်ခင်း၊ 4. narcolepsy ဦးနှောက်ရောဂါတမျိုး၊ 5. medicines အိပ်ဆေးများ။ 6. medical diseases ရောဂါတချို့ (နှလုံး၊ ဦးနှောက်၊ multiple sclerosis ရောဂါ၊ stroke လေဖြတ်ခြင်းနဲ့ heart attack နှလုံးအတက်ရခြင်း) တချို့သာ ဆရာဝန်ပြရန် လိုပါတယ်။ ဒေါက်တာတင့်ဆွေ

မှား မမှန် လွဲ လိမ်ညာ

Image
၁။ ရေကို မက်တပ်ရပ်(မတ်တတ်ရပ်) မသောက်ရတဲ့အကြောင်း မှား မမှန် လွဲ လိမ်ညာ ၂။ သိပြီးပြီလား မတ်တပ်ရပ်(မတ်တတ်ရပ်)နေစဉ် ရေမသောက်သင့်တဲ့အကြောင်း  မှား မမှန် လွဲ လိမ်ညာ ဒီစာကို လူတကာက ထပ်ထပ်တင်နေတာ ကြာပြီ။ ခဏခဏမြင်တယ်။ အရင်တွေ့စဉ်ကလည်း မှားကြောင်း၊ မမှန်ကြောင်း၊ လွဲကြောင်း တင်ပြခဲ့တယ်။  လူတိုင်း ရေသောက်ကြရတယ်။ အခုမှ မဟုတ်ပါ။ လူရယ်လို့ပေါ်စကတည်းက ရေသောက်ကြရတာ။ လူပေါ်လာတာ အဲဒီစာမပေါ်ခင် နှစ်ပေါင်း ၄့၅ ဘီလီယန်ကတည်းကဖြစ်တယ်။ အဲဒီကတည်းက ရေသောက်တယ်။ ခုခေတ်မှာသာ မွေးစကလေးကို ၆ လအထိ ရေမတိုက်စေပါ။ အရင်က ရေတိုက်ကြတယ်။ ကလေးကို ပွေ့တိုက်ရတယ်။ ခေါင်းပိုင်းကို နည်းနည်း အမြင့်မှာထား တိုက်ရတယ်။ ကလေးက မတ်တတ် မရပ်တတ်သေးပါ။ လူတွေ မတ်တတ်ရပ်နိုင်ကတည်းက ရေကို အနေအထား အမျိုးမျိုးနဲ့ သောက်ကြတယ်။ ဖေ့့စ်ဘွတ်ဆို ဝေးရော၊ ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူတွေ ရေသောက်တာ။ ရေကို ထိုင်သောက်တယ်။ ရပ်သောက်တယ်။  လူမမာတွေ အိပ်ရာထဲမှာ ခေါင်းလေးထူပေးပြီး ရေတိုက်ရတယ်။ တခါတခါ လှဲနေစဉ်မှာ ပိုက်ကလေးနဲ့ ရေတိုက်ရတယ်။ ကင်မြီးကောက်ထောင်ပြီး ရေသောက်တာ ဆပ်ကပ်ပွဲမှာတောင် မတွေ့ဘူးပါ။ ကား၊ ရထား၊ လေယာဉ်တွေပေါ်မှာ ထိုင်သောက်ကြရတယ်။ ထမဖြစ်လို့။ အပေါ်ကလို မ

Vitamin C ဗီတာမင်စီ

Image
ဆရာခင်ဗျာ ကျွန်တော်အသက် ၃၈ နှစ်ပါဗျ ( - ) မှာ အလုပ် လုပ်နေပါတယ်ဗျ ဆောင်းရာသီရောက်ရင် ဗီတာမင်စီ ၁၀၀၀အားကို တနေ့ တလုံး သောက်ပါတယ်။ ဘေးဥပါဒ် ဖြစ်စေသလားဗျ။ ဆက်ပြီးသောက်သင့်လားဗျ။ ဆရာ အကြံပေးပါအုံးဗျ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ Is it OK to take 1000 mg of vitamin C daily? You should be able to get all the vitamin C you need by eating a varied and balanced diet. If you take vitamin C supplements, do not take too much as this could be harmful. Taking less than 1,000mg of vitamin C supplements a day is unlikely to cause any harm. ရေရှည်အတွက် ဗီတာမင်စီ 1000 mg ထက်နည်းတာကိုသာ သောက်သင့်။ ဒေါက်တာတင့်ဆွေ

Second-hand smoke ဆေးလိပ်ငွေ့ရှူရသူများ

Image
ဆရာရှင့် သမီးက လမ်းဘေးစျေးရောင်းတာပါ စျေးရောင်းတဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေများပါတယ် အများစုက ဆေးလိပ်သောက်ကြတာ ကြာလာရင် သမီးရောဂါ ရတော့မယ်ထင်ပါတယ် အသက်ငယ်တုန်းက မသိသာပေမဲ့ အခု အသက် ၃၉ မှာ ဆေးလိပ်နံရရင်ကိုပဲ လည်ချောင်းထဲကစပ်နေပါတယ် စျေးမရောင်းလို့ လည်းမရတဲ့ အခြေအနေတစ်ရပ်မို့ Mask လည်း အကြာရီး(ကြီး)တပ်ဖို့ အဆင်မပြေသလိုပါပဲ ဆောင်ရန်ရှောင်ရန်နှင့် ဘယ်လိုအစားအစာမျိုးစားသုံးရမယ်ဆိုတာ လမ်းညွှန်ပေးပါရှင့် ဆောရီး။ ဟုတ်တယ် ကျွန်တော်တို့နိုင်ငံမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဘီယာ၊ မူးယစ်ဆေး စတာတွေမှာ စည်းကမ်းမထားကြပါ။ စည်းကမ်းထားရပါမယ်။ ဒီစာမှာ ဆေးလိပ်အတွက်သာ ရေးပါမယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်သူတွေလည်း အငွေ့ရှူကြရလို့ ဒုက္ခပေးတယ်။ တဆင့်ခံဆေးလိပ်သောက်သူများလို့ ခေါ်ဆိုတယ်။ Short-term effects ရေတိုသက်ရောက်မှုများ • Coughing ချောင်းဆိုး • Headaches ခေါင်းကိုက် • eye and nasal irritation မျက်စိနဲ့ နှာခေါင်း အနေရခက် • sore throat လည်ချောင်းနာ Long-term effects ရေရှည်သက်ရောက်မှုများ • coronary heart disease (risk increased by 25-30%) နှလုံးသွေးကြောရောဂါ • lung cancer (risk increased by 20-30%) and other ca

Apple cider vinegar ပန်းသီး ဗနီဂါ

Image
ပန်းသီးကို တဆေးနဲ့ သကြားနဲ့ ရောပြီး ဖာမင့်လုပ်ထားတယ်။ salad dressings ဆလပ် ခေါ် အရွက်တွေအပေါ်မှာ ထည့်စားတယ်။ pickles အချဉ်နဲ့လည်းစားတယ်။ marinades နဲ့လည်း စားကြတယ်။ ဟိုရှေးကတည်းက ပိုးသေဆေးနဲ့ ရင်ပူတာအတွက် ဆေးအဖြစ်သုံးပါတယ်။  မကြာသေးခင်ကစပြီး ကျောက်ကပ်အတွက် သုံးလာတယ်။ ကိုယ်အလေးချိန်ကျစေအောင်နဲ့ ဆီးချိုအတွက်ပါ သုံးလာတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့အထောက်အထား နည်းသေးပါတယ်။ စာဆေးအဖြစ်လည်း ထုတ်တယ်။  သူ့ထဲမှာ acetic acid ပါတယ်။ Potassium ပိုတက်ဆီယမ်၊ Magnesium မက်ဂနီဆီယမ်၊ Calcium ကယ်လ်စီယမ်နဲ့ Phosphorus ဓါတ်ဆားတွေလည်း ပါတယ်။ တချို့က သွေးတိုးကျတယ်လို့ ယူဆတယ်။ တချို့က နှင်းခူနာအတွက်လည်း သုံးတယ်။ တချို့က ချိုးရေထဲ ထည့်ချိုးတယ်။ FDA က အသိအမှတ်ပြုချက် မရှိသေးပါ။ ဒေါက်တာတင့်ဆွေ

Vitamins ဗီတာမင် အေ ဘီ စီ အီး ကေ

Image
၁။ ကျွန်မအသက်က ၂၈နှစ်ပါ၊ ကလေးမွေးထားတာ ၄လပြည့်တော့ပါမယ်၊ Fenza နဲ့ protinet သောက်ပါတယ်၊ ရိုးရိုးမွေးထားပါတယ်၊ အခု ညာဘက်ခြေထောက်နဲ့ လက်တွေ ထုံနေပါတယ်၊ ဒီနေ့အထိ ၄ရက်ရှိပါပြီ၊ ဘာဖြစ်တာလဲသိချင်ပါတယ်ရှင့်။ သွေးတိုး + ဆီးချို + ကိုလက်စထော ပုံမှန်ရှိသူ စိုးရိမ်စရာ မရှိ။ ဗီတာမင်ဘီ မနည်းရင် စိုးရိမ်စရာမရှိလောက်။ ဗီတာမင်ဘီ နည်း မနည်း စစ်လို့ရတဲ့နည်းရှိပါသလား။ အေးစက်ပြီးထုံကျင်နေလို့ပါ။ ဗီတာမင် ဘီ ကို အစားအသောက်ထဲထည့်ပြီးစားပေးရင် ဘယ်အရာတွေကို စားပေးသင့်သလဲ၊ ကျေးဇူးပြု၍ ရှင်းပြပေးပါ။ ၂။ ကျွန်မတူလေးအသက် ၁၃ နှစ်ရှိပါပြီ။ တံထောင်ဆစ် ၂ ဖက်လုံးမှာ အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေပါတယ်။ ကိုင်ကြည့်ရင် မာမာစူးစူးလေးတွေပါ တဖြည်းဖြည်းနဲ့လဲပွားလာပါတယ်ရှင့်။ သူများတွေက ကြာစူးပေါက်တာလို့ ပြောပါတယ်။ အဲ့ဒါပြောက်အောင် ဘာဆေးများလိမ်းရမလဲရှင့်။ ၃။ ဆရာရှင့် သမီးသားလေးက အသက် ၇ နှစ်ပါ။ ၄ နှစ်သားလောက်ကတည်းက ရင်ဘတ်မှာ ကြာစူးလိုမျိုး (သမီးအထင်) တွေ အများကြီးထွက်လာပါတယ်။ ကလေးအထူးကုတွေနဲ့ပြကြည့်ခဲ့ပါသေးတယ်။ ဆရာဝန်က ဘာမှမဖြစ်ဘူး ကြီးလာရင် ပျောက်သွားမှာလို့ ပြောခဲ့ပါတယ် ခုက ပါးတွေမှာ ရင်ဘတ်ကဟာမျိုးတွေထွက်လာပါတယ်။ ကလေးတွေ ဒူ

Polio ပိုလီယိုရောဂါ

Image
Polio ပိုလီယိုရောဂါ ဦးလေးတစ်ယောက်(တယောက်) ခြေထောက် တချောင်းက သေး သိမ်ပြီး နိမ့်သွားတယ်ဆရာ။ ၂ နှစ်လောက်ရှိပြီ တဖြည်းဖြည်း ဖြစ်လာတာ။ ခြေခုံ အကြောတော့ ပြက်(ပြတ်)ဖူးတယ်ဆရာ။အဲ့ဒါလေး သိချင်လို့ပါ ဆရာ။ အနှောင့်အယှက်နဲ့ သတ်ပုံ အမှားများရေင်တောင်းပန်ပါတယ် ခင်ဗျာ။ ဘယ်လို ရောဂါမျိုးလို့ ခေါ်မလဲ ဆရာ။ Polio ခေါ် poliomyelitis ရောဂါကို သံသယရှိရမယ်။ poliovirus ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ကူးစက်တယ်။အများအားဖြင့် အိမ်သာကနေကူးစက်တယ်။ ကန်တော့။ တကိုယ်ရေသန့်ရှင်းရေးနည်းလို့ ဖြစ်လေ့ရှိတယ်။ သောက်ရေမသန့်လို့လည်း ကူးစက်နိုင်တယ်။ ဖြစ်ရင် အာရုံကြောတွေပျက်စီးတယ်။ ပျောက်အောင်ကုသလို့ မဖြစ်နိုင်တော့ပါ။ ဆောရီး။ မေးခွန်းပါလူနာ ပိုလီယိုဖြစ်နေတယ်လို့ ပြောနိုင်သေးတာတော့ မဟုတ်ပါ။ ဆရာဝန်ကနေ စမ်းသပ် စစ်ဆေးမှသာ ရောဂါအမည် သိပါမယ်။ ကလေးတိုင်းကို ပိုလီယိုကာကွယ်ဆေး ထိုးကြရတယ်။ ဒေါက်တာတင့်ဆွေ

10 most common diseases အဖြစ်များဆုံး ရောဂါ ၁၀ ခု

Image
1.  Atheromatous disease သွေးခဲဖြစ်စဉ်နှင့် ဆက်စပ်ဖြစ်သည့်ရောဂါများ • Chronic kidney disease နာတာရှည် ကျောက်ကပ်ရောဂါ၊ • Heart disease နှလုံးရောဂါ၊ • Atrial fibrillation (AF) နှလုံးခုန်မမှန်ခြင်း၊ • Chronic heart failure (CHF) – mainly due to IHD နာတာရှည် နှလုံးအလုပ်မနိုင်ခြင်း၊ • Ischaemic heart disease (IHD) – heart attack (myocardial infarction) and angina နှလုံးသွေးကြောကျဉ်းရောဂါ၊ • Renovascular disease ကျောက်ကပ် သွေးကြောကျဉ်းခြင်း၊ • Hypertension သွေးတိုး၊ • Peripheral vascular disease (PVD) အဖျားအနားသွေးကြောရောဂါ၊ • Stroke လေဖြတ်ခြင်း၊ 2. Cancer ကင်ဆာ • အမျိုးသား prostate, lung, bowel, head and neck, and kidney ဆီးကျိတ်၊ အဆုတ်၊ ဦးခေါင်းနှင့်လည်ပင်း၊ ကျောက်ကပ် • အမျိုးသမီး breast, lung, bowel, uterus and skin (melanoma) ရင်သား၊ အဆုတ်၊  3. Chronic respiratory disease နာတာရှည်အသက်ရှူလမ်းရောဂါ • Asthma ပန်းနာ၊ • COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ၊ • Pulmonary fibrosis, including occupational lung disease အခြားအဆုတ်ရောဂါများ၊ • Obstructive sleep apnoea (OS

Soybean ပဲပုပ်

Image
Soybeans နှင့် Soya beans က အတူတူပဲလား ဆရာ။ soybean, soy bean, or soya bean (Glycine max) = ပဲပုပ် Legume အုပ်စုထဲကဖြစ်တယ်။ Glycine max လို့ခေါ်တယ်။ Soybeans Nutrition Facts Amount Per 1 cup (186 g) Calories 830 Total Fat 37 g 56% Saturated fat 5 g 25% Polyunsaturated fat 21 g Monounsaturated fat 8 g Cholesterol 0 mg 0% Sodium 4 mg 0% Potassium 3,342 mg 95% Total Carbohydrate 56 g 18% Dietary fiber 17 g 68% Sugar 14 g Protein 68 g 136% Vitamin A 0% Vitamin C 18% Calcium 51% Iron 162% Vitamin D 0% Vitamin B-6 35% Cobalamin 0% Magnesium 130% ဒေါက်တာတင့်ဆွေ

Radiation therapy for non-cancerous tumors ကင်ဆာမဟုတ်သည်ကို ဓါတ်ကင်ကုသခြင်း

မင်္ဂလာပါဆရာရှင် ကင်ဆာမဟုတ်ဘဲဓာတ်ကင်ရတာလို့ရှိလားရှင် သမီးကြားဖူးတာတော့ကင်ဆာဖြစ်မှဓာတ်ကင်ရတယ်ကြာဖူးလို့ပါရှင်။ ကင်ဆာအားလုံးရဲ့ အနည်းဆုံး ၅၀% လောက်ကို ဓါတ်ကင်ကုသရတယ်။ ကင်ဆာမဟုတ်တာကိုလည်း ဓါတ်ရောင်ခြည်ပေးနည်း လုပ်ရတာရှိသေးတယ်။ လည်ပင်းကြီးရောဂါတချိုကနဲ့ သွေးရောဂါတချို့မှာ သုံးတယ်။ ဒေါက်တာတင့်ဆွေ

Most Common Chronic Conditions in Older Adults အသက်ကြီးသူများတွင် အများဆုံးဖြစ်တတ်သည့် ရောဂါ ၁၀ ခု

Image
Number 1: Hypertension သွေးတိုး၊ Number 2: High cholesterol ကိုလက်စထောများခြင်း၊ Number 3: Arthritis အဆစ်နာခြင်း၊ Number 4: Ischemic heart disease နှလုံးသွေးကြောရောဂါ၊ Number 5: Diabetes ဆီးချို၊ Number 6: Chronic kidney disease (CKD) နာတာရှည်ကျောက်ကပ်မကောင်းခြင်း၊ Number 7: Heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊ Number 8: Depression စိတ်ဓါတ်ကျခြင်း၊ Number 9: Alzheimer's disease and dementia ဇရာကြောင့် ဦးနှောက်ပိုင်း ချို့ယွင်းခြင်းများ၊ Number 10: Chronic obstructive pulmonary disease (COPD) နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ။ ရောဂါအားလုံးအကြောင်း ဘလော့မှာ တင်ပြထားပါတယ်။ အသက်ကြီးသူတွေ ကျန်းမာကြပါစေ။ အသက်မကြီးသေးသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

အတု အတု အတု

Image
ဆရာ ဆီချို ရောဂါသည်တွေအတွက် နို့မှုံ့ဘူးလိုဟာ သောက်ဖို့ ဆရာထောက်ခံမှုပေးထားတာတွေ့ရပါတယ် ဟုတ်ပါသလားဆရာ။ အတု အတု အတု ဆရာ့ရဲ့ ပုံပါ သုံးထားပါတယ် သိ။ ယူသုံးတဲ့ပုံတွေကလည်း အမျိုးမျိုး။ တခုမှာ အသံတုလည်းပါသေးတာ။  ပူးတွဲပါ ဆီးချိုအတွက်ဆိုတာမှာ ကျွန်တော့ပုံအမျိုးမျိုးနဲ့ ဗီဒီယိုအသံတုတွေနဲ့ တွဲတာမှန်သမျှ အတုတွေသာဖြစ်ပါသည်။ ခေတ်ကလည်း အတုသမားများ၊ အတုသမားအားပေးသူတွေကလည်း မနည်း။ ဒေါက်တာတင့်ဆွေ

Omeprazole Side effects ဆေး၏ ဘေးထွက်သက်ရောက်မှုများ

Image
ဆရာရေ ကျွန်တော့်ဖေ့စ်ဘုတ်ပေါ်မှာ အခုပုံမှာလို ကြော်ငြာသဘောမျိုး ပေါ်လာတာကိုတွေ့လို့ သေချာဖတ်လိုက်တာ omeprazole က နှလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့သဘောလား ကျွန်တော်ကောင်းကောင်းသဘောမပေါက်လို့ သေချာသိရအောင် မေးမြန်းခြင်းဖြစ်ပါတယ်။ အများဆုံးဖြစ်သည်များ ပျို့ အန် လေပွ အဆစ်နာ ဝမ်းပျက် ဗိုက်အောင့် ဝမ်းချုပ် လေပွ၊ ခေါင်းမူး။ တာရှည်ဖြစ်နိုင်သည်များ ဆေးကို ၃ လကျော်သောက်သုံးပါက Magnesium ဓါတ်နည်းလို့ မောမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်။ ခေါင်းမူးမယ်။ ကြွက်သားလှုပ်မယ်။ နှလုံးခုန် မူမမှန်ဖြစ်မယ်။ ဆေးကို ၁ နှစ်ကျော်သုံးပါက အရိုးကျိုးလွယ်မယ်။ အူလမ်းပိုးဝင်မယ်။ vitamin B12 deficiency ဘီ-၁၂ နည်းလို့ မောမယ်။ လျှာအနာ ပါးစပ်ပေါက်မယ်။ အပ်နဲ့ထိုးသလိုနာမယ်။ ဆေးနဲ့ အစာအိမ်အနာ သုတေသနလုပ်နေဆဲ။ မှတ်ချက် -  ဆေးသုတေသနတွေ နေ့တိုင်း လုပ်နေတယ်။ ဆေးသုံးစွဲရသူတွေအနေနဲ့ FDA က တားမြစ်ချက် ရှိ မရှိကိုသာ သိရန် လိုပါတယ်။  အခုစာရေးနေချိန်အထိ ဒီဆေးကို ယူအက်စ်အေမှာ OTC ခေါ် ဆရာဝန်လက်မှန်မလိုဘဲ ရောင်းပါတယ်။ Pantoprazole နဲ့ Omeprazole ဆေး https://dr-tint-swe.blogspot.com/2021/09/pantoprazole-omeprazole.html  ဒေါက်တာတင့်ဆွေ

Tacrolimus ointment လိမ်းဆေး

Image
ဆရာရှင့် ဒီဆေးက antibiotics လား antiseptic လား ရှင့် ပဋိဇီဝဆေး ခေါ် ပိုးသေဆေး မဟုတ်ပါ။ Tacrolimus topical လိမ်းဆေးကို နှင်းခူလို ပျောက်နိုင်ခဲတဲ့အနာတွေအတွက် ပေးတယ်။ ဥပမာ Atopic dermatitis အနာ။ Tacrolimus ဆေးဟာ immunosuppressive agent ခုခံအားနှိမ်ပေးတဲ့ဆေး ဖြစ်တယ်။ အများအားဖြင့် အင်္ဂါအစိတ်အပိုင်းလဲတဲ့ ခွဲစိတ်ကုသမှုမှာ ပေးတယ်။ Tacrolimus စာဆေးသောက်နေချိန်မှာ potassium ပိုတက်ဆီယမ်များတဲ့အစားအစာတွေ ဥပမာ ငှက်ပျောသီး၊ လိမ်မော်သီး၊ အာလူးသီး၊ ရှောက်ပန်းသီး စတာတွေ မစားသင့်။ ဒေါက်တာတင့်ဆွေ

Symptoms of uterine cancer သားအိမ်ကင်ဆာ လက္ခဏာများ

Image
သားအိမ်ကင်ဆာက ဘယ်လိုလက္ခဏာတွေ ဖြစ်တက်လည်း(ဖြစ်တတ်လဲ)ဆိုတာ ဖြေပေးပါလားဟင်သိတဲ့သူများ ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ မေးထားတာကို အမှတ်တမဲ့မြင်မိတာ။ ကင်ဆာနေရာမှာ စာလုံးပေါင်းသတ်ပုံပြင်ပေးတာ မကြိုက်လို့ မေးခွန်းအောက်ကနေ မဖြေတော့ပါ။ စည်းကမ်းထားတာတော့ ကောင်းပါတယ်။ သားအိမ်ကင်ဆာ လက္ခဏာများ ၁။ မွေးလမ်းကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းဟာ ပင်မလက္ခဏာဖြစ်တယ်။ ပုံမှန်မဟုတ်ဆိုတာ လစဉ်ရာသီ ရက်၊ လ မမှန်တာ၊ ကြားရက်ဆင်းတာ၊ သွေးဆုံးပြီးမှ ပြန်ဆင်းတာ။ ၂။ တခြားလက္ခဏာများ • ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းတာက အနံရခြင်း၊  • သွေးသာမက ဆင်းခြင်း၊ • အတူနေစဉ် မနာသင့်ဘဲနာခြင်း၊ • တင်ပါးဆုံတွင်းနာခြင်း၊ လေးလံနေခြင်း၊ • ဆီးသွားစဉ်နာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခြင်း၊ • ဝမ်းသွားတာ ပုံမှန်မဟုတ်ဖြစ်လာခြင်း၊ • ဗိုက်ဖောင်းခြင်း၊ ဖျင်းခေါ် ဗိုက်ထဲအရည်အောင်းခြင်း၊ • ကိုယ်အလေးချိန်ကျခြင်း၊ • အစားအသောက်ပျက်ခြင်း၊ ဒေါက်တာတင့်ဆွေ

အတုနောက်တမျိုးဖြစ်ပါသည်

Image
ကျွန်တော့ပုံတွေ အမျိုးမျိုးကို ခိုးယူအသုံချနေခြင်းဖြစ်ပါသည်။ လူတွေ ဘယ်နှစ်ယောက် အလိမ်ခံရပြီး မသိပါ။ ခေတ်ကလည်း ဘယ်အကြောင်းအရာမဆို မမှန်တာ၊ လွဲတာ၊ မှားတာ၊ မှားအောင်ပြင်ထားတာတွေက အဟုတ်ကြီးတင်နေသူက အလွန့်အလွန် များပါသည်။ ဒေါက်တာတင့်ဆွေ

Pilonidal Sinus အနာ

Image
ဆရာရှင့် နားထဲမှာအနာပေါက်တဲ့အကြောင်းလေး တင်ပေးပါအုံးရှင့် သမီးက အနာပေါက်လို့ နားအနောက်(နားနောက်)ကနေ ခွဲရသူပါ အကြားအာရုံလည်းမရ အနာကလည်နှလ(နှစ်လ)ကျော်တောင်မကျက် နားကအဲ့လိုဘဲ ကြာလားရှင့် အနာကသေးသေးလေးကျန်ပြီး ပြည်အနည်းငယ်ထွက်နေပါတယ် စိတ်ဓာတ်တွေလည်းကျနေပါပြီရှင့် လေးစားလျက်ပါဆရာရှင့် ပြည်ထွက်တဲ့အနာအတွက် ပိုးသေဆေးနဲ့ အနာသက်သာဆေး လိုမယ်။ ဆေးထည့်ရမယ်။ ပြည်ကုန်အောင်ထွက်စေရမယ်။ နောက်အနာတမျိုးက ဆိုင်းနပ်စ် လို့ခေါ်တယ်။ လမ်းကြောင်းလိုဖြစ်နေတာ။ ကြာတတ်တယ်။ ကုသနည်း တမျိုးပါ လိုတတ်တယ်။ ဥပမာ ခြစ်ထုတ်ပစ်နည်း။ မေးခွန်းပါအနာ ဘယ်လိုလဲ သေချာ မသိသေးပါ။ နားအနောက်ကနေခွဲပြီးပြည်ခြစ်ထုပ်(ထုတ်)ထားတာပါရှင် အဲ့လိုဘဲသိပါတယ် ဆရာဝန်ကဘားမမပြောဘူးရှင့် ခွဲပြီးလည်းထပ်ခွဲပြီးခြစ်ရသေးလားရှင့်မအားတဲ့ကြားကဖြေပေးတဲ့ဆရာ ကိုအထူးကျေးဇူးတင်လို့ မျက်ရည်ပါကျတယ်ဆရာရှင့် Sinus အနာဆိုရင်သာ မပျောက်သေးရင် ခြစ်ထုတ်ရတတ်တယ်။ မေးတဲ့သူအနာ အဲလို ဟုတ် မဟုတ် မသိသေးပါ။ ဆေးစာထဲမှာ ရေးဂါအမည် မပါ။ ထပ်ဖြေရန် မရှိသေးပါ။ ပြောဦးမယ်။ နားအနောက် မဟုတ်။ နားနောက်လို့ ရေးရတယ်။ နောက် နဲ့ အနောက်၊ ရှေ့ နဲ့ အရှေ့ မှားရေးနေသူတွေ များတယ်။ အနောက်ဆိုတာ နေဝင်ရာအရပ်။

Hepatitis B Transmission အသဲရောင် ဘီပိုးကူးစက်နည်းလမ်းများ

Image
ဆရာခင်ဗျ။ Hepatitis B အကြောင်းလေး သိချင်လို့ပါ ဆရာ။ ဆရာရေးထားတာတွေလည်း ဖတ်ပြီးပါပြီ ဆရာ။ ဒါပေမယ့် ကျွန်တော် စိတ်ပူတာလေး တခု ရှိလို့ပါ ဆရာ။ ဆရာ အချိန်ရရင် တချက်လောက် ဖြေပေးဖို့ တောင်းဆိုပါတယ် ဆရာ။ Hepatitis B (B ပိုး) က တံတွေးကနေတဆင့် ကူးစက်နိုင်လား ဆရာ။ ဒီနေ့ သူစိမ်းတယောက်နဲ့ ကော်ဖီသောက်ရင်း အလောတကြီးသွားစရာလို့ ခွက်မှားပြီး သောက်မိပါတယ် ဆရာ။ သူနဲ့ကလည်း အရမ်းရင်းနှီးတဲ့လူလည်း မဟုတ်တော့ သူ့မှာ B ပိုးရှိလားလဲ သေချာ မသိဘူး။ စိတ်ပူလို့ အင်တာနက်ကနေ ရှာကြည့်တော့ CDC က ဖြစ်ဖို့လုံးဝ ရာနှုန်းနည်းတယ်ပြောထားပြီးတော့ တခြား Gov web တွေကလည်း အဲ့လိုပဲ ရေးထားပါတယ် ဆရာ။ ဒါပေမယ့် တချို့တလေတွေကလည်း ကူးစက်နိုင်တယ်လို့ရေးထားတာတွေ့လို့ Facebook မှာ ရှာကြည့်တာ ချွေးကနေ ကူးတယ်လို့လည်း ပြောထားပါတယ်။ လူက လုံးဝ စိတ်ပူနေတာကြောင့် အခုလို ဖြစ်ခဲ့တာကြောင့် ကူးစက်နိုင်လား မကူးစက်နိုင်လားဆိုတာ လိုက်မေးပေမယ့် အဖြေအမျိုးမျိုးထွက်နေပါတယ် ဆရာ။ ဒါ့ကြောင့် ဘယ်ဟာကို အတည်ယူလို့ ရမလဲခင်ဗျ။ HbsAg ကိုလည်း (အစောဆုံး) ဘယ်ချိန်လောက် စစ်သင့်လဲခင်ဗျ။ အသဲရောင် ဘီပိုးကူးစက်နည်းလမ်းများ အသဲရောင် ဘီပိုးဟာ ပိုးရှိသူရဲ့ သွေး၊ သုက်ရည် နဲ့

Hepatitis B vaccine အသည်းရောင် ဘီပိုးကာကွယ်ဆေး မေးခွန်း

Image
မေးခွန်း = မင်္ဂလာပါဆရာခင်ဗျ ကျွန်တော် လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က B ကာကွယ်ဆေးထိုးထားဖူးပါတယ်ခင်ဗျ Antibody စစ်တော့ 1000 IU/L ကျော်ပါတယ်ခင်ဗျ အခု နိုင်ငံခြားထွက်ဖို့လုပ်နေတော့ Antibody ပြန်စစ်ကြည့်တာ 24.71 mIU/ml ပဲရှိပါတယ်ခင်ဗျ အဲ့တာ B ကာကွယ်ဆေးပြန်ထိုးဖို့လိုပါသလားခင်ဗျ အဖြေ = An immunity score (titre) above 100 mIU/ml is regarded as adequate. Around 10-15% of adults and children fail to respond to three doses of vaccine or respond poorly. Poor responders with titres of 10 to 100 mIU/ml need a booster and very poor responders with a titre below 10 mIU/ml need a repeat course. 100 mIU/ml နဲ့အထက်ရှိတာ ကောင်းတယ်။ 10 to 100 mIU/ml သာရှိသူတွေ booster ထပ်ထိုးရမယ်။ 10 mIU/ml သာရှိသူတွေ ၃ လုံး ကို့စ် ပြန်ထိုးရမယ်။ မေးခွန်း = Antibidy 24.7 ရှိတာ ဆေးခန်းက အစကသုံးလုံးပြန်ထိုးရမယ်ဆိုပြီး တစ်လုံး(တလုံး)ထိုးပေးလိုက်တယ်ဆရာ ဘယ်လိုလုပ်ကမလဲ(လုပ်ရမလဲ)ဆရာ booster ဆိုတာကလဲ အဲ့ဆေးကို တစ်လုံး(တလုံး)ထပ်ထိုးရတာပဲလားဆရာ ရှားပါးနေတဲ့အချိန် booster ပဲထိုးဖို့လိုရင် booster ပဲထိုးချင်ပါတယ်ဆရာ သုံးလုံးအစကဆို ကုန်ကျစ

Cement ဘိလပ်မြေအလုပ်နဲ့ ကျန်းမာရေး

Image
၁။ ဆရာရှင့် ကျွန်မ၏အကိုဖြစ်သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေပါတယ်ရှင့်၊ အသက်က ၄၅ နှစ်ပါ၊ အလုပ်က ဘိလပ်မြေ‌ဖျော်ပြီး ကွန်ကရစ်ကို ကျောက်စည်အသေးစားပုံစံမျိုးတွေ လုပ်ရတာပါရှင့်၊ အခု အကိုဖြစ်သူမှာ ဘိလပ်မြေနဲ့ထိတွေ့ရာနေရာတွေမှာ ပုံထဲကအတိုင်း ယားနာတွေဖြစ်နေပြီး ပိုဆိုးလာနေလို့ ဆရာလမ်းညွှန်ပေးပါဦးရှင့်  ၂။ ဆရာရှင့် သမီးတို့စက်ရုံက Ready Mixed Concrete ဖျော်တဲ့စက်ရုံဖြစ်ပါတယ်။ စက်ရုံတွင်း concrete ဖျော်ရာတွင် အသုံးပြုရသည့် cement အမှုန်များလွှင့်နေပြီး စက်ရုံအတွင်းရှိ ဝန်ထမ်းများမှာ ၎င်းအမှုန်များအား ရှုရိုက်နေရပါသည်။ ထို့ကြောင့် cement အမှုန်များရှုသွင်းမိလျှင်သော်လည်းကောင်း၊ cement များကိုင်တွယ်ပြီး လက်မဆေးမိပဲ အစာစားမိ လျှင်သော်လည်းကောင်း ကျန်းမာရေးနှင့်ပါတ်သက်၍မည်သို့ထိခိုက်နိုင်ပြီး မည်သည့်ရောဂါများဖြစ် စေနိုင်သည်ကို သိချင်ပါသည်ဆရာ။ ထိုသို့သိမှသာ ဝန်ထမ်းများအား ကျန်းမာရေးနှင့်ပါတ်သက်ပြီး ပိုမိုအသိပေးနိုင်မည်ဖြစ်ပြီး PPE (Personal Protective Equipment) ဝတ်ဆင်ရာမှာရန်အတွက်လည်းပိုမိုထိထိရောက်ရောက်ပြောနိုင်မည်ဖြစ်သည့် အတွက်ကြောင့်ဖြစ်ပါသည်။ သမီးတို့အနေဖြင့်လည်း ဝန်ထမ်းများ၏ကျန်းမာရေးနှင့်ပါတ်သက်

အတု အလိမ် အညာ

Image
ဒီအတုစာမျက်နှာ ပေါ်ကတည်းက တဦးပြီးတဦးက ပို့ပေးကြပါတယ်။  အတု စာအရေးအသား တမျိုးတည်း မဟုတ်ပါ။ အခုစာထဲမှာ ကျွန်တော့မှာ ဆီးချိုရှိသတဲ့။ ဆီးချို မရှိပါ။ အတုလုပ်သူက ထပ်လိမ်တာ။ ကျွန်တော့ဓါတ်ပုံကိုလည်း ခိုးထားတယ်။ ကျေးဇူးပြုပြီ ရီပို့လုပ်ပေးကြစေလိုပါတယ်။ အတူက ဖေ့စ်ဘွတ်သာမက ဘလော့လည်း အတုရှိသေးတယ်။ ဘလော့တော့ ရီပို့လုပ်မရဘူးထင်တယ်။ ဒေါက်တာတင့်ဆွေ

Edema Legs ခြေထောက်ရောင်

Image
ဆရာရှင့် ချေတောက်(ခြေထောက်)တွေ ရောင်တာ ညဖက်ရေစိမ်ပေးတာရလား မေးနည်း ပို့ထားပြီး။ ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။ ဖြေမရ။ ရမ်းမဖြေ။ ဆောရီး။ အသက် ၅၆ပါဆရာ ၂ ခါမေးတော့ အသက်သိလာပြီ။  ကျားမ-မ မပြောသေး။ နောက်တခါ ပြောကောင်း ပြောမည်။  ဖြစ်တာဘယ်လောက်ကြာ နောက်တခါ ပြောကောင်း ပြောမည်။ အမျိုးသားဖြစ်နေတာ ၂နစ်ကျော်နေပီ(ပြီ) မနက်စို(ဆို)မရောင် ညနေအလုပ်ကပြန်လာပီ(ပြီ)စို(ဆို)ခြေတောက်နစ်(နှစ်)ဘက်လုံးရောင်တယ် နာကြင်ခြင်းတော့မရှိပါဘူး ဘာဖြစ်သလဲ မပြောနိုင်သေး။ အလုပ်အကိုင်မှာ လူအနေအထားကြောင့်လည်း ခြေထောက်ရောင်တာလည်း ရှိနိုင်တယ်။ နားတဲ့အချိန်မှာ ရောင်တဲ့အပိုင်းကို အနည်းငယ် မြှင့်တင်ထားပါ။ အငန်လျှော့စားပါ။ ဒီအရွယ်မှာ အမျိုးသား အမျိုးသမီးတိုင်း ဆီးချိုနဲ့ သွေးတိုး စစ်ရပါမယ်။ လူက ဝရင် ကိုလက်စထော ခေါ် အဆီဓါတ်လည်း စစ်ရမယ်။ ကိုယ်ရောင်းသူတိုင်း အငန် (ဆား၊ ဆိုဒီယမ်) မတည့်ပါ။ နည်းနည်းသာ စားရမယ်။ ဒေါက်တာတင့်ဆွေ

Aba ခေတ်ရောဂါများ

Image
အဘရောဂါ ဘဘရောဂါ  သားရောဂါ၊ သမီးရောဂါ အသက်ကြီးသူကို လေးစားလို့ ယဉ်ကျေးမှုအရ ဖြစ်လို့ ဘလာဘလာဘလာ လို့ ဖြေရတာ တင်ရာတွေ များလွန်းလှပြီ။ အဘရောဂါ မပျောက်သေး။ မနေ့တယောက်၊ ကနေ့တယောက်။ တကြိမ်တခါမှ မသိဘူး၊ မမြင်ဘူး၊ မကြားဘူးသူတွေကနေ ဆရာဝန်ကို အမျိုးစပ်ခေါ်တိုင်း ခေါင်းရှုပ်ရတယ်။ အမျိုးထဲကလားလို့ ပြန်ပြန်မေးနေရတာ။  သားနဲ့ သမီးလို့ရေးကြတာတွေကိုလည်း ရှင်းအောင် ပြန်မေးရတယ်။ လူမြင် အဘခေါ်ချင်တဲ့ ရောဂါ နည်းတော့နည်းလာပါင်္ပြီ။  အဘလို့ခေါ်သူတွေ အသက်ကြီးလာရင် အဘအခေါ်ခံချင်ကြလိမ့်မယ်။ အဘခေတ် ကျဆုံးပါစေ။ ဒေါက်တာတင့်ဆွေ

Common Diseases လူတို့၏ အဖြစ်များရောဂါများ

Image
Noncommunicable diseases (NCDs) ကူးစက်ရောဂါမဟုတ်သောရောဂါများ • NCDs ကြောင့် နှစ်စဉ် လူပေါင်း 41 သန်းသေဆုံးနေရတယ်။ သေဆုံးမှုအားလုံးရဲ့ 71% ရှိ်တယ်။ • အသက် ၃၀ ကနေ ၆၉ နှစ်ကြားရှိသူတွေ နှစ်စဉ် 15 သန်းကျော် သေဆုံးရတယ်။  • ဝင်ငွေ အသင့်အတင့်ကနေ နည်းတဲ့ တိုင်းပြည်တွေက 85% ပါတယ်။ • နှလုံးသွေးကြောရောဂါတွေကြောင့် သေဆုံးရသူပေါင်း 17.9 သန်း။  • ကင်ဆာနဲ့သေဆုံးရသူ 9.3 သန်း။  • အသက်ရှူလမ်းရောဂါတွေ 4.1 သန်း။  • ဆီးချို 1.5 သန်း။ Non-Communicable Diseases အများဆုံးဖြစ်သည့် မကူးစက်သည့်ရောဂါများ 1. Alzheimer's အယ်လ်ဇာမိုင်းယား 2. Asthma ပန်းနာ 3. Cataracts မျက်စိအတွင်းတိမ် 4. Chronic Kidney Disease နာတာရှည်ကျောက်ကပ်ရောဂါ 5. Chronic Lung Disease နာတာရှည်အဆုတ်ရောဂါ 6. Diabetes ဆီးချို 7. Fibromyalgia ဖိုက်ဘရိုမိုင်းလ်ဂျီးယား 8. Heart Disease နှလုံးရောဂါ Infectious diseases အများဆုံးဖြစ်သည့် ကူးစက်ရောဂါများ 1. Hepatitis B အသည်းရောင် ဘီ 2. Malaria ငှက်ဖျား 3. Hepatitis C အသည်းရောင် စီ 4. Dengue သွေးလွန်တုပ်ကွေး 5. Tuberculosis တီဘီ The 15 Most Common Health Concerns for Seniors အသက်ကြီးများများတွင် အဖြစ်မ

Undifferentiated Pleomorphic Sarcoma ဆာကိုးမား

Image
ကျမယောကျ်ားက အသက်၃၈နှစ်ပါ ညာဘက် ပေါင်ခြံမှာ အကျိတ်ပေါက်လို့ ခွဲပြီးပါပြီ Pleomorphic sarcoma တဲ့ သေသေချာချာ ကုသရင် ပျောက်ကင်းနိုင်လားရှင် အရမ်းစိုးရိမ်သောက များနေရလို့ပါ ဆာကိုးမား ပျောက်သွားတဲ့သူတွေ အားပေးပါအုံးနော် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာအမျိုးအစားထဲကဖြစ်တယ်။ ကုသနည်းကိုသာ ရေးမယ်။ ခွဲစိတ်ကုသရမယ်။ ဖြစ်တဲ့ဘက်ကို ဖြတ်ရတယ်ဆိုတာ ရှားတယ်။ ဓါတ်ကင်နည်း ဆက်လုပ်မယ်။ တချို့လူနာတွေကို ဓါတ်ကင်တာ အရင်လုပ်တယ်။ ဘေးကိုပြန့်နေသူတွေကို ခီမိုသာရာပီလည်း ပေးတယ်။ ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရပါမယ်။ ၆ လတခါ၊ ၂ နှစ်ကြာ။ နောက် တနှစ်တခါ၊ ၁၀ နှစ်ကြာ။ ဒေါက်တာတင့်ဆွေ

Mucopolysaccharidoses ဆိုတာ

Image
ဆရာရှင့် mucopolysaccharidosis ရောဂါကို ဘာသာပြန်လေး သိချင်ပါတယ် အသက် ၁၁ နှစ်အရွယ် သားလေး ဆုံးပါးသွားပြီး သူ့ညီလေးပါ ဒီရောဂါမို့ ရောဂါအကြောင်း မြန်မာလိုလေး အနည်းငယ် သိချင်ပါတယ် ကုသမရဘူးဆိုတာ သိပေမယ့် သက်တမ်းတိုတယ်ဆိုတာလဲ သိပေမယ့် နည်းနည်း သက်သာစေမယ့်နည်း အဆင်ပြေမယ့်နည်းလေးလဲ သိချင်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ရေရေရာရာမသိ လူတရာမှာ တယောက်မဖြစ်တတ်တဲ့ ရောဂါကို သားနှစ်ယောက်လုံးမှာ ဖြစ်တော့ သူတို့ကိုကြည့်နေရင်း လက်လွှတ်ရတာ ခံပြင်းလာလို့ပါဆရာ။ မြန်မာပြည်မှာ ပြတာ ဘယ်ဆရာဝန်မှ တိကျတဲ့အဖြေကို မဖြေဘူး။ထူးဆန်းတဲ့ ရောဂါ ရှားပါးရောဂါဆိုပြီး စာမေးပွဲစစ်တဲ့ထဲပဲ ကလေးတွေကို ထည့်ချင်နေကြလို့ပါ Mucopolysaccharidoses ဆိုတာ ဇီဝဖြစ်စဉ်ချို့ယွှ်ုးချက်ပါရှိတဲ့ ရောဂါအစုကိုဖေါ်တယ်။ မျိုးဗီဇလိုက်တယ်။ ရောဂါရှိသူတွေမှာ အင်ဇိုင်းတချို့ အလုပ်ပုံမှန်မလုပ်နိုင်ကြပါ။ ဦးခေါင်း ကြီးနေမယ်။ အရပ်ပုမယ်။ မျက်စိတိမ်ဖုံးသလိုဖြစ်နေမယ်။ နားအကြားချို့ယွင်းမယ်။ အသက်ရှူလမ်းအထက်ပိုင်း ရောဂါပိုးဝင်လွယ်မယ်။ အသည်း၊ ဘေလုံး၊ နှလုံးတွေ ကြီးနေမယ်။  အထူးကုဆရာဝန်နဲ့ ကုသရပါမယ်။ mucopolysaccharidosis type 1 အမျိုးအစားကို Hematopoietic stem cell tr

Zinc Sulfate Dosage ဇင့်ဓါတ် ဘယ်လိုပေးမလဲ

Image
ဆရာ မဂ်လာပါ ရှင့် သမီးလေးရဲ့အရေပြားဆရာဝန်က ဒီဆေးကို 2.5 ml နေ့တိုင်း တိုက်ခိုင်းပါတယ်  သူ့အရေပြားအတွက်ပါရှင့် သမီးလေးက အသက် ၃နှစ် ၅ လ ရှိပါပြီ ဆရာ့အနေနဲ့ အကြံဥာဏ်လေးပေးပါ တိုက်သင့် သလား ရေရှည်ကော ဘာဖြစ်နိုင်မလဲ စိုတာ (ဆိုတာ) ကျေးဇူးတင်ပါတယ်ရှင် Ora Zinc (Zinc Sulphate Syrup) Zinc Sulfate Dosage ကလေး အသက်အလိုက် Usual Pediatric Dose for Dietary Supplement 0 to 6 months: Male: 2 mg (Upper intake limit: 4 mg) Female: 2 mg (Upper intake limit: 4 mg) 7 to 12 months: Male: 3 mg (Upper intake limit: 5 mg) Female: 3 mg (Upper intake limit: 5 mg) 1 to 3 years: Male: 3 mg (Upper intake limit: 7 mg) Female: 3 mg (Upper intake limit: 7 mg) (မေးခွန်းပါ ကလေး) 4 to 8 years: Male: 5 mg (Upper intake limit: 12 mg) Female: 5 mg (Upper intake limit: 12 mg) (မေးခွန်းပါ ကလေး) 9 to 13 years: Male: 8 mg (Upper intake limit: 23 mg) Female: 8 mg (Upper intake limit: 23 mg) 14 to 18 years: Male: 11 mg (Upper intake limit: 34 mg) Female: 9 mg (Upper intake limit: 34 mg) Pregnancy: 12 mg (Upper intake limit: 40 mg

valsartan 80 ဘေးထွက်သက်ရောက်မှုများ

Image
၁။ မင်္ဂလာပါဆရာရှင့် ကျမ အမေက အသက် ၇၂ နှစ်ပါ နှလုံးသွေးကြောကျဥ်းတာ ၉နှစ်ရှိပါပီ(ပါပြီ) ပါမောက္ခတယောက်နဲ့ပြနေတာ ၉နှစ်ရှိပါပီ(ပါပြီ) သွေးကြောကို stent ထောက်ထားရပါတယ် Febo G 40 Atovastatin 20 Valsartan 80 Vastarel mr  metpure xl 12•5ကို တခြမ်းစီ ecosprin သောက်နေရပါတယ် သိထားသလောက်က xl တို့ mr တို့ပါတဲ့ဆေးတွေက တခြမ်းချိုးပီး(ပြီး) မသောက်ရဘူးလို့ဖတ်ရပါတယ် ဒါကို ဆရာဝန်က metpure xl 12•5ကို တခြမ်းစီသောက်ခိုင်းပါတယ် ပြန်မမေးရဲလို့မမေးဘဲသောက်လာတာ နှစ်တွေကြာပါပီ(ပါပြီ)ဆရာရှင့် အန္တရာယ်ရှိပါလားရှင့် valsartan 80 ကလဲ ကင်ဆာဖြစ်စေတဲ့ပါတယ်ဆိုတာရော ဟုတ်လားဆရာရှင့် နှစ်ရှည်ဆေးသောက်နေရတာရော အသက်အရွယ်ကြီးနေတာ ဖြစ်တဲ့အတွက် ဆေးကြောင့်ထပ်ပီး(ပြီး)အန္တရာယ်ဖြစ်မှာလဲကြောက်လို့ပါ ဆေးပြားတွေကို မခြမ်းရလို့ မရှိပါ။ ဆေးရည်ကို တဝက်မခွဲရလို့လည်း မရှိပါ။ ဆေးအလေးချိန်ညီရင် သောက်နိုင်တယ်။ valsartan 80 ဘေးထွက်သက်ရောက်မှုများ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ ဝမ်းပျက်၊ အဆစ် + ကြွက်သားတွေနာ။ ကင်ဆာ မပါ။ တဝမ်းပူသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။  ၂။ ဆရာ တွဲပို့ထားတဲ့ဆေးတွေက မေမေ့ကို (အသက် ၈၆နှစ်) လက်ရှိ ဆရာဝန် တိုက်နေတဲ့ဆ