Posts

Showing posts from May, 2023

Questions ဘာတွေ မေးကြသလဲ

Image
• မေးကြလွန်းလို့ • တင်ပါအုန်းဆိုလို့ • ခဏခဏမေးကြလို့ အဲလိုဟာတွေကို မကြာခဏဖတ်ရတယ်။ ကျွန်တော့ကို မေးကြတာတွေက အချိန်ကာလအရ ပြောင်းနေပါတယ်။ ဆေးပညာစာတွေ စရေးစဉ် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကိုယ်ဝန်နဲ့ဆိုင်တာတွေ အမျိုးမျိုးမေးကြတယ်။ တားနည်းတွေ၊ ဖျက်နည်းတွေ၊ ဆီးစစ်နည်းတွေ စသဖြင့်။ လိင်ကတဆင့်ကူးစက်ရောဂါတွေလည်း ပါတယ်။ ရာသီအလိုက် တုပ်ကွေး၊ ဝက်သက်၊ ရေကျောက် စတာတွေ မေးကြတယ်။ နောက်မှာ ကင်ဆာ၊ ကင်ဆာ၊ ကင်ဆာ။ နောက်တော့ ရောဂါမျိုးစုံ မေးကြတယ်။ HIV TB အသည်းရောင် B နဲ့ C စတာတွေ။ အခုတော့ ကင်ဆာကို ဖေ့စ်ဘွတ်ကိုသာ မေးကြတော့တယ်။ ရောဂါမျိုးစုံကိုလည်း ဖေ့စ်ဘွတ်။ အခုဘာတွေမေးကြသလဲ။ အရင်လိုမေးခွန်းတွေ အလာကျဲသွားပြီ။ ဖေ့စ်ဘွတ်ကနေ အဖြေမရတာတွေသာ မေးကြတယ်။  မေးကြလွန်းလို့ ဆိုတာ မရှိပါ။ တင်ပါအုန်းဆိုလို့ ဆိုတာ မရှိပါ။ ခဏခဏမေးကြလို့ ဆိုတာ မရှိပါ။ ဖြေရတာ သက်သာလာပါတယ်။ အဲတော့ မြန်မာစာ ရေးချိန်ရလာတယ်။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Chemotherapy and your blood sugar ကင်ဆာ ခီမိုသာရာပီ နှင့် ဆီးချို

Image
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မြန်မာပြည်မှာ ကင်ဆာကို ဆရာဝန်ကို မေးလေ့မရှိတော့ပါ။ ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း တပုံတပင်။ ဆီးချိုရှိသူကို ကင်ဆာအတွက် ခီမိုသာရာပီပေးရရင် သကြားဓါတ် တက်လာတာဖြစ်နိုင်။ ကျတာလည်း ဖြစ်နိုင်တယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျုးကြောင့် ဖြစ်တယ်။ ခီမိုသာရာပီကြောင့် အစားပျက်၊ ပါးစပ်အနာပေါက်၊ ဝမ်းပျက်စတာတွေကြောင့် သကြားဓါတ် ကျနိုင်တယ်။ Asparaginase ဆေးနဲ့ busulfan ဆေးတွေက ဆီးချိုတက်စေနိုင်တယ်။ ဆီးချိုအတွက် ဆရာဝန်က ဆေးတိုး ဆေးပြောင်း လုပ်နိုင်တယ်။ ဆီးချိုသမားတွေ စားသောက်ရမဲ့ အစားအသောက်ကို ပိုဂရုစိုက်ရမယ်။ ကင်ဆာအထူးကုဆရာဝန်က လိုအပ်သူတွေကို ဆေးအလေးချိန် ပြောင်းပေးကောင်း ပေးမယ်။ ဖေ့စ်ဘွတ်ကင်ဆာနေရာတွေကလည်း ဆရာဝန်က ဝင်ဖြေရင် တင်မပေးကြတော့ပါ။ မက်စင်ဂျာ ဖတ်ပါရန်။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

ဆေးစစ်ချက်

Image
၁။ ကင်ဆာဘယ်အဆင့်ရောက်နေလဲပြောပြပေးကြပါဦး စောစောက တယောက်မေးတာကို ဖြေပြီးပြီ။ အခုက တယောက်။ ၂။ ကျမ ရင်သားကင်ဆာလူနာပါရှင်။ ဆေးစစ် results တွေပါ။ အဆင့် ဘယ်လောက်လဲ သိရင် ပြောပြပေးစေလိုပါတယ်ရှင် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ နေ့တိုင်းနေ့တိုင်း ကင်ဆာနေရာ ၂ခုကို ၃-၄ ကြိမ်သွားသွားဖတ်ပါတယ်။ ဖြေသင့်တာ ဖြေတတ်တာဆို ဖြေတယ်။ ကင်ဆာဆိုရင် အဆင့်ကိုသိလိုကြတယ်။ ဆေးစစ်ချက်တိုင်းမှာ Stage ခေါ် အဆင့်မပါ။ တချို့မှာ Grade ဂရိတ်။ တခါတခါ Level စသဖြင့် ပါတယ်။  ၁။ မလိုလို့ အဆင့်မပါတာဖြစ်တယ်။  ၂။ အဆင့်အတွက် နောက်စစ်နည်းလိုတာလည်း ရှိနိုင်တယ်။ လူနာ လူနာရှင်တွေက အသေးစိတ်သိရန် မလိုအပ်ပါ။ ကုသပေးတဲ့ဆရာဝန်တွေကတော့ ဆေးစာနဲ့ အသေးစိတ်သိကြတယ်။ လူနာ လူနာရှင်တွေက အထူးကုဆရာဝန်တွေ ညွှန်သလို စနစ်တကျ လိုက်နာရပါမယ်။ တချို့ လူနာနဲ့ လူနာရှင်တွေက ဆေးစစ်တာကိုသာ အဓိကထားနေကြတာ မမှန်ပါ။ တချို့က ဘန်ကောက်သွားစစ်ပြီးပြီ မပျောက်ဘူးတဲ့။ ကင်ဆာဆိုရင် စောစောသိရမယ်။ စနစ်တကျ ကုသရမယ်။ ပြန်ပြချိန်မှာ ပြန်ပြရပါမယ်။ ဒီစာကို မေးသူက အမည်မသိလို့ရေးထားတဲ့အတွက် တိုက်ရိုက် ပို့မရပါ။ ကင်ဆာနေရာတွေကလည်း ဆရာဝန်ကဖြေတာကို ချက်ချင်း ဖေါ်ပြခြင်းမပြုဘဲ စောင့်ခိုင်းတယ်။

သန့်ဆေးဆိုတာ

Image
မင်္ဂလာပါရှင် ရင်သားကင်ဆာ ဆေးခြောက်ကြိမ်သွင်းပြီး ကင်ဆာဆေး Letrozole Denk မနေက စသောက်နေရပါပြီးဆရာ ရှင့် အဲ့ဒီဆေးတွေက သောက်တာကြာရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ အရိုးနာ အရိုးပါးတာတွေ ဖြစ်တတ်လို့ ( - ) ကထုတ်တဲ့အရိုးသန်ဆေး ကို သောက်လို့ရပါသလား ရှင် အရွယ်ရအမျိုးသမီးတိုင်း ကယ်လ်စီယမ်လိုတဲ့အကြောင်း ခဏခဏ တင်ပြတယ်။ ဆေးသုတေသနတွေအရ ရေးတာဖြစ်တယ်။ ဆေးအမည်မှာလည်း ကယ်လ်စီယမ်လို့ ရေးတယ်။ ကယ်လ်စီယမ် အလေးချိန်ပါ အတိအကျရေးရတယ်။  ဘယ်ကထုတ်တာဖြစ်ဖြစ်၊ ဘယ်တိုင်းပြည်ကလို့ အမည်နဲ့ဖြစ်ဖြစ်၊ သွေးသန့်ဆေး၊ ချွေးသန့်ဆေး၊ အူသန့်ဆေး၊ သားအိမ်သန့်ဆေး၊ ဦးနှောက်သန့်ဆေး၊  ဘာသန့်ဆေး ညာသန့်ဆေးတွေဆိုတာ ဆေးသုတေသန မရှိ သို့မဟုတ် မပြည့်စုံ၊ ကြောငြာဆေးတွေသာဖြစ်တယ်။ မေးခွန်းပါအမည်ကို မထည့်တော့ပါ။ အားနာရတယ်။ ဘယ်အရာမဆို ဝယ်ချင်သူပေါအောင် အမည်ပါတာမှန်သမျှ သိပ်မဟုတ်တော့ပါ။ ဒေါက်တာတင့်ဆွေ

အကြော

Image
အကြော ညှပ်သာဘာလုပ်ရပါလဲဆရာ ခဏခဏ (ခဏခဏ) ဖြေရတယ်။ အမှန်က ပြန်မေးရတာ။ အရပ်သုံးစကားလုံး အကြာ ဆိုတာ ဘာလဲ။ ဆေးစာမှာ အာရုံကြော၊ သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ လင့်ဖ် ခေါ် သွေးပြန်ရည်ကြောလို့ ရှိတယ်။ ရှိသေးတယ်။ မေးခွန်းမေးသူတွေကို မေးတော့ တချို့က ကြွက်သားတဲ့။ တချို့က  အရိုးတဲ့။ တချို့က  အဆစ်တဲ့။ တချို့က  ဟိုလိုလိုဒီလိုလို။ ဇက်၊ ဂုတ်ပိုး၊ လက်ပြင်၊ နောက်ကျာ၊ တင်ပါးခွ၊ ဒူးကောက်ကွေး၊ ခြေချင်းဝတ်၊ ဖနောင့်၊ စသည်။ ဆရာဝန်ကတော့ ကလေး-လူကြီး-အသက်-ကျား-မ ရဲ့ ဘယ်နေရာမှာ၊ ဘာဖြစ်နေ၊ ဘယ်လောက်ကြာ၊ ဘယ်လိုခံစားလို့ မေးရင်တော့ ဖြေတတ်တယ်။ ညှပ်၍ ညပ်သည် ညပ်ညပ်သပ်သပ် ညပ်အောင်ညှပ် ဖြတ်ညှပ်ကပ် ညှပ်ပူးညှပ်ပိတ် ညှပ်ပုံ ညှပ်ရိုး ထန်းညှပ်ရည် ညှပ်အုတ် ဒေါက်တာတင့်ဆွေ

Bug Bites အကောင်ကိုက်ခံရခြင်း

Image
ဆရာရှင့် ကန်တော့ပါ။ မမေးသင့်တာများဆိုရင် ခွင့်လွှတ်ပေးပါရှင့်။ ဆေးပညာအရ ဆိုင်မဆိုင် မသိပေမဲ့ ဆရာ့အနေနဲ့ အကြံညဏ်ပြုနိုင်သလောက် ပြောပြပေးစေချင်ပါတယ်။ ပုံထဲကအဖုက တင်ပါးမှာပါဆရာ။ သမီးအသက် ၂၄ ပါ။ မကြာခန ဂျပိုး (ကြမ်းပိုး) ကိုက်တာလိုလို အလာဂျစ် ဖြစ်တာလိုလိုဖြစ်ဖူးပါတယ်။ ခြင်လဲအရမ်းကိုက်ခံရပါတယ်။ သန့်ရှင်းမှုလည်း ရှိပါတယ်။ အများထဲမှ သမီးတယောက်ထဲသာ (တည်းသာ) အကောင်ခနခန (ခဏခဏ) အကိုက်ခံရပါတယ်။ အလုပ်မှာ သူများထက် သမီးကအကောင်ပလောင်အကိုက်ခံရပါတယ်။ ခြင်းဆေးဖြန်းလဲမရ၊ သန့်ရှင်းမှုလုပ်ပေမဲ့မရ ဖြစ်နေတာပါဆရာ။ ဆရာ့ဆီပို့ထားတဲ့ပုံက ယားပါတယ်။ ပင့်ကူရှပ်သလားမသိပါဘူး။ တောတောင်ကြားလဲမသွားပါ။ အခန်းထဲမှာတင်ဖြစ်တာပါ။ အဖုကမာနေပါတယ်။ အင်မတန်ယားပါတယ်။ အစကခြင်ကိုက်တယ်ထင်တာပါ။ ဘာအကောင်လဲတော့မသိပါဘူး သတ်ရင်တော့ အနံ့နံပါတယ် ဒီနေ့မှသတ်ဖူးတာပါ အဲလိုအကောင်တွေ အခန်းထဲမှာ မကြာခနတွေ့ရပါတယ်ဆရာ။ ဒါဒီနေ့ရိုက်ထားတဲ့ပုံပါ ထုံးလိမ်းပါတယ် မပျောက်ဘူးဆရာ ဘာဖြစ်လဲမသိတော့ ဘာလုပ်ရမှန်းမသိဘူး နှစ်ရက်ရှိနေပါပြီ။ မနေ့က မနက်က စဖြစ်တာပါ။ အင်းဆက်စတဲ့ကောင်တွေက အမျိုးမျိုးရှိတယ်။  • Coleoptera (beetles), Lepidoptera (butterflies and moths), Hyme

Mental Health စိတ်ကျန်းမာရေး

Image
ဆရာ တခုလောက်မေးချင်တယ်။ ကျမညီမက စိတ်ရောဂါခံစားရတယ်လို့ သူများတွေပြောတယ်။ သူခံစားရတာက တခါတခါငိုတယ်။ မငိုရင် ရယ်တယ်။ သူ့စိတ်က ကယောင်ခြောက်ခြားဖြစ်နေတယ်။ အဲ့ဒါ ဘယ်လို့ကူရမလဲ ဘာဆေး ပေးရမလဲဆရာ။ တချက်လောက် ပြောပြပေးပါလား။ မနှစ်က မိတ်ဆွေတယောက်ကနေ သတင်းဖြတ်ပိုင်းလေးတခု လှမ်းပို့ပါတယ်။ မြန်မာနိုင်ငံမှာ စိတ်ဝေဒနာ ခံစားနေကြရသူပေါင်းဟာ လူဦးရေရဲ့ ၁ဝ%ခန့်ရှိသတဲ့။ ဖတ်နေရင်း မန္တလေးဆေးကျောင်းမှာ အတူစာသင်ခဲ့ကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်သောက်ကြတဲ့ပုံ။ တယောက်က စိတ်ဆေးပညာအထူးကု။ နောက်တယောက်က မူးယစ်ဆေးအထူးကု။ အဲဒီတိုက်ဆိုင်မှုဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ စိတ်အခြေအနေပါပဲ။ မူးယစ်ဆေး၊ အရက်နဲ့ စိတ်ရောဂါ ဆက်စပ်မှု ရှိတဲ့နေရာမှာ ရှိတယ်။ မေးခွန်းတခုက အော်တဇင်ရောဂါအကြောင်းနှင့် ကလေးများတွင် ထိုရောဂါ ဖြစ်၊ မဖြစ် မည်သည့်ဖြစ်စဉ်၊ မည်သည့် အချက်များကို ကြည့်ပြီး သတ်မှတ်ရမလဲဆိုတာ သိချင်လို့ ရေးသားတင်ပြပေးပါရှင်။ အော်တဇင် နှင့် ဟိုက်ပါအက်ရှင် ရောဂါကို မည်ကဲ့သို့ ခွဲခြားရမလဲ သိချင်ပါတယ်ရှင့်။ ကျွန်မရဲ့သားက ငယ်ကတည်းက သူများတွေက ဟိုက်ပါ ဝင်နေတယ်၊ တချို့ကလည်း အော်တစ်ဇင်လို့ ပြောပြောနေလို့ပါ။ အဲတာတွေက စိတ်

Omphalocele မွေးရာပါ ဗိုက်မလုံခြင်း

Image
မွေးကင်းစ ကလေးငယ်တွေမှာ Omphalocele ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။ ဘယ်လို ကုသနည်းက အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာ သိချင်ပါတယ် ဆရာ။ ရန်ကုန်တိုင်း ( - ) မြို့နယ်ဆေးရုံက သူနာပြုဆရာမ ( - ) ပါ။ ဒီကလေးက ဘာ case လဲရှင့်။ Case အကြောင်းလေး ရှင်းပြပေးလို့ရနိုင်မလားဆရာရှင့်။ ကလေးဝမ်းဗိုက်မှာ မွေးရာပါချို့ယွင်းချက်တွေ အမျိုးမျိုးရှိတယ်။ အလုံအကျအနဖုံးထားရမယ့်ဝမ်းဗိုက်မလုံရင် ဗိုက်မှာနေတဲ့ အစာအိမ်၊ အူသိမ်၊ အင်္ဂါတွေအပြင်ကိုထွက်နေလိမ့်မယ်။ သန္ဓေသားဘဝမှာ ဖွံ့ဖြိုးမှုတွေက အဆင့်ဆင့် ဖြစ်ဖြစ်လာရတယ်။ မထင်မှတ်တာတွေဖြစ်ရင် မွေးရာပါချို့ယွင်းချက်တွေရှိနေမယ်။ ဗိုက်မလုံတာက ချက်ကနေ ဆက်နေတယ်။ ချက်ပေါက်ကရှိသင့်တာထက်ကျယ်နေတာနဲ့ ကျကျနနဖွံ့ဖြိုးမှု မရှိရာကနေ ဖြစ်စေတယ်။ Omphalocele နဲ့ Gastroschisis ဆိုပြီး ၂ မျိုးရှိတယ်။  Omphalocele (Exomphalos) ချက်ပေါက်နေဖြစ်တာမျာ သိပ်မဆိုးတာနဲ့ ဆိုးတာ ၂ မျိုးရှိတယ်။ ကလေး ၄ဝဝဝ မှာ ၁ ယောက်ဖြစ်တယ်။ သူတို့ထဲက ၂၅% အသက်မရှင်ပါ။ ဆိုးတာတွေထဲမှာ ၅၀% ကနှလုံးရောဂါနဲ့တွဲနေတတ်တယ်။ ၄၀% က အာရုံကြောစနစ် မကောင်းတာနဲ့တွဲပါလာတယ်။ အားလုံးထဲမှာ ၁၅% မှာသာ ခရိုမိုဇုန်းမူမမှန်တာတွေ့ရတယ်။  မွေးကာစကလေးတချို့မှ

Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း

Image
၁။ ညာဘက်ဦးနှောက်သွေးကြောပိတ်ပြီး ဘယ်ဘက်တခြမ်းလေဖြတ်တဲ့သူအတွက်လည်း လမ်းညွှန်ပေးပါဦးဆရာရှင့် ၃၀နှစ် အမျိုးသားပါ ၂။ ဆရာ မင်္ဂလာရှင်​ အသက်​က ၄၀ ​ယောကျ်​ား​လေးပါ Taxi ​မောင်​းပါတယ်​ ဒီ​နေ့ည​နေက ​လေဖြတ်​ချင်​သလိုမျိုးပုံစံဖြစ်​​နေလို့ပါ ​အောက်​နှုတ်​ခမ်​းကရွဲ့ချင်​​နေပါတယ်​ ​ခေါင်​း​နောက်​​ကျော​တွေလဲ ခနခန (ခဏခဏ) တက်​ပါတယ်​ ဘယ်​လိုကုသမှုမျိုးခံယူရမလဲဆရာကူညီ​ပေးပါရှင်​့ ​ကျေးဇူးတင်​ပါတယ်​ ၃။ မင်္ဂလာပါဆရာ အသက် ၃၃နှစ် ဒုတိယကလေးမွေးထားတာ ၄၅ရက်ရှိပါပြီ နို့တိုက်မိခင်ပါ အိပ်ရေးပျက်ပါတယ် ခေါင်းလျှော်ပြီး ခေါင်းအုံဇက်ကြောတက်ပြီးဘယ်ဘက် မျက်လုံးနား မျက်ခန်း (မျက်ခမ်း) နဲ့လည် ပင်းအကြောတွေလှူပ်ပါတယ်ဆရာ ဆေးခန်းပြတာဖုန်းနဲ့ပဲပြောရပါတယ် ဆေးသောက်တာလည်းမပျောက်ပါဘူးသွေးပေါင်ချိန်တာကောင်းပါတယ် လေဖြန်း (လေဖြတ်) မှာ ကြောက်လို့ပါဆရာ ဘာဖြစ်မှန်းသေချာမသိလို့ပါဆရာ ဆောင်ရန်ရှောင်ရန်သိချင်ပါတယ်  Stroke စထုပ်ခ်လို့ လူသိများတဲ့ ဦးနှောက်သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လဲ ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ

Chemo and White Blood Cell ခီမိုသာရာပီသွေးဖြူဥနည်းခြင်း နှင့် အစားအသောက်

Image
၁။ သွေးဖြူဥများအောင် ဘာစားသင့်ပါသလဲ Beet root ရယ် ခါချက်ဥစားရတယ်ပြောကြတယ် ဘယ်လိုစားရမှာလဲ မသိလို့ဖြေပေးပါနော် (မမှန်ပါ) ၂။ ဆေးသွင်းနေ ချိန် သွေးြဖူ ဉ (သွေးဖြူဥ)တတ် အောင် ဘာတွေ လုပ်ပေးရမလဲ သိ ချင်လို့ပါ ဆေးတော့ ထိုး ထားပါတယ် အစားအသောက်တွေ က ဘာတွေ စားပေးရမလဲ သိချင့် လို့ပါ ရှင့် 1. ကင်ဆာဆေးသွင်းနေစဉ်သေးဖြူဥ(သွေးဖြူဥ)အားနည်းတာ ပိုလန်သောက်လို့ရလား မိတ်ဆွေတို့ရေ 2. ကင်ဆာသမား သွေးဖြူဥ မကျအောင်ဘာတွေစားပေးရလဲ သိရင်ဖြေပေးကြပါအုံး ကီမိုသွင်းရင်းနဲ့ ၈ကြိမ်နဲ့ ၉ကြိမ်မြောက်မှာ သွေးဖြူဥ ကျလို့ပါ 3. အမေ wbc အမြဲကျနေလို့ ချက်ဆေးကို ၂၁ ရက်မှာ ၃ ခါထိုးရပါတယ် Pro sure ဆိတ်းရိုးစွတ်ပြုတ်၊ ထမင်း၊ အုန်းစိမ်းရည်၊ မုန်လာဦနီ သောက်ပါတယ်။ အစားအသောက်လည်းမပျက်ပါဘူး။ စားကောင်းပါတယ် ချက်ဆေးထိုးမှ WBC တက်ပါတယ်၊ ကင်ဆာအဆင့် ၄ပါ။ သားဥအိမ်ကင်ဆာပါ ချက်ဆေးအမြဲထိုးရတဲ့ အကို အမတွေရှိရင် ပြောပေးပါနော်၊ WBC တက်အောင် ဘာတွေစားရပါမလဲ ပြောပြပေးကြပါနော် 4. မင်္ဂလာပါဆရာရှင့် ကင်ဆာဆေးသွင်းချိန် သွေးဖြူဥကျရင်ဘာအစားစာစားရမလဲသိချင်ပါတယ်ရှင့် 5. ကီမိုသွင်းပီး(ပြီး) သွေးဖြူဥတွေကျ ဘာစားရမလည်းရှင် ဆရာဝန်ကို မမေးပါ။ ဆရာဝန်မရေးတဲ့ က

စိတ်ကျန်းညံ့လျော့ ငါကန်တော့၏

Image
ဖူးမြော်မာန်လျော့  ကန်တော့ကျိုး(ချိုး)မှာပါတဲ့ ဖူးမြော်မာန်လျော့နဲ့ ဖူးမျှော်မာန်လျော့ ဘယ်ဟာအမှန်ပါလဲဆရာ။ သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅၊ စာမျက်နှာ ၉၅။ ရှင်မဟာရဋ္ဌသာရ ရေးသားစီရင်တဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ဟာ ဘုရားဟော ဝီသတိနိပါတ် ဟတ္ထိပါဇာတ်တော်ကို ပြန်ဆို ဖွဲ့နွဲ့တာဖြစ်ပါတယ်။ မူကွဲနှစ်ခု တွေ့ထားတယ်။  (၁) ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျော့၊ ငါကန်တော့၏၊ မပေါ့ချစ်ခင်၊ သားနှယ်ကြင်။ (၂) ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့်

FB Page Messenger ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာ အတော် အဆင်မပြေပါ

Image
Messenger ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာ အတော် အဆင်မပြေပါ။ Screen Shot နဲ့ တွဲပြီး comment ပေးချင်တာပါရှင့် comment မှာက ပုံတင်မရ။ ဆေးစစ်ချက်ပုံတွေလာရင် မရှင်း။ ချဲ့ကြည်လည်း မရ။ ဖေ့စ်ဘွတ် ပေ့ချ် ကွန်မင့်ရေးသူရဲ့ အကောင့်ကို လိုက်ရတာတာ အတော်ကို လက်ဝင်တယ်။ ဒါတော့ ဘယ်လိုရှာရမလဲကို ပြီးခဲ့တဲ့အပတ်က တယောက်ကနေ သင်ပေးလို့။ ကျေးဇူး။ ရိုးရိုး ဖေ့စ်ဘွတ် မက်စင်ဂျာ အတော်အဆင်ပြေတယ်။ https://www.facebook.com/tint.swe.dr/ ဒေါက်တာတင့်ဆွေ 

Nitrofurantoin ဆေး

Image
မင်္ဂလာပါရှင်။ ကျွန်မအသက် ၂၉ ပါဆရာ ကိုယ်ဝန် ၃ လ ပါ ဆရာဝန်က ဆီးစစ်ပြီး ပိုးရှိတယ်ဆိုပြီးဒီဆေးညွှန်းပေးပါတယ်။  ဒီဆေးသောက်ရင်ကလေးအတွက် ဘေးကင်းမူရှိမရှိသိချင်ပါတယ်ရှင်။ Nitrofurantoin use in pregnancy is not known to cause problems in the baby. If a UTI is diagnosed in pregnancy, nitrofurantoin is often offered as the first-choice antibiotic treatment. ကိုယ်ဝန်မှာလည်း ပေးနိုင်။ အထဲကကလေးကို ဆိုးကျိုးဖြစ်တာ မတွေ့သေး။ ဒေါက်တာတင့်ဆွေ

Traveler's diarrhea ခရီးသွားဝမ်းပျက်ခြင်း

Image
(ကန်တော့) ကျွန်တော်တို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ မနက်က ရန်ကုန်ရောက်ကြတယ်။ မန္တလေး၊ မုံရွာ၊ ပုလဲ၊ ဘုတလင်မြို့တွေအပြင် ရွာတွေကိုလည်းရောက်တယ်။ နေပြည်တော်မှာခဏနဲ့၊ ပခုက္ကူ၊ မြင်းခြံ။ ကျောက်ပန်းတောင်း၊ ပုဂံ။ ပုပ္ပါးကိုလည်း ရောက်တယ်။ အဲဒီနေရာတွေကနေ မန္တလေးကိုတခေါက်ပြန်ရောက်တော့ နေမကောင်းဖြစ်ကြတယ်။ ခရီးသွားဝမ်းပျက်လို့ ခေါ်တယ်။ ကန်တော့။  ရောက်ကတည်းက ကိုယ့်တိုင်းပြည်ကထွက်သမျှအစားအစာတွေ အကုန်စားလိုက်ကြတာ ဘာပြောကောင်းမလဲ။ ကျွေးကြသူတွေအကုန် ကျေးဇူးတင်တယ်။ ဗိုက်က သရိုးသရီဖြစ်လာ။ သန့်စင်ခန်းခဏခဏဝင်ရတယ်။ ကန်တော့။ ကိုယ်နည်းနည်းပူတယ်။ ပျို့ချင်တယ်။ ပုလဲမှာတုန်းကတခါ အိမ်ရှင်ဆရာဝန်ကို သန်ကောင်အချိန်မှာ နိုးပြီး ဆေးတောင်းရသေးတယ်။ ဆောရီး။ ခရီးသွားဝမ်းပျက်ခြင်းဆိုတာ စားတဲ့သောက်တဲ့ထဲမှာ မသင့်တာပါသွားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ အသက် ၄ဝ ဝန်းကျင်အထိနေခဲ့ပြီး အပြင်မှာ ၂၈ နှစ်ကြာလို့ ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်တွေက အဆန်းပြန်ဖြစ်နေပြီ။ ငယ်စဉ်ကလို တော်တော်တန်တန်ပိုးတွေကို မခံနိုင်ဖြစ်တဲ့သဘော။  ခရီးသွားဝမ်းပျက်ရောဂါ ကုသနည်း Anti-motility agents ခေါ် Loperamide (Imodium), Diphenoxylate (Lomotil) ဆ

တပြန်တဗီ တနာရီမျှ တဆံချည်မျှင် မေ့နိုင်အောင်ပဲ စေ့စေ့ကဲလျှင်

Image
ဆံချည်တမျှင်တဲ့ဆရာ ကိုကိုးကျွန်းတိုက်ပွဲမှာ ရဲဘော်သိန်းကြည် ပြောခဲ့တဲ့စကားလို့ သိရပါတယ်။ တရေးချစ်ခွင့်မြင်ရနိုး ရေး ကိုလေးညွန့် ဆို မာမာအေး နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ ပြာသိုအနားတွင် ထားလိုက်ချင် ရက်ရက်ပြင် လစွန်း ယွန်းလေသည်အဝေး နှင် ကြာလေလေ သတိရတိုင်း တိုင်း တပြန်တဗီ တနာရီမျှ တဆံချည်မျှင် မေ့နိူင်အောင်ပဲ  စေ့စေ့ကဲလျှင်  ထိလုမိုးဆီ တိမ်သို့မီသာ ထွတ်ဘုန်းခေါင်ဖျား မြတ်စေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေး ချစ်ခွင့် မြင်ရနိုးထင် တရေးချစ်ခွင့် မြင်ရနိုးခင်။ ဦးလည်ဆံမြေ့ နှောင်းသရွေ့ရွေ့ မြူးဆွယ် ဟန်ဓလေ့ အောက်တမေ့မေ့ တနေ့နေ့တချိန်ချိန် အိမ်သူ့ဆွေအား ဒီကမေတ္တာ ခင့်ဖို့ပါပဲ  အင်း မင်းဖို့ပါပဲ  အမွန်စကားလက်ဆောင်ပါး၍ မျှော်ရ လတ်သူ စောင့်ရလတ်သူ နေ့တာကရှည် ညတာလည်းရှည် ချိုးလက်ရေ အခါခါပြောင်း  အခါခါပြောင်း  ညောင်းနိုင်ဘူးခင်။ https://www.youtube.com/watch?v=BzibCl_NjeQ ဒေါက်တာတင့်ဆွေ

တရေးချစ်ခွင့် မြင်ရနိုး

Image
ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝကတည်းက အလွန်နာမည်ကြီးခဲ့တဲ့သီချင်း။ (တစ်) ရေးချစ်ခွင့် မြင်ရနိုးလို့ ရေးကြတယ်။ ခေါင်းစဉ်ဖတ်ပြီး သီချင်းနားမထောင်ချင်တော့ပါ။ (တစ်)ပြန် (တစ်)ဗီ (တစ်)နာရီမျှ (တစ်)ဆံချည်မျှင် တဲ့။ ပျက်ရော။ တရေးချစ်ခွင့်မြင်ရနိုး  နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ ပြာသိုအနားတွင် ထားလိုက်ချင် ရက်ရက်ပြင် လစွန်း ယွန်းလေသည်အဝေး နှင် ကြာလေလေ သတိရတိုင်း တိုင်း တပြန်တဗီ တနာရီမျှ တဆံချည်မျှင် မေ့နိူင်အောင်ပဲ  စေ့စေ့ကဲလျှင်  ထိလုမိုးဆီ တိမ်သို့မီသာ ထွတ်ဘုန်းခေါင်ဖျား မြတ်စေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေး ချစ်ခွင့် မြင်ရနိုးထင် တရေးချစ်ခွင့် မြင်ရနိုးခင်။ ဦးလည်ဆံမြေ့ နှောင်းသရွေ့ရွေ့ မြူးဆွယ် ဟန်ဓလေ့ အောက်တမေ့မေ့ တနေ့နေ့တချိန်ချိန် အိမ်သူ့ဆွေအား ဒီကမေတ္တာ ခင့်ဖို့ပါပဲ  အင်း မင်းဖို့ပါပဲ  အမွန်စကားလက်ဆောင်ပါး၍ မျှော်ရ လတ်သူ စောင့်ရလတ်သူ နေ့တာကရှည် ညတာလည်းရှည် ချိုးလက်ရေ အခါခါပြောင်း  အခါခါပြောင်း  ညောင်းနိုင်ဘူးခင်။ ဒေါက်တာတင့်ဆွေ

Awareness ပညာပေး

Image
တချို့ကျန်းမာရေး ပညာပေးစာတွေ မှန်ပါတယ်။  သွေးတိုးမဖြစ်အောင် ဘယ်လိုနေပါ၊ ဘာတွေစား၊ ဘာတွေရှောင်။ ကင်ဆာမဖြစ်အောင် ဘယ်လိုနေပါ၊ ဘာတွေစား၊ ဘာတွေရှောင်။ ပြည့်စုံအောင် ဖြည့်မယ်။ မျိုးရိုးလိုတာ ရှိသေးတယ်။ အသားဖြူဆေး၊ အရပ်ရှည်ဆေးကြော်ငြာတွေကို ထောက်ပြတဲ့အတိုင်း သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတဲ့ရောဂါတွေအတွက်ပါ ဖြည့်ပါမယ်။ အမေအဖေကို ရွေးပြီး၊ ကြည့်ပြီးမှသာ အမျိုးတော်ပါလေ။ ကံတရားကလည်း ရှိသေး။ ကံကောင်းချင်လို့ အခု ဥပုသ်စောင့်၊ အခုဒါနပြုတာနဲ့တော့ မရနိုင်ပါ။ အတိတ်ကံမှုတွေ၊ ပစက္ခကံမှုတွေ စဉ်ဆက်မပြတ်ပြုကြရပါတယ်။ အနေအစားဆိုတာတွေက မနက်စာ၊ နေ့စာ၊ ညစာ။ အိမ်မှာစားတာ၊ ဆိုင်မှာစားတာ၊ ဧည့်သည်အဖြစ် စားတာတွေပါ လိုတယ်။  ရှောင်တယ်ဆိုတာတွေကလည်း တကယ်မသင့်တာကိုသာ ရှောင်ရမှာ။ တက်စာဆိုပြီး တက် နဲ့ တတ် မှန်အောင်မရေးတတ်သူတွေပြောတာတွေက မှားမယ်။ စာရေးမှားက ပညာလည်း မမှန်။ တရားလည်း မှား၏။ ဒေါက်တာတင့်ဆွေ

Mosquitoes choose victims by skin chemistry ခြင်သည် လူရွေးကိုက်၏

Image
ကွန်မင့်တခု = ခြင်က ရွေးကိုက်တာအမှန်ပဲ ကိုယ်ဝန်ဆောင်တွေ ယာမကာမှီဝဲသူတွေ ခြင်ကြိုက်တဲ့ ဆပ်ပြာမေး သုံးသူတွေကို ခြင်ကသွေးစုပ်သတဲ့ ဟုတ်တယ်။ ဟိုတနှစ်က တင်ထားသေးတယ်။ အခုဆောင်းပါးက အသစ်။ အခြေခံအချက်ကတော့ မကွာပါ။ သူများတွေထက် ပိုပြီးခြင်ကိုက်ခံရများ • Type O blood သွေးအုပ်စု အို Aedes aegypti mosquitoes ခြင်အမျိုးအစား။ • Type B blood ဘီ သွေးရှိသူများ Anopheles stephensi mosquitoes ခြင်အမျိုးအစား။ • Dark clothing အဝတ်အစားအရောင်ရင်းဝတ်ဆင်ထားသူများ • Sweat ချွေးနံ့ထွက်နေသူများ။ • carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်။ • pregnancy ကိုဝန်ဆောင်များ။ • skin bacteria အရေပြားမှာ ဘက်တီးရီးယားရှိသူများ။ • beer consumption ဘီယာသောက်သူများ။ 9 Reasons Mosquitoes Bite Some People More Than Others https://www.verywellhealth.com/reason-mosquitoes-bite-some-people-more-others-4858811 Best Insect Repellents for Kids ကလေးတွေသုံးနိုင်တဲ့ခြင်ဆေး https://dr-tint-swe.blogspot.com/2022/04/best-insect-repellents-for-kids.html Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် https://dr-tint-swe.blogspo

Dangers of Home Remedies စိတ်ထားယုတ်ညံ့၏

Image
Cancer ဖြစ်ရင် မြွေပွေးသည်းခြေ၊ ခွေးသား စသဖြင့်စားရင်ပျောက်နိုင်တယ်လို့ပြောကြတာ ဘယ်လိုမြင်လဲ ment ကြပါအုံး တင်ထားတာကို ဖျက်သင့်။ အရေးမစိုက်သင့်။ သူများတွေကို (ကန်တော့) သေစေအောင်ထိ စိတ်ထားယုတ်ညံ့၏။ ကင်ဆာနေရာတခုမှာ တွေ့တာ ၂ ရက်ရှိပြီ။ အက်ဒမင် ဆိုလား၊ မင်မင်ဆိုလားလည်း ရှိပုံရတယ်။ ဘယ်လိုစာတွေကို စစ်ဆေးပြီး တင်ပေးနေသလဲ မသိ။ အခုထိ ၇၅ ယောက်က ကွန်မင့်ပေးထားကြသေးတယ်။ စိတ်စေတနာကောင်းထားသင့်ကြပါတယ်။ The Dangers of ‘Home Remedies’ for Serious Illnesses https://www.healthline.com/health-news/dangers-of-home-remedies-for-serious-illnesses ဒေါက်တာတင့်ဆွေ

Crow Pheasant ရွှေဘုတ်ကယ်အိုးအီ

Image
၂၀၁၅ ခုနှစ်က ဒီလိုနေ့မှာ ရာသီဥတုသာယာ နေပူပါတယ်။ လေလည်းလာ အပြင်မှာထွက်လို့ ချွေးစို့ချင်တယ်။ ငှက်သံတွေက အများကြီးနဲ့ အမျိုးမျိုး၊ ငှက်ဆိုးတော့မရှိပါ။ တခါမှသတိမထားဘူးတဲ့ ငှက်မည်သံလည်းကြားတယ်။ တောမှာအနေများခဲ့ပေမယ့် အခုလို နိုင်ငံအကြီးကြီးက မြို့မှာနေရသူ အံသြယူရတယ်။ တောသူကတော့ သိတယ်။ ဘုတ်ငှက်အသံတဲ့။ မြန်မာပြည်ကို ချက်ချင်း သတိရစေပါတယ်။  ယဉ်ပေ့တောသူ လေပြေငယ်သုတ်ပါလို့ ရွှေဘုတ်ကယ်အိုးအီ အုံ့မှိုင်းငယ်ရီ နေမှီအောင်တခိုလှမ်းခဲ့ရ ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့် ပန်းဝင့်လို့ရွာကိုဝင်  အမြင်ဆန်းပါဘိတယ်လေး။  ညဉ့်ချမ်းရယ်နေရီ ချိန်တော်မှီ ကေသီပန်းနှင့် ရေခပ်လမ်းမှာ စခန်းသင့်လို့ ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ သနပ်ခါးကွက် ပါးမှာကူလို့ အမူကြီးကမ်းကုန်ကို ဘယ်မြို့ပုံသာချင်သောရယ်လို့ ပြောကြမယ်လေး။   ။ (ဦးကြီး) ဘုတ်ငှက်ကို အင်္ဂလိပ်လို Greater Coucal နဲ့ Crow Pheasant (Centropus sinensis) လို့ခေါ်တယ်။ ဘုတ်ရိုသေ၊ ကျီးရိုသေစကားပုံရှိတယ်။ ကျီးငှက်ကလည်း ဘုတ်ငှက်ရဲ့ အမောက်အရောင်ကို ထုတ်ဖေါ်ချီးကျူး၊ ဘုတ်ငှက်ကလည်း ကျီးငှက်ရဲ့အမွှေးအရောင်ကို ထုတ်ဖေါ်ချီးကျူးတာ မှတ်သားလိ

Cervical Cancer သားအိမ်ဝကင်ဆာမေးခွန်းတခု

Image
ဆရာရှင့် ကျွန်မအမအတွက်မေးပါရစေရှင့်၊ အသက် ၅၄နှစ်၊ သားအိမ်ခေါင်းကင်ဆာ အဆင့် ၁ပါ၊ သားအိမ်ထုတ်ထားပါတယ်၊ ဓါတ်ကင်ထားတာ ၁နှစ်နဲ့ ၅လရှိပါပြီ၊ ဆရာဝန်က သွေးစစ်ခိုင်းလို့ ၂၀-၅-၂၀၂၃နေ့က စစ်တာအဖြေတခုကများနေတယ်ပြောပါတယ်၊ ဘာကများမှန်းသေချာမသိလို့ ဆရာကိုအဖြေလေးပြပါရစေရှင့်၊ နောက် ၄လနေရင် CT ရိုက်စေချင်တယ်လည်း ပြောပါတယ်ရှင့်။ ဆေးစစ်ချက်စာ (ပုံ မဟုတ်) မှာပါတာကို ဖတ်ရမှာသာ ဘာစစ်သလဲ သိနိုင်။ အဲလိုအချက်အလက်ကို ဆရာဝန်တွေကသာ သိရန်ပိုလိုအပ်တယ်။ လူနာတွေက ဆရာဝန်လမ်းညွှန်တာကို လိုက်နာရန် လိုအပ်ကြပါတယ်။ သားအိမ်ဝ = သားအိမ်ခေါင်း Cervical Cancer သားအိမ်ဝကင်ဆာ https://dr-tint-swe.blogspot.com/2021/05/ca-cx.html Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-1.html Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/04/cervical-cancer-2.html Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-3.html Cervical Cancer သားအိမ်ဝကင်ဆာသုတေသန https://dr-tint-swe.blogspot.com/2021/05/cervical-cancer.html ဖ

Health တို့တိုင်းပြည် တို့ကျန်းမာရေး

Image
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၅၂ ခုနှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်ဦးနုက ပြည်တော်သာ ၅နှစ်စီမံကိန်းကို ကြေညာတယ်။ ပြည်တော်သာ မူလတန်းကျောင်းလေးတွေ ဖြစ်လာတယ်။ ပုလဲမြို့နယ် မင်းရွာမှာ တကျောင်းရတယ်။ ဖဆပလ အစိုးရက ကျေးလက်ကျန်းမာရေးအတွက် Health Assistant (HA) ခေါ် လက်ထောက် ကျန်းမာရေးမှူးသင်တန်းတွေ ၁၉၅၀ ကျော်မှာ စဖွင့်တယ်။ Rural Health Ceter (RHC) ခေါ် ကျေးလက် ကျန်းမာရေးဌာနတွေ ဖွင့်တယ်။  အိန္ဒိယက ဆရာဝန်တွေ ငှားရတယ်။ MBBS ဆရာဝန်တွေသာမက LMP ဆေးကုသခွင့် လိုင်စင်ရ ဆရာဝန်တွေ များတယ်။ မုံရွာဆေးရုံမှာ ဆရာဝန်ကြီးက LMP ဆရာဝန်။ L.M.P. course သင်တန်းကို အိန္ဒိယမှာ ၁၉၁၄ ကနေ ၁၉၄၄ အထိပေးခဲ့တယ်။ ၄ နှစ်ကြာသင်ရတယ်။ L.M.P. (Madras) မဒရပ်စ်၊ L.M.P. (Mysore) မိုက်ဆိုး၊ L.M.P. (Ahmedabad) အမဒါဘဒ်၊ L.M.P. (Patna) မတနား၊ L.M.P. (Nagpore) နက်ပိုး နဲ့ L.M.P. (Hyderabad) ဟိုက်ဒရာဘဒ်လိုရှိတယ်။ L.B.M.E.B. (Burma) က ကိုလိုနီ မြန်မာပြည်အတွက်တဲ့။ မြန်မာပြည်မှာ ဆေးကျောင်းကို ရန်ကုန်ကောလိပ်မှာ ၁၉၂၃-၂၄ ကစတယ်။ ၁၉၂၉ မှာ လမ်းမတော်နေရာကို ရွှေ့တယ်။ ၁၉၃၀ ကစပြီး ရန်ကုန်တက္ကသိုလ် လက်အောက်ခံဖြစ်တယ်။ ၁၉၄၂-၄၅ ဒုတိယကမာ္ဘစစ်အတွင်း ရပ်နားထားရပြ

Links လင့် အရုပ် စတစ်ကာ

Image
နေ့တိုင်း နေ့တိုင်း တနေ့မှာ ၁၀ ခါမက လာနေတာတွေ - အရည်မရ အဖတ်မရ မဆီမဆိုင် လူတကာသိ သတ်ပုံမမှန် စာလုံးပေါင်းမှား  သီချင်းတွေ သတင်းတွေ သုတဆိုတာတွေ အနှစ်မဲ့တရားတွေ တသက်လုံး ထပ်မပို့တော့ပါရန်။ ဒေါက်တာတင့်ဆွေ

Epsom salt ဆားခါး

Image
အဲ့ နှစ်ခုလုံးက quality တူတူပဲလား ဆရာ FIA ဂရင်ဂျီနာ ခွဲထားလို့ ဆားခါးရေနွေး စိမ်ရလို့ပါဆရာ ပိဿာနဲ့ ဝယ်သုံးရတာကို ပိုသက်သာလို့ပါ တူရင် ပိဿာချိန်နဲ့ဟာကို ဝယ်မလို့ပါ Epsom ဆားခါးကတော့ အတူတူ။ ဆေးထုပ်မှာ အလေးချိန်ပါမယ်။ အသုံးပြုနည်း အညွှန်းကတော့ ဘယ်နေရာအတွက်သုံးမလဲ အရ မတူလောက်ပါ။ ဆားခါးကို နေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။ • ဓါတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။ ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။ • ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဘူးတယ်။ • ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။ • သွေးပြန်ကြောထဲထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။ • ကလေး လမစေ့ခင်မွေးမှာကို တားဘို့ရာလဲ သုံးတတ်တယ်။ • ဦးနှောက် ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဘို့ သုံးနိုင်တယ်။ • လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို (ပါရာဖင်) အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။ • Barium chloride po

Lung nodules အဆုတ် အမာရွတ်

Image
အသက် ၂၇ ကျားပါ ဆရာ ကုသဖို့လိုအပ်လား သိချင်ပါတယ်ဆရာ Tiny nodular fibrosis at posterior segment of lul အဲ့ဒါ အန္တရာယ်ရှိလားဆရာ Lung nodules are small clumps of cells in the lungs. They're very common. Most lung nodules are scar tissue from past lung infections. Lung nodules usually don't cause symptoms. အဆုတ် အမာရွတ်သာဖြစ်။ စိုးရိမ်စရာ မရှိလောက်။ ဒေါက်တာတင့်ဆွေ

Helicobacter pylori (H. pylori) infection အစာအိမ်ပိုး စစ်ဆေးနည်းနှင့် ကုသနည်း

Image
၁။ ဆရာရှင့် အနှောင့်အယှက်ဖြစ်စေရင် တောင်းပန်ပါတယ်  ရောဂါဇစ်မြစ်နဲ့ နောက်ဆက်တွဲတွေကိုသေချာသိချင်တဲ့ အကူအညီတောင်းတာပါဆရာ ၁၈ ရက်နေ့က အစာအိမှန်ပြောင်းကြည့်ထားတာပါ သမားတော် ( - ) နဲ့ ပြသထားတာပါ အစာအိမ်ထဲ  ပိုးရှိတယ် ပြောပါတယ် consultantion လုပ်တဲ့ အချိန်က နည်းတာရယ်    ကိုယ်ကိုတိုင်က ဘာတွေမေးရမယ်ဆိုတာ မသိတာရယ်ကြောင့်  အသေးစိတ် နားမလည်းပါဘူး ဆရာ အချိန်ရလို့အဆင်ပြေမဟ်ဆိုရင်  ဘာကြောင့်  အစာအိမ်ပိုး၀င်ရလဲ နဲ့ နောက်ဆက်တွဲ ဆိုးကျိုး (ဖြစ်နိုင်တာတွေ) ကို အကြံပေးပါလို့  အကူအညီတောင်းပါတယ် လေးစားစွာဖြင့်  ၂။ ကလေးအသက် ကိုးနှစ်ရှစ်လ မိန်းကလေးပါ ချက်အပေါ် လက်နှစ်လုံးအကွာလောက်က အောင့်နေတာ တလလောက်ရှိပြီမလို့ ပထမတခေါက် ဆီးဝမ်းသွေး Ultrasound စစ်ကြည့်တဲ့အခါ အဖြေ အကုန်ကောင်းတယ်လို့ ပြောပါတယ် လေဆေးနဲ့ မသက်သာလို့ ထပ်ပြတဲ့အခါ H-pylori ပိုးကြောင့်လို့ ပြောပါတယ် Amoxicillin 250mg တရက် ၃ကြိမ် Metronidazole 200mg တရက် ၃ ကြိမ် Omeprazole 20mg တရက် ၂ ကြိမ် သုံးပတ်အကြာ သောက်ခိုင်းထားပါတယ် ဒုတိယအကြိမ် ဝမ်းထပ်စစ်လို့ အဖြေထွက်လာတဲ့အခါ H-pylori ပိုး negative လို့ အဖြေထွက်ပါတယ် ကျွန်မသိချင်တာ ဝမ်းအဖြေက negative လို့ ထွက်ပေမ

Tea ချို-ပေါ့-ကျ တခွက်

Image
May 21 International Tea Day ​မေလ ၂၁ရက် အပြည်ပြည်ဆိုင်ရာ လက်ဖက်ရည်​နေ့။ ဗြိတိန်မှာတော့ အေပြီလ ၂၁ ရက်နေ့ကို သတ်မှတ်တယ်။ ဘုရင်မကြီး အဲလိဇဘက်သ် မွေးနေလည်းဖြစ်လို့တဲ့။ စာက ရေးထားတာကြာပြီ။ ရှည်တယ်။ ဆောရီး။ နောက်ပိုင်းရေးတာတွေက အဲလို မရှည်တော့ပါ။ လက်ဖက်၊ လ္ဘက်၊ လဘက် မူကွဲစာလုံးတွေဖြစ်တယ်။ “အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့စကားက လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြ သမိုင်းတွေ လိုက်ရှာကြတယ်။ လက်ဖက်ရည်ဟာ သောက်စရာ မှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာ ဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ 750 grams သာရှိပါသတဲ့။ တူရကီမှာက 2.5 kg ရှိလို့ တဦးချင်း သောက်သုံးမှုနှုံး အများဆုံး။ လက်ဖက်ပင်ရဲ့ ရာဇဝင်က အာရှမှာ စတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယ နဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ BC 300 – AD 200 Shennong Ben Cao