ထိပ်ဆုံးသို့
ငွေတာရီရဲ့ကဗျာကို မူရင်းအတိုင်း တယောက်က ပို့ပေးတယ်။ နောက်တယောက် တတွေကို တစ်လုပ်ထားတာကို ပို့ပေးတယ်။ မြန်မာစာ အောက်ဆုံးသို့ရောက်နေပြီလို့ သက်သေပြတာဖြစ်တယ်။ မြန်မာစာ ထိပ်ဆုံးသို့ ပြန်ရောက်ပါစေသတည်း။ တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ခြံရံ။ တတောင်ဆုံးပြန်တော့ တလုံး ကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘူ့ ရပ်တန်းက ရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်မလား။ စ ခဲ့မိဟာပေါ့ တနေ့မှာ ဆုံးရာရောက်ပါလိမ့် အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေအုံး မာလာငွေ ကန်ရေအေးရယ်နှင့် ငှက်တေးကို အာရုံဆင်လို့ မူတသွင် အားအင် သစ်လိုက်ပေါ့ ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ) ဒေါက်တာတင့်ဆွေ