Posts

Showing posts from January, 2024

ဆရာဝန်တွေက အရာရာတိုင်းကိုတော့ ရှင်းပြနိုင်ကြခြင်း မရှိပါ

Image
ဒေါက်တာရှင့် အ​မေက အသက် ၈၁နှစ်ပါ အသက် ၆၀ အရွယ်မှ နှလုံး​သွေး​ကြောကျဥ်း ​သွေးတိုး​ရောဂါရှိပါတယ် အသက် ၇၅ နှစ်ခန့်မှ နှလုံး အစို့ရှင်(အဆို့ရှင်)ကျယ် ​လာပါတယ် အသက် ၈၀ ခန့်မှာ ​ကျောက်ကပ်အားနဲ အဆုတ်​ရေအနဲငယ်ဝိုင်းလာပါတယ် ​လည်ပင်း​ဖောက်ပြီး​ကျောက်ကပ်စ​ဆေးပါတယ် ​နေ​ကောင်းသက်သာတယ်​ပြောပါတယ် တလပြည့်တဲ့အခါ တကိုယ်လုံး​ဖော​ရောင် ​ဆေးရုံပြန်တက်တဲ့ထိ စကား​ပြောဆိုဆက်သွယ်လို့ရပါတယ် အ​မေ့မှာ လူကြီယသတိ​မေ့​ရောဂါလဲ အရင်ထဲကမရှိပါ ​ဆေးရုံ​ရောက်ပြီး ဒုတိယ ရက်မှာသတိလစ်သွားပါတယ် ​ဆေးရုံက ဦး​ဏှောက် (ဦး​နှောက်)​သွေး​ကြော ပိတ်တယ်​ပြောပါတယ် ငြီးသံလို ​ဟောက်သံလိုအသံများ​တောက်​လျောက်ဖြင့် ၁၃ ရက်​မြောက်မှာ အ​မေဆုံးပါတယ် ​ဝေဒနာ​ပေါ်အသိ သတိရှိပြီး ဆုံးမှာကိုသိပြီးဆုံးတာပါလား အိပ်​မောကျ​နေတုန်း(တုံး)မသိလိုက်ခင် အသက်ထွက်တာပါလား ဆိုတာ ​ဆေးပညာအရ သိလို့ရရင် သိချင်လို့ပါ ကျမတို့​တွေ အိပ်မက်ဆိုးမက်​နေစဥ် နိုးသွားရင် လွပ်လပ်သွားသလို မနိုးဘဲ အချုပ်​နှောင်များဖြင့် ​သေဆုံးမှာစိုးလို့ပါ ​ဒေါက်တာ့ကို အားကိုးပါတယ်ရှင့် ​မျော​နေတဲ့ ၁၃ ရက်မှာ တခါတရံ ဖြစ်ဖြစ် လက်ရှိအ​ခြေအ​နေ အ​ပေါ် အသိ သတိဝင်လား သိချင်လို့ပါ ​ဒေါက်တာရှင့် လူကြီးသတိ​

Cancer and Low Platelets Count ကင်ဆာသွေးမှုန်နည်းခြင်းနှင့် ဈေးသည်များ

Image
၁။ သမီး plt အရမ်းကျသွားလို့ သွေးသွင်းတာလည်း မတက်လာဘူး(တက်မလာဘူး) ဆေးသောက်တာလည်း မတက်လာဘူး(တက်မလာဘူး)ဆရာ အဲ့ဒါစိုးရိမ်ရလားဆရာရှင့် မေးတဲ့သူ အသက် မသိ။ ရောဂါခံ မသိ။ ၂။ Plt ကျနေလို့ပါဗျ ဘယ်လိုအစားစာတေစားပေးp ဘာတေရှောင်ရမလဲဗျ မျှဝေပေးစေချင်ပါတယ်ဗျ (မေးခွန်းမေးသူမှာ ပီနဲ့ တေ ကင်ဆာတွေဖြစ်နေပါသည်။) ၃။ PLT သွေးအားနည်းတာကောင်းသွားသူများရှိကျရဲ့လားနော် ဘယ်ဆေးနည်းကိုသုံးခဲ့ကြလေး မျှဝေပေးပါလားနော် ၄။ ဆရာ ကျွန်တော်လည်း အသည်းကင်ဆာ platelet ကျနေလို့ပါ သောက်ရမယ့်ဆေး သိပါရစေခင်ဗျာ ဆရာဝန်ကို မေးတာမဟုတ်ပါ။ ကွန်မင့်တွေ တခုတလေမှ မမှန်ပါ။ ဈေးသည်တွေက ပျဥ်းတော်သိမ်ရွက်၊ ကြက်ဥ၊ သင်္ဘောရွက်၊ သလဲသီး၊ နွားနို့၊ အိမ်ကြက်၊ အရိုးပြုပ်၊ အုန်းရည်၊ ပဲ၊ မှို၊ ရွေဖရုံသသီး၊ ပဲနီလေး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ခါကြက်ဥ၊ သခွားသီး၊ တို့ဟူးသုပ်၊ ငါးဖယ်၊ အမဲသရက်ရွက်၊ ဂျုံမြက်နုဆေးတွေကို ရောင်းချကြပါသည်။ • ပျဥ်းတော်သိမ်ရွက်အစိမ်းတို့စားပေးပါ အစိမ်းရောင်အရွက်စားပေးပါ မမှန်ပါ။ • ကြက်ဥ အကာ တစ်နေ့(တနေ့) ၈ လုံးစားပါ။ မမှန်ပါ။ • ကြက်ဥပြုတ် တစ်နေ့(တနေ့) ၃ လုံး ၄လုံးစားပါ တစ်ပါတ်(တပါတ်)လောက်ဆို တက်လာပါမယ် မမှန်ပါ။ • သင်္ဘောရွက် အများ မလိုနဲန

Bladder trabeculation ဆီးအိမ်နံရံထူခြင်း

Image
မင်္ဂလာပါဆရာရှင့် သမီးအစ်မက အသက် ၄၉ နှစ်ပါရှင့် ဆီးရောဂါခံစားနေရပါတယ် ဆီးအိမ်နံရံထူနေတယ်လို့ပြောပါတယ် ဆီးအိမ်ခြစ်ရမယ်လို့ပြောပါတယ် ဆီးခြစ်ရင်ဆီးပိုမထိန်းနိုင်ဘူးလို့ပြောကြပါတယ်ရှင့် ဆီးခြစ်လိုက်လျှင်ပိုကောင်းသွားမလား ဆိုးသွားမလား ဆရာရဲ့ အကြံဉာဏ်ပေးပါဦးရှင့်။ ဆီးအိမ်အလုပ်ကို ခက်ခက်ခဲခဲပြုလုပ်ရတဲ့အတွက် ကြာတော့ ဆီးအိမ်နံရံထူလာနိုင်တယ်။ အဲလိုဖြစ်လာရင် ဆီးကုန်အောင်သွားရတာ ခက်လာမယ်။ ယောက်ျားရော မိန်းမတွေမှာပါ ဖြစ်နိုင်တယ်။ ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်ကြောင့် ဖြစ်နိုင်တယ်။ ဆီးထွက်ပြွန်နေရာမှာ ပိတ်ဆို့မှုကြောင့် အများဆုံးဖြစ်တယ်။ သွေးခဲကြောင့်လည်း ဖြစ်နိုင်တယ်။ အာရုံကြောကြောင့်လည်း ဖြစ်နိုင်တယ်။  ခါးရိုးထိခိုက်မိခြင်း၊ MS or Parkinson's disease ရောဂါ၊ Polyps ရောဂါ၊ Tumors ရောဂါ၊ Muscle or nerve disorders ရောဂါ၊ Ureter bulging into the bladder ရောဂါ၊ Fecal impaction ရောဂါ၊ Pelvic organ prolapse ရောဂါ၊ Benign prostatic hyperplasia (BPH) ရောဂါတွေနဲ့လည်း ဆက်ဖြစ်နိုင်တယ်။  Cystoscopy နဲ့စစ်ဆေးလို့ ရောဂါသိမယ်။ ကုသနည်းတွေမှာ ဖြစ်စေတာကိုလည်း ကုသရမယ်။ လူနာတဦးချင်းအရ ကုသပေမယ်။ ဒေါက်တာတင့်ဆွေ

Squamous cell carcinoma အရေပြားကင်ဆာ

Image
နေရောင်နဲ့တွေတာများတဲ့ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ကိုယ်အထက်ပိုင်း၊ ခြေထောက်တွေမှာ အဖြစ်များတယ်။ အမာရွတ်ကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဆိုးတာနဲ့ သိပ်မဆိုးတာဆိုပြီးရှိတယ်။ တိုးတာ-ပွါးတာ နှေးတယ်။ အရေပြား ကင်ဆာထဲမှာ ဒုတိယအများဆုံးဖြစ်တယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ အသားအရေမဲသူတွေမှာ ပိုဆိုးတယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ အသားစဖြတ်ယူစစ်ဆေးမှ ရောဂါအမည်တပ်နိုင်တယ်။ အဆင့် (၁) = 2 cm (0.8 inches) အချင်းထက်ပိုမကြီးသေးဘူး။ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။ အဆင့် (၂) = 2 cm (0.8 inches) အချင်းထက်ပိုကြီးလာပေမဲ့ ဘေးကတက်စေ့တွေမှာလဲ ကင်ဆာဆဲလ်မရှိသေးဘူး။ အဆင့် (၃) = တက်စေ့၊ အရိုး၊ ကြွက်သားတွေမှာ ကင်ဆာဆဲလ်တွေတွေ့လာပြီ။ အဆင့် (၄) = အသဲ၊ အဆုပ်တွေအထိရောက်နေပြီ။ • တည်နေရာ၊ အရွယ်အစားနဲ့ အဆင့်အရကုသရတယ်။ • ခွဲစိတ်ထုတ်ပြစ်မယ်။ ရိုးရိြးခွဲနည်း၊ လေဆာနဲ့ခွဲနည်းအပြင် Moh’s micrographic surgery ခွဲနည်းဆိုပြီးရှိတယ်။ ဒါ့အပြင် Cryosurgery နည်းနဲ့ Electro dessication and curettage နည်းတွေလဲရှိသေးတယ်။ • ဓါတ်ကင်နည်းကို ခွဲဘို့ခက်တာအတွက်သုံးတယ်။ • ခွဲစိတ်ပြီးနောက်မှာ ကင်ဆာဆေးပေးတာလိုက်ရတာလဲရှိတယ်။ ဓါတ်ကင်ပြီးနောက်လိုက်ရတာလဲ

Pinched nerve ဆိုတာ

Image
ဆရာရှင့် အကြောညှပ်တာကို English လို ဘယ်လို ခေါ်လဲရှင့် ကျေးဇူးတင်ပါတယ် ဆရာ ခါးကြောညှပ် အရပ်သုံး ရောဂါအမည်တချို့က ဆေးပညာဝေါဟာရတွေနဲ့ ကိုက်ညီခြင်း မရှိပါ။ အကြောဆိုတာ Nerve အာရုံကြောကို ဆိုလိုချင်တာလို့တော့ ထင်ရတယ်။ သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ ကြွက်သားအဖျားပိုင်း Tendon ကိုလည်း အကြောလို့ သုံးသေးတယ်။ ခါးမှာ ဘာဖြစ်နေသလဲသိရမှသာ ရောဂါအမည်ကို စဉ်းစားလို့ရနိုင်တယ်။ ဖြစ်လေ့ရှိတာက ခါးဆစ်အရိုးနုက နောက်ဘက်ကိုကျွံထွက်နေပြီး ခါးရိုးမကြီးကြီးကိုဖြစ်စေ၊ သူကနေထွက်တဲ့ အာရုံကြောတွေကိုဖြစ်စေ ဖိထားခံရလို့ နာတာရှိတယ်။ Herniated Disk. A prolapsed (herniated) disc လို့ ခေါ်တယ်။ နောက်တမျိုုးက Sciatica ဆိုတာ ပေါင်နောက်ဖက်နေရာကို အလုပ်လုပ်ပေးနေတဲ့ အာရုံကြောဖိခံထားရခြင်း။ Pinched nerve ဆိုတာ အာရုံကြောအပေါ်ဖိအားသက်ရောက်နေခြင်း။ စောစောကတင်ပြထားတဲ့ herniated disk ဖြစ်ခြင်းအပြင် လက်ကောက်ဝတ်နေရာမှာဖြစ်တာကို carpal tunnel syndrome လို့ ခေါ်တယ်။ လည်ပင်းမှာလည်း ဖြစ်နိုင်တယ်။ Dr. တင့်ဆွေ

ဆေးဖိုးဝါးခ ရရှိခြင်း

Image
ဟုတ် ကျေးဇူးပါ ဆရာ ဆရာ သမီး ညဏ်ပူဇော်ခ ပေးရသေးလား ဆရာ ဒီလိုပြန်စာ ဒီတခါသာ ရဘူးတယ်။ ဆရာ့ကို ဆေးပညာဖြေပေးတာအတွက် ပေးလိုရင် ကိုယ့်မိဘကိုသာ ကန်တော့လိုက်ပါရန်။ Smile! Dr. တင့်ဆွေ

Urethritis ဆီးထွက်ပြွန်ရောင်ခြင်း

Image
(ကန်တော့) Urethritis ဆရာရေ အဲ့ရောဂါက ကာလသား ရောဂါလားဆိုတာသိချင်လို့ပါ အတိအကျဘာသာပြန်ရင် ဆီးထွက်ပြွန်ရောင်ခြင်း။ ဖြစ်စေတဲ့အကြောင်းခံက လိင်မှုနဲ့ဆိုင်ရင်တော့ လိင်ကတဆင့်ကူးစက်ရောဂါလို့ ဆိုနိုင်တယ်။  ကာလသားရောဂါဆိုတာ ယေဘုယျဆန်တဲ့ အသုံးဖြစ်တယ်။ အခုခေတ်မှာ မသုံးတော့ပါ။ STDs လိင်ကတဆင့်ကူးစက်ရောဂါများလို့ သုံးပါတယ်။ Gonococcal urethritis ဆိုရင်တော့ ဂနိုးရီးယားပိုးကြောင့် ဆီးထွက်ပြွန်ရောင်ခြင်းဖြစ်လို့ လိင်မှုနဲ့ဆိုင်တယ်။ Urethritis ရောဂါဟာ urinary tract infection (UTI) ခေါ် ဆီးလမ်းပိုးဝင်ခြင်းလို့လည်း သတ်မှတ်တယ်။ ကျား + မ ဖြစ်နိုင်တယ်။ ဘက်တီးရီးယား (E coli, chlamydia, and goorrhea) အမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ တချို့က sexually transmitted diseases လိင်ကတဆင့် ကူးစက်တယ်။ herpes simplex virus နဲ့ cytomegalovirus တွေက ဗိုင်းရပ်စ်တွေ ကြောင့် ဖြစ်တယ်။ Dr. တင့်ဆွေ

Loratadine side effects ဘေးထွက်သက်ရောက်မှုများ

Image
Cetirizine Hydrochloride 10mg နဲ့ loratadine disperible 10mg လဲပေးလိုက်တယ် ဆရာ အဲ့ဆေးနှစ်မျိုးရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးကို ပြောပြပေးပါလား ဆရာ Cetirizine တညတပြား အလာဂျီဆေး https://dr-tint-swe.blogspot.com/2021/01/cetrizine.html Loratadine side effects ဘေးထွက်သက်ရောက်မှုများ Headache ခေါင်းကိုက် Dry mouth အာခေါင်ခြောက် Fast or uneven heart rate နှလုံးခုန်မြန် မမှန် Dizziness ခေါင်းမူး Stomach pain ဗိုက်အောင့် Fatigue အားနည်း Cough ချောင်းဆိုး Diarrhea ဝမ်းပျက် Drowsiness အိပ်ချင် ဒေါက်တာတင့်ဆွေ

Anti-HBs ဆိုတာ

Image
မေးခွန်းကို ပြန်မရှာအားသေးပါ။ Anti-HBs (Quantitative) >1000 = Positive Hepatitis B surface antibody (anti-HBs) ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင်မှာရှိတဲ့ (ပရိုတင်း) ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ နလံထလာရင် သွေးထဲမှာ ဒါတွေများလာမယ်။ အရင်က ပိုးဝင်ဘူးတာကို သိရမယ်။ ကာကွယ်ဆေးထိုးထားသူလဲ တွေ့ရမယ်။ ကာကွယ်ဆေးထိုးဘို့ လို-မလိုသိစေမယ်။ Positive ကာကွယ်ဆေးထိုးဘို့ မလို။ Negative ကာကွယ်ဆေးထိုးဘို့ လို။ ဒေါက်တာတင့်ဆွေ

Ketoconazole Shampoo Side Effects ခေါင်းလျှော်ရည်၏ ဘေးထွက်သက်ရောက်မှုများ

Image
ဆရာဝန်နဲ့ပြတာ Ketoconazole 2% ခေါင်းလျှော်ရည် ပေးလိုက်တယ် ဆရာ ဘေးထွက်ဆိုးကျိုးရှိနိုင်လား ခင်ဗျ အဲ့ခေါင်းလျှော်ရည်က ဘေးထွက်သက်ရောက်မှုများ လူတိုင်းမှာတော့ မဖြစ်ပါ။ အဖြစ်များ - ယား၊ ပူလောင်၊ နေမထိသလိုခံစားရ။ အဖြစ်နည်း ဝက်ခြံ၊ ပါးစပ်အနာပေါက်၊ အရေပြား ယား၊ ပူလောင်၊ နေမထိသလိုခံစား၊ အပူဖူးပေါက်၊ ခြောက်သွေ့၊ ခြေသည်းလက်သည်း အရောင်ပြောင်း၊ ခေါင်းမူး၊ မျက်စိခြောက်သွေ့၊ အနေရခက်၊ ရောင်၊ မျက်နှာရောင်။ ဒေါက်တာတင့်ဆွေ

Women Over 40 အမျိုးသမီး အသက် ၄၀ ကျော်လာရင်

Image
ကြည့်ကောင်းတဲ့ပုံတွေနည်း တင်နေကြတာတွေ့တယ်။ ပုံတွေသာကောင်းပြီး စာက ဆားမပါ၊ ခပ်ပေါပေါ့တွေ။ အမျိုးသမီး အသက် ၄၀ ကျော်လာရင် အောက်က ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ လိုအပ်ကြပါတယ်။ ဆေးဆိုရင် ဗူးခွံလှတာ မကြည့်ပါနဲ့။ မြန်မာပြည်ကပုံတွေ မတင်ပါ။ ကာယကံရှင်တွေက သဘောတူ မတူ မသိ။ Vitamin B12 Vitamin B12 ဗီတာမင် ဘီ ၁၂ https://dr-tint-swe.blogspot.com/2021/06/vitamin-b12.html Calcium Calcium and Women အမျိုးသမီး နဲ့ ကယ်လ်စီယမ် https://dr-tint-swe.blogspot.com/2021/09/calcium-and-women.html Vitamin D Vitamin D ဗီတာမင် ဒီ https://dr-tint-swe.blogspot.com/2022/06/vitamin-d.html Magnesium Magnesium မက်ဂနီဆီယမ် ဓါတ်ဆား https://dr-tint-swe.blogspot.com/2021/01/magnesium.html Omega 3 Fatty Acids  Omega-3 အိုမီဂါသရီး https://dr-tint-swe.blogspot.com/2020/12/omega-3.html Omega-3 အိုမီဂါ-သရီး ဘာလို့ နာမည်ကြီး https://dr-tint-swe.blogspot.com/2022/05/omega-3.html ဒေါက်တာတင့်ဆွေ

ဟင်းချက်နည်း မတတ်ပါ

Image
ဆရာ ရဲ့ချက်နည်းတွေ အကုန် ဆေ့ထားပါတယ် ကျွန်တော့ ဟင်းချက်နည်း တခုမှ မပါ။ စာရေးတာမှန်တဲ့စာကိုသာ ကူးတင်တာ။ ချက်နည်းမျိုးစုံ တွေ့ပါတယ်။ ဖတ်ကြည့်ပါတယ်။ မျိုချလို့လွယ်တဲ့နည်းက ရှားတယ်။ တချို့ကျ ရေသောက်နည်းတဲ့။ ရေတောင် မျိုချရခက်တဲ့နည်း။ All-Purpose Thermo Bottles in the Limited Edition Australian Open design to keep them well hydrated on and off the court. Thanks to their double-walled stainless steel, the bottles reliably keep drinks ice-cold for up to 24 hours. ပုံကတော့ လက်ရှိကျင်းပနေတဲ့ သြစတေးလျအိုးပင် တင်းနစ်ပြိုင်ပွဲကြီးမှာ အားကစားသမားတွေသောက်တဲ့ ရေသန့်ဗူး။ ၁။ HOPE WATER Drink Bottle Pastel 550ml $26.82 USD ၂။ HOPE WATER Drink Bottle Motion 750ml $33.53 USD ၃။ HOPE WATER Drink Bottle Motion 750ml $33.53 USD မြန်မာပြည်မှာသာရောင်းရင် ထိုင်မသောက်ရ၊ ထမသောက်နဲ့၊ ရေနွေးမတည့်ရ ဘလာဘလာဘလာ တွေလာဦးမယ်။ ဒေါက်တာတင့်ဆွေ

Side Effects of Carboplatin, Etoposide ဆေး၏ ဘေးထွက်သက်ရောက်မှုများ

Image
ဆရာရှင့် Etoposide + Carboplatin ဆေးသွင်းရတဲ့ လူနာအတွက် ဆောင်ရန်၊ ရှောင်ရန် လေးတွေ သိပါရစေရှင် ဆေး၏ ဘေးထွက်သက်ရောက်မှုများ Infection သွေးဖြူဥကျပါက ရောဂါပိုးဝင်နိုင်၊ Anemia သွေးအားနည်းလာပါက သွေးသွင်းရနိုင်၊ Bruising, bleeding သွေးထွက်လွယ်၊ Nausea, vomiting ပျို့အန်၊ Sores in mouth ပါးစပ်အနာပေါက်လို့ အစားအသောက်ခက်နိုင်၊ Hair loss ဆံပင်ကျွတ်။ ဒီအချက်တွေထဲမှာ ဘယ်ဟာမစားနဲ့ ဘယ်ဟာစား မပါရှိ။ ကုသပေးနေတဲ့ဆရာဝန်ညွှန်တာသာ လိုက်နာသင့်။ ဒေါက်တာတင့်ဆွေ

ဉာဏ်ကောင်းတဲ့ဆေး မရှိပါ

Image
ဥာဏ်ကောင်းတဲ့ အားဆေးတိုက်ရင် ထိရောက်နိုင်ပါသလား ဆရာရှင့် ဉာဏ်ကောင်းတဲ့ဆေး မရှိပါ။ အသားဖြူတဲ့ဆေး မရှိပါ။ အရပ်ရှည်တဲ့ဆေး မရှိပါ။ အသက်ငယ်သူလို ပြန်ဖြစ်ဆေး မရှိပါ။ တမိသားစုထဲက ညီအကိုမောင်နှမတွေ စာလိုက်နိုင်တာ စာတော်တာ မတူကြပါ။ သန္ဓေကတည်းကပါလာတဲ့ မျိုးဗီဇ၊ လေ့လာသင်ယူမှု၊ ကိုယ်တိုင်အားထုတ်မှု၊ ပတ်ဝန်းကျင် စတဲ့ အချက်အလက်တွေအရ စာတော်တယ်၊ သင့်တယ် ဖြစ်လာကြပါတယ်။ ကျောင်းမှာ စာမတော်ပေမဲ့ အသက်မွေးမှုများ တော်တဲ့သူတွေလည်း ရှိတယ်။ ထူးထူးခြားခြား အောင်မြင်သူတွေလည်း နည်းနည်းပါးပါ ရှိတယ်။ ကမ္ဘာ့ထိပ်တန်းရောက်သူတွေ အားဆေးကြောင့် တော်ကြတာ မဟုတ်ပါ။ ကြော်ငြာဆေးတွေကတော့ ပေါတယ်။ ဒေါက်တာတင့်ဆွေ

Medical Students ဆေးစာတွေကို ဘယ်လိုဖတ်ခဲ့သလဲ

Image
ဆရာ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်က ဆေးကျောင်းသားတယောက်ပါ စာတွေအလွန်များလို့ ဆရာ ကျောင်းသားစာတွေဘယ်လိုကျက်ပြီး ဖြတ်သန်းခဲ့လဲ သိပါရစေ ဆရာ။ ကျေးဇူး။ မေးလို့ တိုတိုရေးပါမယ်။ ကျွန်တော်တို့ခေတ်နဲ့တော့ အခုခေတ်က မတူလောက်ပါ။ ကျွန်တော်တို့အတန်းမှာ ကျောင်းသူကျောင်းသား တရာမပြည့်ပါ။ စာကြိုးစားသူတချို့၊ စာတော်သူ နည်းနည်းနဲ့ ပုံမှန်စာဖတ်သူက များတယ်။ တခြားအတန်းတွေမှာလည်း အဲလိုတွေ့ပါတယ်။ ကျွန်တော်က ပုံမှန်အုပ်စုထဲက။ ပြောစရမလိုတဲ့အချက်က စာတွေကများတယ်။ အသေဖတ်ရ မှတ်ရတယ်။ နေ့ခင်း ကျောင်းတက်၊ စာဖတ်၊ လက်ဖက်ရည်ဆိုင်ထိုင်။ ည စာဖတ်၊ တခါတခါ ဖဲဝိုင်းက ရှိသေး၊ စာပြန်ဖတ်။ လက်ဖက်ရည်ဆိုင်ထိုင်။ စာပြန်ဖတ်။  အခန်းဖေါ်ကို မင်းက ဒီ ‘ချပ်ပတာ’ ဖတ်၊ ငါ့ပြန်ပြော။ ငါက ဟို “ချပ်စတာ’ ဖတ်၊ မင့်ကိုပြန်ပြော။ ဖတ်ရတဲ့စာအုပ်တွေကလည်း အမျိုးမျိုး။ စာကို အင်္ဂလိပ်လိုချောအောင်ရေးတာမျိုးက ဖတ်ရတာ ခေါင်းထဲ ဝင်လွယ်ပြီး၊ တချို့စာအုပ်တွေက အဆင်မချောပါ။ ဒါ့ပေမဲ့ ခုခေတ်ဖေ့စ်ဘွတ်လို ‘လိုပ်ခ်’၊ ‘ဟဟ’၊ ‘ဘလော့’ လည်း လုပ်မရတော့ အကုန်သာဖတ်ပေရော။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆေးစာအုပ်တိုင်းနဲ့ အမျိုးအရင်းတော်တယ်လို့ အောက်မေ့ရတယ်။ တခါတလေ ညပိုင်း တီးဝိုင်းဖြစ်

တမာဖူးက ပေါ်ဦးပေါ်ဖျား

Image
တပိဿာ ၉၀၀၀ အခုနေများစားရင် သွေးတိုးအခံလေးနဲ့တည့်မယ်မထင် တဲ့။ တမာရွက်ရဲ့ ကျန်းမာရေးကျေးဇူးတွေကို အင်္ဂလိပ်လို ဝဘ်ဆိုက်တွေမှာ တန်းစီရေးထားကြတယ်။ ကင်ဆာကစတယ်။ ဆီးချိုလည်းပါတယ်။ အနာရောဂါတွေလည်းပါတယ်။ အရွက်အခေါက် စတာတွေကို ဆေးအဖြစ်သုံးကြတယ်။ Neem ခေါ် တမာ(အရွက်၊ အခေါက်၊ အစေ့တွေ) ထဲမှာ Azadirachta indica ဓါတ်ပါတယ်။ အိန္ဒိယမှာ သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်ထားတယ်။ hyperglycemia ခေါ် သွေးထဲသကြားဓါတ်များခြင်း (ဆီးချို) နဲ့ hypertension ခေါ် သွေးတိုးအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချထားတယ်။ သုတေသနပြုမှုအရေအတွက် နည်းသေးလို့ ဆက်လုပ်သင့်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူပြည်သား ၉၉% လောက်က တမာရွက် တက်သတဲ့။ သွေးတိုးတက်တာလား သစ်ပင်ပေါ် တက်တာလား မသိ။ မေးကြည့်တော့ တယောက်တမျိုး။ အိန္ဒိယသုတေသနအရ တမာရွက်က သွေးတိုးကိုထိန်းနိုင်တယ်။ ဒါပေမဲ့ ဒါပေမဲ့ တမာရွက်နဲ့တွဲစားတဲ့ ငပိချက်၊ ငန်ပြာရည်၊ ငပိရည်တွေထဲမှာပါတဲ့ ဆိုဒီယမ် ခေါ် ဆားဓါတ်ကြောင့် သွေးတိုးတက်ပါမယ်။ စာရေးတဲ့ဆရာဝန် တမာရွက် မရောင်းပါ။ ဝယ်စားပါတယ်။  ဒေါက်တာတင့်ဆွေ

Vegetables not good for high blood pressure သွေးတိုးနဲ့ မတည့်သော ဟင်းသီးဟင်းရွက်များ

Image
Sodium count ဆိုဒီယမ်များတဲ့ အစားအသောက်တွေက သွေးတိုးနဲ့ မတည့်ပါ။ လေ့လာမှုကို အိန္ဒိယမှာ စားတာတွေကိုသာ လုပ်ထားတယ်။ ဘယ်အစားတွေလည်း ဘာသာမပြန်တော့ပါ။ ပုံထဲမှာ ပါတယ်။ သူများဆီမှာ မြန်မာပြည်မှာလို ငပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ပုစွန်ခြောက်စတာတွေ မစားကြလို့ သုတေသနမှာ မပါ။ ဟင်းချိုမှုန့်၊ အသားမှုန့်၊ အရသာမှုန့်တွေကိုလည်း မသုံးပါ။ တခြားနိုင်ငံကလာနေသူတွေက လိုက်ရှာဝယ်ကြရတယ်။ သူတို့ဆီမှာ ဟင်ဒူဘာသာဝင်တွေက အသား မစားပါ။ အထူးသဖြင့် အမဲသား မစားပါ။ • အိန္ဒိယမှာ လူဦးရေရဲ့ 11.3% သွေးတိုးရှိတယ်။ • တရုပ်ပြည်မှာ 13.8% သွေးတိုးရှိတယ်။ • ယူကေမှာ လူဦးရေရဲ့ 26.2% သွေးတိုးရှိတယ်။ • ယူအက်စ်အေမှာ လူဦးရေရဲ့ 47% သွေးတိုးရှိတယ်။ • မြန်မာပြည် မသိပါ။ Foods make your blood pressure go up သွေတိုးစေနိုင်သည့် အစားအစာများ https://dr-tint-swe.blogspot.com/2024/01/foods-make-your-blood-pressure-go-up.html ဒေါက်တာတင့်ဆွေ

အားနာနာနဲ့ ရေးပါတယ်

Image
ဆရာ မင်္ဂလာပါ၊ ကျမအသက် ၄၉၊ အိမ်ထောင်ရှိ ကလေးမရှိပါဆရာ၊ ရာသီလဲမှန်ပါတယ် (ကန်တော့) ကျမနစ်အကုန် medical check up လုပ်တာ TSH 17 ကျော်လို့ ဆရာဝန်ညွှန်ကြားချက်နဲ့ T4 100 တနေ့တစိတ်သောက်နေရပါတယ်ဆရာ၊ ကျမသူငယ်ချင်းက လည်ပင်းသိုင်းရွိုက်ကြောင့်ခွဲစိတ်ထားဖူးပြီး အခုပုံပါဆေးသောက်ဖို့တိုက်တွန်းလို့ သောက်လို့ရမရ သိချင်လို့ပါရှင့်။ကျေးဇူးတင်ပါတယ်ဆရာ။ ကြော်ငြာဆေးဖြစ်တယ်။ ကောင်းတယ်လို့လည်း ရေးကြတယ်။ ဆရာဝန်တွေကတော့ မညွှန်ပါ။ အဲလိုဆေးမျိုးတွေဟာ သောက်ရင် ဆိုးကျိုးတော့ မဖြစ်လောက်ပါ။ ရောင်းကောင်းအောင် USA ယူအက်စ်အေတို့ UK ယူကေတို့အမည်ပါလေ့ရှိကြတယ်။  ဖေ့စ်ဘွတ်မှာလည်း ဆေးနည်းမှားရေးတဲ့သူကို NY နယူးယော့လို့ တပ်ထားတာတွေ့တယ်။ အမေရိကားနေဆရာဝန်ကြီး ဆရာဝန်မကြီး စတာတွေလည်း မကြာခဏ တွေ့ရတယ်။ မြန်မာပြည်မှာတော့ ရွှေတံဆိပ်ရလို့ ပါလေ့ရှိတယ်။  FDA အသိအမှတ်ပြုဆိုတိုင်းလည်း သတိထားရမယ်။ FDA က ရောင်းချခွင့်ပြုတာသာဖြစ်တယ်။ ဒီဆေးက ဒီရောဂါတွေကို ပျောက်စေမယ်လို့ အာမခံချက်ပေးတာ မဟုတ်ပါ။ ဆေးသောက်ရင် ဆိုးဝါးတာတွေ မဖြစ်လောက်တာကို အသိအမှတ်ပြုတာသာဖြစ်ပါတယ်။ လျှောက်လွှာမှာ မာလ်တီဗီတာမင်၊ ဖြည့်စွက်စာ၊ အားဆေးဆိုရင် လွတ်စေလုပ်ပါတယ်။ အဲဒါနဲ့ ဖ

Cancer ကင်ဆာကို လူကြိုက်များအောင် ရေးနေကြသလား မသိ

Image
(စ) တလောကလုံးမှာ ကျွန်တော် မစော်ကားဝံ့ဆုံး လူတယောက်ဟာ မမခိုင်ပါပဲ။ မမခိုင်ကို စော်ကားကြတဲ့ သမုတ်ကြတဲ့၊ စွပ်စွဲကြတဲ့ လူတွေရဲ့ သရော် လှောင်ပြောင်ချက်ကို ဂရုမထားပဲ မမခိုင်ကို ကျွန်တော် ချစ်ခဲ့တယ်။ ချစ်ခဲ့တယ် ဆိုတဲ့ စကားဟာ မှားပါတယ်၊ ကိုးကွယ်ခဲ့မိတယ်။ အဲ့လို ကိုးကွယ်ခဲ့မိတာလဲ ကျွန်တော်မှားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုးကွယ်သူတွေဟာ ဘယ်တော့မှ ပိုင်ဆိုင်ခြင်းကို မရဘူး။ ကိုယ်က ပူဇာ်ရတာပဲရှိတယ်။ (ဆုံး) (တက္ကသိုလ်ဘုန်းနိုင် - သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်) တက္ကသိုလ်ဘုန်းနိုင်ကလောင်အမည်နဲ့ တင်တဲ့စာတွေက သတ်ပုံမှန်တာ အလွန်ရှားတယ်။ ဒီစာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ တက္ကသိုလ်ဘုန်းနိုင်အရင်က မြင့်ကျော်၊ မြင့်နီ၊ ကရမက်ဆိုတဲ့ကလောင်တွေနဲ့ ရေးတဲ့စာအုပ်တွေဟာ ရည်းစားစာရေးနည်းလို့ သတ်မှန်လို့ရတယ်။ အဲဒီခေတ်ကလည်း ရည်းစားစာခေတ်။  အခုတော့ ဖေ့စ်ဘွတ်ကနေ ရေးချင်ရာရေးကြပြီ။ သတ်ပုံမမှန်ရင်ပိုတောင် လူကြိုက်များသလား မသိပါ။ လူငယ်တွေရေးတာကို သိတ်မဖတ်ဖြစ်လို့ မသိတာ။  ကင်ဆာမျိုးစုံနဲ့ ရောဂါမျိုးစုံစာတွေကိုတော့ နေ့တိုင်း ဖတ်တော့ သိတယ်။ မှန်အောင်ရေးတာရယ်လို့ အတော်ကိုရှားတယ်။ ကင်ဆာမေးခွန်းကို လူကြိုက်များအောင် ရေးနေကြသလား

Asthma inhalers for kids ကလေးများအတွက် ပန်းနာရှူဆေး

Image
မင်္ဂလာပါဆရာ ပန်းနာရူဆေးကို ကလေးတွေဘယ်အရွယ်မှာသုံးသင်ပါလဲဆရာ ကလေးများအတွက် ပန်းနာရှူဆေး အသက် ၄ နှစ်ကနေစသုံးနိုင်တယ်။ ဒါပေမဲ့ ၄ နှစ်အောက်ကလေးတွေကို ကလေးအထူးကုဆရာဝန်ကညွှန်ရင် သုံးရပါတယ်။ Asthma Inhaler Medications Approved for Children ကလေးများအတွက် အကောင်းဆုံး ပန်းနာရှူဆေးများ Short-Acting Beta Agonists Brand Names Age for Use Beclomethasone Qvar, RediHaler 4 and up Budesonide (DPI) Pulmicort Flexhaler 6 and up Fluticasone propionate (HFA) Flovent 4 and up Albuterol ဆေးပါတာကို အများဆုံးသုံးပါတယ်။ ဒေါက်တာတင့်ဆွေ

Water ရေ ရေသောက် ရေနွေးကြို ရေးချိုး ခေါင်းလျှော်တွေကို ရမယ်ရှာနေသူတွေ အကုန်မှားတယ်

Image
- ဆရာ ရေနဲ့ပတ်သက်တာလေးတွေ မေးပါရစေ။ ရေသန့်ဘူးထဲကရေကို ကြိုချက် မသောက်ရဘူးဆိုတာဟုတ်ပါသလား။ နောက်တခုကရေနွေးညသိပ်က အဆိပ်ထက်ပြင်း တဲ့။ညသိပ်ရေနွေးမသောက်ရတာ ဟုတ်ပါသလား။ နောက်တခါ ကြိုပြီးသားရေကိုရေစိမ်း (၂-မျိုးလုံး‌ရေသန့်) ရော မသောက်ရဘူးဆိုတာရော ဟုတ်ပါသလားဆရာ။ နောက်တခုက ကြိုချက်ပြီးတဲ့ရေအေးကို နောက်ထပ်ပူအောင် လုပ်သောက်တာလဲ မကောင်းဘူးလို့ကြားဘူးတာမှန်ပါသလားဆရာ။ - ဆရာမေးပါရစေရှင့်သံဓါတ်များတဲ့ရေကိုနှစ်အကြာကြီးသောက်လာခဲ့ရင်ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်ပါလဲ - ဆရာ ခင်ဗျာ့ ရေသန့်စက်ရုံကထုတ်တဲ့ ရေသန့်ကို ကြိုချက်သောက်သုံးဖို့မသင့်ဘူးဆိုတာ ဟုတ်ပါသလား။ ရေသန့်ထဲပါတဲ့ ကလိုရင်းက အပူပေးရင် ဓါတ်ပြုပြီး လူ့ခန္ဓာကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ တွေ့မိလို့ပါ။ - ဆရာ တခုလောက် မေးချင်ပါတယ် ရေသန့်ကို ထပ်ကြိုချက်ပြီးသောက်ရင် ကျမ်းမာရေးနံ့ ညီပါသလားဆရာ ကလေးနို့မုန့်တိုက်ရင် လိုအပ်နေလို့ပါဆရာ  - ဆရာခင်ဗျား ရေသန့်ကိုကျိုချက်သောက်ရင် ဘေးဖြစ်တယ်ဆိုတာ မှန်ပါသလားခင်ဗျာ အမျိုးမျိုး ပြောနေကြလို့ပါ အချိန်ရရင် ပြန်ဖြေပေးပါအုံးဆရာ - ဆရာခင်ဗျား ရေသန့်ကိုအပူပေး (ကြိုချက်) ပြီးသောက်လျှင်ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ ဟုတ်ပ

Foods make your blood pressure go up သွေတိုးစေနိုင်သည့် အစားအစာများ

Image
1. Sodium ဆိုဒီယမ် (ဆား) 2. Sugar သကြား  3. Saturated or trans fats ပြည့်ဝဆီနှင့် ထရန်စ်ဆီ 4. Alcohol အရက် 5. Cheese ဒိန်ခဲ 6. Pickles လက်လုပ်ချဉ်များ 7. Salty snacks ငန်သောသွားရည်စာများ 8. Salty foods ငန်သောစားစရာများ (ငပိ၊ ငါးခြောက်၊ ငန်ပြာရည် + ဆားလေးသော အသား၊ ငါး၊ ဥ၊ အသီးအရွက်၊ ပဲ ဟင်းအားလုံး) 9. Red meat အမဲသား + ဝက်သား + ဆိတ်သား 10. Canned foods with preservatives စည်သွပ်ဗူးများ မှတ်ချက် - • တမာရွက်၊ ကြက်ဟင်းခါးသီး၊ တညင်းသီး၊ ပဲပုပ်၊ ဆူးပုပ်ရွက်၊ တက်တယ်လို့ပြောနေကြတာတွေ စာရင်းထဲမပါ။  • ဒါပေမဲ့ အဲဒီ စားစရာတွေကို ငပိချက်၊ ငန်ပြာရည်၊ ငပိရည်နဲ့စားရင် သွေးဖိအား တက်ပါမယ်။  • ဟင်းချိုမှုန့်၊ ရသာမှုန့်၊ အသားမှုန့်တွေမှာ ဆားလောက်ထိ မများပေမဲ့ ဆိုဒီယမ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Late menstruation without pregnancy ရာသီနောက်ကျခြင်း

Image
ကန်တော့ဆရာ အမျိုးသမီးရာသီမမှန်တာ ရာသီမှန်အောင် ဘာဆေးသောက်သုံးရမလဲဆရာခင်ဗျာ အသက် ၃၅ ပါဆရာ ကျွန်တော်အမျိုးသမီးပါဆရာ ကလေး တယောက်ပါဆရာ ၈လ ပြည့်ပြီးပါပြီဆရာ ကိုယ်ဝန်လို့ ထင်ပါသလား။ ဆီးစစ်ရင် ဟုတ် မဟုတ် သိမယ်။ မဟုတ်ရင် ဆက်မေးစရာတွေ ရှိပါမယ်။ ကိုယ်ဝန်တော့မဟုတ်လောက်ဘူးဆရာခင်ဗျ အရင်လက‌ရာသီသွေးဆင်းသေးတယ်ဗျဒီလနောက်ကြနေလို့ပါဆရာခင်ဗျ အောက်ပါဆေးနည်း တခုခုလုပ်နိုင်တယ်။ ၁။ Vitamin C တနေ့မှာ1000 ကနေ 2000 mg အထိ သောက်နိုင်။ ဥပမာ 500 mg တနေ့ ၂-၄ ကြိမ်။ ၂။ Medroxyprogesterone ဆေးသောက်နိုင်။ ဟော်မုန်းဆေးဖြစ်လို့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ တနေ့ 5 mg ကို ၅-၁၀ ရက်ကြာသောက်ရတယ်။ ဒေါက်တာတင့်ဆွေ

Tracheostomy လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်း

Image
လည်ချောင်းကင်ဆာအသက်ရှူရကြပ်နေလို့လေပေါက်ဖောက်လို့ရလားခမျာ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမည်။ Tracheostomy ခေါ် လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်းဟာ အများအားဖြင့် ယာယီသာဖြစ်တယ်။ ဦးခေါင်းနဲ့ လည်ပင်းရောဂါခွဲစိတ်ကုသရာမှာ လိုတတ်တယ်။ ယာယီသာလိုသူတွေကို နောက်တပတ်နေရင် ပြန်ဖြုတ်ပေးမယ်။ တချို့ကိုတော့ ဒိထက်ကြာကြာထားဦးမယ်။ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ၊ လည်ပင်းကြီးကင်ဆာ၊ ခံတွင်းကင်ဆာတွေမှာ လိုနိုင်တယ်။ Ventilator ခေါ်အသက်ရှူစက်တပ်ထားသူတွေက ကြာကြာလိုနိုင်တယ်။ မေးခိုင်ရောဂါလူနာတချို့ကိုလည်း လုပ်ပေးရတာရှိတယ်။ လေ့လာမှုတွေအရ လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်းလုပ်ရလို့ အသက်တိုမယ်ထင်တာ မဟုတ်ပါ။ ရောဂါအမျိုးအစား၊ ရောဂါအဆင့်၊ ကိုယ်ခံကျန်းမာရေး၊ အသက်အရွယ် စတာတွေအပေါ် မူတည်တယ်။ ဒေါက်တာတင့်ဆွေ

Hydroxyurea ဆေး

Image
ဆရာခင်ဗျာ hydroxyurea အကြောင်းရှင်းပြပေးပါဗျ chemotherapy medication ခီမိုသာရာပီဆေးဖြစ်တယ်။ Antimetabolites ဆေးလို့လည်းခေါ်တယ်။ ကင်ဆာအတွက်ပေးတယ်။ chronic myeloid leukemia (CML) ရောဂါအတွက် ပေးတယ်။ sickle cell anemia သွေးအားနည်းရောဂါအတွက်လည်း ပေးတယ်။ head and neck cancer (advanced squamous cell cancer) ဦးခေါင်းနှင့်လည်ပင်းကင်ဆာကို ဓါတ်ကင်တာနဲ့တွဲသုံးတယ်။ ဒေါက်တာတင့်ဆွေ

Clindamycin ကလင်ဒါမိုင်စင်

Image
၁။ ဆရာ Clindamycin 300mg တစ်ရက်(တရက်)  ၂ ကြိမ်​ပေးပါတယ် ၁၄ ရက် ​သောက်ရပါ့မယ် နို့တိုက်မိခင် ​သောက်လို့ရလားဆရာ က​လေးကိုထိခိုက်နိုင်လားဆရာ ဆေးအနည်းငယ်က နို့ရည်ထဲပါမယ်။ ဆေးကြောင့် ကလေးမှာ အစာလမ်း ကသိကအောင့် ဖြစ်နိုင်တယ်။ မိခင်က ပိုးသေဆေးတကယ်လိုရင်တေ့ ဆေးသောက်နိုင်တယ်။ ၂။ ဆရာခင်ဗျာ Clindamycin က ဘယ်အုပ်စုကလည်း သိပါရစေ mucrolide နဲ့ Aminoglycoside ကလား ခင်းဗျာ Clarithromycin နားပြည်ယိုခြင်း၊ နာတာရှည် လေပြွန်-အသက်ရှူလမ်းရောင်ခြင်း၊ အရေပြားနာ၊ အရေပြားနာများ၊ လူကြီး 250-500-1000 mg BD/TDS x 14 days; ကလေး = 15 mg/kg/day divided every 12 hours x 10 days လူစုလူဝေး မှရသော နူမိုးနီးယား၊ 500 mg BD x 10 days; အာသီးရောင်၊ လည်ချောင်းနာ၊ (250-500 mg OD) (7.5 mg/kg) Miscellaneous antibiotics အခြားပဋိဇီဝဆေးများ၊  (1) Chloramphenicol တိုက်ဖွိုက်၊ (ဆာလ်မိုနဲလား) ပိုးဝင်ခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ 6 Gm/day in 4 divided doses  (2) Clindamycin အသက်ရှူလမ်းပိုးဝင်ခြင်း၊ အဆုပ်ပြည်တည်ခြင်း၊ 300-900 mg BD  (3) Ethambutol တီဘီ ရောဂါ 15-25 mg/kg daily  (4) Fosfomycin ဆီးအိမ်ပိုးဝင်ခြင်း၊ 1 gm TDS IM  (5) Isoniazi

Stage fright စင်ပေါ်တက်ရမှာ စိတ်ပူပန်နေသလား

Image
၁။ ဆရာ ခင်ဗျား စင်ပေါ်တက်တဲ့အချိန် ရင်တုန်တတ်လို့ သက်သာအောင် proprananol သောက်ချင်လို့ပါ ဆရာ နူန်းထား ဘယ်လောက်သင့်လဲ ဆရာ အသက် က ၃၂ ပါ ဆရာ ၂။ ဟုတ်ကဲ့ပါရှင် သမီးလေးက စင်ပေါ်တတ်(တက်)စကားပြောရင်လူကြောက်တတ်(မှန်)လို့ ပလိုပရာနောဆေး သောက်ပြီးပြောချင်လို့ သမီးအလုပ်ကလဲစင်ပေါ်တတ်(တက်)ပြီးပြောမှရမှာဆိုတော့လေ  ဒီဆေးက ဈေးလည်းမကြီးလို့ အတုမလာလောက်လို့တော့ ထင်တယ်။ ၂၀ မီလီဂရမ်နဲ့ ရနိုင်မယ်ထင်တယ်။ ဆေးက နှလုံးခုန် နှေးစေမယ်။ စင်ပေါ်တက်လို့ ရေးရတယ်။ တက် နဲ့ တတ် မှားရေးတာတွေ နေ့တိုင်းနေ့တိုင်း တွေ့ရတယ်။ ကျောင်းတွေမှာ ဘယ်လိုသင်ပေးနေသလဲ မသိ။ ၃။ မင်္ဂလာပါဆရာ။ မေးကြည့်ချင်တာလေးရှိလို့ပါဆရာ။ ကျွန်မ အသက် ၂၈ နှစ်ပါဆရာ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရင်တွေအရမ်းတုန်ပြီး မောလို့ဆိုပြီး ECG ဆွဲတယ်။ Echo ရိုက်တယ်။ Thyroid စစ်တာတွေ လုပ်ခဲ့ပေမဲ့ အကုန်ကောင်းတယ် ပြောပါတယ်ဆရာ။ အဲ့တုန်းက propranolol နဲ့ neurobion သောက်ခိုင်းပါတယ်ဆရာ။ သက်သာသွားပါတယ်။ နောက်ပိုင်း မသောက်ဘဲနေခဲ့ပါတယ်ဆရာ။ အခု အလုပ်က အသိပညာပေး ဟောပြောမှုတွေ လုပ်ရပါတယ်။ အဲ့လို လူရှေ့ထွက် စကားပြောရရင် ရင်တွေ အရမ်းတုန်ပါတယ်ဆရာ။ အဲ့တာနဲ့ ဟောပြောပွဲရှိရင် တနာရီလောက်ကြိုပြီ

Verzenio for Metastatic Breast Cancer ပြန့်နေသော ရင်သားကင်ဆာအတွက်ဆေး

Image
• Brand Name: ရောင်းကုန်အမည် Verzenio လို့ခေါ်တယ်။ • Generic Name: ဆေးအမည်ရင်း abemaciclib လို့ခေါ်တယ်။ • Drug Class: ဆေးအမျိုးအစား kinase inhibitor ဖြစ်တယ်။ Verzenio (abemaciclib) ဆေးကို ယူအက်စ်အေမှာ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ HR+/HER2- (hormone receptor-positive/human epidermal growth factor receptor 2-negative) breast cancer အမျိုးအစား တခြားနေရာတွေကို ပြန့်နေတဲ့ ရင်သားကင်ဆာ အတွက် ဆေးဖြစ်တယ်။ အရိုး၊ အဆုတ်၊ အသဲ၊ ဦးနှောက် စသည်။ FDA ကနေ Verzenio ဆေးကို ၂၀၁၇ ခုနှစ်က အသိအမှတ်ပြုပေးထားတယ်။ ၂၀၂၀ ခုနှစ်က ယူအက်စ်အေမှာ အဲလိုနာပေါင်း 168,000 ယောက်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ HR+/HER2- breast cancer အမျိုးအစားဟာ ရင်သားကင်ဆာအားလုံးထဲမှာ 69% ရှိတယ်။ Verzenio ဆေးကို aromatase inhibitor ဆေးနဲ့ဖြစ်စေ၊ fulvestrant ဆေးနဲ့ဖြစ်စေ ပေးတယ်။ သူ့တမျိုးတည်းလည်း ပေးတာရှိတယ်။ metastatic breast cancer လို့စသိသူတွေကို Verzenio + aromatase inhibitor ဆေးပေးမယ်။ တကယ်လို့ ဟော်မုန်းဆေးပေးနေရာကနေ ရောဂါတိုးလာရင် Verzenio + fulvestrant ဆေးပေးမယ်။ တကယ်လို့ ဟော်မုန်းဆေး + ခီမိုသာရာပီ ပေးနေရာကနေ ရောဂါတိုးလာရင် Verzenio

Skin Cancer Symptoms အရေပြားကင်ဆာလက္ခဏာများ

Image
အရေပြားကင်ဆာရဲ့ ရောဂါလက္ခဏာတွေသိပရစေရှင့် ကျနော့အဖေကို အရေပြားအထူးကုဆရာဝန်တိုင်းက ရောဂါနာမည်မတပ်ဘဲ ကင်ဆာသမားတွေ သောက်တဲ့ဆေး ပေးလိုက်လို့ပါ။ ရောဂါဝေဒနာခံစားနေရသူများအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေရှင် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ Sarah Ferguson: Duchess of York diagnosed with skin cancer ယော့ခ် မြို့စားကတော် အရေပြားကင်ဆာတွေ့ရှိ Skin Cancer Symptoms အရေပြားကင်ဆာလက္ခဏာများ 1. အရေပြားမှာ အစက်အပြောက်အသစ်ပေါ်လာခြင်း၊ 2. ရှိပြီးအစက်အပြောက်က အရွယ်အစား၊ ပုံပန်း ပြောင်းလာခြင်း၊ 3. အရေပြားမှာ ယား သို့မဟုတ်နာသည့် အစက်အပြောက်၊ 4. အာနာဒဏ်ရာ မပျောက်နိုင်ခြင်း၊ 5. အရေပြားတနေရာမှာ အနီရောင် သို့မဟုတ် အသားရောင် အရောင်တောက်သည့် အဖုပေါ်လာခြင်း၊ 6. အရေပြားတနေရာမှာ အနီရောင် သို့မဟုတ် အရေပြားကွာကျခြင်း၊ 7. အနားသတ်နေရာက အခြေားနေရာထက်မြင့်တက်နေပြီး ကွဲအက် သို့မဟုတ် သွေးထွက်လာခြင်း၊ 8. ကြွက်နို့လိုလိုဖြစ်လာခြင်း၊ 9. အနားသတ်ထင်ထင်ရှားမရှိသော အမာရွတ်ကဲ့သို့ ဖြစ်လာခြင်း။ Skin cancer အရေပြားကင်ဆာ ကုသနည်းများ https://dr-tint-swe.blogspot.com/2022/07/skin-cancer.html ဒေါက်တာတင့်ဆွေ

Bone cancer အရိုးကင်ဆာ ဟုတ် မဟုတ် သိနိုင်သည့်နည်းများ

Image
အရိုးကင်ဆာရှိမရှိဘယ်လိုစစ်နိုင်လဲရှင့်ပိုက်ဆံသိပ်မတက်(တတ်)နိုင်လို့ပါ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ လူနာကို ဆရာဝန်က မေးမြန်း စမ်းသပ်မယ်။ လိုအပ်သူကို ဓါတ်မှန်ရိုက်ခိုင်းမယ်။ သံသယရှိစရာတွေရင် အရိုးအထူးကုဆရာဝန်ဆီ လွှဲပေးမယ်။ လိုအပ်သူကို Biopsy ခေါ် အရိုးစ ထုတ်ယူ စစ်ဆေးမယ်။ core needle biopsy နည်းနဲ့မရသေးရင် open biopsy နည်းနဲ့လုပ်မယ်။ မေ့ဆေးနဲ့လုပ်တယ်။ Bone metastasis အရိုးကိုပြန့်လာသည့်ကင်ဆာ https://dr-tint-swe.blogspot.com/2023/09/bone-metastasis.html Bone cancer အရိုးကင်ဆာ https://dr-tint-swe.blogspot.com/2021/07/bone-cancer.html Bone marrow cancer ရိုးတွင်းခြင်းဆီကင်ဆာ https://dr-tint-swe.blogspot.com/2023/08/bone-marrow-cancer.html Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား) https://dr-tint-swe.blogspot.com/2021/07/giant-cell-tumor-of-bone-gctob.html Ewing sarcoma ဆာကိုမား တမျိုး https://dr-tint-swe.blogspot.com/2022/05/ewing-sarcoma.html ဒေါက်တာတင့်ဆွေ

Nutritional supplements and cancer ကင်ဆာနှင့် ဖြည့်စွက်စာ

Image
အားနာနာနဲ့ ရေးပါသည်။ ဘာကင်ဆာဖြစ်ဖြစ်၊ ကင်ဆာဘယ်အဆင့်ဖြစ်ဖြစ် ဖြည့်စွက်စာ ဖြည့်စွက်စာ လုပ်နေကြသူများအတွက် ရေးပါမယ်။ ကိုဗစ်တုန်းကလည်း ဖြည့်စွက်စာတွေကို တယောက်ပြီးတယောက်က တင်ခဲ့ကြတယ်။ ဒီအမည်တွေက အတူတူ။ ရောဂါ မတူပါခင်ဗျား။ အင်္ဂလိပ်လိုရေးတာကို မထည့်တော့ပါ။ မည်သည့် ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေကမှ ကင်ဆာကြီးထွားမှုကို မတားဆီးနိုင်ပါ၊ မပျောက်စေနိုင်ပါ။ အဲဒီဟာတွေကနေ ကုသမှုကို နှောင့်နှေးစေမလားဆိုတာ သင့်ကိုကုသပေးတဲ့ အထူးကုကို အရင်မေးပါလေ။ ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေဟာ လူတိုင်း စားသုံးတာတွေ ဖြစ်ပါတယ်။ မကောင်းတော့ မရှိလောက်ပါ။  လိုသလား - ကင်ဆာကိုကုသရတာ အင်မတန် ပိုက်ဆံကုန်တယ်။ ဆေးစစ်ရတာကိုက အတော်ကုန်ကျတယ်။ ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေအတွက် အပိုအကုန်မခံသင့်ပါ။  နောက်တခုက ( - ) ထုတ်တဲ့ ဖြည့်စွက်စာ ကောင်းတယ်။ ကောင်းသလား နေ့တိုင်းလိုလို ဖတ်ရတယ်။ ထုတ်လုပ်တဲ့ ကုန်အမည် မထည့်တော့ပါ။ အားနာရတယ်။ အင်းရှူးဝါး - Ensure အင်းရှူးဝါးကို ၁၉၇၃ ခုနှစ်မှာ စပြီး ဈေးကွက်တင်ပါတယ်။ ကင်ဆာသမိုင်းက ရှေးဟောင်းအီဂျစ်ကနေ စတင်တာဖြစ်တယ်။ အင်းရှူးဝါးကို နွားနို့ကနေ စီမံထုတ်လုပ်တယ်။ နွားနို့ထက် ဈေးကြီးတယ်။ ENSURE PLUS NUTRITI

Metastatic Breast Cancer Diagnosis ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာလို့ သိတာနဲ့ ဘာလုပ်သင့်သလဲ

Image
ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အဆင့် ၄ ရောက်နေပြီ။ ရင်သားကနေ ကိုယ်ခန္ဓာတခြားနေရာတွေဆီ ရောက်နေပြီ။ ဆောရီး။ ရုတ်တရက် အဲလိုသိလိုက်တာနဲ့ လူနာအများစုဟာ ဝမ်းနည်းမှု၊ ဒေါသနဲ့ မယုံနိုင်မှု ဖြစ်ကြတယ်။ ရိုးရိုးတည့်တည့်ပြောရရင်တော့ ပျောက်အောင်ထိတော့ ကုသလို့ မရနိုင်တော့ပါ။ ဆောရီး။ ဒါပေမဲ့ တတ်နိုင်တာတွေ လုပ်ပေးနိုင်ပါတယ်။ နေရတဲ့ကာလ အရည်အသွေးကောင်းအောင်၊ ခံစားရတာတွေ သက်သာရာရအောင်၊ မကုသတော့ဘဲနေတာထက် အသက်ပိုရှည်အောင် စသည်။ စိတ်လှုပ်ရှားမှုနဲ့ ခံစားချက်ကို ကြိုးစား ပြုပြင်ရပါမယ်။ ဘာတွေ လုပ်နိုင်သလဲ - ၁။ အသင့်မှန်ဆုံးဆရာဝန်ကို ရွေးချယ်ပါ။ ၂။ ဆရာဝန်ကို သိလိုတာမှန်သမျှ မေးမြန်းပါ။ (က) ရောဂါအဆင့်ဘယ်လောက်လဲ၊ (ခ) ရောဂါအမည်အတိအကျ ဘာလဲ၊ (ဂ) ရောဂါ အဆင့်ကွဲကဘာလဲ၊ (ဃ) ကုသမှုရဲ့ ဘေးထွက်သက်ရောက်မှုတွေ၊ (င) ကုသပေးကြမဲ့ဆရာဝန်များအဖွဲ့၊ (စ) အလားအလာ၊ ခန့်မှန်းရ အတော်တော့ ခက်ခဲ့တာလည်း သိနားလည်ထားပါ။  ၃။ ဆေးကုသမှုမှတ်တမ်းကို သိမ်းထားပါ။ အလွယ်တကူရနိုင်တဲ့နေရာမှာ ရှိပါစေ။ ၄။ ဆရာဝန်ဆီ မလာမီ မေးလိုသမျှ စာနဲ့ ရေးချခဲ့ပါ။ ၅။ မိသားစုဝင် သို့မဟုတ် သင်ယုံကြည်ရသူတဦးကို ခေါ်လာပါ။ ၆။ အိမ်ပြန်ရောက်တော့ မေးလိုတာရှိသေးလည်း ဆရာဝန်ဆီ

Disease X ရောဂါကို ဘယ်လိုကိုင်တွယ်မလဲ

Image
ကမ္ဘာ့ခေါင်းဆောင်တွေ ဆွစ်ဇာလန်နိုင်ငံ Davos မှာ ဆွေးနွေးနေကြတဲ့ အကြောင်းအရာ များစွာထဲက တခု ဖြစ်ပါတယ်။ ဆေးပညာမှန်းဆချက်အရ Disease X ရောဂါဟာ COVID-19 ရောဂါထက် အဆ ၂၀ ပိုပြီး သေစေနိုင်ပါသတဲ့။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်လို့ WHO က ဆိုပါတယ်။ COVID-19, Ebola virus, Zika virus, Crimean-Congo haemorrhagic fever, Middle East Respiratory Syndrome, Severe Acute Respiratory Syndrome (SARS) ကူးစက်ရောဂါတွေနဲ့ တတန်းတစားတည်း ထားရတဲ့ ရောဂါဖြစ်တယ်။ တိရစ္ဆာန်တွေကိုပါ ကူးစက်မှာ သတိထားရမယ်။ ကိုဗစ်ကြောင့် လူပေါင်း ၇ သန်းနီးပါးသေဆုံးခဲ့တယ်။ ဒေါက်တာတင့်ဆွေ

Vitamin B2 ဗီတာမင် ဘီ-၂

Image
လေဖြန်း/လေဖြတ် နေသူတွေ B2လိမ်း တင်ထားတာတခု တွေ့တယ်။ ဗီတာမင် ဘီ-၂ ဟာလိမ်းဆေး မဟုတ်ပါ။ စားဆေးဖြစ်တယ်။ ထိုးလို့လည်း ရတယ်။ Riboflavin လို့လည်း ခေါ်တယ်။ တခြားဗီတာမင်တွေလိုဘဲ လူတိုင်း လိုအပ်ပါတယ်။ ဗီတာမင်တိုင်း များရင် ဘေးထွက်သက်ရောက်မှုတွေလည်း ရှိနိုင်တယ်။ ဗီတာမင် ဘီ-၂ နည်းရင် အားနည်းမယ်။ လည်ချောင်းရောင်မယ်။ မျက်စိကြည့်မကောင်း။ စိတ်ဓါတ်ကျ။ အရေပြားကွဲအက်၊ ယား၊ ရောင်။ ကျီးကန်းပါးစပ်နာ ဖြစ်မယ်။ အသားတွေ၊ အစေ့အဆံတွေ၊ အသီးအရွက်တွေထဲမှာ ပါတယ်။ ဒေါက်တာတင့်ဆွေ

Metastatic Breast Cancer ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာ အထင်မှားများအား ရှင်းပြခြင်း

Image
ရင်သားကင်ဆာ အဆင့် ၄ သို့မဟုတ် Metastatic breast cancer (MBC) ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာလို့ ခေါ်တယ်။ အများအားဖြင့် ကင်ဆာကို စောစောကုသထားပြီးနောက်ပိုင်းမှာ ဖြစ်လာလေ့ရှိတယ်။ ၁။ ဒီအဆင့်ဆိုရင် သေတော့မှာဘဲလို့ ထင်တာ မမှန်ပါ။ တခြားအဆင့်တွေထက် ဆိုးတာတော့ မှန်ပါတယ်။ အခု ကုသနည်းသစ်တွေပေါ်လာပြီ။ ကင်ဆာအရွယ်အစား သေးလာစေနိုင်တယ်။ အသက်ရှင်နှုန်းလည်း ရှည်လာတာရှိပါတယ်။ ၂။ အဆုတ်ကို ပြန့်နေတာကို အဆုတ်ကင်ဆာလို့ မခေါ်ပါ။ ဘယ်နေရာကို]ပြန့်ပြန့် မူရင်း ကင်ဆာရောဂါ အမည်ကိုသာ ခေါ်ပါတယ်။ ၃။ ဒီအဆင့်ကို ကုသရာတာဟာ တခြားအဆင့်တွေနဲ့ မတူပါ။ စောစောပိုင်းအဆင့်တွေထက် ပိုပြီး ကုသရပါမယ်။ အချိန်ပိုယူမယ်။ ၄။ ပျောက်နိုင်တယ်လို့ ထင်တာတော့ မမှန်ပါ။ ဆောရီး ၅။ ၅ နှစ်အသက်ရှင်နှုန်း အရင်ကထက် တိုးတက်လာပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အရွယ်လူနာတွေကို လေ့လာတော့ - ၁၉၉၂-၁၉၉၄ တုန်းက ၅ နှစ်အသက်ရှင်နှုန်း ၁၈% ရှိရာကနေ ၂၀၀၅-၂၀၁၂ မှာ ၃၆% ရှိလာတယ်။ ဒေါက်တာတင့်ဆွေ

Hypertension သွေးတိုးအမြန်ကျဆေး

Image
ဆရာရှင် ကျမ အမေ ယခု ညဘက်ကြီးမှာ အမျိုးသမီး၊ အသက် ၆၇ နှစ်၊ သွေးဖိအား အပေါ်သွေး ၁၈၀၊ အောက်သွေး ၁၀၀ ရှိနေပါတယ်ရှင် ဆေးကုန်နေလို့သောက်နေကြဆေး ၂ရက် မသောက်ဖြစ်ဘူး ပြောပါတယ်ရှင်။ ယခုတော့  သွေးကျဆေး telma 40mg တလုံး သောက် ထားပါတယ်ရှင်။ ဘယ်လိုလုပ်ပေးရင် မြန်ဆုံး သက်သာ လာနိုင်သေးလဲရှင်။ ဆေးရုံ သွားဖို့ လမ်းခရီးက အဆင်မပြေလို့ပါရှင်။ သွေးတိုးအမြန်ကျဆေး Nifedipine နဲ့ captopril ဆေး ၂ မျိုးဟာ သွေးဖိအားတက်နေတာကို အမြန်ကျစေနိုင်တယ်။ ဆေးသောက်ပြီး နာရီဝက် တနာရီအတွင်းကျမယ်။ Clonidine ဆေးနဲ့ labetalol ဆေးတွေက နှေးတယ်။ ၂ နာရီကနေ ၄ နာရီကြာမှသာ ကျတယ်။ သွေးတိုးရှိနေသူ - 1. သွေးကျဆေး အမြဲသောက်ရမယ်။  2. အငန်လျှော့စားရမယ်။  3. ဆီးချိုရှိသလား စစ်ရမယ်။  4. ကိုယ်အလေးချိန် ထိန်းရ ချရမယ်။  5. ကိုလက်စထော များသလားလည်း စစ်ရမယ်။ Hypertension (1) သွေးတိုးရောဂါ (၁) https://dr-tint-swe.blogspot.com/2021/01/hypertension-1.html Hypertension (2) သွေးတိုးရောဂါ (၂) https://dr-tint-swe.blogspot.com/2021/01/hypertension-2.html ဒေါက်တာတင့်ဆွေ

Diclofenac ဆေး Aspirin ဆေး

Image
Diclofenac ဆေးက ဘေးထွက်သက်ရောက်မှုရှိလို့ (အက်စပရင်) ကိုသာပေးရ တယ်ဆိုတာ သွေးကျဲဆေးကို ပြောတာလား ဆရာ။ ဒူးနာတာအတွက် ဆေးပြောင်းသောက်ချင်လို့ပါရှင့်။ ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ နည်းနည်းဖြစ်၊ အသင့်အတင့်နဲ့ ဆိုးတာတွေလို့ မတူပါ။ ရောဂါနဲ့ ချင့်ချိန်ပြီး ပေးပါတယ်။ အနာသက်သာဆေးတွေကလည်း အမျိုးမျိုး။ အသုံးတွေ မတူကြပါ။ သိတလိုတဲံရောဂါ၊ သိချင်တဲ့ဆေးအကြောင်းတွေ ဆရာ့ဘလော့မှာ ရှိတယ်။ ရှာလို့လည်း လွယ်ကူတယ်။ Diclofenac ဒိုင်ကလိုဖင်းနစ် အနာသက်သာဆေး https://dr-tint-swe.blogspot.com/2021/12/diclofenac.html Aspirin (acetylsalicylic acid) အက်စ်ပရင် https://dr-tint-swe.blogspot.com/2021/11/aspirin-acetylsalicylic-acid.html Knee joint pain ဒူးနာ https://dr-tint-swe.blogspot.com/2021/07/knee-joint-pain.html ဒေါက်တာတင့်ဆွေ

Vitamin B complex ဗီတာမင် ဘီအုပ်စု

Image
ဆရာ ကျနော်က အသက် ၄၀ အရွယ် အမျိုးသားတဦးပါ။ အာရုံကြော အားနည်းပြီး အမျိုးသားအကြောလည်း အားနည်းလို့ ဆရာ၀န်က vitamin B အားဖြည့်ဆေးသောက်ခိုင်းတာနဲ့ သောက်နေတာ တနှစ်လောက်ရှိပါပြီ။ ဆေးဆောင်းပါးတခုမှာ vit B စွဲသောက်ရင် အဆုတ်ကင်ဆာဖြစ်စေတယ်လို့ ဖတ်ရပါတယ်။ ကျနော်က အအေးမိရင် ချောင်းဆိုး လွယ်ပါတယ်။ ချောင်းဆိုးရင်လည်း ကြာပါတယ်။ စစ်ကြည့်တော့ တီဘီတော့ မဟုတ်ဘူးဆရာ။ အဆုတ် သိပ်မကောင်းတာလို့ ပြောပါတယ်။ အချုပ်ပြောရရင်တော့ အကြောအားကောင်းဖို့ vit B သောက်သင့် မသောက်သင့် အခြားဆေး အစားထိုးသင့် မသင့်လေး သိချင်တာပါ ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ သက်ရှည် ကျန်းမာပါစေ။ အဖြေ vit B စွဲသောက်ရင် အဆုတ်ကင်ဆာဖြစ်စေတယ်ဆောင်းပါးကို ဆရာဝန်ကရေးတာ ဟုတ်ပါသလား။ ဆေးလိပ်နဲ့ အဆုတ်ကင်ဆာ၊ လိင်လမ်းကြွက်နို့နဲ့ သားအိမ်ကငဆာ ၂ မျိုးသာ ဖြစ်နိုင်ခြေ များတယ်။ အဆုတ် သိပ်မကောင်းတာကို ဘယ်လိုစစ်ဆေးနည်းအဖြေအရ ပြောနိုင်လာလဲ။ အကြောအားကောင်းဖို့ဆိုတာလည်း နားမလည်ပါ။ အကြောဆိုတာ ဘာလဲ။ အာရုံကြောတွေရှိတယ်။ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေရှိတယ်။ ဆောရီး။ ဗီတာမင် ဘီ အုပ်စု ထဲမှာ (၁ဝ) မျိုးပါတယ်။ 1. Vitamin B1 (Thiamine) 2. Vitamin B2 (Riboflavin) 3. Vitamin B3

Simple breast cyst ကင်ဆာမဟုတ်တဲ့ အရည်အိတ်

Image
- ရင်သား မှာ ရေအိပ်(ရေအိတ်)တည်တာ ပျောက်ဖူးသူတွေ ကိုယ်တွေ့လေး မျှဝေပေးပါရှင့် - သံလွင်ဆီတဇွန်းနဲ့ နနွင်းမူန့်စစ်စစ်ကို မနက်တိုင်းဖျော်သောက်ရင် ရေအိတ်သေးသွားတယ်လို့ သိရပါတယ် ဆရာဝန်ကို မေးတာမဟုတ်ပါ။ ဆရာဝန်မဟုတ်သူလို့ထင်ရသူ ဖြေတာတာလည်း ဖတ်ရတယ်။ Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။  Fine-needle aspiration အပ်သေးသေးဖြင့် စုပ်ယူနည်း တခါတရံမှာ အာထွာဆောင်းအကူအညီနဲ့ လုပ်ပါတယ်။ တကယ်လို့ အရည်စုတ်ထုတ်လို့ရရင် အရည်အိတ် သေးသွားမယ်။ အဲလိုဖြစ်သူကို ဆက်စစ်စရာ ကုစရာ မလိုတော့ပါ။ အရည်ထဲမှာ သွေးလည်းပါနေမယ်၊ အရည်အတ်ကလည်း မပျောက်သေးရင်  Mammography မင်မိုဂရမ် သို့မဟုတ် Breast ultrasound အာထွာဆောင်းရိုက်ပြီး စစ်ဆေးမယ်။ မှတ်ချက် - ယူအက်စ်အေမှာ ရင်သားအရည်အိတ် စစ်ဆေးကုသနည်းထဲမှာ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီ၊ မြေပဲဆီ၊ နှမ်းဆီ ဘယ်ဆီမှာ မသုံးပါ။ နနွင်းမှုန့်၊ ပဲမှုန့်၊ ဆန်မှုန့်တွေ

Foley Balloon Catheter ဆီးပိုက်

Image
မဂ်လာပါဆရာရှင့် သမီးအဘွားအခုလိုဖြစ်စဉ်အတိုင်းဖြစ်တာပါ ဆရာဝန်က ဆီးလမ်းကြောင်းနဲ့ အမျိုးသမီးသားအိမ်လမ်းကြောင်းစစ်ခိုင်းပါတယ်ရှင် Balloon လေးကဘယ်လို လဲရမလဲဆရာ ဆီးပိုက်မှာ တခါထဲ(တည်း) ပါပြီးသားလားရှင် ပုံပါအတိုင်း ဖြစ်တယ်။ သူနာပြုဆရာမတွေလည်း လုပ်ပေးနိုင်တယ်။ ဆီးပိုက်သွင်းပေးပြီး အဖျားပိုင်းက ဆီးအိမ်ထဲရောက်ရင် ဆေးထိုးအပ်နဲ့ မိုးရေသွင်းပေးမှ ဘူပေါင်း ဖောင်းလာမယ်။ ရေဘယ်လောက်ထိ ထည့်ရမဲ့ ဆီးပိုက်မှာ ရေးထားတယ်။ ဆွဲချွတ်လည်း ဆီးပိုက် ပြုတ်မထွက်တော့ပါ။ ရက်ကြာရင် ထည့်တဲ့ရေ နည်းလာလို့ အသစ်လဲပေးရတယ်။ ပိုးမဝင်အောင် ဂရုစိုက်ရတယ်။ အမျိုးအစားအရ ရက်ကြာကြာထားလို့ရတယ်။ ဒေါက်တာတင့်ဆွေ

Restroom အိမ်သာအကြောင်း

Image
(ကန်တော့) သူငယ်ချင်းဆရာဝန်တယောက်က ရေးတယ်။ တမျိုးက ဘိုထိုင်ဆိုရင် နောက်တမျိုးကဗမာထိုင်လား။ ရွှေဂျပန်လည်း ဆောင့်ကြောင့်ပါပဲ။ ကုလားထိုင်ကော ဘယ်ကလာတဲ့စကားလဲ၊ ကုလားဖြူ ကုလားမည်း သဲကွဲပါသလား။ ဥရောပထိုင်ခုံလား၊ အိန္ဒိယမူလအစ မဟုတ်ဘူးထင်တာပဲတဲ့။ အိမ်သာအကြောင်း ဆေးသုတေသနတွေထဲ မဖတ်ဘူးသေးတာတချက်က ဆောင့်ကြောင့်ထိုင်ဟာ လိပ်ခေါင်းနဲ့ သားအိမ်ကျတာအတွက် အတော်ကို မကောင်းပါ။ သန့်စင်ခန်းမှာ ရေနွေးရတာဟာ လိပ်ခေါင်းနဲ့ မွေးလမ်းရောဂါ တချို့အတွက် အလွန်သင့်မြတ်တယ်။ တွိုင်းလက်-ပေပါ ခေါ် စက္ကူသုံးတာ လိပ်ခေါင်းရှိနေသူတွေ မသင့်ပါ။ ရေသုံးတာ ကောင်းတယ်။ ရေနွေးက ပိုကောင်းတယ်။  စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကောင်းတယ်။ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။ - လိပ်ခေါင်း၊ - ဂရင်ဂျီနာ၊ - အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊ - ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊ - သားအိမ်နာခြင်း၊ - Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊ - ဆီးအိမ်ရောင်ခြင်း၊ - ဆီးကျိတ်ရောင်ခြင်း နဲ့ - ဗဂျိုင်းနားရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။ နိုဝင်္ဘာ ၁၉ ရက်နေ့ကို World Toilet Day ကမာ္ဘ့့အိမ်သာနေ့လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

Pulse Oximeter အောက်ဆီစီမီတာ

Image
ဆရာခင်ဗျာ ဆေးရုံဆေးခန်းဝေးတဲ့ဒေသမှာ plus oximeter နှင့်နှလုံးကောင်မကောင်း အကြမ်းအားဖြင့်သိနိုင်မဲ့နည်းလမ်းရှိလားသိပါရစေခင်ဗျာ မေးခွန်းရေးသားပုံအရ  (က) Pulse Oximeter အောက်ဆီစီမီတာမကောင်းကြောင်း နဲ့ နှလုံးကောင် မကောင်း၊ (ခ) Pulse Oximeter နဲ့တိုင်းပြီး နှလုံးရောဂါရှိ မရှိသိလိုတာလားကိုလည်း စဉ်းစားရတယ်။ Pulse Oximeter အောက်ဆီစီမီတာဆိုတာ တိုင်းလိုက်ရင် အဖြေမှာ ဂဏန်း ၂ မျိုးပေါ်လာမယ်။ ၁။ percentage of SpO2 (peripheral oxygen saturation) ကိုယ်အဖျားပိုင်းမှာရှိတဲ့ အောက်စီဂျင်ပြည့်ဝမှု 95% to 100% ရှိတာ ပုံမှန်။ နဲ့ ၂။ heart rates BPM (beats per minute) နှလုံးခုန်နှုန်း တမိနစ်မှာ ဘယ်လောက်လဲ။ 60 to 90 BPM ရှိတာ ပုံမှန်။ တခြားအချက်အလက်တွေကို မသိနိုင်။ ဒေါက်တာတင့်ဆွေ

Eating more tomatoes daily may help lower high blood pressure ခရမ်းချဉ်သီး ပိုစားပါက သွေးတိုးကျနိုင်

Image
အသစ်ထွက်တဲ့ လေ့လာမှုတခုက အဲလိုဆိုပါတယ်။ အသက်မငယ်တော့သူတွေအတွက်ပါ သွေးတိုးဖြစ်မှာကို ကာကွယ်နိုင်တယ်လို့လည်း ဆိုတယ်။  လူဦးရေ ၃ ပုံ ၁ ပုံအထိတဲ့။ အတိအကျဆိုရရင် စမ်းသပ်သူတွေရဲ့ ၃၆% မှာ အဲလိုအကျိုးကျေးဇူးတွေရတယ်။ ခရမ်းချဉ်သီး ထဲမှာပါတဲ့ Lycopene ဓါတ်က သွေးကြောနံရံတွေအတွက် ကောင်းတယ်။ ပိုတက်ဆီယမ်ဓါတ်လည်း များတယ်။ သွေးတိုးရှိနေပြီးသူတွေစားလည်း အကျိုးရနိုင်တယ်။ လူပေါင်း ၇၀၅၆ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက ၈၂့၅% မှာ သွေးတိုးရှိတယ်။ အုပ်စု ၄ ခုခွဲတယ်။ တနေ့မှာ ခရမ်းချဉ်းသီး 44 grams ထက်နည်းစားသူများ၊ 44–82 grams စားသူများ၊ 82–110 grams စားသူများနဲ့ 110 grams မက စားသူများ။ အသေးစိတ် ဘာသာမပြန်တော့ပါ။ ခရမ်းချဉ်သီးစားတာ ကောင်းတယ်။ ကျောက်ကပ်မကောင်းသူတွေနဲ့ လေနာအတွက်တော့ စာသီးခြား ရေးထားပါတယ်။ ခရမ်းချဉ်သီးက ငှက်သိုက်၊ လောက်သေ၊ ဆေးအိုးဗုတ်၊ အောက်မဲညို စတာတွေထက် ကောင်းတယ်။ ကိုင်းခရမ်းချဉ်သီးလည်း ကောင်းတယ်။ မကိုင်းတဲ့အသီးတွေလည်း ကောင်းတယ်။ ဆရာဝန်က ခရမ်းချဉ် မရောင်းပါ။ ဒေါက်တာတင့်ဆွေ