Posts

Showing posts from December, 2022

Happy New Year ခွဲဆရာဝန်

Image
"ခွဲစိပ်လူနာတွေရော ကုသနိုင်သလားဆရာ။"  ဟာ ဘယ်ရတော့မလဲ။ လူနာနဲ့ ဆရာဝန် ခွဲနေကြရတော့တယ်ဗျ။ ခွဲစရာမြင်ရင်တော့ လက်ယားတာပေါ့။  ကျွန်တော်က ဆေးပညာဘွဲ့တခုတည်းသာရလို့ ရိုးရိုးဆရာဝန်လို့ခေါ်တယ်။ ဘွဲ့က တခုထဲပေမဲ့ နှစ်မျိုးပါတယ်။ ‘ဆေးကုပညာဝိဇ္ဇာဘွဲ’ နဲ့ ‘ခွဲစိတ်ပညာဝိဇ္ဇာ’ ဘွဲ့။   ဆရာဝန်တွေ ဘွဲ့ရပြီးနောက်မှာ တယောက်တမျိုးဖြစ်လာကြတယ်။ ရတဲ့ဘွဲ့လေးတခုနဲ့ အရိုးထုတ်ကြရသူကများတယ်။  သူတို့ထဲမှာ ဆေးကုတာ အားသန်သူနဲ့ ခွဲစိတ်တာမှာ စိတ်ပါသူလို့ မတူကြဘူး။   ကျွန်တော်က အစုံသုပ်ပေမဲ့ ‘ဒါးဆရာဝန်’ လို့ နာမည်တပ်ခံရသူတွေထဲက တယောက်။  နိုင်ငံရေးထဲရောက်မှ ခွဲရစိတ်ရတာ နည်းနည်းလာတယ်။ ဒါလည်း ရသလောက်တော့ လုပ်သေးတယ်။ နယ်စပ်ဒေသတွေမှာ ရှိတာကိုရတာနဲ့ ခွဲစိပ်ပေးပါတယ်။  နိုင်ငံရေးထဲရောက်မှ တိုင်းပြည်နဲ့ရော၊ ပြည်တွင်းလူနာတွေနဲ့ပါ ခွဲရတော့တယ်။   အခုတတိယနိုင်ငံရောက်တော့ ခွဲစိတ်စရာနဲ့ပါ ခွဲခွါရပါတော့တယ်။   ကျွန်တော် စိတ်မကုန် လက်မတုန်သေးပါ။ ဒါပေမဲ့ ‘ခွဲဆရာဝန်’ ဖြစ်သွားပြီ။  ဒေါက်တာတင့်ဆွေ

Healthy New Year နယူးယီးယားဟူသည်

Image
မြန်မာပြည်ကလူတွေက ဒီအရပ်မှာနေထိုင်သူတွေထက် တရက် အသက်ပိုကြီးကြတာကို အခုလို ပြက္ခဒိန်အသစ် ကူးတော့မဲ့ရက်မှာ သိသာတယ်။ ဒီဇင်္ဘာလ ၃၁ ရက်နေ့ည သန်ကောင်မတိုင်ခင်လေးမှာ ၁၀ ကနေ နောက်ပြန်ရေတွက်တဲ့ အလေ့အကျင့် တချို့နေရာဒေသတွေမှာ လုပ်ကြတယ်။ ပျော်ကြတယ်။ သတင်းမီဒီယာတွေကတော့ သမင်လည်ပြန် အင်တာဗျူးတွေ၊ တင်ဆက်မှုတွေ လုပ်ကြတယ်။ ဗမာ (မြန်မာ) လူမျိုးတွေက အပြုသဘောထားနိုင်အောင် ကြိုးစားလေ့ရှိကြတယ်။ အသစ်တခုအပြောင်းမှာ မင်္ဂလာလို့ သဘောထားနိုင်အောင်လည်း ကြိုးစားကြလေ့ရှိတယ်။ လာမဲ့နှစ်သစ်ကစပြီး အရင်က မပြုသင့် မလုပ်သင့်ခဲ့တာတွေ ပယ်မယ်၊ ပိုကောင်းတာတွေလုပ်မယ်လို့ ဆုံးဖြတ်နိုင်သူတွေလည်း ရှိပါတယ်။ နောက်နှစ်ထဲမှာ တရက်ဖြစ်စေ၊ တလဖြစ်စေ နှစ်ဟောင်းကထက် ပိုကောင်းအောင်နေနိုင်သူကို ချီးမွမ်းရပါမယ်။ ကျန်းမာရေးကိုတော့ ပဌမဦးစားပေး ဖြစ်စေချင်တယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ။  တကယ်တော့ ပြက္ခဒိန်သစ် ပြောင်းခြင်းဟာ စတိသဘောမျှသာဖြစ်ပါတယ်။ သက်ရှိတိုင်းရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ရောဂါဗဒ ပျက်စဉ်တွေဟာ ပြက္ခဒိန်ကို မကြည့်ပါ။ သက္ကရာဇ်တွေကိုလည်း မကြည့်ပါ။ မဟာသက္ကရာဇ်၊ သာသနာ သက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ မြန်မာသက္ကရာဇ်နဲ့ ခရစ်သက္ကရာဇ်။ ကနေ့သုံးနေကြတဲ့ အများ

Electron microscopes သိပ္ပံမျက်စိ

Image
အင်္ဂလိပ်စာလုံးတွေတော့ ပါနေတယ်။ ဆောရီး။ ကရိုနာ ဗိုင်းရပ်စ်ကို မြင်လို့ ရနိုင်ပါသလား၊ မရနိုင်ပါသလားဆရာ။ ဘာနဲ့ ကြည့်မှာလဲ။ ဘာ နဲ့ ကြည့်ကြည့်ပါ ဆရာ၊ ကိုရိုနာ ဗိုင်းရပ်စ်က အဆင်း(ပုံသဏ်ဠန်) ရှိလျင်မြင်ရမယ်၊ မရှိလျင် မမြင်ရဘူး လို့ ဆိုချင်ပါတယ်။ သဏ္ဌာန်လို့ ရေးရ။ အဆင့်ရှာရတော့ ခက်တယ်။ လူ့မျက်စိနဲ့ အတိုင်းသားမမြင်နိုင်တာတွေကို ကြည့်စရာ Microscope မိုက်ကရိုစကုပ် ပေါ်လာတယ်။ အလင်းရောင် သုံးရတာဖြစ်လို့ Light microscopes လို့ခေါ်တယ်။ ၁၆၄၄ မှာစပေါ်တယ်။ ဘက်တီးရီးယားတွေကို စစ်ဆေးနိုင်လာပြီ။ သမိုင်းအတိအကျရှိတယ်။ မရေးအားသေးပါ။  အဲဒါထက် ပိုပြီးသေးငယ်တာတွေကို မြင်နိုင်တဲ့ Electron microscopes အီလက်ထရွန်မိုက်ကရိုစကုပ် ၂၀ ရာစု အစောပိုင်း ၁၉၃၁ ခုနှစ်မှာ ပေါ်လာပြန်တယ်။ Virus ဗိုင်းရပ်စ်တွေကို ကြည့်လို့ရတာတယ်။  ဒုတိယကမာ္ဘစစ်ပြီးတော့ ၁၉၆၅ ခုနှစ်ကစပြီး Transmission electron microscopes ထရန်စမစ်ရှင်းမိုက်ကရိုစကုပ် ခေတ်စားလာတယ်။  Scanning probe microscopes စကန် ပရုဘ် မိုက်ကရိုစကုပ် ပေါ်လာပြန်တယ်။ ၁၉၈၁-၁၉၈၃ ခုနှစ် ဆွစ်ဇာလန်မှာ။ ဆေးပညာသုံး Fluorescence microscopes ဖလူရိုဆိုင်းယင့် မိုက်ကရိုစကုပ်လည်း ပေါ်လာတယ်။ ၁၉၅၇

မကြာခဏ ဖြေရ တင်ပြရပါသည်

Image
X-Ray result သိချင်ပါတယ် ဆရာ မေးနည်းထဲမှာလည်း ထည့်ထားသည်။ မေးနည်းကို အကြိမ်ပေါင်း ရောပေါင်းများစွာ တင်ပြထားပြီးဖြစ်သည်။ ဆေးစာ၊ ဓါတ်မှန်၊ အာထွာဆောင်းပုံတွေ မလို။ အောက်မှာရေးထားတဲ့ မှတ်ချက်စာသား ကြည့်ရမှသာ အဖြေကို သိပါမယ်။ ဓါတ်မှန်အဖြေဖတ်တယ်ဆိုတာ လူပုံ ရှုခင်းပုံတွေလို မဟုတ်။ နောက်ခံ အလင်းရောင်မှာ ဖလင်ပြားကို အတည့်ကြည့် စောင်းကြည့် စသဖြင့် လုပ်တယ်။  အာထွာဆောင်းဆိုရင် လှုပ်ရှားနေတဲ့ပုံတွေကို အဆင်ပြေတဲ့နေရာတခုမှာ ပုံသေရိုက်တာ။ ဆရာဝန်က စဉ်ဆက်မပြတ်လှုပ်ရှားနေတာကို ကြည့်ရတယ်။ ဆေးစာပြပြီး၊ ဆေးဗူးပုံပြပြီး၊ ရောဂါအမည်တခုရေးပြီး သိချင်ပါတယ်လို့ မေးတာတွေကို မဖြေချင်ပါ။ နေမကောင်းသူ အသက်-ကျား-မ၊ အမျိုးသမီးဆိုရင် လစဉ်ရာသီ၊ အိမ်ထောင်ရေး၊ ဘယ်လိုခံစားနေရ၊ ဘယ်လောက်ကြာ စတာတွေကို မသိရဘဲ နံဖို နံမထောက်သလို၊ ထီထိုးသလို မဖြေပါ။ ဆေးစစ်ချက်ဆိုတာ စစ်ဆေးခိုင်းတဲ့ ဆရာဝန်ကလည်း လိုတာ ပြောပါမယ်။ ကိုယ့်အထင်နဲ့၊ ကိုယ်လိုသူလိုလူတွေကပြောတာနဲ့ ဆေးသွားစစ်တယ်ဆိုတာ မသင့်မှန်ပါ။ ပိုက်ဆံအပိုသာ ကုန်မယ်။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်က ဆရာဝန်မဟုတ်သူတွေကို မေးပြီး ကင်ဆာမျိုးစုံကို စစ်ဆေးကြတယ်။ အချိန်နဲ့ ပိုက်ဆံ နှမြောစရာကောင်းတယ်။ ဒေါက်

Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သားသမီးရနိုင်ခြင်း

Image
သမီးရဲ့အသက်က (၂၉) နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီး (၆) လလောက်နေတော့ နှလုံးခုန်နှုန်းက အရမ်းမြန်တာနဲ့ ဆေးခန်း သွားပြတာ လည်ပင်းကြီးနေတယ်ဆိုတာ သိရပါတယ်။ ဟော်မုန်းအဆိပ် ဖြစ်တာလို့ ပြောပါတယ်။ သွေးစစ်ပြီး Cazole ဆေးကို သောက်ခိုင်းပါတယ်။ ဆေးသောက်နေတာ ယခုဆိုရင် ၁ နှစ်ရ လရှိပါပြီ။ TSH ကိုတော့ (၆) လ (၁) ကြိမ်လောက် စစ်ဖြစ်ပါတယ်။ သွေးစစ်တာ (၄) ခါရှိပါပြီ။ ရောဂါစဖြစ်ကနေ (၃) ခါ စစ်တာတော့ အဖြေက (TSH > 0.05) နဲ့ ထွက်ပြီး နောက်စစ်တဲ့ အဖြေမှာတော့ (TSH 0.025) နဲ့ထွက်ပါတယ်။ ကလေးလည်း လိုချင်ပါတယ်။ အိမ်ထောင်သက်က (၂) နှစ် ကျော်ပါပြီ။ ဒါကြောင့် ရောဂါမြန်မြန်ပျောက်အောင် ဘယ်လိုလုပ်ရပါမလဲ။ ရောဂါ ဖြစ်နေရက်နဲ့ ကလေးယူရင် ကလေးမှာ တခုခုဖြစ်မှာကို နှစ်ယောက်လုံး စိုးရိမ်မိပါတယ်။  လည်ပင်းကြီး ဟော်မုန်းများရောဂါကို Toxic goiter လည်ပင်းကြီးဟော်မုန်းအဆိပ်ဖြစ်တာလို့လည်း ခေါ်ပါတယ်။ အမျိုးသမီးတွေမှာ ၅-၁ဝ ဆ ပိုဖြစ်ကြတယ်။ ရောဂါသေခြာအောင် - • Physical exam ဆေးစစ်မယ်၊ • Thyroid ultrasound (အာလ်ထွာဆောင်း) ရိုက်မယ်၊ • Blood tests သွေးစစ်မယ် - 1. TSH: the initial screening test 2. T4: the thyroid hormone 3. T3: a second thyroid horm

ကျန်းမာရေးကို ရောင်စားနေကြခြင်း

Image
ကျန်းမာရေးဆုံးမစာဆိုပြီး အမျိုးသမီးဆရာဝန်တဦးအမည်နဲ့ တင်ထားတယ်။ စာထဲပါအချက်အလက်တွေကို ပြောရန်မရှိပါ။ တွဲတင်တဲ့ပုံမှာ အမျိုးသမီးငယ်တယောက် ဝိုင်အနီသောက်နေတယ်။ မသင့်ပါ။ မှားတယ်။ ဝိုင်ရောင်းချင်ရင် ကျန်းမာရေးခေါင်းစဉ် မတပ်ပါနဲ့။ အလားတူ ဓါတ်စာတွေလည်း ကင်ဆာနေရာမှာ ရောင်းနေကြတာ အများကြီး။ ကိုဗစ်တုန်းကလည်း အဲဒီ အသီးအရွက်တွေ။ ဟင်းသီးဟင်းရွက်ဈေးမှာသာ ရောင်းသင့်ကြတယ်။ ဒေါက်တာတင့်ဆွေ

Diffuse Large B-Cell Lymphoma လင်ဖိုးမားတမျိုး

Image
ဆေးပညာသတင်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော် (ကွန်ဂရက်) အမတ် Jamie Raskin မှာ ဆိုးဝါးတဲ့ ကင်ဆာ ခံစားနေရတယ်။ ဆိုးပေမဲ့ ကုသလို့ရတယ်။ Diffuse Large B-Cell Lymphoma လင်ဖိုးမားတမျိုး ဖြစ်တယ်။ ရောဂါအမည်သိတာနဲ့ စနစ်တကျ ဆေးကုသမှု ခံယူရမယ်။ ကိုဗစ်၊ တုပ်ကွေးနဲ့ တခြား ဗိုင်းရပ်စ်တွေကို သတိထား ရှောင်ရှားနေပါလို့ သူ့ဆရာဝန်တွေ ညွှန်ပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့ အဆိုအရ diffuse large B cell lymphoma ဟာ ကြီးထွားမှု မြန်တယ်။ ခီမိုသာရာပီနည်းနဲ့ ကုသရမယ်။ ဆေး ၄ မျိုးပါတယ်။ လူနာ တဝက်လောက် ပျောက်မယ်။ Subtypees အမျိုးအစားခွဲတွေလည်း ရှိတယ်။ T-cell/histiocyte-rich B-cell lymphoma အမျိုးအစား၊ Primary DLBCL of the central nervous system (CNS) အမျိုးအစား၊ Primary cutaneous DLBCL, leg type အမျိုးအစား၊ Epstein-Barr virus (EBV)-positive DLBCL of the elderly အမျိုးအစားနဲ့  DLBCL not otherwise specified (NOS) အမျိုးအစားတွေ ဖြစ်တယ်။ ဒီသတင်းကနေ မြန်မာနိုင်ငံသားတွေအတွက် အသိပေးလိုတာက ရောဂါကို တိတိကျကျနဲ့ စောစောစီးစီး သိအောင်လုပ်ရမယ်။ ကုသနည်းလည်း တိကျ မြန်ဆန် မှန်ကန်ရတယ်။ မြန်မာပြည်မှာက ကင်ဆာဆို ဆရာဝန် မမေးကြပါ။ အရပ်ဆေးနည်းတွေ၊ ဓါတ

တရုပ်၏ ကိုဗစ်-သုည ပေါ်လစီ ဘာ့ကြောင့် မှားခဲ့သနည်း

Image
၂၀၁၉ ခုနှစ် နောက်ဆုံးလ၊ နောက်ဆုံးပတ် ဝူဟန်မှာ စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ၂၀၂၀ ခုနှစ် တရုပ်နှစ်သစ်ကူးပွဲတော်ကနေ ကမာ္ဘတခုလုံး ကိုဗစ်ကပ်ရောဂါကြီးအဖြစ် ပြန့်ခဲ့တယ်။  ၂၀၂၂ ခုနှစ်တွင်းမှာ ဆောင်းရာသီ အိုလံပစ်၊ ရှန်ဟဲမြို့ကြီးအား တံခါးပိတ်လိုက်ခြင်း၊ ပါတီကွန်ဂရက်၊ ဇီဂျန်းပင် တတိယအကြိမ် အာဏာဆက်ယူခြင်း၊ မကြုံစဖူး ဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပေါ်လာခြင်း၊ ကိုဗစ်-သုည ပေါ်လစီအရ တားမြစ်ပိတ်ပင်ထားသည်များအား အန္တရာယ်ရှိလျက် ပြန်လျှော့ပေးရခြင်း၊ ကိုဗစ်ကူးစက်မှုများ တဟုန်တိုး ပြန်လည်ဖြစ်ပွါးလာခြင်း စသည်။ အပြည့်အစုံ ဘာသာမပြန်တော့ပါ။ တရုပ်ပြည်က ကိုဗစ်သတင်းတွေကို တရုပ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ်မှာတင်တာနဲ့ တခြား နိုင်ငံတကာသတင်းဌာနတွမှာ ဖတ်ရတာ အတော်ကို ကွာခြားတယ်။ အိမ်နီးချင်း မြန်မာပြည်မှာ သတိကြီးကြီးထားကြရပါမယ်။ ဒေါက်တာတင့်ဆွေ

ရင်း နှင့် ယင်း

Image
၁။ ဆရာရှင့် ကြက်တကောင် စာတအုပ်မှာ သုံးထားတဲ့ စာရေးသူ အဖေက စိုက်ကြည့် (ယင်း) လို့ သုံးထားတာ တွေ့မိပါတယ် အမှန်က ယင်း လား ရင်း လား သိချင်လို့ပါ ဖြေလို့ရရင် ဖြေပေးပါရှင် မူကွဲလို့ ပြောရပါမယ်။ ၂။ ဆောင်ရွက်ယင်း၊ ဆောင်ရွက်ရင်း၊ ဘယ်ဟာ မှန်ပါသလဲ ဆရာခင်ဗျ။ ဆောင်ရွက်ရင်းလို့ရေးတာမှန်ပါတယ်။ အရင်ကလည်း သွားယင်၊ သွားယင်းလို့ ရေးခဲ့ကြတာတွေ ရှိတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် ယင်း  ဝါးစိတ်ငယ်များကို ကြိုး သို့မဟုတ် ကြိမ်နှင့် ပြုလုပ်ထားသည့် ပစ္စည်း။ ယင်းသို့ ပြူလုပ်ထားသော ငါးဖမ်းကိရိယာ။ နေမိုးကာ ပစ္စည်း။ သုံးပုံဖဲတွင် အပွင့် ၈ ပွင့်ပါရှိ၍ တတိယအကြီးဆုံးဖြစ်သော မြန်မာဘက်မှ ဖဲချပ်တမျိုါ်။ တစုံတရာကို ပြုလုပ် ထပ်ဆင့်ပြန်လည်၍ ညွှန်းပြရာ၌ သုံးသောစကားလုံး။ တစုံတရာ ပြုလုပ်ဆောင်ရွက်ဆဲ၌ တပြိုင်တည်း ဆောင်ရွက်သော အခြားပြုလုပ်မှု တစုံတရာကို ယှဉ်ပြရန်သုံးသော စကားလုံး။ တော်သလင်းလရေးတုန်းက ရင်းမာပန်းလို့ထည့်ရေးတာကို ယင်းမာလို့ပြင်ပေးသူ အနည်းဆုံး နှစ်ယောက်ရှိတယ်။ ရင်းမာပန်းလို့ရော ယင်းမာပန်းလို့ပါ ရေးတယ်။ ယင်းတော်ရွာမရွာ၊ ပျော်ဘွယ်။ ယင်းတော်မြို့မ တိုက်နယ်ဆေးရုံ ရင်း ကလေးနို့တိုက်နေရင်း ငရုန်းငရင်း ငွေရင်းကြေးရင်း စကားပြေ

Pabrinex Injection လို့သာ တွေ့ပါတယ်

Image
မင်္ဂလာပါ ဆရာ Pabinex ဆေး အသုံးပြုပုံ နှင့် အာနိသင် သိပါရစေခင်ဗျာ Pabrinex Injection လို့သာ တွေ့ပါတယ်။ ဆေးဆိုင်တခုက တင်ထားတာလည်း ဖတ်ရတယ်။ မြတံခွန်ဆေးဆိုင်တွင် ရေတွင်ပျော်ဝင်နိုင်သော vitamin B နဲ့ C လွန်မင်းစွာချို့တဲ့ခြင်းနှင့် မလုံလောက်ခြင်းများကို လျင်မြန်စွာ ကုစားပေးနိုင်သော ထိုးဆေးဖြစ်သည့်  Pabrinex Injections များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။  အင်္ဂလိပ်စာလုံးပေါင်း အထူးသခြင့် ဆေးစာမှာ အေဘီစီ တလုံးတလေ လွဲလို့မရပါ။ မြန်မာစာမှာတော့ စာတအုပ်လုံးသတ်ပုံမှားလည်း (တစ်)သက်တာစာပေဆု ရနိုင်တယ်။ ဒေါက်တာတင့်ဆွေ

Aspilets (Aspirin) 80 mg Tablet ဆေး

Image
မင်္ဂလာပါဆရာ ကျွန်မက အသက် ၃၂ နှစ်၊ အိမ်ထောင်ရှိပါတယ် အရပ်က ၅ ပေ ၅ လက်မမှာ ကိုယ်အလေးချိန်က ၁၇၆ ပါ။ အစာအိမ်ရောင်တာနဲ့ ဗိုက်အောင့်တာခနခန(cPcP)ဖြစ်တတ်လို့ ဆရာဝန် ညွှန်ကြားချက်အရ Pantosec 40mg ကို တစ်လ(တလ) (2022-Oct 23 မှ 2022-Dec 23 ထိ) လောက်စွဲသောက်ခဲ့ရတာရှိပါတယ်ဆရာ။ အခုလက်ရှိတော့ ကလေးယူဖို့အတွက် OG ပြနေတာပါဆရာ။ OG တိုက်တဲ့ဆေးထဲမှာ aspilets ဆိုတဲ့ဆေးတစ်မျိုး(တမျိုး)ပါလာလို့ပါ။ ကိုယ်ပြထားတဲ့ဆရာဝန်ကို မယုံကြည်တာကြောင့်လို့တော့ မဟုတ်ပေမယ့် aspilets ဆေးကသွေးကြဲဆေး၊ နှလုံးရောဂါသမားတွေ သောက်တဲ့ဆေးလို့ သိထားလို့ပါဆရာ။ အဲ့တာကြောင့် ဆေးကို ဆက်ပြီးသောက်သင့်လားဆိုတာလေး သိချင်လို့ပါရှင် ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရတဲ့ aspirin ဆေးကို အဖျား၊ အကိုက်အခဲအတွက် သုံးနိုင်တယ်။ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်နာခြင်း။ ဆရာဝန်လက်မှတ်နဲ့သာရောင်းတဲ့ aspirin ဆေးကို နှလုံးအတက်မရစေအောင် ကာကွယ်ဘို့ ပေးတယ်။ သွေးခဲတာ မဖြစ်အောင် ကာကွယ်မယ်။  ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆရာဝန်ညွှန်မှ သောက်ရမယ်။ တချို့ အရင်က PET ခေါ် ကိုယ်ဝန်သွေးဆိပ် သင့်ဘူးတဲ့ ရာဇဝင်ရှိတဲ့ ကိုယ်ဝန်ဆောင်ကို aspirin ဆေးအလေးချိန်နည်းနည်း ပေးတယ်။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

Image
(ကန်တော့) ယောက်ျားတွေမှာ ဆီးအောင်တယ်ဆိုရင် ဆီးထွက်ပြွန်က ဖြစ်တတ်တယ်။ အများဆုံးက လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ဖြစ်နိုင်တယ်။ (ဂနိုးရီးယာ)၊ (ကလာမိုင်ဒီးယား) နဲ့ (ထရိုင်ကိုမိုးနပ်စ်) ပိုးတွေကြောင့် ဖြစ်တတ်တယ်။ ပိုးရှိနေသူကနေကူးတယ်။ ရက်ရှည်ဖြစ်ရင် ဗက်တီးရီးယားကြောင့် ဖြစ်မယ်။ ကြာကြာဖြစ်ရင် ဆီးသွားပြွန် ကျဉ်းလာစေတတ်တယ်။ ရေယုံဖြစ်စေတဲ့ (ဗိုင်းရပ်စ်) နဲ့ တခြားရှားပါးတာတွေလဲ စဉ်းစားရမယ်။ ပိုးမဟုတ်ဘဲ ဆပ်ပြာ၊ လိမ်းဆေး စတာတွေကလဲ မတည့်သူတွေမှာ ဖြစ်တယ်။ သုတ်ပိုးသေဆေး၊ (ကွန်ဒွမ်)၊ တားဆေး ပစ္စည်းတွေနဲ့လဲ မတည့်ရင် ဖြစ်နိုင်သေးတယ်။ ထိခိုက်မိလို့၊ (မာစတာဘေးရှင်း) လုပ်လို့၊ လိင်ဆက်ဆံတာ အဆင်မပြေလို့ ဆိုတာတွေလဲ မလွတ်ပါ။ ဆီးထွက်ပြွန်ရောင်တာ ဖြစ်ရင် ပူပြီးနာမယ်၊ ဆီးသွားချင်ရင် အမြန်သွားချင်တယ်။ တချို့မှာ ယားမယ်၊ နာမယ်၊ ပန်းအဖျား ရောင်မယ်၊ ဆက်ဆံချိန်မှာလဲ နာမယ်။ ဆီးထဲ သွေးပါတာလဲ ဖြစ်နိုင်တယ်။ သုတ်ရည်ထဲမှာလဲ သွေးပါနိုင်တယ်။ အရည် တမျိုးမျိုး ဆင်းနိုင်တယ်။ အရည်အကျဲ ဒါမှမဟုတ် အပြစ်တွေ ဆင်းမယ်။ တခြားရောဂါနဲ့ တွဲနေရင် လိင်အင်္ဂါမှာ အနာလဲ တွဲရှိနိုင်တယ်။ ရိုးရိုး ဆီးထွက်ပြွန် ရောင်ရင် မဖျားပါ။ နေမကောင်းလဲ မဖြစ်ပါ။ ပိ

Cereal မနက်စာ

Image
ကျွန်တော်က ဆီရီရယ်လို့ရေးတယ်။ သူများက စီရီရယ်တဲ့။ စ နဲ့ ဆ မှားကြတာ၊ စူ နဲ့ ဆူ လွဲကြတာ အတော်များတယ်။ ကင်စာ မှားတယ်။ ကင်ဆာ။ အာထွာစောင်း မှားတယ်။ အာထွာဆောင်း။ စူပါ မှားတယ်။ ဆူပါ။ မြန်မာပြည်က မနက်စာနဲ့ တခြားတိုင်းပြည်တွေမှာ မတူပါ။ မြန်မာပြည်မှာ မုံ့ဟင်ခါး၊ လက်ဖက်ရည်နဲ့ အီကြာကွေး၊ ပူရီ၊ နံပြား စသဖြင့်စားကြတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ထမင်းကြမ်းကြော်။ တရုပ်စာတော့ ခေါက်ဆွဲ။ အိန္ဒိယမှာ ဂျုံနဲ့လုပ်တာစားကြတယ်။ အိုးကင်းပူမှာကင်တာကို ရိုတီးလို့ ခေါ်တယ်။ ဆီနဲ့ကြော်တာကို ပူရီခေါ်တယ်။ အဲဒီ ဂျုံနဲ့လုပ်ထားတာကို ပဲ ဒါမှမဟုတ် အားလူးနဲ့စားကြတယ်။ အမေရိကန် ဘရိတ်ဖတ်စ်မှာ ပေါင်မုန့်နဲ့ ကြက်ဥကြော်။ ဝက်အူတောင့် ဒါမှမဟုတ် ဝက်ပေါင်ခြောက် ခေါ် ဘေကွန်ပါတယ်။ ပေါင်မုန့်ကို ထောပတ်သုတ်မယ်။ အဲတာက ကိုလက်စထောများလို့ နှလုံးရောဂါရှိသူတွေနဲ့ သွေးကြောကျဉ်းသူတွေနဲ့ မသင့်ပါ။ ရေးခဲ့တဲ့ မနက်စာတွေကို ပြုပြင်ရတာ လက်ဝင်တယ်။ ခုခေတ်က အလွယ်လမ်းလိုက်လာကြရတယ်။ အချိန်နည်းကြလို့ပါ။ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ပါ ညီညွတ်တာကိုသာ ညွှန်ပါမယ်။ တခုကတော့ ဆီရီရယ် မနက်စာဖြစ်ပါတယ်။ အတော်များများ တိုင်းပြည်တွေမှာ ဘရိတ်ဖတ်စ်အဖြစ် ဆီရီရယ်ကို စားသုံ

Cervical Cancer သားအိမ်အဝကင်ဆာ

Image
(ကန်တော့) သားအိမ်ဝ = သားအိမ်ခေါင်း။ ၁။ သားအိပ်ခေါင်းကင်ဆာက ဘယ်လိုလက္ခနာ(လက္ခဏာ)လဲ ပြောပြပေးပါလား (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ မက်စင်ဂျာကို ဖတ်ပါရန်။) ၂။ ညီမ အမေက စစသိကတည်းက သားအိမ်ခေါင်းကင်ဆာအဆင့် ၃ဖြစ်နေပီ(နေပြီ) ဆေးရုံမှာ ကီမို ၄ခါသွင်းပီး(သွင်းပြီး) ဓါတ်ကင်တာ ၃၂ကြိမ်ကင်ထားပီး(ထားပြီး) ၆လအကြာမှာ cd (CT) ပြန်ရိုက်တော့ သားအိမ်က အလုံးက သေးပီး(သေးပြီး) အဆုတ်နဲ့ အသည်းမှာ ကင်ဆာပိုးတွယ်နေတာ သိလိုက်ရတယ် သက်တန်း(သက်တမ်း)စေ့ နေနိုင်စေချင်တယ် အမေ့ကို ဆရာဝန်ကတော့ ဆေး ၆ခါပြန်သွင်းရမယ်ပြောတယ် အဲ့လို ပြန်သွင်းလိုက်ရင် ကင်ဆာပိုးက ပျောက်ကင်နိုင်လားရှင့် အမေ့ကို ကင်ဆာပျောက်အောင် ဓါတ်ကင်တာတောင် အဆင့် ၃ကနေမကျပဲ အဆင့် ၄ ဘာလို့ဖြစ်တာလဲဟင် နားမလည်လို့ပါ ရှင်းပြပေးကြပါရှင့် အမေ့ကိုလည်း သနားမိတယ် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာပိုးတော့ မဟုတ်ပါ။ ကင်ဆာပြန့်တာလို့ ခေါ်တယ်။ ညီမ အမေဆိုတာ ကိုယ့်အမေ သို့မဟုတ် ကိုယ့်အဒေါ်။ ၃။ သိချင်သာ(သိချင်တာ) မေးပါရစေ ဦးဦး/ဒေါ်ဒေါ် /အကို/အမ/ တို့ ကန်တော်ပါ ကျွန်တော်ကယော်ကျားလေး(ယောက်ျားလေး)ပါ ကင်ဆာဝေဒဏာရှင်ကအမျိုးသမီးပါ ကင်ဆာအမျိုးအစားက သားအိမ်ခေါင်းကင်ဆာပါ ကင်ဆာဆရာဝန်/ဆရာမတ

Thyroid Cancer SEER Stage 5-Year Relative Survival Rate သိုင်းရွိုက်ကင်ဆာ ၅ နှစ်အသက်ရှင်နှုန်း

Image
ဆရာခင်ဗျ ကျွန်တော့ ညီမတစ်ယောက်(တယောက်)က အသက်က ၂၃ ပါ ခင်ဗျ thyroid cancer ဖြစ်လို့ဆိုပြီး Thyroid တစ်ခုလုံး(တခုလုံး) ထုတ်ထားပါတယ်ခင်ဗျ ENT ဆရာဝန်ကြီး ဒေါက်တာ ( - )က လုံးဝ မစိုးရိမ်ရတော့ဘူးလို့ ပြောပါတယ်ခင်ဗျ။ ၁၆.၁.၂၀၂၃ နောက်ပိုင်း ရောင်ခြည်ဆေး သောက်ရပါမယ်ခင်ဗျ။ ဘာတွေ ဆိုးကျိုးကောင်းကျိုးတွေ ရှိနိုင်မလဲ ခင်ဗျ၊ သက်တမ်းစေ့ နေနိုင် မနေနိုင်၊ တခြားနေရာတွေ cancer ဆဲလ် ပျံ့နိုင် မပျံ့နိုင်လေးပြောပေးပါခင်ဗျ၊ နောက်နှစ်ထဲ အိမ်ထောင်ပြုရင်ရော အဆင်ပြေနိုင်ပါ့မလားခင်ဗျ၊ ကလေးတော့ တန်းမယူသေးပါဘူး ဆရာခင်ဗျ နိုင်ငံခြား သွားနေမယ်ဆိုရင်ကော အဆင်ပြေ နိုင်မလားခင်ဗျ ဆရာ ကင်ဆာတိုင်းကို ၅ နှစ်အသက်ရှင်နှုန်းနဲ့ တိုင်းတာပါတယ်။ လည်ပင်းကြီးကင်ဆာ အလားအလာ အတော်ကောင်းတယ်။ အမျိုးအစားနဲ့ အဆင့်အရ ကိန်းဂဏန်း နည်းနည်းကွဲပြားတယ်။ ယူအက်စ်အေမှာ လုပ်တဲ့ လေ့လာမှုသုတေသနကို တင်ပြမယ်။  1.  Papillary thyroid cancer SEER Stage 5-Year Relative Survival Rate •  Localized near 100% •  Regional 99% •  Distant 75% •  All SEER stages combined near 100% 2.  Follicular thyroid cancer SEER Stage 5-Year Relative Survival Rate •  Localized near

မြန်မာစာလောကမှာ ငတက်ပြားရှိတယ်

Image
ချစ်သူတယောက် ရန်သူတရာအောက်မှာ မေးတယ်။ ငတက်ပြားလို့ဘဲ သိခဲ့တာ တဲ့။ ငတက်ပြား နဲ့ ငထက်ဖြား၊ ဦးစံရှား နဲ့ ဦးရှံစား၊ ဦးသိန်းမောင် နဲ့ ဦးဒိန်းဒေါင်။ အင်းဝသတိုးမင်းဖျားလက်ထက်က စစ်ကိုင်းမှာ အလွန်ထင်ရှားတဲ့ သူခိုးကြီးငတက်ပြားရှိခဲ့တယ်။ အဲတာကို ကာတွန်း မောင်လွင်က သူခိုးကြီးငထက်ဖြားလို့ ကာတွန်းစာအုပ် ထုတ်ပါတယ်။ ကောင်းတယ်။ ရှားလော့ဟုမ်း ရေးသားတဲ့ စုံထောက်ဝတ္ထုတွေထဲမှာ ရှားလော့ဟုမ်းနဲ့ လက်စွဲတော် ဒေါက်တာဝပ်ဆင်တို့ကို ရှွေဥဒေါင်းကဘာသာပြန်တော့ ဦးစံရှား နဲ့ ဦးသိန်းမောင်ဖြစ်လာတယ်။ ကောင်းတယ်။ အဲတာကို ကာတွန်းအောင်ရှိန်က ဦးရှံစားနဲ့ ဦးဒိန်းဒေါင် လို့ ကာတွန်းတွေ ရေးပါတယ်။ ကောင်းတယ်။ မူရင်းစာအုပ်တွေရော ဘာသာပြန်တွေရော ကာတွန်းတွေပါ နာမည်ကြီးတယ်။ Sherlock Holmes အင်္ဂလိပ်လိုစာအုပ်ကို အကြိမ်များစွာ ထပ်ထပ်ထုတ်တယ်။ စပယ်လင် မပြင်ပါ။ ဦးစံရှားကိုတော့ ရွှေဥဒေါင်းထက် မြန်မာစာတော်သူတွေက သတ်ပုံပြင်ကြတယ်။ မြန်မာစာလောကမှာ သူခိုးတက်ပြားရှိတယ်။ မကောင်းပါ။ ဒေါက်တာတင့်ဆွေ

High Calorie Food (ကယ်လိုရီ) များတဲ့ အစားအစာများ

Image
ကယ်လိုရီ များတာကဘာတွေလဲ ပြောပြပေးပါလားဆရာ။  အခြေခံကတော့ သကြား (အချို) နဲ့ အဆီ များတာတွေက (ကယ်လိုရီ) များတဲ့ အစားအစာတွေပါ။ အသီးအနှံ-အသီး အရွက်တွေက (ကယ်လိုရီ) မများဘဲ ရေနဲ့ (ဖိုင်ဗာ) များကြတယ်။ အစားတိုင်းကနေ (ကယ်လိုရီ) တော့ ရကြတာ ချည်းပါဘဲ။ ဒါပေမဲ့ ကွာတယ်။ ဆန်ချင့်တဲ့ နို့ဆီဗူးတလုံးစာ သခွါးသီးနဲ့ နို့ဆီဗူးတလုံးစာ စပျစ်သီးခြောက်တို့ဟာ ထုထည်ချင်းတူပေမဲ့ သူတို့ကရတဲ့ (ကယ်လိုရီ) ၃၇ ဆ ကွာတယ်။ ထမင်း ၁ ကျပ်သာ၊ အသား ၁ ကျပ်သားနဲ့ ဆီ ၁ ကျပ်သားတွေက ရတဲ့ (ကယ်လိုရီ) က ၄-၄-၉ အချိုးရှိတယ်။  • Fatty meats အဆီများအသား၊ Salami ဆလာမီ၊ Candy bars ချော့ကလက်၊ cookies ကူကီးစ်၊ Potato chips အာလူး-ချစ်ပ်၊ တွေက (ကယ်လိုရီ) များများရတာတွေ ဖြစ်တယ်။  • ကြော်ထားတဲ့အစာတွေ ကိုလာ၊ ဘီယာတွေကလည်း များတယ်။  • Whole grains, Cereals ခေါ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ အုတ်စပါး၊ ဘာလီ၊ နဲ့ သူတို့ကနေ လုပ်ထားတဲ့ အစားအစာတွေ (ကယ်လိုရီ) များကြတယ်။ • Pasta အပါအဝင် ဂျုံမှုံ့နဲ့လုပ်တဲ့ ခေါက်ဆွဲ၊ စပါဂတီ၊ မက်ခရော်နီ၊ ရိုတီး၊ ပူရီ၊ (ကယ်လိုရီ) များကြတယ်။ • Beans ခေါ်တဲံ ပဲသီး၊ ပဲတောင့်အမျိုးမျိုး၊ Potatoes အာလူး၊ စတာတွေက (ကယ်လိုရီ) များက

ဝိဘတ်များ

Image
ပြင်ဦးလွင်က ခင်မင်လှစွာ ကြိုဆိုပါ၏ ၁။ ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1.  ကတ္တားဝိဘတ် 2.  ကံဝိဘတ် 3.  ထွက်ခွာရာပြဝိဘတ် 4.  ရှေးရှုရာပြဝိဘတ် 5.  ဆိုက်ရောက်ပြဝိဘတ် 6.  အသုံးခံပြဝိဘတ် 7.  အကြောင်းပြဝိဘတ် 8.  လက်ခံပြဝိဘတ် 9.  နေရာပြဝိဘတ် 10.  အချိန်ပြဝိဘတ် 11.  ပိုင်ဆိုင်ခြင်းပြဝိဘတ် 12.  လိုက်လျောပြဝိဘတ် 13. 

COVID-19 Treatments and Medications ကိုဗစ် ကုသနည်း လမ်းညွှန်

Image
အမေရိကန် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဘာသာ မပြန်တော့ပါ။ ကိုဗစ်အတွက် ကာကွယ်နည်း၊ စမ်းသပ်နည်း၊ ကုသနည်းတွေ အတိအကျ (အတိအကျ) ရှိတယ်။ တမာရွက်၊ ငှက်သိုက်၊ ကြက်သွန်ဖြူ၊ လောက်သေရွက်၊ အောက်မည်းညို၊ ဆေးအိုးဗုတ်၊ မုန်လာဥနီ၊ ကန်စွန်းရိုးနီ၊ ဘာလာဘလာတွေ မပါ။ Updated Dec. 5, 2022 For healthcare providers: Interim Clinical Considerations for COVID-19 Treatment in Outpatients What You Need to Know If you test positive for COVID-19 and are more likely to get very sick, treatments are available that can reduce your chances of hospitalization and death. Don’t delay: Treatment must be started within days after you first develop symptoms to be effective. Other medications can help reduce symptoms and help you manage your illness. The Treatment Locator (hhs.gov) can help you find a location that offers testing and treatment or a pharmacy where you can fill your prescription. Treating COVID-19 If you test positive and are more likely to get very sick from COVID-19, treatments are availab

Ovarian cancer မျိုးဥအိမ်ကင်ဆာ

Image
ကျမရဲ့ မိခင်က သားဥအိမ်ကင်ဆာဖြစ်နေတာပါ လွန်ခဲ့တဲ့ ၃လပိုင်းတုန်းက အကျိတ်တွေ့လို့ ခွဲထုတ်ခဲ့ပြီးပါပြီး၊ ပြီးတော့ ကင်ဆာဆေးချိတ်ခိုင်းလို ၆ကြိမ်လည်း ချိတ်ခဲ့ပြီးပါပြီ၊ ဆေးချိတ်ပြီး လက်ရှိကို ကင်ဆာဆေးစားနေခဲ့တာ ၄လလောက်ရှိပါပြီ၊ အခု အကျိတ်က ထပ်ဖြစ်နေလို့ပါ၊ ဆရာဝန်ကို ပြတော့ ထပ်ပြီးခွဲစိတ်ရမယ်လို့ပြောပါတယ်၊ အကျိတ်က ဘာလို့ထပ်ဖြစ်နေရတာလဲရှင့်၊ ဘာဆက်လုပ်ရင် အဆင်ပြေနိုင်မလဲ လမ်းညွှန်ပေးကြပါဦးရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာမေးခွန်းကို ဆရာဝန် မမေးကြပါ။ ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းကို ကင်ဆာအထူးကုလို့ ယူဆသူက များတယ်။ မြန်မာပြည်မှာ။ အဲလိုဖြစ်လာတာ ၁-၂ နှစ်သာ ရှိသေးတယ်။ Zoom ကနေ ကင်ဆာဆေးသွင်းပေးလို့ရတဲ့ခေတ်၊ မက်စင်ဂျာကနေ ဓါတ်ကင်ပေးလို့ရတဲ့ခေတ် ရောက်လာမလား မပြောတတ်။ Ascites and Ovarian Cancer မျိုးဥအိမ်ကင်ဆာနှင့် ရေဖျင်း https://dr-tint-swe.blogspot.com/2022/04/ascites-and-ovarian-cancer.html Family Cancer Syndromes မိသားစု ကင်ဆာ ဆင်ဒရုမ်း https://dr-tint-swe.blogspot.com/2021/06/family-cancer-syndromes.html Fathers may pass ovarian cancer risk to daughters မျိုးဥအိမ်ကင်ဆာ ဖခင်ဆီကလာသလား https://dr

Piroxicam 20 mg ဆေး

Image
၁။ ဆရာဒေါက်တာခမျာ ကျွန်တော့်မှာ တင်ပဆုံစုပ်ခွက်ကနေ ခြေထောက်တခုလုံး နာကျင်စူးနစ် ဝေဒနါ ခံစားနေရပါသည် တချိန်က ခါးဒဏ်ရာကြောင့်လို့ ဆိုပါသည် အခုဆိုရင် နေမရ ထိုင်မရ ရပ်မရ အနည်းငယ်သာ လမ်းလျှောက်နိုင်ပါသည်။ ကျွန်တော့်ကိုပေးသောက်စေတဲ့ ဆေးရှစ်မျိုးပါဆရာဒေါက်တာ ရက်သတ္တ ၂ ပတ် သောက်ပေမဲ့ အခြေနေထူးမလာလို့ အထူးကုဆီပြန်သွားပါတယ် သူက လေ့ကျင့်ခန်းမလုပ်တာရယ် နားနားနေနေ အိပ်ရာထဲ မနေတာကြောင့် ရောဂါမပျောက်တာလို့ မှတ်ချက်ပေးပြီး အဲဒီဆေးကိုပဲ ဆက်သောက်စေရန်ရယ် လေ့ကျင့်ခန်းလုပ်ဖို့ရယ် အနားယူဖို့ရယ်ပဲ ထပ်ပြီးညွှန်းပါတယ် ကျွန်တော့်လိုရောဂါ ဖြစ်ဖူးသူတယောက်ကတော့ pyrodex နဲ့ digene ကို တနေ့တကြိမ်သောက်ပေးရင် လုံးဝပျောက်ကင်းသက်သာမယ်လို့ ညွှန်းပေးတယ် အခုလက်တလော pyrodex က မေးဝယ်လို့မရဖြစ်နေလို့ အခြားဘာဆေးများပြောင်းလဲသောက်သင့်သလဲ အကြံပေး ကူညီပါအုံးဆရာဒေါက်တာခမျာ ( တစ်) တွေကို ပြင်လိုက်တယ်။ ဆောရီး။ Pyrodex = Piroxicam Piroxicam = Feldene ၂။ ဆရာရှင့် ကျမ အဘွားက အသက် ၉၀ ရှိပါပြီ အရင်နှစ်ကအထိ သူအလွန် သန်မာပါတယ်   ဒူးနာ သွေးတိုးကလွဲပြီး တခြားရောဂါ ကြီးကြီးမားမားမရှိပါ နှလုံးကတော့ တခါတလေ စိတ်ညစ်စရာတွေ ရှိရင် တုန

Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း (၂)

Image
- ကျောက်ကပ်အဆိပ်တက်နေတဲ့သူကို အဆိပ်လျော့နည်းအောင် ဘယ်လိုလုပ်ရမလဲရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ - ဆရာရှင့် သမီး အသက် ၃၀ ပါ အိမ်ထောင်ကျတာ ၁ နှစ်ကျော်ရှိပါပြီ ကလေးယူဖို့ဆိုပြီး Medical check up လုပ်လိုက်တာ မထင်မှတ်ဘဲ ကျောက်ကပ်ရောဂါဖြစ်နေတာတွေ့ရတယ် Creatinine 3.3, EGFR 19 ဘဲ ရှိပါတော့တယ် ဒီအခြေအနေနဲ့ ကိုယ်ဝန်ဆောင်လို့ရပါသေးလား ဆရာ ကျေးဇူးပြုပီး(ပြီး) ဖြေပေးပါ ဆရာရှင့် - ဆရာရှင့် အသက်က ၆၃ ဆီးချို ဖြစ်နေတာ ၁၃ နှစ်ကျော်လောက်ရှိပါပြီရှင့် အခုလက်ရှိက ဆရာ၀န်က ကျောက်ကပ် ၃ ပုံမှာ ၁ပုံ ပျက်စီးနေပြီလို့ပြောပါတယ်ရှင့် Creatunine က 3 ကျော်ပါတယ်ရှင့် ကြက်ဥ တနေ့ ၂ လုံး စားလို့ရပါသလားရှင့် ဘယ်လို အစာအစားတွေ ကိုရှောငိပြီး ဘယ်လိုအစားအစာတွေကို ပိုစားသင့်ပါလဲရှင့် ကြက်ဥမှာ ပရိုတင်းပါတယ်။ ကျောက်ကပ်မကောင်းသူ ပရိုတင်းစားတာ သတိထားရတယ်။ တနေ့မှာ စုစုပေါင်းပရိုတင်း 0.6–0.8 g/kg/day ထက်ပိုမစားရ။ - ဆရာ ကျွန်တော် ဆီးနဲ့ကျောက်ကပ်သမားတော်ပြနေတဲ့ လူနာ အမျိူးသားပါ အသက် ၂၈ ပါဆရာ ကျွန်တော် ခဏခဏသွေးတိုးနေတက်(တတ်)၍ BP 170/92) ဆီးနဲ့သွေး စစ်ကြည့်တော့ ကျွန်တော်ရဲ့ ကျောက်ကပ်က အလုပ်လုပ်မူ့ (မူ့) 11 % လို့ပြောပါတယ် သမားတော်ပေး

December 24, 2013 လွန်ခဲ့တဲ့ ၉ နှစ်တိတိက အခုလို ခရစ်စမတ် အဖိတ်နေ့

Image
ဆေးခန်းမှာ မွေးလူနာတယောက် ရောက်နေတယ်လို့ ဆရာမတယောက်က ဖေ့စ်ဘွတ် မက်စင်ဂျာကနေ အသိပေးတယ်။ တခါမှ လာမပြဘူးတဲ့ ကိုယ်ဝန်ဆောင်တဲ့။ HIV စစ်ထားတဲ့အဖြေက ညနေမှရမတဲ့။ ကနေ့ ဆေးခန်းဖွင့်ရက်။ ခဏနေ ဆေးခန်းသွားရမယ်။ နယူးဒေလီ ယမုန်နာဆေးခန်းလေးကို ၂၀၀၂ ခု သြဂုတ်လကနေ ၂၀၁၄ ခု စက်တင်ဘာလအထိ ဖွင့်ခဲ့တယ်။ ကိုယ်ဝန်ဆောင်နဲ့ မွေးလူနာတွေကိုတော့ ၂၀၀၆ ကျမှ လက်ခံတယ်။ ကလေးစုစုပေါင်း ၃၄၉ ယောက် မွေးပေးခဲ့တယ်။ နှစ်သစ်ကူးဖြစ်ဖြစ်၊ သင်္ကြန်ဖြစ်ဖြစ်၊ ခရစ်စမတ်ဖြစ်ဖြစ် မွေးလူနာတွေက ရက်မရွေးပါ။ နိုင်ငံရေးအစည်းအဝေးရှိနေမှန်းလည်း ဗိုက်ထဲကကလေးက မသိပါ။ ဆေးခန်းလေးမှာ အရာရာ မပြည့်စုံပါ။ နှာခေါင်းစည်းနဲ့ လက်အိတ်တော့ရှိပေမဲ့ အရေးပေါ်ရင် တခါတခါ တပ်ချိန်မရ။ လူနာမှာ သွေးကတဆင့်ကူးစက်ရောဂါတိုင်းကို စိမ်းခဲ့ပါလို့လည်း ခိုင်းမရ။ ကံတရားသာ အားကိုးရာ။ အခုထိတော့ အဲလို သွေးကတင့်ကူးစက်ရောဂါ မရှိသေးပါ။ ကိုယ်ဝန်ဆောင် လူနာတွေ၊ ဆရာမတွေ မဲရီးခရစ်စမတ်။ ဒေါက်တာတင့်ဆွေ

အာဒိကပ္ပ (မောင်ထင်)

Image
စီစဉ်သူရဲ့အမှာစာ လွန်ခဲ့တဲ့၆၂ နှစ်၊ ၁၉၅၂ -ခု၊ ဇွန်လကနေ အောက်တိုဘာလအထိ စာပေဗိမာန်မဂ္ဂဇင်းနဲ့ ရှုမဝမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့စာမူငါးပုဒ်ကိုစုစည်းပြီး စာအုပ်အဖြစ် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။  အာဒိကပ္ပ (စာပေဗိမာန် မဂ္ဂဇင်း။ အတွဲ - ၁၊ အမှတ် - ၁၊ ၁၉၅၂ - ခု ဇွန်လ) အာဒိကပ္ပမင်းတရားထွက်စေဗျား (စာပေဗိမာန် မဂ္ဂဇင်း၊ အတွဲ - ၁၊ အမှတ် - ၂၊ ၁၉၅၂ - ခု၊ ဇူလိုင်လ) အာဒိကပ္ပဒေသရာဇာ (ရှုမဝမဂ္ဂဇင်း။ အတွဲ - ၆၊ အမှတ် ၆၃၊ ၁၉၅၂ -ခု၊ သြဂုတ်လ) အာဒိကပ္ပဓနရာဇာ (ရှုမဝမဂ္ဂဇင်း။ အတွဲ - ၆၊ အမှတ် ၆၄၊ ၁၉၅၂ -ခု၊ စက်တင်ဘာလ) အာဒိကပ္ပလူထုရာဇာ (အတွဲ - ၆၊ အမှတ် ၆၅၊ ၁၉၅၂ -ခု၊ အောက်တိုဘာလ) စာမူတို့ ဖြစ်ပါတယ်။   အာဒိကပ္ပ စာမူကိုလုံးချင်းအဖြစ်နဲ့ထုတ်ဝေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ခေတ်ကာလအခြေအနေကြောင့်နှစ်ပေါင်း ၆၀ -ကျော်မှလုံးချင်းအဖြစ်ထုတ်ဝေနိုင်ခဲ့ပါတယ်။  အာဒိကပ္ပစာမူကို၁၉၉၈ခုနှစ်ကတည်းကထုတ်ဝေဖို့ စိုင်းပြင်းခဲ့ပါတယ်။ အဲဒီအချိန်မှာဆရာကြီးနတ်မောက်ဘုန်းကျော်သက်ရှိထင်ရှားရှိစဉ်အခါလည်းဖြစ်ပါတယ်။  အာဒိကပ္ပစာမူနဲ့ပက်သက်ပြီး ဆရာကြီးနတ်မောက်ဘုန်းကျော်က အဖေ့ဆီကိုစာ တစောင် ရေးပို့ဖူးပါတယ်။ ၁၉၉၈-ခုနှစ်၊ မေလ ၃ ရက်နေ့နေ