Online Dream လွန်ခဲ့တဲ့ ၈ နှစ်တိတိက ပျက်သွားသော ကျွန်ုပ်၏အိပ်မက်
ကျွန်တော် ရွေ့လျားဆေးခန်းအိပ်မက် မက်ခဲ့ဘူးတယ်။ Yamuna Online Mobile Clinic လို့ နာမည်ပေးထားခဲ့တယ်။ မမွေးသေခင် ကလေးနာမည် ရွေးထားသလိုပေါ့။ နယူးဒေလီမှာ အခမဲ့ယမုန်နာဆေးခန်းလေး ၁၂ နှစ်တိတိဖွင့်ခဲ့တယ်။ မွေးလူနာလက်ခံတာ ၈ နှစ်။ အွန်လိုင်းကနေ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးနေတာ ၇ နှစ်။ မေးသမျှ အွန်လိုင်းကနေ ဖြေပေးနေတာ ၅ နှစ်ကြာပြီ။ နောက်တဆင့် တက်ချင်လာတယ်။ အိပ်မက်ထဲမှာ မြန်မာပြည်တလွှား အရှေ့-အနောက်-တောင်-မြောက် မြို့မရွေး-ရွာမရွေး ရွေ့လျားပြီး၊ ဆေးကုပေးနေတယ်။ ကျန်းမာရေး-ဆေးပညာ သင်တန်းလဲပေးတယ်၊ မေးတာတွေလဲဖြေနေတယ်။ လောဘကြီးတယ်။ ကားကြီးကြီးလိုမယ်။ အသေအချာတပ်ဆင်၊ ပြင်ဆင်ထားတဲ့ ကားခေါင်မိုးမှာ ဆိုလာပြားကြီးရှိမယ်။ ဆေးသိုလှောင်စရာ ရေခဲသေတ္တာကြီးကြီးပါမယ်။ မီးဖို၊ ရေအိမ်သာစတာတွေ။ ဆေးတွေကလဲ Generic ဆေးတွေ ဖြစ်စေရမယ်။ ဘယ်ကနေ ဘယ်လိုဝယ်မလဲ စဉ်းစားနေတယ်။ စောင့်ထိန်းလိုက်နာစရာ စည်းကမ်းကျင့်ဝတ်တွေ။ ငွေရေးကြေးရေးပွင့်လင်းမှု လိုမယ်။ စာရင်းကိုင်၊ စာရင်းစစ်တွေ အကူအညီတောင်းရမယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုမယ်။ မှတ်ပုံတင်တာ၊ ခွင့်ပြုချက် ယူတာတွေ လိုမယ်။ ကိုယ့်မှာတော့ ဆမ အသိမ်းခံထားရတယ်။ ဓါတ်ခွဲခန်းသေးသေးပါ ကားကြ