ပိတောက်ပန်း
မြန်မာပြည်မှာ တချို့နေရာတွေမယ် ပိတောက်တွေပွင့်နေပြီတဲ့။ အိန္ဒိယမှာ မုတ်သုန်ရာသီဥတုတော့ အတူတူရှိပေမဲ့ ပိတောက်ပင်ဆိုတာ ဘယ်နေရာမှာမှမရှိပါ။ ငုကတော့ ဒေလီမှာလဲ ဝင်းဝါနေတာဘဲ။ စာတပုဒ်အတွက် ပိတောက်ကမရှိလို့ ငုပင်တွေရှိရာ သံရုံးတွေရှိတဲ့ ချာနကျာပူရီကို နေပူခေါင်ခေါင် သွားမှာပြီး ဓါတ်ပုံရိုက်ခဲ့ရဘူးသေးတယ်။ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ဘယ်သူမှ ခူးယူပြီး ပန်တာ၊ ပေးတာတွေ မလုပ်ကြဘူး။ မြန်မာတွေ ပိတောက်ပန်းကို ခုံမင်နှစ်သက်တာ ငယ်သူတွေ၊ ရွယ်သူတွေဖြစ်ပေမဲ့၊ ကြီးသူတွေလဲ ငယ်ရာရွယ်ရာကနေ ကြီးလာကြတာမို့ စွဲလမ်းတမ်းတာကြတာပါဘဲ။ တနှစ်မှာ တလ၊ တလမှာတရက်ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ပိတောက်တွေ နေ့စဉ်ပွင့်ပါစေလို့ ဆုချွေကြတယ်။ ကိုယ့်ရပ်ကိုယ့်ဆီမှာသာ ထူးခြားပြီးရှိတာမှန်သမျှ ဂုဏ်ယူကြတယ်။ ပိတောက်ပန်းဟာ မြန်မာပြည်ကလူတွေအတွက် ဂုဏ်တက်စရာအမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ်စသဖြင့် သူများတွေကိုပြောရင် မခံစားတတ်ကြပါ။ အခုနေရတဲ့ဒေသမှာ မြန်မာစားစရာတွေဆိုတာ ဝယ်မရတာ မရှိသလောက်ပါ။ ပိတောက်ပန်းကတော့ လွမ်းယုံပဲ လွမ်းနေရတယ်။ ပိတောက်တွေ မြန်မာပြည်ကနေ မပျော