Posts

Showing posts from March, 2024

Cancer often requires more than one treatment ကင်ဆာကုသနည်းဆိုတာ

Image
ကုသနည်းတမျိုးတည်းနဲ့ မလုံလောက်ပါ။ ၂၇-၃-၂၀၂၄ နေ့ထွက် ဆေးပညာသတင်းဖြစ်ပါတယ်။ ခီမိုသာရာပီနည်းနဲ့ ခွဲစိတ်ကုသနည်းတွေ လိုနိုင်တယ်။  ဝေလမင်းသမီး Kate Middleton ကိတ်ရဲ့ ကင်ဆာသတင်းကို အခြေခံရေးသားထားပါတယ်။ မင်းသမီးက သူဟာ ခွဲစိတ်ကုသမှုအပြင် ကာကွယ်မှုအနေနဲ့ ခီမိုသာရာပီလုပ်နေရတယ်လို့ ၂၀၂၄ ခုနှစ် မတ်လထဲမှာ ထုတ်ပြောခဲ့တယ်။ အဲလိုကုသနည်းကို adjuvant therapy လို့ခေါ်တယ်။ ခွဲစိတ်တာအပြင် ဆက် တွဲလုပ်ရတဲ့ ကင်ဆာကုသနည်း တခုခုကို ဆိုလိုတယ်။ ကင်ဆာကုသနည်းတွေ အမျိုးမျိုးရှိတယ်။ Surgery ခွဲစိတ်ကုသနည်း၊ Chemotherapy ခီမိုသာရာပီနည်း၊ radiotherapy ဓါတ်ကင်နည်း၊ immunotherapy အင်မြူနိုသာရာပီနည်းနဲ့ hormonal therapy ဟော်မုန်းပေးနည်း။ ဘယ်လိုလူနာကို ဘယ်ကုသနည်းတွေပေးမလဲဆိုတာ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ပြန့်နေပြီလား စတဲ့အချက်တွေအရ ရွေးရတယ်။ အကြမ်းအားဖြင့် - ၁။ solid tumors – or visible tumors မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ အစိုင်အခဲ အကျိတ် အလုံး။ ခွဲစိတ်ထုတ်ပေးမယ်။ ဥပမာ မျိုးဥအိမ်ကင်ဆာဆိုရင် မျိုးဥအိမ်တွေ + သားအိမ် + သားအိမ်ပြွန်တွေကို ထုတ်မယ်။ တချို့ကိုတော့ ဘေလုံး၊ အူသိမ်၊ အသဲတို့ကိုပါ ထုတ်ရတယ်။ ၂။ liquid tumors အရည်ကင်ဆာ ဥပ

Takayasu arteritis ရောဂါ

မင်္ဂလာပါ ဆရာရှင့် သမီးရဲ့ သူငယ်ချင်းညီမလေး တယောက် Takarasu's syndrome ရောဂါနဲ့ ဆုံးသွားပါတယ်ရှင့် ဒီရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတ လုံးဝမရှိလို့ ဆရာ အချိန်ရမယ်ဆိုရင် ရောဂါဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ရှင်းပြပေးပါရှင့် ဆရာ ကျန်းမာသက်ရှည်ပါစေ  Takayasu arteritis ရောဂါ pulseless disease လို့လည်း ခေါ်တယ်။ သွေးလွှတ်ကြောတွေ ရောင်တယ်။ ရောဂါဖြစ်စမှာ ဖျား၊ မအီမသာဖြစ်၊ ကိုယ်အလေးချိန်ကျ၊ ကြွက်သားတွေ အဆစ်တွေနာ၊ ညချွေးထွက်၊ အစားပျက်ဆိုတဲ့ မရေမရာလက္ခဏာတွေသာ ခံစားရမယ်။ ရောဂါ အဆင့် ၂ ရောက်လာရင် လက်ကောက်ဝတ်သွေးခုန်တာကို စမ်းလို့မရတော့ပါ။ သွေးဖိအား တိုင်းရတာလည်း ခက်လာတယ်။ ခေါင်းမူး၊ သတိမေ့ချင်၊ ခေါင်းကိုက်၊ မှတ်ဉယဏ်နည်းလာ၊ စဉ်းစားရတာမကြည်လင်၊ ရင်ဘတ်နာ၊ အသက်ရှူခက်ခဲ၊ ဝမ်းပျက်၊ ဝမ်းထဲသွေးပါ၊ သွေးတိုး၊ သွေးအားနည်းလာမယ်။ ဒီရောဂါ ဘာ့ကြောင့်ဖြစ်ရသလဲ မသိနိုင်သေးပါ။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အာရှသွေးပါသူတွေမှာ ပိုတွေ့ရတယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ

Blood sugar level rises every time you eat အစာတခုခုစားပြီးတိုင်းမှာ သွေးထဲကသကြားဓါတ် တက်ပါသည်

Image
ကလေးတွေရော လူကြီးတွေပါ ဖြစ်ပါသည်။ ဆီးချိုရှိနေသူတယောက်ဆိုရင်တော့ စားလိုက်လို့ တက်လာတဲ့ သကြားဓါတ်ဂဏန်းဟာ အလိုလိုပြန်မကျပါ။ ဆေးလိုပါသည်။ လူအများစုဟာ တနေ့မှာ ထမင်း ခေါ် အဓိကအစာ ၂ ကြိမ်ကနေ ၃ ကြိမ်စားကြတယ်။ ပုံမှန်လူတွေဆိုရင် စားပြီး ၂ နာရီအထိ သွေးထဲမှာ သကြားဓါတ်ရှိနေမည်။ ဘာမှ မစားသေးလည်း သွေးထဲမှာ သကြားဓါတ် ပုံမှန်ရှိနေမည်။ သရက်ရွက်ကနေ ပုံမှန်ထုတ်ပေးနေတဲ့ အင်စူလင် ခေါ် ဟော်မုန်းကြောင့် ဖြစ်ပါသည်။ ဒါပေမဲ့ အစာကို များများစားသောက်မိရင် အင်စူလင်က ပုံမှန်လုပ်ပေးနိုင်မယ်မဟုတ်ပါ။ လူကလည်း ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာပါမည်။ ဘယ်လိုအစားအသောက်တွေက သကြားဓါတ်ကို ပိုတိုးစေသလဲ သိရပါမည်။ High calorie foods ခေါ် ကယ်လိုရီများများရစေတဲ့အစားအသောက်တွေက တက်ကောင်း တက်စေမည်။ ၁၀၀% တော့ မမှန်ပါ။ ကာဘွန်ဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကတော့ သေချာပေါက် သကြားဓါတ် တက်ပါမည်။ ဆန်နဲ့ချက်တဲ့ ထမင်းစတဲ့အစာအမျိုးမျိုး + ဂျုံနဲ့လုပ်တဲ့ ပေါင်မုံ့အမျိုးမျိုး + ချိုတဲ့အသီးများ + သကြား။ တခြားအစောအစောတွေဖြစ်တဲ့ ပရိုတင်းရစေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နွားနို့နဲ့ နို့ထွက်အစားအသောက်များ၊ ဆီပါတဲ့အစားအစာများအုပ်စုကတော့ ကြားကျပါသည်။ ကာဘ

Masochism နာတာကို သာယာခြင်း

Image
(ကန်တော့) မင်္ဂလာပါ ဆရာရှင့် ကျွန်မရဲ့ တူလေးက အသက် ၆နှစ်ရှိပါပြီ ကလေးက သူ့အသားကိုသူ နာကျင်အောင်လုပ်ရတာကို နှစ်သက်ပါတယ် သံချောင်းထောင်နေတာကိုမြင်ရင် ခြေထောက်ပေါက်အောင် ဆောင့်နင်းတာမျိုး၊ ဘလိတ်ဓါးနဲ့ လက်ကို လှီးတာမျိုးတွေ အရင်က လုပ်ဖူးပါတယ်။ မနေ့ကလည်း သံဇကာက အစွန်းထွက်နေတဲ့ ဆူးနဲ့ သူ့လက်ကို သူ့ဘာသာ ၃ချက် ၄ချက်လောက် ထိုးဖောက်ထားပါတယ်။ သူ ၄နှစ်အရွယ်လောက်ကလည်း ပလပ်စတစ်ကို မီးရှို့ပြီး ခွေးကလေးခြေထောက်မှာ ကပ်လိုက်လို့ ခွေးကလေးကို ဆေးကုပေးရဖူးပါတယ်။ အဲ့လိုမျိုး သူ့ကိုယ်သူရော သူများကိုပါ နာကျင်အောင်လုပ်ရတာကို နှစ်သက်နေပါတယ်ရှင့်။ ပြီးတော့ ကလေးက အာရုံစူးစိုက်မှုလဲ သိပ်မလုပ်နိုင်ပါဘူး။ ဆော့ကစားတဲ့အခါလဲ တခြားကလေးတွေထက်ကို ပြေးလွှားပြီး အရမ်းဆော့ပါတယ်ရှင်။ ကျောင်းမှာဆိုလဲ အရမ်းဆော့လွန်းလို့ အတန်းဖော်တွေကို အနိုင်ကျင့်လွန်းလို့ အတန်းပိုင်ဆရာရဲ့ တိုင်ကြားခြင်းကို ခဏခဏခံရပါတယ်။ မိဘတွေကလည်း ကလေးကို အလိုလိုက်တဲ့ထဲ မပါပါဘူးရှင့် ဘယ်လိုပဲ ဆုံးမဆုံးမ ထပ်ခါထပ်ခါ လုပ်မြဲအတိုင်း လုပ်နေတတ်ပါတယ်။ အဲ့ဒီလို ဖြစ်တာဟာ ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုကြောင့်လား စိတ်‌ပိုင်းဆိုင်ရာကြောင့်လား ဆိုတာလေးနဲ့ မိဘတွေအနေနဲ့ ဘယ်လိ

Polymyositis ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါ

Image
၅၅ နှစ် မိန်းမ polymyositis လို့ပြောပါတယ်ဆရာ အဲ့ရောဂါ အကြောင်းလေး သိချင်လို့ပါဆရာ ဆရာ့ blog ထဲမှာတော့ auto immune disease လို့ဖတ်ရပါတယ်ဆရာ သေသေချာချာ မသိလို့ပါခင်ဗျ ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါဆိုတာ ရှားတဲ့ ခုခံအားကမောက်မရောဂါတမျိုးဖြစ်တယ်။ ကြွက်သားတွေကို ထိခိုက်တယ်။ ကိုယ့်ခုခံမှုစံနစ်က ကိုယ့်တစ်ရှူးတွေကို ရန်သူလိုသဘောထားပြီး တိုက်ထုတ်နေခြင်းဖြစ်တယ်။ ဆောရီး။ ပခုံး၊ တင်ပါ။ လက်မောင်းနဲ့ လည်ပင်းကကြွက်သားတွေမှာဖြစ်တာများတယ်။ အားနည်းမယ်။ နာမယ်။ အသက် ၅၀ နဲ့ ၇၀ နှစ်တွေကြားဖြစ်သူများတယ်။ တယောက်နဲ့တယောက် ခံစားကြရတာမတူတတ်ပါ။ ယူအက်စ်အေမှာ လူနာ ၂ သိန်းရှိတယ်။  ကုသနည်းတွေရှိတယ်။ ဘယ်ဟာကအကောင်းဆုံးလို့မရှိ။ မပျောက်နိုင်။ ဆောရီး။ သက်သာအောင်သာ လုပ်ပေးနိုင်သေးတယ်။  Corticosteroids စတီရွိုက်ဆေးတွေပေးတယ်။ ထိုးဆေး (1 mg per kg) နဲ့ စားဆေးတွေ။  Immunosuppressive Drugs ခုခံအားနှိမ်ဆေးသုံးတယ်။ azathioprine (Imuran), mycophenolate mofetil (Cellcept) နဲ့ Tacrolimus (Prograf) ဆေးတွေဖြစ်တယ်။ Disease-Modifying Antirheumatic Drugs (DMARDs) ဆေးတွေလည်းသုံးတယ်။ Cyclosporine (Neoral, Sandimmune) ဆေးလည်းသုံးတယ်။ Methotre

ER positive and PR positive အမျိုးအစား ရင်သားကင်ဆာ

Image
ဆရာရှင့် သမီးကအသက် ၂၄ ပါရှင့် CA breast ဘယ်ဘယ်မှာဖြစ်တာပါရှင့်  Grade 1  Er Pr positive  Her2 negative Ki67 10% ပါ ညာဘက်ကလဲ ရေအိတ်ရှိတယ်ပြောပါတယ်ရှင့် အကြိတ်(အကျိတ်)တွေထပ်မဖြစ်အောင် ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်လိုက်ရင် ဘာဆိုးကျိုးတွေဖြစ်နိုင်လဲရှင့် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဆရာကျန်းမာအသက်ရှည်ပါစေရှင် ကုသနည်းများ Group 1 (luminal A). This group includes tumors that are ER positive and PR positive, but negative for HER2. Luminal A breast cancers are likely to benefit from hormone therapy and may also benefit from chemotherapy. ဟော်မုန်းဆေး + ခီမိုသာရာပီပေးခြင်း။ Group 2 (luminal B). This type includes tumors that are ER positive, PR negative and HER2 positive. Luminal B breast cancers are likely to benefit from chemotherapy and may benefit from hormone therapy and treatment targeted to HER2. ဟော်မုန်းဆေး + ခီမိုသာရာပီပေးခြင်းနှင့် တားဂက်သာရာပီ။ Group 3 (HER2 positive). This type includes tumors that are ER negative and PR negative, but HER2 positive. HER2 breast cancers are likely to

Home Remedies to Eliminate Foot Odor ခြေနံ့ဆိုးခြင်း

Image
သမီးအကို အသက် ၁၈ နှစ်က ခြေထောက်မှာတချိန်လုံး ခြေဆီထွက်ပြီး အနံ့ဆိုး ထွက်ပါတယ်။ ဘယ်သွားသွား၊ ဘာဝတ်ဝတ်ပါ။ အိမ်မှာလည်း စိတ်ညစ်ရပါတယ်။ အဲအနံ့ကြောင့် စိတ်လှုပ်ရှားတဲ့အချိန်တို့ အေးလာတဲ့အချိန်တို့ဆို ထွက်လာတတ်ပါတယ်။ ခြေဖဝါးမှာရော လက်မှာပါ။ ဘယ်လိုဖြေရှင်းရမလဲဆရာ။ ခြေနံ့ဆိုတာဟာ ခြေဖဝါးမှာ ချွေး (ခြေဆီ) နဲ့ ဗက်တီးရီးယားတွေရောနေတဲ့အနံ့ဖြစ်တယ်။ ခြေဆီထွက်များသူတွေ၊ ခြေအိတ်မလဲတာကြာသူတွေ၊ တကိုယ်ရေသန့်ရှင်းရေးနည်းသူတွေ၊ ကိုယ်ဝန်၊ အရွယ်ရောက်ချိန်စတဲ့ ဟော်မုန်း ပြောင်းလဲမှုရှိသူတွေ၊ စိတ်ကိုယ် ဖိအားများသူတွေ၊ Hyperhidrosis ရှိသူတွေက သူများထက်ချွေးထွက်များတယ်။ ၁။ Lavender Oil လာဗင်ဒါပန်းအဆီကို မိနစ် ၂၀ ကြာလိမ်းထားပါ။ တနေ့ ၂ ကြိမ်လုပ်ပါ။ ၂။ Alum Powder ကျောက်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရေတခွက်ရောပါ။ ခြေထောက်ကိုသုတ်လိမ်းပါ။ ၁၅-၂၀ မိနစ်ထားပါ။ တနေ့ ၁ ကြိမ်။ ၃။ Epsom Salt ဆားခါး လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေပုန်းတဝက်ထဲတည့်ပြီး ခြေထောက်ကိုစိမ်ထားပါ။ ၁၅ မိနစ်ကြာ၊ တနေ့ ၁ ကြိမ်။ ၄။ White Vinegar ဗနီဂါရည် ခွက်တဝက်ကို ရေ ၆ ခွက်နဲ့ရောပါ။ လာဗင်ဒါဆီ နည်းနည်းထည့်ပါ။ ၁၅ မိနစ်စိမ်ပါ။ တနေ့ ၁ ကြိမ်။ ၅။ Black Tea လက်ဖက်ခ

Addison’s disease အဒ်ဒီဆွန် ရောဂါ

Image
ဆရာရှင့် ကျွန်မသူငယ်ချင်း အသက် ၂၅ နှစ် အိမ်ထောင်သည် ကလေး ၂ ယောက်မိခင်ပါရှင့် ကလေးအငယ်က ၁ နှစ် မိခင်နို့တိုက်ပါတယ် Cortisol ဟော်မုန်း နည်းတာအတွက် ဘာလုပ်ရမလဲ ဘာတွေရှောင်ရမလဲ ပျောက်ဖို့ အခွင့်အလမ်း ရှိလား သိချင်လို့ပါရှင့် အခု မျက်နှာက ပြည့်ဖောင်းနေပြီး ခန္ဓာကိုယ် အပေါ်ပိုင်း ကြီးသလိုဖြစ်နေပါတယ် အဲ့ဒါတွေ လျော့ကျလာဖို့ ရှိပါသလားရှင့် လိုအပ်တာလေးတွေ ညွှန်းပေးစေလိုပါတယ်ရှင့် ဆေးစစ်ထားတဲ့အဖြေနဲ့ ဆရာဝန် သောက်ခိုင်းထားတဲ့ဆေး တွဲတင်ပေးလိုက်ပါတယ် ဒီဆေးသောက်လို့ ကလေးကို ထိခိုက်နိုင်ပါသလားရှင့် ကျေးဇူးတင်ပါတယ်ရှင့် ဆောရီး။ စမ်းသပ်ကသပေးနေတဲ့ဆရာဝန်က ညွှန်ပါမယ်။ ဘာဖြစ်လို့ပါလဲ ဆရာ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က မေးလို့မရ ဆောင်ရန်ရှောင်ရန် ဘာမှ လည်း မပြောလို့ အားကိုးတကြီး ဆရာ့ကို မေးမိတာပါရှင့် ကျွန်မတို့ဒီရောဂါကို အခုမှ ကြားဖူးတာပါ ဆေးသောက်နေတာ သက်သာမှုလည်း မရှိလို့ပါရှင့် ကျွန်မမေးတဲ့အထဲ အမှားပါသွားရင် ခွင့်လွှတ်စေချင်ပါသည်ရှင့် ဆရာ့ရဲ့ Blog ထဲမှာ ရှာဖွေကြည့်တော့လည်း ဒီဟော်မုန်း များတာအတွက် တွေ့ရပြီး နည်းတာအတွက် မတွေ့မိလို့ပါရှင့် အဒ်ဒီဆွန်ရောဂါဆိုတာ Adrenal glands ခေါ် ကျောက်ကပ်အထက်မှာက်နေတဲ့ အဒရီနယ်လ်အိ

ဖေ့စ်ဘုတ် ဆေးနည်းတွေ

ပြောရမှာလည်းအားနာ မပြောလည်း မဖြစ်။ ဘယ်နေ့သား ဘယ်နေ့သမီး ဘယ်နေ့မှာ ဘာအရွက်ကို ဘယ်နှစ်ခါဝါးစားပါတဲ့ ဘယ်တော့မှာ ရောဂါတွေ မဖြစ်ဘူးတဲ့။ ကင်ဆာကာကွယ်စေမည့် အစားအစာ ၁၀၊ ၁၀၀ တဲ့။ ဘလာ ဘလာ ဘလာတဲ့။ အဲလိုတွေကို ထောက်ပြလို့လားမပြောတတ် သုံးနေကျအကောင့်က ၆ လတဲ့။ အဟောင်းကိုပြန်သုံးပြန်တော့ ၂၉ ရက်တဲ့ သုံးမရတော့ပါ။ တယ်လီဂရမ်က ဘယ်လိုလာဦးမလဲ မသိပါ။ ဒေါက်တာတင့်ဆွေ

HPV Vaccine Effectiveness သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု

Image
မဂ်လာပါ (မင်္ဂလာပါ) ဆရာရှင့် ကျမအသက်က ၂၈ ပါဆရာ အိမ်ထောင်ရှိပါတယ် ဆရာ ၂၀၁၈ မာ (၂၀၁၈ မှာ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားပါတယ်ဆရာ သိချင်တာက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာ ၅နှစ်ပြည့်ရင် ပြန်ထိုးရတယ်လို့ ကြားဖူးပါတယ် ဆရာ အဲဒါ ၅နှစ်မပြည့်ခင်ရင်ရော ပြန်ထိုးရင် ရလား သိချင်ပါတယ်ရှင့် HPV Vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု အလွန်ကောင်းတယ်။ ယူအက်စ်အေမှာ ၂၀၀၆ ကတည်းက တရားဝင်ထိုးခွင့်ပေးတယ်။ ၁၀ နှစ်အကြာ လေ့လာမှုတွေလုပ်တယ်။ Quadrivalent type HPV infections ကူးစက်မှု အသက် ၁၄ နှစ်ကနေ ၁၉ နှစ်ကြားမိန်းကလေးတွေမှာ ၈၆% ကျဆင်းတယ်။ အသက် ၂၀ ကျော်စတွေမှာ ၇၂% ကျဆင်းတယ်။  Duration of Vaccine Protection ဆေးပတ်စေ့အောင် တခါထိုးထားရင် ဘယ်လောက်ကြာကြာ ကာကွယ်သလဲ  လေ့လာမှုတွေအရ ရေရှည်ကာကွယ်မှုရှိတယ်။ Bivalent နဲ့ quadrivalent vaccines အမျိုးအစား ကာကွယ်ဆေးတွေဟာ ၁၀ နှစ်မက ကာကွယ်မှုပေးတယ်လို့ ပြောနိုင်ပြီ။ လေ့လာမှုတွေ ဆက်လုပ်နေတယ်။ မေးခွန်းတွေမှာ မှာ ကို မာလို့ရေးနေကြတာ မှားတယ်။ တကယ်လို့ သားအိမ်မာလို့ရေးရင် ရောဂါရှိနေပြီ။ မြန်မာစာကင်ဆာ ပျောက်ပါစေသတည်း။ Nov

Nasal speech နှာခေါင်းသံ

Image
12/5/22, 11:28 AM ဆရာရှင့် သမီးနှာစေးပြီး နှာခေါင်းသံဖြစ်နေတာသုံးလလောက်ရှိပါပီ(ပါပြီ)ရှင့်။ အသက်ရှူရကြပ်တာတော့ မရှိပါဘူး။ မူရင်းအသံကိုပြန်မရဘူးဖြစ်နေလို့ ဘယ်လိုလုပ်ရမှန်း မသိလို့ပါရှင်။ အသက်က ၂၇ပါဆရာ အရင်က ရေးထားတာကို အခုမှသာ တွေ့ရ။ မေးလိုက မေးနိုင်။ ဟုတ်ကဲ့ပါဆရာ အသံက အခုထိနှာခေါင်းသံဖြစ်နေဆဲပါဆရာ။ မနှစ်က ၂လပိုင်းလောက်က ရန်ကုန်ဆေးရုံ ENT ဌာနမှာပြပြီး ဆေးသောက်ခဲ့ပါတယ်။ မသက်သာဘဲနှာခေါင်းသံဘဲဖြစ်နေပြီး သမီးကနယ်ဘက်ပြန်ရောက်လာတာနဲ့ဆက်မပြဖြစ်ပါဘူးဆရာ တစ်ခါတစ်လေ(တခါတလေ) နှာခေါင်းထိမှာ သလိပ်ကပ်ချင်သလို ဖြစ်ပါတယ်။ ခေါင်းကိုက်တာတော့ မရှိပေမယ့် ထိပ်ကပ်နာဖြစ်မှာစိုးရိမ်လို့ပါဆရာ။ စကားပြောရမှာ နှာခေါင်းသံပါနေတာကို hypernasality လို့လည်းခေါ်တယ်။ အာခေါင်ကို မိုးထားတဲ့ ပျော့တဲ့အစိတ်အပိုင်းနောက်ပိုင်းက စကားပြောစဉ်မှာ လုံးဝမပိတ်လို့ နှာခေါင်းသံပါနေတာဖြစ်တယ်။ အအေးမိ နှာစေးချိန်မှာ ယာယီဖြစ်နိုင်တယ်။ ရောင်တာကျသွားရင် ပြန်ကောင်းတယ်။ ယာယီသာမဟုတ်ဘဲ ဆက်ဖြစ်နေရင် ကုသဘို့လိုအပ်သူတွေရှိမယ်။ videofluoroscopy and/or nasendoscopy နည်းနဲ့ စစ်ဆေးရတယ်။ speech therapy စကာပြောသာရာပီ ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ specia

Bacteria Subtype Linked to Growth in Up to 50% of Human Colorectal Cancers

Image
ဘက်တီးရီးယား မျိုးကွဲနဲ့ အူမကြီးကင်ဆာ ဆက်စပ်မှု တွေ့ရှိရ ၂၀-၃-၂၀၂၄ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။  ဒီပိုးဟာ လူတိုင်းရဲ့ ခံတွင်းထဲမှာ ရှိနေတဲ့ အမျိုးအစားဖြစ်တယ်။ ဒီပိုးတွေ အောက်ကိုဆက်ဆင်းပြီး အူတွေထဲရောက်ရာကနေ အူမကြီးကင်ဆာ ၅၀% ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။ ဒေါက်တာတင့်ဆွေ

Back Dimples ခါးချိုင့်ခွက်

Image
(ကန်တော့) ၁။ ဆရာ မဂ်လာပါ အမျိုးသမီးသတော်များများမှာဖြစ်တတ်တဲ့ တင်ပါးဘေးချိုင့်တာကို ဘယ်လို လေ့ကျင့်ခန်းမျိုးလုပ်ရလဲ ဖြေပေးပါလားဆရာ ၂။ ဒေါက်တာခင်ဗျ တချို့တွေ ခါးမှာအချိုင့်လေးနှစ်ခုပါတတ်ကြလို့ ကောင်းကျိုးဆိုးကျိုး ဗဟုသုတအဖြစ်တင်ပေးပါအုံးခင်ဗျ။ Back Dimples ခါးချိုင့်ခွက်ခေါ်တာကို မေးတာလို့ထင်ပါတယ်။ ခန္ဓာဗေဒမှာ Sacral dimples လို့လည်းခေါ်တယ်။ Sacroiliac joint ခါးရိုးမကြီးနဲ့ တင်ပါးဆုံရိုးကွင်းကြီး ဆက်နေတဲ့အဆစ်နေရာမှာ ချိုင့်နေတဲ့နေရာ။ လူတိုင်းမှာရှိတယ်။ မသိသာသူ သိသာသူနဲ့ တဘက်သာသိသာသူရယ်လို့ရှိတယ်။ ရောဂါတခုခုနဲ့ ဆက်စပ်မှုမရှိပါ။ ခါးနာသူတွေ အဲဒီနေရာမှာဖြစ်လေ့ရှိတယ်။ လူတွေစိတ်ဝင်စားကြလို့ ယောက်ျားတွေမှာရှိတာ်ကို Apollo holes လို့ခေါ်ကြတယ်။ အမျိုးသမီးတွေမှာရှိတာကို Venus dimples ခေါ်ကြတယ်။ အမျိုးသမီးတွေမှာ မျိုးဗီဇအရဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကသဘောကျလို့ အဲတာပေါ်လွင်အောင် လေ့ကျင့်ခန်းလုပ်ကြည့်တယ်။ အမှန်က အဲဒီနေရာမှာ ကြွက်သားမရှိပါ။ အဆီလျော့ရင်သာ သိသာလာနိုင်တယ်။ တချို့က ကံကောင်းတယ်လို့ယူဆကြတယ်။ တချို့က ဆွဲဆောင်မှုရှိတယ်တဲ့။ အကြိုက်ဆိုတာ မတူကြပါ။ တချို့က အဲဒီနေရာမှာ အလှအပကွင်းတပ်ကြတယ်။ လူ့ကို

Danazol ဆေး

Image
ဆေးအမည်သိချင်လို့ပါဆရာ Danafil capsule Danocrine Danazol Capsule  Danazol Capsules ရောင်းကုန်အမည် အမျိုးမျိုးရှိတယ်။ ethisterone (ethinyl testosterone) ဟော်မုန်းဆေးဖြစ်တယ်။ endometriosis ခေါ် သားအိမ်ရောဂါအတွက်ပေးတယ်။ fibrocystic breast disease ခေါ် ရင်သားရောဂါအတွက်လည်း ပေးတယ်။ Hereditary angioedema in both males and females ကျား-မ မှာဖြစ်တဲ့ ရောဂါအတွက်လည်း ပေးတယ်။ FDA ကနေ 1976 ကတည်းက ခွင့်ပြုချက်ပေးထားတယ်။ ဒေါက်တာတင့်ဆွေ

Medicated mosquito net and health ဆေးစိမ်ခြင်ထောင်

Image
ဆရာရှင့် ကျန်းမာရေးဌာနက ဖြန့်ဝေတဲ့ဆေးစိမ်ခြင်ထောင်နဲ့အိပ်ပြီး မျက်နှာပူရှိန်းရှိန်းဖြစ်နေတာ မျက်စိတွေပူပြီးစပ်နေတာဖြစ်နေပါတယ်။ ဘာ့ကြောင့်ပါလဲ။အပူအစပ်သက်သာအောင် ဘာလုပ်လို့ရပါသလဲ။ ပုံမှန် ဆေးစိမ်ခြင်ထောင်တွေက သုံးစွဲသူတွေကို ထိခိုက်မှု မရှိသလောက်ပါ။ ဆေးနဲ့ မတည့်သူလည်း ရှိနိုင်တယ်။ အလာဂျီသဘောဖြစ်တယ်။ မသုံးနိုင်ရင်တော့ အဲလိုလူတွေက မသုံးဘဲနေသင့်တယ်။ polyester, polyethylene, polypropylene အစ တမျိုးမျိုးနဲ့ လုပ်ထားတယ်။ ITNs (pyrroles and pyrethroids) ခေါ် (ခြင်)အင်းဆက်သေဆေးကို အတည်ပြုချက်ပေးထားတယ်။ ဆေးစိုနေစဉ်မှာ မသုံးရသေးပါ။ ဆေးစိမ်ခြင်ထောင်တွေ ပေါ်စက ၆-၁၂လ တခါဆေးပြန်စိမ်ရတယ်။ Long-Lasting Insecticide-treated Nets (LLINs) အမျိုါးအစား ပေါ်လာပြီ။ အနည်းဆုံး ၃ နှစ်မက ခံတယ်။ ဒေါက်တာတင့်ဆွေ

Seasonal illnesses ဥတုပြောင်း နေမကောင်းခြင်း

Image
ဆရာ ခုမန္တလေးမှာ ကလေးလူကြီး ဖျားနေကြတာ၊ တအိမ်မှာတယောက်ဖျားရင် အတူနေတွေပါ ဖျားကြတယ်။ အစားမစားချင် ပေါင်တွေခြေထောက်တွေကိုက်ခဲလိုက် လူကလှုပ်ကိုမလှုပ်ချင်တော့ပဲ အားကုန်နေသလိုဖြစ်နေတာ ပထမတရက်နှစ်ရက်က ပေါင်ကနေခြေဖျားအထိ လေးကြသွားတာ ချောင်းဆိုး၊ ချွဲပါ ချောင်းဆိုးရလို့ အရှိုက်တွေပါနာတယ် ဆေးခန်းပြပါတယ်။ အဖျားပျောက်ပြီး ချောင်းဆိုးတာရက်ရှည်ကြတယ်။ အများစုက ၁၀ ရက်လောက်ကြာတယ်ဆရာ။ အဲလိုတွေမဖျားကြသေးတဲ့ တပတ်လောက်က လေထဲက မြူဆိုင်းသလို လမ်းသွားရင်း ဆိုင်ကယ်စီးရင်း မျက်လုံးထဲဝင်လိုက်တာနဲ့ စပ်ပြီးမျက်ရည်တွေကြတယ် အများစုဖြစ်တာ။လေထုညစ်ညမ်းတာလားလို့ ထင်မိတယ်ဆရာ။ ဘာတုတ်ကွေးလဲမသိ တော်တော်လေး ပမ်းသွားတယ်ဆရာ။ ဥတုပြောင်းမှာ ဖြစ်လေ့ရှိတယ်။ ယူအက်စ်အေ တချို့မြို့တွေမှာ နေမကောင်းဖြစ်ကြတယ်။ ဆောင်းဝင် တုပ်ကွေး၊ နွေဦး ရေကျောက်၊ နွေရာသီမှာ ပိုလီယို နဲ့ ဂနိုရီးယားတွေဟာ သူ့ရာသီနဲ့သူ အဖြစ်များတယ်။ RSV (respiratory syncytial virus) အသက်ရှူလမ်းဗိုင်းရပ်စ်လည်း ပါတယ်။ ဖျား၊ ချောင်းဆိုး၊ တချို့ ဝမ်းပျက် (ကန်တော့)၊ ကိုက်ခဲ၊ လည်ချောင်းနာ စတဲ့ ယေဘုယျရောဂါလက္ခဏာတွေ ခံစားကြရတယ်။ ရောဂါက အဆိုးကြီး မဟုတ်ပါ။ ပါရာစီတမော၊ အိုင်ဘူပရိုဖင်

DASH (Dietary Approaches to Stop Hypertension) သွေးတိုး အစာအာဟာရ ဥပဒေသ

Image
သွေးတိုးများနေတာ ဘယ်ဖြည့်စွက်စာဆေးများလိုအပ်နေပါလဲ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆိုလည်း ဆရာဝန်ကိုမေးလေ့ မရှိသလောက် ပျောက်ကွယ်သွားပြီ။ ဖေ့စ်ဘွတ်အကောင့်တခုရှိသူတိုင်းကို အတူးကုတွေလို့ ယူဆကြတော့တာ မြန်မှာပြည်မှာ။ ဘာလေးဖြစ်ဖြစ် ဘာကြီးဖြစ်ဖြစ် ဘယ်အစာတွေ ရှောင်ရမလဲ၊ ဘာတွေစားရမလဲနဲ့ ဖြည်စွက်စာဆိုတဲ့ ၁-၂-၃ ကိုသာ သိလိုကြတယ်။ ရောဂါကာကွယ်နည်းနဲ့ ကုသနည်းက ၄-၅ မှာသာလာတယ်။ အစားအစာ တကယ့်ကိုအရေးပါတဲ့ရောဂါတွေဆိုတာ - ၁။ ဆီးချို၊ ၂။ ကိုလက်စထောများခြင်း၊ ၃။ သွေးတိုးနဲ့ ၄။ ဂေါက်ရောဂါတွေဖြစ်တယ်။ လူတိုင်း တနေ့မှာ ၂-၃-၄ ခါစားကြတယ်။ စားတိုင်း သကြားဓါတ်တက်တယ်။ စားတိုင်း အငန်ဓါတ်တက်တယ်။ စားတိုင်း အဆီဓါတ်တက်တယ်။ မနက်စာတော့ မတည့်တာရှောင်လိုက်ဦးမယ်နဲ့ မရပါ။ အစားအစာတမျိုးတည်းကိုသာ ဂရုစိုက်တာနဲ့လည်း မပြီးသေးပါ။ ဆေးတွေလိုတယ်။ နေ့တိုင်းလိုတယ်။ တချို့ဆေးက တနေ့မှာ ၂-၃-၄ ခါလိုတယ်။ အဲဒီရောဂါတွေက ရှိကတည်းက ကိုယ်နဲ့အတူနေထိုင်အိပ်စက်တော့မယ်။ အလွဲတွေ မယုံပါနဲ။ အမှားတွေ အဟုတ်မထင်ပါနဲ့။ ဝယ်ချင်အောင်ပြော၊ ရေးတဲ့ ရောင်းစရာတိုင်းကို ဝယ်ချင်မနေနဲ့။ ဖေ့စ်ဘွတ်မှာ သူလိုကိုယ်လိုလူတွေ၊ ကိုယ်လောက်တောင်မသိသူတွေ ရေးတာနောက် တပည့်မခံပါနဲ့။ လ

Pediatric Bacterial Meningitis ကလေးတွေမှာဖြစ်တဲ့ ဗက်တီးရီးယား ဦးနှောက်မြှေးရောင်ရောဂါ

Image
၁။ သာစည်မြို့နှင့်မန္တလေးမြို့များတွင် ကူးစက်မြန်ဦးနှောက်အမြှေးပါးရောဂါကြောင့် မတ်လ ၁၄ ရက်တွင် ကလေးငယ် ၂ ဦး သေဆုံးခဲ့ ၂။ တောင်ဒဂုံမြိုနယ် ၂ဝ ရပ်ကွက်ရှိ စည်ပင်ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနစိတ်ဝန်ထမ်းများအိမ်ယာ၌ မတ်လ ၁၈ ရက်တွင် ကလေး ၂ ဦးမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြင့်ဆုံးပါးခဲ့ပြီး ကလေး ၁၇ ခန့်အား ဆေးရုံတွင် ကာကွယ်ကူသပေးလျှက်ရှိ ၃။ ရန်ကုန်၊ မတ် ၂၁ ။ ကူးစက်မြန် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးအား ရန်ကင်း ကလေးဆေးရုံတွင် တိုက်ကျွေးပေးမည်  ၄။ ဆေးတိုက်တာက ရောဂါဖြစ်ပွားတဲ့သူနဲ့ နီးကပ်တဲ့ အိမ်သားတွေလို လူမျိုးတွေကိုတိုက်ရတာပါ။ ကြောက်ကြောက်နဲ့ အဝေးကြီးက လူက ကြိုသောက်လို့ ဘာအကျိုးမှ မရှိပါဘူး။ ထူးထူးဆန်းဆန်းဆေးတွေလည်း မဟုတ်ပါဘူး။ ဆေးခန်းတိုင်းမှာရှိတဲ့ rifampicin တို့ ciprofloxacin တို့ပါပဲ။ လူနာနဲ့တွေ့လိုက်ရတဲ့ဆရာဝန် ဆရာမတောင် နှုတ်ခမ်းချင်းတေ့မှုတ် အသက်ကယ်ခဲ့ရတဲ့အဆင့် မဟုတ်ရင် တိုက်ဖို့ မညွှန်ကြားပါဘူး။ ဆေးရုံအုပ်ကြီးပြောတဲ့ ကလေးတွေထဲမှာ ခုထိ ပိုးတွေ့ကြောင်း အတည်ပြုခဲ့တာ တယောက်ပဲလို့သိရပါတယ်။ Pediatric bacterial meningitis ကလေးတွေမှာဖြစ်တဲ့ ဗက်တီးရီးယား ဦးနှောက်မြှေးရောင်ရာဂါဟာ သေဆုံးနိုင်တဲ့အ

Cyproheptadine ဆေး

Image
၁။ ဆရာရှင့် cyprotone အကြောင်းလေး ဟိုးအရင်က ဖတ်ဖူးပါတယ် အခု ရှာမရလို့ပါရှင့် ၂။ မင်္ဂလာပါ ဆရာ။ သိချင်တာလေးရှိလို့ ထပ်မေးပါရစေရှင့်။ သမီးအသက် ၂၆နှစ်ပါ။ ကလေးမရှိသေးပါ။ တားဆေးကတော့ (မာဗယ်လွန်28) သောက်နေပါတယ်။ လက်ရှိ စွဲသောက်နေတဲ့ဆေးကတော့ Cyproheptadine ဖြစ်ပါတယ်။ အစာစားချင်စိတ်မရှိပဲ လူကလဲပိန်နေလို့ ဆရာဝန်က အဲ့ဒီဆေးသောက်ခိုင်းလို့ပါ။ အစားပြန်စားနိုင်လာရင်တော့ ဖြတ်ခိုင်းထားပါတယ်။ သောက်နေတာ ၄လလောက် ရှိပါပြီ။ စားကောင်း အိပ်ကောင်းပါတယ်။ ဒါပေမယ့် သမီးက ဒီနှစ်ကုန်ရင် ကလေးယူဖို့အစီအစဉ်ရှိတော့ ဆေးကို ကိုယ်ဝန်မဆောင်ခင် ဘယ်အချိန်လောက်ကတည်းက ကြိုဖြတ်ထားရမလဲ သိချင်လို့ပါ။ ဆေးဖြတ်လိုက်ရင်တော့ အရင်လို အစာစားချင်စိတ်မရှိပဲ ပြန်ပိန်တော့မယ်ဆရာရယ်။ ကိုယ်ဝန်မဆောင်ခင်မှာ အာဟာရရှိရှိနဲ့ ကျန်းမာဝဖြိုးနေချင်လို့ Side effects မရှိပဲ စွဲသောက်လို့ရမယ့် အားဆေးရှိရင်လဲ ညွှန်ပေးပါဦး ဆရာ။ သမီးကို ဘလော့မှာတော့ ရှာမဖတ်ခိုင်းပါနဲ့နော်။ ဆရာမအားရင် အဖြေကို တိုတိုနဲ့လိုရင်းပဲ ဖြေပေးလဲရပါတယ် ဆရာ။ မအားလပ်တဲ့ကြားက မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးတဲ့အတွက်လဲ ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်။ လေးစားစွာဖြင့် ၃။ ပုံပါတွဲပို့ပေးလိုက်ပါ

Formaldehyde ဖေါ်မယ်လ်ဒီဟိုက်

Image
၁။ ဆရာ တချို့အစားအစာတွေမှာခဲအောင်ပျစ်အောင် ပြုလုပ်ထားတာတွေ့ရတယ်။ ဥပမာ နိုဆီ၊ ထောပတ်၊ ယို။ အဲလို ခဲအောင်လုပ်ထားတဲ့ အစားအစာတွေမှာ မော်ဖလင်ဆိုလား ဖော်မလင်ဆိုလားတော့ အတိကျမသ်ိပါ၊ လူသေတွေကို ခဲအောင်လုပ်တဲ့နေရာမှာသူံးတာလို့တော့သိရတယ်။ သုံးလိုရရင် ဘယ်လောက်ပမာဏထိ သုံးလို့ရလည်း သိချင်ပါတယ်။ ၂။ ဆရာခင်ဗျာ ဖော်မလင်ကိုမြန်မာနိုင်ငံမှာ စားသောက်ကုန်တွေထဲထည့်သုံးနေကြပါတယ်။ ခေါက်ဆွဲ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲဖတ်တွေမှာ သုံးနေကြပါတယ်။ အန္တရာယ်ရှိ-မရှိ ဗဟုသုတလေးရေးပေးစေလိုပါတယ်။ (ဖေါ်မယ်လ်ဒီဟိုက်) ဆိုတာ အရောင်မရှိ၊ အနံ့ပြင်းတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတယ်။ သစ်သားဖိရာမှာ သုံးတယ်။ အထပ်သား၊ ဖိုက်ဘုတ်၊ ကော်၊ စက္ကူအပေါ်လွှာ၊ စတာတွေ။ စက်မှုလုပ်ငန်းတွေမှာ မှိုသတ်ဆေး၊ ပိုးသတ်ဆေးအနေနဲ့ သုံးတယ်။ ရေခဲတိုက်မှာ အလောင်းတွေ၊ ဓါတ်ခွဲခန်းမှာ အသားစတွေကို အထားခံအောင် လုပ်ရာမှာလည်းသုံးတယ်။ (ဖေါ်မယ်လ်ဒီဟိုက်) ဓါတုဆေးကို ထုတ်လုပ်ရေး၊ သိုလှောင်ရေး၊ ကိုင်တွယ်ရေးနဲ့ အသုံးချရေးတွေအတွက် အစိုးရတွေကနေ စည်းမျဉ်းတင်းကြပ်ထားပါတယ်။ ဆေးတောင့်အနေနဲ့ ထုတ်လုပ်တာရှိတယ်။ ခရင်မ်လိမ်းဆေး၊ အလှအပသုံးတွေ၊ တကိုယ်ရေသန့်ရှင်းရေးဆေးနဲ့ သက်ဆိုင်တယ်။

Health Facts ကျန်းမာရေး လမ်းညွှန်

Image
၁။ အေးတဲ့ရာသီမှာ နေမကောင်းတာ ပိုဖြစ်နိုင်တယ်။ ၂။ နှလုံးအတက် ရတာတိုင်းနဲ့ ရင်ပတ်နာတာ မဆိုင်ပါ။ ၃။ လူအဝလွန်ဖြစ်ဟာ အသက်တိုစေနိုင်တယ်။ ၄။ အပူလောင်နာကို ရေခဲ မကပ်ရ။ ၅။ CPR ခေါ် အရေးပေါ် နှလုံး-အဆုတ် ပြန်လည်အလုပ်လုပ်စေနည်းမှာ ပါးစပ်-ပါးစပ် လေမှုတ်သွင်းနည်း မလိုပါ။ ၆။ အချို (သကြား) များများစားခြင်းသည် သွယ်ဝိုက်ပြီး ဆီးချိုဖြစ်လာစေနိုင်သည်။ ၇။ ဦးခေါင်းထိခိုက်မိသူကို အိပ်ပျော်မနေပါစေနဲ့။ ၈။ တနေ့ ထမင်း ၃ နပ်စားတာထက် တကြိမ်မှာနည်းနည်းနဲ့ ၃ ကြိမ်မကစားသင့်တယ်။ ၉။ ကော်ဖီသောက်ခြင်းသည် ရေဓါတ်ခမ်းခြောက်စေနိုင်၏ ၁၀။ စိတ်ဖိအားများခြင်းသည် အစာအိမ်အနာဖြစ်လာစေနိုင်။ မှတ်ချက်  - အနောက်နိုင်ငံတွေက လေ့လာမှုအရ ရေးထားတာဖြစ်တယ်။  - မြန်မာပြည်ကအစားအစာတွေနဲ့ နည်းနည်းကွဲလွဲတယ်။ ဥပမာ ငပိ၊ ငါးခြောက်၊ ငံပြာရည်။  - ရောဂါအခံရှိသူတွေက ရောဂါအလိုက် ရှောင်ရမှာတွေလည်း ရှိတယ်။  - အစားအသောက်နဲ့ မဆိုင်တဲ့ရောဂါတွေအတွက် အစားအသောက်ရှောင်ရန် မလိုပါ။ ဒေါက်တာတင့်ဆွေ

တုပ်ကွေးလို့ ရေးရ

Image
10/1/20, 9:03 AM ဆရာခင်ဗျာ ကျနော် မိန်းမ ဆင်တုတ်ကွေးဖြစ်ပြီး ခြေလတ်တွေမမြဲတော့ဘူးဆရာ အိမ်ရာထတဲ့အချိန် ပိုဆိုးတယ်ဆရာ အထိုင်အထ ချက်ချင်းအဆင်မပြေဘူးဆရာ လက် အဆုပ်အပြုမကောင်းဘူးဆရာ ဆရာ ဆေး လမ်းညွှန်ပေးပါအုံး ကျေဇူးပါဆရာ ဆင်တုတ်ကွေးဖြစ်တာ လွန်ခဲ့တဲ့နှစ်ကပါဆရာ ကျေးဇူးပါဆရာ မေးထားတာကို အခုမှသာ တွေ့ရ။ လိုသေး မေးနိုင်။ ဆင်တုပ်ကွေးတော့ မသိပါ။ ဆင်ရေယုံတဲ့။ ဆင်တုပ်ကွေးတဲ့။ ဆင်ဝက်ခြံတဲ့။ ပိုပြီးခေတ်မီအောင် ဆင်ဖြူတော်လို့ ပြောင်းသုံးရပါမယ်။ • Shingles ဆင်ဖြူတော်ရေယုံ။ • Acne vulgaris ဆင်ဖြူတော်ဝက်ခြံ။ • Chikungunya ခြင်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတမျိုး၊ ဆင်ဖြူတော် တုပ်ကွေး။ Influenza (Flu) တုပ်ကွေး https://dr-tint-swe.blogspot.com/2021/06/influenza-flu.html Swine flu ဆွိုင်းဖလူးခေါ် ခေါ် H1N1 တုပ်ကွေး ကာကွယ်ရေး https://dr-tint-swe.blogspot.com/2021/07/swine-flu-h1n1.html Flu shot တုပ်ကွေးကာကွယ်ဆေး https://dr-tint-swe.blogspot.com/2020/12/flu-shot.html Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာထိုးလို့ရသလား https://dr-tint-swe.blogspot.com/2021/06/vaccines.html DHF သွေးလွန်တုပ်ကွေး https://dr-tint-swe.blo

Triple-Positive Breast Cancer ရင်သားကင်ဆာ

Image
ဆရာရှင့် အကူအညီတောင်းပါရစေ။ 18-4-2023 နေ့မှ ရင်သားအကြိတ်(အကျိတ်)ကိုတွေ့တာပါ ။ ခုဖြတ်ထုတ်ထားပြီးပါပြီ ရောဂါနှင့် ပတ်သက်သည့်အဖြေက Triple (ER,PR,HER2) Positive ဂျိုင်းကခွဲစိတ်ဆရာ၀န်က သံသယရှိတယ်ထင်တာကို ယူထားသည့် node 9 လုံးကလည်း ကူးစက်မှု မရှိဘူးလို့ သိရပါတယ်။ ကင်ဆာတဲ့ ကြောက်ပြီး ဘာလုပ်ရမှန်းမသိလို့ပါဆရာ။ အသက် ၈၅ နှစ်အရွယ် အဖေ ကို လုပ်ကျွေးနေသူပါ။ ဆရာ post ကို ကြည့်ဖြစ်ပါတယ် ပြုပြင်လမ်းညွှန်ပေးတဲ့ ဆရာရဲ့ စေတနာမေတာတွေ ကို ခံစားရပါတယ်။ 19-5-2023 နေ့က ဆရာ တင်တဲ့ Breast Cancer HER2 ဟော်မုန်း။ သက်ရောက်မှု ရင်သားကင်စာ(ကင်ဆာ)အကြောင်း ဖတ်တယ်။ ကျမက ကျန်းမာရေးမှာ ဘာမှမဖြစ်ခဲ့ဘူးတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကင်ဆာဆရာက အဆင့်က1 နှင့် 2A ကြားလိုပြောပါတယ်။ Chemo -၈ကြိမ်မှာ AC ၃ ပတ် ၄ ကြိမ်သွင်းရမယ်။ Pocltoxal ၃ပတ် ၄ကြိမ်သွင်းရမယ်။ HER2 ဆေး ၁၇ ကြိမ်ထိသွင်းရမယ်။ ဟော်မုန်းဆေး ၅/၇ နှစ်စားရမယ် ပျောက်မယ်လို့ပြောပါတယ်။ ကုန်ကျစရိတ်က သိန်းငါးရာ အထက်မှာရှိပါတယ် ။ ငွေကြေးမနိုင်ရင် HER 2 ဆေး 17 ကြိမ် မသွင်းနဲ့တဲ့ အဲဒီအချိန်မှ ထပ်စဥ်းစားလိုလဲပြောပါတယ်။ မဖြစ်မနေ chemo(8)ကြိမ်သွင်းရမယ်တဲ့။ (6-6-2023)နေ့ ဆေးစသွင်းဖို့

Ketamine ဆေး

Image
တို့ဆေးဆိုတာကို တယောက်ပြီး တယောက်က တင်နေကြတာကြာပြီ။ ဟုတ်ရဲ့လား။ ရုပ်ရှင်ထဲ၊ ဝတ္ထုထဲကလို လက်ကိုင်ပုဝါလေးနဲ့ နှာခေါင်းပိတ်တာနဲ့ မင်းသမီးလုပ်သူဟာ တခါတည်း ပျော့ခွေတာ မဖြစ်နိုင်ပါ။ လက်တွေ့ကို တင်ပြမယ်။ လူတယောက်ကို ချက်ချင်းမေ့သွားအောင် မေ့ဆေးအထူးကုဆရာဝန်တွေကနေ သွေးပြန်ကြောထဲ ဆေးထိုးပေးနည်းသာ လုပ်လို့တယ်။ တို့ဆေးသာဟုတ်မှန်ရင် မေ့ဆေးဆရာဝန်တွေ မှားပြီ။ မေ့ဆေးစက်တွေ မလိုတော့ မေ့ဆေးအမျိုးမျိုးရှိတယ်။ ကက်တမင်းဆေးအကြောင်းသာ ဒီစာမှာ ရေးပါမယ်။ ၂၀၁၄ ခုနှစ်က ရေးထားတာ။  (၁) ကက်တမင်းဆေးကို မေ့ဆေးမဟုတ်တဲ့ ကုသနည်းအသုံး ကက်တမင်းဆေးကို စိတ်ဓါတ်ကျနေသူတွေကိုပေးပြီးကုသတဲ့အခါ တချို့လူနာတွေမှာ နာရီပိုင်းအတွင်း သက်သာလာတာတွေ့ရလို့ ၃၀-၁၀-၂၀၁၄ နေ့ကထွက်တဲ့ သတင်းခေါင်းစဉ်မှာပါတယ်။ စမ်းသပ်မှုကတော့ သေးပါတယ်။ လူနာ ၂၈ ယောက်သာရှိသေးတယ်။ လူ ၁ဝ ယောက်မှာ ၁ ယောက် တသက်မှာ အနည်းဆုံး ၁ ခါ၊ စိတ်ဓါတ်ကျတာ ခံစားနေကြပါတယ်။  Prozac လိုမျိုး Antidepressants စိတ်မကျဆေးသုံးတယ်။ Behavioural therapies အမူအယာကုသနည်းသုံးရပါတယ်။ စိတ်ဝေနာသည်တွေအတွက် စိတ်မကောင်းစရာကတော့ လူနာအတော်များများကုသနည်းမတိုးကြပါ။ Oxford Health NHS Foundation Trust ကနေ အဲ

Birth Control Pill Links ကိုယ်ဝန်တားဆေး

Image
(ကန်တော့) Birth Control Pill ကိုယ်ဝန်တားဆေး https://dr-tint-swe.blogspot.com/2023/07/birth-control-pill.html Pills and Side effects တားဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ရှောင်နည်း https://dr-tint-swe.blogspot.com/2021/01/pills-and-side-effects.html Natural Family Planning သဘာဝနည်းများနဲ့ ကိုယ်ဝန်တားခြင်း https://dr-tint-swe.blogspot.com/2021/05/natural-family-planning.html Birth Control pills 25 FAQs ကိုယ်ဝန်တားစားဆေး အမေး-အဖြေ ၂၅ ခု https://dr-tint-swe.blogspot.com/2021/04/birth-control-pills-25-faqs.html Over 35 and birth control options အသက်မငယ်သူများသုံးနိုင်ကြတဲ့ တားဆေး တားနည်းများ https://dr-tint-swe.blogspot.com/2021/01/over-35-and-birth-control-options.html Birth control and breast cancer ရင်သားကင်ဆာ နှင့် ကိုယ်ဝန်တားနည်းများ https://dr-tint-swe.blogspot.com/2022/07/birth-control-and-breast-cancer.html Birth Control Pill ကိုယ်ဝန်တားဆေး https://dr-tint-swe.blogspot.com/2023/07/birth-control-pill.html Birth Control and Heart Disease နှလုံးရောဂါနဲ့ တားဆေး https://dr-tint-swe.blogspot.com/2

Over 35 and birth control options အသက်မငယ်သူများသုံးနိုင်ကြတဲ့ တားဆေး တားနည်းများ

Image
(ကန်တော့) ၂၄ နာရီအတွင်းမှာ မေးလာသူ ၂ ယောက်ရှိတယ်။ နှစ်ယောက်လုံးက အသက် ၄ဝ တွေချည်းဖြစ်တယ်။  အမျိုးသမီးတွေကို အသက် ၃၅ နှစ်ရောက်တာနဲ့ ဆရာဝန်တွေက တမျိုးမြင်ကြတယ်။ သားသမီးရဘို့နဲ့ ကိုယ်ဝန်ရရင်လည်း မွေးဘို့ခက်နိုင်တယ်။ အရိုးပါးရောဂါကာကွယ်ဘို့ (ကယ်လ်စီယန် + ဗီတာမင်ဒီ) တနေ့ ၁ လုံးသောက်ခိုင်းမယ်။ တားဆေး ရွေးစေမယ်။ အပျိုကြီးတွေနဲ့ ဒီအသက်အထိ ကလေးမရသေးသူတွေကို သားအိမ်နဲ့ မျိုးဥအိမ်မှာ အိတ်တွေ အကျိတ်တွေ ရှိနေမလား အာလ်ထွာဆောင်းရိုက်ဘို့ အကြံပေးပါမယ်။  ၃၅ နှစ်ကျော်သူတွေ ဆေးလိပ်လည်းသောက်မယ်၊ တားဆေးလည်းသုံးမယ်ဆိုရင် ကျန်းမာရေးမကောင်းမယ့်အန္တရယ် အဆတွေတိုးလာပါလိမ့်မယ်။ Estrogen အီစထိုဂျင်ဟော်မုန်းပါတားဆေးနဲ့ မသင့်ပါ။ သွေးခဲဘူးတဲ့ရာဇဝင်ရှိရင် လုံးဝ မသောက်သင့်ပါ။ Combination birth control pills ဟော်မုန်း ၂ မျိုးတွဲပါတားဆေး၊ Vaginal ring ဗဂျိုင်းနားထဲထည့်ထားရတဲ့ကွင်း၊ Patch ဆေးကပ်ခွါတွေထဲမှာ အီစထိုဂျင်ပါလို့ မသင့်ပါ။ Intrauterine device (IUD) သားအိမ်ထဲ ထည့်စရာကတော့ သင့်တယ်။ သတိထားရမှာက အိမ်ထောင်သည်မဟုတ်သူတွေမှာ အတူနေဖက်ဆီကနေ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေရင် IUD ထည့်ထားသူမှာ ကူးစက်ခံရနိုင်တယ်။ တခြားနည

Medicines ဆေးတွေ

Image
အမေက ဆီးချိူဖြစ်နေတာ ငါးနှစ်ရှိပါပြီ ပုံမှန်ဆီချိူးမတိုင်းဖြစ်ပါဘူး သုံရက်တစ်ခါလောက်တိုင်းပါတယ် ဆီးချိူ တက်နေတယ်ဆို ဆေးသောက်ပြီး အစာမစားခင် (အိပ်ယာနိုးနိုးချင်းတိုင်းတာပါ) 130 အောက်ရောက်ရင် အမေကဘာဆေးမှမသောက်ပါဘူး အမေက ဆီချိူစစ်ရင်းတခြားလိုအပ်တာတွေပါ စစ်တော့ သွေးတွင်း အဆီများတာ နှလုံးအားနည်းတာ အသဲအဆီနည်းနည်းဖုံးတာ  တွေတွေ့တော့ အမေက ဆေးတခါသောက်ရင် ၇ လုံးလာက်သောက်ရပါတယ် အဲ့ဒီဆေးတွေကို ဆီချိုတက်တဲ့အချိန် တခါတည်းတွဲသောက်ပြီး မတက်ရင် မသောက်ဖြစ်ပါဘူး အဲ့ဒီလို သောက်လိုက်မသောက်လိုက်ဖြစ်တာ ဆေးမတိုးတာမျိူးဖြစ်နိင်လားဆရာ နောက်ပြီး ထိရောက်မှုရှိရဲ့လားဆိုတာ သိချင်လို့ပါဆရာ ဆေးမတိုးဘူးလို့ မရှိပါ။ ဆေးယဉ်တာက ပိုးသေဆေးတွေသာ ဖြစ်တယ်။ ရောဂါကို သက်သောအောင်မလိုပ်သေးရင်တော့ ဆေးပြောင်းရတတ်တယ်။ ဆီးချိုဆေးက မြန်မာပြည်မှာတော့ သောက်ဆေးတမျိုးနဲ့ ထိုးဆေးတမျိုးသာ ရှိမယ်ထင်တယ်။ ယူအက်စ်အေမှာတော့ သောက်ဆေး တမျိုးမက သုံးနေတယ်။ သွေးတိုးကျဆေးလည်း လိုအပ်ရင် ဆေးပြောင်းပေးပါတယ်။ ဆီးသွားစေတဲဆေးပါရင် အိပ်ရာထမှာ သောက်ရတယ်။ အဆီကျဆေးခေါ် ကိုလက်စထောဆေးကတော့ အများသုံးဆေး စတက်တင်ကိုသာ အများဆုံးသုံးတယ်။ ဆေးတွေကို အချိန်တူရင် တွဲသောက်

Oligohydramnios ရေမြွှာရည်နည်းခြင်း

Image
၁။ ဆရာရှင့် အသက်က၂၃ပါ။ OG ကရေမွာနည်းနေတယ်ပြောတယ်။ ကိုယ်ဝန်၃၄ပတ်ကျော်ရုံလေးပါ။ ကလေးကလည်း ထွားတယ်ပြောပါတယ်။ ရေမွာရေက 7.16 ပဲရှိတာ၊ ရေမွာအမှန်တကယ်နည်းနေတာလား ပြောပြပေးပါ။  ကလေးကလည်း နှလုံးခုန်မြန်နေတယ်တဲ့။ ရေမွာရေပြန်တက်လာအောင်ဘာတွေလုပ်ဆောင်သင့်ပါလဲ ဖြေကြားပေးပါရှင့်။ ၂။ မင်္ဂလာပါဆရာ ကျွန်တော့်ဇနီးအသက် ၂၅နှစ်။ တတိယကိုယ်ဝန် ၃၄ပတ်ရှိနေပါပြီ။ အဲတာ အာထရာဆောင်းရိုက်တော့ ရေမွှာနည်းတယ်လို့အဖြေရပါတယ်။ ရေမွှာက အနည်းဆုံး ၈ ခုရှိရမှာ ၅ခုပဲရှိတယ်လို့ဆိုပါတယ်။ ကလေးအနေအထားမှန်။ ပုံမှန်လှုပ်ရှားပါတယ်။ ရိုးရိုးမွေးလို့ရမလား ခွဲရမှာလား။ ရေမွှာနည်းခြင်းရဲ့အကျိုးအပြစ်များသိချင်ပါတယ်။ ၃။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၄ နှစ်၊ ကိုယ်ဝန် ၃၈ ပတ်ပါရှင်။ ကျွန်မ မနေ့က Ultrasound သွားရိုက်တော့ ရေမွှာရည်နည်းနေတယ်လို့ ပြောလိုက်ပါတယ်ဆရာ။ ပုံနှင့်တကွ ပို့ပေးထားပါတယ်ရှင်။ ဒီညနေ ( ၁၅. ၅. ၁၆) မှာ OG ရက်ချိန်းပြန်ပြတော့ OG က ကလေးခေါင်းလန်နေတယ်လို့ ပြောပါတယ်ဆရာ။ ရေမွှာနည်းနေတာနဲ့ ကလေး ခေါင်းလန်နေတာ စိုးရိမ်ရလားရှင်။ ကျွန်မက ရိုးရိုးမွေးချင်သူမို့ပါ။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပြသပေးပါရှင်။ ကျေးဇူးတင်ပါတယ်ရှင့်။ ၄။ ဆရာရှင့် ကျွ

FDA warning မြန်မာပြည်က ထုတ်ကုန်တချို့

Image
ဆရာရှင့် ကလေးနှစ်နှစ်က ( - ) လူးဆေးလိမ်းလို့ရပါသလားဆရာ ဘေးအိမ်က အဒေါ်က အတင်းလူးဖို့ပြောနေလို့မေးကြည့်တာပါဆရာ အမေရိကန် FDA က ပိတ်ပင်ထားတဲ့ဆေးဖြစ်ပါတယ်။ ယူအက်စ်အေကို တင်သွင်းရောင်းချတဲ့ မြန်မာပြည်က ထုတ်ကုန်တချို့ကို ပိတ်ပင်မှု သို့မဟုတ် သတိပေးချက်စာ ထုတ်ထာတာတွေရှိတယ်။  ခဏခဏတင်ပြရတာ အားနာရလို့ ကုန်အမည်တွေကို မထည့်တော့ပါ။ အစားအသောက်၊ ဆေးတချို့နဲ့ အလှကုန်တချို့။  တချို့သာ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Cancer သင့်ယာဉ်ကို လှူပါ

Image
ကင်ဆာဝေဒနာသည်တွေ အသက်ကို ကယ်တင်ရန်အတွက် သင့်ကား၊ လှေ၊ ယာဉ် လှူပါ။ (အမေရိကန်ကင်ဆာအသင်း) သူတို့ဆီမှာ အဲလိုဆောင်ရွက်ကြပါတယ်။ စေ့ဆော်သူတွေ စေတနာထားသူတွေက စနစ်တကျ သေသေချာချာ လုပ်ကြတယ်။ ကင်ဆာအပါအဝင် ဆေးသုတေသနလုပ်ငန်းတွေအတွက် အလှူငွေတွေ ထည့်ဝင်ကြတယ်။ လက်ရှိ အမေရိကန်သမတက နောင် ၂၅ နှစ်မှာ ကင်ဆာကြောင့် သေဆုံးမှု ၅၀% ကျဆင်းရေးအတွက် ၂၀၂၃ ခုနှစ်ကတည်းက ဆောင်ရွက်နေတယ်။ မြန်မာပြည်ကလည်း အတုခိုးကြစေချင်တယ်။ သုတေသနတွေ လိုတယ်။ ပိုက်ဆံချမ်းသူတွေက အဲလိုနေရာမျိုးတွေမှာ လှူကြစေချင်တယ်။ ကင်ဆာအုပ်စုတွေကလည်း ဆေးပညာနဲ့ ညီတာတွေကိုသာ တင်ကြစေချင်တယ်။ လူတွေကလည်း မဟုတ်ကဟုတ်ကတွေကို မရေး၊ မတင်၊ မမေး၊ လက်မခံရေး ဆော်သြကြစေချင်တယ်။ ဒေါက်တာတင့်ဆွေ

Tamoxifen ဆေးကို ကာကွယ်ဆေးအဖြစ်သုံးခြင်း

Image
5/7/23, 11:21 PM မဂ်လာပါ ဆရာရှင့် သမီးမေးချင်တာလေး‌တွေရှိလို့ မေးခွင့်ပြုပါနော် အသက် ၃၇၊ အပျိုပါ ရင်သားနှစ်ဖက်လုံးမှာ ရေအိတ်လေးတွေရှိပါတယ် 5နှစ်လောက်တော့ရှိပါပြီ ထွေထွေထူးထူးတော့သိပ်မခံစားရပါ၊ ရာသီလာခါနီးရင်တော့နာပါတယ် ultrasound အခုပြန်စစ်တော့ ရေအိတ်ကသေးသွားတယ်လို့ပြောပါတယ် အရင်လည်း ultrasound ရိုက်ပြီးပြပါတယ်၊ ဆေးကတော့ Prim E ပဲသောက်ပါတယ်၊အခု ဆေးပေးထားတာက  Tamoxifen 20mg ညတစ်ကြိမ်(တကြိမ်)သောက်ခိုင်းပါတယ်  အဲ့ဆေးက ကင်ဆာသမားတွေပဲ သောက်ရတာပြောလို့  side effects တွေလည်းများတော့ သောက်သင့်ပါလားဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါနော် မေးထားတာကို အခုမှသာ တွေ့ရ။ လိုသေး မေးနိုင်။ Tamoxifen ဆေးကို ကာကွယ်ဆေးအဖြစ်သုံးခြင်း အမျိုးသမီးတွေမှာ hormone-positive breast cancers အမျိုးအစား ရင်သားကင်ဆာဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့လည်း ပေးပါတယ်။ လေ့လာမှုတွေအရ ဒီဆေးကြောင့် ရင်သားကင်ဆာဖြစ်မှုကို ၃ ပုံ ၁ ပုံကာကွယ်နိုင်တာ တွေ့ရတယ်။ အများဆုံးဖြစ်တဲ့ ဘေးထွက်သက်ရောက်မှုများ • အရိုးနာ၊ ကင်ဆာနေရာနာ • မျက်နှာနီမြန်း • ပျို့ • အားနည်း • စိတ်မူပြောင်း • စိတ်ကျ • ခေါင်းကိုက် • ဆံပင်ပါး • ဝမ်းချုပ် • အရေပြားခြောက် • လိင်စိတ်နည်

Olivia Munn reveals breast cancer diagnosis ဟောလီဝုဒ် မင်းသမီး ရင်သားကင်ဆာတွေ့ရှိ

Image
၁၄-၃-၂၀၂၄ နေ့ကသတင်းဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Olivia Munn ဟာ မနှစ်ကတည်းက ရောဂါကိုတွေ့ရှိခဲ့တယ်။ အခုဆိုရင် ခွဲစိတ်ကုသမှု ၄ ကြိမ်လုပ်ရပြီးပြီ။ ရင်သားနှစ်ဖက်လုံးကို ထုတ်ထားရတယ်။ ထူးခြားချက်ကတော့ အခုလိုရင်သားကင်ဆာလို့ မသိခင်၂ လ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ လထဲမှာ စစ်တော့ mammogram မင်မိုဂရမ်ကလည်း ပုံမှန်၊ test for cancer genes ခေါ် မျိုးဗီဇစစ်ဆေးမှုကလည်း ပုံမှန်သာ ပြခဲ့တယ်။ အရွယ်ရောက် အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၀-၁၂% ရှိတယ်။ မျိုးဗီဇစစ်ဆေးမှု + ပြသူတွေ ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၆၀-၈၀% ရှိတယ်။ ယူအက်စ်အေကလာတဲ့ ကျန်းမာရေးသတင်းဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ဘာတွေ မစားနဲ့၊ ဘာတွေစားပါ၊ ဘယ်ဖြည့်စွက်စာတွေ ဝယ်ပါလို့ တစိုးတစိမှ မပါ။ မြန်မာလိုရေးတဲ့နေရာတွေမှာတော့ အဲလိုဟာတွေကိုသာ အသားပေးနေကြတယ်။ မလုပ်ကြပါနဲ့။ မြန်မာပြည်သူတွေ ရင်သားကင်ဆာကို စောစောသိအောင်စစ်၊ စနစ်တကျကုသမှုရယူပြီး၊ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ။ ဒေါက်တာတင့်ဆွေ

Djenkol bean တညင်းသီး နှင့် ကျန်းမာရေး

Image
၁။ ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ ဒါကအမှန်ပဲဆရာ။ တညင်းသီးပညာပေးစာတခုကို တယောက်နေပို့ပါတယ်။ ဖတ်ကြည့်တော့ ပေါ်လစီသတ်ပုံတွေကိုသာမက နည်းနည်းတော့ ချဲ့ကားထားတာ ဖတ်ရတယ်။ ၂။ ဆရာ ဒညင်းသီး(တညင်းသီး)စားပီး(ပြီး) ဆီးမသွားနိုင်သူတွေကို ဘယ်လိုကုသရပါသဲ ခုကကျနော်တိုနယ်ဘက်မှာ တွေ့တွေ့နေရလိုပါ ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိပါ။ ဘယ်လိုခံစားနေ တိတိကျကျ မသိပါ။ ရန်းဖြေလိုလည်း မရပါ။ ၃။ ဆရာရှင် အကြောတက်စာများမစားပဲ ဇာတ် (ဇက်) ကြောအမြဲလိုလိုတက်ပီး (ပြီး) ခေါင်းတစ်ခြမ်း (တခြမ်း) ထိုးတက်ပါတယ် တစ်ခါလေ (တခါတလေ) သွေးလဲတိုးတက်ပါတယ် ဇာတ် (ဇက်) ကြောအမြဲတက်သာ (တက်တာ) ဘာကြောင့်လဲရှင့် အသက် ၂၈ အိမ်ထောင်သည်ပါ ကလေး ၂ယောက်ရှိပါတယ် သွေးကျဆေးရော စွဲသောက်လိုရပါသလားရှင့် အကြောတက်စာဆိုတာ မသိ။ တယောက် တမျိုး ပြောကြတယ်။ သွေးတိုး အထက်ဂဏန်းနဲ့ အောက်ဂဏန်းတွေ မသိ။ ဒညင်းသီးလိုအကြောတက်စာကိုပြောသာ (ပြောတာ) ပါရှင့် အပေါ်သွေး ၁၄ဝအောက် ၉ဝရှိပါတယ်ဆရာ တညင်းသီးလို ရေးရတယ်။ တညင်းသီးက ဆီးလမ်း (ကျောက်ကပ်) ကို သက်ရောက်စေတယ်။  ၄။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၅။ ဆရာကခင်ဗျာ၊ တညင်းသီ

Paracetamol ဆေး

Image
6/9/20, 12:29 PM မင်္ဂလာပါဆရာ သမီးက အခု ဒုတိယကိုယ်ဝန် ၄ ပါတ်လောက်ရှိပါပြီ paracetamol သောက်လိုက်မိပါတယ် ရှိတာကိုမသိဘဲနဲ့လေ အန္တရာယ်ရှိပါသလားဆရာ ပထမကလေးတုန်းက အာရုံကြောအားနဲ့တဲ့ကလေးဖြစ်ဖူးလို့ပါ Paracetamol ဆေးကို ရက်တို ဆေးညွှန်းအတိုင်းသောက်ရင် ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားတယ်။ ရေရှည်သုံးရင် ဖြစ်တတ်သည်များ မောပန်း၊ အသက်ရှူရခင်ခဲ၊ လက်သည်းအရောင်ပြာ၊ သွေးအားနည်း၊ အသဲနှင့်ကျောက်ကပ် ထိခိုက်၊ သွေးတိုးရှိနေသူတွေ နှလုံးရောဂါနှ့် လေဖြတ်ခြင်း။ ကိုယ်ဝန်နဲ့ ကလေးကို ထိခိုက်ခြင်း မပါ။ Paracetamol Syrup (ပါရာစီတမော) အရည် https://dr-tint-swe.blogspot.com/2021/05/paracetamol-syrup.html ဒေါက်တာတင့်ဆွေ