Pills and Side effects တားဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ရှောင်နည်း
(ကန်တော့) ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ ဒီဆေးမျိုးက ဟော်မုန်းဖြစ်လို့ တမျိုးထူးတယ်။ ဆိုးကျိုးတွေဟာ တခဏ-အမြဲတန်း၊ ခပ်ပေါ့ပေါ့-ခပ်ဆိုးဆိုး အမျိုးမျိုးရှိမယ်။ တယောက်မှာ ဖြစ်ပေမဲ့ ကိုယ့်မှာ မဖြစ်တာလဲရှိမယ်။ အခု ရေးပြတာတွေကို ဒီဆေးသောက်သူ ၁% မှာသာ ခံစားရတယ်။ တချို့က အလိုလို သက်သာသွားတယ်။ တချို့ကို ပြုပြင်ယူလို့ရနိုင်တယ်။ အဖြစ်မနည်းတာတွေ – • ဗိုက်နာ၊ လေပွ၊ ပျို့၊ အန်၊ • ဝက်ခြံထွက်၊ (ဆေးသောက်စ ပဌမ ၃ လမှာသာ အဖြစ်များ)၊ • ရင်သား နာ-တင်း-ရောင်၊ • နေရောင်နဲ့ထိတဲ့ အရေပြားမှာ အညိုစက်လေးတွေဖြစ်၊ • ခေါင်းမူး၊ • ကိုယ်မွှေး နည်း-များ၊ • လိင်စိတ် ပြောင်းလဲ (နည်း-များ)၊ • ခြေထောက်ရောင်၊ • ခါတိုင်းနဲ့မတူ မောပန်း၊ • ကိုယ်အလေးချိန် တက်-ကျ၊ ရှားပါးပေမဲ့ ဖြစ်လာရင် ဆရာဝန်ပြရမဲ့ ဘေးထွက်-ဆိုးကျိုးတွေ – • ရင်သား အကျိတ်၊ • ရာသီလုံးဝမလာ၊ ရာသီ တခါတလေမှသာလာ၊ • ကြားရက်သွေးဆင်း၊ ရာသီသွေး နည်း၊ ရာသီဆင်းနေတာ ရက်ပိုကြာ၊ • စိတ်ဓါတ်ကျ၊ • ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ အသဲနေရာနာ၊ အသားဝါ၊ • ဆီးချိုရှိတဲ့ အမျိုးသမီးတွေ ဆီးချို နည်းနည်းတက်၊ • ခေါင်းကိုက်၊ (မိုင်ဂရင်း) ဖြစ်၊ • သွေးဖိအား နည်းနည်းတက်၊ • ဗိုက်အပေါ်ပိုင်း