Posts

Showing posts from April, 2023

အသီး

Image
နေ့စဉ် အသီးတမျိုးမျိုးစားပါ ရာသီထွက်သီးနှံတွေ ကောင်းတယ်။  ဝယ်လို့လွယ်တာလည်း ကောင်းမယ်။ ဒေသထွက်လည်း ကောင်းမယ်။ ဈေးကြီးတိုင်းတော့ ကောင်းချင်မှ ကောင်းတတ်တယ်။ နာမည်ကြီးတိုင်းလည်း ဟုတ်ချင်မှဟုတ်တာ။ ဆီးချိုရှိသူသာ ချင့်ချိန်စားပါ။ ဆေးတွေသောက်နေရသူတွေ အသီးတမျိုးမျိုး နေ့စဉ် စားပါလေ။ ဒေါက်တာတင့်ဆွေ

ဖြေရမှာ နည်းနည်းတော့ ခက်တယ်

Image
မဂ်လာပါဆရာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာလေးတွေကို မျှဝေပေးပါဦးခင်ဗျ ကျွန်တော်က လက်ဖက်ချဉ်စပ်ကို ထမင်းနဲ့နယ်စားလေ့ရှိပါတယ်ဆရာ နေ့တိုင်းနီးပါးပါပဲဆရာ လက်ဖက်ချဉ်စပ်က ကြာကြာစားလို့ရှိရင် ကင်ဆာဖြစ်စေနိုင်ပါလားဆရာ လက်ဖက်ချဉ်စပ်က ဓါတုဆေးဝါးတွေနဲ့ ပြုလုပ်ထားတာပါလားဆရာ ကျန်းမာရေးဗဟုသုတကလည်း အားနည်း၊ စိတ်ထဲလည်း ဇဝေဇဝါဖြစ်နေမိလို့ဆရာ့ကိုမေးကြည့်တာပါဆရာ နောက်တခုက ခရမ်းချဉ်သီးစားရင်အထဲကအစေ့တွေကိုဖယ်ပြီး အသားကိုပဲစားရတယ်ဆိုတာ ဟုတ်ပါသလားဆရာ အထဲက အစေ့တွေက စားပါများလာရင် အစာအိမ်ကိုထိခိုက်စေနိုင်တယ်ဆိုတာ ဟုတ်ပါသလာဆရာ လေးစားစွာဖြင့် ဖြေရမှာ နည်းနည်းတော့ ခက်တယ်။ ဆရာဝန်က ဆေးသုနတသနအရသာ ကောင်းတယ် ဆိုးတယ် ပျောက်တယ် မပျောက် ပြောရတယ်။ မြန်မာပြည်မှာ ဆေးသုတေသနအပါအဝင် ဘာသာရပ်အစုံမှာ သုတေသနလုပ်ငန်းတွေ ခေါင်းမထောင်နိုင်တော့ပါ။ အဲတော့ ပြောရခက်တယ်။ အစားအစာ စိုက်ပျိုးနည်း၊ ခူးဆွတ်ထားသိုနည်း၊ ဆိုင်ပေါ်တင်နည်း၊ အိမ်မှာထားသိုနည်း၊ ချက်ပြုတ် ကြော်လှော်နည်းတွေကလည်း စံကိုက်မဟုတ်တာ များတယ်။ တယောက်တမျိုး။  ပိုဆိုးတာက အခုနောက်ပိုင်းနှစ်တွေမှာ အတုပအပက မျိုးစုံတယ်။ လူအများစုကလည်း အပြကောင်း၊ အပြောကောင်း၊ ကြော်ငြာကောင်းတာကိုသာ အဟုတ

Breakfast ဘရိတ်ဖတ်စ် နံနက်စာ

Image
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို ဘယ်လိုလေးတွေ ပြင်ဆင်စားသောက်ကျ(ကြ)လဲရှင် အမေ့အတွက်လုပ်ပေးချင်လို့ပါ အပြင်စာတွေစားနေရတာကြည့်ပြီး စိတ်မချမ်းသာဖြစ်နေရလို့ပါ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာဝန်လည်း မနက်စာ စားပါတယ်။ မေးတဲ့သူဆီ တိုက်ရိုက် ဖြေမရလို့ ပို့စ် တင်လိုက်မယ်။ ရေးပြီးသား စာ ၃ ပုဒ်ကို ပေါင်းလိုက်မယ်။  (၁) မနက်စာကို ဒါတွေလုံးဝမစားပါနဲ့ဆိုတာတခု တွေ့တယ်။ မြန်မာပြည်တွင်း၌ နေထိုင်သူများ  (က) မစားသင့်သော နံနက်စာများ ၁။ ပြင်သစ်နိုင်ငံ၊ ပဲရစ်ဟော်တယ်မှ တိုက်ရိုက်မှာယူသော အစားအစာများ ၂။ အမေရိကားကနေ ဒီအိတ်ချ်အယ်လ်နဲ့ မှာယူသည့် ကေအက်ဖ်စီ ကြက်ကြော်။ ၃။ မြောက်ဝင်ရိုးစွန်းနားက ဖမ်းရသည့် sculpins, snailfishes, eelpouts, and cods ငါးများ။ (ခ) စားသုံးသင့်သည့် ဘရိတ်ဖတ်စ် ထမင်းကြမ်းကြော်၊ ပဲပြုတ်၊ အကြော်၊ မုံ့ပေါင်း၊ မုံ့ဟင်းခါး၊ မုံ့တီ၊ အီကြာတွေး၊ နံပြား၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆီချက်ခေါက်ဆွဲ၊ ကောက်ညှင်းပေါင်း၊ စမူဆာ စသည်။ (၂) မင်္ဂလာပါ ဆရာ မနက်စောစော စာ breakfast မစားပဲ နေတဲ့အကျင့်က ရောဂါတခုခု၊ ဆိုးကျိုးတခုခုများ ဖြစ်နိုင်ပါသလား ဆရာ အစားအသောက်နဲ့ဆိုင်တဲ့ မေးခွန်းတွေ အမျိုးမျိုးကို မကြာခဏဖြေရတယ်။ မေးခွန်းမဟုတ်

နွေရာသီနဲ့ အပူဒဏ် - ဘယ်လို နေထိုင် ကာကွယ် ကုသ မလဲ

Image
ဒေါက်တာတင့်ဆွေ ဆွေးနွေး တင်ဆက်ထားသည်။ အင်တာဗျူးလင့် ပါဆရာ https://youtu.be/4hSz6h_lS0E ဒေါက်တာတင့်ဆွေ

ယမုန်နာဆေးခန်း မွေးလူနာ အခြေပြဇယား

Image
ယမုန်နာဆေးခန်း ဘလော့သီးသန့်က ပျက်သွားပြီ။ အခမဲ့ရတဲ့ Blogspot ကိုသုံးရတာ အကဲမရ စိတ်မချရပါ။ ပျက်လို့ပြန်ရေတရတဲ့ ဘလော့တွေ များပြီ။ ၁၈-၉-၂၀၁၄ နေ့အထိ မွေးလူနာစုစုပေါင်း ၃၄၉ ယောက် မွေးပေးခဲ့ပါတယ်။ ဖေ့စ်ဘွတ်ကနေ ပြန်ရှာလို့တွေ့လာတဲ့ မှတ်တမ်းကိုသာ တင်ပြပါမယ်။ ၁၇-၁၁-၂၀၀၆ မှ ၂၁-၁၂-၂၀၁၃ အထိ စုစုပေါင်း = ၃၃၀ ယောက် ယောက်ျားလေးပေါင်း = ၁၅၄ (အမွှာ ၁) ယောက် မိန်းကလေးပေါင်း = ၁၇၆ ယောက် ကလေးအများဆုံးမွေးသည့်လများ = အောက်တိုဘာလ (၄၃) နှင့် နိုဝင်္ဘာလ (၃၃) ယောက်gspot ကလေးအနည်းဆုံးမွေးသည့်လများ = ဖေဖေါ်ဝါရီ (၁၉) နှင့် မေလ (၁၉) ယောက် Labor cases per month (total 333 cases) January = 21 February = 19 March = 27 April = 26 May = 19 အနည်းဆုံးမွေးတဲ့လ June = 23 July = 29 August = 24 September = 39 October = 43 အများဆုံးမွေးတဲ့လ November = 33 December = 27 Total = 330 ဒေါက်တာတင့်ဆွေ ၂၃-၁၂-၂၀၁၃

Guaifenesin TG syrup အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး သတိပေးချက်

Image
WHO ကနေ ထုတ်ပြန်ပါတယ်။ ဒီချောင်းဆိုးပျောက်ဆေးထဲမှာ မသင့်တာတွေ ပါနေတယ်။ Marshall Islands နဲ့ Micronesia မှာဆေးနမူနာတွေ တွေ့ရှိလို့ ထုတ်ပြန်တာဖြစ်တယ်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာရှိတဲ့ QP Pharmachem Ltd ကနေ ထုတ်တာ။ diethylene glycol နဲ့ ethylene glycol ဓါတ်တွေ ခွင့်ပြုသင့်တာထက် ပိုပါနေပါသတဲ့။ ဆေးသောက်သူတချို့ သေစေနိုင်တဲ့အထိ အဆိပ်ဖြစ်နိုင်တယ်။ အရင်ကလည်း WHO က Gambia နဲ့ Uzbekistan မှာ ကလေး ၆၆ ယောက်သေဆုံးမှုအတွက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ကမော္ဘဒီယားကို ဆေး 18,346 ပုလင်းပို့ထားတယ်။ မြန်မာပြည် မသိပါ။ Dr. တင့်ဆွေ

Leuprolide injection (Lupron Depot) ထိုးဆေး

Image
ကန်တော့။ မင်္ဂလာပါဆရာ ကျွန်မက အသက် ၃၄ နှစ် အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက် ၇ နှစ် ရာသီမှန်ပါတယ်။ ကလေးယူဖို့အတွက် OG နဲ့ Medical Check Up လုပ်ရာကနေ ovarian endometriotic cyst ရှိလို့  ဆရာ့ကို ultrasound အဖြေလေးတွေပြပြီး မေးထားဖူးပါတယ်ရှင်။ လွန်ခဲ့တဲ့ ၂ ရက်က OG နဲ့ ပြခဲ့ပါတယ်။ endometriotic cyst အတွက် ဆေးထိုးရမယ်လို့ ပြောပါတယ်ရှင် Leuprolide Acetate for Injecion 3.75 MG (Depot) ဆိုတဲ့ဆေးပါ။ ဆေးက ၁ လကို ၁ လုံး နဲ့ ၂ လ ထိုးရမယ်ပြောပါတယ် ဆရာ။ ဆေး ၁ လုံး ထိုးခဲ့ပြီးပါပြီ။ ဆေးထိုးရင် ရာသီမလာဘူးလို့ပြောပါတယ်ရှင့်။ ဆေး ၂ လ ထိုးပြီးရင် ကလေး ယူဖို့အတွက် အခက်ခဲ ရှိ မရှိနဲ့ ဆေး အကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြု၍ ဖြေပေးပါဦးဆရာ။ အမှားပါသွားရင်ခွင့်လွှတ်ပါရှင် ဆေးပုံလေးပါရှင် Leuprolide injection (Lupron Depot) ထိုးဆေး Endometriosis သားအိမ်ရောဂါတမျိုးအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ မောပန်း၊ မျက်နှာနီ၊ ကိုယ်ထဲပူ၊ ခွေးထွက်၊ ရင်သားတင်းနာ၊ မွေးလမ်းကတခုခုဆင်း၊ ကြားရက် ရာသီလာသလိုနည်းနည်းဆင်း၊ လိင်စိတ်ပြောင်း၊ ခြေလက်ရောင်၊ ကိုယ်အလေးချိန်ပြောင်း၊ ကြွက်သားနာ၊ နှာရည်ယို၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ က

Menopause-related symptoms linked to billions of dollars in medical expenses and lost days of work

Image
အမျိုးသမီးများသွေးဆုံးခြင်းနှင့် ကျန်းမာရေးအသုံးစရိတ် ကနေ့ စီအင်န်အင်န် သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူတွေရဲ့ သွေးဆုံးခြင်းနဲ့ဆက်စပ်ပြီး ကျန်းမာရေး အသုံးစရိတ်တွေ တက်တယ်။ ကုန်ထုတ်လုပ်ငန်းတွေပါ နစ်နာစေပါသတဲ့။ Mayo Clinic Proceedings ဂျာနယ်က ထုတ်ပြန်ချက်ကို ကိုးကားထားပါတယ်။ သုတေသနလုပ်သူတွေက ၂၀၂၁ ခုနှစ်အတွင်း အသက် ၄၅ နဲ့ ၆၀ ကြား အမျိုးသမီးပေါင်း ၅၀၀၀ ကို လေ့လာခဲ့တယ်။ သူတို့ထဲက ၄၄၄၀ ယောက် အလုပ်လုပ်နေကြသူတွေ။ ၁၃% တို့ဟာ အလုပ်မှာ ထုတ်လုပ်နိုင်စွမ်းကျဆင်းတယ်။ ၁၁% တို့ အလုပ်ကိုမလာနိုင်ကြပါ။ အချုပ်ကတော့ သုတေသနအသုံးအရ MRS score was 12.1 ရှိခြင်းဟာ သွေးဆုံးဖြင်းကြောင့် အသင်အတင့်ထိ ကျဆင်းတယ်လို့ ဆိုပါတယ်။ သွေးဆုံးသူတွေကို (HRT) pills ဟော်မုန်းအစားထိုးဆေးတွေ ပေးရတယ်။ ၂၀၂၀ ကိန်းဂဏန်းတွေအရ အသက် ၄၅ နဲ့ ၆၀ ကြား အမျိုးသမီးတွေ သွေးဆုံးတာနဲ့ ဆက်စပ်ပြီး တနှစ်တာ ကျန်းမာရေးကုန်အကျစရိတ် $25 billion နီးပါးနဲ့ အလုပ်ပျက်ခြင်းအတွက် $1.6 billion ရှိတယ်။ လေ့လာသူတွေထဲမှာ လူဖြူ 93% နဲ့ အိမ်ထောင်သည် 76.5% ပါဝင်ပြီး ကောလိပ်ပညာရှိထားသူ 59.3% ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာက ဘယ်အရာမဆို စာရင်းဇယား ကိန်းဂဏန်း ရှားပါးပြီ

Cimetidine ဆေး

Image
ကနေ့ ဒေါ်မြမြအေး အိမ်ပြင်ထွက်တော့ မြန်မာပြည်ကလာသူ အမျိုးသမီးတဦးနဲ့တွေ့တယ်။ အဲဒီတယောက်က အလာဂျီ ခေါ် တခုခုနဲ့ မတည့်တာဖြစ်နေတာ ကြာပြီတဲ့။ အများသုံးတဲ့ အလာဂျီဆေးတွေသောက်တော့ ဖြစ်လိုက်ပျောက်လိုက်နေလို့ အခုတခါ Cimetidine ဆေးသောက်တော့ သက်သာနေပါသတဲ့။ Cimetidine ဆေးကို အများဆုံးသုံးတာက  • heartburn associated with acid indigestion and sour stomach အအိမ်အက်စစ်များလို့ ရင်ပူခြင်း၊ • gastroesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်ခြင်း၊ • Zollinger-Ellison syndrome ရောဂါတွေအတွက် ဖြစ်တယ်။ H2 blockers အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်ထဲက အက်စစ်ဓါတ်ကို ပျယ်စေ နည်းစေမယ်။ တနေ့မှာ ညတပြား၊ သို့မဟုတ် တနေ့ ၂-၄ ကြိမ်အထိ ပေးတယ်။ အစာနဲ့ သောက်သင့်တယ်။ heartburn ခေါ် ရင်ပူသူတွေက အစာမစားမီ နာရီဝက်ကြိုတင် သောက်ရမယ်။ တခြားအသုံးလည်း ရှိတယ်။ • hives and itching အလာဂျီရတာအတွက် ပေးတယ်။ • stress ulcers စိတ်ဖိအားကြောင့်လေနာဖြစ်တာအတွက်လည်း ပေးတယ်။ • viral warts ကြွက်နို့၊ • aspiration pneumonia မေ့ဆေးမပေးမီ အစာအိမ်ထဲကအရည်တွေ အထက်ဆန်ပြီး အသက်ရှူလမ်းရောက်မှာကို ကာကွယ်ဘို့လည်း ပေးတယ်။ Antihistamine ခေါ် အလာဂျီဆေးတွေကတော

High Creatinine Levels ခရေယတနင်းဓါတ်များတာ မကောင်းပါ

Image
အဖေကို CT scan ရိုက်ဖို့ creatinine စစ်ခိုင်းတာ 244 ထိ အရမ်းမြင့်နေလို့ပါ ဆေးရုံကရိုက်လို့မရသေးဖူးပြောတယ်ရှင့် CT scan ရိုက်လို့ရမှ ကျန်တဲ့အဆင့်တွေ ဆက်လုပ်လို့ရမှာမို့ပါ Creatinine ကျအောင် ပြနေကြ(ပြနေကျ) ဆရာဝန်ဆီ ပြခိုင်းထားတယ်ရှင့်။ ပြနေကြ(ပြနေကျ) ဆရာဝန်ကလည်း Monday မှပြလို့ရမှာမို့ပါ Creatinine ကျ‌အောင် အစားအသောက် ဆောင်ရန်ရှောင်ရန်လေးတွေ မျှဝေပေးကြပါအုံးနော် ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ဖြေပါမယ်။  Normal creatinine level by age ခရေယတနင်းဓါတ်ကို စစ်ဆေးရင် ပုံမှန်  Enzymatic creatinine Jaffe creatinine Age group mg/dL micromol/L 5 to <12 years 0.31 to 0.61 39 to 57 12 to <15 years 0.45 to 0.81 46 to 61 15 to 19 years (male) 0.62 to 1.08 50 to 71 ရှိရမယ်။ Causes High Creatinine Levels များတာ မကောင်းပါ။ ဘာကြောင့် များသလဲ 1. Kidney failure, both acute or chronic ကျောက်ကပ်အလုပ်မနိုင်တော့ခြင်း 2. Kidney obstruction ကျောက်ကပ်လမ်းပိတ်ဆို့နေခြင်း 3. Kidney infection ကျောက်ကပ်ပိုးဝင်ခြင်း 4. Urinary tract obstruction ဆီးလမ်းပိတ်ဆို့နေခြင်း 5. Very high protein consumption ပရိုတင်းဓါတန် အစားမျာ

Phone Calls ခဏခဏတင်ပြထားပါတယ်

Image
ဖုန်းလာတယ်။ မကောက်ပါ။ ဆောရီး။ မီဒီယာတွေကဆိုရင် ဖုန်းနံပတ်ကို မှတ်ထားပြီးဖြစ်တယ်။  ဖုန်းနဲ့မေးတာမျိုး မဖြေပါ။ အသံဖိုင် မဖွင့်ပါ။ ဗီဒီယိုဖိုင် မဖွင့်ပါ။ ဆေးစစ်ချက်လွဲရင် ပုံတွေလည်း မလိုအပ်ပါ။ ကျွန်တော့မှာ နိုင်ငံရေးလုပ်တုန်းကလို သီးသန့်ရုံးခန်း မရှိပါ။ အိမ်မှာနေပါတယ်။ အနီးအနားမှာ မိသားစုဝင်၊ ဧည့်သည်တွေ ရှိနေတတ်တယ်။ ကျွန်တော်က တခါတလေ ကားပေါ်မှာ။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ စာနဲ့သာရေး မေးပါရန်။ စာကို မှန်အောင်မရေးတတ်လည်း နားလည်းရင် ဖြေပါတယ်။ နားမလည်ရင် ပြန်မေးတယ်။ သတ်ပုံမမှန်လို့ မဖြေတာ အခုထိတော့ မရှိပါ။ အသံက ဘာတွေပြောမှာလည်း မသိ။ အရုပ်တွေက ဘယ်လိုဟာတွေလည်း မသိ။ တချို့က အညစ်အကြေးပုံတွေ။ တချို့က မျိုးပွါးလမ်းပုံတွေ ပို့ကြတယ်။ ဒေါက်တာတင့်ဆွေ

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်စွမ်း နိမ့်ကျနေ

Image
UNICEF Myanmar is in Myanmar ကွယ်ဆေးတွေက ကလေးငယ်တွေကို ပိုလီယိုနဲ့ ဝက်သက်ရောဂါတို့လို ပြင်းထန်ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။  မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်စွမ်း နိမ့်ကျနေတာကြောင့် ကလေးငယ် ထောင်ပေါင်းများစွာဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားနေပါတယ်။ နေရာဒေသ အသီးသီးက ကလေးတိုင်းအတွက် ကိုယ်ခံအားကို ပြန်လည်တည်ဆောက်ပေးဖို့ အရေးတကြီး လိုနေပါတယ်။ Child Immunization Chart ကလေးကာကွယ်ဆေးထိုးဇယား (အသက်အလိုက်) https://dr-tint-swe.blogspot.com/2020/12/immunization-day.html 6 Myths About Pediatric Vaccines ကလေးကာကွယ်ဆေးများ၏ အယူအဆမှား ခြောက်ခု https://dr-tint-swe.blogspot.com/2022/10/6-myths-about-pediatric-vaccines.html ဒေါက်တာတင့်ဆွေ

ဘာလာလာ ဒေါင်းသောဆေးနည်းများ

Image
အမေးတခု = သားအိမ်ကင်ဆာ အဆင့် ( - ) ဘာဆက်လုပ်ရမလည်း ဘာဆေးသောက်ရမလည်း ဘယ်လိုဖြစ်နိုင်ပါသလည်း သိသူများဖြေကြားပေးပါနော် ကွန်မင့်တခု = ဆေးမင်းရာဇာစားကြည့်ပါလားအပြေားများလို့ အိမ်ကအမတွက် ကျနော်ခုးလာတာပါ ကျွန်တော်တို့လူမျိုးသည် နာမည်ပေးကောင်း၏။ ခပ်ဆန်းဆန်းလေးပေးသော် လူကြိုက်များ၏။ ရောင်းကောင်း၏။ အထင်ကြီးကြ၏။ ဆေးနည်းဆိုပါမူ တကြိမ်တခါမျှ မကြာဘူးသေးသော၊ ဘယ်မှာရှာရမှန်မသိသော၊ ဘယ်လိုစာလုံးပေါင်းရမှန်းမသိသော ဆေးဆိုသည်များကို အစွမ်းထက်သည်ဟု တထစ်ချ ယုံကြည်ကြလေသည်။ လောက်သေရွက် တဲ့။ (ကန်တော့) ဆေးအိုးဗုတ် တဲ့။ အိုးဘုတ်၊ အိုးပုပ်လားတော့ မသိ။ အောင်မည်းညို တဲ့။ စာလုံးပေါင်းမှန်က အောက်မဲညို။ လာပြန်ပြီ နောက်တမျိုး - ဆေးမင်းရာဇာ တဲ့။ ခူးလာတယ်ဆိုတော့ အရွက်လား၊ အသီးလား၊ အပွင့်လား မသိ။ အမြစ်တော့ မဖြစ်လောက်။ ဆေးစစ်အာဏာရှင်ဆို ပိုပျောက်ပါမည်။ အသက်အိုးအိမ်စည်းစိမ်။ ကိုဗစ် အသည်းအသန်ဖြစ်နေစဉ်ကလည်း အဲဒါတွေ၊ ကင်ဆာ ကကြီးကနေ အအထိလည်း အဲဒါတွေကို ဆေးနည်းပေးကြသည်။  ငှက်သိုက်ကတော့ ပင်တိုင်။ ၉၆ ပါး နှစ်ဆကျော်သည်။ ၎င်းတို့မှာ အသီး အပွင့် အရွက်နှင့် ပေါင်းမြက်များသာဖြစ်ပါသည်။ ဘာလာလာ ဒေါင်းသော ဖဲချပ်များဟု ခေါ်သင့်ပေသည်။ ဒေါက်တာ

Covid-19 Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း

Image
ကိုဗစ်ကူးစက်မှု ပြန်များလာ၊ ငါးရက်အတွင်း အတည်ပြုလူနာ ၁၄၀ နီးပါးရှိ (၂၃-၄-၃၀၂၃) ၁။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ ၂။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ ၃။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။  ၄။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ အရေးပေါ်အတွက်သာ Sanitizer လက်ဆေးရည် သုံးပါ) ၅။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ) ၆။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။ ၇။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။ ၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇော ဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။ ၉။ ကာကွယ်ဆေး ထိုးပါ။ ၁၀။ အစားရှောင်ရန် မလို။ ထူးပြီးစားရန် မလို။ ဆေးတမျိုးမှ မလို။ ကာကွယ်ဆေးထိုးသူတွေလည်း ဒီအချက်တွေအားလုံး လိုက်နာရမယ်။ ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား

Image
၁။ ဆရာ လူနာက ကျွန်မရဲ့ အမပါ အသက် ၃၀ အိမ်ထောင်ရှိ အမျိုးသမီးပါ ကိုယ်ဝန် ၇ ပါတ်ပါ အရင်က အူအတက် နာဖူးပါတယ် အဲ့ဒီ့တုန်းက စားဆေးနဲ့ပျောက်ခဲ့ပါတယ် အခု ကိုယ်ဝန် ၇ ပါတ််ထဲမှာမှ အူအတက်ဘက်က ပြန်နာ လာလို ့ultrasound ဒီနေ့သွားရိုက်ပါတဟ် ဆရာ အဖြေမှာ အူအတက်က 4.5 cm ရှည်နေတယ်လို ့ပြောပါတယ် ဆရာဝန်က စားဆေးပေးလိုက်ပါတယ် ဒီတရက်စာ သောက်လို ့ကုန်ပါပြီ ဆက်စားဖို ့ပြောပါတယ် လူနာက ကလေး ထိခိုက်မှာ စိုးရိမ်နေပါတယ်ဆရာ ကလေးကြီးထွားလာရင်ရော အူအတက်ကို ပိုစိုးရိမ်လာရမလားဆရာ နောက်ပြီး အ့အတွက် ဆေးသောက်တာ ကိုယ်ဝန်ထိ ခိုက်နိုင်မလားဆရာ မခွဲစိတ်ချင်လို ့ပါရှင့် ကျေးဇူးပြု ပြီး ဖြေပေးပါဦးနော် ဆရာရှင့် ၂။ ဆရာ ကျွန်မ အူအတက်ခွဲထားတာ ၃ ပတ် ရှိပြီ။ မန်းရေထွက်နေတုန်းပဲဆရာ။ flumix တနေ့ ၃ ကြိမ် သောက်တယ်ဆရာ။ အကြံပေးပါအုံးဆရာရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အူအတက် ရောင်တယ်ဆိုတာ အဆင့် အမျိုးမျိုးရှိတယ်။ ပဌမတမျိုး Acute Appendicitis ရုတ်တရက် ရောင်ခြင်း • ချက်ချင်း ဗိုက်နာမယ်၊ နာတာကလဲ မခံမရပ်နိုင်အောင် နာမယ်၊ နာတဲ့နေရာက ဗိုက် အောက်ပိုင်း၊ ညာဘက် ဒေါင့်နေရာမှာ တိတိကျကျ နာမယ်။ လမ်းေလျှောက်ရင် ခါးမတ်ပြီး မလျှောက်နိုင်ဘူး။ • ဆရာဝန်က (၁) အူအတက်ရှိ

High heels are pleasure with pain

Image
(ခြေထောက်ပုံအတွက် ကန်တော့) ခုရက်တွေမှာ ဘာလည်း မသိပါ။ ဒေါက်မြင့်ဖိနပ်ဆိုတဲ့ အသုံးတွေ့နေတယ်။ လိုက်မဖတ်အားပါ။ သိတာလေးပဲ ရေးပါရစေ။  ဒေါက်မြင့်ဖိနပ်ဟာ နာပေမယ့်သာယာမှုရှိပါသတဲ့။ Christian Louboutin ခရစ်ရှယန် လူဘိုတင် ခေါ်တဲ့ ဒီဇိုင်နာအမျိုးသားက ပြောတာပါ။  masochism နာတာကို သာယာတဲ့စိတ်အခြေအနေတမျိုးလည်း ရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၂-၄-၂၀၁၇

Breast Cancer ဆရာဝန်ကတော့ မဖြေတတ်

Image
ရင်သား အကျိတ် ခွဲထုတ်ထားတာ ၂ကြိမ်ရှိပြီ ၂၀၁၆မှာ တကြိမ် ၂၀၂၂/၆လပိုင်းမှာ တကြိမ်ခွဲရပါတယ်၂ကြိမ်လုံး အဆီကျိတ် အဖြေထွက်ပါတယ် အကျိတ်က ကျန်နေသေးတော့ ကျန်တဲ့အကျိတ်ကကင်ဆာ ကျိတ်များ ဖြစ်နိုင်လားရှင့် သိသူများ ဖြေကြားပေးပါရှင့် ကင်ဆာ ရောဂါဝေဒနာရှင်များ အနာနဲ့ဆေးတွေ့ပြီး သက်သာပျောက်ကင်းကြပါစေ ဆရာဝန်ကို မေးတာ မဟုတ်။ ဆရာဝန်မဟုတ်သူ ၈ ယောက်ကတော့ ဖြေထားကြတယ်။ ကျွန်တော်က ဆရာဝန်။ ဖြစ်တဲ့သူ အသက်၊ ရာသီ၊ အိမ်ထောင်ရေးနဲ့ ဆေးစစ်ချက်တွေ မသိဘဲ မဖြေတတ်ပါ။ ရင်သားကင်ဆာဟုတ် မဟုတ်ကို - ရောဂါဖြစ်စဉ်၊ မိသားစုရာဇဝင်၊ လက်နဲ့စမ်းသပ်ခြင်း၊ အာထွာဆောင်း သို့မဟုတ် မင်မိုဂရမ်တွေ နဲ့မှသာ သိနိုင်။ ထပ်လိုသူတွေကို ဘိုင်အော့ပ်စီ ခေါ် အသားစ စစ်ဆေးရသေးတယ်။ တချို့မှာ နောက်ထပ် စကန် စတဲ့ စစ်စရာတွေ ရှိနိုင်သေးတယ်။ ရမ်းမေးတာ ရမ်းဖြေတာတွေကို အားမပေးပါ။ တကြိမ်လို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ (၂)

ဆရာရှင့်ဆေးစစ်ချက်ထွက်ပြီး ဆရာဝန်ကဆေးသွင်းရမယ်ဘဲပြောပါတယ် အဖြေကိုအတိအကျမပြောပါဘူး နယ်ကလာကုတဲ့သူမို့ အခက်အခဲဖြစ်နေလို့သိချင်ပါတယ် ကင်ဆာဆိုထာတော့ ပြောပါတယ် Her2 စစ်ပြီးပြတော့လဲ ဆေးသွင်းဖို့ဘဲပြောပါတယ် HER2 count 31 The IHC gives a score of 0 to 3+ that measures the amount of HER2 proteins on the surface of cells in a breast cancer tissue sample. If the score is 0 to 1+, it's considered HER2-negative. If the score is 2+, it's considered borderline. A score of 3+ is considered HER2-positive. Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2.html Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2_12.html Breast Cancer Today ရင်သားကင်ဆာ အရင်ကနဲ့မတူပါ https://dr-tint-swe.blogspot.com/.../breast-cancer-today... Breast Cancer Treatment regimes ရင်သားကင်ဆာ ကုထုံးများ https://dr-tint-swe.blogspot.com/2021/05/breast-cancer-treatment-regimes.html BI-RADS ရင်သားကင်

Chemotherapy and Peripheral neuropathy ခီမိုသာရာပီ နှင့် အာရုံကြောထိခိုက်ခြင်း

ရင်သားကင်ဆာ ကီမိုဆေးသွင်းပြီးပါပြီ ဓာတ်ကင်ဖို့ အလှည့်စောင့်နေသူပါ တစ်နှစ်(တနှစ်)လောက် စောင့်ရမယ်ပြောပါတယ် (ခြေလက်ထုံကျင် ဝေဒနါကို သက်သာအောင် ဘယ်လိုနေထိုင်ရမလဲ သောက်စရာဆေးရှိသလား  တစ်နှစ်(တနှစ်)လောက်ထိ ထုံကျင်မယ်ပြောပါတယ်) ဟု(ဟုတ်)ပါသလား သိပါရစေ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ Chemotherapy drugs ခီမိုသာရာပီဆေးတချို့ကြောင့် အာရုံကြောတွေထိခိုက်စေနိုင်တယ်။ Peripheral neuropathy လို့ ခေါ်တယ်။ ထုံနေမယ်။ ကျဉ်နေမယ်။ pins and needles အပ်နဲ့ထိုးခံရသလိုနေမယ်။ ခြေထောက်ကြွက်သားတွေ အားနည်းမယ်။ ဆောရီး။ တချို့ လတွေအထိကြာမယ်။ တချို့ မပျောက်တော့ပါ။ ဆောရီး။ ဘယ်လိုဂရုစိုက်မလဲ သွားလာလှုပ်ရှားတိုင်း သတိထားပါ။ လဲကျနိုင်တယ်။ သာမန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကနေ သက်သာစေနိုင်တယ်။ လက်အိတ်၊ ခြေအိတ်သုံးပါ။ ရေပူ ရေအေးကို မသုံးမီ အပူချိန်သိဘို့ တံတောင်ဆစ်နဲ့ အရင်စမ်းပါ။ အဝတ်အစား တင်းကျပ်တာ မဝတ်ပါနဲ့။ သိပ်ချောင်တဲ့ဖိနပ် မစီးပါနဲ့။ ကြမ်းခင်း ကော်ဇာတွေ ခလုတ်မတိုက်မအောင် မချော်အောင် ပြင်တင်ထားပါ။ ရိုးရိုးဗီတာမင်ဘီအုပ်စု အားဆေး သောက်နိုင်တယ်။ ရိုးရိုးဆိုတာ ကြော်ငြာကောင်းကို ပြောတာ မဟု

Soda drinks အချိုရည် နှင့် ဆီးချို

Image
ကျွန်တော်တို့ ငယ်စဉ်ကတော့ ဘိလပ်ရည်၊ အချိုရည် စသဖြင့်ခေါ်ကြတယ်။ သူများတိုင်းပြည်တွေမှာ အားလုံးသော သစ်သီးဖျော်ရည် မဟုတ်တဲ့ သောက်စရာတွေကို ဆိုဒါလို့ ခေါ်တယ်။ Sugary beverages (Sugary drinks) လို့လည်း ခေါ်တယ်။ အဲလို အရက်မဟုတ်တဲ့ သောက်စရာတွေနဲ့ ဆီးချိုဆက်စပ်မှု ဘယ်လိုရှိတယ်။ လေ့လာမှုတွေ များတယ်။ တခုက တနေ့ ၁-၂ ဗူးသောက်သူတွေ ဆီးချိုဖြစ်လာနှုန်း မသောက်သူတွေထက် ၂၆% ပိုစေမယ်တဲ့။ ဆီးချိုရှိနေသူတွေက သောက်လိုက်ရင် သကြားဓါတ်ထိုးတက်မယ်။ ဆိုဒါထဲက သကြားကို လျင်လျင်မြန်မြန် ချက်လုပ်တယ်။ ဘယ်ဆိုဒါတွေက ဆီးချိုအတွက် ကောင်းသလဲ 1. Virgil's Zero Sodas 2. ZEVIA 3. Coca-Cola Life 4. Vitaminwater zero 5. Fuze Meyer Lemon Black Tea  Coke Zero က ဆီးချိုအတွက် စိတ်ချရသလား နိုး။ ကိုယ်အလေးချိန်တက်မယ်။ ဆီးချိုတက်စေမယ်။  ဆိုဒါထဲမှာ ဒါတွေပါတယ်။ • Water: 99.8g • Protein: 0.1g • Iron: 0.04mg • Sodium: 6mg • Potassium: 2mg Artificial sweeteners ခေါ် သကြားတုများကလည်း ဆီးချိုအတွက် ကောင်းလှတာ မဟုတ်ပါ။ တခြား ရောဂါဖြစ်နှုန်း မသုံးသူတွေထက် ပိုများတာတွေ့ရတယ်။ 1. Saccharin: Bladder Cancer 2. Aspartame: Chronic Fatigue, Brain Tum

အစာမျိုပြွန်ကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ

Image
"အစာပူပူ ရေနွေးပူပူ စားသောက်တဲ့သူတွေ ဂရုစိုက်ဘို့ အစာမျိုကင်ဆာ" လို့ တွေတာနဲ့ သုနေသနတွေ လိုက်ရှာပါတယ်။  မြန်မာလိုရေးနေကြတဲ့ စာတွေ အမျိုးမျိုး မကြာခဏ တွေ့တယ်။ မှန် မမှန် တင်ပြပါမယ်။ ၂၀၁၆ ခုနှစ်က ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနကို ကိုးကားမယ်။ အစားအသောက်၊ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု နှင့် အစာမျိုပြွန် အဒီနိုကာစီနိုးမား (ကင်ဆာ) အထောက်အထားခိုင်မာခြင်း (က) ယုံကြည်ရလောက်သော  ၁။ ဖြစ်နိုင်ခြေများစေသည့်အကြောင်း = ကိုယ်ခန္ခာဆီများခြင်း (အေ) ၂။ ဖြစ်နိုင်ခြေနည်းစေသည့်အကြောင်း = (၁) ဟင်းသီးဟင်းရွက်စားသောက်ခြင်း (၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း (ဘီ) (ခ) ဖြစ်နိုင်လောက်သော = - (၈) အကန့်အသန့်သာဖြစ်သော (သက်သေပြချက်မရှိ)  အစားအသောက်မှာ ဖိုက်ဘာ၊ အသီး၊ အနေီရာင်အား၊ ပြုပြင်စီမံထားသည့်အသား၊ အသားရိုးရိုး၊ ဝက်သား၊ အပူချိန်များသည့်သောက်စရာများ၊ အတူနေခြင်း၊ အရက်၊ ဗီတာမင်ဘီ-၆၊ ဗီတာမင်-အီး၊ အရပ်၊ စားသောက်ပုံပုံစံ၊ ဖြူဖွေးနေအောင်ချွတ်မထားသည့် အနှံများ၊ ကော်ဓါတ်ပါစားစရာများ၊ စသည်။ သိသာထင်ရှားသော အထောက်အထား - မတွေ့ (အေ) = BMI ခန္ဓာကိုယ်ထုထည် + ခါးလုံးပတ် + ခါး-တင် အချိုး (ဘီ) Adenocarcinoma and squamous cell

Itchy Ears နားယားခြင်း

Image
၁။ မင်္ဂပါ(မင်္ဂလာပါ)ဆရာ နားက တခါတရံ အတော်​​ လေးယာယံပါတယ်ခင်ဗျာ။ ဘယ်ဘက်နား တဖက်ထဲ ယားနေလို့ပါခင်ဗျာ။ အသက် ၃၉ နှစ်ပါ။ မည်ကဲ့သို့ ပြုလုပ်သင့်ပါနည်း။ လမ်းညွှန်ပြပေးပါအုံးခင်ဗျာ။ ကျေးဇူးပြုလျက်။ ၂။ ဆရာမဂ်လာပါ(မင်္ဂလာပါ) ကျွန်တော်သမိးလေး နားယားတယ် နာတယ် ပြောနေလို့ဆရာ လေးရက်လောက်ရှိပါပြိ အသက်က ၇ နှစ်ပါခင်ဗျာ ပါတာ ကိးမိုး အမောက်စလင်တိုက်တယ်ဆရာ မသက်သာဘူး ဘယ်ဆေးတိုက်ရင်ပိုကောင်းမလဲဆရာ ကူညိဖြေကြားပေးဆရာ နားယားခြင်းအကြောင်းခံတွေက အကျင့်ဖြစ်နေခြင်း၊ ဖန်းဂတ်စ် ခေါ် မှိုပိုးတွေဖြစ်တာအများဆုံး။ တချို့မှာ psoriasis or dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားနာတွေ။ တချို့က အလာဂျီ မတည့်တာတခုခုကြောင့်။ Nickel နစ်ကယ်နဲ့ မတည့်သူ ရှောင်ပါ။ hydrocortisone cream ဆေးလိမ်းနိုင်တယ်။ Antihistamines ဆေးသောက်နိုင်တယ်။ ရက်တွေကြာလို့ မပျောက်သေးရင် နားအထူးကုဆရာဝန်ပြပါလေ။ နားရောဂါစာတွေ ပို့မယ်။ အဲဒါတွေဖြစ်နေတယ်လို့ ပြောတာတော့ မဟုတ်ပါ။ Ear infections နားပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/10/ear-infections.html Perforated eardrum နားစည်ပေါက်ခြင်း https://dr-tint-swe.blogspot.com/.../perforated-eardrum.html Ear

Water ရေကို ရန်ရှာကြသူများသို့

Image
နေပူထဲကနေလာသူ ချက်ချင်း ရေအေး မသောက်သင့်။ ရေခဲရေ မသောက်ရ။ ရေခဲသေတ္တာထဲကရေ မသောက်နဲ့ စသဖြင့် စာတွေ တင်ကြတယ်။ အချုပ်ဖြေရရင် အစိုးရိမ်မကဲသင့်ပါ။  ဆန်းစစ်မှုတွေတော့ ရှိတယ်။ ရေအေးကို ရုတ်တရက်သောက်လိုက်ရင် ကိုယ်ခန္ဓာစနစ် အပြောင်းအလဲ ဖြစ်လာမယ်။ ရေဓါတ်နည်းနေခဲ့တာကို မမြန်စေနိုင်။ သွေးကြောတွေ ကြုံ့မယ်။ ကိုယ်တွင်းအပူချိန် အပြောင်းအလဲဖြစ်မယ်။ အဲဒါကို မျှတစေအောင် လုပ်နေရလို့ အစာချေမှု နှေးစေနိုင်။ ချွဲပိုထွက်လာမယ်။ ခုခံအားကို သွယ်ဝိုက်ပြီး နည်းစေနိုင်လို့ အအေးမိတာ၊ နေမကောင်းဖြစ်တာ ပိုစေနိုင်တယ်။ နောက်လေ့လာမှုတခု ရေအေးသောက်လို့ သင့်ကျန်းမာရေးကို ဆိုးကျိုး မဖြစ်ပါ။ ရေအေးဖြစ်ဖြစ် အခန်းတွင်းအပူချိန်မှာရှိတဲ့ ရေဖြစ်ဖြစ်ကနေ ရေဓါတ်ရစေမယ်။ ရေခပ်နွေးနွေးသောက်ရင် အစာချေမှု ပိုကောင်းတယ်။ မသင့်တာတွေ ဖယ်ရှားမှု ပိုကောင်းတယ်။ The National Academies of Sciences, Engineering, and Medicine ရဲ့ အကြံပြုချက် အသက် ၁၉ နှစ်အထက် အမျိုးသားတွေ ရေ ၃့၇ လီတာ (၁၅ ခွက်ခွဲ) သောက်သင့်တယ်။ အသက် ၁၉ နှစ်အထက် အမျိုးသမီးတွေ ရေ ၂့၇ လီတာ (၁၁ ခွက်ခွဲ) သောက်သင့်တယ်။ ရေအေး သောက်သင့်သလား တချို့က ရေအေးက ရေရှည်မှာမကောင်းဘူးလို့ ထင်ကြတယ်။ သူတိ

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ

Image
အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ အခုတလောအရမ်းပူနေလို့ သတိထားကြပါလို့ တင်ထားတာတခု တွေ့လိုက်တယ်။ မနေ့လောက်တင်တာလို့ထင်တယ်။ ပူတဲ့ဆီမှာ ပူနေပုံရတယ်။ ရာသီဥတုပူလွန်းလို့ လူတွေကိုဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လည်းခေါ်တယ်။ အရပ်ခေါ်အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။ Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ်၊ Heat exhaustion အပူကြောင့်ကုန်ခန်းသွားတာတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲ ဖြစ်တတ်တယ်။ အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့စနစ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက်ထက်ကျော်တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။ ဘာတွေခံစားရမလဲ - • Nausea and vomiting ပျို့-အန်ချင်၊ • Faintin

Million-year-old viruses help fight cancer ကင်ဆာလေ့မှုသစ်တခု

Image
လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေဟာ ကင်ဆာကို ခုခံတိုက်ဖျက်ရာမှာ ရွက်ဆောင်ပေးကြတယ်။  သုတေသနပြုသူတွေဟာ အဆုတ်ကင်ဆာလူနာ တချို့က တခြားလူနာတွေထက် အသက် ပိုရှင်နေနိုင်လာတာကို လေ့လာရာက တွေ့ရှိရတာဖြစ်ပါတယ်။ ခုခံအားစနစ်ထဲမှာရှိတဲ့ B-cells တွေကို ကင်ဆာအနီးအနာမှာ အများကြီးတွေ့တယ်။ B-cells တွေက ကိုဗစ်အပါအဝင် ကူးစက်ရောဂါမှန်သမျှကို တိုက်ဖျက်ရာမှာ အသုံးကျတယ်။ ဒီဗိုင်းရပ်စ် တချို့ရဲ့ မျိုးဗီဇကုဒ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကရှိခဲ့တဲ့ great apes တို့ရဲ့ DNA နဲ့ ဆင်တူနေတယ်။ လန်ဒန်မှာရှိတဲ့ Francis Crick Institute ကလုပ်တဲ့ဆေးသုတေသနဖြစ်ပါတယ်။ တွေ့ရှိမှုသစ်ကနေ ကင်ဆာ ကုသရာမှာနဲ့ ဖြစ်နိုင်ရင် ကာကွယ်ရေးအတွက်ပါ အသုံးချနိုင်ရေး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒေါက်တာတင့်ဆွေ

Silicone Genital Enhancement ကျားအင်္ဂါဆေးထိုးနည်း

(ကန်တော့) စာမဖတ်ခင် ဒီနည်းမျိုးမလုပ်ပါနဲ့လို့ အရင်မှတ်ကြပါ။ သူများတွေကိုလည်း အသိပေးပါခင်ဗျား။ ကျားအင်္ဂါကြီးစေနည်းတွေ အမျိုးမျိုးစမ်းလုပ်ကြတယ်။ နည်းတွေထဲမှာ ကျားလိင်အင်္ဂါထဲကို Silicone (စီလီကုန်း) ဆေးထိုးပေးနည်းလဲပါတယ်။ (စီလီကုန်း) ဆေးထိုးပေးနည်းရဲ့ထူးခြားမှုက အလျင်အမြန် သိသာစေနိုင်တဲ့နည်းတော့ ဖြစ်ပါတယ်။ သိသာမှာက လုံးပါတ်တိုးလာတာဖြစ်ပြီး၊ အရှည်ကိုတိုးတာမဟုတ်ဘူး။  (စီလီကုန်း) ဆေးထိုးတာ ဘာအသုံးကျသလဲမေးရင် လိုတာမရောက်ဘဲ (ကန်တော့ပါ) ရှူပေါက်တာသာ ထူးစေပါသတဲ့။ ဒီဆေးထိုးလိုက်ပြီးရင်တော့ အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ပါ။ ဆေးကနေ သွေးကြောတွေနဲ့ အာရုံကြောတွေကို သက်ရောက်နှောင့်ယှက်မှု ဖြစ်စေနိုင်တယ်။ ရလဒ်ကတော့ အာရုံခံနိုင်မှုနည်းပြီး လိင်အင်္ဂါအသုံးချမှုကို ခက်ခဲစေမယ်။ ကိုယ်လိုချင်တာက ဓါတ်ပုံရိုက်ပြပြီး ကြွားဘို့သက်သက်မဟုတ်ဘဲ၊ လိင်ဆက်ဆံမှုသာဆိုရင် ပြောင်းပြန်ဖြစ်စေပါမယ်။ ပြန်ပြင်ဘို့ အတော်ကိုခက်မယ်၊ ငွေကုန်မယ်။ နဂိုလိုလည်း ပြန်မဖြစ်နိုင်တော့ပါ။ လူဖြစ်ရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဆောရီး။ တခြားဘေးထွက်ဆိုးကျိုးတွေလဲ ရှိအုံးမယ်။ ရောင်ရမ်းတာနဲ့ ဆေးထိုးရာနေရာတဝှိုက် အရောင်ပြောင်းလဲသွားမယ်။ (စီလီကုန်း) ကြေ

Breast pain after weaning ကလေးနို့ဖြတ်ပြီး နို့တင်းတာသက်သာစေနည်း

Image
(ကန်တော့) ကလေးနို့သိပ်မစို့တော့အခဲအလုံးတွေဖြစ်ပြီးတအားတင်းနာတယ်ရေနွေးပူ ပူ နဲ့အုပ်လဲမရဘူးဘယ်လိုလုပ်ရမလေး ဂရုထဲကအကိုအမ တို့ရေပြောပြကြပါအုံးရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမယ်။ အေးတာနဲ့ ကပ်ပေးပါ။ ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုဖင် တခုခု သောက်နိုင်တယ်။ နာတာ + ရောင်တာ သက်သာစေမယ်။ အတွင်းခံ အနေတော်တာဝတ်ပါ။ နာတဲ့အခါ နို့ကို နည်းနည်းသာ ၂-၃ မိနစ်ကြာ ညှစ်ထုတ်ပါ။ မများစေရ။ ခဏခဏလည်း မညှစ်ရ။ အများအားဖြင့် ၅-၁၀ ရက်နဲ့ သက်သာပျောက်ကင်းလာမယ်။ တနေရာရာမှာ အတင်းနာပြီးကိုက်လာရင် ရောင်ရမ်းခြင်းလား၊ နို့နာလား စဉ်းစားရမယ်။ လင့်ထဲကအတိုင်း ဆောင်ရွက်ပါ။ Mastitis and Breast Abscess နို့နာ https://dr-tint-swe.blogspot.com/2021/01/mastitis-and-breast-abscess.html Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ https://dr-tint-swe.blogspot.com/2021/06/weaning.html အောက်မှာ အကြံပေးတာလို ဗမာဆေး မသုံးပါနဲ့။ နို့နာဖြစ်ရင် သန့်ရှင်းရတာလည်း ခက်တယ်။ ဒေါက်တာတင့်ဆွေ

Do Not Send (3) လိင်အင်္ဂါပုံတွေ မပို့ပါရန်

Image
(ကန်တော့) ကန်တော့ဆရာ အသက်က ၂၅ပါ လိင်တံထိပ်အ၀မှာ ဘာဖြစ်တာလည်း မသိလို့ဗျ ဆီးလမ်းကြောင်း အထူးကုနဲ့ ပြတော့ ဘာမှ မဖြစ်ဘူးပြေား(ပြော)တယ်ဆရာ ဒီနေ့ ဆောင်းပါးလေး ဖက်(ဖတ်)တော့ Chlamydia ဖြစ်ရင် ဆီးထွက်အပေါက်မှာ နီရဲးနေတတ်တယ်ဖတ်မိလို့ဆရာ သေချာလေးကြည့်ပေးပါအုံး ဆရာ ကျွန်တော ဘာဆက်လုပ်ရမှန်း မသိတော့ဘူး သူက ဆီးပိုးမမွေးစေချင်ဘူး ပက်စံ(ပိုက်ဆံ) ကုန်တာပဲး(ပဲ) အဖတ်တင်မယ် လို့ ပြေား(ပြော)တယ်ဆရာ သူပေးတဲ့ ပိုးသက်ဆေးပဲး(ပိုးသတ်ဆေးပဲ) ဆက်သောက်ရမလား ဆရာ ညတုန်းက ထပ်ရေးပြီး တင်ထားသေးတယ်။ ပုံတွေကို လိုအပ်လို့ ပြပါရန်ဆိုမှသာ ပို့ရမယ်။ အဲလို လိင်အင်္ဂါပုံကို မပို့သင့်ပါ။ ရောဂါဆိုတာ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်သာ သူ့လူနာအခြေအနေကို ပိုသိပါမယ်။ ရောဂါအမည်သေချာရင်တော့ တခြားဆရာဝန်တွေ ရေးထာတာကို ဖတ်နိုင်တယ်။ ဆေးပညာဖြစ်ဖြစ်၊ ဘာသာတရားဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ် တွေ့ကရာ မဖတ်သင့်။ ဆေးနဲ့ ကျန်းမာရေးမှာလည်း ဆရာဝန်အမည်တပ်ပြီး ဈေးရောင်းနေတာတွေရှိတယ်။ တင်တဲ့သူက ယူအက်စ်အေလို့ ရေးထားတိုင်းလည်း လူရော အကြောင်းအချက်ပါ မှန်ချင်မှ မှန်မယ်။ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် လိင်အင်္ဂါပုံတွေ မပို့ပါနဲ့။ ဖြေပြီးပြီ။ ပြောဦးမယ်။ ပိုးသတ်ဆေးလို့ ရေးရ။ သက်ဆိုတာ

Cancer-related appetite loss ကင်ဆာကြောင့် အစားပျက်ခြင်း

Image
ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ဖြေပါမယ်။ ကင်ဆာကုသဆေးတွေကြောင့် အစားအသောက်ပျက်နိုင်တယ်။ အရသာပြောင်းနိုင်တယ်။ ခံတွင်း၊ လျှာ အနာကြောင့်ဖြစ်စေ ပျို့အန်လို့ဖြစ် ပိုဆိုးနိုင်တယ်။ ဆောရီး။ ဒါပေမဲ့ ရက်အများကြီးမကြာပါ။ တချို့ကတာ့ ဆေးကို့စ်ပြီးတဲ့အထိ မစားချင်မသောက်ချင်းဖြစ်ကြတယ်။ သတိထားဘို့က လိုအပ်တဲ့အာဟာရတန်ဖိုးပြည့်မီအောင် ကြိုးစားရမယ်။ ကြိုးစား စားသောက်ရပါမယ်။ တနေ့ ၂ နပ်စားနေသူ ၄-၅-၆ နပ်စားပါ။ ဆန်၊ ဂျုံ၊ ပြောင်းတွေနဲ့လုပ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုံ့ စတာတွေ မဖြစ်မနေ စားရမယ်။ အသား၊ ငါး၊ ဥ၊ ပဲ တမျိုးမျိုး နေ့စဉ်ပါပါစေ။ အသီးတမျိုးမျိုး နေ့စဉ်စားပါ။ နွားနို့ ကောင်းတယ်။ ရေ၊ အရည် များများ သောက်ပါ။ ဖေ့စ်ဘွတ်ကနေ ထင်ရာပေးကြတဲ့ အစားအစာနဲ့ ဖြည့်စွက်စာတွေထက် ဆရာဝန်ကညွှန်တာကိုသာ စားသုံးပါလေ။ ဆရာဝန်အမည်နဲ့ ဖြည့်စွက်စာရောင်းတာတွေကို လိုက်နာရန် မလိုအပ်ပါ။ ကန်စွန်းရိုးနီ၊ အုန်းစိမ်းရည်၊ မုန်လာဥနီ၊ ကိုင်းသီး၊ ငှက်သိုက် တခုမှ မလိုအပ်ပါ။ ရိုးရိုးဗီတာမင်အစုံပါ အားဆေး သောက်နိုင် ထိုးနိုင်တယ်။ ရိုးရိုးဆိုတာ ဗူးခွံလှတာ၊ ကြောငြာကောင်းတာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

Blood Types and Paternity Determination မိဘနှင့် သားသမီးများ သွေးအုပ်စုများ

Image
၁။ ကလေးမအေက B သွေးဆရာ။ ကလေးက B သွေးပါဆရာ။ လူနှစ်ယောက်မှာ တယောက်က O သွေး နောက်တစ်ယောက်က Ab သွေးပါဆရာ။ မွေးလာတဲ့ကလေးက AB နဲ့ရတာလား O နဲ့လား။ ဘယ်သွေးအမျိုးစားနဲ့ ရတာလို့ သိလို့ရပါလားဆရာ။ ဇာယားကွက်ထဲကအတိုင်းဆိုရင်ဆရာ။ အမေ B ကလေး B ဆိုရင် အဖေဟာ A, B, AB, O ဖြစ်နိုင်။ B နဲ့ AB ကနေရတဲ့ကလေးက A, B, AB ဖြစ်နိုင်။ B နဲ့ O ကနေရတဲ့ကလေးက B, O ဖြစ်နိုင်။ အဲတော့ B ကလေးဟာ ၂ ယောက်လုံးနဲ့ ဖြစ်နိုင်နေ။ DNA စစ်ရန်လိုအပ်။ ၂။ မင်္ဂလာပါဆရာ။ ကျွန်တော်ရော အမျိုးသမီးပါ အိုသွေးပါဆရာ။ သမီးလေးက အေသွေးဖြစ်လို့ စိတ်ရှုပ်နေရပါတယ်ဆရာ။ ဆရာ Facebook မှာတင်ထားတာလေးတွေ့မိလို့ DNAဘယ်မှာစစ်လို့ရလဲသိချင်လို့ပါဆရာ။ ဘာတွေလိုအပ်တာလဲ ပါသိချင်တာပါဆရာ။ ဆရာရွှင်လန်းချမ်းမြေ့ပါစေ။ ၃။ ကျွန်တော့သွေးအမျိုးအစားက AB ပါ။ အမျိုးသမီးက O ပါ။ မည်သို့ဖြစ်သည်မသိ၊ သားငယ်လေး ၅နှစ်ကျော်က အခုမှသိရ A ဖြစ်နေပါသည် ဖြစ်နိုင်ပါသလား။ ဖြစ်သင့်ပါသလား။ သိလိုပါသည်။ ၄။ ကျွန်မတို့လင်မယားနှစ်ယောက်စလုံးက အေဘီသွေး၊ ဒါပေမဲ့ သားကြီးက အိုသွေးတဲ့။ ၅။ ဆရာရှင် အဖေက AB သွေး၊ အမေက A နဲ့ ကျွန်မမောင်က A + ပါ။ အဲ့ဒါကောဖြစ်နိုင်လားဆရာ။ ၆။ မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ သွေးအကြောင်း Po

ဆရာဝန်၏ ဈေးဗန်း

Image
Apr 1, 2023, 9:56 PM ဆရာ plt သွေးအားနည်းတာ တစ်နှစ်(တနှစ်)ကျော်ပါပီ(ပါပြီ) ဆေးစားနေရပါတယ် ကောင်းမသွားပါ သက်သာတာတစ်ခု(တခု)လောက်ပါ ဆရာ ဘာကြောင်းဖြစ်ရတာလေးဆရာ Apr 1, 2023, 10:25 PM Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း https://dr-tint-swe.blogspot.com/2021/01/thrombocytopenia.html Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း https://dr-tint-swe.blogspot.com/2021/01/thrombocytopenia.html High platelets သွေးမှုံများနေခြင်း https://dr-tint-swe.blogspot.com/2021/01/high-platelets.html Platelets Count သွေးမှုန်အရေအတွက် https://dr-tint-swe.blogspot.com/2021/10/platelets-count.html Active 29m ago လက်မထောင်အရုပ် ၁၅ ရက်ကြာမှာ ပို့တာကို ဖတ်တဲ့သူမျိုးလည်းရှိတယ်။ တချို့ဆို လတွေကြ။ တချို့ မေးလိုဖြေထားလည်း မဖတ်ကြပါ။ ဖြေရတဲ့သူက ခေါင်းရွက်ဗန်းထဲက အကြော်လို ရော့တခုလို့ ပေးရသလို လွယ်တာမဟုတ်။ တချို့မေးခွန်းတွေအတွက်တော့ ရေးထားပြီးရှိတယ်။ မရေးရသေးတာတွေဆိုရင် အကိုးအကားစာတွေ လိုက်ရှာရတယ်။ မှန်တာကို ဘယ်မှာရှာရမလဲက ပညာ။ တွေ့ရင် ဘာသာပြန်။ ဆေးသုတေသနတွေက ယူအက်စ်အမှာသာများတော့ မြန်မာပြည်နဲ့ ကိုက်ညီမှာကို ရွေး

Vaccines For 65 လူအိုများအတွက် ကာကွယ်ဆေးများ

Image
အမေရိကမှာ လူအိုဆိုတာ အသက် ၆၅ နှစ်ကစတယ်။ ကာကွယ်ဆေး ၅ မျိုးထိုးသင့်တယ်။ 1. Influenza (flu) vaccine တုပ်ကွေး 2. Pneumonia vaccine နူမိုးနီးယား 3. Shingles vaccine ရှင်ဂဲလ်စ် 4. Tetanus, diphtheria and pertussis (Tdap) vaccine မေးခိုင်-ဆုံဆို့-ကြက်ညှာ 5. COVID-19 vaccine ကိုဗစ် Shingles vaccine ရှင်ဂဲလ်စ် ကာကွယ်ဆေးဆိုတာ Shingrix (recombinant zoster vaccine) ဖြစ်တယ်။ အသက် ၅၀ ကစထိုးသင့်တယ်။ Pneumonia vaccine နူမိုးနီးယားကာကွယ်ဆေးကို ၆၅ နှစ်အထက်  pneumococcal conjugate vaccine (PCV13) နဲ့ pneumococcal polysaccharide vaccine (PPSV23) တွေဖြစ်တယ်။ တချို့ အသက် ၁၉ နှစ်ကနေ ၆၄ နှစ်အထိလည်း အဲဒါ ၂ မျိုးထိုးဘို့ လိုတတ်တယ်။ ၆၅ နှစ်အထက်တွေက PPSV23 5 တလုံးကို PPSV23 ထိုးပြီးနောက် တနှစ်မှာ ထိုးရမယ်။ PPSV23 ကိုတော့ ထပ်ထိုးရန် မလိုပါ။ ဒေါက်တာတင့်ဆွေ

Shingles Vaccine နည်းနည်း နေမကောင်းကြပါ

Image
မနေ့က ရှင်းဂဲလ်စ် ကာကွယ်ဆေး သွားထိုးကြရတယ်။ တခြားသူတွေက ဘယ်လိုအမည်ပေးထားသလဲ မသိပါ။ ကျွန်တော်ကတော့ ရှင်းဂဲလ်စ်ကို ဆင်ဖြူတော်ရေယုံလို့ အမည်ပေးထားတယ်။ ဘာမဆို နိုင်ငံရေး လုပ်ကြတာကို မတည့်ပါ။ ဘာမား-မြန်မာ၊ ဆင်ဖြူတော်။ ဒေါ်မြမြအေး အတွက်က ဒုတိယဒို့စ်၊ ကျွန်တော်က ပဌမဒို့စ် ထိုးရတယ်။ ကျွန်တော်က အတူတူဘဲထင်နေတာ။ မဟုတ်ဘူးတဲ့ သူတို့မှတ်တမ်းအရ ကျွန်တော်က မထိုးရသေးဘူးတဲ့။  ဒီတိုင်းပြည်မှာ ကိုယ့်နောက်ခံကို ကွန်ပြူတာစနစ်က ပိုသိတယ်။ ကွန်ပြူတာစနစ်ထဲကို အမှန်အတိုင်း ထည့်သွင်းထားမှသာ အမှန်။ ဒုတိယနိုင်ငံတွေကနေလာသူ အတော်များများက အမည်ရင်း မဟုတ်။ မွေးသက္ကရာဇ်မှန် မဟုတ်ကြပါ။  ကျွန်တော့အတွက်တော့ ၁၉၉၀ ခုနှစ်အကုန် တိုင်းပြည်ကနေ ထွက်ပြေးရကတည်းက ကိုယ့်အချက်အလက်မှန် (အမည်၊ အဖအမည်၊ အမိအမည်၊ ဇနီးအမည်၊ မွေးသက္ကရာဇ်တွေ) အားလုံးအတု။ အမေရိကားရောက်ရခြင်းရဲ့ အထူးခြားဆုံးအချက်က အမှန်ကို အမှန်အတိုင်းကို ပြန်သုံးခွင့်ရရှိခြင်းဖြစ်ပါတယ်။ မနေ့ နေ့လယ်မှာ ကာကွယ်ဆေးထိုးကြတော့ ဆေးဝင်တော့ နာတယ်။ ကိုဗစ်ကာကွယ်ဆေးတုန်းက မနာပါ။ တခြား တခြားကာကွယ်ဆေးတွေလည်း မနာပါ။ ကနေ့တော့ နှစ်ယောက်လုံး နည်းနည်းနေမကောင်းဖြစ်ကြတယ်။ ဖျားချင်တယ်။ လူကနုံးနေတယ်

Your T-shirt is thirty သင့်တီရှပ်ကနေ ရေဘယ်လောက်သုံးခဲ့သလဲ

Image
ရေနဲ့ ဖက်ရှင်တွဲလေ့ရှိတယ်။ ပင်လယ်ကမ်းခြေ၊ ရေကူးဝတ်စုံ၊ အဆင်တန်ဆာစုံမှာ ရေနဲ့ ဝတ်စုံ လှလှလေးတွေ တွဲဖက်နေတယ်။ ဝတ်ထားတဲ့အဝတ်အစားက ဝါဂွမ်းကနေ ရေဘယ်လောက်သုံးထားသလဲ။ ဖက်ရှင်လုပ်ငန်းကြီးကနေ ကမာ္ဘ့ရေထုထည် ဘယ်လောက်ကုန်စေပါသလဲ။ ဝါဂွမ်းစိုက်ပျိုးရေးအတွက် ကမာ္ဘ့ရေထုထည် ၂့၆% နှစ်စဉ် သုံးနေပါတယ်။ တီရှပ်တထည်ရဘို့ရာ ရေလီတာပေါင်း ၂၇ဝဝ ကုန်ခဲ့တယ်။ ဒါ့ပြင် ရေပါနေတဲ့ ဓါတ်ပစ္စည်းတွေကလဲ သုံးပုံတပုံပါသေးတယ်။ လှလို့ လူကြိုက်များတဲ့ဖက်ရှင်ဟာ ကျွန်တော်တို့ကို ကယ်တင်ရှင် မလုပ်ပါ။ ကုမ္ပဏီပေါင်းများစွာကနေ သောက်စရာအပါအဝင် ရေရဘို့အရေး ထောက်ကူပေးနေကြပြီတဲ့။ ဗြိတိသျှ Rapanui ရာပင်ညူကနေ ပင်လယ်ပျော်တွေအတွက် ရေသန့်ဘို့အရေး Marine Conservation Society နဲ့ တွဲဖက်လုပ်ပါတယ်။ ရေကို ပြန်သုံနိုင်အောင် စီမံတယ်။ သူတို့ကနေ ဒီအသိတွေတိုးလာအောင်လဲ လုပ်ဆောင်ကြတယ်။ ကုန်းပေါ်က ငါးဖမ်းရာနေရာတွေ၊ စီးပွါးရေးလုပ်ငန်းတွေ၊ ဂေဟစနစ်ကောင်းမွန်စေဘို့ ဖြစ်တယ်။ သမားရိုးကျဝါဂွမ်းဟာ ဓါတုပစ္စည်းအပေါ်မှာ မှီခိုတယ်။ ပိုးသတ်ဆေးတွေလိုတယ်။ မြေသြဇာတွေသုံးရတယ်။ စိုက်ပျိုးရေးတခုလုံးရဲ့ ၁ဝ% ရှိတယ်။ တကမာ္ဘလုံး ပိုးသတ်ဆေး ၂၅% သုံးတယ်။ ဝါစိုက်ပျိုးမှာ Integrated

Ghana first to approve 'world-changer' malaria vaccine

Image
ဂါနာနိုင်ငံမှာ ကမာ္ဘ့ပဌမဆုံးနိုင်ငံအဖြစ် ငှက်ဖျားရောဂါကာကွယ်ဆေးကို အတည်ပြုလိုက် ကာကွယ်ဆေးအမည်ကို R21 လို့ခေါ်တယ်။ စမ်းသပ်မှုတွေအရ ထိရောက်မှု ကောင်းတယ်။ WHO ကလည်း အတည်ပြုထားတယ်။ ငှက်ဖျားကြောင့် နှစ်စဉ် လူပေါင်း 620,000 နီးပါး သေဆုံးနေရတဲ့ထဲမှာ ကလေးတွေများတယ်။ ဘူကီနာဖါဆိုမှာ ထိရောက်မှု စမ်းသပ်တော့ ၈၀% ရှိတယ်။ ဆေး ၃ ကြိမ်ထိုးရတယ်။ နောက်တနှစ်အကြာ ဘူစတာထပ်ထိုးရမယ်။ အိန္ဒိယက Serum Institute of India ကနေ တနှစ်မှာဆေး ဒို့စ်ပေါင်း သန်း ၁၀၀ ကနေ ၂၀၀ အထိ ထုတ်လုပ်မယ်။ ဈေးလည်းမကြီးလောက်ပါ။ ၂-၃ ဒေါ်လာ။ မြန်မာပြည် လက်လှမ်းမီပါစေသတည်း။ ဒေါက်တာတင့်ဆွေ

UV radiation ယူဗွီအလင်းနဲ့ သင်္ကြန်နေ

Image
ရေးထာတာ ၉ နှစ်ရှိပြီ။ နွေရောက်တိုင်းပြန်တင်ပါတယ်။ မြန်မာပြည်မှာ သင်္ကြန်ကာလမှာ နေပူပြင်းမယ်။ နေရောင်ကနေရတဲ့ ခရမ်းလွန်ရောင်ခြည်ခံရနိုင်တယ်လို့ မိုးလေဝသပညာရှင်က သတိပေးထားပါတယ်။ UV ယူဗွီအလင်းဆိုတာ ခရမ်းလွန်ရောင်ခြည်လို့ ခေါ်ကြတယ်။ နည်းနည်းလေးဆိုရင် လူကိုအကျိုးရှိစေတယ်။  အလင်းရောင်မှာ သက်တံလိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေသိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့ ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့ ခေါ်တယ်။  ယူဗွီအလင်း အနည်းအကျင်းက ဗီတာမင် (ဒီ) ကိုပြောင်းပေးစေလို့ လူကို အကျိုးရှိစေပါတယ်။ များရင် ဘေးဖြစ်တယ်။  UV radiation ကိုသုံးပြီး ရောဂါတချို့ကိုကုသပေးနိုင်သေးတယ်။ Rickets အရိုးပျော့ရောဂါ၊ psoriasis မပျောက်နိုင်တဲ့ အရေပြားနာ၊ နှင်းခူနာနဲ့ အသားဝါရောဂါတွေ ဖြစ်တယ်။ တာရှည်ထိတွေ့မိရင် အရေပြားမှာ ဆဲလ်တွေ၊ ဖိုက်ဘရပ်စ် တစ်ရှူးတွေနဲ့ သွေးကြောတွေကို ထိခိုက်ရာကနေ လက်ငင်းဖြစ်မှာနဲ့ နာတာရှည်ဖြစ်မှာတွေ။ အရေပြားကို Sunburn (erythema) နေလောင်မယ်။ မျက်စိနာမယ်။ အတွင်းတိမ်ဖြစ်မယ်။ ခုခံအားစနစ်ကိုလဲ သက်ရောက်တယ်။ အရွယ်စောပြီး ရင့်ရော်စေတယ်။

12-4-2013 Recovering from Appendix surgery သင်္ကြန်လူနာ

Image
နယူးဒေလီမှာ နေခဲ့ရစဉ်က မြန်မာပြည်ကနေလာနေသူတွေအတွက် ယမုန်နာ အခမဲ့ဆေးခန်းလေးကို ၁၂ နှစ်ကြာ ဖွင့်နိုင်ခဲ့တယ်။ အစမှာ ပြင်ပလူနာ။ ၂၀၀၆ ကစပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနဲ့ သားဖွားလူနာ။ နောက်တော့ ခွဲစိတ်လူနာ။ အခန်းသေးသေး၊ ငွေကလည်း ရှိတာမဟုတ်ပါ။ ခွဲစိတ်ကရိယာ ရှိတာနဲ့ အူအတက်ရောင်လူနာတွေကိုပါ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ပုံထဲကလူနာကို ၂၀၁၃ ခုနှစ် သင်္ကြန်အကျနေ့မှာ ခွဲစိတ်ပေးခဲ့တာ။ မွေးပေးခဲ့ရတဲ့ ကလေး ၃၄၉ ယောက်အပါအဝင်၊ လူနာတွေ၊ ဆေးခန်းဆရာမတွေနဲ့ ဆေးမှူးတွေ နေကောင်းကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

ဆေးတွေဈေးကြီးလို့

Image
ဆရာ B ပိုးပျောက်ဆေးကရော ဘယ်ချိန်လောက် ပေါ်နိုင်မလဲ ဆေးစားရတာနဲ့ မွဲနေပြီ။ ဘီပိုးပျောက်ဆေး သတင်းအသစ် မထွက်သေးပါ။ ဆောရီး။ အသည်ရောင် ဘီပိုး၊ စီပိုး၊ အိတ်ချ်အိုင်ဗွီ၊ ကိုဗစ်ပိုးတွေဟာ ဗိုင်းရပ်စ်အမျိုးအစား ဖြစ်တယ်။ တုပ်ကွေး၊ အအေးမိတာလည်း ဗိုင်းရပ်စ်၊ ကြွက်နို့လည်း ဗိုင်းရပ်စ်တွေဘဲ။ ဗိုင်းရပ်စ်ပိုးတွေက အများကြီးနဲ့ ကူးစက်တဲ့အခါ ခံစားရတာတွေကလည်း အမျိုးမျိုး။ အအေးမိတာမျိုးက ရက်တိုတိုနဲ့ ပျောက်တယ်။ တချို့က နာတာရှည်။ တချို့က ရာသက်ပန်။ တချို့ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေ ရှိနေပြီ။ ဥပမာ တုပ်ကွေး။ ဒါပေမဲ့ ပိုးအမျိုးအစားခွဲက ရာသီအလိုက်ပြောင်းနေလို့ တနှစ်ခါ ကာကွယ်ဆေးသစ်ဖေါ်ပြီး ထိုးရတယ်။ လိင်လမ်းကြွက်နို့ (ကန်တော့) အတွက်လည်း သားအိမ်ဝကင်ဆာမဖြစ်စေအောင် ကာကွယ်ဆေးရှိပြီ။ အသက် ၂၆ နှစ်အောက် ထိုးရတယ်။ အသည်းရောင်ဘီအတွက်သာ ကာကွယ်ဆေးရှိပြီး စီအတွက် မရှိသေးပါ။ အသည်းရောင်ဘီအတွက်ဆေးကို တသက်လုံးသောက်နေရမယ်။ ဆောရီး။ စီအတွက်ကတော့ ၃ လနဲ့ ပိုးကင်းတဲ့အဆင့်ရောက်နိုင်နေပြီ။ အိတ်ချ်အိုင်ဗွီအတွက်လည်း ဆေးတသက်လုံးသောက်နေရမယ်။ ဗိုင်းရပ်စ်ဆေးတွေဆိုတာ ရောဂါဆက်မဖြစ်အောင် ထိန်းထားပေးတာဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးတွေကိုတော့ သေအောင်

Not Good Enough ဖေ့စ်ဘွတ် ပေ့ချ် အတော်ညံ့တယ်

Image
ကျနော် အစာအိမ်မှန်ပြောင်းကြည့်ထားတာပါ။ ညဘက်တွေနှင့် ဗိုက်ပြည့်အောင် စားမှ ရောဂါဝေဒနာ ခံစားရပါတယ်ဆရာ။ ဗိုက်ပြည့်အောင် မစားရဲတော့ ကိုယ်အလေးချိန် 10ပေါင်လောက် ကျလာပါတယ်ဆရာ။ ခု ၁၅၀  ပေါင်ဘဲ ရှိပါတယ်။ စိုးရိမ်ရပါသလား ဆရာခင်ဗျာ။ ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာကနေ ဆေးစစ်ချက်ပုံတွေပို့တိုင်း ဘယ်သူကနေပို့ပို့ ဖတ်လို့လာက်အောင် မကြည်လင်ပါ။ ချဲ့ဖတ်လည်း မရပါ။ ရိုးရိုး မက်စင်ဂျာကနေ ပို့တာတွေက အဆင်ပြေတယ်။ ဆေးစစ်ချက်မှ ပုံမလို။ အောက်ဆုံးက မှတ်ချက်ကိုသာ ဖတ်လိုတယ်။ ဖတ်မရတော့ ရောဂါအမည် မသိရလို့ မဖြေနိုင်ပါ။ ဆောရီး။ ဖေ့စ်ဘွတ် ပေ့ချ် အတော်ညံ့တယ်။ ကွန်မင့်ရေးသူကို နှိပ်လိုက်ရင် သူ့မက်စင်ဂျာ ရှာမရ။ တိုက်ရိုက် ဖြေမရ။ ဖေ့စ်ဘွတ် ပေ့ချ် မက်စင်ဂျာမှာ လူသစ်တွေက စာလည်းမရေး၊ မေးတာလည်း မဟုတ်ဘဲ ဘာရောင်းစရာပါလဲ၊ ဘယ်လိုငွေချမလဲ၊ ကူညီနိုင်မလား စတာတွေ ဘိုလိုရော ဗမာလိုပါ လာတာကလည်း မျက်စိရှုတ်စရာတွေ။ ဒီအကြောင်းကို ခဏခဏ (ခဏခဏ) တင်ပြထားတယ်။  ဒေါက်တာတင့်ဆွေ