Posts

Showing posts from July, 2021

ဆုပ် ဆုတ်

Image
ဆုပ် စက်ဆုပ်သည် ဆုပ်ကိုင်သည် ဆုပ်နယ်သည် ထမင်းဆုပ် ပဆုပ်ပနီ (ပဆွပ်ပတီ) ကောင် အနာပဆုပ် အနုဆုပ် ပေါက်ပေါက်ဆုပ် ခြေဆုပ်လက်နယ် ဆုတ် ဆုတ်ကပ်ကာလ ဆုတ်ခွါသည် ဆုတ်ဖယ်သည် ဆုတ်ယုတ် ဆုတ်ရှောင်သည် မဆုတ်မနစ် လဆန်းလဆုတ် အဝတ်ကိုဆုတ်သည် အသည်းအဆုတ် ရှေးကတည်းက တရုပ်လို့ရေးတာကို ခုခေတ်မှာ နိုင်ငံတော်မူက တရုတ်တဲ့။  ကိုဗစ်ကာလ ဆုတ်ကပ်ကာလမှာ အသည်းအဆုတ်ကို မှန်အောင်ရေးတတ်ကြတယ်။ မဆုတ်မနစ်ကြိုးစားပါလေ။ ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

The long-term health effects of COVID-19 နောက်ဆက်တွဲရောဂါများ

Image
မင်္ဂလာပါ ဆရာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး၊ ရောဂါပျောက်ကင်းသွားပါက နောက်ဆက်တွဲ ဖြစ်ပေါ်တက် (တတ်) တဲ့ ရောဂါများကို သိလိုပါတယ်၊ ‌အချိန်ရရင် ပြောပြပေးပါ ခင်‌ဗျာ။ လေးစာစွာဖြင့် COVID-19 blood clots သွေးခဲခြင်း https://dr-tint-swe.blogspot.com/2021/07/covid-19-blood-clots.html COVID-19 Happy Hypoxia အောက်စီဂျင်ကျသော်လည်း သိပ်မမောခြင်းအကြောင်း https://dr-tint-swe.blogspot.com/2021/07/covid-19-happy-hypoxia.html COVID-19 Lungs အဲတာ မမှန်ပါ https://dr-tint-swe.blogspot.com/2021/07/covid-19-lungs.html COVID-19 and Lungs (2) ကိုဗစ် နှင့် အဆုတ် (၂) https://dr-tint-swe.blogspot.com/2021/07/covid-19-and-lungs-2.html သွေးခဲခြင်းကနေ ဆက်ဖြစ်တာတွေကို လင့်ထဲမှာ ဖတ်နိုင်တယ်။ အသေးစိတ်တွေ ဘာသာမပြန်တော့ပါ။ ဆရာဝန်တွေအတွက်သာ အသုံးကျတယ်။ တက် တဲ့ တတ် မှန်အောင်မရေးတဲ့မေးခွန်း မလာတဲ့နေ့က ရှားတယ်။ The long-term health effects of COVID-19 https://www.gavi.org/vaccineswork/long-term-health-effects-covid-19?gclid=Cj0KCQjw6ZOIBhDdARIsAMf8YyH5-ajXXviKx32p1ld-F3-UudQMD1gU8lTZK6dsx6Mv-X5i0_R5LigaAryMEALw_wcB ကပ်ရောဂါဘေးက

သိပ္ပံမောင်ဝသည် သိပ္ပံဦးဝမဟုတ်

Image
ကိုဗစ်ကပ်ရောဂါအတွင်း ကွယ်လွန်သူတွေထဲမှာ အနုပညာရှင်တွေ မနည်းလှပါ။ သတင်းတင်သူ တချို့က စည်းကမ်းကို နားမလည်ကြ။ အနုပညာအမည် ကလောင်အမည်တွေမှာ မောင် ကို ဦး ဒေါ် ဒေါက်တာ အမေ ဘဘ မပါပဲ မထည့်ရ။ တင်မိုးမှာ ဦး မထည့်ရ။ လူချင်းတွေ့တဲအခါ လေးစားသမှုနဲ့ သင့်တော်တာ ခေါ်ရတယ်။ မောင်ထင်၊ မောင်သင်၊ မောင်စွမ်းရည် အသက် ဘယ်လောက်ရရ ဦးမထည့်ရ။ မာမာအေး၊ ချိုပြုံး၊ မေဆွိ၊ ဒေါ်မထည့်ရ။ မစန္ဒာ ဘယ်သောအခါမှ ဒေါ်ဖြစ်စရာမလို။ စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိူင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။ အနောက်နိုင်ငံတွေမှာ နာမည်ရင်းနဲ့ရေးရင် အပြည့်အစုံထ

Spherical Earth ကမ္ဘာကြီးသည်

Image
ကမ္ဘာကြီးဟာလုံးဝန်းသောပုံပန်းသဏ္ဌာန်ရှိသည်ဆိုတဲ့အယူအဆကို ဘီစီ ၆ ရာစု ဂရိခေတ်ကတည်းကသိခဲ့ပါတယ်။ ကမ္ဘာကြီးကို ကြံ့ုသွားစေခဲ့ပြီလို့ ကြုံးဝါးနေကြတယ်။ ကမ္ဘာဆိုတာသေးသေးလေးပါကွာလို့ပြောတာက နေရာတခုမှာ မထင်မှတ်ပဲ အသိတယောက်ကို ပြန်တွေ့တဲ့အခါမျိုးမှာပြောတယ်။ ကမ္ဘာရွာဆိုတဲ့အသုံးပေါ်လာတာ အမှန်က စာရေးဆရာ မာရှယ် မက်လူဟန်က ၁၉၆၂  မှာစာအုပ်ရေးတာကနေစပါတယ်။ မီဒီယာကျယ်ပြန့်လာတာကိုရေးတာပါ။ ကနေ့ လူသိများတဲ့ ကမ္ဘာရွာဆိုတာ အင်တာနက်ပေါ်လာမှပြောကြာတာဖြစ်တယ်။ ကမ္ဘာကြီးပြားပြီဆိုတာကတော့ သောမတ်စ် ဖရီးမင်းရဲ့စာအုပ်ကြောင့် ဖြစ်ပါတယ်။  ဖေ့စ်ဘွတ်ပေါ်လာတော့ ဘယ်မှာနေနေ နေ့နေ့ညည ဆက်သွယ်ရတာ ပိုလွယ်လာတယ်။ အသံ၊ ရုပ်ပုံ၊ ဗီဒီယို အစုံပါပဲ။ အဲတော့ ဝေးကွာမှုတံတိုင်းဆိုတာ မရှိတော့သယောင် ထင်မှတ်လာစေတယ်။ အထင်ပါ။ အသိတွေ၊ မိတ်ဆွေတွေ၊ အမျိုးတွေက လက်ဖက်စို၊ လက်ဖက်ခြောက်၊ ငါးခြောက်စသဖြင့် ပို့ပေးချင်တယ်တဲ့။ နေပါစေလို့ ပြန်ပြောရတာ အားနာတာတခုတည်းမကပါ။ ပစ္စည်းပို့ရတာ လူကြုံကောင်းအုံးတော့ ခက်ခဲပါတယ်။  ၂၀၁၅ တုန်းက ရေဘေးသင့်သူတွေဆီပို့ပေးဖို့ရာ ပြည်ပမှာနေရသူတွေက အကူအညီတွေစုဆောင်းနေတာတွေ ဖတ်နေရတယ်။ ကမကထလုပ်ကြသူတွေကို ချီးကျူးစရာကောင်းတယ်။ အခုလ

Hi ဟေ့လူ

Image
ကျွန်တော့်ဆီကို မေးခွန်းရေးရင် Hi လို့ရေးတဲ့သူ မနည်းပါ။ အင်္ဂလိပ်လို ဆက်ရေးတာလည်း မဟုတ်ပါ။ ဘာအဓိပ္ပါယ်လဲ။ ဟေ့၊ ဟေ့လူ၊ ဟေ့ကောင်လို့ ဆိုလိုတယ်။ ဆရာဝန်တယောက်ဆီစာရေးတာ အဲလိုသင့်ပါ့မလား။ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သူတွေက ဟေ့ကောင်၊ ဟိတ်ကောင်လို့ ပြောတာ မဆန်းပါ။ မေးတဲ့သူတွေ ၉၉% က ကျွန်တော်နဲ့ လူချင်းမတွေ့ဖူးကြပါ။ ကျွန်တော့်ထက် အသက်ကြီးသူလည်း တယောက်မှ မပါလောက်။  အဲတာ အနောက်နိုင်ငံတွေဆီက အတုခိုးသင့်တဲ့ ယဉ်ကျေးမှု မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၁-၈-၂၀၁၈

ဆောင်ရန် ရှောင်ရန်

Image
သမီး အခြေအနေနဲ့ စောင်ရန် (ဆောင်ရန်) ရှောင်ရန် နဲ့ လုပ်ရမည်လေးတွေကို ပြောကြားပေးပါအုံး (ဦး၊ အုန်း) စောင် ကျမ်းတစောင် စာတစောင် စောင်ချမ်းပင် စောင်ခြုံ စောင်မကြည့်ရှု စောင်ခြမ်းအိုးကွဲ မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ (အချုပ်တန်းဆရာဖေ)  ဆောင် ငဆောင်ချမ်းအရပ် တန်ဆောင်ဆီးမိး တန်ဆောင်မုန်းလ မင်္ဂလာဆောင် လူနာဆောင် သည်ပိုးရွက်ဆောင် အိမ်တဆောင် မီးတပြောင် အဆောင်နေကျောင်းသား ဆောင်ဒါး ဆောင်ပုံတင် ဆောင်ပန်း ဆောင်ပုဒ် ဆောင်ပျံ ဆောင်ကြဉ်း ဆောင်ယူသည် ဆောင်ရန် ရှောင်ရန် ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။ (သိင်္ဂါလသုတ်တော်) ဒေါက်တာတင့်ဆွေ

Constipation ဝမ်းချုပ်ခြင်း

Image
(ကန်တော့) အကောင်းဆုံးနည်းကတော့ (ဖိုက်ဘာ) ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာ ပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာ များတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။ ဆေးတွေလဲရှိတယ်။ 1. Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။ 2. Emollient laxatives ဝမ်းပျော့ဆေး Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စိတွေမှာ လာစုနေမယ်။ 3. Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုတ်ဆေး ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose

သံသရာတကွေ့ဝယ်

Image
သတ်ပုံမှန်အောင်ရေးတဲ့ခေတ်မှာ သီချင်းတွေလည်း အလွန်ကောင်းခဲ့ပါသည်။ အဆိုတော်တချို့နဲ့အတူ မြန်မာစာသတ်ပုံမှန်သည်လည်း ခွဲခွါသွားပါပြီ။ တကွေ့ တကွေ့ကို မှန်အောင်ရေးတတ်သူ ရှားသွားပြီ။ လိုက်ရှာတာ မှန်တာဆိုလို့ ဒါပဲတွေ့တယ်။ ဒေါက်တာတင့်ဆွေ

Gingivitis သွားဖုံးရောင်ခြင်း

Image
၁။ သွားဖုံးအရမ်းကိုက်နေတယ်ဘယ်လိုလုပ်ရမလဲဗျာ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ မက်စင်ဂျာ ဖတ်ပါရန်။ အောက်မှာ မေးလို့ ဖြေထားတယ်။ ၂။ ဆရာရှင့် ကျွန်မအသက် ၂၉ နှစ်ပါ ကိုယ်ဝန်၅ လနဲ့ပါ ခု ဖြစ်​နေတာက သွားဖုံး​ရောင်တာက အ​ရောင်ကျ သွားပီး (ပြီး) သွားဖုံး အ​​ခြေမှာ ပြည်ဖု​လေး ခနခန (ခဏခဏ)  ​​ပေါက်​နေလို့ပါ ဆရာ ​ဆေးခန်းလည်း ပြရတာ အဆင်မ​ပြေ​သေးလို့ ၃။ မင်္ဂလာပါဆရာ ကျွန်မအသက်က ၃၆နှစ်ပါ အံသွားနားကသွားဖုံးရောင်နေလို့ပါ အနာလိုလို ပြည်လိုလိုလဲဖြစ်နေတယ်ဆရာ။ paracetamol သောက်တာ အနာသက်သာပေမယ့် အရောင်မကျဘူးဆရာ နို့တိုက်မိခင်ဆိုတော့ ဘာဆေးသုံးစွဲရမလဲဆရာ ကျေးဇူးတင်ပါတယ်ရှင့်  ၄။ အသက် ၂၂၊ ယောက်ကျား၊ လက်ဝဲဘက် သွားဖုုံးနာ (အမဲသား အရွတ်ကို ဝါးစားထား၊ ရာသီဥတုအရမ်းပူ အပြင်ထွက်ထား)၊ နှစ်ရက်ကြာပါပြီ ဆရာ၊ ထမင်းမစားနိုင်ပါ။ ဆန်ပြုတ်သောက်နေရပါသည်။ သောက်ဆေးအညွှန်း ရေးပေးစေလိုပါသည်။ ၅။ ဆရာ ကျွန်တော် ့ အသက် ၂၄ပါ။ ခုဖြစ်နေတာက လက်ဖဝါး  ခြေဖဝါးတွေ ပူပါတယ်။ ဗိုက်ကယ်သလိုလည်း ဖြစ််နေပါတယ်။ မနေ့က စတာပါ။ အစာမစားရင် ဗိုက်ကသက်သာပါတယ်။ စားပြီး ရေသောက်တာနဲ ့ဗိုက်ကယ်ချင်သလို ဖြစ်ပါတယ်။ ခံတွင်းပျက်တာတော့ ၅ ရက်လောက်ရှိပါပြီ။ ပါးဆောင် အောက်ဖက်အံသွာ

ပြစ် ပစ်

Image
၁။ မင်္ဂလာပါဆရာ အချိန်ရရင် (ပြစ်) နဲ့ (ပစ်) ကိုရှင်းပြပေးပါ။ ၂။ ဆရာရှင့် ဖေဖေက သွေးပစ် (ပြစ်) တဲ့ရောဂါရှိပါတယ်  ပြစ် ချင်ပြစ်ရွာ ချဉ်ပြစ်ပင် မုန်းလျှင် အပြစ် ပြစ် = ချွဲကျိသည် ပြစ်ချွဲသည် ပြစ်ချက် ပြစ်ဆာ ပြစ်ထုတ် = အပြစ်ဒေါသ ပြစ်ဒဏ် ပြစ်မှား ပြစ်မှားကျူးလွန် ပြစ်ပြစ် = ကုန်စင်ပြုန်းတီးသည် အပြစ်ကြီးသည် ပြေပြေပြစ်ပြစ် ပစ် ခဲနှင့်ပစ်သည် စည်းတပစ်အမတ် ပစ္စက္ခ ပစ္စင် = ပစ်စင် = ရန်သူတို့ကို ပစ္စင် ရင်တား ပစ္စည်း (သဒ္ဒါ) ပစ္စည်းပစ္စယ ပစ္စည်းပစ်ယံ ပစ္စည်းဥစ္စာ ပစ္စယံ = အဆင့် ပစ္စယာ ပစ္စယာ = သုံးဆောင်သောဝတ္ထု ပစ္စရက္ခ = လူကြမ်း ပစ္စလက္ခ = မထိန်းမသိမ်း၊ မရိုမသေ၊ ဖရိုဖရဲ ပစ္စုပ္ပန် ပစ္စုဒ္ဓေရ ပစ္စူ = ပုဆိုးဖြူ၊ ထီးဖြူ ပစ္စန္တရစ် ပစ်ခတ် ပစ်ခတ်ရန်ဆောက်လုပ်ထားသော စင်မြင့် ပစ်စွန့်သည် ပစ်စလက်ခတ် ပစ်တိုင်းထောင် ပစ်ထားသည် ပစ်ပစ်ခါခါလုပ်သည် ပစ်ပယ် ပစ်ယံ = ပစ္စည်း ပစ္စေကဗုဒ္ဓါ မိုးကြိုးပစ်သည် ချောပစ် ကုန်းတိုက်သည် ပစ္စင် ပြအိုး မျိုးရိုး ကျုံးပတ်လည် မှတ်သားစရာ တံခါးဆယ်နှစ်ရပ် လေးဆယ့်ရှစ်ပြာသာဒ်ရံသည် ရွှေဘုံရွှေနန်း ရွှေကြငှန်းစုံညီ ့့့ ဒေါက်တာတင့်ဆွေ

Coronavirus Transmission ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

Image
၃၀-၃-၂၀၂၀ - ဆရာရှင့် မေးခွင့်ပြုပါ Covid 19 positive ဖြစ်နေပြီး ရောဂါလက္ခဏာမပြသေးဘဲ ကျန်းမာနေဆဲ လူနဲ့ ထိတွေ့ ဆက်ဆံရတဲ့လူက ရောဂါကူးနိုင်ချေရှိပါသလားရှင့်။ လုပ်ငန်းခွင်မှာ တခန်းထဲအတူအလုပ်လုပ်တာ၊ ရေအိမ် အတူအသုံးပြုတာ၊ သုံးပေအကွာ စားပွဲမှာထိုင်ပါတယ်၊ ဓာတ်လှေကား အတူစီးပါတယ်။ ၃၁-၇-၂၀၂၁ - ဆရာရှင့် Covid က အပြင်မထွက်ပဲ အိမ်မှာနေရင်း ကော ကူးစက်နိုင်ပါသလားရှင့် အသိမိတ်ဆွေထဲက covid ကူးစက်ခံထားရသူ နှစ်ယောက်က ဘယ်မှ မသွားပဲ အိမ်မှာနေရင်း ကူးစက်ခံရတယ်လို့ သိရပါတယ်ရှင့် သူတို့အိမ်မှာ တယောက်မှ အပြင်ထွက်သူ မရှိ ပဲ ဖြစ်တယ်လို့ ဆိုပါတယ် ဆရာရှင့် အဲ့လိုဖြစ်နိုင်ပါလားရှင့် ကျေးဇူးတင်ပါတယ် ဆရာရှင့် ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ ၁။ Person-to-person spread လူကနေ လူကို ကူးစက်တယ် ကူးစက်ခံထားရသူနဲ့ နီးကပ် ထိစပ်သူတွေဆီ ကူးစက်နိုင်တယ်။ ၆ ပေပတ်လည်မှာ ရှိနေသူတွေ။ Respiratory droplets ခေါ် အသက်ရှူလမ်းကြောင်းကနေ ထွက်တဲ့ ထုတ်တဲ့ အမှုန်လေးတွေကို ရှူမိသူတွေ ကူးစက်နိုင်တယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း။ အဲဒီ အမှုန်လေးတွေဟာ ပါးစပ်နဲ့ နှာခေါင်းနေရာဝန်းကျင်ပေါ် ကျရောက်လာနိုင်တယ်။ ရှူသွင်းမိမယ်။ အဆုတ်ထဲ ရောက်လာမယ်။ ကူးစ

Soda ဆိုဒါ

Image
အလွယ်တော့ ဆော်ဒါလို့ အသံထွက်ကြတယ်။ ဆိုဒါလို့ပြောရင် မုံ့ဖုတ်တဲ့အမှုန့်လို့သာ ယူဆကြတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ငယ်ငယ်က အချိုရည်၊ ဘိလပ်ရည် စသဖြင့်ခေါ်တယ်။ နောက်တော့ အအေး။ ဒီတိုင်ပြည်မှာ ကိုကာကိုလာ၊ ပက်စီ၊ စပရိုက်၊ ကုခ်၊ အများကြီး အမျိုးမျိုးကို ဆိုဒါတဲ့။ ဒီမှာကြီး ဒီမှာ မွေးတဲ့ကလေးတိုင်း နေ့တိုင်းသောက်လေ့ရှိတယ်။ ပင်နီဆွေအခန်းက ဆိုဒါပုလင်းတွေ ကနေ့မှာ သတိထားမိတယ်။ ကျွန်တော်ကတော့ ဧည့်သည်လုပ်ရမှာသာ တခါတလေ ကိုကာကိုလာ သောက်ပါတယ်။ ၂၀၁၈ ခုနှစ်က  မြန်မာပြည်ကိုအလည်ပြန်တော့ ညောင်ပင်ဝန်းကားဆိပ်မှာ ကိုကာကိုလာ အနီရောင်သံဗူး စမ်းသောက်တာ၊ ဒီကအရသာနဲ့ မတူပါ။ နှစ်ဘယ်လောက်မှမကြာ လျှာပြောင်းသွားပြီထင်တယ်။  နယူးဒေလီက ပလာတာတို့ ထပ်တရာတို့က မြန်မာပြည်ကလောက် မကောင်းတာ သိတယ်။ အဲဒါတော့ လျှာမပြောင်း။ ဒေါက်တာတင့်ဆွေ

ကိုဗစ်နဲ့ အောက်ဆီဂျင်

Image
VOA အင်တာဗျူး လေထုထဲမှာ အောက်ဆီဂျင်က ၂၁ % ပါဝင်ပါတယ်။ ဒီအောက်ဆီဂျင်ကို လေထဲကနေ ခွဲထုတ်သန့်စင်ပြီး လူနာတွေ အတွက် သုံတဲ့ အခါ ဆေးရုံတွေမှာ ပိုက်နဲ့တိုက်ရိုက်ပေးနိုင်သလို လိုတဲ့နေရာကို သယ်သွားနိုင်အောင် အောက်ဆီဂျင်ထည့်တဲ့ ဆလင်ဒါဘူးတွေကိုလည်း သုံးကြပါတယ်။ ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီအောက်ဆီဂျင်က ရွှေထက်ရှားတဲ့ အနေထား ရောက်နေတာပါ။ သူက ကိုဗစ် ၁၉ အတွက် ဘယ်လောက် အရေးပါပါသလဲ ဒေါက်တာတင့်ဆွေကို မေးမြန်းပြီး တင်ပြပေးမှာပါ။ ဒေါက်တာတင့်ဆွေ။. ။ ကိုဗစ် ၁၉ ရောဂါဟာ စဖြစ်ဖြစ်ချင်း ရောဂါ လက္ခဏာက နမိုးနီးယားနဲ့ အတော်ဆင်တယ်။ နမိုးနီးယား ဆိုတာက အဆုတ်ယောင် အဆုတ်ခဲရောဂါ ဖြစ်တယ်။ တနည်းအားဖြင့် အသက်ရှုလမ်းကို ဒုက္ခပေးတယ်လို့ အစောကြီးကတည်းက သိခဲ့ကြပါတယ်။ နောက် အသက်ရှုတဲ့နေရာမှာ လူတိုင်းဟာ ဒီအောက်ဆီဂျင်ကို ရှုသွင်းပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုထုတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုဗစ် ရောဂါဟာ ဒီအောက်ဆီဂျင်နဲ့ တခါ အသက်ရှုလမ်းကြောင်းက အရေးအကြီးဆုံး ဖြစ်ပါတတယ်ခင်ဗျ။ ဒီကနေ့ ကုထုံးအရ ဆိုရင် သူက နေအိမ်တွေမှာပဲ isolation လို့ခေါ်တဲ့ သီးခြားခွဲနေကြ ရတာရှိတယ်။ ခွဲနေတဲ့ ကာလမှာ ဒီအောက်ဆီမီတာလို့

ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ EPI Pen ရှိရမယ်

Image
၁။ ဆရာခင်ဗျား အသက် ၅၂ နှစ်၊အမျိုးသားပါ covic ဖြစ်ပြီးတလပါခင်ဗျ Penicillin, sulfur, asprin ကို allergy ပါခင်ဗျ covic ကာကွယ်ဆေးထိုးသင့်မထိုးသင့်သိလိုပါတယ်ခင်ဗျ၊ ၂။ အသက် ၅၂နှစ် မ ၁၉၉၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဆေးမှားလို့အလာဂျီဆိုးဆိုးဝါးဝါးဖြစ်ဘူးပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးရ မရ သိချင်ပါတယ်ရှင့်။ ၃။ ဆရာရှင့် သမီးအမ လွန်ခဲ့တဲ့ ၃ နှစ်က gastroenteritis ဖြစ်‌ပြီး ဆေးရုံရောက်တော့ဆေးရုံက levofloxacin ထိုးမယ်ဆိုပြီး skin test လုပ်ပါတယ်ဆရာ skin testနဲ့တင်  Anaphylactic shock ရခဲ့ပါတယ် Burmeton Hydrocortisone Adrenaline ထိုးပြီး ICU တရက် HDU2 ရက်ဝင်ခဲ့ရပါတယ် အဲ့တုန်းက symptoms‌ေတွက‌ေတာ့ itching, rapid heart beat, swollen lip, periorbital oedema, vomiting, diarrhea, cramp, convulsions, abdominal pain, low palpable blood pressure, weak and rapid pulseဖြစ်ပါတယ် အသက်ရှူလို့ရတယ်ဆရာ ဆေးရုံပေါ်ဖြစ်လို့လားတော့မသိဘူးစတာနဲ့ oxygen ပေးလိုက်တော့ difficult breathing မဖြစ်ဖူး sodium, potassiumတွေ imbalance ဖြစ်တာတွ ICU တက်နေရစဉ်မှာ ဖြစ်ပါတယ် အဲ့နောက်ပိုင်း ဆေးရုံဆင်းပြီး တလအတွင်းမှာ  ထောပတ်သီးစား Panzo D သောက

COVID-19 နေမကောင်းတိုင်း ကိုဗစ်ကို ပဌမဆုံးစဉ်းစားရမယ်

Image
hiပါဆရာ ကျွန်မအမျိုးသား ကျောတွေရင်ခေ့ါင်းတွေအင်မတန်အောင့်နေလို့ပါတဲ့ဆရာ  နှာလဲမွှန်နေပါတယ်ဆရာ ဘာဆေးသောက်ရမလဲဆရာ အဆုတ်ထဲကိုပိုးတွေဘာတွေဝင်လို့ အောင့်တာလားဆရာ ဖြေပေးပါအုန်းဆရာ  ၃၃နှစ်ပါ ဒီရာက်တွေမှာ နေမကောင်းတိုင်း ကိုဗစ်ကို ပဌမဆုံးစဉ်းစားရမယ်။ ဟုတ် မဟုတ်ကတော့ စစ်မှသာ သိမယ်။ - သံသယရှိကတည်းက ကိုဗစ်ကာကွယ်နည်း ၁၀၀% လိုက်နာရမယ်။ နေကောင်းပြီးလည်း ၁၀၀% လိုက်နာရဦးမယ်။ ကာကွယ်ဆေး ၂ ခါထိုးပြီးလည်း ၁၀၀% လိုက်နာရဦးမယ်။ - ကိုဗစ်သန့်ရှင်းရေးနည်းတွေကိုလည်း ၁၀၀% လိုက်နာရမယ်။ နေကောင်းပြီးလည်း ၁၀၀% လိုက်နာရဦးမယ်။ ကာကွယ်ဆေး ၂ ခါထိုးပြီးလည်း ၁၀၀% လိုက်နာရဦးမယ်။ - ကိုဗစ်သီးခြားနေထိုင်ခြင်းစည်းကမ်းကို နေကောင်းတဲ့အထိ လိုက်နာရပါမယ်။ Quarantine သီးခြားခွဲထားခြင်း https://dr-tint-swe.blogspot.com/2021/07/quarantine.html Stay Home ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://dr-tint-swe.blogspot.com/2021/07/stay-home.html Cleaning and Disinfection of Households ကိုရိုနာဗိုင်းရပ်စ်အတွက် အိမ်တွင်းသန့်ရှင်းရေး https://dr-tint-swe.blogspot.com/.../cleaning-and...2. Coronavirus Prevention  COVID-19 Cleaning သန့်ရှင်းရေးအနှစ်

WHO အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးများစာရင်း

Image
• The Pfizer/BioNtech Comirnaty vaccine was listed for WHO Emergency Use Listing (EUL) on 31 December 2020.  • The SII/Covishield and AstraZeneca/AZD1222 vaccines (developed by AstraZeneca/Oxford and manufactured by the State Institute of India and SK Bio respectively) were given EUL on 16 February.  • The Janssen/Ad26.COV 2.S developed by Johnson & Johnson, was listed for EUL on 12 March 2021.  • The Moderna COVID-19 vaccine (mRNA 1273) was listed for EUL on 30 April 2021 and the Sinopharm COVID-19 vaccine was listed for EUL on 7 May 2021.  • The Sinopharm vaccine is produced by Beijing Bio-Institute of Biological Products Co Ltd, subsidiary of China National Biotec Group (CNBG).  • The Sinovac-CoronaVac was listed for EUL on 1 June 2021. 1. Pfizer BioNtech 2. AstraZeneca  3. SK BIO AstraZeneca 4. Serum Institute of India 5. Sinopharm / BIBP 6. Sinovac 7. Moderna 8. Janssen 9. The Gamaleya 10. CanSinoBIO 11. Vector State Research Centre of Virolog

ငှ နဲ့ ဌ

Image
ဘာရောဂါဖြစ်ဖြစ် ငှက်သိုက်ကြောငြာသူတွေက ဌက်သိုက် (ထက်သိုက်) လို့ ရေးကြတယ်။ မှားတယ်။  (ဟထိုး) ဆိုတာ စာလုံးအလယ်ကနေသာ အောက်ကို ဆွဲချရတယ်။ (ဌဝမ်းဘဲ) အက္ခရာက (င) အဆုံးကနေ တန်းဆွဲရတယ်။ (ဌက်သိုက်) က (ဋ္ဌက်သိုက်) နဲ့ (ဠက်သိုက်) ထက်တော့ တော်သေးတယ်။  ပဋ္ဌာန်းရွတ်သူတွေကလည်း မှန်အောင်မရေးကြ။  ပဌမလို့ရေးရင် တိုကျိုအိုလံပစ်မှာ ရွှေတံဆိပ်ရသူလို့ မထင်ကြ။ ငှက် ငှက်ကျား ငှက်စပ် ငှက်တိန်ညင်း ငှက်ကြီးတုံးစပ် ငှက်ကြီးဝန်ပို ငှက်ကြီးတောင်ဓါး ငှက်ပစ်တောင် ငှက်ဖျားရောဂါ ငှက်မြတ်နား ငှက်ချေးခံ ငှက်ပျောပင် ငှက်ပျောပပ် ငှက်ပျောဖက် ငှက်ပျောဖီးကြမ်း ငှက်ပျောဖူး ငှက်ခြောက်ရုပ် ငုတ် ငုတ်တုတ်ထိုင်သည် ငုတ်ရိုက်သည် ဘုရားငုတ်တို သစ်ငုတ် ငုပ် ငုပ်ပျောက်တိမ်ကော လက်ငုပ်လက်စ အစငုပ် အဓိပ္ပါယ်ငုပ် ခြေစွယ်ငုပ် ရေငုပ် သွေးလေငုပ် ငှန်း ကြငှန်း = အထွတ်အမြတ် ကြငှန်းတိုင် သုံးလူ့ကြငှန်း ငုံ ငုံစီစီ ပန်းငုံ ဖူးငုံ အငုံအခိုင် ရေငုံ နှုတ်ငုံ ငုံး ငုံးငှက် ငုံးတို ငုံးမင်းပရိတ် ငုံ့ ငုံ့၍ကြည့် ငုံ့ခံ ငုံ့စမ်းပါ ငုံ့လျှိုး ခေါင်းငုံ့ပါ ငု ငုစပ်ပင် ငုပန်း ငုရွှေဝါ ငူ အငူစွန်း ငေးငူနေသည် တောင်ငူမြို့ ငို ငိုကြွေး ငိုချင်းချ ငိုကြီးချက်မ ငိ

Medicines ဆေးဆိုတာ

Image
ဟုတ်ဆရာ အဲနှစ်မျိုးက ဘယ်ဟာအဆင်ပြေမလဲရှင့် ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရလားရှင့် မြန်မာပြည်မှာ ပိုက်ဆံပေးရင် အကုန်ဝယ်လို့ရတယ် မဟုတ်ပါလား။ ဟုတ်ဆရာ ခုက ဆရာဝန် ဆေးစာတွေ ပြခိုင်းလို့ပါ တစ်ချို့ ဆေးတွေ ဒီအတိုင်းမရောင်းပါ ဆေးဆိုတာ ဘယ်လိုကဘယ်လို မကြာမကြာ ရေးသာတင်ပြပါတယ်။ ကနေ့တခါ ဘယ်ကထုတ်တဲ့ ဆေးဆိုတ့အကြောင်း ဖြေပါတယ်။ မြန်မာပြည်မှာ အထင်မြင်အယူအဆ နည်းနည်းလွဲနေကြတယ်။ ဆေးဆိုတာ ဆေးထုတ်တဲ့တိုင်းပြည်၊ ဆေးထုတ်တဲ့ဆေးကုမ္ပဏီ ကောင်း မကောင်း အရေးကြီးတယ်။ တိုင်းပြည်ဆိုတာ ယူအက်စ်အေနဲ့ ယူကေကထုတ်တဲ့ဆေး မှန်ပေမဲ့ ကိုယ့်အတွက် သင့် မသင့် သိရမယ်။ ဒီတိုင်းပြည်မှာ ဆေးတွေကို OTC နဲ့ Rx လို့ နှစ်မျိုးနှစ်စား ခွဲထားတယ်။ OTC ဆိုတာ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရတာ။ Rx ကတော့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ ဆေးအမျိုးအမည် တမျိုးတည်းမှာ ဥပမာ Calcium ကယ်လ်စီယမ်ဆေး - • Spring Valley Calcium Dietary Supplement, 600 mg, 100 count $3.96 • Rx Vitamins Chewable Calcium/Magnesium Tablets, 90 Count $15.27  • Calcium Carbonate 600mg + Vitamin D3 800IU 500 $19.49 စျေးနှုန်းကကွာတယ်။ နောက် ယူအက်စ်အေမှာ ကျန်းမာရေးအာမခံမရှိသေးရင် ဆေးကုရ ဆေးဝယ်ရ

General Management of Non-hospitalized Patients With Acute COVID-19

Image
Last Updated: July 8, 2021 Summary Recommendations Introduction This section of the Guidelines is intended to provide information to health care providers who are caring for Non-hospitalized patients with COVID-19. The COVID-19 Treatment Guidelines Panel’s (the Panel) recommendations for pharmacologic management can be found in Therapeutic Management of Non-hospitalized Adults With COVID-19. The Panel recognizes that the distinction between outpatient and inpatient care may be less clear during the COVID-19 pandemic. Patients with COVID-19 may receive care outside traditional ambulatory care or hospital settings if there is a shortage of hospital beds, staff, or resources. Settings such as field hospitals and ambulatory surgical centers and programs such as Acute Hospital Care at Home have been implemented to alleviate hospital bed and staffing shortages.1 Patients may enter an Acute Hospital Care at Home program from either an emergency department (ED) or an inpatient hospital setting

COVID ဒေါက်တာတွေ

Image
ပထမ အောက်ကပုံကို ကြောက်နေတာ။ အခုဆို 14% ပဲရှိတယ်ဆိုတော့ နည်းနည်းစိတ်အေးရပါပြီဆရာ။ အမေ နေပြန်ကောင်းလာပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော်တို့မှာလည်း ဘာမှနားမလည်တော့ Dr. ဆိုတာနဲ့ လိုက်ကြောက်နေရတာပဲဆရာ။ အခု Covid-19 မှာ မဟုတ်တာတွေ တအားပြောတယ်ဆရာ။  ပုံထဲက ဒေါက်တာဆိုသူဟာ  ကြက်သွန်နဲ့ နန့င်းနဲ့ သံလွင်ဆီရောင်းနေသူလည်း ဖြစ်နိုင်တယ်။ ပွဲစားလားလည်း မသိ။ အိုမီဂါသရီးဆေးကို ကိုလက်စထောများသူတွေကို ရိုးရိုးသားသားရောင်းရင် ဝယ်ကြမှာပါ။ ကိုဗစ်နဲ့ပေးစားတာ မှားတယ်။ တလောက NY USA ဒေါက်တာဆိုတာလည်း လာသေး။ တကယ်ရှိတဲ့ အမျိုးသမီးဆရာဝန် ဟုတ် မဟုတ် မသိပါ။ ပန်းနာရှူဆေးရောင်းသူ ဖြစ်နိုင်တယ်။ ကြက်သွန်ဖြူမီးဖုတ် ဒေါက်တာကလည်း ရှိတယ်။ သူလည်း စျေးသည်ဖြစ်မယ်။ ဗီတာမင် အေ တူ ဇက် သူ့နေရာနဲ့သူ ကောင်းတယ်။ အစားအစာတွေလည်း သူ့နေရာနဲ့သူ ကောင်းတယ်။ အဲဒါတွေကို ကိုဗစ်အတွက်ကောင်းတယ်လို့ ရေးတာ မှားတယ်။ လိမ်ရာကျတယ်။ မလုပ်သင့် မလုပ်ကောင်းပါ။  လိမ်တဲ့သူတွေများပြီး အလိမ်ခံရတာကို သာယာနေသူတွေလည်း ပေါတယ်။ လူလိမ်ပွဲစား အများဆုံး။ ဒေါက်တာတင့်ဆွေ

COVID-19 Vaccine FAQ ကိုဗစ်ကာကွယ်ဆေး

Image
ကိုဗစ် ကူးစက်ခံရသူတွေ ရောဂါလက္ခဏာတွေရှိနေစဉ် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးပါ။ ကိုဗစ် ကူးစက်ခံရဘူးသူတွေလည်း ကိုဗစ်ကာကွယ်ဆေး ထိုးရမယ်။ ဒါပေမဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနက ရက်တ်မှတ်ချက်အရ ထိုးရတယ်။  လူနာတယောက်နဲ့တယောက်၊ တိုင်းပြည်တခုနဲ့တခု မတူတတ်ပါ။ Isolation ခေါ် သီးခြားနေထိုင်ရခြင်းကာလကနေ လွတ်ရင် ကာကွယ်ဆေးထိုးနိုင်ပြီ။  တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။ အသက် (၁၈) နှစ်အောက်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး မထိုး နိုင်ငံတွေအလိုက် သတ်မှတ်ချက် မတူ။ ဥပမာ ယူအက်စ်အေမှာ အခု (၁၂) နှစ်အထက် ထိုးပေးတယ်။ အရင်ကသတ်မှတ်ချက်ကို ပြင်ထားတာ။ Covid-19 Vaccine and Lactating Mothers နို့ဆက်တိုက်လို့ရ https://dr-tint-swe.blogspot.com/.../covid-19-vaccine-and... COVID-19 vaccine contraindication ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ https://dr-tint-swe.blogspot.com/.../covid-19-vaccine... COVID-19 Vaccine Questions ကိုဗစ်ကာကွယ်ဆေး မေးခွန်း https://dr-tint-swe.blogspot.com/.../covid-19-vaccine... COVID-19 Vaccines for People who Are Pregnant or Breastfeeding ကိုဗစ်ကာကွယ်ဆေးနှင့် ကိုယ်ဝန် https://dr

COVID-19 Guideline ခဏခဏ (ခဏခဏ) တင်ပြတယ်။

Image
မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၃၀ ပါ အိမ်ထောင်ရှိပါတယ်ရှင့် COVID test Positive ထွက်ထားတာပါ ရောဂာလက္ခဏာပြတဲ့ရက်ကနေ ဒီနေ့ဆို ၇ ရက်ရှိပါပြီ ရောဂါအခံမရှိပါ SPO2 (98 / 99) နေ့စဥ်တိုင်းထားတဲ့နှုန်းပါ ပထမ ၂ ရက် အပူချိန် ၁၀၀ နှင့်စဖျားပါတယ် ခန္ဓာကိုယ်ကိုက်ခဲ ခေါင်းမထူနိုင်အောင်ကိုက်ပါတယ် တတိယရက် အပူချိန် ၉၉ ခေါင်းအနည်းငယ်သာကိုက် လည်ချောင်းယား နှာခေါင်းပိတ် စတုတ္ထရက် အပူချိန် ၉၉ ချောင်းဆိုး (သလိပ်နည်းနည်းပါ) နှာခေါင်းပိတ် ပျို့အန်ချင် ပဥ္စမရက် မှ သတ္တမရက်အထိ အပူချိန် ၉၇ အနံ့ပျောက် နှာခေါင်းပိတ် ချောင်းဆိုး (မပြင်းထန်) သောက်ဆေး ပါရာစီတမော  ၄ ကြိမ် ၃ ရက်၊ ၃ ကြိမ် ၂ ရက် cetrine 10 mg ၂ ကြိမ် ၃ ရက် (နှာခေါင်းပိတ်တာ သိပ်မသက်သာလို့ Alerady 120 mg တနေ့ ၃ ကြိမ်ပြောင်းသောက်နေပါတယ်ဆရာ ၂ ရက်ရှိပါပြီ) ချောင်းဆိုးပျောက်ဆေး woods အပြာရောင်တနေ့ ၃ ကြိမ်သောက်ပါတယ် ဗီတာမင် C 500 mg တနေ့ ၁ လုံး အားဆေး Revital တနေ့ ၁ လုံးသောက်နေပါတယ်ဆရာ Azithromycin ထည့်သောက်သင့်လားသိချင်လို့ပါရှင် • ခဏခဏ (ခဏခဏ) တင်ပြတယ်။  • ကိုဗစ်ဖြစ်စလူတွေ ဖျားတာအတွက် ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုင်ဖင်။ ဝမ်းပျက်ရင် အီမိုဒီယမ် သို့မဟုတ် လိ