Posts

Showing posts from August, 2022

Away From Liers လူလိမ်တွေများတယ်

Image
မင်္ဂလာပါဆရာ သွေးမှင်လေမှင် အကြောင်း ဖတ်ရှုလိုပါတယ် ဆောင်ရန်နဲ့ရှောင်ရန်လည်း သိလိုပါတယ် ကျေးပြုပြီး ဆရာဘေးရန်ကင်းပြီးကျန်းမာပါစေဆရာ မသိပါ။ အဲဒီအမည်နဲ့ရောဂါ မရှိ။ တယောက်တမျိုးပြော မေးကြတယ်။ တယောက်နဲ့တယောက်လည်း မတူ။ အဲဒီစာရေးတဲ့သူက ဆရာဝန်မဟုတ်လောက်။ လူတွေကိုဖြဲခြောက်သူသာဖြစ်မယ်။ ဖေ့စ်ဘွတ်မှာ လူလိမ်တွေများတယ်။ အလိမ်ခံချင်သူပိုများတယ် လူလိမ်ပွဲစားတွေက ရှယ်ကြတယ် ဒေါက်တာတင့်ဆွေ ၁-၉-၂၀၁၉

Meals တနပ်စာနဲ့ မပြီးပါကြောင်း

Image
ကျမ အမေ ရင်သားကင်ဆာ အဆင့် ၂ ပါ ၃၀ ရက်နေ့ ခွဲစိတ်ပါ့မယ် အားရှိအောင် ဘာတွေကျွေးရမလည်းရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ၃၀ ရက်နေ့မှာခွဲမယ်ဆိုတာကို ၃၁ ရက်နေ့ မှာဖတ်ရတယ်။ အမှန်က မြန်မာပြည်မှာက ဒိနေရာထက် ၁၂ နာရီလောက်စောတယ်။ အစားအသောက်ဆိုတာ တနေ့မှာ ၂-၃-၄ ထပ်စားတယ်။  ဘာအစာဖြစ်ဖြစ် စားလိုက်တာနဲ့ သွေးထဲကိုရောက်တယ်။ အာဟာရဓါတ်တွေ သွေးထဲရောက်မှသာ ကိုယ်ခန္ဓာက ရမယ်။ လျှာကနေစပြီး နည်းအမျိုးမျိုးနဲ့ သွေးထဲရောက်တယ်။ အစာအိမ်ထဲကအစာတွေ အလွန်ဆုံး ၄ နာရီဆိုကုန်ပြီ။ အောက်ဆင်းတယ်။  အာဟာရဓါတ်တွေ အကြမ်းပြောရရင် မပါမဖြစ်တာက ကဆီဓါတ် ခေါ် အင်နာဂျီရစေတဲ့ အစားအသောက်တွေ။ အင်နာဂျီကို ကယ်လိုရီနဲ့ တိုင်းတယ်။ ကယ်လိုရီဆိုတာ ထိုင်ရာကနေ ထတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ အလေးအပင်မတာ စတာတိုင်းအတွက် အသုံးပြုတဲ့ ယူနစ်ဖြစ်တယ်။ သာမန်လူတယောက် တနေ့မှာ ကယ်လိုရီ ၂၀၀၀-၂၅၀၀ လိုတယ်။  အသားဖြစ်စေဘို့ ပရိုတင်းလိုတယ်။ အသားမျိုးစုံ၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲတွေကနေ ရတယ်။ ဗီတာမင်တွေက အများအားဖြင့် အသီးအရွက်တွေ အသီးတွေကနေရတယ်။ ရှည်ရှည်ဝေးဝေး မရေးတော့ပါ။ ခဏခဏ (ခဏခဏ) တင်ပြထားပြီးပြီ။ အခုစားလိုက်ရင် အလွန်ဆုံး နေ့တဝက်အတွက်သာဖြစ်မယ်။ တထိုင်စား၊ တခါစား၊ တနပ်စားန

ကိုဗစ် အားဖြည့်ကာကွယ်ဆေးသစ် အမေရိကန် FDA အတည်ပြု

Image
၀၁ စက်တင်ဘာ၊ ၂၀၂၂ ဗွီအိုအေ (မြန်မာဌာန) အိုမီခရွန် ကိုဗစ်မျိုးကွဲ အန္တရာယ်က ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံး အားဖြည့်ကာကွယ်ဆေး အမျိုးအစားသစ်တွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး (FDA) က အတည်ပြုလိုက်ပါတယ်။ “အဆင့်မြင့် ထုတ်လုပ်ထားတဲ့ အားဖြည့်ကာကွယ်ဆေးတွေမှာ မူလ COVID-19 mRNA ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ အခြေခံဓာတ်တွေ ပါဝင်မှာ ဖြစ်ပေမဲ့ အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 တို့အပြင်၊ မူလကာကွယ်ဆေးမှာလို တခြားမျိုးကွဲတွေကိုပါ ကာကွယ်နိုင်အောင် ပြုပြင်ထားပါတယ်။” လို့ FDA ကော်မရှင်နာ Dr. Robert Califf ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။ အားဖြည့်ကာကွယ်ဆေးသစ်မှာတော့ မူလ ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ ဓာတ်တွေအတိုင်း တဝက်ပါဝင်ပြီး၊ ကျန်တဝက်ကိုတော့ အခုအချိန်အထိ ကူးစက်မှု အမြန်ဆုံးလို့ ယူဆထားကြတဲ့ အိုမီခရွန်မျိုးကွဲတွေ အပါအဝင် နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ်တွေကို ကာကွယ်နိုင်အောင် ပေါင်းစပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ FDA က အတည်ပြုလိုက်တဲ့ Pfizer နဲ့ ပြိုင်ဖက် Moderna ကုမ္ပဏီထုတ် အားဖြည့်ကာကွယ်ဆေးတွေကိုတော့ ရက်ပိုင်းအတွင်း စတင်ထိုးနှံခွင့် ရမယ်လို့လည်း ခန့်မှန်းရပါတယ်။ အားဖြည့်ဆေးသစ်ကိုတော့ မူရ

Rural Medical Life ခေတ်ကောင်း နှင့် ခေတ်ဟောင်း

Image
ဆေးခန်းထဲရောက်ရင် အဓိကအားဖြင့် လုပ်စရာ နှစ်လုပ်ဘဲ ရှိပါတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်ပေးလိုက်ပါ။ မလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သူဆီကို လွှဲပေးလိုက်ပါ။ ဘယ်အလုပ်မဆို ကိုယ်လုပ်နိုင်တာရဲ့အတိုင်းအဆကို နားလည်ဖို့လိုပါတယ်။ လုပ်နိုင်ရင် လုပ်ပါ။ မလုပ်နိုင်ရင် လုပ်နိုင်သူကို လုပ်စေဖို့ သတိရပါ။ ဆရာဝန်တဦးက ရေးထားတာဖြစ်ပါတယ်။ ကျေးဇူး။ အခုရေးထာတာ အခုခေတ်မှာ အလွန်မှန်ပါတယ်။ ကျွန်တော်တို့ခေတ်ကို ပြန်စဉ်းစားကြည့်တယ်။ မြို့သာကို တာဝန်ကျတော့ အဲဒီခေတ်မှာ ဓါတ်မှန်ရှိတာ မန္တလေး၊ နည်းနည်းဝေးတယ်။ အနီးဆုံး တံတားဦးမှာ မရှိ။ ငါန်းဇွန်မှာလည်း မရှိ။  အာထွာဆောင်း မပေါ်သေး။ ဓါတ်ခွဲခန်းလည်း မန္တလေး။ မိုင် ၈၀ ဝေးတယ်။ ကုန်းတတန် ရေတတန် သွားရတယ်။ မြို့သာတိုက်နယ်ဆေးရုံကိုလာကြတဲ့ လူနာတွေက အများအားဖြင့် ငွေကြေး မတတ်နိုင်ကြပါ။ တောင်သူနဲ့ ထန်းသမားများတယ်။ ကားငှားရင် မန္တလေးနေ့စဉ်ပြေးဆွဲတဲ့ ဘတ်စ်ကား ၂ စီးသာ ရှိတယ်။ ခွဲစိတ်ရမဲ့လူနာတွေက လှည်းကြမ်းမစီးနိုင်ရင်၊ ရောဂါက အချိန်ကို မစောင့်နိုင်ရင်၊ တောဆရာဝန် ဘာလုပ်ရမလဲ။ ဆေးကျောင်းမှာ သင်ပေးလိုက်တဲ့ ဘာသာရပ်ထဲမှာ အဲလိုအဆုံးအဖြတ်ချနည်း မပါ။  သွေးသွင်းရမဲ့လူနာတွေ ဘီပီအိုင်ကထုတ်ပြီး ခွဲတမ်းနဲ

Foods For Cancer ကင်ဆာနဲ့ အစားအစာ အခြေခံအကျဆုံးအချက်များ

Image
1. အမေကအစာအိမ်ဟောင်းကင်ဆာ ခွဲစိပ်ထါးပြီး အားအရမ်းနဲပြီးပိန်လည်းသွားတယ် အသားတွေလည်း တုန်တယ် နောက်ထပ်ဆေးထပ်သွင်းရင်ဆေးဓံခံနိုင်ပါ့မလါး ခင်ဗျာ အစာတော့ဝင်ပါတယ်ဗျ နဂါးမောက်သီး နဲ့ အမဲသားစားခြင်တာ(စားချင်တာ) ကျွေးလို့ရလါးခင်ဗျ ဖြေပေးကြပါဦးခင်ဗျာ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ) 2. ဆရာခင်ဗျာ ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းခံစားရသော ဝေဒနာများ သက်သာသောဆေးနှင့် အစားအစာများကို ညွှန်ပြပေးပါဦးခင်ဗျာ၊ ကျေးဇူးတင်စွာဖြင့်  3. ဆရာရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါရှင် ကင်ဆာဖြစ်သူတိုင်းငပိငါးခြောက် ပုဇွန် ပုဇွန်ခြောက် ပင်လယ်စာ မစားရဘူးပြောတာ ဟုတ်ပါသလားရှင့် ကီမိုသွင်းချိန်မစားရတာလား အမြဲတမ်း မစားရတာလား သိချင်ပါတယ်ရှင့် 4. ကင်ဆာသမားတွေက နွားနိူ့တို့ စပါကလင်တို့တည့်လားဟင် ကျနော် သွေးပေါင်တွေကျနေလို့ ဘာအစားအသောက်တွေစားရမလည်း လမ်းပြပေးကြပါ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ) 5. ကင်ဆာသမား သွေးဖြူဥ မကျအောင်ဘာတွေစားပေးရလဲ သိရင်ဖြေပေးကြပါအုံး ကီမိုသွင်းရင်းနဲ့ ၈ကြိမ်နဲ့ ၉ကြိမ်မြောက်မှာ သွေးဖြူဥ ကျလို့ပါ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ) မမှန်ပါ မဟုတ်ပါ • ကင်ဆာသမားတွေ ဂဏန်းနဲ့မတည့်ဘူးနော် သတိထားလို့ရအောင်လို့ သွယ်မနေ့ကစားလိုက်တာ ညလ

Capecitabine ဆေးဟာ ကင်ဆာဆေးတမျိုး ဖြစ်တယ်

Image
ဖော်ပြကင်ဆာ​ဆေး​သောက်ဖို့ရာ ဆရာဝန်က​ပေးပါတယ် ​ဆေးကလူနာအား ဘယ်လို​တွေခံစားမှု​တွေဖြစ်​စေပါသလဲခင်ဗျာ (သွင်း​ဆေးကီမိုအစားထိုး)​ဆေးလား အကြံပြု​ပေးပါခင်ဗျာ ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။ Capecitabine (Xeloda) ဆေးဟာ ကင်ဆာဆေးတမျိုး ဖြစ်တယ်။ adjuvant colon cancer အူမကြီးကင်ဆာ metastatic colorectal cancer နောက်ပိုင်းကျနေပြီဖြစ်တဲ့ အူမကြီးကင်ဆာနဲ့ metastatic breast cancer နောက်ပိုင်းကျနေပြီဖြစ်တဲ့ ရင်သားကင်ဆာအတွက် ပေးတယ်။ nucleoside metabolic inhibitor with antineoplastic activity အမျိုးအစား ဆေးဖြစ်တယ်။ ဆေးပေးနည်း  Monotherapy 1250 mg/m2 twice daily orally for 2 weeks followed by a 1-week rest period in 3-week cycles. ဘေးထွက်သက်ရောက်မှုများ • Diarrhea ဝမ်းပျက်၊ • hand-and-foot syndrome ခြေလက်အနာများ၊ • nausea ပျို့၊  • vomiting အန်၊  • abdominal pain ဗိုက်နာ၊  • fatigue/weakness အာနည်း၊ • hyperbilirubinemia အသားဝါ။ ဒေါက်တာတင့်ဆွေ

Single-Dose Therapy တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေး

Image
(ကန်တော့) ၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။ ၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။ အပေါ်ကစာ ၃ပိုဒ်က ဆရာ့ဆောင်းပါးထဲကစာသားတွေပါရှင့် အဲ့ထဲနံပါတ် ၁ နှင့်၃ ကိုနားလည်ပါသည် အလယ်ကစာကြောင်းနားမလည်လို့ပါရှင် ပိုးသတ်ဆေးက လိင်ဆက်ဆံပြီး တကြိမ်ထဲသောက်ရတာပါလားပိုးသတ်ဆေးဆိုတာသတ်မှတ်ထားတဲ့ရက်ပြည့်အောင်သောက်ရတယ်လို့ကြားဘူးလို့ပါကျွန်မကိုတချက်လောက်ရှင်းပြပေးပါရှင့်ကျေးဇူးတင်ပါတယ်ရှင့် ဘယ်စာထဲကလဲ။ ပဋိဇီဝဆေးတွေထဲမှာ တကြိမ်သာသောက်ရတာလည်း ရှိတယ်။ google ထဲမှာတွေ့တာပါဆရာ ဆီးပိုးနဲ့ပတ်သက်ပြီးဆရာရေးထာတာအများကြီးပါ အဲ့ထဲကမှမရှင်းတာလေးပိုင်းဖြတ်ပြီး ယူထားတာပါ ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ပိုးသတ်ဆေးကိုတကြိမ်ထဲသောက်ရင်ဆေးယဥ်ပါးတာဖြစ်နိုင်ပါသလားရှင့် Single-Dose Therapy တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေး တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေးကို လိင်ကတဆင့်ကူးစက်ရောဂါတချို့ကို ပေးနိုင်တယ်။ Uncomplicated gonococcal infection (urethritis, cervicitis, proctitis) ခေါ် ရှုတ်ထွေးဆိုးဝါးခြင်းမရှိတဲ့ ဂနိုးရီးယားပိုးကြောင့် ဆီးသွားပြွန်ရောင်ခြင်း၊

ထန်းရေ ရောင်းကောင်းနည်းတခု

Image
အင်္ဂလိပ်လိုရေး မေးပါတယ်။ မေးခွန်းဆိုလိုချက်က ထန်းရေသောက်တဲ့အခါ သွေးထဲက အချိုဓါတ် ကျတယ်တဲ့။ ဖြေလိုက်တယ်။ အစက သွေးတိုးကို ပြောတာထင်လို့ သွေးတိုးတိုင်းရင် တခါနဲ့တခါ မတူကြောင်း။ ဆေးသုတေသနအရ ကောက်ချက်ချတယ်ဆိုတာ အလွယ်လေးနဲ့ များတယ်၊ နည်းတယ်၊ ဆိုးတယ် ကောင်းတယ်လို့ မပြောရကြောင့် စသဖြင့်။ ပိုတိကျအောင် ထပ်ဖြည့်ပါမယ်။ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နည်းကို ဥပမာ ပေးမယ်။ အဆင့် ၅ ဆင့်ရှိတယ်။ The 5 Stages of COVID-19 Vaccine Development 1. Preclinical Stage: How will this vaccine work? လူတွေကိုမစမ်းသပ်မီအဆင့်၊ ကာကွယ်ဆေး ဘယ်လိုအလုပ်ဖြစ်စေမလဲ။ 2. Phases 1/2a and 2b: Is it safe, and what's the right dose? စိတ်ချရသလားနဲ့ ဆေးအလေးချိန်ပမာဏ ဘယ်လောက်ပေးသင့်သလဲ။ 3. Phase 3: How effective is the vaccine? ကာကွယ်ဆေး ထိရောက်မှု ဘယ်လောက်ရှိသလဲ။ 4. Phase 4: Regulatory approval and licensure: Is it ready for the world? စည်းမျဉ်းဥပဒေတွေကို လိုက်နာခြင်း။ 5. Phase 5: Will it stay safe down the road? ကာကွယ်ဆေးထိုးနေချိန်မှာ စိတ်ချရတာ တကယ်ဟုတ်သလား။ အရပ်ပြောစကားနဲ့ ခပ်လွယ်လွယ် တင်ပြဦးမယ်။ မြန်မာပြည်မှာ လူအများစုကပ

Protein foods ပရိုတင်း

Image
ဆရာခင်ဗျာ ကျွန်တော်အသက်က ၂၉ လူပျိုပါ ကျွန်တော်အိမ်မှာ ကိုယ့်ဘာသာကိုယ် ပဲနို့ရယ် ကြက်ဥရယ် ငှက်ပျော်သီးရယ် ဘီစကစ်လေးရယ်ကို ဖျော်သောက်ပါတယ် အပြင်မှာ ရောင်းနေတဲ့ protein တွေဝယ်မသောက်နိုင်လို့ပါ အဲ့လိုဖျော်သောက်ခြင်းက protein ဖြစ်စေလားဆရာ ရောင်းတဲ့ဟာတွေလောက်မကောင်းပေမယ့် protein မရမှာစိုးလို့ပါ ကျွန်တော်ကိုယ်တိုင်လုပ်သောက်တာလေး မေးကြည့်တာပါဆရာခင်ဗျာ အရင်က ပရိုတင်းကို အသားဓါတ်လို့ အလွယ်ခေါ်ကြတယ်။ မမှန်ပါ။ ပရိုတင်းလို့သာခေါ်သင့်တယ်။ အသား မဟုတ်တာတွေကနေလည်း ရတယ်။ အခြေခံအချက်က အသား + ငါး + ဥ + ပဲ တွေကနေ ပရိုတင်းရတယ်။ လူစားတဲ့အသားမှန်သမျှက ပရိုတင်းဓါတ်ရတယ်။ အသားအမည်တွေ မထည့်တော့ပါ။ ငါးအားလုံးကနေလည်း ပရိုတင်းဓါတ်ရတယ်။ ပုစွန်ကလည်းရတယ်။ ပင်လယ်စာတွေကနေလည်း ရတယ်။  ဥအားလုံးကနေလည်း ရတယ်။  နို့ကနေလည်း ရတယ်။ နို့နဲ့လုပ်တဲ့အစားအသောက်တွေကနေလည်း ရတယ်။ အစေ့အဆံတွေက နေလည်း ရတယ်။ ပဲမှန်သမျှကနေ ရတယ်။ ဟင်ဒူဘာသာဝင်တွေက အသားမစားပါ။ ပဲစားကြလို့ ကျန်းမာတယ်။  အစားအစာအမျိုးအစားအလိုက် အနည်းအများတော့ရှိတယ်။ ထည့်မရေးတော့ပါ။ ဒေါက်တာတင့်ဆွေ ၂၉-၈-၂၀၂၀

Multiple Vaccinations at Once ကာကွယ်ဆေးတွေကို တပြိုင်တည်း ထိုးလို့ရသလား

Image
ဆရာ မဂ်လာပါခင်ဗျ ကျနော် မှာ B ပိုးကာကွယ်ဆေး ပထမအကြိမ်ကို ခုလ ၂၂ ရက်ကထိုးပါတယ် Covid booster ၄ကြိမ်မြောက်ကို တလတည်း ထိုးလို့ရပါလားခင်ဗျ ရပါတယ်။ CDC ခေါ် အမေရိကန် ကူးစက်ရောဂါများထိန်းချုပ်ရေးဌာနက လမ်းညွှန်အရ အသက် ၂ နှစ်မတိုင်မီမှာ ကူးစက်ရောဂါ ၁၄ မျိုးအတွက် ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ 1. Measles ဝက်သက် 2. Mumps ပသိရောင် 3. rubella (German measles) ဂျာမန်ဝက်သက် (ရူဘဲလား) 4. varicella (chickenpox) ရေကျောက် 5. hepatitis A အသဲရောင် အေ 6. hepatitis B အသဲရောင် ဘီ 7. diphtheria ဆုံဆို့နာ 8. tetanus မေးခိုင် 9. pertussis (whooping cough) ကြက်ညှာချောင်းဆိုး 10. Haemophilus influenzae Type b (Hib) ဟီမောဖီးလပ်စ် ဘီ 11. Polio ပိုလီယို 12. influenza (flu) တုပ်ကွေး  13. rotavirus ဝမ်ပျက် (ရိုတာဗိုင်းရပ်စ်) 14. pneumococcal disease နူမိုကော့ကယ် Different childhood vaccines can be given at the same time မတူတဲ့ ကာကွယဆေးတွေကို တချိန်တည်းမှာ ထိုးနိုင်တယ်။ တချို့ကာကွယ်ဆေးတွေထဲမှာ ရောဂါတမျိုးမကအတွက် ရောထားပြီးသား ဖြစ်တယ်။ • DTap (diphtheria-tetanus-pertussis) • trivalent IPV (three strains of inactivated polio

Relatives ဆရာဝန်ခေါင်းရှုပ်ရသော အခေါ်အသုံး နာမ်စားများ

Image
ညီမယောကျာ်(ယောက်ျား) အဆုပ်ကင်ဆာပါ ညီမယောက်ျား = မတ် အမရဲ့ ယောက်ျား = ခဲအို သမီးရဲ့သမီး = မြေးမိန်းကလေး သမီးရဲ့သား= မြေးယောက်ျားလေး သားကောင်မလေး = ချွေးမ သမီးကောင်လေး = သားမက် လှလှ ခေါင်းကိုက်နေလို့ = စာရေးသူလား တခြားသူလား မသိနိုင်။ အိမ်ကအဖေ နေမကောင်းလို့ = တခြားအိမ်မှာနေသူ တယောက်ရှိသေးသလိုလို။ တချို့က သမီးကောင်လေးလို့ရေး မေးတယ်။ အသက်မေးတော့ စာရေးသူထက် ကြီးနေတယ်။ တချို့က သားကောင်မလေး။ အသက်မေးတာ့ သူ့ထက်ကြီးနေတယ်။ ကျွန်တော့မိန်းမလို့ပြောတာ သိပ်မယဉ်ကျေးလှပါ။ ဇနီးလို့ရေးသင့်တယ်။ ကျမယောက်ျားဆိုတာထက် ကျမခင်ပွန်း။ ကျမအိမ်သား။ ကျမအိမ်ထောင်ဘက်။ စာရေးသူကိုမမြင်ရတဲ့ ဆရာဝန်ဆီကို စာရေးတဲ့အခါ ရိုးရိုး၊ ရှင်းရှင်း၊ အတည့်၊ အမှန်၊ ယဉ်ယဉ်ကျေးကျေး ရေးသင့်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

Health Profile of our country မြန်မာနိုင်ငံကျန်းမာရေးအခြေအနေ

Image
၂၈-၈-၂၀၂၂ သတင်း - ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် တွဲကားနှင့်ခြောက်ဘီးကား တိုက်မှုဖြစ်၊ လူ ၉ ဦး သေဆုံး  ၂၇-၉-၂၀၁၆ သတင်း - မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားစဉ်ကာလ မိခင်သေဆုံးမှုနှုန်းက အရှေ့တောင်အာရှဒေသမှာ ဒုတိယ အမြင့်ဆုံးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာမူဝါဒတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောဆိုလိုက်။ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂ဝ၁၄ စာရင်းအရ ရောဂါဖြင့်သေဆုံးရမှုပေါင်းနှင့် % 1. Stroke ဆထုပ်လေဖြတ်ခြင်း 56,224 - 14.14% 2. Influenza and Pneumonia တုပ်ကွေးနှင့်နူမိုးနီးယား 40,503 - 10.19% 3. Coronary Heart Disease နှလုံးသွေးကြောရောဂါ 30,018 - 7.55% 4. Tuberculosis တီဘီ 25,455 - 6.40% 5. Lung Disease အဆုပ်ရောဂါ 19,248 - 4.84% 6. Liver Disease အသည်းရောဂါ 15,466 - 3.89% 7. Diabetes Mellitus ဆီးချို 14,431 - 3.63% 8. Asthma ပန်းနာ 13,297 - 3.34% 9. Diarrhoeal diseases ဝမ်းလျှောရောဂါများ 11,443 - 2.88% 10. HIV/AIDS 11,390 - 2.86% 11. Other Injuries အခြားထိခိုက်ဒဏ်ရာ 10,074 - 2.53% 12. Kidney Disease ကျောက်ကပ်ရောဂါ 9,708 - 2.44% 13. Low Birth Weight မွေးစအလေးချိန်မပြည့်ခြင်း

Suicide ကိုယ့်ကိုယ်ကိုသတ်သေခြင်း

Image
သတင်း - ယနေ့ ပြည်မြို့နဝဒေးတံတားပေါ်မှ အသက် ၂၄နှစ်အရွယ် မိခင်ဖြစ်သူနှင့် ၃နှစ်အရွယ် သားငယ်တို့ ရေထဲခုန်ချမှုဖြစ်ပွားခဲ့ Leading Causes Of Death Myanmar မြန်မာနိုင်ငံမှာ သေဆုံးရမှုများ၏ အကြောင်းခံများ 38. Suicide မိမိကိုယ်မိမိ သတ်သေခြင်း Suicide prevention ကိုယ့်ကိုယ်ကိုသတ်သေခြင်း ကာကွယ်ရေး https://dr-tint-swe.blogspot.com/2021/06/suicide-prevention.html ဒေါက်တာတင့်ဆွေ

ထင်းဆယ်ကြသူများ

Image
ချောင်းညာ ဆီမှာ၊ မိုးပြိုရွာ ဆင်းလာ ဒီးဒီး၊ ချောင်းရေစီး စီးတယ်လေ့ - စီးတယ်လေး။ ကမ်းနား သစ်ပင်၊ ချောင်းနုတ်ဝင် ရေလျဉ် ဝေါဝေါ၊ ထင်းခွေမျော မျောတယ်လေ့ - မျောတယ်လေး။ လှိုင်းနှင့် လိမ့်ကာ၊ ထင်းမျော်လာ ဆယ်ပါစို့လား ပျိုအများ သွားတယ်လေ့ - သွားတယ်လေး။ ထင်းကို ရစ်ကာ၊ မြွေမျောလာ ကူးကာ ဝေးဝေး၊ ပျိုတို့ပြေး ပြေးတယ်လေ့ - ပြေးတယ်လေး။ တစောင်း ရွှေယောင်၊ ပျိုတို့မောင် ခေါင်းထောင် မြွေပွေး၊ သတ်တယ်လေး သတ်တယ်လေ့ - သတ်တယ်လေး။ ခေါင်းထောင်မြွေပွေး၊ ဘေးရန်ဝေးမှ ပြေးကာ ချောင်းတွင်း၊ ပျိုတသင်း တဝုန်းဝုန်းနှင့် ဆင်းတယ်လေး ဆင်းတယ်လေ့ - ဆင်းတယ်လေး။   ။ မောင်စွမ်းရည် (၂၈-၇-၁၉၆၁) အနီနှင့် အပြာကဗျာများစာအုပ်ကို ၁၉၆၄ ခုနှစ်မှာ ထုတ်တယ်။ အမျိုးသားစာပေဆု ရတယ်။ မောင်သာနိုးက အင်္ဂလိပ်လို ဘာသာပြန်တယ်။ ကျွန်တော့မွေးဇာတိ မင်းရွာဟာ ချင်းတွင်းမြစ်ထဲကို စီးဝင်တဲ့ ပုလဲမြို့နယ်ထဲက တောင်ယမား ချောင်းဘေးမှာရှိတယ်။ ယမားဆိုတာ မိုးရွာမှသာ ရေလာတယ်။ ယမားအထက်အညာ တောင်ပေါ်မှာ မိုးတွေညို့လာရင် ချောင်းရေ လာတာ့မယ်။ ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ကားတောင်မလွတ်နိုင်။ ယမားထဲချောင်းရေတွေ ကျပြီဆိုရင် နောက်ကျိနေတဲ့ ရေတွေကလည်း တဝုန်းဝုန်နဲ့။ သစ်ပင်

ချစ်အာရုံ

Image
ကျမရဲ့ဖြစ်ပုံ ဖြစ်ပုံအဆန်းအစုံပွဲဈေးတန်းလျှောက်မိလို့ မောင်ကြီးနဲ့ဆုံသလေတော့ မြင်မြင်ချင်းသိ မောင်ကြီးအကြည့်ကလိနေပုံ ပျိုလေးမိရွှေဘဝင် တသိမ့်သိမ့်လှိုက်လို့တုန် မြန်လှချီရဲ့ ချစ်မိတဲ့ချစ်အာရုံ ကျမရဲ့ဖြစ်ပုံ ဖြစ်ပုံအဆန်းအစုံ ပွဲဈေးတန်းလျှောက်မိလို့ မောင်ကြီးနဲ့ဆုံသလေတော့ မြင်မြင်ချင်းသိ မောင်ကြီးအကြည့်ကလိနေပုံ ပျိုလေးမိရွှေဘဝင် တသိမ့်သိမ့်လှိုက်လို့တုန် မြန်လှချီရဲ့ ချစ်မိတဲ့ချစ်အာရုံ နုထွားပျို မေလုံ သူ့အသည်းမှာ စွဲနေပါသတဲ့ သည်းလိုက်တဲ့ ဖြစ်ပုံ  နုထွားပျို မေလုံ သူ့အသည်းမှာ စွဲနေပါသတဲ့ ကဲလိုက်တဲ့ ဖြစ်ပုံ ဆုံချင်ကြုံချင် လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ လူညိုယဉ်အကို လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ ဆုံချင်ကြုံချင် လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ လူညိုယဉ်အကို လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ ဥပုသ်သီတင်းစောင့်ဖို့ ရွာလည်မှာဓမ္မာရုံ ပျိုလေးတို့အိမ်ဦး စံပယ်ဖူးတဲ့တရုံနှစ်ရုံ မြောက်ဘက်ကမ်းခင်းက လုံလုံခြုံခြုံ မြန်းခဲ့ပါတော့ တောင်ဘက်မှာလည်းဆပ်သဖူးရုံရှင့် စပါးရွှေဝါ တောင်လိုပုံ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ စပါးရွှေဝါ တောင်လိုပုံ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ ဖိတ်လို့သာဖိတ်ရ

Cancers ကင်ဆာ ကျဆုံးပါစေ

Image
ရေးထားတာ ၈ နှစ်တိတိကဖြစ်ပါတယ်။ ၁။ မ ( - )၊ ဖြစ်သာ နှစ်ရက်ရှိပြီ။ အသက် ၂၇ ရှိပြီ။ ကင်ဆာပါ။ ဘာလုပ်ရင်ရလဲ။ ( - ) နိုင်ငံပါ။ ၂။ ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ဗဟုသုတအဖြစ်သိချင်လို့ရှင်းပြပေးပါဦးခင်ဗျာ။ မိတ်ဆွေတယောက်က အဆင့်တစ် ဖြစ်နေလို့ပါ။ ရေနွေးကြမ်းနှစ်နဲချီပြီးစွဲသောက်ရင် ကင်ဆာသက်သာတယ်လို့ ပြောပါတယ်ဆရာ။ ဟုတ်ပါလားဗျာ။ • ၂၀၀၈ စာရင်းအရ တကမာ္ဘလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ရသူပေါင်း ၇့၆ သန်းရှိခဲ့တယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။ • ယောက်ျားတွေနဲ့ မိန်းမတွေမှာ ဖြစ်တာရော သေရတာပါ မတူပါ။ • သေရသူတွေထဲက ၃၀% မှာ လူနေမူပုံစံ မပြောင်းလဲနိုင်ကြလို့ဖြစ်တယ်။  (၁) ကိုယ်အလေးချိန် (ကိုယ်ခန္ဓာ ထုထည်) များလို့၊  (၂) အသီးအရွက် အသီးအနှံ စားတာနည်းလို့၊  (၃) ကိုယ်လက်လှုပ်ရှားမှုနည်းလို့၊  (၄) ဆေးလိပ်သောက်လို့နဲ့  (၅) အရက်သောက်လို့ဖြစ်တယ်။ • ဆေး-ဆေးလိပ်ကြောင့် ကင်ဆာသေနှုန်း ၂၂ %ရှိတယ်။ အဆုပ်ကင်ဆာတခုတည်းဆိုရင် ၇၁% ရှိတယ်။ • ဗိုင်းရပ်စ်ကြောင့်ဆက်ဖြစ်တဲ့ကင်ဆာ HBV/HCV (ဘီပိုး-စီပိုး) နဲ့ HPV (ကြွက်နို့) တွေဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေမှာ ကင်ဆာနဲ့သေရတာရဲ့ ၂၀% ရှိတယ်။ • ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇၀%ဟာ ဝင်ငွေ မများတဲ့

Cancer Logic စဉ်းစားချင့်ချိန်ပါ ကင်ဆာ

Image
ကင်ဆာကြောင့် မသေနိုင်ကြတော့ပါဘူး Bagan Thar မှာ December 10, 2018 နေ့က တင်ထားတယ်ဆိုပြီး အခု ပေါ်လာလို့။ သတင်းလား၊ လိမ်ညာတာလား။ မှားတယ်။ အဲဒါကို သဘောကျ မဟုတ်မှတ်ပြီး တင်နေသူများတယ်။ လူကြိုက်များတယ်။ မြန်မာပြည်မှာ။ ၂၀၁၈ ခုနှစ်အတွင်း တကမာ္ဘလုံးမှာ ကင်ဆာအမျိုးမျိုးကြောင့် သေဆုံးရသူပေါင်း ၉့၆ သန်းရှိခဲ့တယ်။ လူ ၆ ယောက် သေဆုံးတိုင်း ကင်ဆာကြောင့်သေဆုံးရတာ ၁ ယောက်ရှိတယ်။ အမေရိကမှာ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာလူနာသစ်ပေါင်း 1,735,350 ယောက်ရှိပြီး 609,640 ယောက် သေဆုံးခဲ့တယ်။ အဖြစ်များဆုံးကင်ဆာတွေကို အစီအစဉ်အတိုင်း သည်လိုရှိတယ်။ အရင်ဆုံးရေးတာတွေက ပိုဖြစ်တယ်။ ၁။ breast cancer ရင်သားကင်ဆာ၊ ၂။ lung and bronchus cancer အဆုတ် ကင်ဆာ၊ ၃။ prostate cancer ဆီးကျိတ်ကင်ဆာ၊ ၄။ colon and rectum cancer အူမကြီး ကင်ဆာ၊ ၅။ melanoma of the skin အရေပြားကင်ဆာ၊ ၆။ bladder cancer ဆီးအိမ်ကင်ဆာ၊ ၇။ non-Hodgkin lymphoma နန်းဟော့ချ်ကင်း လင်ဖိုးမား ကင်ဆာ၊ ၈။ kidney and renal pelvis cancer ကျောက်ကပ်ကင်ဆာ၊ ၉။ endometrial cancer သားအိမ်ကင်ဆာ၊ ၁၀။ leukemia လူကီးမီးယားကင်ဆာ၊ ၁၁။ pancreatic cancer သရက်ရွက်ကင်ဆာ၊ ၁၂။ thyroid cancer လည်ပင

ပုံပြမေးတာ မဖြေပါ

Image
ဆရာရှင့်ပုံပါရောဂါက ဘာရောဂါပါလဲရှင့်ဘာကြောင့်ဖြစ်တတ်ပါလဲရှင့် ဘယ်လိုကုသရပါသလဲရှင် တခြားနေရာတွေကနေ ယူလာတဲ့ပုံတွေကို ဘယ်သူက မေးမေး မဖြေပါ။  ရောဂါပုံတွေ သန်းပေါင်းများစွာရှိတယ်။ ဖြစ်တဲ့သူ ကလေး လူကြီး အသက် ကျား မ၊ ဘယ်နေရာမှာ ဘာဖြစ်နေ၊ ဘယ်လိုခံစားရ၊ ဘယ်လောက်ကြာ၊ ဆရာဝန်ပြ မပြ၊ ဆေးစစ်ချက်စာ (ပုံ မလို) စတာတွေ သိရမှာ ဖြေနိုင်တာကို ဖြေပါတယ်။ (ပို့တဲ့ပုံကို မသုံးပါ) ဒေါက်တာတင့်ဆွေ

Breast Pain အမေးအဖြေနဲ့ ရောဂါအမည် သိနိုင်တာတွေ ရှိတယ်

Image
ရင်သား ၂ ဖက်လုံး ထိတာနဲ့ အရမ်းနာနေလို့ပါ (၁ လလောက်ရှိပါပြီ) စမ်းကြည့်တော့လည်း အကြိတ်(အကျိတ်) ရယ်လို့ ထူးထူးခြားခြား မရှိပါဘူး Ph နဲ့ အလုပ်လုပ်တာ များလို့လား ကင်ဆာများ ဖြစ်ချင်လို့လား ဝေခွဲမရလို့ပါ ဆေးရုံ ဆေးခန်းကလဲ မနီးလို့ အခုလောလောဆယ်  ဘာဆေးတွေ လိမ်းရမလဲ သောက်ရမလဲ သိချင်ပါတယ် ကျေးဇူးပြုပြီး ဖြေပေးကြပါဦးနော် ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။ မေးလာရင်လည်း မဖြေတတတ်။ ရမ်းဖြေရမလို။ ဖြစ်တဲ့သူ အသက် မသိ။ (ကန်တော့) ရာသီ၊ အိမ်ထောင်ရေး မသိ။ ရင်သားနာတယ်ဆိုတာ ကလေးနို့တိုက်ရသူတွေ နို့နာက ပိုအဖြစ်များတယ်။ ကင်ဆာက အလွန်နောက်ကျမှသာ နာတယ်။  အမျိုးသမီးတွေ ဟော်မုန်းအပြောင်းအလဲကနေ ရင်သားကို သက်ရောက်တယ်။  စမ်းသပ် + စစ်ဆေးမှသာ အကြောင်းရင်း သိနိုင်တယ်။  မစမ်းသပ်ခင်မှာ မေးစရာတွေက အရင်။  တချို့ရောဂါတွေကို မေးခွန်းစုံအောင်မေးတာနဲ့ ရောဂါအမည် သိနိုင်တယ်။ တချို့ကို လက်နဲ့တောင် ထိစရာ မလို။ ဒေါက်တာတင့်ဆွေ

September စက်တင်္ဘာလ

Image
စက်တင်္ဘာနာမည်ဟာ Septem (Seven) ကနေ ဆင်းသက်လာတာဖြစ်တယ်။ ရောမပြက္ခဒိန်အရ သတ္တမမြောက်လ ဖြစ်လို့ပါ။ အဲသည်ခေတ်က တနှစ်မှာ (၁၀) လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေကမပါသေးပါ။ ၂၀၂၂ ခုနှစ် စက်တင်္ဘာလမှာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း (၇) ရက်ကနေ သီတင်းကျွတ်လဆန်း (၆) ရက်နေ့အထိ ကျရောက်တယ်။ စက်တင်္ဘာလ အထိမ်းအမှတ်နေ့များ • ပဌမတနင်္ဂနွေနေ့ = Grandparents Day အမေရိက နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့ • ပဌမတနင်္လာနေ့ = Labor Day (Labour Day) အမေရိက နဲ့ ကနေဒါ အလုပ်သမားနေ့ • တတိယတနင်္လာနေ့ = ဂျပန် သက်ကြီးရွယ်အိုများနေ့ • ၁ ရက်နေ့ = အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့ • ၂ ရက် = ဗီယက်နမ် အမျိုးသားနေ့ • ၅ ရက် = Teachers’ Day (အိန္ဒိယ) ဆရာများနေ့ • ၇ ရက် = ဘရာဇီးလ် လွတ်လပ်ရေးနေ့ • ၈ ရက်နေ့ = International Literacy Dayနိုင်ငံတကာစာတတ်မြောက်ရေးနေ့ • ၁၃ ရက် = Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့ • ၁၅ ရက် = အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့ • ၁၅ ရက် = အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့ • ၁၅ ရက် = International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့ • ၁၈ ရက် = National Cheeseburger Day ချိစ်ဘာဂါ

ပြန်လည်မွေးဖွားခြင်း

Image
ရွယ်တူတန်းသူတွေ တရားသံဝေဂရစရာတွေ ရေးကြတယ်။ တတ်နိုင်သလောက် ကောင်းတဲ့အမှုတွေ ပြုကြတယ်။ တနေကုန် လင်းထိန်ခဲ့တဲ့ နေမင်းကြီးဟာ ကျကျလာပြီ။ နေ့တနေ့တာရဲ့ ကုန်ဆုံးမှုကို ကြိုတင်သိထားကြတယ်။   သြကာသလောက်မှာ တနေထွက်လို့ တနေဝင်ဆိုတာ စာရေးလို့ တေးသီလို့တော့ မှန်ပါရဲ့။ နောက်တနေ့ နေထွက်မယ်ဆိုတာ အတော်ကို အလေးအနက်စဉ်းစားရမှာ ဖြစ်တယ်။ အူဝဲကနေ သူငယ်တန်း၊ အထက်တန်း စသည် ပညာတွေယူကြရတယ်။ အလုပ်သင်၊ အလုပ်ဝင်၊ ရာထူးတက်၊ နေရာပြောင်းကြရတယ်။ နေစောင်းပြီ။ တချီတခါ အူဝဲရဦးမှာလား။ ကံအကျိုးပေးအရ အူဝဲမအော်နိုင်တဲ့ ဘဝမျိုးလည်း မရောက်လို့ ဘယ်သူကမှ ကြိုတင်မဟောနိုင်။ ကုန်ဆုံးခြင်းနဲ့ အလားတူစွာ ပြန်လည်ဖြစ်ပေါ်ခြင်းသည်လည်း မဖြစ်စေလိုတော့သော သံဝေဂသာဖြစ်ပါသည်။ ကျွန်တော် ဆရာဝန်ဘဝကနေ နိုင်ငံရေးထဲရောက်တော့ တိုင်းပြည်တွေ ရွှေ့ရတယ်။ နေခဲ့တဲ့နိုင်ငံမှာ တည်ဆောင်မှုတွေ အများကြီးလုပ်ခဲ့ပြီးမှ အဆောက်အအုံကို ဖျက်ထားခဲ့ရတယ်။ တခုပြီး နောက်တခု။ ပြည်ပမှာ တာဝန်ယူခဲ့တဲ့ အစိုးရအဖွဲ့ကို ကိုယ်တိုင်ဖျက်သိမ်းကြစဉ်က အမှတ်တရ ရေးခဲ့ပါတယ်။ ဖျက်သိမ်းရခြင်းသည် တည်ဆောက်ရတာထက် ပိုခက်သလော။ အခုတမျိုး သံဝေဂရတာကတော့ ပြန်လည်မတည်ဆောက်လိုတော့ခြင်းတည်း။ အဲဒီလ

Salivary gland tumors တံတွေးထွက်ဂလင်း ကင်ဆာ

Image
၁။ တံတွေးထွက်ဂလင်းကင်ဆာ ဘယ်လိုကြောင့် ဘယ်ကစဖြစ် သိပါရစေဆရာရှင့် တချို့က တံတွေးဂလင်းကင်ဆာကို မကြားဘူး မသိကြဘူး တမြန်နေ့က တခါ ဖြေတာကို တင်ထားသေးတယ်။ ၂။ တံတွေးဂလင်းကင်ဆာအကျိတ်ခွဲစိတ်ပြီး ခီမို + IMRT ဓာတ်ရောင်ခြည်ပေး ကုသနေပါတယ် ခွဲစိတ်လို့ မရတဲ့နေရာမှာ အကျိတ်ကျန်ခဲ့ ပြန်ရည်ကျိတ်တွေရောင်နေပါတယ် ဘယ်လိုအစားအစာ အားဆေးများ စားသောက်ရမလဲ ဆရာကြီး ဆရာမကြီးများရှင့်  ကျွန်တော့ကိုမေးတာ မဟုတ်ပါ။ ကင်ဆာမေးခွန်း ၉၉% လောက်က အစားအစာနဲ့ ဖြည့်စွက်စာကိုသာ မေးကြတယ်။ ကင်ဆာနဲ့ အစားအစာ ၉၀% လောက်က မဆိုင်ပါ။ ဘယ်ကင်ဆာမဆို စောစောသိ။ သိတာနဲ့ စနစ်ကျကုသ၊ ကုသမှုပြီးနောက် ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရမယ်။ တံတွေးထွက်ဂလင်း ကင်ဆာကို Parotid tumors လို့လည်း ခေါ်တယ်။ Salivary gland tumors လို့လည်း ခေါ်တယ်။ လူတိုင်းမှာ တံတွေးထွက်ဂလင်း ခေါ် အိတ် တစုံစီရှိတယ်။ နာရှေ့နားမှာ။ တခြား တံတွေးထွက်စရာအိတ်ကလေးတွေလည်း ရှိသေးတယ်။ နှုတ်ခမ်း၊ လျှာ၊ ပါးစပ်နဲ့ လည်ချောင်းထဲမှာ။ နာရှေ့နားက နေရာမှာ ကင်ဆာဖြစ်လေ့ရှိတယ်။ ကင်ဆာမဟုတ်တာက ပိုများပါတယ်။ ကင်ဆာဖြစ်ရင် အကျိတ် ကြီး၊ ရောင်လာပေမဲ့ မနာပါ။ ထုံမယ်။ ပူလောင်မယ်။ မျက်နှာအမူအယာ ပုံမှန်မလုပ်နိုင်။ ကုသရာ

Ventolin Dosage ဘယ်လောက် ဘယ်နှစ်ခါရှူရမလဲ

Image
မဂ်လာ (မင်္ဂလာ)ပါဆရာ သမီးလေးအသက်က ၇နှစ်ပါ။ asthma ရှိပါတယ်။ flohale ည တချက် ရှူနေရပါတယ်။ ဒီနေ့ည ၇နာရီမှာ ရှူပြီးပါပြီ။ ည၉နာရီမှာ နောက်တခါထပ်ရှူမိလို့ပါ။ အန္တရာယ်ရှိလားရှင့်။ ရှူမိတာ ၁နာရီလောက်ရှိပြီ။ ခုချောင်းနည်းနည်းဆိုးနေလို့။ ခါတိုင်းမဆိုးဘူးရှင့်။ Ventolin Dosage ဘယ်လောက် ဘယ်နှစ်ခါရှူရမလဲ - Acute Episodes or Symptoms Associated with Bronchospasm ပန်းနာကျပ်လာချိန် အသက် ၄ နှစ်အထက် ပါးစပ်ကနေ တခါရှူ ၂ ကြိမ်၊ ၄ နာရီမှာ ၆ နာရီ တခါ ရှူပါ။ တချို့လူနာတွေ တခါရှူ ၁ ကြိမ်၊ ၄ နာရီမှာ တခါ ရှူပါ။ - Recommended Dosage for Prevention of Exercise-Induced Bronchospasm ကိုယ်လက်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ ပန်းနာ အသက် ၄ နှစ်အထက် ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင် ၁၅-၃၀ မိနစ်မှာ ပါးစပ်ကနေ တခါရှူ ၂ ကြိမ် ရှူပါ။ Ventolin inhaler ပန်းနာရှူဆေး https://dr-tint-swe.blogspot.com/2021/01/ventolin-inhaler.html Asthma ပန်းနာ https://dr-tint-swe.blogspot.com/2020/12/asthma-1.html တချက် တခါ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ

ကိုဗစ် နဲ့ ဆံပင်

Image
ခီမိုသွင်းရသူတွေ မဟုတ်ပါ။ အခုတလော မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ ကိုဗစ်ကာကွယ်ရေးအတွက် ခေါင်းကိုအုပ်ထားတဲ့ပုံတွေ တွေ့တယ်။ ကာကွယ်ရေးလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ - ၂ ၀ ၂ ၀ ခုနှစ်က တရုပ်ပြည်မှာ သူနာပြုဆရာမတွေက သူတို့ဆံပင်တွေကို ရိတ်ကြပါသတဲ့။ ဆံပင်ကနေ လူနာတွေကို ကူးစက်မှာစိုးရိမ်လို့ဖြစ်ပါတယ်။ အဲဒီအချိန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်လို့သာ ခေါ်သေးတယ်။ ပိုးအကြောင်း၊ ရောဂါအကြောင်း၊ ကာကွယ်နည်းနဲ့ ကုသနည်းတွေ သေချာ မသိကြသေးပါ။ အခုတော့ ကာကွယ်နည်းထဲမှာ ဆံပင်ဖုံးတာ ရိတ်တာ မပါတော့ပါ။ ဆေးရုံတက်တဲ့အထိ လိုအပ်တဲ့ ကိုဗစ်လူနာတွေကို ပြုစုကုပေးတဲ့ ဆရာဝန်တွေ၊ လူနာပြုတွေက PPE ဝတ်စုံဝတ်ကြရတယ်။ အိမ်မှာသီးခြားခွဲထားရသူတွေရှိတဲ့ အိမ်တွေမှာ ခေါင်းဆောင်းထားရန် မလိုအပ်လှပါ။ ၆ ပေအကွာနေဘို့နဲ့ လက်ခဏခဏဆေးဘို့သာလိုအပ်တယ်။ မျက်နှာပြင်တွေကို လိုက်ဇော သို့မဟုတ် ဘလိချ် ခေါ် ကလိုရင်းဆေးပါတာနဲ့ သန့်ရှင်းပေးဘို့ လိုအပ်တယ်။ အရက်ပျံက လက်ဆေးဘို့သာ ဖြစ်တယ်။ ဒက်တော့ ရေအိမ်သာအတွက်သာဖြစ်တယ်။ အတတ်နိုင်ဆုံး အိမ်ပြင်မထွက်ပါနဲ့။ ထွက်ရတိုင်းမှာ နှာခေါင်းစည်းသုံးပါ။ ၆ ပေအကွာမှာနေပါ။ ဘယ်ရောက်နေနေ လက်ဆေးပါ။ မကြာခဏဆေးပါ။ ကိ

Cervical Polyps သားအိမ်ဝ အသားပို

Image
(ကန်တော့) ၁။ မင်္ဂလာပါဆရာ အသက် ၃၃ နှစ် အမျိုးသမီး ကလေးမရှိ ကိုယ်ဝန်မဆောင်ဖူးပါဘူးဆရာ သားအိမ်နံရံမှာ Polyps (၁၃မီလီမီတာ) တွေ့ပါတယ် ဆရာမက ခွဲစိတ်ကုသဖို့ အကြံပြုပြောထားပါတယ်ဆရာ ကုသမှု့ (ကုသမှု) နည်းတွေနဲ့ ရောဂါ ကာကွယ်နည်းလမ်းတွေ ကုသပြီးနောက်ပိုင်း အလုံးအကြိတ် (အကျိတ်) တွေ ထပ်ဖြစ်နိုင်မဖြစ်နိုင် သိချင်ပါတယ်ဆရာ ဆရာကျန်းမာချမ်းသာပါစေ ၂။ မင်္ဂလာပါ ဆရာရှင့် သမီး အသက် ၃၂ အိမ်ထောင်ရှိ အိမ်ထောင်သက် ၉ နှစ် ရာသီမှန် သန္ဓေတားဆေး ထိုးဆေး လုံးဝမသုံးဘူး ( - ) ပဲ သုံးပါတယ် ခုကျ ကလေးလေးယူဖို့ အကြိုစစ်ဆေးမှုလုပ်တာ စိတ်အရမ်းပူနေလို့ ဆေးရုံရက်ချိန်းကလဲ လိုနေသေးတယ် ဖြစ်နိုင်ရင် သမီးကို ဆေးအဖြေလေး ကြည့်ပေးနိုင်မလားရှင် ဆရာကျမ်းမာပါစေရှင် ကလေးလေး မရနိုင်မှာ စိတ်ပူလို့ပါဆရာ ၃။ အသက်က ၂၉ နှစ်ပါ မ-ပါ အပျိုပါ ရာသီ ရက်ကျော် တခါတရံ တလကျော် ထိန်တတ်ပါတယ် ကန်တော့ပါဆရာ အမျိုးသမီးလမ်းကြောင်းဝမှာ လွန်ခဲ့တဲ့ ၅ လက အသားစတခု ထွက်လာလို့ပါ ၁ လပိုင်း ၇ ရက်နေ့က ဆေးခန်းပြတော့ OG က သားအိမ်ဝက အသားပိုထွက်တာ ဆိုပြီးတော့ ဒီအတိုင်းပဲ ဖြတ်ပေးလိုက်ပါတယ် ခု ထပ်ပြီး ထွက်လာသလိုတွေ့မိလို့ပါရှင့် မိန်းမကိုယ်အဝနား အရင်တကြိမ်လိုမျိုး စမ်းမိလို့ပါ

Spondylosis အရိုးကျီးပေါင်းတက်ခြင်း

Image
ခါးကျီးပေါင်းရောဂါနှင့် ဘယ်ဘက်တင်ပါးဆုံရိုးလည်း နာပါသဖြင့် နေပြည်တော်မှာ ပြခဲ့ပါသည်ဆရာရှင့်။  ပြန်ရောက်စကတော့ သက်သာပါတယ်ရှင့်။ အခုပြန်ပြီးနာလာပါသဖြင့် လက်ရှိညွှန်ထားသောဆေးကိုပဲ သောက်ရပါမည်လား သည်ထက်အဆင်‌ပြေနိုင်သောဆေးကို ညွှန်ပြပေးနိုင်ပါမည်လားရှင့်။ အထိုင်များခြင်း လမ်းလျှောက်ခြင်းတွေမှာ အချိန်ဘယ်လောက်ပေးရပါမည်လည်းရှင့်။ တစ်နာရီ(တနာရီ)အများဆုံးထိုင်ပြီး ပဋ္ဌာန်းပူဇော်ခြင်းနေ့စဉ်ရှိပါသည်ရှင့် ဖြစ်နိုင် မဖြစ်နိုင်ရောပါ ကျေးဇူးပြု၍  ဖြေကြားပေးပါရန် တောင်းပန်ပါသည်ရှင့်။ ကျမ၏အသက်မှာ ၆၆နှစ်ပါဆရာရှင့် အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုးအဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ ပျက်ယွင်းလာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြောဆိုတာက နာတာကို သိတာနဲ့ လှုပ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုး ရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထားမမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ အုံးလွဲတယ်ခေါ်တာမျိုးပေါ့။ ဖြစ်ရ

Selling Sickness ရောဂါကိုရောင်းချနေကြခြင်း

Image
ဆေးကြော်ညာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပြောင်းစေသလဲ။ ဆေးတွေကို ဆေးကုမ္ပဏီတွေကနေ ဆရာ၀န်တွေကို ပစ်မှတ်ထားပြီး ဆေးညွှန်းရေးပေးစေချင်လို့ ကြော်ညာရပါတယ်။ DTC advertising စားသုံးသူတိုက်ရိုက် ဆေးကြော်ညာခြင်း နည်းသစ်ကတော့ စားသုံးသူ (ဆေး၀ယ်သူ) တွေကို ၀ယ်ချင်လာအောင် ကြော်ညာနည်း ဖြစ်ပါတယ်။ FDA ဆေး၀ါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာ၀န်ရှိပါတယ်။ စားသုံးသူတိုက်ရိုက် ဆေးကြော်ညာကို စတင်ခဲ့တာကတော့ ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာဘဲ FDA ကနေ NSAID အုပ်စု၀င် အနာသက်သာဆေး Oraflex ကို ဈေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ညာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin အလာဂျီဆေးအတွက် ကြော်ငြာစရိတ် ၁၂၄ သန်းသုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ကြော်ငြာခသုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂၀၀၂ အထိ သန်း ၂၂၀ ကနေ ၂့၈ ဘီလျန်အထိ တိုးသုံးလာတာတွေ့ရတယ်။ မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်၀င်စားမှုလဲ ပြောင်းလာပါတယ်။ အရင