Posts

Showing posts from September, 2023

Cancer ကင်ဆာသတ်ပုံ ကင်ဆာတိုင်းပြည်

Image
• တယောက်က ဆောမှာနေပါတယ် ဆောကပြည်သူတွေဘဝပါ • သြော် - ယောနယ်ပေါ့။ • စိတ်မချမ်းသာစရာပါဆရာရယ် ကားကြုံရင်စားစရာတွေပို့ပေးပါတယ် အခုတော့ရေကြီးတံတားတွေကျိုးလမ်းတွေပိတ်နေတယ် • တဗူး ရေးတာလည်း မှန်တယ်။ • ဟုတ်ကဲ့ဆရာ • ဒါပေမဲ့ ကင်ဆာနေရာတွေမှာက သတ်ပုံမှန်အောင် ရေးတတ်သူကရှားတော့ နေမကောင်းသူတွေကိုလည်း အားနာရသေးတယ်။ ဆရာက ကင်ဆာနေရာ ၂ ခုကို တနေ့မှာ ၅ ခါမက ဖတ်တယ်။ ဖြေနိုင်တာကို ဖြေပေးတယ်။ သတ်ပုံမမှန်လို့ မဖြေတာတော့ တခုတလေမှ မရှိပါ။ မေးခွန်းကိုသုံးရင်တော့ ပြင်ပေးတယ်။ • ကွန်ပြူတာစာစီဆိုင်သွားရင် အရမ်းမှားတတ်ကြတယ် ကျမတို့လည်းတခါတရံတော့မှားတယ် လူငယ်တွေကပိုဆိုးတယ် • သြော် - ခေတ်ကလည်း သတ်ပုံမှန်အောင်မရေးမှ အလုပ်ရကြသလိုဖြစ်နေတော့ ပိုဆိုးတယ်။ • ညောင်စေ့လောက်လှူတာညောင်ပင်ကြီးလောက်ကုသိုလ်ရသွားတယ် • နယ်မှာအခြေအနေအတော်ဆိုးတယ်စိတ်မချမ်းသာပါဘူးဆရာရယ် ကင်ဆာလူနာ​တွေအရမ်းသနားစရာ​ကောင်းပါတယ် ​ဆေးရုံ​တွေမှာ tramadol မရှိ fentanyl မရှိ ကင်ဆာပါရဂူ​တွေအလှူခံလို့ မှောင်ခို​စျေးကွက်ကပြန်ဝယ်ပြီး လှူ​နေရပါတယ် Dr. တင့်ဆွေ

Cancer Foods ကင်ဆာနဲ့ အစားအစာ

Image
ခဏခဏ မကြာမကြာ ဖြေပါတယ် ဦးနှောက်ကင်ဆာက ဘာအစားအစာတွေနဲ့ မတည့်လဲပြောပေးကြပါဦး ကင်ဆာလူနာတွေ - ၁။ ကုသပေးနေတဲ့ဆရာဝန်ကို တားတာကလွဲရင် ကိုယ်တသက်လုံးစားသောက်လာသမျှ အကုန် စားနိုင်။ ၂။ ဆီးချိုပါတွဲရှိနေသူတွေ အချိုနည်းနိုင်သမျှ နည်းရမည်။ ၃။ သွေးတိုးပါတွဲရှိနေသူတွေ ဆားနည်းနိုင်သမျှ နည်းရမည်။ ၃။ ဖေ့စ်ဘွတ်ကနေ ဟိုဟာတွေစားပါ ဒီဟာတွေမစားနဲ့ဆိုသမျှ လိုက်နာရန်မလို။ ၄။ တမင်း ၂ နပ်ထိစားနိုင်သူ ဖြည့်စွက်စာအတွက် ပိုက်ဆံအပိုကုန်မခံသင့်။ ၅။ ကင်ဆာကုသနည်းကိုသာ စနစ်တကျ ဆက်လက်ကုသရပါမည်။ ဒေါက်တာတင့်ဆွေ

APML လူကီးမီးယား တမျိုး

၁။ ကျွန်မ မောင်လေး အသက် ၁နှစ်ခွဲပဲရှိပါသေးတယ် မကြာခဏဖျားလို့ သွေးစစ်ကြည့်ရာကနေ ဆရာဝန်တွေက APML လို့ပြောပါတယ် ရောဂါအကြောင်းရှာတာလည်းမတွေ့လို့ သိတဲ့သူတွေရှင်းပြပေးလို့ရမလားရှင့် ကုသလို့ရနိုင်မလားဟင် ဆရာဝန်ကို မေးတာတော့မဟုတ်။ ဖြေပါမယ်။ Acute promyelocytic leukaemia (APML) လူကီးမီးယား တမျိုး ရှားတယ်။ AML ထဲမှာ 10% သာရှိတယ်။ immature abnormal neutrophils သွေးဖြူဥတွေ မူမမှန်ဖြစ်တာ။ 2022 American Society for Hematology (ASH) annual meeting အဆိုအရ 95% ကနေ 98% အထိ ပြန်ကောင်းတယ်။ https://www.cancer.net/cancer-types/leukemia-acute-myeloid-aml/statistics ၂။ ဆရာရှင့် ကီမို လေးကြိမ်ပြီးလို့ ခြင်ဆီပြန်စစ်တဲ့အဖြေပါရှင့် ဘာဆေးမှလဲ မသောက်ခိုင်းတော့ပါဘူး AML က ၆၀ လထက် ပိုနေနိုင်တဲ့သူ မရှိတာလား ဆရာရှင့် AML ရောဂါရှိသူ အသက် ၂၀ နှစ်နှင့်အထက်၊ ၅ နှစ်အသက်ရှင်နှုန်း 27% ရှိတယ်။ AML ရောဂါရှိသူ အသက် ၂၀ နှစ်အောက်၊ ၅ နှစ်အသက်ရှင်နှုန်း 69% ရှိတယ်။ ဆေးသုတေသနက ယူအက်စ်အေမှာဖြစ်တယ်။ မြန်မာပြည်ကဆေးသုတေသန မတွေ့သေးပါ။ ကံတရားလည်း လူတိုင်းမှာရှိတယ်။ Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2021/05/le

Calcium ကယ်လ်စီယမ်

Image
၁။ Biocium အားဆေးက အမြဲတမ်း သောက်လို့ ကောင်းလားဆရာ အသက် ၂၆ အရပ် ၅ပေ ၅ အလေးချိန် ၁၆၅ပေါင် လူလွတ်ပါ ဆရာ Biocium = ကယ်လ်စီယမ် ၂။ ကျမ ကလေးတွေ ဒီဆေးသောက်နေတာကောင်းလား။ ဆေးဆိုင်ကရောင်းတာ အသက် ၁ နှစ် ၉ လ ကလေး တိုက်နေတာ နားမလည်လို့ တိုင်ပင်တာပါဆရာ။ ၃။ ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။ Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။ ၁။ Hyperparathyroidism ပါရာသိုင်းရွိုက်ဟော်မုန်းများနေခြင်း၊ ၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။ မာလ်တီပယ်မိုင်လိုးမား၊ အဆုပ်ကင်ဆာတမျိုး၊ ရင်သားကင်ဆာ နောက်ပိုင်း၊ ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊ ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။ ၃။ Sarcoidosis ဆာကွိုက်ဒိုးဆစ်ရောဂါ ၄။ ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊ ၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊ ၆။ Milk-Alkali

Erlotinib ဆေး

Image
ဆရာရှင် သမီးမေမေက အဆုပ်ကင်ဆာအတွက်  Chemo (၆-ကြိမ်) သွင်းပြီး Erlotinib 100 mg စတိုက်ထားပါတယ် ဒီဆေး ပေးထားတဲ့ လူနာတွေ အတွက် အသက်ရှင်နှုန်းလေး​ရော ပြောပြပေးနိုင်မလားရှင် Erlotinib Side Effects ဆေး၏ ဘေးထွက်သက်ရောက်မှုများ • ခြေ၊ လက်၊ မျက်နှာတွေမှာ ပူလောင်၊ နာ၊ ထုံ၊ ကျဉ်၊  • ချောင်းဆိုး၊ အသံသြ၊ • ဝမ်းပျက်၊ • အသက်ရှူရခက်၊ • ဖျား၊ ချမ်းဖျား၊ • အရေပြားအနီပြင်တွေထွက်၊ • အပ်နဲ့ထိုးထားသလိုခံစားရခြင်း၊ • ရင်ဘတ်အလွန်နာခြင်း။ ကင်ဆာမှန်သမျှ ၅ နှစ်နေနိုင်နှုန်းနဲ့ ခန့်မှန်ပါတယ်။ ခုနောက်ပိုင်း ပျောက်သွာအောင်ကုလို့ရတာတွေ ရှိလာတယ်။ စောစောသိပြီး စနစ်တကျကုသသူတွေ သူများတွေလို အသက်ရှည်တယ်။ 5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်းဆိုတာ ကင်ဆာလို့ရောဂါအမည်တပ်ပြီးနောက် အသက်ဘယ်လောက်ကြာနေနိသ်သလဲကို သုတေသနတွေကို အခြေခံပြီး သတ်မှတ်ထားချက်တခုဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းချက်ဆိုတာ ၁ဝဝ% တော့ မမှန်နိုင်ပါ။ နှစ်ကာလကိုသာမက ရာခိုင်နှုန်းပါတွက်ချက်တယ်။ ဥပမာ ငါးနှစ်အသက်ရှင်နှုန်း ၉ဝ% ရှိတယ်လို့ပြောတာဟာ ကင်ဆာလူနာ ၁ဝဝ ထဲက ၉ဝ ယောက်တို့ဟာ အဲတာနဲ့အညီဖြစ်နိုင်တယ်။ • အသည်း Liver cancer 11% • အဆုတ် Lung cancer 13% • အူမကြ

Compulsive Eating Disorder စားစရာမဟုတ်တာတွေကိုစားခြင်းနဲ့ စားစရာဟုတ်ပေမဲ့ အလွန်အကျွံစားခြင်း

Image
ကျွန်တော်သူငယ်ချင်းတယောက်က ဆန်တွေကိုအားတဲ့အခါတိုင်းဝါးစားတာအကျင့်တခုလိုဖြစ်ကာနှစ်ပေါင်းမနည်းတော့ပါဘူး ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းလက္ခဏာတော့ မရှိသေးပါဘူး ဒါပေမယ့် သူမရဲ့သွားနှစ်ချောင်းတော့ ပိုးစားပြီး နုတ်လိုက်ရပါပြီ ဆန်တွေကိုဝါးစားခြင်းက ရေရှည်မှာဘယ်လိုရောဂါတွေဖြစ်လာနိုင်လဲသိချင်ပါတယ်ခင်ဗျာ စိတ်နဲ့သက်ဆိုင်တဲ့ အမူအကျင့်တခုဖြစ်တယ်။ ဖြစ်နေတာကြာခဲလေလေ ကုသရာခက်ခဲလေလေ။ စိတ်အထူးကုဆရာဝန်နဲ့ ကုသသင့်ပါတယ်။ စားစရာမဟုတ်တာတွေကိုစားခြင်းနဲ့ စားစရာဟုတ်ပေမဲ့ အလွန်အကျွံစားခြင်းတွေကလည်း တအုပ်စုထဲက ရောဂါတွေဖြစ်တယ်။ Pica စားစရာမဟုတ်တာတွေကို စားခြင်း https://dr-tint-swe.blogspot.com/2022/07/pica.html ဒေါက်တာတင့်ဆွေ

Bleeding Mole မှဲ့ကနေ သွေးထွက်ခြင်း

Image
ဆရာရှင့် နှာခေါင်းဘေးမှာ မှဲ့နီရှိတာကိုဖဲ့မိပီး(ပြီး) သွေးအဆက်မပြတ် အများကြီးစီးကျလာပါတယ် တော်ရုံသွေးမတိတ်နိုင်ပါဘူးရှင့်။ Tissue နဲ့ဖိပိတ်ပီး(ပြီး) ဆေးတခုခုနဲ့ ပိတ်အောင်လိမ်းလိုက်မှ တိတ်ပါတယ် မျက်နှာသစ်လို့ အဲ့အဖုကိုထပ်ထိမိရင် စောကလို သွေးတွေအဆက်မပြတ် ထပ်ထွက်ပါတယ်ဆရာ အန္တရယ်(အန္တရာယ်) ရှိနိုင်လားရှင့် အခြေနေက ဆရာဝန်ကိုသွားပြစရာလိုပါသလားရှင့်။ ဘာဆေးတွေလိမ်းပေးလို့ရပါသလဲရှင့် ဘီတာဒိုင်းဆေးဝါတွေရော လိမ်းလို့ရပါသလားရှင့် ပိုးဝင်မှာလည်းကြောက်လို့ပါရှင့်။ Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု Heavy bleeding သွေး များများယိုထွက်ခြင်း ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။ ဖြစ်စေသည့်အကြောင်းအရာများ မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊ လက္ခဏာများ ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ကုသရန် •

World Heart Day ကမ္ဘာ့နှလုံးနေ့

Image
1. Acute Heart Attack Treatment ရုတ်တရက် နှလုံးအတက် ရရင် ဘာလုပ်ရမလဲ https://dr-tint-swe.blogspot.com/2021/01/acute-heart-attack-treatment.html 2. Atorvastatin ဆေး https://dr-tint-swe.blogspot.com/2021/11/atorvastatin.html 3. Causes of chest pain ရင်ဘတ်နာခြင်း အကြောင်းခံများ https://dr-tint-swe.blogspot.com/.../causes-of-chest-pain... 4. Complications of heart disease include နှလုံးရောဂါကနေ ဆက်ဖြစ်နိုင်တာတွေ https://dr-tint-swe.blogspot.com/.../01/heart-disease-3.html 5. Congenital Heart Disease မွေးရာပါ နှလုံးရောဂါ https://dr-tint-swe.blogspot.com/.../congenital-heart... 6. Digital blood pressure monitors သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/2021/08/digital-blood-pressure-monitors.html 7. ECG အီးစီဂျီ https://dr-tint-swe.blogspot.com/2021/01/ecg-or-ekg.html 8. Heart Cancer နှလုံးကင်ဆာ ဘာလို့မဖြစ်တာလဲ https://dr-tint-swe.blogspot.com/2021/05/heart-cancer.html 9. Heart disease (1) နှလုံးရောဂါ (၁) https://dr-tint-swe.blogspot.com/.../01/heart-disease-1.h

Tagrisso ဆေး

Image
ဆရာ မင်္ဂလာပါ ကျေးဇူးပြုပြီး ဒီဆေးအကြောင်းရှင်းပြပေးပါခင်ဗျာ။ တလုံးမြန်မာငွေ ၂ သိန်းလောက်ကျပြီး နေ့တိုင်းတနေ့တလုံး ၃နှစ်သောက်ရမယ်လို့ ညွှန်ကြားလာပါတယ်။ လေးစားစွာဖြင့် ကျွန်တော့်ဦးလေးတယောက် အဆုတ်ကင်ဆာ ဖြစ်တာပါ Tagrisso ဆေးကို lung cancer (non-small cell lung cancer) အဆုတ်ကင်ဆာအတွက် ပေးတယ်။ ခီမိုသာရာပီဆေး မဟုတ်ပါ။ targeted therapy medication ဆေးအမျိုးအစားထဲကဖြစ်တယ်။ ဒီဆေးပေးနေသူတွေရဲ့ ၅ နှစ်အသက်ရှင်နှုန်း 85% ကနေ 88% ရှိတယ်။ Tagrisso ဆေး ဘေးထွက်သက်ရောက်မှုများ • Nausea ပျို့ • mild rash or other skin problems အရေပြားအနီပြင်ထွက် • diarrhea ဝမ်းပျက် • stomatitis ပါးစပ်အနာပေါက် • abdominal pain ဗိုက်နာ • musculoskeletal pain အရိုး-ကြွက်သားတွေနာ • nail problems လက်သည်းပုံမှန်မဟုတ် • fatigue အားနည်း။ ဒေါက်တာတင့်ဆွေ

New Knowledge (NK) အသိသစ်

Image
အေအိုင် မဟုတ်ပါ။ လူမှုကွန်ရက်တွေ သုံးနေတာကြာတော့ အသိသစ်တွေရလာပါသည်။ • ဖရင်း များချင်သလား • လိုက်ခ် များချင်သလား • ဖေါ်လိုဝါ များချင်သလား • ဘလော့ များချင်သလား • ကွန်မင့် များချင်သလား • ဈေးမရောင်းဘဲ အမှာစာတွေရချင်သလား နောက်ဆုံး ၃ ခုကို မနေ့ညက စသိခြင်းဖြစ်ပါသည်။  - သူများမှားရေးတာတွေကို အားမနာပါးမနာ ထောက်ပြနေသူ ကိုယ်တိုင်ရေးတာထဲမှာ အမှားပါရမည်။ - တ နဲ့ တစ် ကတော့ ရိုးအီသွားပြီထင်သည်။ သို့သော် စံတော်ချိန်ဆောင်းပါးနောက်မှာ စာကို မှန်အောင်ရေးသူ အရေအတွက် သိသာစွာတိုးလာပါသည်။ - တရားကို စသတ်နဲ့ရေးလည်း ဖေါ်လိုဝါ သာဝက များပါသည်။ - မုံ့ နဲ့ မုန့် ရေးတော့ သူပုန်ဖြစ်ရသည်။ - စာလုံးပေါင်းသတ်ပုံမဲ့ကဗျာခေတ်လို့ ရေးမိရာကနေ ကဗျာသမားတွေက သပိတ်မှောက်ကြတာ့သည်။ - ပဲ နဲ့ ဘဲ ရေးတော့  (က) သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ လို့ရေးတဲ့အတွက် တက္ကသိုလ်ဘုန်းနိုင် ချစ်သူများက ဖဲကြဉ်သွားကြပြီ။ (ခ) ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲကသာ မှန်ကြောင်း အကိုးအကားတွေနဲ့ တင်တော့ မဗေဒါ အိတ်အုပ် ကန်ခံရသည်။ သို့သော် ပေ့ချ်မှာ လိုက်ခ် ၆၇ ကေ ကနေ ၇၇ ကေ ဖြစ်လာသည်။ ဖေါ်လိုဝါ ၈၉ ကေ ကနေ ၁၁၁ ကေ ဖြစ်လာသည်။ ဘလော့ထားသူဦးရေ တထောင်လည်း ကျော်လာပြီ။ ၅၀၀

အချက်အလက်မှန်တွေအတွက် ကျေးဇူး

မျိုးရိုးလိုက်တာလားလို့ သံသယဖြစ်မိပါတယ်ဆရာ။ ပန်းလှိုင်ဆေးရုံမှာ ဆုံးသွားတဲ့ ကျနော့နှမငယ်က သားအိမ်ကင်ဆာပါ။ ကျနော်တို့ရဲ့ဖခင်က တရုပ်လူမျိုးပါ။ သူ့အဖေ ကျနော့်အဖေကြီးက အစာအိမ်ကင်ဆာနဲ့ ဆုံးပါတယ်။ အမေကြီးက အသည်းကင်ဆာ ရေဖျင်းရောဂါနဲ့ ဆုံးပါတယ်။သူတို့ရဲ့ တတိယသား(ကျနော့်ဘဒွေး)က သွေးကင်ဆာနဲ့ ဆုံးတယ်။ အားလုံး အသက် ၆၀ ဝန်းကျင်မှာ ဆုံးပါးသွားကြတာ။ ဒါပေမယ့် ကျနော့်အဖေက ဦးဏှောက်သွေးကြောပြတ်လို့ ၅၀ကျော်မှာ ရုတ်တရက်သေတယ်။ သူ့အကို (ကျနော့်ဖခင်ရဲ့အကို)ကျနော့်ဘကြီးက ၇၀ကျော်မှ လူကြီးရောဂါနဲ့ သေတယ်။ မျိုးရိုးကြောင့်ဆိုတာထက် နေထိုင်မှုဘဝ အစားအသောက်တွေကြောင့် ကင်ဆာဖြစ်ရတယ်လို့ထင်မိပါတယ်ဆရာ။ မဆလခေတ်မှာ လူဖြစ်ခဲ့ရတော့ ပြည်ပသွင်းကုန်ရှားပါးလှတဲ့ အဲဒီခေတ်အခြေအနေမှာ ကင်ဆာနဲ့သေတယ်ဆိုတာ မကြားဖူးခဲ့သလောက်ပါပဲ။ပြည်ပသွင်းကုန်ဆိုတာ အခုခေတ်လိုမှ မရှိတာ။ အခုလက်ရှိ ဗမာပြည်ကလူတွေ(ကြောက်စရာကိန်းဂဏန်းတွေနဲ့) ကင်ဆာရောဂါအဖြစ်များနေကြတာဟာ..သဘာဝမဟုတ်တဲ့အစားအစာတွေကြောင့်လို့ပဲ တထစ်ချယူဆမိပါတယ်။FDAဆိုတာကလည်း စကားလုံးပဲရှိတာဆိုတော့။ ဆရာ ကျန်းမာပါစေခင်ဗျာ။ ဆောရီး။ အသိပေးရေးသားသူကို အချက်အလက်မှန်တွေအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Autism အော်တဇင် ကလေးရောဂါ

Image
၁။ သမီး ၆နှစ် ၃လ ပါ စကားများများပြောရင်သိပ်မပီ 1234 ဆိုတတ်တယ်နောက်ပြန်မေးရင်သိပ်မမှတ်မိဘူး အရောင် colour အနည်းငယ်ပဲသိ၊ အသီး ပန်းသီး၊ လိမော်သီး၊ စပျစ်သီး၊ နဂါးမောက်သီး အနည်းငယ်သိ အမေဘယ်သွားလည်း မေးရင် စျေးဆိုင်၊ မေမေကလေးနို့တိုက်နေတယ် အနည်းငယ်ပြောနိုင်၊ ထမင်းစားမယ် ရှုးပေါက်မယ် အီးပါမယ် ပြောနိုင် ပန်ချီအနည်းငယ်ဆွဲနိုင် ABC၊ ကခဂ၊ သေချာရေးနိုင် တရက်ကို phone ၄ နာရီခန့်၊ TV cartoon ၂နာရီခန့်ပြခဲ့မိတယ် တခြားကလေးတွေလောက် ဉာက်ရည်မဖွင်ဖြိုးဘူးထင်လို့ ဆရာဝန်တွေပြရင်းပြရင်းနဲ့ နောက်ဆုံး Autism ဆရာနဲ့ပြဖြစ်တယ် ID (Intellectual Developmental Disorder) mild လို့ပြောတယ်ဆရာ 4 ဆင့်မှာ level 4 လို့ပြောပါတယ် special need school ထားရမယ်လို့ပြောပါတယ် သမီးလေးက သာမန်ကလေးတွေလို ဖြစ်လာနိုင်လားဆရာ ဘာတွေဆက်လုပ်သင့်လဲ ဆရာ ကျေးဇူးပြု၍ဖြေကြားပေးဆရာ အမှားပါရင်ခွင့်လွှတ်ပေးပါ ၂။ ဆရာရှင့် ကျွန်မ အသက် ၃၄နှစ်ပါ။ ကလေး ၂ ယောက်အမေပါ။ အကြီးကလေးက ၅နှစ်၊ အငယ်လေးက ၃လပါ။ ကျွန်မကလေးနဲ့ပတ်သက်ပြီး မေးစရာအထွေအထူးမရှိပါဘူး။ သိချင်တာလေးရှိလို့ပါ။ Autism ဖြစ်တဲ့ ကလေးတွေရဲ့ လက္ခဏလေးသိချင်လို့ပါ။ Autism မှန်းဘယ်လိုသ်နိုင်မလဲရှင့်။ မစစ်

Diabetes in children ကလေးဆီးချို

Image
မဂ်လာ ဆရာ ကျမက ၂၀၂၂ တုန်းက သားတို့ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး မေးခဲ့ဘူးပါတယ်။ အခုချိန်ထိ online ကနေပဲ စာသင်ပေးနေတာပါ။ ဒီနေ့မှာ သားနဲ့ အတန်းတူ ကလေးတယောက် ဆုံးသွားပါတယ်ဆရာ။ ဒီနေ့ မနက်မှ ခေါင်းမူးပြီး ဆေးခန်းသွားတော့ ဆီးချိုတက်နေတယ် ဆေးရုံသွားဆိုပြီး လမ်းတင်ဆုံးသွားတာပါ။ ၁၅ မိနစ်လောက်ပဲကြာတယ်လို့သိရပါတယ်။ အဲ့ကလေးက သားနဲ့ အတူ online ကစာသင်နေတဲ့ကလေးလေးပါရှင့်။ သိချင်တာကလေ ကလေးဆီးချိုက ဘာလက္ခဏာမှ မပြ ချက်ချင်း ဆုံးနိုင်သလားရှင့်။ ဖုန်း laptop တို့ကြည့်ချိန် များတာနဲ့ဆိုင်နိုင်ပါသလားရှင့်။ ကလေးက ၉ နှစ် အရွယ်ပါ။ တနေ့ကို စာသင်ချိန် မနက်ပိုင်း ၂ နာရီ၊ ညနေ ၁ နာရီ၊ ပါရှင့်  game ဆော့တာမပါသေးပါဘူးရှင့်။ ကလေးဆီးချို လက္ခဏာများ - 1. Increased thirst ရေခဏခဏဆာမယ်။ 2. Frequent urination ရှူခဏခဏပေါက်မယ်။ Extreme hunger စအားအသောက်ဆာမယ်။ 3. Weight loss despite eating more than usual စာပေမဲ့ ကိုယ်အလေးခေျိန်ကျ။ 4. Fatigue အားနည်း။ 5. Blurred vision မျက်စိအမြင်အားနည်း။ ယူအက်စအေ သုတေသန • လူဦးရေရဲ့ 11.3% (37.3 သန်း) မှာဆီးချိုရှိ။ • 28.7 သန်းတို့က ဆီးချိုရှိမှန်းသိကြပြီး 8.6 သန်းတို့က ဆီးချိုရှိနေတာက

The Work Of An Online Doctor အွန်လိုင်းဆရာဝန်တော့ မဟုတ်ပါ

Image
အခုလေးတင် နာရီဝက်အတွင်းမှာ  ဖြေထားပြီးသား အူမကြီးကင်ဆာလူနာတယောက်က ထပ်မေးပါတယ်။ ဆလိုင်းချိတ်ရမလားတဲ့။ နောက်တယောက် သွေးကင်ဆာဖြေထားပေးပြီးသူတယောက်က အသံဖိုင်နဲ့ မေးပါတယ်။  နေမကောင်းသူတွေက မေးကြပါတယ်။ ဖြေတတ်တာ ဖြေတယ်။ ရောဂါလည်း စုံတယ်။ အမေး-အဖြေ သောင်းဂဏန်းတော့ ရှိလောက်ပြီ။ လွန်ခဲ့တဲ့ ၉ နှစ် နယူးဒေလီမှာနေစဉ် ကတည်းက ဖြေနေတာ။ ဒါပေမဲ့ အဝေးကနေ ဆေးကုသလိုတော့ မလုပ်ပါ။ ဆေးကုတယ်ဆိုတာ အင်မတန် တာဝန်ကြီးတယ်။ ဆေးရုံကြီးငယ်တွေမှာ ၁၅ နှစ်လုပ်ခဲ့တယ်။ ပြင်လူနာတွေဆိုရင်တော့ လာပြတဲ့အခါ စမ်းသပ် စစ်ဆေးပြီး ဆေးပါပေးလိုက်တယ်။ ကျွန်တော်တို့ခေတ်မှာ လူနာကို ဒီဆေးဝယ်ခဲ့၊ ဒီဆေးဝယ်သောက်လို့ မလုပ်ပါ။ ကိုယ့်ဆေးခန်းမှာ စုံလင်အောင်ထားတယ်။ ပြည်သု့ဆေးရုံတွေမှာတော့ မရှိတာကို အဝယ်ခိုင်းပါတယ်။ ဝယ်ခိုင်းရတာ သိပ်မများလှပါ။ အတွင်းလူနာတိုင်းကိုတော့ ၂၄ နာရီ တာဝန်ရှိတယ်။ ဆရာဝန်တယောက်တည်းသာရှိလည်း (ကန်တော့) ညဘက်အိပ်နေစဉ် ခွေးဟောင်းသံကြားရင် ထပေတော့။ မနက်ကတည်းက တနေကုန် လူနာတွေ လိုတာအကုန်လုပ်ပေးရတာ။ လူနာသက်သာပျောက်ကင်းတော့မှ ဆေးရုံဆင်းစေတယ်။ အွန်လိုင်းကနေ ဆေးကုသလို မလုပ်ချင်ပါ။ ကိုယ်က ၂၄ နာရီ လိုင်းပေါ်မှာ မနေနိုင်။ အလုပ်ကလည်း အခမဲ့သာဖ

Dasatinib (Sprycel) သွေးကင်ဆာဆေး

Image
CML ကုသဖူးတဲ့သူများ သိရင် ပြောပေးပါနော် Dasatinib သောက်နေရတာပါ BCR - ABL စစ်ပြီး 0. %ရောက်ရင် ဆေးရပ်ရတာလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာ မဂ်လာပါရှင့် သမီး မမကြီး သွေးစစ်ထားတဲ့အဖြေစာရွက်ပါရှင့် လွန်ခဲ့တဲ့ ၂၀၂၀ ၊ ၁၂ လပိုင်းကမှ သွေးကင်ဆာရောဂါခံစားနေရတာကို သိလို့ ဆရာဝန်နဲ့ပြခဲ့တာပါရှင့် ဒီပုံပါဆေးကို သောက်နေရပါတယ်ရှင့်။ တရက်ကို မနက်တလုံး ၊ ညနေ တလုံး နှစ်ကြိမ်သောက်ရပါတယ်ရှင့် သွေးကို ဆရာဝန်က တလတကြိမ် စစ်ခိုင်းပါတယ်ရှင့် Dasatinib ဆေးဟာ targeted cancer drug ကင်ဆာဆေးအမျိုးအစား သောက်ဆေးဖြစ်တယ်။ chronic myeloid leukaemia (CML) အမျိုးအစား လူကီးမီးယားကို ပေးတယ်။ Philadelphia chromosome positive chronic myeloid leukemia (Ph+ CML) လို့လည်း ခေါ်တယ်။  Sprycel အမည်နဲ့ ယူအက်စအေမှာ ရောင်းတယ်။ 10-year overall survival ၁၀ နှစ် အသက်ရှင်နှုန်း ပျမ်းမျှ 89% ရှိတယ်။ transformation-free survival 95% ရှိတယ်။ event-free survival 95% နဲ့ failure-free survival rates 65% ရှိတယ်။ Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2021/05/leukemia.html ဒေါက်တာတင့်ဆွေ

CAR T Cell Therapy ကင်ဆာဆေးသုတေသန

Image
၂၁-၈-၂၀၂၃ နေ့က ထွက်ပါတယ်။ Chimeric Antigen Receptor (CAR) T cell therapy ကုသနည်းလို့ ခေါ်တယ်။ Immunotherapy အင်မြူနိုသာရာပီနည်းတခုဖြစ်တယ်။ Chemotherapy ခီမိုသာရာပီကုသနည်းကို ၁၉၅၀ ကျော်ကတည်းက စတင်ခဲ့တယ်။ ဒိအရင်က ကင်ဆာကုသနည်းတွေထဲမှာ surgery ခွဲစိတ်ကုသနည်း၊ radiotherapy ဓါတ်ကင်နည်းနဲ့ hyperthermia နည်းတွေသာရှိခဲ့တယ်။  ခီမိုသာရာပီကုသနည်းက တိုးတက်ကောင်းမွန်လာတာဖြစ်ပေမဲ့ ဘေးထွက်သက်ရောက်မှုတွေက ဆိုးတယ်။ ဆောရီး။ ၂၀၀၀ ခုနှစ်အလွန်မှာ National Cancer Institute (NCI) ကနေ targeted treatments ခေါ် ရောဂါနေရာ အတိအကျကိုသာ ပစ်မှတ်ထားကုသနည်း တင်ပြလာတယ်။ အဲဒီနည်းကို ကနေ့ထိ စံကိုက်ကုသနည်းအဖြစ် သုံးနေတယ်။ ၂၀၁၇ ခုနှစ်ကစပြီး immunotherapeutics ခေါ် လူနာတဦးချင်းစီနဲ့ အံကိုက်ကုသပေးနည်း ဖြစ်လာတယ်။ တနည်းအားဖြင့် အဝတ်အစားတွေ တိုင်းချုပ်သလို highly personalized drugs ဆေးပေးပါတယ်။ ခီမိုဆေးထက် ဘေးထွက်ဆိုးကျိုးနည်းတယ်။ အသစ်နည်းက chimeric antigen receptor (CAR) T cells ကိုပစ်မှတ်ထားကုသနည်း။ leukemia သွေးကင်ဆာအတွက် ထိရောက်တာ တွေ့ရတယ်။ T cells ဆိုတာ T lymphocytes သွေးဖြူဥတမျိုးဖြစ်တယ်။ အပြည့်အစုံ ဘာသာမပြန်တော့ပါ။ ကင်ဆာလ

Japan population: One in 10 people now aged 80 or older

Image
ဂျပန်မှာ လူ ၁၀ ယောက်ရှိတိုင်း အသက် ၈၀ ကျော် ၁ ယောက်ရှိပါသတဲ့။ ကနေ့ထွက် ကျန်းမာရေးသတင်းက ဆိုပါတယ်။ မြန်မာပြည်မှာတော့ သုတေသနမရှိ၊ လေ့လာမှုတွေ မလုပ်နိုင်သေးတော့ ကိန်းဂဏန်းအမှန်တွေ မရနိုင်။ ဖေ့စ်ဘွတ်ပရိုဖိုင်းတွေကို ဆန်းစစ်ရင်လည်း အမှားတွေသာရမယ်။  ကိုယ်နေတဲ့လမ်း၊ ရပ်ကွက်တခုစာလောက် စာရင်းကောက်ကြရင် တချို့က သုည၊ တချို့က ဇီးရိုး။ တဦးတွေ့တာ နည်းပါးမည်ဟု ထင်ပါသည်။ ရှိရှိသမျှ နေကောင်းကြပါစေ။ လူအိုတွေက ဘာအသုံးကျသလဲ ဂျပန်မှာ အဖြေတမျိုး ပေးကြမည်။ တရုပ်နဲ့ ကိုရီးယားမှာလည်း ခပ်ဆင်ဆင်အဖြေမျိုး ရနိုင်သည်။ ရောင်းကုန်နဲ့ အမြတ်အစွန်းကိုသာ အဓိကထားတဲ့ ဈေးကွက်စီးပွါးရေးနိုင်ငံ အမေရိကန်မှာ ဈေးကွက်စီးပွါးရေးနိုင်ငံအတူဖြစ်တဲ့ ဂျပန်လို ဖြေကြမည် မဟုတ်ပါ။ မြန်မာပြည်က ဘယ်လိုဖြေကြမလဲ။ တယောက် တမျိုးဖြစ်နိုင်သည်။ ၂၀၁၈ ခုနှစ်ကအလည်ပြန်တော့ မုံရွာ ဘိုးဘွားရိပ်သာကို ရောက်ပါသည်။ သမိုင်းမေဂျာတက်စဉ်က လေးနှစ်လုံးလုံး တခန်းတည်းနေခဲ့သူကို ဒေါ်မြမြအေးက သွားတွေ့တာ။ ဘယ်သူတွေက ဘယ်လိုဖြေဖြေ မြန်မာ့လူအိုတွေအကုန် အိုကံကောင်းကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

DNA testing မျိုးဗီဇစမ်းခြင်း

Image
၂၀၁၁ ကတည်းက ရေးထာတာ။ ၁။ DNA စစ်ချက်ဆိုတာ ဘာကို ခေါ်ပါသလဲခင်ဗျာ။ ၂။ အဖေအမေ စစ်-မစစ် ဘယ်လို စမ်းသပ်လို့ ရနိုင်သလဲခင်ဗျာ။ ၃။ ပြည်ပရောက် သူငယ်ချင်းတယောက်အတွက် အားကိုးတကြီးနဲ့ သိချင်တာလေးကို မေးပါရစေ။ သူ့အဖြစ်က သံသယရှိစရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့သော ( - ) ရက်နေ့မှာ ရန်ကုန်ပြန်ပြီး သူ့ရဲ့ချစ်သူနဲ့ လက်ထပ်ပါတယ်။ အဲဒီနေ့ကစပြီး အတူတူစနေကြပါတယ်။ သူ့ဇနီးမှာ က်ိုယ်ဝန်ချက်ချင်းရပြီး ( - ) ရက်မှာ သမီးလေး ဖွားပါတယ်။ မိခင်ရောကလေးပါ ကျန်းမာပါတယ်။ အချိန်အားဖြင့် တွက်ကြည့်ရင် ခြောက်လကျော်လေးမှာ မွေးတယ်ဆိုတော့ သူတော်တော်လေး ဝမ်းနဲဝမ်းသာဖြစ်နေပါတယ်ဆရာ။ ဒါကြောင့် အဓိကသိချင်တာက မိန်းမတယောက် ကိုယ်ဝန်ရပြီးရ င်အစောဆုံး ဘယ်အချိန်လောက်မှာ မွေးတတ်ပါသလဲဆရာ။ နောက်တခုက ကိုယ့်ရဲ့ရင်သွေး ဟုတ်မဟုတ် မြန်မာပြည်မှာ စစ်ဆေးရတာ လွယ်သလား၊ ဘယ်လိုစစ်ရပါသလဲ သိချင်ပါတယ်ဆရာ။ ၄။ ဒေါက်တာတင်ဖူးတဲ့ d.n.a နဲ့ပတ်သတ်(ပတ်သက်)တဲ့ ပိုစ့်တစ်ခု(တခု)ဖတ်လိုက်ရပါတယ်ဒေါက်တာ ဒေါက်တာတင်ထားတဲ့အကြောင်းအရာကသွေးအုပ်စုချင်းတူရင် d.n.a စစ်ကြည့်ပြီးသားသမီးဟုတ်မဟုတ်သိရှိနိူင်တယ်လို့တင်ထားတာပါဒေါက်တာ သူငယ်ချင်းတစ်ယောက်(တယောက်)ကသိချင်လို့မေးပေးတာပါဒေါက်

Albumin – Creatinine – Sodium – low နည်း

Image
လေးစားရပါသောဆရာ ကျမအမေ ရဲ့သွေးစစ်ချက်တွေကိုပို့ပေးလိုက်ပါတယ်။ ဘာရောဂါမှမရှိဘူး အသားဓာတ်လျှေ့ာတယ်လို့ပြောပါတယ်။ အမေက အိပ်ရာမှာ လှဲနေတာ ခြောက်လလောက်ရှိပါပြီ။ ဘာဆေးတွေတိုက်ရင်ကောင်းပါသလဲ ကျေးဇူးပြုပြီးကူညီပေးပါဆရာ အစဥ်လေးစားလျှက်(လျက်) Albumin – low နည်း Creatinine – low နည်း Sodium – low နည်း Albumin ဟာ ပုံမှန် 3.4 to 5.4 g/dL ရှိရမယ်။ Malnutrition ခေါ်အာဟာရမပြည့်ဝရင် နည်းမယ်။ liver disease အသည်းရောဂါ၊ kidney disease ကျောက်ကပ်ရောဂါနဲ့ inflammatory disease ရောင်ရမ်းရောဂါ တခုခုရှိရင်လည်း နည်းမယ်။  Low creatinine နည်းတာကို ခန္ဓာကိုယ်သေးသူတွေ၊ ကိုယ်အလေးချိန်နည်းသူတွေမှာ တွေ့ရတတ်တယ်။ chronic kidney disease နာတာရှည်ကျောက်ကပ်မကောင်းသူ၊  reduced kidney function ကျောက်ကပ်အလုပ်နည်းသူတွေနဲ့ အာဟာရချို့တဲ့သူတွေမှာလည်း နည်းမယ်။ muscular dystrophy, or by aging အသက်ကြီးသူတွေမှာ ကြွက်သားတွေကျုံလှီလို့လည်း နည်းမယ်။ Pregnancy ကိုယ်ဝန်ဆောင်နေစဉ်များလည်း နည်းနိုင်တယ်။ low sodium level (hyponatremia) ဆိုးဒီယမ်နည်းတာကို kidney failure ကျောက်ကပ်အလုပ်မနိုင်သူ၊ heart failure နှလုံးအလုပ်မနိုင်သူ၊ cirrhosis အသည်းခြ

Darzalex side effects ကင်ဆာဆေး၏ ဘေးထွက်သက်ရောက်မှုများ

Image
ရိုးတွင်းခြင်ဆီ ကင်ဆာအတွက် darzalaex ဆေး ထိုးဖူးတဲ့ သူများ ရှိမလားရှင့်။ အဖေက အသက် ၇၀ ကျော် ဆိုတော့ ဆေးဒဏ် မခံနိုင်မှာ စိတ်ပူလို့ပါ။ ပြီးတော့ ရန်ကုန်မှာ ရိုးတွင်းခြင်ဆီကင်ဆာအတွက် ကောင်းတဲ့ဆရာဝန် ရှိရင် လမ်းညွန်ပေးပါရှင်။ Darzalex side effects ကင်ဆာဆေး၏ ဘေးထွက်သက်ရောက်မှုများ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖြေပါမယ်။  • cold-like symptoms (upper respiratory infection) အအေးမိသလို၊ • diarrhea ဝမ်းပျက်၊ • constipation ဝမ်းချုပ်၊ • decreased red blood cells သွေးနီဥထိခိုက်၊ • nerve damage causing tingling, numbness, or pain အာရုံကြောထိခိုက် (ထုံ၊ ကျဉ်၊ နာ)၊ • tiredness မောပန်း၊ • swollen hands, ankles, or feet ခြေလက်ရောင်၊ • nausea ပျို့၊ • cough ချောင်းဆိုး၊ • fever ကိုယ်ပူ၊ • shortness of breath အသက်ရှူမဝ၊ • feeling weak အားနည်း။ ယာယီသာဖြစ်မယ်။ ရက်အနည်ငယ်ကြာနိုင်။ တချို့ခံစားရတာတွေက ပိုကြာနိုင်။ ဒေါက်တာတင့်ဆွေ

Chemo and White Blood Cell ခီမိုသာရာပီ နှင့် သွေးဖြူဥ

Image
- ကင်ဆာသမား သွေးဖြူဥ မကျအောင်ဘာတွေစားပေးရလဲ သိရင်ဖြေပေးကြပါအုံး ကီမိုသွင်းရင်းနဲ့ ၈ကြိမ်နဲ့ ၉ကြိမ်မြောက်မှာ သွေးဖြူဥ ကျလို့ပါ ဆရာဝန်ကို မေးတာတော့ မဟုတ်။ ကင်ဆာနေရာတခုမှာ တွေ့တာ။ အဲလိုမေးတာမျိုး မကြာခဏ တွေ့တယ်။ - လူနာကကင်ဆာ အဆင့် ၄ ကီမိုဆေးမသွင်းခင် WBC က 8-10 ကြားရှိတယ် ပထမအကြိမ်ဆေးသွင်းပီး(ပြီး) တပါတ်လောက်မှာ 7 အောက်နဲဲနဲရောက် ဒုတိယအကြိမ်သွင်းဖို့ သွေးပြန်စစ်တော့ 4.37 ဘဲရှိလို့ ဆရာဝန်က မသွင်းပေးဘူး(သွင်းမပေးဘူး) ၃ရက်ဆေးသောက်ပီး(ပြီး) ပြန်စစ်တော့လဲ 4.76 နဲနဲဘဲ တက်လာတယ် ဆေးတော့သွင်းဖြစ်လိုက်တယ် သွေးဖြူဥ နဲရင်ဆေးသွင်းရင်မူးတာအန်တာဖြစ်လို့လား မေးကြည့်‌‌တာမဟုတ်ဘူးတဲ့ ပိုပီး(ပြီး)နဲသွားတတ်လို့ ကိုယ်ခံအားပါနဲပီး(ပြီး) ရောဂါဖြစ်လွယ်လို့တဲ့ သွေးဖြူဥ အားကောင်းအောင်ဘာဖြည့်စွက်စာစားရမလဲသိချင်ပါတယ် လူနာက ၄၁နှစ် အစားအရမ်းစားနိုင်ပါတယ် အားကဘာလို့မပြည့်တာလဲ မသိဘူးနော ဆေးသွင်းရင်လဲလက်ကအေးစက်ပီး(ပြီး) ထုံကျဥ်လေးလံသွားတယ် လက်တွေပါအကြောကပ်ချင်တယ် အဲလိုဖြစ်တဲ့သူရှိလား ရှိရင်ဘာလုပ်ရလဲ မျှဝေပေးပါအုံးနော ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မက်စင်ဂျာ ဖတ်ပါရန်။ 1. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https:/

Biopsy ဘိုင်အော့ပ်စီ စစ်ခြင်း

Image
ရင်သားကအကြိတ်(အကျိတ်) အသားစစစ်တာ ဘယ်လောက်ကြ(ကျ)လည်း သိချင်လို့ပါခင်ဗျ နောက်ပြီး အသားစစ်မှ ဘာဖြစ်မှန်းသိတာလား သိချင်လို့ပါ ဘိုင်အိုစီစစ်မှသိတာပါ ဆေးခန်းနေရာနမူတည်ပါတယ် ခန်းမှန်းတော့ တသိန်းကျော်ကြ(ကျ)ပါတယ်ခဗျ ကျွန်တော်က တခါမှမလုပ်ဖူးလို့အကို အသားစကို ပြန်စစ်တာလား ဘိုင်အိုစီစစ်က ကျမအဖေတော့ လည်းပင်း အသားစစစ်တာ သုံးသောင်း ပေးရပါတယ် ပြည်သူ့ဆေးရုံ မှပါ ၆၀၀၀၀ လောက်ကုန်မည် အဖြေသိမှဆေးကုလို့ရမည် တယောက်ကမေးတာကို သိသူတွေက ဖြေထားတယ်။ ကျွန်တော်ကတော့ ပြည်တွင်းက ကုန်ကျစရိတ် မသိပါ။ ဆောရီး။ Ultrasound-guided breast biopsy ဘိုင်အော့ပ်စီ စစ်ခြင်း ယူအက်စ်အေမှာ ပျမ်းမျှ $2,535 ကုန်ကျတယ်။ ကယ်လီဖိုးနီးယားမှာ $2,800 ကနေ $3,170 အထိကုန်ကျတယ်။ သူတို့ဆီမှာ ကျန်းမာရေးအာမခံစနစ်ရှိတယ်။ အာမခံထားသူတွေအတွက် ကုမ္ပဏီကနေပေးတယ်။ ကျန်းမာရေးအာမခံကုမ္ပဏီက အပြည့်ပေးတာ၊ မပေးတာလည်း ရှိတယ်။ မတူကြပါ။ ဒေါက်တာတင့်ဆွေ

အေစီဆိုင်နဲ့ ရန်ဖြစ်ထားသူများသို့

Image
အဲကွန်းနဲ့မှအိပ်တတ်သူများသို့ ဘလာ ဘလာ ဘလာ။ မဟုတ်ပါ။ အိမ်တိုင်းမှာ အပူပေးစက်၊ အအေးပေးစက်တွေ ၂၄ နာရီ၊ ၃၆၅ ရက် တပ်ထားကြရတဲ့တိုင်းပြည်တွေမှာ စာထဲပါရောဂါတွေ ပိုမဖြစ်ကြပါ။ အေစီနဲ့ မဆိုင်ပါ။ လေဖြတ် လေဖြန်း ဆီးချိုသွေးချို အသည်းအဆီဖုံး အဲဒီရောဂါတခုစီမှာ ဖြစ်စေနိုင်တဲ့အကြောင်းခံတွေ မတူကြပါ။ ရေကိုလည်း ထိုင်မသောက်ရ၊ ထမသောက်ရ။ ရေသန့်က ဘာညာ၊ ခေါင်းလျှော်ရင် ဘာဖြစ်၊ လူတွေတသက်လုံးစားသောက်လာတဲ့ အစားအစာတွေက ကင်ဆာနဲ့မတည့် ဘလာဘလာဘလာ။ မမှန်တဲ့ ပညာပေးစာ၊ ဓါတ်ပုံ၊ ဗီဒီယို၊ သတင်း၊ သီချင်း၊ တရားတွေကို လူတွေက ပိုကြိုက်နေကြတယ်။ တွေးခေါ်စဉ်းစားမှုမှားနေတာတွေကို ပြင်ကြပါ။ ဒေါက်တာတင့်ဆွေ

ကျွန်တော် နွားကျောင်းသား

Image
• တချို့လူတွေက အတော်ဂွကျတယ် • မေးတုန်းကတော့ မေးချလိုက်တာပဲ ဖြေထားတာကို တချို့ကသာ ဖတ်ကြတယ်။ • တချို့က ပို့စ်အောက်မှာ မေးတယ်။ ဖြေရင် လာဖတ်မယ်မထင်။ ပို့စ်တွေက အခုမြင် အခုပျောက်။ • တချို့က မေးချင်ရာမေးတယ်။ • ဖြေရတာက သုတေသနစာတွေဖတ် ဘာသာပြန်ရေးရတာမျိုး။ • အတွေ့အကြုံကိုပါ တခါတခါထည့်ရေးတာလည်း ရှိတတ်တယ်။ • ကိုဗစ်ဆိုရင် ဆေးသုတေသနမလုပ်တာတွေ တော်မေးကြတယ်။ မြန်မာပြည်မှာဖြစ်နေတာကလည်း တယောက်တမျိုး။ တနေရာတမျိုး။ အာဏာရှိသူတမျိုးဆိုလမ်းညွှန် တမျိုး။ ကာကွယ်ဆေး ၂ မျိုး ၃ မျိုး။ • အရေးတကြီး အမြန်လို့ မေးပြီး လာမဖတ်သူ မနည်းပါ။ • ဖတ်ပြီး သက်သာတယ်။ ပိုဆိုးတယ် ပြန်ပြောသူက ၅% လောက်သာရှိတယ်။ အမေး မဟော်သဓာ၊ အဖြေ နွားကျောင်းသား။ ကျွန်တော် နွားကျောင်းသား။ ကောင်းဘွိုင်တော့ မဟုတ်။ ဒေါက်တာတင့်ဆွေ ၂၆-၉-၂၀၂၂

ခေါင်းလျှော်တဲ့ တရော်

Image
ခေါင်းလျှော်တဲ့ တရော် ပို့စ်တွေမှာ ဖတ်ရတယ်။ ပြောကျိလေတဲ့။ ကွန်မင့်မှာလည်း ရေးလာတယ်။ ပြောကျိတာတဲ့။ ပြောကြည့်လေ၊ ပြောကြည့်တာဆိုတာ မသေမချာ မရေမရာတာကို ပြောစေတာ၊ ပြောနေတာသာဖြစ်တယ်။ ဒီခေတ်မှာ ခိုင်မာတိကျတာတွေရှာလို့ မခက်ပါ။ အမှားတွေ အလွဲတွေကတော့ ရှာနေစရာမလိုပါ။  ငယ်ငယ်က သူငယ်ချင်းတွေ နောက်ပြောင်ကြတဲ့စကားတခုရှိတယ်။ ကြည့်ချင် တရော် -င်ကြားညှပ်တဲ့။ (ကန်တော့)။  တရော်ဆိုတာ ခေါင်းလျှော်ရာမှာ ကင်ပွန်းသီးနဲ့တွဲ သုံးတယ်။ ချွဲကျိတယ်။  ဒီတရော်တွေက ရှမ်းပြည်ကလာတယ်။ အသင့်ထုထားပြီးသား ၊ တရော်ကင်ပွန်း ခေါင်းလျှော်ရည်လုပ်ဖို့ပါ။ တရော်ပင်ရဲ့ မျိုးစုအမည်က Grewia ဖြစ်ပြီး Malvaceae မျိုးရင်းထဲမှာပါတယ်။ ဘုရားအပြန်လက်ဆောင်ဝယ်ကြတဲ့ အမှတ်တရ ဒေသထွက်ကုန်တမျိုးပါဘဲ။ (Kothet Naing Oo) တရော်ကိုတော့ စသတ်နဲ့မရေဒလောက်ကြသေလို့ထင်ပါတယ်။ ပုံ = တရော် အရိုင်းပင်  ဒေါက်တာတင့်ဆွေ

Cancer ကင်ဆာမှန်သမျှ

Image
ဆရာ ကျနော့်အမေ ကင်ဆာ အဆင့် ၃လို့ပြောပါတယ် ဆရာဝန်က ဆေး၁၇ကြိမ် သွင်းရမယ်ပြောပါတယ် ဆေးသွင်းရင်ရော အကျိူးသက်ရောက်မှူ များစွာရှိပါသလား သိချင်လို့ပါဆရာ ဘာကင်ဆာလဲ မသိ။ ကင်ဆာမှန်သမျှ - ၁။ စောစော သိ၊ ၂။ စနစ်တကျ ကုသ၊ ၃။ ပြန်ပြချိန်မှာ ပြန်ပြရမယ်။ ၄။ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ပါဆိုတာကလွဲရင် လူနာတသက်လုံးစားသောက်လာတာအကုန် စားသောက်နိုင်။ ၅။ ထမင်း တနေ့ ၂ နပ်စားနေသူ ဖြည့်စွက်စာတွေ ဓါတ်စာတွေအတွက် ပိုက်ဆံအပိုကုန်ရန် မလို။ ဒေါက်တာတင့်ဆွေ

Osteochondritis အရိုးနုရောင်ခြင်း

Image
ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဘယ်ဘက်နံရိုးအောက်ဆုံးနာက နာလို့ ရပ်ကွက်ဆေးခန်းက ဆရာဝန်ပြတော့ နံရိုးရောင်တာလို့ပြောပါတယ်၊  အဲဒီနေရာက တခါတခါစစ်ခနဲ စစ်ခနဲ နာပါတယ်ဆရာ၊ အဲဒါ ဘယ်အပိုင်းနဲ့သက်ဆိုင်တဲ့ဆရာဝန်နှင့်ပြရမလဲမသိလို့ ပြောပြပေးပါရှင့်၊ ဆရာဝန်ပြတာကိုတော့ မဖြေတတ်ပါ။ ဆောရီး။ ကျမအမျိုးသားတုန်းက အစာမြိုရခက်လို့ နားနှခေါင်းအထူးကုပြ‌ေတာ့ သူကစစ်ပြီး သူနဲ့ပတ်သက်တာဘာမှမဖြစ်ဘူဘဲပြောတယ် ဘာမှလဲဆက်မပြော၊ နောက်GP special list တယောက်‌ေတာ့လဲ‌ေသချာမ‌ေပြာနဲ့ ကင်ဆာသိတာနောက်ကျမှသိပြီး ဆုံးသွားလို့မေးမိတာပါဆရာ၊ ဖြေပေးတာကျေးဇူးပါဆရာ (၁) အရိုးနုရောင်ခြင်း အဆစ်နေရာ နာမယ်။ ရောင်မယ်။  ကုသနည်းများ Observation and Activity Changes မခွဲစိတ်ဘဲ လှုပ်ရှားမှုများ ထိန်းခြင်း အသက်မကြီးသေးသူတွေအတွက် ပိုအဆင်ပြေတယ်။ ဖြစ်တဲ့နေရာကို အတတ်နိုင်ဆုံး လှုပ်ရှားမှုနည်းပါစေ။ အထောက်အကူ ပလာစတာ၊ စပလင့်၊ ချိုင်းထောက် လိုတာ သုံးရမယ်။ အနာသက်သာဆေးတမျိုးမျိုးလိုမယ်။ ၂ လကနေ ၄ လနေရင်သက်သာပျောက်ကင်းနိုင်တယ်။ Surgical Treatment ခွဲစိတ်ကုသနည်း မခွဲစိတ်ဘဲ လှုပ်ရှားမှုများ ထိန်းနည်းနဲ့ မရသူတွေအတွက် ဖြစ်တယ်။ ခွဲစိတ်နည်း အမျိုးမျိုးရှိတယ်။ မကောင်းတဲ့နေ

Throat Cancer ကင်ဆာအမျိုးမျိုးစာတွေ အများကြီးတင်ပြထားပါတယ်

Image
Thae Hsu Yati လည်ပင်းကင်ဆာအကြိတ် အကြောင်းသိတဲ့သူရှိရင်ပြောပြပါလားရှင့် အသိအန်တီတစ်ယောက်(တယောက်) ဖြစ်နေလို့ပါ အသက်အန္တရာယ်အရမ်းစိုးရိမ်ရလားရှင့် ရောဂါအမည်ကို ဆေးစစ်ချက်မှာ ပါတဲ့အတိုင်း မေးသင့် Tint Swe လည်ချောင်းကင်ဆာအကြိတ်ပါရှင့် ရောဂါအမည်ကို ဆေးစစ်ချက်မှာ ရောဂါအမည်ကို ဆေးစစ်ချက်မှာ မြန်မာလို မရေးပါ။ မပြောလိုက ဘလော့မှာ ရှာဖတ်ပါရန်။ Li Caifang ဆရာရှင့် လည်ချောင်းကင်ဆာအဆင့် ၃ ဆို ကုသလို့ပျောက်ကင်းနိုင်ပါသလားရှင့် ရောဂါအမည်ကို ဆေးစစ်ချက်မှာ ရောဂါအမည်ကို ဆေးစစ်ချက်မှာ မြန်မာလို မရေးပါ။ မပြောလိုက ဘလော့မှာ ရှာဖတ်ပါရန်။ ကင်ဆာအမျိုးမျိုးစာတွေ အများကြီးတင်ပြထားပါတယ်။ ရှာလို့လည်း လွယ်တယ်။  ရောဂါအမည်ကို မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်ဖြစ်ဖြစ် စာရေးတာ တလုံးလွဲရင် ရောဂါမှားတယ်။ ဆေးမှားတယ်။ ဒေါက်တာတင့်ဆွေ

Medicines ဆေးတွေအကြောင်း

Image
ဆေးတမျိုးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ မတူကြပါ။ တခြားကင်ဆာတွေအတွက်လည်း အလာတူ ဆေးအမျိုးမျိုးရှိတယ်။ ဆေးအမျိုးအမည်တူပေမဲ့ လူနာတွေက မတူကြလို့ ခံစားရတာ ဆိုးတာ မဆိုးတာ မတူတတ်ပါ။ ထုတ်တဲ့နိုင်ငံအလိုက် ထိရောက်မှုကွာပါသလားရှင့် ဆေးတွေအကြောင်း အများကြီးရေးထားတယ်။ ဒီအဖြေစာမှာတော့ တိုတိုလေးသာ ရေးပါမယ်။ ဆေးအမည်က ၂ မျိုးရှိတယ်။ မူရင်းအမည်နဲ့ ရောင်းကုန်အမည်။ ဆေးကုမ္ပဏီတခုက အမည်တမျိုး ပေးကြတယ်။ ဆေးအမည်ရင်းက အရေးကြီးတယ်။ ဆေးအမည်၊ ရောဂါအမည်တွေကို အင်္ဂလိပ်စာလုံးနဲ့သာ ရေးပါတယ်။ တလုံးတလေ ကွဲလွဲလို့ မရပါ။ ကနေ့ခေတ်မြန်မာစာကို ရေးချင်သလိုရေးနေကြတော့ ရောဂါလည်းမှား၊ ဆေးလည်းမှားမယ်။ ဆေးအလေးချိန် အရေးကြီးတယ်။ ဆေးအမည်ရင်းတူ၊ ဆေးအလေးချိန်တူရင် ဆေးအာနိသင် တူတယ်။ ဆေးထုတ်တဲ့နိုင်ငံ အရေးကြီးပြန်တယ်။ တိုးတက်ချမ်းသာတဲ့နိုင်ငံတွေက ထုတ်တဲ့ဆေးတွေက စိတ်ချရတယ်။ ဥပဒေစည်းကမ်းတွေနဲ့အညီသာ ထုတ်လုပ်၊ ရောင်းချကြရလို့ဖြစ်တယ်။ မှားရင် လျှော်ကြေး နင့်ကနည်း ပေးရတယ်။ ချွင်းခက်တချို့လည်း ရှိတယ်။ ဥပမာ ကိုဗစ်ကာကွယ်ဆေးကို အသင့်အတင့်သာတိုးတက်တဲ့နိုင်ငံတွေကို ထုတ်လုပ်ခွင့်ပေးတယ်။ အသည်းရောင်စီ ဆေးက အတော်ကို သိသိသာသာ ဈေးနှုန်းကွာခြားတယ

Taxol (Paclitaxel) တက်ဆောကို မသိပါ

Image
၁။ ခီမို ‌က ထုတ်လုပ်တဲ့နိုင်ငံ အလိုက်ဈေးကွာခြားနေတာ ဈေးများတာနဲ့ ဈေးနည်းတာ ထိရောက်မှုကွာခြားနိုင်လား ဈေးများတဲ့ဆေးသွင်းရင် Side effect ရော ပိုနည်းနိုင်လားခင်ဗျ  သွင်းရမှာက Carbo Taxol ပါ အကြံပေးကြပါဦးခင်ဗျာ ၂။ ဆရာရှင့် ကီမို နဲ့ တတ်ဆော ဆေးဒဏ်ခံရတာခြင်း တူပါသလားရှင့် ရင်သားကင်ဆာအတွက်သုံးတဲံ့ခီမိုဆေးတွေက အမျိုးမျိုးရှိတယ်။  Chemotherapy drugs used for breast cancer Anthracyclines, such as doxorubicin (Adriamycin) and epirubicin (Ellence) Taxanes, such as paclitaxel (Taxol) and docetaxel (Taxotere) 5-fluorouracil (5-FU) or capecitabine (Xeloda) Cyclophosphamide (Cytoxan) Carboplatin (Paraplatin) ဆေးတမျိုးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ မတူကြပါ။ တခြားကင်ဆာတွေအတွက်လည်း အလာတူ ဆေးအမျိုးမျိုးရှိတယ်။ ဆေးအမျိုးအမည်တူပေမဲ့ လူနာတွေက မတူကြလို့ ခံစားရတာ ဆိုးတာ မဆိုးတာ မတူတတ်ပါ။ တက်ဆောကို မသိပါ။ ဆောရီး။  ဒေါက်တာတင့်ဆွေ

Cystitis ဆီးအိမ်ရောင်ခြင်း

Image
ကျေးဇူးပါ ဆရာရှင့် ဆရာရေးပြထားတဲ့ဆေးတွေကို တနှစ်ပတ်လုံးဆရာတွေတိုက်ကြပါတယ် ကျမကမသက်သာခဲ့တာပါ ၆လပိုင်း ၁၁နေ့က ဆီးအိမ်မှန်ပြောင်း ကြည့်တုန်းကတောင် ယနေ့လောက်မယောင်(ရောင်)ပါ ယခုကပိုယောင်(ရောင်)လာတာပါတဲ့ဆရာရှင့် ဆီးအိမ်ကင်ဆာ ကဆီးအိမ်မှာ အရမ်းယောင်(ရောင်)နေရင်ရော ဖြစ်တာလားဆရာရှင့် အကျိတ်အဖုတော့မရှိပါတဲ့ ၆လပိုင်းကြည့်တုန်းကအဖြေပါ ယခုအဖြေပါ Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://dr-tint-swe.blogspot.com/2021/01/women-and-urinary-tract.html Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ https://dr-tint-swe.blogspot.com/2021/06/honeymoon-cystitis.html ၁။ ပိုးဆေးတမျိုးမျိုးကို ဆေးပတ်စေ့အောင်သောက်ရမယ်။ ၂။ မရသေး နောက်တမျိုးကိုပြောင်းပြီး ဆေးပတ်စေ့အောင် သောက်ရမယ်။ ၃။ ဆီးအက်စစ်ဓါတ်နည်းအောင်လုပ်ရမယ်။ ၄။ တကိုယ်ရေသန့်ရှင်းရေး နေ့စဉ်လိုတယ်။ Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း https://dr-tint-swe.blogspot.com/2021/05/acidic-urine.html Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/05/personal-hygiene-for-women.html ဒေါက်တာတ

Trephine Biopsy ဆိုတာ

Image
Trephine biopsy က ဘာရောဂါလဲရှင့်ဖြေပေးကျ(ကြ) ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သိတဲ့သူတယောက်က ဖြေပေးထားတယ်။ HeinWai MinnHtet ရောဂါနာမည်မဟုတ်ဘူး။ Trephine Needle လို့ခေါ်တဲ့ အပ်အမာနဲ့ တွင်းတူးပြီး Biopsyယူတာကိုပြောတာပါ။ ရိုးတွင်းခြင်ဆီ အရည်ရော အဖတ်ပါ တစ်ခါတည်းယူလို့ရပါတယ်။ trephine biopsy ဆိုတာ ရောဂါအမည် မဟုတ်ပါ။ ဆေးစစ်နည်းတခု ဖြစ်တယ်။ bone marrow ရိုးတွင်းခြင်ဆီကို စစ်တယ်။ granulomatous diseases ခေါ် sarcoidosis, tuberculosis, cryptococcosis, or histoplasmosis ရောဂါ ဟုတ်မဟုတ် စစ်တာဖြစ်တယ်။ ရိုးတွင်းခြင်ဆီကို အပ်နဲ့ထုတ်ယူပြီး ဓါတ်ခွဲခန်း ပို့တယ်။ ဒေါက်တာတင့်ဆွေ

Accessory Navicular Type 1 အရိုးရောဂါတမျိုး

Image
မင်္ဂလာပါဆရာ ကျွန်မ အသက် ၃၃ နှစ်၊ အိမ်ထောင်ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က Workout လုပ်ရင်းနဲ့ ခြေထောက်နာသွားလို့ ဆေးခန်းပြရပါတယ် ဆရာ။ ဆရာဝန်က Muscle Pain ဖြစ်တယ်လို့ခန့်မှန်းပြီး သေချာအောင် ဓာတ်မှန်ရိုက်ခိုင်းတာကြောင့် ဓာတ်မှန်ရိုက်ခဲ့ပါတယ်ဆရာ အဖြေ report မှာ အရိုးကြိုး (ကျိုး) အက်တာ ဘာမှမရှိဘူးလို့ပြောပါတယ်။ အဖြေ Report မှာ Note အနေနဲ့  Accessory Navicular Type 1 လို့ ရေးထားလို့ပါဆရာ။ Accessory Navicular Type 1 အကြောင်းနားလည်ချင်လို့ ရှင်းပြပေးစေချင်ပါတယ်ရှင်  There are three types of accessory naviculars: Type I is an ossicle in the substance of the posterior tibial tendon; Type II forms a synchondrosis with the navicular; and Type III, "the cornuate navicular," represents the possible end stage of Type II. Accessory navicular type I is a small, round, or oval-shaped accessory ossicle unattached to the navicular bone. It is almost always asymptomatic and can be found on the plantar aspect of the tibialis posterior tendon at the level of the inferior calcaneonavicular liga

Liver Cancer Staging အသည်းကင်ဆာ အဆင့်သတ်မှတ်ခြင်းများ

Image
ကျွန်မ မေမေကသားအိမ်ကင်ဆာဖြစ်တာပါ ၆၂ မှာ ရာသီသွေးဆင်းလို့ဆရာဝန်ပြတော့ သားအိမ် ထုတ်လိုက်ပါတယ် အသဲရောင် C ပိုးလဲရှိပါတယ်ရှင့် သားအိမ် အသားစ စစ်တော့ ကင်ဆာလို့ပြောပါတယ် အဆင့်ဘယ်လောက်လို့တော့မပြောလို့ပါ အဲ့ဒါအဆင့်သက်မှတ်ချက်က ဘယ်လိုပါလဲရှင့် ဘယ်အရာကြည့်ပီး(ပြီး) ၁,၂ သတ်မှတ်တာပါလဲ ၂၇ ရက်နေ့ အသဲစစ်ပြီး ဆေး ၆ ကြိမ်သွင်းရမှာ ပီး(ပြီး)ရင် ဓာတ်ရောင်ခြည်ကုရမှာပါရှင့် ဘယ်လိုတွေ အမေကိုပြုစုသင့်ပြီး ဘာအစားစာတွေ ကျွေးသင့်ပါသလဲ အမေကနကိုယ်(နဂို) ကိုယ်ခံအားနည်းတော့ စိတ်ပူလို့ပါရှင့် သိသမျှလေးဝေမျှပေးပါအုံးနော် Liver Cancer Staging အသည်းကင်ဆာ အဆင့်သတ်မှတ်ခြင်းများ ရှုပ်ထွေးတယ်။ အသည်းအထူးကုဆရာဝန်တွေသာ သိရန်လိုအပ်တယ်။ ဘာသာမပြန်တော့ပါ။ အဆင့်ထက် စနစ်တကျကုသရေးက အရေးကြီးတယ်။ လိုအပ်ရင် ကုသပေးနေတဲ့ဆရာဝန်က ပြောပါမယ်။ ကင်ဆာနေရာတွေမှာ - 1. ကင်ဆာ State Level Grade ဆိုပြီး ခပ်ပေါ့ပေါ့လေး ထမင်းစားရေသောက် ရေးနေ မေးနကြတယ်။  2. ကင်ဆာဆိုတာနဲ့ စားစရာနဲ့ ရှောင်စရာကိုသာ ဦးစားပေးမေးနေကြတယ်။ ကုသနည်း သိမသိလိုကြ။  3. ဘာတွေစစ်ရမလဲ မေးကြတယ်။ စစ်တာနဲ့ ကုသတာ မတူ။ ဒေါက်တာတင့်ဆွေ

မနေ့ကနဲ့ အတူ ယနေ့မတူ မထူးပြီ

Image
ပြည်တွင်းက ကျန်းမာရေးမှူးတဦးက သူ့လူနာတယောက်ကို ဆေးသွားကုပေးရတဲ့အတွေ့အကြုံတခု ရေးပါတယ်။ လူနာ့ဆီသွားရတဲ့ ရွံ့တွေရေတွေနဲ့ လမ်းပုံလည်း ပါတယ်။ ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြု၊ သားဖွားဆရာမတွေဟာ လမ်းအမျိုးမျိုးကနေ သွားလာကြရပါတယ်။ ကဗျာဆရာတွေကတော့ ခယောင်းတော၊ ဆူးခင်းသောလမ်း၊ ဘာညာရေးကြတာပေါ့။ ကျွန်တော်ကိုယ်တိုင် ခြေလျင်၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုက်ကား၊ ဂျစ်ကား၊ ပစ်ကပ်ကား၊ ထွန်စက် စုံပါတယ်။ မိုးရွာ၊ နေပူ၊ ဖုံထူ၊ လေတိုက်၊ ညဉ့်နက်သန်ကောင်၊ လင်းအားကြီး၊ နေထန်းတဖျား၊ ၂၄ နာရီ။ တိုက်အိမ်၊ သစ်သားအိမ်၊ ကပ်မိုးကပ်ကာ၊ ထန်းလက်မိုး၊ ထန်းတဲ၊ သစ်ပင်အောက် စုံပါသည်။ ရောဂါတွေ ခြေစ ခေါင်းဆုံး စုံပါသည်။ ဆေးကုခလည်း ရပါသည်။ ပဲမျိုးစုံ၊ ထန်းလျက်မျိုးစုံ၊ နွားနို့၊ ထောပတ်၊ ချက်နို့ဆီ စုံပါသည်။ အသပြာ ၃ ကျပ်ကနေ စပါသည်။ ကျပ်တထောင်သာမက ရူးပီးတထောင်လည်း ရဘူးသည်။ စာရင်းချုပ်သော် လွန်ခဲ့တဲ့ အနှစ် ၃၀-၅၀ ကနေ ကနေ့အထိ ဆေးကုသူတွေနဲ့ လူနာတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ၊ လမ်းတွေမှာသာ ရုန်းကန်နေကြရဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့က အနာရောဂါတွေကိုသာ ကုသပေးနိုင်ကြပါသည်။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း

Image
(ကန်တော့) ၂၀၁၆ ခုနှစ်က ရေးထာတာ။ စာအဟောင်းတွေမှာ စာရိုက်အမှားတွေ ပါလေ့ရှိတယ်။ ဆောရီး။ အမှားတွေရင် ပြင်ပါမယ်။ ရင်သားမှာ ကင်ဆာဖြစ်လို့ တဖက်လုံး၊ နှစ်ဘက်လုံး ဖြတ်ထုတ်လိုက်ရသူတွေကို အမြင် အရင်လိုဖြစ်စေဘို့နဲ့ အထိအတွေ့ ကောင်းစေဘို့ရာ ရင်သားအသစ် ခွဲစိတ်ထည့်ပေးနိုင်တယ်။ Implants ရင်သားအတုထည့်တာကို Mastectomy ရင်သား ခွဲထုတ်ပြီး ချက်ချင်းလဲ လုပ်နိုင်တယ်။ တချို့ကို နောက်မှ အေးအေးဆေးဆေး လုပ်နိုင်တယ်။ အခုနောက်ပိုင်းမှာ ဖြစ်နိုင်ရင် ချက်ချင်း လုပ်ကြတယ်။ လူတိုင်းက လုပ်ဘို့ သင့်ကြတာတော့ မဟုတ်ပါ။ လုပ်မယ်ဆိုရင် Plastic surgeon (ပလပ်စ်တစ်) ခွဲစိတ်ဆရာဝန်၊ Breast surgeon ရင်သား-ခွဲစိတ်ဆရာဝန်၊ Oncologist ကင်ဆာ အထူးကုဆရာဝန်၊ Radiation oncologist ဓါတ်ရောင်ခြည်-ဆရာဝန်တွေနဲ့ တိုင်ပင်ရမယ်။ လုပ်ပြီးရင် မွေးရာပါ လိုတော့ ကောင်းမှာ မဟုတ်ပေမဲ့ အများကြီး စိတ်သက်သာရာရစေမှာ အမှန်ပါ။ အမြင်ကောင်းလာစေမယ်။ ကျေနပ်မှု တိုးတက်လာစေမယ်။ လူတောတိုးနိုင်လာမယ်။ Breast implants ရင်သားအတုထဲမှာ Saline ဆားရည်၊ ဒါမှမဟုတ် Silicone (စီလီကွန်) သုံးတယ်။ ဆာရည်နဲ့ဟာဖြစ်ဖြစ် Silicone (စီလီကွန်) ဖြစ်ဖြစ် Shell အကာကတော့ (စီလီကွန်) အမာစားဘဲ ဖြစ်တယ