Posts

Showing posts from November, 2022

Tramadol သို့မဟုတ် Gabapentin ဆေး

Image
ကင်ကင်တို့ရှင့် အခုက ဆေးတတိယအကြိမ်‌ေဆးသွင်းပြီး ခါးတခြမ်းမှာ ရေယုန်တွေပေါက်ပါတယ် အနာလုံးကသေးသေးလေးတွေပါ အစက မနာပါဘူး နှစ်ရက်လောက်မှ တအားနာလာတာ အနာလေး နည်းနည်းညှိုးတော့ ဆေးသွင်းရက်ရောက်လာလို့ ပြန်ပြတော့အာရုံကြောကြောက့် ပေါက်တဲ့ရေယုန်လို့ပြောတယ်ရှင် အဲ့နေ့ဆေးမသွင်းပေးပါရှင် ပြသနာကအခုသွားပိုးလည်းမရှိပဲ သွားတခြမ်းနဲ့ ခေါင်းတခြမ်းထိုးပြီးနာတာ အရမ်းကိုပါရှင်အဲဒါကအာရုံကြောကြောင့်ဖြစ်တာလားလို့ ထိုးလိုက်ပျောက်လိုက်နဲ့အခုကအကြောထိုးသလိုနာတာမခံစားနိုင် လို့ပါရှင် ဆရာမကြီးက ရေယုန်အတွက်ဆေးတနေ့ကို ၅ကြိမ်တစ်ပတ်(တပတ်) သောက်ခိုင်းထားတယ်ရှင် အခုက ရေယုန်က သက်သာပြီး သွားနဲ့ခေါင်းတခြမ်းကပိုဆိုးလို့ပါရှင် ဖြစ်ဖူးကြလာလို့ ကင်ကင်တို့ရောနာလွန်းလိုငိုချင် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ရှားရှားပါးပါး ကင်ဆာနေရာမှာ သတ်ပုံမှန်အောင်ရေးတယ်။ ကွန်ဂရက်ကျူလေးရှင်း ဖြစ်တဲ့သူ အသက် မသိ။ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ ရှင်းဂဲလ် လင့်ပါ ပို့မယ်။ သူက နာတယ်။ Herpes Simplex ရိုးရိုး ရေယုံ https://dr-tint-swe.blogspot.com/2021/01/herpes-simplex.html Herpes labialis နှုတ်ခမ်းရေယုံ https://dr-tint-swe.blogspot.com/2020/12/herpes-labialis.html

Malawi starts landmark malaria vaccination drive ငှက်ဖျားကာကွယ်ဆေး စတင်ထိုးပြီ

Image
အာဖရိကတိုက် မာလာဝီနိုင်ငံမှာ ပဌမဆုံးအကြိမ်အဖြစ် ငှက်ဖျားရောဂါ ကာကွယ်ဆေးထိုးနှံခြင်း စတင်လိုက်ပါတယ်။ RTS,S vaccine အမည်ပေးထားတဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ဆယ်စုနှစ် သုံးခုကျော်ကြာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ GSK pharmaceutical company ကနေ ထုတ်လုပ်တယ်။ စောစောပိုင်း လေ့လာမှုတွေအရ ၃၀% ကျော်ထိရောက်မှုရှိတာတွေ့ရတယ်။ ၅ လ ကနေ ၁၇ လ ကလေးတွေကို စမ်းသပ်တာ ဖြစ်တယ်။ မာလာဝီနိုင်ငံကတော့ သူ့တိုင်းပြည်မှာ ၂ နှစ်အတွင်း ငှက်ဖျားကြောင့် ကလေး ၂၅၀၀ သေဆုံးလို့ စတင်ထိုးပေးပါတယ်။ အာဖရိကတိုက်မှာ တကမာ္ဘလုံးငှက်ဖျားဖြစ်သူပေါင်းရဲ့ ၉၅% ဖြစ်နေုပြီး ၉၆% သေဆုံးနေပါတယ်။ အသက် ၅ နှစ်အောက်ကလေးက ၈၀% ပါဝင်တယ်။ ဒေါက်တာတင့်ဆွေ

Senna ပွေးကိုင်း

Image
(ကန်တော့) သဘာဝဝမ်းနှုတ်ဆေးဖြစ်တယ်။ အရင်က BPI ကလည်း ထုတ်တယ်။ အစာလမ်းကကြွက်သားလေးတွေကို နိုးဆွပေးနည်းနဲ့ ဝမ်းသွားစေတယ်။ ဝမ်းနှုတ်ဆေးတခုခုမသောက်မီ စားတဲ့အစာထဲမှာ ဖိုက်ဘာဓါတ် များများပါစေရမယ်။ ရေသောက် မနည်းစေရ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်။ တခြားဝမ်းနှုတ်ဆေးတွေနဲ့ မရမှသာ ပွေးကိုင်းဆေး သောက်သင့်တယ်။ Fybogel (ispaghula husk) or methylcellulose သို့မဟုတ် lactulose or polyethylene glycol ဆေးတွေဖြစ်တယ်။ ပွေးကိုင်းဆေးက ၈ နာရီကြာမှ အစွမ်းပြတယ်။ ညအိပ်ရာမဝင်ခင်သောက်သင့်တယ်။ ပွေးကိုင်းဆေးကို တပတ်ထက်ပိုမသောက်ရ။ ဘယ်ဝမ်းနုတ်ဆေးမဆို စွဲမသောက်ရ။ အသက် ၁၈ နှစ်အထက်သောက်နိုင်တယ်။ ငယ်သူတွေ ဆရာဝန်ညွှန်မှသာ။ အစာလမ်းပိတ်ရောဂါရှိသေူတွေ မသောက်ရ။ ရေ + ဆားဓါတ်နည်းနေသူတွေ မသောက်သင့်။ Crohn's disease or ulcerative colitis ရောဂါရှိသူတွေ မသောက်ရ။ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါရှိသူတွေ မသင့်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေချိန် မသင့်။ အသက် ၁၂ နှစ်အထက် 1 or 2 tablets (7.5mg or 15mg) ဆေးပြား။ 1 or 2 5ml spoonfuls (7.5mg or 15mg) ဆေးရည်။ အစာရှိရှိ မရှိရှိ ရေတခွက်နဲ့ သောက်ပါ။ ရေ တနေ့ ၆-၈ ခွက်သောက်ပါ။ ဝမ်း ၃ ရက်မသွားသူ ဆရာ

Tamoxifen ဆေး

Image
- ကျမက အသက် ၄၁နှစ် ရင်သားကင်ဆာ ကုသပြီး tamoxifen သောက်တာ  ၅လနီးပါးရှိပါပြီ။ ဆေးစသောက်တည်းက ရာသီမလာဘဲ ၄လ ကျော်လောက်မှာ ရာသီလာပါတယ်။ ကျမသိထားတာ ဆေးက လုံးဝ ရာသီမလာဘဲ သွေးဆုံးသွားတတ်တယ်လို့ သိထားလို့ပါ၊ ရာသီလာလေ့ ရှိပါသလား သို့ ရောဂါတခုခုကြောင့် သွေးဆင်းတာလားဆရာ။ Tamoxifen Effects on periods ဆေးနှင့်ရာသီလာခြင်း ပုံမှန်လာနေတဲ့ လစဉ်ရာသီ ပြောင်းမယ်။ တချို့ နည်းလာမယ်။ တချို့ ရက်-လ မမှန်။ တချို့ မလာတော့။ သွေးဆုံးသလိုဖြစ်တယ်။ ဆေးရပ်လိုက်ရင် ပုံမှန်ဖြစ်နိုင်သူတွေလည်း ရှိတယ်။ လစဉ်ရာသီ မမှန်တာဟာ တခြားရောဂါတခုခုကြောင့် ဟုတ် မဟုတ်ကိုတော့ စမ်းသပ် စစ်ဆေးမှသာ သိပါမယ်။ - ရင်းသားကင်ဆာ ၅နှစ်ဆေးစျေးကလဲတလနဲ့တလ ဟူးမောလိုက်တာဆေးဖိုးတွေနဲ့ (စာရေးတာ သတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဆေးဈေးတက်လို့ ဆောရီး) - ၅ နှစ်ဆေးသောက်ရင်ဘာတွေခံစားရလဲ ဆေးသောက်ပြီးလက်တွေ ထုဲကျင်(ထုံကျဉ်)နေလိုပါ - ငါးနှစ်ဆေးသောက်တာ အထိုင်အထနှေးနေတယ် လက်မောင်းပုခုံးတွေနာတယ် လက်ထရိုစ်သောက်တာ - ဖြစ်တာပေါ့ ခုထိခြေလက်တွေထုံကျင်(ထုံကျဉ်)နေသလို လက်မောင်းပခုံးအရိုးတွေနာတယ် - ကီမိုကြောင့်လား။ letroz သောက်တာ ၄နှစ်ရှိဘီ(ပြီ)။ အရိုးအကျောနာ။ ထုံတော့မထုံ - tam

Hair Links ဆံပင်လင့်များ

Image
Secrets to healthy hair ဆံပင်ကျန်းမာရေး https://dr-tint-swe.blogspot.com/2022/08/secrets-to-healthy-hair.html Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) https://dr-tint-swe.blogspot.com/2021/08/hair-loss.html Hair Loss (2) ဆံပင်ကျွတ်ခြင်း (၂) https://dr-tint-swe.blogspot.com/2021/01/hair-loss.html Hair Loss Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ https://dr-tint-swe.blogspot.com/2021/10/hair-loss-treatments.html Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ https://dr-tint-swe.blogspot.com/2021/10/hair-loss-in-women-treatments.html Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် https://dr-tint-swe.blogspot.com/2021/04/hair-health.html Propecia and Minoxidil ဆံပင်ပေါက်ဆေးများ https://dr-tint-swe.blogspot.com/2022/08/propecia-and-minoxidil.html Foods for Healthy Hair ဆံပင် အာဟာရ https://dr-tint-swe.blogspot.com/2022/11/foods-for-healthy-hair.html Chemotherapy Hair Loss ခီမိုဆံပင်ကျွတ်ခြင်း https://dr-tint-swe.blogspot.com/2022/05/chemotherapy-hair-loss.html Oily Hair ဆံပင် အဆီပြန် နေပြန်

Alzheimer's drug lecanemab hailed as momentous breakthrough

Image
အယ်လ်ဇိုင်းမားရောဂါ ဆေးသုတေသန ရလဒ်ကောင်းမွန် လွန်ခဲ့တဲ့ ၃၅ မိနစ်က ဘီဘီစီသတင်းဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေ တဖြည်းဖြည်းပျက်စီးတာ။ dementia ရောဂါတွေထဲမှာ အများဆုံးဖြစ်တယ်။ Lecanemab ဆေးလို့ အမည်ပေးထားတယ်။ ပိုမိုကောင်းမွန်မှု နည်းသေးတယ်ဆိုပြီး ထောက်ပြတာလည်း ရှိတယ်။ အခုဆေးသုတေသနက သမိုင်းတင်ပါလိမ့်မယ်။ အပြည့်အစုံ ဘာသာမပြန်တော့ပါ။ ဒေါက်တာတင့်ဆွေ

ပုစွန် + မန်ကျည်း

Image
၁။ ပုစွန်မကျီးနုအိုးကပ်ချက် မကျည်းလို့ ရေးရ။ ကျွန်တော်လို စာကို ခပ်ရှံရှံ အမြန်စာဖတ်သူအတွေက်တော့ ပုစွန်မ (အထီး မဟုတ်) လိုလို ထင်စေတယ်။ ပုစွန်နဲ့ မန်ကျည်းရွက်နုနု အိုးကပ်ချက်။ ၂။ မကျည်းမျက်နှာသစ် အသားရောင်မညီတာတင်းတိပ် ဝက်ခြံအတွက် မန်ကျည်းလို့ ရေးရတယ်။ မကျည်းလို့ရေးရင် မကျည်း (ဒေါ်ကျည်း) ရောင်းတဲ့ဆေးဖြစ်သွားပါမယ်။ ၃။ မကျည်းဖျော်ရည်  မန်ကျည်းဖျော်ရည်လို့ ရေးရတယ်။ မကျည်းလို့ရေးရင် မကျည်း (ဒေါ်ကျည်း) ရောင်းတဲ့ ဖျော်ရည်ဖြစ်သွားပါမယ်။ မန်ကျည်းကြက်ဆူ မန်ကျည်းပနီပင် မန်ကျည်းပင် မန်ကျည်းရွက် မန်ကျည်းသီး (ပုစွန်) (ပုဇွန်) မူကွဲအဖြစ်သတ်မှတ်ရပါမယ်။ ဗုစွန်လို့လည်း အရင်ကရေးပါတယ်။  ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း) ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်) ပုစွန် (ကဝိဓဇသတ်ပုံကျမ်း) ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်)  ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း) ပုစွန် ပုစွန်ချဉ် ပုစွန်ခြောက် ပုစွန်စာပင် ပုစွန်ဆိတ် ပုစွန်တာရာ ပုစွန်တုပ် ပုစွန်လုံး ပုဏ္ဏမာ ဖုသျှငယ် ယုန်စန္ဒာနှင့် မှုန်းပြာပြာ ဝဠာတွင်းမှာလ ငွေပုစွန် တာရာလင်းတယ် နှင်းမြူပိတ်ဖုံး။ (ဦးပြုံးချို ပြာသိုလဘွဲ့) မြို့မငြိမ်းရေးတဲ့ ကသစ်ပန်းသီချင်း နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရို

ပုစွန် ပုဇွန် ဗုစွန်

Image
ပုစွန် ပုဇွန် ဗုစွန် ၁။ ကြုံကြိုက်လို့ မေးပါရစေ ဆရာ ပုဇွန်လို့ တချို့ကရေးပေမဲ့ မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းမှာ ပုစွန်လို့ ရေးထားပါတယ် ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ သိချင်ပါတယ်ဆရာ ၂။ ဆရာ အဖြေမှန်က (ခ) ဇွန် လား ပုစွန်ကြိုက်သူတွေ သတ်ပုံမှန်ပါသလား။ အရင်သတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ ပုစွန်လို့ရေးကြတယ်။ ဂုဏ်ထူးဦးသိန်းနိုင်က ပုဇွန်လို့ရေးပါတယ်။ သတ်ပုံကျမ်းမှာ ဇွန်ကို ဇွန်လနဲ့ ဇွန်ပန်းမှာသာ သုံးပါတယ်။ (ပုစွန်) (ပုဇွန်) မူကွဲအဖြစ်သတ်မှတ်ရပါမယ်။ ဗုဇွန်တုပ် (ကဝိလက္ခဏ သတ်ညွှန်း) ဗုစွန်လို့လည်း အရင်ကရေးပါတယ်။  အွန်လိုင်းကနေ သတ်ပုံသင်ပေးတာတွေ၊ တီဗွီက  သတ်ပုံပြိုင်ပွဲလုပ်တာတွေမှာ ဒိုင်တွေက မှားတာတွေ မကြာခဏတွေ့ရတယ်။ ပု ပုခက် ပုဂံပြည် ပုစွန် ပုစွန်ချဉ် ပုစွန်စာပင် ပုစွန်ဆိတ် ပုစွန်တာရာ ပုစွန်တုပ် ပုစွန်လုံး ပုစွန်ခြောက် ပုစဉ်းထိုးငှက် ပုစဉ်းရင်ကွဲ ပုစဉ်းကောင် ပုစုခရု ပုဆစ်တုပ် ပုဆိန် ပုဆိုး ပုတတ်စာပင် ပုတတ်ကောင် ပုတိ-ဘင်္ဂ-မရဏ ပုတီးကုန်းမြို့ ပုတီးစိပ် ပုထဝီ ပုထိုးစေတီ ပုထုဇဉ် ပုပုကွကွ ပုပျပ်ပျပ် ပုရစ် = အညွန့်အဖူး ပုရစ်ဖူး ပုရစ်ကောင် ပုရည် = ဆန်စပါးထည့်သောစလွယ် ပုရပိုက် ပုရွက်ဆိတ် ပုရွက်ပျ

Medical Books သတ်ပုံ မပြင်ရ

Image
ကျနော်ကတော့ဆရာရဲ့စာဖတ်ပရိတ်သတ်တယောက်ပါ ဆရာရဲ့ဆောင်းပါးတွေကို ကူးယူပြီး တဆင့်ပြန်လည် မျှဝေခွင့်ပြုပါလို့ ခွင့်တောင်းပါတယ် သတ်ပုံ မပြင်ပါရန်။ ပုံတွဲတင်ရင် အများအမြင်မှာ တင့်တယ်သာသာ သုံးပါရန်။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၂၉-၁၁-၂၀၁၈

Test Result ဆေးစစ်ချက်မှာ

Image
CA-125 ကင်ဆာစစ်ဆေးနည်းတခု ၁။ သားဥအိမ်ကင်ဆာရှိမရှိကို CA125 စစ်တာ result က 28.9ရတယ်ရှင့် ရှိလား မရှိလား​​ဖြေပေးပါအုန်းရှင် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။ မဖတ်လိုက နေနိုင်။ CA-125 levels in the body are measured by units per millimeter (U/mL). The range of 0 to 35 U/mL is considered within the normal guidelines. Levels over 35 U/mL may indicate the presence of cancer or other conditions. CA 125 ကင်ဆာစစ်ဆေးနည်းတခု https://dr-tint-swe.blogspot.com/2021/05/ca-125.html ၂။ ရင်သားကင်ဆာ ဆေးသွင်း ဓာတ်ကင်ပြီး ၂လ အကြာပြန်ချိန်းတာပါရှင့် CA 153စစ်ထားတာ အခြေနေကောင်းလား သိချင်တာပါရှင့် ကျေးဇူးပါရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။ မဖတ်လိုက နေနိုင်။ ဆေးစစ်ချက်တွေမှာ အများအားဖြင့် အောက်ပါအတိုင်း ရေးသားထားလေ့ရှိတယ်။ စမ်းသပ်မှု - တွေ့ရှိချက် - အကိုးအကား - ယူနစ် (တန်ဘိုး) - မှတ်ချက် Test - Result - Reference - Unit - Remark mini VIDAS ဆိုတာ is a compact automated immunoassay system based on the Enzyme Linked Fluorescent Assay (ELFA) principles. အကိုးအကားမှာ အနည်းဆုံးတန်ဘိုးနဲ့ အမျာ

Cancer မြန်မာလိုဖြစ်ရမယ်

Image
တင်ထားတာတခု ဖတ်ကြည့်တယ်။ ကင်ဆာမဖြစ်ချင်ရင်တဲ့။ နည်းပေါင်း ၂၆ ခုပါတယ်။ မကောင်းတာတွေတော့ မဟုတ်ပါ။ အထွေထွေကျန်းမာရေးအတွက် သင့်လောက်တာတွေ ပါတယ်။ ကင်ဆာအတွက် မဟုတ်။ ဆရာဝန် ရေးတာ မဟုတ်လောက်။ အဲလိုကင်ဆာအကြောင်း ဆရာဝန်မဟုတ်သူတွေက ရေးတာတွေကို အင်မတန်လူကြိုက်များတယ်။ မြန်မာလိုရေးမှ။  နည်းတွေထဲက ဖြည့်စွက်စာတွေ၊ အားဆေးတွေ ပိုရောင်းကောင်းစေမယ်။ မြန်မာလို ရောင်းမှ။ ရေသောက်နည်း၊ ရေချိုးနည်းတွေလည်း ရောင်းကောင်းမယ်။ တခါမှာ ရေမသောက်ဘူးသူတွေ၊ တကြိမ်မှ ရေမချိုးဘူးသူတွေက ကြိုက်ကြတယ်။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ။ ဒေါက်တာတင့်ဆွေ

TS-ONE Capsule ဆေး

Image
Group ထဲမှာ TS one ဆေး သောက်နေရတဲ့ ဝေဒနာရှင်များ ရှိပါသလားရှင်။ ဆေးသောက်ပြီးရင် ဘယ်လို ခံစားရပါသလဲရှင်။ ဥပမာ အစားမဝင်တာ ရင်တုန်တာ ဆရာဝန်ကို မမေးပါ။ ဖတ်လိုကဖတ်၊ မဖတ်လိုက နေနိုင်တယ်။ TS-ONE Capsule 20 = Tegafur 20 mg, Gimeracil 5.8 mg and Oteracil potassium 19.6 mg. TS-ONE Capsule 25 = Tegafur 25 mg, Gimeracil 7.25 mg and Oteracil potassium 24.5 mg. ဝမ်းပျက်၊ အနီပြင်ထွက်၊ လျှာနာခြင်းတွေ ဆေးစသောက်ပြီး ၂၁ ရက်အကြာမှာ ဖြစ်တယ်။ အစောဆုံး ၉ ရက်မှာ ဝမ်းပျက်တယ်။ advanced gastric cancer အဆင့်နောက်ကျတဲ့ အစာအိမ်ကင်ဆာမှာ ပေးတယ်။ ခွဲမဖြစ်တဲ့ အစာအိမ်ကင်ဆာကို Cisplatin နဲ့လည်း တွေဲပေးတယ်။ Non-Small Cell Lung Cancer အဆုတ်ကင်ဆာမျာလည်း Carboplatin နဲ့တွဲပေးတယ်။ Colorectal Cancer အူမကြီးကင်ဆာမှာ Oxaliplatin သို့မဟုတ် Irinotecan နဲ့တွဲပေးတယ်။ Pancreatic Cancer သရက်ရွက်ကင်ဆာမှာ အခုဆေးတမျိုးတည်း ပေးတယ်။ ဘယ်လူနာကို ဆေးအလေးချိန် 10 mg နဲ့ 40 mg ဘယ်လောက်ပေးမလဲ ချိန်ဆပေးပါတယ်။ အောက်ကစာတွေကို ဘာသာမပြန်တော့ပါ။ Monotherapy: TS-ONE should be administered twice daily, after breakfast and after the evening meal, for 28

Cough ချောင်းဆိုးနေတယ်

Image
ဆရာရှင့် အသက်က ၇၀နှစ်ပါ မိန်းမပါရှင့်။ ငယ်ငယ်တုန်းကတော့ဆေးလိပ်သောက်ခဲ့ပါတယ် အခုတော့မသောက်တော့ပါဘူးရှင့်။ ချောင်းဆိုးတာနှစ်ကြာနေပါပြီရှင့်။ ဆရာဝန်ပြတာလည်း ဆေးပေးရုံကလွှဲရင်ဘာမှမပြော ဘာမှမစစ်ခိုင်းလို့ ဆေးစစ်ကြည့်ချင်ပါတယ်ရှင့်။ ဆေးစစ်ရင် သွေးစစ်ရမှာလား၊ သလိပ်စစ်ရမှာလား၊ သလိပ်မထွက်ရင်ရော တံတွေးကိုစစ်လို့ရပါသလားရှင့်။ 1. Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/01/chest-infection.html  2. Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html 3. Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html 4. Cough ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် https://dr-tint-swe.blogspot.com/2022/02/cough.html 5. Cough ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် https://dr-tint-swe.blogspot.com/2022/02/cough.html 6. COVID-19 and Lungs ကိုဗစ် နှင့် အဆုတ် https://dr-tint-swe.blogspot.com/2021/07/covid-19-and-lungs.html 7. COVID-19 Coughing ကိုဗစ် ချောင်းဆိုးခြင်း https://dr-tin

သွေးတိုးတိုင်းခြင်း

Image
Digital BP cuff တွေက စိတ်ချလက်ချ သုံးလို့မရတဲ့သဘောပေါ့နော်ဆရာ ၃ ခါတိုင်း ၃ မျိုးထွက်တယ်။ ၅-၁၀ မီလီမီတာ မာကျူရီလောက်ကွာတာက ပုံမှန်လို့ပြောနိုင်တယ်။ ဒါပေမဲ့ ဇူလိုင်လတုန်းက ကိုယ့်ကိုယ်ကို နေ့တိုင်း တိုင်းပြီး မှတ်ထားတယ်။ သိပ်သဘောမကျတာနဲ့ ဒိုင်ခွက်ပါ တိုင်းစရာတခုနဲ့ နားကျပ်တခု ဝယ်လိုက်ပြီ။ ဒီမြို့ကဆေးရုံတွေကို အကြိမ်များစွာ ရောက်ဘူးတယ်။ သူတို့က ပြဒါးပါ လက်ဟောင်းကရိယာနဲ့ ဒိုင်ခွက်ပါတိုင်းစရာကိုသာ သုံးကြတယ်။ စာတွေလည်း ဖတ်ကြည့်ပါတယ်။ ရှေးရိုးလက်ဟောင်းထက် နောက်အသစ်ပေါ်တွေက ပိုမကောင်းပါ။ အရေးပေါ်အဖြစ်သာ ဒစ်ဂျစ်တယ်လ်ကို သုံးသင့်တယ်။ အဲဒါမှာလည်း လက်ကောက်ဝတ်မှာ တိုင်းတာထက် လက်မောင်းတိုင်းတာက ပိုမှန်လေ့ရှိတယ်။ သွေးဖိအားကလည်း လူတိုင်းမှာ အချိန်တိုင်း ပြောင်းနေတယ်။ မျဉ်းနီကျော် မကျော် အရေးကြီးတယ်။ သွေးတိုးရှိသူတွေက ဆီးချိုလိုဘဲ ရာသက်ပန်ရှိနေလိမ့်မယ်။ ဆေးသောက်၊ အစားအသောက်ဆင်ခြင်၊ လူနေမှုပုံစံပြင်။ Digital blood pressure monitors သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/.../digital-blood... Digital blood pressure monitors ဒစ်ဂျစ်တယ် သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/...

Tuberculin test ကြူဘာကူလင် တက်စ်

Image
၁။ ကျမ အသက် ၃၂နှစ်။ အိမ်ထောင်ရှိ ကလေး အသက် ၂ နှစ် ၉လ ရန်ကုန်မှာနေပါတယ်။ Chest X-ray မှာ ပေါ်နေပေမယ့် အရေပြားပေါ်စစ်လို့ မပေါ်ရင် TB လို့သတ်မှတ်လို့ ရနိုင် မရနိုင် သိလိုပါတယ်ဆရာ။ tuberculin skin test ကို positive, negative ဘယ်လိုပြလဲ ဗဟုသုတအနေနဲ့ သိချင်ပါတယ်ဆရာ။ ၂။ သမီး အသက်က ၂၄ နှစ်ပါ။ ပေါင်ချိန် ၁၂ဝ ကျော်လောက်ကနေ ၁၄ ပေါင်လောက်ကျသွားပါတယ်။ ချောင်းလဲ မဆိုးပါဘူး။ ဆေးခန်းသွားတော့ ဓာတ်မှန်ရိုက်ခိုင်တော့လဲ ကောင်းတယ်လို့ပြောပါတယ်။ အရေပြားပေါ်မှာ ဆေးရည်ထိုးစစ်တဲ့ tuberculosis နဲ့ စစ်တာတော့ Positve ပြပါတယ်။ tuberculosis ရဲ့ အဖြေက တီဘီဖြစ်တယ်လို့ တိတိကျကျ ပြောနိုင်ပါသလားဆရာ။ တီဘီကို တခြားနည်းတွေနဲ့ ဘယ်လိုစစ်လို့ရပါသေးလဲရှင်။ သမီးဝမ်းတော့ ပျက်ပါတယ်ဆရာ။ အချွဲသွားပါတယ်။ ဝမ်းကိုက်တာလဲ မဖြစ်ပါဘူးဆရာ။ ကူးစက်ရောဂါ တွေလဲ အကုန်စစ်ထားပါတယ်။ အဖြေ အကုန်ကောင်းပါတယ်။ ဘာဆက်လုပ်ရမလဲဆရာ။ TB တီဘီရောဂါရှိ-မရှိစမ်းသပ်နည်းတွေထဲမှာ (၁) Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တာ၊ (၂) Sputum for AFB သလိပ်စစ်တာနဲ့ (၃) Tuberculin test လက်ဖျံမှာ ဆေးထိုးပြီး စမ်းတာတွေ လုပ်တယ်။ လက်ဖျံမှာ ဆေးထိုးပြီးစမ်းနည်းကို အမျိုးမျိုးခေါ်တယ်။ M

Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့

Image
တခု မေးချင်တာက ဆံပင် အဆီပျံတယ်ဆိုတာ ဘာဖြစ်တာလဲ။ ဘယ်လို လုပ်သင့်သလဲ။ သိရင် ဝေမျှပေးပါ။ • မှားထင်နေတာကို အရင် ပြင်ပြောရမှာဘဲ။ “ဦးရေက အဆီပြန်လို့ ဆံပင်အဆီပြန်တယ်” ထင်တာ မဟုတ်ဘူး။ ပြောင်းပြန်က မှန်တယ်။ တကယ် အဆီပြန်နေသူတွေ ပျောက်ချင်ရင် ဦးရေခြောက်အောင် လုပ်ရမယ်။ • မျိုးရိုးလိုက်တတ်။ (ဆံပင်ကြည့်ပြီးမှ အမေတော်ပေါ့။)  • ရာသီရက်နဲ့ ပတ်သက်လို့၊ မြီးကောင်ပေါက်မှာ ဖြစ်တတ်တယ်။ (မြန်မြန် အပျိုကြီးုဖြစ်အောင်လုပ်။)  • တားဆေးကိုလည်း ထင်နိုင်တယ်။ (မတားလို့ရရင် မတားနဲ့၊ ဒါမှမဟုတ် တခြားနည်းသုံး။)  • ဝစေလို့ သုံးတဲ့ ဆေးလည်း လွှဲချနိုင်တယ်။ (ဝတာလည်း လှတာဘဲဆိုသူနဲ့ အပေါင်းအသင်းလုပ်။) • ဆံပင်ထူရင် ဖြစ်ချင်တယ်။ (ဆံပင်ပါးတဲ့လူတွေ စိတ်သက်သာရပါလေ။) • အာဟာရကိုလည်း ပြောကြတယ်။ စုံအောင်-မျှအောင် ရွေးစားပါ။ (ဝယ်စားနိုင်အောင် အလုပ် ပိုလုပ်ပါ။)  • ခေါင်းလျှော်ရည် အပျော့စားသုံးပါ။ အပြော့စားဆိုလို့ အပြင်းစားကို ရေသွားမရောနဲ့။ ကလေးသုံး Shampoo မျိုး ပြောတာ။ (ရေရောတဲ့ အလုပ်ကောင်းကောင်း သိသူတွေကတော့ ဟိုဆိုင် အရင်ကတော့ ကော်ပိုရေးရှင်း ၄ က ပုဂ္ဂိုလ်များဘဲ။ ရေမှာ ပျော်ဝင်တာကိုသာ ရေရောရင် ပြော့စေနိုင်တယ်။ မူ၊ စံနှုံး၊ စည်းကမ်း ဆ

Foods for Healthy Hair ဆံပင် အာဟာရ

Image
Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။ “Lather, rinse, repeat အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါ” ဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။ 1: Salmon (ဆယ်လ်မွန်) ငါး  (အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် ဘီ ၁၂ နဲ့ သံဓါတ်လဲ ပါတယ်။ (အိုမီဂါ-သရီး) က ဆံပင်ကို ကောင်းစေတယ်။ ဒီဓါတ်နည်းနေရင် ဆံပင်မွဲခြောက်ခြောက်နေမယ်။ အသားမစားသူဆိုရင် Ground flaxseed နှမ်းဆီ ၁-၂ ဇွန်းစားရမယ်။ 2: Dark Green Vegetables စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဆံပင်ကောင်းချင်လို့ မဟုတ်ပေမဲ့ အားရှိချင်တဲ့ Popeye the Sailor သင်္ဘောသား (ပေါ့ပိုင်) က Spinach ဟင်းနုနွယ်ရွက်

Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ

Image
ဆရာ့စာထဲမှာ ဆံပင်ကြမ်းတာကို ဘယ်လိုကုသရမယ်ဆိုတာ မပါလို့ပါဆရာ။ ကျွန်တော့်ဆံပင်က ခြောက်သွေ့ ကြမ်းတမ်းတဲ့ပုံစံမျိုးပါ။ အလှကုန်စာရေးတွေကတော့ တံဆိပ်တွေ အမျိုးမျိုးပြောင်းပေးနေပေမယ့် ထူးခြားမှု မရှိလှလို့ပါဆရာ။  ၁။ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်ပိုကြမ်းတယ်။ ရေခပ်နွေးနွေးနဲ့ခေါင်းလျှော်ပါ။ ၂။ ရေနွေး ၁ ခွက် + Calgon, 20-mule Borax ဇွန်းသေး ၂ ဇွန်း ရောပါ။ ခေါင်းကိုလိမ်းပါ။  ၃။ ပုံမှန် Regular conditioner ကွန်ဒီရှင်နာဖြစ်ဖြစ် Salon-quality ကွန်ဒီရှင်နာဆိုင်သုံး ဖြစ်ဖြစ်သုံးပါ။ ၄။ Anti-frizz hair oil ဆီလိမ်းပါ။  ၅။ Blow dryers Flat irons တွေ မသုံးပါနဲ့။ ၆။ Hairspray သုံးရင် မများစေနဲ့။ ၇။ Dying ဆေးဆိုတာနဲ့ Highlighting အရောင်ရင့်သန်စေတာ မလုပ်ပါနဲ့။ ၈။ Filter တခုဝယ်သုံးပါ။ ၉။ ခေါင်းလျှော်ပြီးတိုင်း၊ ကွန်ဒီရှင်နာသုံးပြီးတိုင်း၊ ခေါင်းဖီးပြီးတိုင်း၊ Leave-in conditioner ဖြစ်ဖြစ် Dry shampoo ဖြစ်ဖြစ်သုံးပါ။ ၁ဝ။ ကြက်ဥသုံးကြည့်ပါ။ တနာရီထားပါ။ နောက် ပြောင်စင်အောင်ဆေးလိုက်ပါ။ ညမအိပ်ခင်လိမ်းထားနိုင်တယ်။ မနက်မှဆေးပါ။  ၁၁။ ဆီပူနဲ့ တပါတ်တခါလိမ်းပါ။ သဘာဝဆီ၊ Rosemary ဖြစ်ဖြစ် Lavender ဖြစ်ဖြစ် ဆီသုံးနိုင်တယ်။ ၁

ကင်ဆာနှင့် ဗမာဆေး

Image
ကွန်မင့်တခု တွေ့လိုက်တယ်။ ပြန်ရှာနေတာ ၃-၄ ခါ မတွေ့သေးပါ။ ကင်ဆာကို ဗမာဆေးနဲ့ တကယ်အဟုတ် ပျောက်ကင်းကြောင်း၊ ဆရာရွေးမှန်ဘို့လိုကြောင်း ရေးပါတယ်။ ကျွန်တော်ကတော့ ကွန်မင့်ကနေဘဲ ရေးလိုက်တယ်။ အဲဒီသတင်း မှန်တယ်လို့ မထင်ပါ။ ဗမာဆေး၊ တိုင်းရင်းဆွေးတွေ မြန်မာပြည်မှာ ဆရာဝန်တွေ မပေါ်ခင်ကတည်းက အခုထိသုံးစွဲကြပါတယ်။ ကျွန်တော့နေရာမှာ ကွမ်းရွက်ပုံလျှက်ဆားဆေးပြားဗူးရှိတယ်။ တဗူး ၃ ဒေါ်လာ၊ ၂ ဗူး ၅ ဒေါ်လာပေးရတယ်။ ကင်ဆာ တကမာ္ဘလုံးမှာ ဖြစ်တယ်။ သေဆုံးကြရတယ်။ ကိန်းဂဏန်းတွေ အချက်အလက်တွေ တင်ပြထားပါတယ်။ ၁။ တကယ်လို့သာ ကင်ဆာပျောက်ရိုးမှန်ရင် ဆေးပညာနိုဘယ်လ်ဆု ကြားဖြတ် ချီးမြှင့်ပါလိမ့်တယ်။ ၂။ တကယ်လို့သာ ကင်ဆာပျောက်ရိုးမှန်ရင် ဆေးနည်းနဲ့ ဆေးဆရာကို ရှာမတွေ့အောင် ဖွက်ထား၊ ထိန်ချန်ထားရန် မသင့်ပါ။ ဆေးပညာအခြေခံအချက်နည်းနည်းလေး ပြောပါမယ်။ ကင်ဆာဟုတ်သလား၊ မဟုတ်ဘူးလား စစ်ဆေးရမယ်။ စစ်ဆေးချက်တွေအရ ကင်ဆာအမျိုးအစားနဲ့ အဆင့်သိမယ်။ ကုသနည်းတွေရှိတယ်။ အရပ်ပြောနဲ့ ကင်ဆာပါလို့ပြောတာ မမှန်ပါ။ ပျောက်တယ်လို့ပြောတာလည်း မမှန်ပါ။ ဘယ်အကြောင်းအရာမဆို စည်းစနစ်ကျကျ လေ့လာ ပြောဆိုရပါမယ်။ ရမ်းပြော၊ ရမ်းယုံတဲ့ ဓလေ့စရိုက် အကျင့်ကို ပြင်ကြရပါမယ်။ ဒေါက်တာတ

Fenugreek ပဲနံ့သာ

Image
မောနိပါဆရာ ဆီးချိုသမားတွေက ပဲနံသာသောက်ရင် ဆီးချိုကြ(ကျ)တယ်ဆိုတာ ဟုက်(ဟုတ်)လာရှင် အသက် ၃၈။  ဆီးချိုရှိသူတိုင်း ဘယ်တိုင်းပြည်မှာနေနေ အစားအသောက် + ဆေး + လူနေမှုပုံစံတွေနဲ့ ကုသရမယ်။ ပဲနံ့သာဆိုတာ လူတိုင်းစားသောက်တာ။ ဆေး မဟုတ်။ မြန်မာပြည်မှာ ပဲနံ့သာကို ဆံပင်ကောင်းစေဖို့ သုံးကြတယ် အုန်းဆီပုလင်းထဲ ထည့်ထားကြတယ်။ အနံ့နည်းနည်း ပြင်းတယ်။ အရသာခါးသက်သက်။ အစေ့ကိုလည်း ဆေးအဖြစ်သုံးကြတယ်။ အမျိုးမျိုးပြောကြ ရေးကြတယ်။ တချို့က အစာချေစေဖို့သုံးတယ်။ ကလေးမိခင်တွေ နို့ထွက်သန်စေအောင် စားသုံးနိုင်တယ်။ အဲတာအတွက် ဆေးထုတ်ရောင်းတယ်။ ရေးကြတာတွေကတော့ များတယ်။ လိင်စိတ်ကအစ ပါသေးတာ။ မတည့်သူတွေ ပန်းနာထစေနိုင်တယ်။ Warfarin သွေးကျဲဆေးနဲ့ မသင့်ပါ။ Fenugreek ပဲနံ့သာ https://dr-tint-swe.blogspot.com/2021/10/fenugreek.html ဒေါက်တာတင့်ဆွေ

Breast Cancer ကင်ဆာကြောင့် အမေရိကန်တွေလည်း သေဆုံးကြရတယ်

Image
လေးလေးစားစား ပြောတာပါခင်ဗျာ ကျနော့်မိခင်ဟာ အသက် ၅၈နှစ်အရွယ်မှာ သားမြတ်ကင်ဆာ ရှိနေပြီလို့ သိခဲ့ရပြီး အကြိတ်တွေရှိတဲ့ သားမြတ် တဘက် ခွဲထုတ် တမောက်စီဖင် ဆေးသောက် ဓါတ်ရောင်ခြည် ကုထုံးကု ဓာတုကုထုံးခေါ်မလား ဆေးတွေကို သွေးကြောကသွင်းပြီး ကုတာ ၅နှစ် ကြာတဲ့အချိန်မှာ မရတော့ပါဘူး တဖြေးဖြေးနဲ့ သူ့ကြွက်သားတွေ သိမ်လာပြီး ဘုံးဘုံးလဲတာပဲ ကျနော်လဲ သားတယောက်အနေနဲ့ မိခင် အဲသလိုဖြစ်သွားရတာကို မျက်ရည်ဝှက်ပြီး ပြုစုပေးခဲ့ရပါတယ် ဆောရီး။ ကင်ဆာကြောင့် အမေရိကန်တွေလည်း သေဆုံးကြရတယ်။ နှစ်စဉ် အမေရိကားမှာ ရင်သားကင်ဆာ အမျိုးသမီးလူနာသစ်ပေါင်း 264,000 တွေရှိတယ်။ အမျိုးသား လူနာသစ်ပေါင်း 2,400 တွေရှိတယ်။ အမျိုးသမီး 42,000 ယောက်နဲ့ အမျိုးသား 500 ယောက် သေဆုံးကြရတယ်။ သူတို့ဆီမှာ အသားမည်းသူတွေက အသားဖြူတွေထက် အဖြစ်များ အသေများတယ်။  မြန်မာပြည်က ကိန်းဂဏန်း မှန်တာတွေ မသိပါ။ ဘယ်ဘာသာရပ်မဆို သုတေသနတွေ မတွေ့ရသောက် ရှားတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမယ်။ ဒေါက်တာတင့်ဆွေ 

Splenomegaly ဘေလုံးကြီးခြင်း

Image
အသက် ၂၅ အမျိုးသား။ ဆရာဝန်နဲ့ပြပါတယ်။ ဘေလုံးကြီးနေတယ်ပြောတယ်။ နောက် သွေးထဲ ယူရစ်အက်စစ်များတယ် ပြောတယ်ဆရာ။ ဆီးကျောက်ကပ်ဆရာဝန်က သူနဲ့မဆိုင်တော့ဘူးဆိုပါတယ်ဆရာ ခင်ဗျာ ကျွန်တော်က မွေးရပ မွေးရပါ G6PD ရောဂါရှိပါတယ်။ ဘေလုံးကြီးတာ ဘာဖြစ်တတ်လည်းဆရာ။ အဆိုးဆုံးထိ သိပါရစေ။ ငှက်ဖျားဖြစ်တက်တယ်လို့ သိရတယ်။ ကူညီပြီးပြောပေးပါဦး။ လေးစားလျက်ပါခင်ဗျာ။ (ဘာဖြစ်တက်ကို ပြင်လိုက်တယ်။) လူတိုင်းမှာ ဗိုက်ဘယ်ဘက် အပေါ် နံရိုးနံပတ် ၉-၁၂ အောက်မှာ ဘေလုံးရှိတယ်။ အစာအိမ်၊ သရက်ရွက်၊ ဘယ်ဘက် ကျောက်ကပ်၊ အူမကြီးအကွေးနေရာတွေနဲ့ကပ်နေတယ်။ ပုံမှန်အရွယ်အစားဘေလုံးကို အပြင်ကနေလက်နဲ့စမ်းလို့ မတွေ့နိုင်ပါ။ စမ်းလို့တွေ့တိုင်းလည်း ကုသစရာလိုတဲ့ ရောဂါရယ်လို့ မပြောနိုင်သေးပါ။ ပုံမှန်ဘေလုံးက 150 g လေးတယ်။ အလေးချိန် 400-500 g ရှိတာကိုဘေလုံးကြီးတယ်။ 1000 g အထိရှိတာကို အလွန်ကြီးတယ်လို့ သတ်မှတ်တယ်။ အရှည်ဆုံးနေရာက 11 cm ရှိတယ်။ ဘေလုံးကြည့်ပြီး ရောဂါခုခံအားနဲ့ သွေးစနစ်ကိုသိနိုင်တယ်။ နည်းနည်းကြီးနေလည်း သူ့အလုပ်သူလုပ်နိုင်တယ်။ သွေးထဲမှာ ရောဂါပိုးတွေရှိနေရင်ရှင်းပေးတယ်။ ရောဂါခုခံပေးတဲ့ immunoglobulin G (IgG) ထုတ်လုပ်ပေးတယ်။ properdin နဲ့ tuftsin တွေလ

SBRT Plus Systemic Therapy Improves HCC Survival အသည်းကင်ဆာကုသနည်း တိုးတက်မှုရှိ

Image
၂၄-၁၀-၂၀၂၂ နေ့က ကနေဒါဆေးပညာသတင်းဖြစ်ပါတယ်။ တိုရန်တိုတက္ကသိုလ်က ကင်ဆာ ဓါတ်ရောင်ခြည်ဌာနက ဒေါက်တာ Laura Dawson က ဆွေးနွေး ပြောကြားထားတယ်။ NRG/RTOG 1112 trial နည်းသစ်ကိုစမ်းသပ်တွေရှိချက်တွေအကြောင်း။  Stereotactic body radiation therapy (SBRT) လို့ ခေါ်တယ်။ အဆင့်နောက်ကျနေတဲ့ အသည်းကင်ဆာ လူနာတွေကို အဲဒီကုသနည်းနောက်မှာ sorafenib ဆေး သို့မဟုတ် sorafenib ဆေးပေးတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ ဘယ်အကြောင်းအရာကိုမဆို သုတေသနတွေလုပ်တယ်။ လေ့လာဆန်းစစ်မှုတွေ လုပ်နေကြပါတယ်။ အောင်မြင်တဲ့သုတေသနအကျိုးက မြန်မာပြည်လိုတိုင်းပြည်ကိုပါ အဖျားအနားတော့ ကောင်းကျိုးပေးပါတယ်။  မြန်မာပြည်မှာ သုတေသနတွေ မရှိသလောက် နည်းတယ်။ ရမ်းပြောကြတယ်။ အဲလိုပြောသမျှကို ယုံကြသူက အတော်များတယ်။ ပြောတဲ့သူတွေကလည်း ဟုတ်တာ မဟုတ်တာ အပထား နားထောင်သူတွေ မျက်လုံးမျက်ဆန်ပြူးရင် ကျေနပ်ကြတယ်။ ဖေ့စ်ဘွတ်မှာ တယောက်ပြီးတယောက် အဟုတ်မှတ်ပြီး တင်ကြ၊ ရှယ်ကြ လိုက်ကြတယ်။ ကျွန်တော်တို့ အများကြီးကြိုးစားကြရမယ်။ လိမ်ညာသူတွေ နည်းပါစေ။ အလိမ်ခံချင်သူတွေလည်း နည်းပါစေသတည်း။ ဒေါက်တာတင့်ဆွေ

HE ကျန်းမာရေးပညာပေးခြင်း

Image
ဟုတ်ကဲ့ ဖြေပေးလို့ကျေးဇူတင်ပါတယ်ရှင့် သူငယ်ချင်းက မျိုးဥအိမ်ကင်ဆာဖြစ်နေတာ သူ့မိသားစုက ငှက်သိုက်တိုက်နေလို့ မေးကြည့်တာပါ၊ ကျွန်မရဲ့အဖေ အသည်းကင်ဆာဖြစ်တုန်းကတော့ ဒေါက်တာ( - )က ငှက်သိုက်ကိုအားမပေးလို့ သူတို့ကိုပြောပြတာ၊ လက်မခံကြလို့ post တင်ပြီး မေးကြည့်တာပါရှင့် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဟုတ်။ တခါက ရေးထားတယ်။ ကျန်းမာရေးပညာပေးခြင်းဟာ ဆရာဝန်အတွက် အခက်ဆုံးပညာရပ်တခု။ ပြောရမဲ့တာဝန်ရှိသူတွေက ပြောကြရတယ်။ ကိုယ်ပြောတိုင်း လူတိုင်းက လက်ခံကြမှာ မဟုတ်ကြောင်းလဲ သိထားကြရမယ်။  ကျောင်းဆရာဆရာမတွေ သူတို့ကျောင်းသူကျောင်းသာတွေကို တချိန်တည်းမှာ အတူတူသင်ပေးလိုက်ပေမဲ့ နောင်တချိန် တယောက်တမျိုးဖြစ်လာကြတယ်။ မိဘတွေလည်း အဲလိုဘဲ။ ကျန်းမာရေးပညာပေးကို ဆရာဝန်ဖြစ်ကတည်းက လုပ်ရတယ်။ အသိပညာတွေ တိုးတက်လာသလားကို ဆန်းစစ်မှုမလုပ်ရတော့ ပိုကောင်း ပိုဆိုးကို ရမ်းပြောမရနိုင်။ ကိုယ့်တာဝန်တော့ ဆက်လုပ်ရမှာဘဲ။ မေတ္တာပို့သလိုသာ သဘောထားရမယ်ထင်တယ်။ ဒေါက်တာတင့်ဆွေ

Cancer ကင်ဆာဆို ဆရာဝန်ကို နောက်ဆုံးကျမှ မေးလေ့ရှိတယ်

Image
မျိုးဥအိမ်ရေအိတ် ကင်ဆာသမားကို ငှက်သိုက် တိုက်လို့ရပါသလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆို ဆရာဝန်ကို နောက်ဆုံးကျမှ မေးလေ့ရှိတယ်။  ငှက်သိုက်အပါအဝင် ဓါတ်စာတွေ အရပ်ဆေးတွေနဲ့ ကင်ဆာနဲ့ နည်းနည်းလေမှ မဆိုင်။ ကိုဗစ်နဲ့လည်း တစက်မှ မဆိုင်။ ငှက်သိုက်ရောင်းသူတွေကိုမေးရင်တော့ ဆရာဝန်နဲ့ ပြောင်းပြန်ဖြေကြမယ်။ ကင်ဆာဖြစ်တဲ့ စုစုပေါင်း ၁၉၅ နိုင်ငံမှာ ငှက်သိုက်ကိုဓါတ်စာအဖြစ်သုံးတာ တနိုင်ငံတည်းသာရှိတယ်။ မြန်မာပြည်ရဲ့ ကင်ဆာအခြေအနေ သူများထက် ပိုကောင်းတယ်လို့ မထင်ပါ။  ဘယ်လိုပြောပြော၊ ငှက်သိုက်၊ လောက်သေရွက်၊ ဆေးအိုးဗုတ်၊ အောက်မဲညိုနဲ့ ဘလာဘလာဘလာတွေ ရောင်းကောင်းပါမယ်။ အားနာနာနဲ့ ရေးဦးမယ် ကင်ဆာကုရတာ ပိုက်ဆံ အင်မတန်ကုန်တယ်။ အပိုကုန်တွေကြောင့် ပိုကုန်နေကြတယ်။ မြန်မာပြည်က သူများနိုင်ငံတွေထက် မချမ်းသာပါ။ ဒေါက်တာတင့်ဆွေ

Paralysis လေဖြတ်ခြင်း

Image
၁။ လေးစားရပါသောဆရာ ကျေးဇူးပြုပြီးတခုလောက်ဖြေကြားပေးပါအုန်းခဗျာ။ ဝေဒနာခံစားနေရသူအသက်၃၈နှစ်(ကျား) သွေးပေါင် ၁၃၀-၈၀ပါ။ အိမ်ထောင်ရှိပါသည်။ အရက် ကွမ်း ဆေးလိပ်သောက်ပါတယ်။ အလုပ်အကိုင်အတော်ပင်ပန်းတဲ့အလုပ်ကိုလုပ်ကိုင်ရပါသည်။ ဖြစ်တဲ့ရောဂါဝေဒနာက ရုတ်တရက် ပုံခနဲလှဲကျသွားပြီးမတ်တပ်ရပ်လို့မရတော့အောင် ခါးအောက်ပိုင်းလှုပ်လို့မရတော့တာပါ။ ယ္ခုလက်ရှိဖြစ်နေသူရဲ့လက္ခဏာကတော့ ခြေထောက်နှစ်ဖက်လုံးလှုပ်လို့လည်းမရ။ ပေါင်အရင်းကနေ ခြေဖဝါးအထိ။ သွေးထွက်အောင်ဆိတ်ဆွဲလည်း နာခြင်း ထိခြင်း မသိရ။ခြေထောက်နှစ်ဖက်လုံး လှုပ်လို့လည်းမရ ဖြစ်နေပါတယ်။ ခြေထောက်နှစ်ဖက်လုံးလည်း ထုံတယ်လို့ပြောပါတယ်ခဗျာ။ ၂။ ဆရာခင်ဗျာ။ ကျနော်အသက် ၃ဝ ပါ။ အိပ်ရာထရင် လက်ကောက်ဝတ် နှစ်ဖက်လုံးကျင်နေပါတယ်။ ခဏနေရင်တော့ ပျောက်ပါတယ်။ ဘာကြောင့်ပါလဲဆရာ။ သွေးတိုးရောဂါ မရှိသူရော လေဖြတ်နိုင်ပါသလားခင်ဗျာ။ စာတပုဒ် ပို့မယ်။ မေးတဲ့သူမှာ အဲလိုဖြစ်နေတယ်လို့ ပြောတာတော့ မဟုတ်ပါ။ စမ်းသပ် စစ်ဆေးမှ သိပါမယ်။ Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေကများတယ်။ အာရုံကြောစနစ်မှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။ အဓိက အကြောင်း (၄) မျိုးကနေဖြစ်စေတယ်။ ၁။ Stroke (ဆထုပ်ခ်) ခေါ် ဦးနှောက်သွေးကြောမတော်

Untrue အဲတာမျိုးတွေကို မရေးပါ

Image
ဆရာ ကြက်သွန်နီမှာ တွေ့ရတတ်တယ့် အမဲလေးတွေက အသဲကင်ဆာဖြစ်တတ်တယ်လို့ Facebook မှာတွေ့လ်ို့ မေးကြည့်တာပါဆရာ အမှန်တကယ်ဆိုရင် နောင်ရှောင်လို့ရအောင်ပါ။ အဲတာမျိုးတွေကို မရေးပါ။ တမျိုးပြီးတမျိုး မဟုတ်ကဟုတ်ကတွေကို ဇာချဲ့ ဖွဲ့နွဲ့ ရေးပြီးတင်နေကြတယ်။ ကင်ဆာအကြောင်းစာတွေကို ဆေးသုတေသနတွေကို ကိုးကားပြီး ရေးထားတယ်။ အသစ်ထွက်တဲ့ ဆေးသုတေသနတွေထဲက မြန်မာပြည်သားတွေအတွက် အကျိုးဖြစ်စေမှာဆိုရင် ဘာသာပြန်ပြီး တင်ပြပါတယ်။ ဒေါက်တာတင့်ဆွေ

ဗမာလိုရေးတာတချို့ကို နားမလည်

Image
ကြွက်သားလေးဘက်နာကြားဖူးကြလာရှင့် အဖေက အာရှတော်ဝင်မှာပြတုန်းက အဲ့အဖြေထွက်ပါတယ် ဆေးသောက်နေတာ ၂ လရှိပြီး မသက်သာလို့ပါ ဆေးရုံတွေကတော့ ရောဂါအမည်ကို မြန်မာလို မရေးလောက်ပါ။ အာရှတော်ဝင်မှာ မြန်မာစာပါရဂူလည်း ထိုင်သလား မသိ။ ကောင်းတယ်။ ကျွန်တော်ဆရာဝန်ကတော့ အဲဒီရောဂါကို ဘယ်ဆေးပညာစာအုပ်မှာရှာရမလဲ စဉ်းစားနေရတယ်။ ခေတ်ကလည်း လိုက်မမီ။ ဗမာလိုရေးတာတချို့ကို နားမလည်။ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာနေရာမှာ ဖတ်ရတာ။ ကင်ဆာနေရာ ၂ ခုမှာ နားမလည်တာတွေ အတော်တွေ့တယ်။ ဒေါက်တာတင့်ဆွေ

Cough ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲ

Image
အဆုတ်ကင်ဆာ အဆင့် ၃ပါ ဆေးသွင်းပြီး အိမ်ရောက်တော့ ချောင်းတအားဆိုးနေလို့ပါ ဘာဆေးတိုက်ထားလို့ရလဲရှင့် အဖေ့အတွက်မေးပေးထားတာပါရှင် အသက် ၆၂နှစ်ပါ ကင်ဆာကို ဆရာဝန်မေးလေ့ မရှိကြတော့ပါ။ မေးတာတွေလိုက်ရှာဖြေပါတယ်။ ဖတ်လိုက ဖတ်နိုင်။ မဖတ်လိုက ထားနိုင်။ Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/01/chest-infection.html Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html Cough Syrups ချောင်းဆိုးပျောက်ဆေးများ https://dr-tint-swe.blogspot.com/2020/12/cough-syrups.html COVID-19 and Lungs ကိုဗစ် နှင့် အဆုတ် https://dr-tint-swe.blogspot.com/2021/07/covid-19-and-lungs.html COVID-19 Coughing ကိုဗစ် ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2021/07/covid-19-coughing.html Cough ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် https://dr-tint-swe.blogspot.com/2022/02/cough.html ဒေါက်တာတင့်ဆွေ

Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ

ကိုယ်ဝန်ဆောင်တာနဲ့ ကလေးဖွါးတာဟာ အသက်ဖက်နဲ့ ထုပ်ထားရသလိုအန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါးကျန်းမာရေးကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလည်းပါတယ်။ လူတွေအများဆုံး နေကြရပြီး၊ ဆင်းရဲမွဲတေမှု အများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမာ္ဘလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။ ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများမေးခွန်းလဲ အခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးတည်း၊ တချို့က ၂ မျိုးသုံးတယ်။ (၁) Cytotec ရဲ့ ဘေးထွက်ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း (၂) Mifepristone (Mifeprex) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နေတာက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။ (၃) Methotrexate ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ

Abortion မလိုချင်တဲ့ ကိုယ်ဝန်

(ကန်တော့) ဆရာရှင့် migrant workers တွေကို ကျန်းမာရေးအသိပညာတွေ volunteer သွားသင်ပေးပြီးတိုင်း ခေါင်းခဲရပါတယ်၊ ဘာအကြောင်းအရာကိုပဲ သွားသင်သင် နောက်ဆက်တွဲ ဆက်သွယ်အသနားခံတာတွေက ကိုယ်ဝန်မလိုချင်လို့ ဖျက်ချပေးပါချည်း ဖြစ်နေလို့ပါ ဆရာ၊ Unwanted pregnancy, Complications of unsafe abortion စသဖြင့် Reproductive health နဲ့ ပတ်သက်တဲ့ ဆရာရဲ့ blog တွေ ဘယ်ခုနှစ်ပိုင်းလောက်မှာ ဝင်ရှာရမှာလဲ ကျေးဇူးပြုပြီး မျှဝေပါဦး ရှင့်။ ကိုယ်ဝန်ရှိရင် အဲဒီအမျိုးသမီးမှာ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။ 1. ရာသီထိန်မယ်၊ 2. ရာသီ ကမောက်မဖြစ်မယ်၊ 3. ဆီးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊ 4. သွေးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊ 5. အာလ်ထွာဆောင်းရိုက်ရင် ပေါ်မယ်၊ 6. ဓါတ်မှန်ရိုက်ရင် ပေါ်မယ်၊ 7. ပျို့-အန်ချင်တယ်၊ 8. ရင်သား နာမယ်၊ 9. ရင်သား ထွားလာမယ်၊ 10. ဆီးခဏခဏ သွားချင်လာမယ်၊ 11. ချင်ခြင်းတပ်လာမယ်၊ 12. အားယုတ်သလို ခံစားရမယ်၊ 13. ကိုယ့်ကိုယ်သိတယ်၊ 14. လိင်စိတ် ပြောင်းလဲလာမယ်၊ 15. နို့ အရောင်ရင့်အဝိုင်းမှာ အသီးလေးတွေ ထွက်လာမယ်၊ 16. သားအိမ် ကြီးထွားလာမယ်၊ 17. ကလေးလှုပ်တာ သိလာမယ်၊ 18. နို့ကို ညှစ်ရင် အရည်ထွက်မယ်၊ 19. ဗိုက် ဖေါင်းလာမယ်၊ 20. သာ

Popular myths about the causes of cancer ကင်ဆာအယူအဆမှားများ

Image
ဆရာ ခင်ဗျား အနံ့ဆိုးများကြောင့် ကင်ဆာ ရောဂါ ဖြစ်နိုင်ပါသလားဗျ Popular myths about the causes of cancer ကင်ဆာ အယူအဆမှားများ တိုင်းပြည်တိုင်းမှာရှိတယ်။ အမျိုးမျိုးရှိတယ်။ တချို့မှာ စိတ်ရောဂါလို သူမှာဒါတွေဖြစ်နေတာ ကင်ဆာလား ခဏခဏမေးတယ်။ တကယ်ရှိတယ်။ ဖေ့စ်ဘွတ်အကောင့်အမည်တွေကို ထည့်မရေးလိုပါ။ လူအများသုံးတာတွေ ဥပမာ၊ ပလပ်စတစ်၊ အနံအသက်ပျောက်ဆေး စတာတွေကနေ ကင်ဆာဖြစ်တယ်လို့ ထင်ကြတာ မှားတယ်။ ၁။ Myth: Antiperspirants or deodorants can cause breast cancer. Fact: There's no conclusive evidence linking the use of underarm antiperspirants or deodorants with breast cancer. Some reports have suggested that these products contain harmful substances such as aluminum compounds and parabens that can be absorbed through the skin or enter the body through nicks caused by shaving. No clinical studies have yet given a definitive answer to the question of whether these products cause breast cancer. But the evidence to date suggests these products don't cause cancer. ၂။ Myth: Microwaving food in plastic conta

How Long Does Chemotherapy Stay in Your Body?

Image
ခီမိုသာရာပီဆေး ကိုယ်ထဲမှာ ဘယ်လောက်ကြာကြာ နေသလဲ ဘာသာမပြန်အားသေးပါ။ ကင်ဆာကုသမှုခံယူနေသူတွေ သိသင့်တယ်။ ဘာသာပြန်ဘို့ အချိန်ဝယ်ရဦးမယ်။ မြန်မာပြည်မှာက ကင်ဆာဆိုရင် ဆရာဝန်ကိုမေးလေ့ မရှိသလောက် နည်းတယ်။ ကင်ဆာဆိုတာနဲ့ ကုသနည်းကို မမေးကြ။ ဘာစားရမလဲ၊ ဘယ်အစာရှောင်ရမလဲသာ သိချင်ကြတယ်။ ဖြေတဲ့သူတွေကလည်း တပုံကြီး။ သတ်ပုံကတော့ မမှန်။ မေးတဲ့သူတွေ ဖြေတဲ့သူတွေက တေ၊ ဖစ်၊ ပီး၊ မာ စာလုံး ၄ လုံး မပါတာရှားတယ်။ ရ မရေးဘဲ ကရေးသူလည်း ပါသေးတာ။ နိုင်ငံခြားကလူတွေက အံ့သြကြလိမ့်မယ်။ ကင်ဆာကုနေတဲ့ ရွှေဗမာတွေ ကကြတယ်လို့။ ဒေါက်တာတင့်ဆွေ

Prescription notes ဆေးစာ အတိုကောက်များ

Image
ဆရာမင်္ဂလာပါ သောက်ဆေးတွေမှာပါတဲ့ 1bd တို့ 2tds တို့ရေးသားတဲ့ အဓိပ္ပါယ်အပြည့်စုံလေး ဘယ်မှာ ဖတ်ရှုလို့ရပါသလဲခင်ဗျာ။ တခြားသူတွေရေးထားတာလည်း ရှိပါမယ်။ ကျွန်တော်သိတာကိုသာ ရေးမယ်။ ဆေးစာအတိုကောက်များ a.c. ante cibum before meals အစာမစားမီ a.m. ante meridiem before noon မွန်းမတည့်မီ ad lib. ad libitum use as much as one desires; freely ကြိုက်သလောက်သောက် agit agita stir/shake လှုပ်သောက်ပါ b.d./b.i.d. bis in die twice daily တနေ့ ၂ ကြိမ် od/qd omne in die every day/once daily တနေ့ ၁ ကြိမ် p.c. post cibum after meals အစာစားပြီးသောက်ပါ p.o. per os by mouth or orally ပါးစပ်မှသောက်ပါ PRN, prn pro re nata as needed လိုတဲ့အခါ q quaque every နေ့စဉ် q.1 h, q.1° quaque 1 hora every 1 hour တနာရီ တကြိမ် q.d.s. quater die sumendus four times a day တနေ့ ၄ ကြိမ် q.h. quaque hora every hour နာရီတိုင်းမှာ q.h.s./h.s. quaque hora somni every night at bedtime ညတိုင်း မအိပ်မီ q.i.d. quattuor in die four times a day တနေ့ ၄ ကြိမ် s.o.s., si op. sit si opus sit if there is a need လိုတဲ့အခါ stat statim immediately ချက်

One A Day တလုံးတည်း တနေ့တည်း တကြိမ်တည်း

Image
One A Day Women တနေ့ တကြိမ် အမျိုးသမီး One A Day Prenatal တနေ့ တကြိမ် ကိုယ်ဝန်ဆောင်အားဆေး One A Day Teen တနေ့ တကြိမ် ဆယ်ကျော်သက်အားဆေး One A Day Menopause တနေ့ တကြိမ် သွေးဆုံးအမျိုးသမီးအားဆေး One A Day Women 50+ တနေ့ တကြိမ် အမျိုးသမီး ၅၀ အထက် One A Day Energy တနေ့ တကြိမ် အင်နာဂျီ One A Day Adult တနေ့ တကြိမ် လူကြီး One A Day 65+ တနေ့ တကြိမ် ၆၅ နှစ်အထက် Once-a-month osteoporosis pill ibandronate (Boniva) တလ တကြိမ် အရိုးရောဂါဆေး Once-a-month Deladroxate, Cyclofem, Mesigyna and Chinese Injectable No. 1 တလတကြိမ် ကိုယ်ဝန်တား ထိုးဆေး တရုပ်လုပ်လေးမျိုး Lunelle တလတကြိမ် ကိုယ်ဝန်တားထိုးဆေး ယူအက်စ်မှာ ပြန်လည်ရုပ်သိမ်း Cetrizine တည တပြားသောက် အလာဂျီဆေး All-In-One Multivitamin ဆေးတလုံးထဲမှာ အကုန်ပါ ဗီတာမင်အားဆေး Once-Daily, Single-Tablet Regimens For HIV-1 အိတ်ချ်အိုင်ဗွီအတွက် ဆေးတလုံးထဲမှာအကုန်ပါ တနေ့တလုံးသာ ဆေးကြော်ငြာ မဟုတ်ပါ။ ဘယ်မှာဝယ်ရ ဘယ်ဈေးပေးရ မမေးစေလိုပါ။ ဆေးကို လည်မျိုမှာ တစ်နေအောင် ဆေးစာမညွှန်းရ။ ဒေါက်တာတင့်ဆွေ

Medicines ဆေးသောက်နည်း

Image
ကျွန်မအသက် ၁၈ နှစ်ပါ သန်ချဆေး သောက်တာ မဝါးဘဲမျိုချလိုက်တာ သန်ချဆေး အာနိသင်ရှိပါမလားရှင့် ဆေးကို ဘယ်ဆေးမှ ဝါးမစားရ။ သံကို သန်လို့ပြင်လိုက်တယ်။ ဆေးတွေမှာ တက်ဘလက် ခေါ် ပေးလ် ခေါ် ဆေးပြား၊ ကက်ပဆူးလ် ခေါ် ဆေးတောင့်၊ ရှူးဂါးကုတ်တက် ခေါ် သကြားအုပ်ဆေးပြား စသဖြင့်ရှိတယ်။ ဆေးတိုင်းမှာ ဆေးအလေးချိန်ရှိတယ်။ မီလီဂရမ်၊ မိုက်ခရိုဂရမ် နဲ့ ဖေါ်ပြတယ်။ ဆေးရည်တွေကိုလည်း ဘယ်လောက် စီစီ မှာ မီလီဂရမ် ဘယ်လောက်လို့ရှိတယ်။ မီလီဂရမ် ခေါ် မင်လ် ခေါ်တာနဲ့ စီစီ ခေါ်တာ အတူတူပဲ။ မနေ့က တယောက်က အဲတာကို မေးတယ်။ ကန်တော့။ တနေ့ကတော့ အမျိုးသမီးတယောက် မွေးလမ်းထဲထည့်ဆေး အရည်မပျော်လို့ မေးတယ်။ မွေးလမ်းထဲ ထည့်ဆေး၊ စအိုထဲထည့်ဆေးတွေဟာ ကိုယ်အပူချိန်နဲ့ ပျော်သွားပြီး စုပ်ယူမှုဖြစ်မယ်။ မပျော်တဲ့ဆေး ရှိတတ်တယ်။ အဲတာမျိုးဆိုရင် မသုံးမီ ၄-၅ မိနစ်ကြာ ရေနဲ့စိုစေအောင် အရင်လုပ်ရတယ်။ ဆေးပြားတွေကို မျိုချရတယ်။ ဆေးအရသာအမျိုးမျိုး။ ဝါးစားလို့တော့ ဆေးအစွမ်းမထိခိုက်ပါ။ ရေဘယ်လောက် သို့မဟုတ် နွားနို့နဲ့သောက်ဆို ဆေးညွှန်းမှာပါလေ့ရှိတယ်။ နွားနို့နဲ့ မတွဲရတဲ့ဆေးလည်းရှိတယ်။ အရက်နဲ့မတွဲရတဲ့ဆေးရှိတယ်။ စာသပ်သပ် ရေးထားတယ်။ တနေ့ ၁-၂-၃-၄ ကြိမ်ညွှန်တာရှိတယ်။ ၁၂

Skin Care Tips ဆယ်ကျော်သက် မျက်နှာ

Image
ရေးထာတာ ၈ နှစ်တိတိက ၁၅-၁၆ နှစ်အရွယ် သမီးလေးတယောက်ရှိတယ်။ နာမည်တွေဘာတွေထားပါ။ ပေါ်ပြူလာ Skin lotion နာမည်ကြီးလို့ ဝယ်လိမ်းတယ်။ ချွေးထွက်ပေါက်တွေ ပိတ်ကုန်ပြီး ဝက်ခြံတွေ ဗုံးပေါလအော ထွက်လာပါလေရော။ ဒီလိုမျိုး မဖြစ်ရလေအောင် နည်းနာတွေရှိပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ နည်းနည်းထည့်ရေးပါရစေ။ အရွယ်က ဆယ်ကျော်သက် မျက်နှာက အရေပြား၊ အမျိုးအစားသိပါသလား။ လေးမျိုး လေးစား မှတ်ထားပါ။ (၁) ခပ်ခြောက်ခြောက်၊ (၂) အဆီပြန်၊ (၃) ပုံမှန် နဲ့ (၄) အဲဒါတွေ ရောထွေးနေတာ။ ၁။ Normal Skin Care ပုံမှန်အရေပြား ညီညာ ချောမွေ့နေတယ်။ ပျော့ညက်တယ်။ အစက်အပျောက် ကင်းစင်တယ်။ ဘာမှ ကွာကျနေတာလဲ မရှိဘူး။ မွေးညင်းပေါက်လေးတွေကလဲ မြင်ယုံသာ မြင်ရတယ်၊ ကျယ်မနေကြဘူး။ ခြောက်လဲမနေ အစိုလဲမပြန်တာကို ပုံမှန်လို့ခေါ်တယ်။ နည်းနည်းပါးပါးတော့ ပြောစရာလေးတွေ ရှိချင်ရှိမှာပေါ့။ ဒါဆိုရင် တနေ့မှာ မျက်နှာ ၂-၃ ခါသစ်ပေးပါ။ ဆပ်ပြာရိုးရိုး၊ ဆပ်ပြာရည် မပြင်းတာကိုသာ သုံးပါ။ မွှေးလွန်းတာ ကောင်းလွန်းတယ်ဆိုတာ မသင့်ပါ။ ချွေးနဲ့ အညစ်အကြေး သန့်သွားဘို့သာလိုတယ်။ အပိုမလိုပါ။ ၂။ Dry Skin Care အရေပြား သွေ့ခြောက်နေသူ ပြောင်လက်မနေဘူး။ ခပ်ကြမ်းကြမ်း၊ ယားချင်ချင်၊ အဖတ်သေးသေးလေးတ