Posts

Showing posts from October, 2023

Clotrimazole + Betamethasone Dipropionate

Image
၁။ ကျွန်တော် ခြေဖဝါးမှာ ယားနာအဖုလေးတွေရှိတယ်ခင်ဗျ ခြေထောက်ကိုသေချာသန့်အောင်ထားပါတယ် ခြေအိတ်စွပ်ပီး(ပြီး)လည်းနေပါတယ် ဆရာဝန်မကိုပြတော့ ယခုသူမပေးသောပုံကို ပြလိုက်ရပါသည် ယခုထိမပျောက်သေးပဲ ကျန်ရှိနေပါသေးသည် ဆရာဝန်မနဲ့ တွေ့ရဖို့ ရက်ချိန်းလည်းယူထားပြီးပါပြီ ဆရာပိုစ့်လေးတခုတွေ့လိုလာရောက်မေးမြန်းတာပါခင်ဗျ အချိန်လေးအားရင် ပြန်ဖြေစေလိုပါတယ်ခင်ဗျ ပုံပါဆေးက ပျောက်နိုင်ခဲတဲ့အနာ ဥပမာ နှင်းခူနာ အတွက် ဖြစ်ပါတယ်။ ယားနာ (ဝဲ)၊ နှင်းခူ၊ အလာဂျီ၊ ရေယုံ၊ ပွေး၊ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်အနာတွေကို ခွဲခြားရပါမယ်။ အဲဒီရောဂါတွေ အားလုံးအတွက် စာတွေ ဆရာ့ ဘလော့မှာ ရှိတယ်။ Beclomethasone and Betamethasone ၂။ ဆရာ Beclomethaspne နဲ့ Betamethasone ဘာကွာပါလဲဆရာ။ ဘယ်သူက ပိုမြင့်လဲဆရာ။ မေးခွန်းမှာ ဆေးအမည်စာလုံးပေါင်းလွဲနေတယ်။ ဆေးတွေကို မြင့်တယ်ဆိုတဲ့အကဲဖြတ်ချက်နဲ့ပြောရတာ မမှန်တတ်ပါ။ သူ့ရောဂါနဲ့သူ။ ရောဂါအဆင့်အရသုံးပါတယ်။ Beclomethasone ဆေးက Corticosteroids ကော်တီကိုစတီရွိုက်ဆေးအုပ်စုထဲကဖြစ်တယ်။ ပန်းနာရှူဆေးအဖြစ် အသုံးများတယ်။ Betamethasone ဆေးလည်း Corticosteroids ကော်တီကိုစတီရွိုက်ဆေးအုပ်စုထဲကဖြစ်တယ်။ အလာဂျီ ခေါ် တခုခုနဲ့ မတည

Dysgeusia အရသာပျက်ခြင်း

Image
တစ်ချက်လောက်(တချက်လောက်) မေးချင်လို့ပါရှင့် ကျော်မသွားကြပါနက်ရှင်(နဲ့ရှင့်) ပါးစပ်တွေ အရမ်းခါးနေတယ် ကျောက်ကပ်ဆေးနက်(ဆေးနဲ့) သအိမ်(သားအိမ်)ဆေးနက်(ဆေးနဲ့) သောက်နေရတယ် ကြားထဲမှာ ဖျားလို့ အပူကျဆေးတွေသောက်နေရတယ် အဲ့ကြောင့်ပါးစပ်ခါးတာလား သ်ပရစေ(သိပါရစေ) အရမ်းသိချင်နေလို့ပါ ပြောပေးကြပါရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ အရသာပျက်တာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ အများအားဖြင့် ယာယီသာဖြစ်တယ်။ ဥပမာ အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ အာဂျီနဲ့ ကိုယ်ဝန်ဆောင်ခြင်း။ ကိုဗစ်မှာလည်း ဖြစ်တယ်။ vitamin B12 နဲ့ zinc နည်းသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ Migraines ရောဂါ၊ အစာလမ်းပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်း။ Dementia နဲ့ Parkinson's disease ရောဂါတွေကြောင့်ကတော့ နာတာရှည်ဖြစ်မယ်။ Medication ဆေးတချို့ကြောင့်လည်း ဖြစ်တယ်။ Antidepressants စိတ်မကျဆေး၊ Thyroid medications လည်ပင်းကြီးအတွက်ဆေး၊ Antibiotics ပဋိဇီဝဆေး၊ Antihypertensives သွေးတိုးကျဆေး၊ Muscle relaxants ကြွက်သားပျော့ဆေး၊ Chemotherapeutic medicines ခီမိုသာရာပီဆေး။ ကုသခြင်း အကြောင်းခံသိရင် အကြောင်းခံကို ကုသရမယ်။ အယာယီအကြောင်းခံတွေက အဲဒီရောဂါတွေပျောက်ရင်

After Hysterectomy သားအိမ်ထုတ်ထားရင်

Image
(ကန်တော့) ဆရာ ကျွန်တော့အမျိုးသမီးမှာ သားအိမ်ထဲ အလုံးတွေ့လို့ ဆေးစားနေရပါတယ်​ခြောက်လရှိပါပြီ နောက်ဆုံးတစ်ခေါက်(တခေါက်) ကိုးလပိုင်းကုန်လို့ထင်ပါတယ် ပြတော့ အလုံးကသေးပြီး သားအိမ်အတွင်းသားက ပိုထူလာပါတယ်အခုတစ်ခေါက် (11လပိုင်း 20ရက်) မှာ ပြန်ပြလို့ မထူးခြားဘူးဆိုရင် သားအိမ်ထုတ်ရမယ်လို့ ပြောပါတယ်သိချင်တာက သားအိမ်ထုတ်လိုက်တဲ့အတွက် အိမ်ထောင်ရေး ထိခိုက်နိုင်ပါသလားခင်ဗျာ ကလေးမရနိုင်ဘူးဆိုရင်တောင် အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်နဲ့ အိမ်ထောင်ရေးမှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာ ဖြေကြားပေးပါကျေးဇူးတင်ပါတယ် သားအိမ်ထုတ်ထားရင် သားအိမ်ရောဂါတွေ မဖြစ်တော့နိုင်။ (ကန်တော့) လစဉ်ရာသီ မလာတော့၊ ကိုယ်ဝန်မရတော့။  မျိုးဥအိမ်တွေပါထုတ်ရရင် မျိုးဥအိက်ထုတ်ပေးနေတဲ့ ဟော်မုန်းလည်း မရတော့။ သွေးဆုံးသွားသူလိုဖြစ်မယ်။ တချို့ကို ဟော်မုန်းအစားထိုးဆေး တခုခု အိုဂျီက ညွှန်ပါမယ်။ (ကန်တော့) တချို့ မေးကြတယ်။  မျိုးဥအိမ်တွေကျန်နေသေးရင် အိမ်ထောင်ရေးမှာ သားအိမ်ထု တ်တာနဲ့ မထုတ်တာ ကွာခြားစရာ မရှိပါ။  မျိုးဥအိမ်တွေ မရှိတော့ရင် သွေးဆုံးသူတွေနဲ့ အတူဖြစ်မယ်။ Menopause သွေးဆုံးခြင်းစာတ

Hypertension and breastfeeding mom ကလေးနို့တိုက်မိခင်နှင့် သွေးတိုးကျဆေးများ

Image
မဂ်လာပါ(မင်္ဂလာပါ)ဆရာ ၂ လသား သားဦးမိခင်ပါဆရာ ဟိုတစ်နေ့(တနေ့)က သွေးပေါင်အရမ်းတက်လို့ ဆေးခန်းပြနေတဲ့နို့တိုက်မိခင်ပါဆရာ။ Rozavel 5 ကို သောက်သင့် မသင့် မေးထားတဲ့ တစ်ယောက်(တယောက်)ပါရှင် ပြနေတဲ့ သမားတော်နဲ့ ရက်ချိန်းပြန်ပြတော့ နို့တိုက်မိခင် သောက်လို့ရတဲ့ ဆေးကိုညွှန်ပေးစေချင်ကြောင်းပြောပြတော့ Rozavel 5 က ထည့်သောက်ကို သောက်ရမယ့်ဆေးမို့လို့ တစ်လ(တလ)ဆက်သောက်ဖို့ ထပ်ပေးလိုက်ပါတယ်ဆရာ။ လေဖြတ်မှာစိုးလို့ ထည့်ပေးတဲ့ဆေးမို့လို့ တစ်ခြား(တခြား)မစဉ်းစားဘဲ သောက်ဖို့ပြောပါတယ်ဆရာ။ ဆရာ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင် ဆေးဘဲဆက်သောက်ရမလား ဆရာဝန်ဘဲပြောင်းပြီး ပြရမလားရှင် ကလေးနို့တိုက်မိခင်နှင့် သွေးတိုးကျဆေးများ ၁။ Diuretics သုံးနိုင်။ ဆေးအလေးချိန် မများသင့်။ ၂။ Calcium channel blockers သုံးနိုင်။ ဆေးအလေးချိန် မများသင့်။ ၃။ ACEIs သုံးနိုင်။ ဆေးအလေးချိန် မများသင့်။ ၄။ beta-blockers အမျိုးအစားတချို့သုံးနိုင်။ beta-blockers အမျိုးအစားထဲက acebutolol နဲ့ atenolol ကိုတော့ သတိထားသင့်။ သွေးတိုးရှိသူတိုင်း အငန် (ဆား၊ ဆိုဒီယမ်) မသင့်။ သွေးတိုးအကြောင်းစာတွေ ဆရာ့ဘလော့မှာ တင်ထားတယ်။ သွေးကျဆေး အမျိုးမျိုး 1. Diuretics ဆီးသွားစေတ

Popular Dietary Supplements Contain Hidden, Harmful Substances

Image
ကြော်ငြာကောင်းက ရောင်းရ၏ ကျွန်တော် ဆေးပညာစာတွေရေးနေ၊ ဖြေနေတာ ၁၀-၁၅ နှစ်ကြာပြီ။ ထူးခြားတာလေးတွေကို မကြာခဏ တင်ပြပါတယ်။ ဒီစာမှာ တခုတင်ပြပါမယ်။ လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်းမှာ ဗီတာမင်ကေနဲ့ ဗီတာမင်ဒီတွေကို အတော်ပြောကြ၊ မေးကြ၊ ရောင်းကြ၊ ဝယ်ကြတယ်။ ကြောင်ငြာတွေကလည်း များတယ်။ ဘယ်နိုင်ငံမှာနေတဲ့ ဆရာဝန်မကြီးက ဘယ်လိုညွှန်ကြောင်း၊ ဘယ်ကနေ ထုတ်တာက ဘယ်လိုကောင်းကြောင်း။ ခုခံအား၊ အသက်ရှည်၊ ရုပ်ချော ဘလာဘလာဘလာ။ အခုအဲလိုရေးတာ နည်းလာပြီး နောက်အသစ်တွေလာတယ်။ အသစ်တွေအကြောင်းတော့ ဒီစာမှာ မထည့်သေးပါ။ ဗီတာမင်ကေနဲ့ ဗီတာမင်ဒီတွေဆိုတာ လူတိုင်းအတွက် လိုတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ နှစ်ကသာ လိုခဲ့တာ မဟုတ်ပါ။ ဘယ်အကြောင်းအရာကိုမဆို လူပြောများတိုင်း အဟုတ်မထင်ပါနဲ့။ ကြော်ငြာကောင်းတိုင်း လိုက်မဝယ်ပါနဲ့။ ဆေးဗူးခွံလှတိုင်း ဆေးကောင်းချင်မှ ကောင်းတယ်။ ပေါ်ပင် ခေါ် ခေတ်စား ခေါ် ပေါ်ပြူလာ ခေါ် လူပြောများ ခေါ် လူကြိုက်များ ခေါ် ဖေါ်လိုဝါများ ပတ်ဘလစ်ဖစ်ဂါ ခေါ်တာတွေကို ရမ်းမယုံကြစေလိုပါ။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီနဲ့ ဓါတ်ဆားတွေ လူတိုင်း နေ့တိုင်းလိုပါတယ်။ လိုအပ်ချက်တော့ မတူပါ။ ထမင်းနှစ်နပ် ပုံမှန် အာဟာရပြည့်မီအောင် စားသောက်နေကြသူတွေ အားဆေး

Hysteria ဟစ်တီးရီယား

Image
(၂၀၁၄ ခုနှစ်က ရေးထားတာဖြစ်ပါသည်။) စကားမစပ် Hysteria အကြောင်းလေးကို သိချင်လို့ မှတ်စုလေးရေးပေးပါ။ တချို့က ဆေးပညာရောဂါနာမည် မဟုတ်ကြပါဘူးတဲ့။ အရပ်ခေါ်ပေါ့နော်။ ပိုပြီး နားလည်သိချင်တာက အိမ်ထောင်ပျက်ထားတာမျိုး၊ ရည်းစားနဲ့ ကွဲထားတာမျိုး ဖြစ်ခဲ့ဘူးသော အိမ်ထောင်မကျသေးသော အပျိုကြီးတွေမှာ ပိုပြီးတော့ အဲ့လို စရိုက်လက္ခဏာ ခပ်ကြောင်ကြောင်၊ ခပ်ဂေါက်ဂေါက်မျိုးတွေ ပိုဖြစ်တတ်ပါသလား။  ‘ဟစ်တီးရီယား’ ဟာ စိတ်ပညာသုံးဝေါဟာရအစစ်တော့ မဟုတ်ပါ။ ထိန်းမနိုင်တဲ့ စိတ်လှုပ်ရှားမှု ပြင်းထံလွန်းတဲ့ အခြအနေကို ခေါ်တယ်။ ကိုယ့်ကိုယ်ကို မထိန်းနိုင်တာမျိုးလို အဖြစ်အပျက်တွေမှာလဲ သုံးပါတယ်။ တကယ်ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာဖြစ်ဖြစ် စိတ်ကူးထဲက အစိတ်အပိုင်းမှာဖြစ်ဖြစ်ကို ဗဟိုပြုပြီး ကြောက်လွန်းတာမျိုးကို ခေါ်တယ်။  သမိုင်းကြောင်း အမျိုးသမီးတွေက ဇာတ်လိုက်မင်းသမီးဖြစ်တယ်။ နောက်ပိုင်းမှာ Sexual dysfunction လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိတာနဲ့ တွဲခေါ်လာတယ်။ လိင်ဆန္ဒမပြည့်ဝသူမျိုးကို ဒီနာမည်တပ်ပြီး ကုသမှုပေးရတာရှိတယ်။ ခုနောက်ပိုင်းမှာ ဆရာဝန် မလိုတော့ဘဲ Vibrators တုန်ခါမှုကိရိယာ သုံးလာတာက ဒါမျိုးဖြစ်တယ်။  Female hysteria မိန်းမ

High grade ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ

Image
- High grade ဆိုတာပျံ့(ပြန့်ပွား)လွယ်အဆင့်ပါလား၊ - ဘာ cancer လဲ - သားဥအိမ်ပါ ဆရာဝန်ကိုမေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ ပျုံ့နဲ့ ပြန့် မှားနေလည်း ဖြေပါတယ်။ ဒီစာရေးနေတုန်း ကင်ဆာနေရာက မေးခွန်းကို ရှာမတွေ့တော့ပါ။ ပို့စ်အဖြစ် တင်လိုက်မယ်။ High grade ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ ကင်ဆာဆဲလ်တွေ မူမမှန်ဖြစ်နေတာများနေတာ။ low-grade cancer အမျိုးအစားထက် ပိုပြီး ပွားများပြန့်ပွာလွယ်တယ်။ high grade serous ovarian cancer ဆိုတာ ရောဂါအမည်တပ်ချိန်မှာ stage 3 or 4 ရောက်နေပြီ။ ၅ နှစ်အသက်ရှင်နှုန်း 15% ရှိတယ်။ စောစောသိတဲ့ အဆင့် 1 or 2 ဆိုရင် 80% ရှိတယ်။ မျိုးဥအိမ်ကင်ဆာထဲမှာ High-grade serous carcinoma အမျိုးအစားက 70% ရှိတယ်။ အများအားဖြင့် မျိုးဥအိမ်မဟုတ်ဘဲ သားအိမ်ပြွန်နေရာမှာ ဖြစ်လေ့ရှိတယ်။ Surgical cytoreduction ခွဲစိတ်ကုသနည်းနဲ့ paclitaxel and platinum-based chemotherapy ဆေးကို six cycles ပေးတယ်။ ကုသမှုကို ကောင်းကောင်းတုန့်ပြန်ပေမဲ့ ပြန်ဖြစ်တတ်တယ်။ အများအားဖြင့် ၃ နှစ်အကြာမှာ ပြန်ဖြစ်လာတယ်။ ဒေါက်တာတင့်ဆွေ

ကင်ဆာလူနာများ ကခုန်ကြခြင်း

Image
ကင်ဆာလိုအရေးကြီးတဲ့ရောဂါအပါအဝင်တခြားရောဂါတွေကိုလဲ ဆရာဝန်ကိုမမေးပဲ fbမှာမေးရတာအကြောင်းရှိပါတယ် ၁-ဆရာဝနိကိုမမေးရဲလို့ပါ(တချို့) အော်လွတ်တတ်ပါတယ်(တချို့)ပြန်မဖြေချင်ကြပါဘူး ၂-ရောဂါတူ လူနာတွေကအတွေ့အကြုံပြန်ဖြေတာမျိုးလိုချက်လို့ပါ ၃-ပြနေတဲ့ဆရာဝန်အဖြေနဲ့fbကဖြေတဲ့လူတွေရဲ့အဖြေ ချိန်ကိုက်ချင်ကလို့ပါ ၄-စိတိသက်သာအောင်တင်ကြတာပါ ဆရာ အွန်လိုင်းဆရာဝန်တွေက မအော်ကြပါ။ ကျွန်တော် ဖြေနေတာ ၁၀ နှစ်ကျော်ပြီ။ အသံဖိုင်နဲ့ မဟုတ်ပါ။ အော် မရပါ။ ဖေ့စ်ဘွတ် မပေါ်ခင်ကတည်းက ဖြေနေတာဖြစ်ပါတယ်။ ရ ကို က နဲ့ ရေးတာ ကင်ဆာ။ ဒေါက်တာတင့်ဆွေ

Cancer ကင်ဆာ မမှန် လွဲ မှား

Image
ကျွန်တော် မနက်တိုင်း၊ နေ့လယ်တိုင်း၊ ညတိုင်း ကင်ဆာနေရာ ၂ခုကို ဖတ်ပါတယ်။ ဖြေသင့်တာကို ကိုယ့်မမေးပေမဲ့ ဖြေပါတယ်။ ကင်ဆာနေရာတွေနဲ့ ကင်ဆာမေးခွန်းတွေရဲ့ ထူးခြားချက်များ - ၁။ ကင်ဆာအမျိုးမျိုး မေးတဲ့သူတွေ များတယ်။ ၂။ ကင်ဆာသိလိုရင် ဆရာဝန်ကို မမေး၊ ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ ၃။ တချို့မေးတဲ့သူတွေက ကင်ဆာအတွက် ဘာတွေရှောင်ရမလဲ၊ ဘာတွေစားရမလဲသာ မေးကြပြီး ကင်ဆာကုသနည်းကို မသိချင်ကြပါ။ ၄။ ဖြည့်စွက်စာကိုသာမေးကြပြီး ကင်ဆာကုသနည်းကို မမေးကြပါ။ ၅။ ဆေးစစ်နည်းတွေ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း လိုတာရော မလိုတာရော မဆိုင်တာတွေကိုပါ စစ်ခိုင်းကြတယ်။  ၆။ ဆရာဝန်က တင်ပြထားတာကိုတော့ ဖတ်တဲ့သူ နည်း သို့မဟုတ် လုံးဝမဖတ်။ ၇။ စာရေးတာ စာလုံးပေါင်းသတ်ပုံတွေ အတော်ကို မှားကြတယ်။ မဟုတ်ကဟုတ်က စာလုံးတွေ ရွေးသုံးကြတယ်။ မှတ်ချက် - ၁။ ကင်ဆာကုသရတာ အင်မတန်ပိုက်ဆံကုန်တယ်။ ဆေးစစ်ရတာလည်း ပိုက်ဆံအတော်ကုန်တယ်။ မလိုတာတွေစစ်လို့ မလိုအပ်ဘဲ ငွေကုန်တယ်။  ၂။ ဆေးစစ်တာတွေကို ကိုယ့်သဘောနဲ့သွားစစ်တော့ ရလာတဲ့အဖြေကို ဘာလုပ်ကြမှာလဲ။ ၃။ ဖြည့်စွက်စာလည်း မလိုဘဲဝယ်သောက်လို့ ပိုက်ဆံထပ်ကုန်မယ်။ ၄။ အရပ်ဆေး၊ ဗမာဆေးတွေ အကြံပေးကြတယ်။ ကြော်ငြာကြတယ်။ မလုပ်သင့်ပါ။ ကင်ဆာရောဂါ

Glioblastoma Multiforme ဦးနှောက်ကင်ဆာ တမျိုး

Image
အဖေ့က စစ်လိုက်တာ ဦးနှောက်ကင်ဆာပါတဲ့ ပြီးတော့ဦးနှောက်ကင်ဆာတောင်အရမ်းရှားတဲ့ကင်ဆာမျိုးဖြစ်တာပါ Glioblastoma ခွဲစိတ်လို့လည်းမရတော့ဘူး ၃လလောက်ဘဲလို့ဆရာဝန်ကပြောပါတယ် အိမ်မှာဘဲနေပြီးလုံးဝနေလို့မရတဲ့အခါမှဆေးရုံလာခဲ့ပါတဲ့ ခုအဖေက အစားတော့ကောင်းကောင်းစားပါတယ် အကြောတွေအားမကောင်းတော့ပါဘူး အထိုင်အထရယ် လှဲတာပြုတာဆို ဘေးလူကကူပေးမှရပါတယ် လမ်းအရမ်းမလျှောက်နိုင်ပါဘူးခြေထောက်တွေကအကြောအားမကောင်းတော့တာပါ ခုရက်ပိုင်း ခေါင်းလဲကိုက်ကိုက်နေလို့အဲ့တာ အဖေသက်သာအောင်ဘယ် လိုဆေးမျိုတွေတိုက်ပြီး ဘယ်လိုမျိုးပြုစုသင့်လဲရှင့် ရောဂါမပျောက်နိုင်ဘူးဆိုတာသိပေမဲ့ သက်သက်သာသာနေစေချင်လို့ပါ ဆရာဝန်ကို မေးတော့ မဟုတ်ပါ။ Glioblastoma အမျိုးအစားက ဖြစ်တာ မရှားပါ။ ဦးနှောက်နဲ့ အာရုံကြောကင်ဆာတွေထဲမှာ 47.7% ဖြစ်တယ်။ လူတသိန်းမှာ 3.21 ယောက်ဖြစ်တယ်။ ရောဂါတွေ့ရှိသူတွေအသက်ကိုတွက်ရင် ၆၄ နှစ်များ အများဆုံး။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တယ်။ ဆောရီး။ ရောဂါသိရပြီး တနှစ်အသက်ရှည်သူ 40% ရှိပြီး ၂ နှစ်ရှည်သူ 17% ရှိတယ်။ Symptoms ရောဂါလက္ခဏာများ Persistent headaches ခေါင်းအဆက်မပြတ်ကိုက်ခြင်း၊ Double or blurred vision မျက်စိမကောင်းခြင်း၊ Vomiti

Salt Water Gargle ဆားရေနွေးနဲ့ ခံတွင်းသန့်ပေးနည်း

Image
ဆရာရှင့် အသက် ၃၄ ပါ ပါးစပ် ဟရင် နားနဲ့ မေးရိုးအစပ်က နာပါတယ် အစာဝါးရင်လဲ နာပါတယ်ရှင့် သိပ်ကျယ်ကျယ် မဟနိုင်ပါဘူးရှင့် ဆယ်ရက်ကျော်ကြာနေပါပြီ ဘာရောဂါများဖြစ်နိုင်ပါလဲရှင် Ibuprofen တခါသောက် တပြား၊ တနေ့ ၂-၃ ကြိမ် သောက်သင့်။ ပါးစပ်ကို ရေနွေး + ဆားနဲ့ ဆေးသင့်။ ၂-၃ ရက်နဲ့ မသက်သာရင် ပိုးသေဆေးပါလိုနိုင်။ ½ tsp of salt ဆား လက်ဖက်ရည်ဇွန်း တဝက် + 8 oz of warm water ရေနွေး ၈ အောင်စ။  ဒေါက်တာတင့်ဆွေ

Breast Cancer Risk ရင်သားကင်ဆာ ဖြစ်နိုင်ခြေအန္တရာယ်များ

Image
ဘယ်ကင်ဆာမဆို ဘာလို့ဖြစ်သလည်း အတိအကျမသိပါ။ ကင်ဆာဖြစ်နိုင်ခြေရှိတာတွေကို ကင်ဆာအန္တရာယ်လို့ ခေါ်တယ်။ မလွဲမသွေအန္တရာယ်နဲ့ နှိုင်းရအန္တရာယ်လို့ခွဲထားတယ်။ ဆေးလိပ်သောက်တာနဲ့ မိသားစုရာဇဝင်က ထိပ်ကနေတယ်။ ဒါပေမယ့် တိုက်ရိုက်သက်ရောက်တာလို့တော့ ပြောမရပါ။ တချို့မှာ အဲဒီအုပ်စုထဲပါနေပေမယ့်မဖြစ်ပါ။  ကင်ဆာအမျိုးအစားမတူရင် အန္တရာယ်လည်းမတူကြပါ။ နေရာင်ပြင်းတာကနေ အရေပြားကင်ဆာကို၊ ဆေးလိပ်ကနေ အဆုပ်၊ ခံတွင်း၊ လည်ချောင်း၊ ဆီးအိမ်၊ ကျောက်ကပ်ကင်ဆာတွေကို ဖြစ်စေနိုင်တယ်။ အသက်ကြီးတာကလည်း အချက်တခုဖြစ်တယ်။ ကြွက်နို့ဗိုင်းရပ်စ်ရှိတာလည်းပါတယ်။ ဘင်ဇင်းဓါတ်နဲ့ ထိတွေ့ခြင်း၊ ခရမ်းလွန်ရောင်ခြည်၊ လူအဝလွန်ခြင်းတွေလည်း ပါတယ်။ ရင်သားကင်ဆာ အန္တရာယ်များ အမျိုးသမီးတွေမှာ ယောက်ျားတွေထက် ရင်သားကင်ဆာ အဆ ၁ဝဝ ပိုဖြစ်တယ်။ ဆိုးတဲ့ရင်သားကင်ဆာ ၈ ယောက်မှာ ၁ ယောက်မှာသာ အသက် ၄၅ နှစ်အောက်မှာဖြစ်တယ်။ ၃ ယောက်မှာ ၂ယောက်က အသက် ၅၅ ကျော်မှာဖြစ်တယ်။ ရင်သားကင်ဆာထဲမှာ ၅% ကနေ ၁ဝ% အထိဟာ မျိုးဗီဇလိုက်တယ်။ BRCA1 နဲ့ BRCA2 တွေက အဖြစ်အများဆုံး မျိုးဗီဇခွဲတွေ ဖြစ်တယ်။ BRCA1 ထဲမှာ အများဆုံး ၈ဝ% အထိရှိပေမယ့် ပျမ်းမျှ ၅၅ to ၆၅% ရှိတယ်။ BRCA2 မှာ ၄၅% သာရှိတယ်။ အဲလ

မှောင်မိုက်မှာငို

Image
(မြသန်းတင့်) ကျွန်တော့ရဲ့ အားမနာပါးမနာကွန်မင့် - မူရင်းသတ်ပုံကို ပြင်ထုတ်တဲ့ စာအုပ်ပေါင်း သန်းများစွာထဲက တအုပ်။ တင်ထားသူက ပြန်ရေးခြင်း -  ခုစာအုပ်ထဲမတော့ ပြန်မှန်သွားပြီတဲ့ အမှာစာမယ်။ (ChanMyae Myat) ကွန်ဂရက်ကျူလေးရှင်း နဲ့ ကျေးဇူး။ အများစုကတော့ ဂျာအေး။ ကြာအေး ဂျာအေး  (၁) ကြာအေး၊ သူ့မေရိုက်ပါလို့  မှောင်မိုက်မှာငို၊  ကိုလူပျို ထရံပေါက်က  ခြေထောက်ကိုဆွဲတွဲလဲ။ တွဲလဲ နေပါအုံး  မိုဃ်းတောင်ကချုန်း၊ မုံ့လုံး၊  မုံ့လုံးစက္ကူကပ်ပါလို့  ကြာကလပ်မှာ ဆွမ်းတော်တင်  ပလ္လင်ပေါ်က မျောက်ကလေး  ဆင်းတယ်လို့ပြေး၊ ကြာအေး။ (ဒေါက်တာ-တန်ဂွမ်လျောင်) (သားချော့သီချင်း ဖတ်စာမှပထမတန်း၌ တပည့်ကိုင် ပြဋ္ဌာန်းသည်။) (၂) မုံ့လုံး စက္ကူကပ်သည် (ဘန်းစကားများ - လှသမိန်) ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ တွဲလဲနေပါဦး မိုးတောင်ကချုန်း မုံ့လုံး မုံ့လုံးစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတက်လို့ပြေး ဂျာအေး ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို မှတ်ချက်  ၁။ လှသမိန်က နောက်ကျတယ်။  ၂။ မိုဃ်းကို မိုးလို့ပြင်ရေးလာကြပါတယ်။  ၃။ ဂျာအေးကို ကြာအေးလို့ပြင်ထားပါတယ်။ ၄။ အထက်ပါ စ

ကြာအေး နှင့် ဂျာအေး

Image
(၁) ကြာအေး၊ သူ့မေရိုက်ပါလို့  မှောင်မိုက်မှာငို၊  ကိုလူပျို ထရံပေါက်က  ခြေထောက်ကိုဆွဲတွဲလဲ။ တွဲလဲ နေပါအုံး  မိုဃ်းတောင်ကချုန်း၊ မုံ့လုံး၊  မုံ့လုံးစက္ကူကပ်ပါလို့  ကြာကလပ်မှာ ဆွမ်းတော်တင်  ပလ္လင်ပေါ်က မျောက်ကလေး  ဆင်းတယ်လို့ပြေး၊ ကြာအေး။ (ဒေါက်တာ-တန်ဂွမ်လျောင်) (သားချော့သီချင်း ဖတ်စာမှပထမတန်း၌ တပည့်ကိုင် ပြဋ္ဌာန်းသည်။) (၂) မုံ့လုံး စက္ကူကပ်သည် (ဘန်းစကားများ - လှသမိန်) ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ တွဲလဲနေပါဦး မိုးတောင်ကချုန်း မုံ့လုံး မုံ့လုံးစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတက်လို့ပြေး ဂျာအေး ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို မှတ်ချက်  ၁။ လှသမိန်က နောက်ကျတယ်။  ၂။ မိုဃ်းကို မိုးလို့ပြင်ရေးလာကြပါတယ်။  ၃။ ဂျာအေးကို ကြာအေးလို့ပြင်ထားပါတယ်။ ၄။ အထက်ပါ စာ ၂ ခုလုံးထဲမှာ မုံ့လုံးကို မုန့်လုံးလို့မရေးပါ။ ၅။ ဘယ်တုန်းထုတ်လဲ မသိတဲ့ ကျောင်းသုံးစာအုပ်တခုမှာ ဂြာအေး နဲ့ ဂြာဧ လို့ရိုက်နှိပ်ထားတယ်။ မှားတယ်။ ၆။ မှားတဲ့စာအုပ်ထဲကပုံ ရှိပေမဲ့ ဖေ့စ်ဘွတ်မှာတော့ မတင်တော့ပါ။ တချို့က ဘယ်သူက ဘာတင်တင် အဟုတ်ထင်ကြတယ်။ ဒေါက်တာတင့်ဆွေ

Cardiomegaly နှလုံးကြီးခြင်း

Image
၁။ မဂ်လာပါဆရာ ကျတော်အသက် ၅၂ပါဆရာ တခုလောက်မေးခွင့်ပြုပါ ဆရာဝန်က ကျတော်နှစ်လုံးက နဲနဲကြီးနေတယ်တဲ့ အဲဒါ ပြသနာရှိနိုင်လားဆရာ ၂။ ကျွန်တော်အမေက ဆီးချိုရောဂါရှိပါတယ်။ medical checkup လုပ်ကြည့်လိုက်တော့ နှလုံးကြီးပြီးတော့ အသည်း အဆီဖုံးနေတယ်လို့တော့ ဆရာဝန်တွေကပြောပါတယ်။ ကျွန်တော်သိချင်တာက နှလုံးကြီးတယ်ဆိုတာ ဘာကို ပြောတာလဲဟင်။ ကုသလို့ရောရနိုင်လား။  အဲဒီရောဂါကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲ။ အမေ အသက်ကော ရှည်ပါ့မလား။ စိုးရိမ်တယ်။ နှလုံးဆရာဝန်ဆီသွားဖို့ကော လိုလား။ ကျွန်တော်ကတော့ အမေကို မဆုံးရူံးစေချင်ဘူး။ ( - ) ဒုတိယနှစ်ဘဲရှိသေးတယ်။ နောက်ထပ် လေးနှစ်ထောင်တတ်ရအုံးမှာ။ အမေ့ကို ရှာကျွေးချင်သေးတယ်။ အဲဒါကြောင့် ဒီရောဂါက သေစေနိုင်လား။ ကုသနိုင်မဲ့နည်းလမ်းလေးတွေကိုရော ပြောပြပေးပါ။ အမေက အသက် ၄၇၊ အရပ်က ၅ ပေ ၁ လောက်ရှိတယ်။  ကိုယ်အလေးချိန်က ၁၂၂ ပါဆရာ။  • နှလုံးကြီးတာက ရောဂါမဟုတ်ပါ။ ရောဂါတခုခုရဲ့လက္ခဏာသာဖြစ်ပါတယ်။ • Cardiomegaly နှလုံးကြီးနေတာကို အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။ heart muscle နှလုံးကြွက်သား၊ heart valves နှလုံးအဆို့ရှင်တွေ၊ high blood pressure သွေးတိုး၊ arrhythmias နှလုံးခုန်မမှန်တာ နဲ့ pul

Drug Store ဆေးဝယ်သူများသို့

Image
ကင်ဆာနေရာတွေမှာ မကြာခဏဖတ်ရတယ်။ ဒီဆေးက ပစ္စည်းပြတ်နေလို့ပါတဲ့။ ပြတ်နဲ့ ပျက်ကလည်း မှားသေးတာ။ ကျွန်တော် နယူးဒေလီမှာ ၂၄ နှစ်ကြာနေခဲ့တယ်။ ဆေးဆိုင်တွေကို အခေါက်ပေါင်း ထောင်သောင်း ရောက်ပါတယ်။  လာမေးတဲ့အချိန် သူတို့ဆိုင်မှာ ဆေးမရှိရင် အဲဒီဆေးကို မထုတ်တော့ဘူးတဲ့။ ဘယ်ဟုတ်ရမှာလဲ နောက်တဆိုင်မှာ ရတယ်။ ဈေးရောင်းတဲ့သူတွေနဲ့ဆက်ဆံရတာ အတော်ကို ဂွကျတယ်။ ဆေးဝယ်တဲ့သူတွေကလည်း ဗူးခွံလှရင် အဟုတ်ထင်တတ်ကြတယ်။  ဖေ့စ်ဘွတ်မှာ တယောက်က ကောင်းတယ်ဆို လိုက်ကောင်းကြတယ်။ ဂွကျတာဘဲ။ တကြိမ်က တင်ပြပြီးပြီ။ မြန်မာပြည်ကနေ ဆေးလာဝယ်တဲ့ ဆေးကုန်သည်တယောက်က အိန္ဒိယဆေးကုမ္ပဏီကို ဆေးအလေးချိန် လျှော့ထည့်ခိုင်းပြီး (ဥပမာ ၅၀၀ မီလီဂရမ်အစား ၂၅၀ မီလီဂရမ်) ၂၅၀ မီလီဂရမ်အတွက်က ငွေချေတယ်။ ကိုငွေကုလားကလည်း သဘောကောင်းသတဲ့။ ခိုင်သလို လုပ်ပေးလိုက်တယ်။ ကိုရွှေဗမာက မြန်မာပြည်ရောက်ရင် ၅၀၀ မီလီဂရမ်ဈေးနဲ့ ရောင်းလိမ့်မယ်။ ဒေါက်တာတင့်ဆွေ

Cancer ဘာ့ကြောင့် မေးသလဲ မသိပါ

Image
small lymphocytic lymphoma SLL ဖြစ်ဖူးတဲ့လူတွေ ရှိ့လား(ရှိလား) ခဗျ ဘာ့ကြောင့် မေးသလဲ မသိပါ။ ဘယ်ကင်ဆာမဆို တိုင်းပြည်တိုင်းမှာ ဖြစ်တဲ့သူတွေ ရှိပါတယ်။ မြန်မာပြည်မှာလည်း ရှိတယ်။ တချို့ကလည်း စိုးရိမ်ရသလားလို့သာ မေးကြတယ်။ တချို့ကလည်း ဘာတွေရှောင်ရလဲလို့သာ မေးကြတယ်။ တချို့ကလည်း ဘာတွေစားရမလဲလို့သာ မေးကြတယ်။ တချို့ကလည်း ဘယ်ဖြည့်စွက်စာတွေလိုသလဲလို့သာ မေးကြတယ်။ ကင်ဆာကို ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲလို့ မမေးကြတာ မြန်မာပြည်မှာ။ ဒေါက်တာတင့်ဆွေ

Breast Cancer (1) ရင်သားကင်ဆာ (၁)

Image
၂၀၁၇ ခုနှစ်က တင်ထားတာကို တယောက်က ထပ်တင်တာတွေ့လို့ ဖေါင့်ပြောင်းပြီး ပြန်လည် တင်ပြပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေ ပါနေတယ်။ ဆောရီး။ 1. ဆရာရှင့် ကျွန်မရဲ့ယောင်းမက ရင်သားကင်ဆာ အဆင့် ၁ လို့ပြောပါတယ်။ ဘယ်လိုကြောင့် ရင်သားကင်ဆာ ဖြစ်ပါသလဲ။ ဘယ်လိုနေထိုင် စားသောက်မှု ပုံစံလုပ်ရပါမလဲရှင်။ ဆရာ ဖြေကြားပေးပါလို့ လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။ 2. ရင်သားကင်ဆာအကြောင်းသိချင်ပါတယ်ရှင်။ ရောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြပါသလဲရှင်။ ရင်သားမှာ အကျိတ်ရှိရင် ကင်ဆာကျိတ်လား၊ ရိုးရိုးအကျိတ်လားဆိုတာ ဘယ်လိုခွဲခြား စမ်းသတ်(စမ်းသပ်)လို့ရပါသလဲရှင်။ ကျေးဖူးပြုပြီး ဖြေပေးပါရှင် အရင်ဖြေခဲ့တာတွေကိုလည်း ကျေးဇူးတင်လျက်ပါ။ ကျွန်မနဲ့နီးစပ်တဲ့သူတွေကို ပြန်မျှဝေပေးနေရလို့ပါ။ ရင်သားကင်ဆာဟာ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဖြစ်နိုင်တယ်။ (စာရင်းဇယား တိတိကျကျ ထားနိုင်ကြတဲ့ နိုင်ငံတွေမှာ ပြောတာပါ။ ကျွန်တော်တို့ တိုင်းပြည်က ညံ့ရမဲ့နေရာတွေမှာ နောက်မကျပါ။) ဘာလို့လာဖြစ်သလဲ အတိအကျ မသိရသေးပါ။ ဖြစ်နိုင်ခြေရှိသူ ဆိုတာလောက်သာ သိသေးတယ်။ ရင်သားကင်ဆာ ဖြစ်ရာကနေ တခြားနေရာတွေကို ကူးစက်သွားနိုင်တာမှာ ကင်ဆာ အမျိုးအစား တခုနဲ့တခု မတူကြပါ။ ကိုယ့်ဖါသာစမ်းတာ၊

Sweet Potato ကစွန်းဥ

Image
ဆရာရှင် သမီးရင်သားကင်စာဆေးသွင်းပြီးပါပြီ၊ ငါးနှစ်ဆေးသောက်နေပါတယ်၊ ဆီးချိုရှိပါတယ်၊ အင်ဆူလင်ထိုးနေရပါတယ်၊ အသက် ၄၀ ပါ ကန်စွန်းဥကြိုက်ပါတယ် ကင်ဆာသမား‌နဲ့မတဲ့ဘူးပြောလို့ဟုတ်ပါသလား အမေရိကန် သုတရှာစရာနေရာတွေမှာ မတူတဲ့အမြင်တွေ ရေးထားတယ်။ ၁။ ဆီးချိုရှိသူတွေ ကစွန်းဥ စားနိုင်သတဲ့။ ၂။ သင့်တော့သင်တယ်။ အတိုင်းအဆ မများပါနဲ့တဲ့။ မြန်မာလို တင်ပြပါမယ်။  - အာလူးနဲ့ ကစွန်းဥလို မြေအောင်းဥတွေမှာ ကစီဓါတ်များတယ်။ ကယ်လိုရီ များများရတယ်။ ကိုယ်အလေးချိန်ထိန်းသူတွေ နည်းနည်းသာ စားသင့်တယ်။ ဆီးချိုရှိသူတွေလည်း နည်းနည်းလေးသာ စားသင့်တယ်။ - ပိုတိကျအောင်ပြောရရင် အာလူးတိုင်းက မတူပြန်ပါ။ တချို့အာလူးက ပိုချိုတယ်။ ကစွန်းဥလည်း အဲလိုဘဲ။ အချုပ် - ၁။ ကိုယ့်သကြားဓါတ် အနည်းအများ သိနေပါ။ ၂။ ကိုယ်စားတဲ့ အစားအစာထဲမှာပါတဲ့ သကြားဓါတ်အနည်းအများလည်း သိပါ။ ၃။ သွေးထဲကသကြားဓါတ်ဟာ အစာနဲ့ အနီးအဝေးအရ တက်လိုက် ကျလိုက်နေတယ်။ ဒေါက်တာတင့်ဆွေ

ငရုတ်သီး မြည်းကြည့်ပါ

Image
ဆရာ့အကောင့် အစစ်လားလို့ ဖေ့စ့်ဘွတ် စာမျက်နှာက ကွန်မင့်မှာ တွေ့ပါတယ်။ ဈေးဝယ်သလို ငရုတ်သီး စပ် မစပ် တကိုက်လောက် ကိုက်ကြည့်ရသတဲ့။ မေးမြန်း စူးစမ်းတာ ကောင်းတယ်။ ဟိုတနှစ်က ကျွန်တော့အမည်၊ ကျွန်တော့ဓါတ်ပုံ၊ ကျွန်တော့စာတွေကို ကူးတင်တဲ့ အကောင့်အတုတွေ ၃-၄ ခုပေါ်ပေါက်တယ်။ မစူးမစမ်း မေးခွန်းတွေမေးကြတယ်။ ဖြေသတဲ့။ (ကန်တော့) အမျိုးသမီးရဲ့ ဖုံးကွယ်ထားရတဲ့နေရာကို ပုံရိုက်ပို့ခိုင်းတော့ မစူးမစမ်းတွေက ပုံပို့မိကြသတဲ့။ တယောက်ကတော့ ငွေညှစ်ခံရတယ်လို့ ပြန်ပြောတယ်။ ပြန်မပြောသူတွေ ဘာဖြစ် မသိပါ။ ကန်တော့။ အကောင့်အတုတွေကို အကြိမ်ကြိမ် ရီပို့လုပ်တော့မှသာ ပျောက်ကွယ်သွားတယ်။ သူများတွေကို ကူကြပါဦးပြောရတယ်။ ကျွန်တော့မူကို သိသူတွေက ငရုတ်သီးစပ်မှန်း သိကြမယ်။ ကျွန်တော်က - - သား သမီးလို့ မသုံးပါ။ - တ ကို မလိုအပ်ဘဲ တစ် မလုပ်ပါ။ - အတုတွေလုပ်ကြသလို မေးတခွန်း ဖြေတခွန်း မလုပ်ပါ။ - ပုံတွေ မပို့ပါရန်လို့ စည်းကမ်းမှာ ထည့်ထားတယ်။ - ပို့စ်မှာ အသုံးပြုတဲ့ပုံတွေက အများအမြင်မှာ တင့်တယ်တာတွေသာဖြစ်တယ်။ အကောင့်အတုမှာ ဆွဲဆောင်မှုကောင်းတဲ့ပုံတွေတင်ထားတယ်။ အခုဆို အဖျက်ခံရတဲ့ အကောင့်အတုတွေက အမည်သစ်တွေနဲ့ လိမ်နေကြလောက်ပြီ။ ငရုတ်သီး မြည်းပြီးမ

PDA မွေးရာပါနှလုံးရောဂါ

Image
၁။ ဆရာရှင့် မွေးရာပါ နှလုံးအပေါက် PDA အမျိုးအစားပါ ကလေးက အသက် ၉ လပါ အဲ့အရွယ် ပေါင်ကနေ ပိုက်ထည့်ပီး(ပြီး) ပိတ်မယ်ဆို ပေါင်သွေးကြော ရှာရခက်လားဆရာ အသက်‌ငယ်သေးတော့ ကိုယ်ခံအားအတွက် ဆိုးရိမ်(စိုးရိမ်)လို့ပါ သွေးကြောရှာတာအပါအဝင် ခွဲစိတ်ကုသမှုကို အထူးကုဆရာဝန်တွေက လုပ်ပါတယ်။ လူနာရှင့်အလုပ် မဟုတ်ပါ။ ၂။ မင်္ဂလာပါဆရာ။ အသက် ၉လ၊ မိန်းကလေးပါ။ သိချင်တာက ဆေးစစ်ချက်မှာပါတဲ့ ရောဂါ အမျိုးအစားက ဆေးသောက်ရုံနဲ့ပျောက်နိုင်ပါသလား။ ခွဲစိတ်ဖို့လိုပါသလားဆရာ။ ဒီရောဂါအတွက် ဘယ်လိုကုသမှူက အသင့်လျော်ဆုံးဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Patent Ductus Arteriosus (PDA) ခေါ် မွေးရာပါနှလုံးရောဂါ သေးသေးလေးသာဆိုရင် နှလုံးနဲ့ အဆုပ်ကို ဒုက္ခမပေးပါ။ ခွဲစရာမလိုတတ်ပါ။ အလိုလို ပိတ်သွားနိုင်တယ်။ တချို့ကလေးတွေကိုတော့ Catheters ကသီတာထည့်ပြီး ပိတ်ပေးရတယ်။ တခြားနှလုံးချို့ယွင်းချက်တွေ ရှိ မရှိစစ်ရမယ်။ လမစေ့ပဲမွေးတဲ့ကလေးဆိုရင် ဆေးပေးရတတ်တယ်။ ခွဲပြီး ကောင်းသွားမယ်။ ဒေါက်တာတင့်ဆွေ

Kidney Transplant ကျောက်ကပ်အစားထိုးခြင်း

Image
မင်္ဂလာပါ ဆရာရှင့်။ ကျမအကိုက အသက် ၄၇နှစ် အိမ်ထောင်သည်ပါရှင့်။ ကျောက်ကပ်အစားထိုးကုသလိုက်ရင် ပကတိကျန်းမာရေးကောင်းမွန်တဲ့ခြေနေကို ပြန်ရနိုင်ပါသလားရှင့် ကျောက်ကပ်အစားထိုးကုသခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကောင်းကျိုးလေးတွေကို ရှင်းပြပေးပါလားရှင့်။ ကျောက်ကပ်ပေးလှူသူကရော ကျောက်ကပ်တခုတည်းနဲ့ ကျောက်ကပ်နှစ်ခုရှိစဥ်ကလို ကျန်းကျန်းမာမာနေသွားနိုင်လားရှင့်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေကို ဖြေကြားပေးပါလားရှင့်။ကျေးဇူးတင်ပါတယ်ရှင့် ဆရာကြီး။သတ်ပုံမှားတာတွေပါရင်လည်း ခွင့်လွှတ်ပေးပါရှင့်။ ကျောက်ကပ်အစားထိုးခြင်း ဆိုတာ ဘာလဲ ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။ အသက်ရှင်သော အလှူရှင်။ မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။ သေဆုံးပြီးအလှူရှင်။ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါ မရှိသူ ဖြစ်ရပါမယ်။ ကျောက်ကပ်အစားထိုးခြင်း ဘယ်လောက်ထိ လုပ်ကြသလဲ ဆိုးရွားတဲ့ ကျန်းမာရေးပြသနာဖြစ်ပြီး အသက်အရ

Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ

Image
၁။ အသည်းကင်ဆာ + အူမကြီးကင်ဆာ ၂မျိုးဖြစ်နေတဲ့သူကို သံဓာတ်အားကောင်းစေတဲ့အသီးအရွက်တွေကျွေးလို့ရပါလားရှင် လောလောဆယ်အူမကြီးကင်ဆာအတွက်ခီမိုသွင်းနေတာပါ ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ အသည်းမကောင်းသူတိုင်း သံဓါတ်အားဆေး သတိထားရတယ်။ ၂။ ဆရာရှင့် ကျမအသက် ၂၈ နှစ်၊ အမျိုးးသားအသက် ၃၁ နှစ်ပါ။ ကျမက ဘီပိုးရှိပါတယ်။ ခုတလော fb မှာ share နေကြတာ ဘီပိုးရှိသူကိုယ်ဝန်ဆောင်အမျိုးသမီး သံဓါတ်အားဆေးသောက်ရင်း အသည်းကင်ဆာအဖြစ် ပြောင်းလဲသွားကာ အသက်ဆုံးပါးပြီး လသားကလေးငယ်လေးကျန်ခဲ့တယ်ဆိုလို့ပါ။ ဗဟုသုတလေး ဖလှယ်ပေးပါဦးဆရာရှင့်။ ဆေးပညာစာ၊ သတင်းကို ဘယ်လိုလူကရေးသလဲ သိပြီးမှသာ လိုက်နာစရာ၊ ရှောင်စရာ၊ ကြောက်စရာ လုပ်သင့်ပါတယ်။ အဲလို အခြေအမြစ်မခိုင်မာတဲ့ ခြောက်လှန့်တဲ့သတင်းမျိုး ရေးသားသူ၊ ထုတ်ဝေသူ၊ မျှဝေသူတွေကို ရာဇဝတ်မှုကျူးလွန်သလိုသဘောထားသင့်တယ်။ အသည်းမကောင်းသူတွေ သံဓါတ်များတာတော့ မကောင်းပါ။ ဘီပိုး၊ စီပိုး ကူးစက်ခံထားရပေမယ့် နှစ်တွေကြာအောင် အသည်းကနိုင်အောင်လုပ်နိုင်သေးတယ်။ နာတာရှည်အသည်းရောင် ဖြစ်လာမှ အသည်းကအလုပ်နည်းလာတယ်။ အဲဒီအချိန်မှာသာ သံဓါတ်ကို လိုတာထက်မပိုသင့်ပါ။ နာတာရှည်အသည်းရောဂါဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ

South Indian Vada ဗမာပြည်က ဗရာကြော်

Image
၁။ ဘယာကျော်(ကြော်)နဲ့ ဗယာကျော်(ကြော်) ဘယ်စာကအမှန်လဲဆရာ ၂။ ဗယာကျော်(ကြော်)လား ဘယာကျော်(ကြော်)လား။ (အဲတာနဲ့ ဒီစာရေးပါတယ်။) ၃။ မတ်ပဲဗယာကျော်(ကြော်)မစားရတာကြာပြီဆရာ။ ဗမာကျော်တဲ့ဗယာကျော်(ကြော်)တွေသာ စားနေရတယ်။ ဗမာဗယာကျော် အိအိလေး စားချင်မိတယ်။ (ကြော်လို့ ရေးရ။) ၄။ ဗမာ အစားအစာ ဗယာကြော်လေးနဲ့ ဗမာချည်ထည် စာပွဲခင်းလေးနဲ့ ဗမာပြည်ပြန်ရောက်နေသလားလို့တောင် ထင်ရတယ် ဆရာကတော်ရဲ့လက်ရာမြန်မာဆန်လိုက်တာ (ဒေါ်မြမြအေးကို ဖတ်ပြလိုက်မယ်။) ၅။ မမအေးကြော်ပေးတဲ့ ဆရားစိတ်ကြိုက် ဗယာကြော်လေး စားချင်စဖွယ်ရာပါဆရာ။ (မမအေး ဖတ်ပြီး။) ၆။ အန်တီအေးက စွယ်စုံတတ်လိုက်တာရှင်။ (အန်တီအေးကို ပြလိုက်မယ်။) ၇။ သမီးကဗယာကြော်တအားကြိုက် အစပ်ပါတာရော ကြက်သွန်နီလေးပါပါတာမြင်ရတာ တအားစားချင်စိတ်ဖြစ်သွားပြီ။ (စားပေတော့။) ၈။ ဗယာ= ပဲ ဘေးဘရာ ကျော်အောင် ဗယာကြော် (Vada ပဲဗယာကြော်စာ ရေးလိုက်တယ်။) ၉။ ဆရာ့ရှင့် ဗလက်ချီးနန်း စကားလုံးအမှန်ကို သိပါရစေရှင့် (ဗလက်ချီးနန်း မဟုတ်ပါ။ ဗလချီးရမ်းလို့ ရှိတယ်။ အရပ်သုံး ဖြစ်တယ်။ ဗရပွ၊ ဗရပျစ်၊ ဗရမ်း ဗဒါ၊ ဗလာင်ဆူ၊ ဗရပြွတ်၊ ဗရွတ်ရွှတ်တ၊ ဗရုတ်ဗရက်၊ ဗရုတ်သုက္ခ၊ ဗရုတ်သုတ်ခ၊ ဗရုန်းဗရင်း၊ ဗရုန်းသုန်းကားဗရဗွေ ဗလပျစ်၊ ဗရဗွ

Dextromethorphan cough syrup ချောင်းဆိုးပျောက်ဆေး

Image
လည်ချောင်း ချွဲသလိပ်ထကပ်ကပ်နေတာဘာဆေးသုံးလဲ ဘယ်လိုလုပ်ရင်သက်သာလဲပြောပေးကြပါအုံး Cough expectorant for adults ချွဲထွက်စေသည့် ချောင်းဆိုးပျောက်ဆေးများ (လူကြီးများအတွက်) ချောင်းဆိုးပျောက်ဆေးတွေ အမျိုးမျိုးရှိတယ်။ ဆေးထဲမှာ ဘာပါသလဲ ဖတ်ပါ။ Dextromethorphan ပါနေတဲ့အမျိုးအစားက ချွဲထွက်စေသည့် ချောင်းဆိုးပျောက်ဆေး ဖြစ်တယ်။ ဆေးအမည်တွေက များတယ်။ မြန်မာပြည်မှာ ဘယ်အမျိုးအမည်ရသလဲ မသိပါ။ • Delsym (syrup) • Buckley's Mixture Cough Suppressant (syrup) • Vicks 44 Custom Care Dry Cough (syrup) • Robitussin Long-Acting CoughGels (capsules) • Sucrets DM Cough Formula (lozenges) • Dextromethorphan (generic) • Mucinex • Guaifenesin (generic) • Mucus Relief DM Cough Immediate-Release Tablets • Walgreens Cough DM Liquid, 12-Hour Relief Grape • Cough DM Liquid, 12-Hour Relief Grape  - 5 fl oz • Walgreens Cough & Chest Congestion DM Cherry (6 fl oz ) ဒေါက်တာတင့်ဆွေ