Units ယူနစ်များ
ကွန်မင့်မေးခွန်း = အဲဒီတုံး (တုန်း) ကလဲ လေးမတ် တကျပ်ပဲလား ၄ မတ် = ၁ ကျပ်။ တမတ် = ၂၅ ပြား။ ကွန်မင့်မေးခွန်း = ၂၅ပြား = ၄ဲ။ ၁ဲ ဆိုတာရှိလား။ မြန်မာပြည်မှာ အလွတ်ကျက်ခဲ့ရတဲ့စံနစ်က ဗြိတိသျှ။ ပိုက်ဆံတွေက ကျပ်-ပဲ-ပိုင်။ ပေါင်-သျှီလင်-ပဲနိ။ ဒေလီမှာ ကေဂျီနဲ့ လီတာ။ ယူအက်စ်မှာ မိုင်နဲ့ ဂါလံသုံးတယ်။ ၁ ပဲနိ ၁ ဆင့်၊ ၁ နစ်ကယ်် ၅ တင့်၊ ၁ ဒိုင်းမ် ၁၀ ဆင့်၊ ၁ ကွာတား ၂၅ ဆင့် တဲ့။ ဂွကျတယ်။ ငွေကို အရင်က အသပြာလို့ ခေါ်တယ်။ ၁၈၅၂ မှာ မင်းတုန်းမင်းလက်ထက် ငွေဒင်္ဂါးပြားစထုတ်တယ်။ ၁ ပဲ။ ၂ ပဲ = ၁ မူး။ ၄ ပဲ = တမတ်။ ၁ဝ ပဲ = ၅ မူး။ ၁ဝ မူး = ၄ မတ် = ၁ ကျပ်။ ငွေဒင်္ဂါးလို့ ခေါ်တယ်။ ၁၈၈၉ အင်္ဂလိပ်လက်ထက်မှာ ငွေ ၁၆ ပြား = ရွှေ ၁ ပြား ထုတ်တယ်။ မြန်မာ ငွေ ၁ ပြားဟာ အိန္ဒိယ ၁ ရူးပီးနဲ့ ညီမျှခဲ့တယ်။ နောက်မှာ ကြေးပြားတွေ ထုတ်လာတယ်။ ရွှေရယ်၊ ငွေရယ်၊ ကြေးရယ် ဖြစ်လာတယ်။ ငွေစက္ကူ ထုတ်တယ်။ သတ္တုရောပြားတွေ ထုတ်လာတယ်။ ငွေလို့ အသုံးများလာတယ်။ ပိုက်ဆံဆိုတာ ဟင်ဒီစကား ပိုက်ဆားကနေလာတယ်။ ပိုက်ဆံယူနစ်များ ၂ ပဲ = ၁ မူး ၂ မူး = ၁ မတ် = ၂၅ ပြား = ၄ ပဲ ၂ မတ် = ငါးမူး = ၅ဝ ပြား = ၈ ပဲ ၂ ငါးမူး = ၁ ကျပ် = ၁ဝဝ ပြား = ၁၆ ပဲ ဆန်ယူနစ်များ ၂ လမြူ = ၁ လ