Posts
Showing posts from December, 2020
Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း
Image
၁။ ဆရာ မင်္ဂလာပါရှင့် apple cider vinegar သောက်တာတို့ extra virgin coconut oil သောက်တာတို့က ဆိုးကျိုးရှိလား သောက်သင့်လား ဖြေပေးပါဦးရှင့် ဆိုးကျိုးတော့ မရှိ။ ထိရောက်မှု သေချာ မပြောနိုင်။ သောက်မဲ့သူ ကျား-မ-အသက်-ရောဂါ မသိ။ မ ၂၁နစ် ရောဂါမရှိ ၂ မင်္ဂလာပါဆရာ။ ကျမအသက်က ၃၆ နှစ်ပါ။ ခြောက်လအရွယ်သားလေးရှိပါတယ်။ ကိုယ်ဝန်မရှိခင်တုန်းက PH level က (7) ပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေး၊ ဆီး စသည်ဖြင့် လိုအပ်တာတွေစစ်ပါတယ်။ အဲဒီတုန်းက PH level က (6) ပါ။ အခုစစ်ကြည့်တော့ (6.5) ပါ။ PH level (7) က အကောင်းဆုံးအနေအထားအဖြစ်သိထားပါတယ်ဆရာ။ ကျမသိချင်တာက PH level 7 ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရပါမလဲဆရာ။ ဘယ်လိုအစားအသောက်မျိုး စားသုံးရမှာပါလဲ။ PH level ကွာခြားနေဟာ ဘယ်အရာတွေပေါ်မူတည်ပြီး အတက်အကျကွာခြားနေပါသလဲဆရာ။ PH level အနည်းအများကွာခြားချက်ဟာ တခြားမည်သည့်ရာတွေကို အကျိုးသက်ရောက်စေပါသလဲဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ။ ၃။ ဆရာ ကျွန်တော်နေပူထဲသွားမိရင် ဆီးအောင့်ပါတယ်။ နေပူထဲကြာကြာနေမိလေ ပိုဆိုးလေပါပဲ။ ဆီးတစက် သွားဖို့အရေး တော်တော်ကြိုးစားရတယ်။ သွားမိရင်လည်းအတော်ကျင်တယ်။ ရေနွေးတွေများထွက်လာသလို ခံစားရတယ်ဆရာ။ နေပူ ထဲကလည်း မထွက
Surgeon ခွဲဆရာဝန်
Image
ပို့စ်တခုကပုံကို သဘောကျတယ်။ မနေ့ပဲ သူများတွေလုပ်ထားပြီးသား ပုံတွေ၊ အိုက်ကွန်တွေကို ထပ်ချည်းတလဲ တင်နေကြတာကို ရေးမိသေးတယ်။ ကနေ့တော့ ဆွမ်းလောင်းပွဲက မုန့်ဆီကြော်နဲ့ ပဲခွေနဲ့တူတယ်လို့ ထပ်ရေးလိုက်တယ်။ ဆောရီး။ ကျွန်တော်က ကိုယ်တိုင်တီထွင်ကြံဆတာကို အားပေးတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မဟုတ်သေးလည်း ချီးကျူးတယ်။ ပုံထဲမှာ ခွဲစိတ်ခန်းသုံးကရိယာတွေနဲ့ ဟက်ပီးနယူးယီးယားကို ပုံဖေါ်ထားတယ်။ ကြည့်ရတော့ လက်ယားလာတယ်။ တခုချင်းကိုကိုင်ပြီး အသုံးချချင်မိတယ်။ ကျွန်တော် ခွဲစိတ်လူနာတွေနဲ့ဝေးရတာ ၂ နှစ်ကျော်ပြီ။ ခွဲစိတ်ခန်းနဲ့ကင်းခဲ့ရတာက ၂၆ နှစ်ရှိပြီ။ ဒေလီမှာနေရတုန်းက အိုတီ ခေါ် ခွဲစိတ်ခန်းမပီသပေမယ့် ဖြစ်သလိုခွဲပေးခဲ့နိုင်သေးတယ်။ ခွဲစိတ်စရာမလိုတာကိုပါသိမှသာ တော်တဲ့ဆာဂျင်လို့ခေါ်ပါတယ်။ လူနာမရှိတဲ့ခွဲစိတ်ဆရာဝန်ကို ဘယ်လိုခေါ်မလဲ။ ခွဲဆရာဝန် = ခွဲသွားပြီဖြစ်တဲ့ဆရာဝန်။ Photo from Phyoe Wai Phyoe ပုံမူရင်းက Medical-Online လို့ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆ ၃၁-၁၂-၂၀၂၀ 
စိပ် နဲ့ စိတ်
Image
ဆရာခင်ဗျာ ဆေးရုံတွေမှာ ခွဲစိတ်ခန်း၊ ခွဲစိတ်ဆရာဝန်ကြီး။ ခွဲစိတ်အထူးကု စသည်ဖြင့် တွေ့ရပါတယ်။ ကျွန်တော့်အထင်တော့ စိတ်ဆိုတာ စိတ်ဓာတ်၊ စိတ်စေတသိတ်၊ စိတ်ရောဂါ၊ စိတ်ကူးယဉ် စသည်ဖြင့် ဖြစ်မယ် ထင်ပါတယ်။ စိပ်ဆိုတာ ပုတီးစိပ်။ ဝါးခြမ်းစိပ်၊ ခွဲခြမ်းစိပ်ဖြာ။ အစိပ်စိပ်အမွှာမွှာ။ တခုခုကို စိပ်မွှာရင် စိပ်ကို သုံးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ခွဲစိပ်ခန်း၊ ခွဲစိပ်ဆရာဝန်။ ခွဲစိပ်အထူးကုရေးမှ မှန်တယ် ထင်ပါတယ်။ ကျွန်တော့်အမြင် မှားသလား။ အမှားမြင်နေတာလား။ ကျွန်တော့်ကို အမှားပြင်ပေးပါဦးဆရာ။ အစဉ်လေးစားစွာဖြင့်။ ကျွန်တော်လည်း သတ်ပုံတွေ မကြာခဏမှားတတ်တယ်။ ခွဲစိတ်က မှန်တယ်။ စိပ် ကွန်စိပ်ချ၍ ငါးဖမ်းသည် စပါး ခပ်စိပ်စိပ်ကြဲပါ စိပ်ပုတီး ပုတီးစိပ်ပါ မစိပ်မကျဲ အရွက်စိပ်စိပ် စိတ် ကွက်စိတ်ဆရာ ခွဲစိတ်ကုသခြင်း စိတ္တဇ စိတ်ကူးစိတ်သန်း စိတ်ကိုချုပ်ထားပါ စိတ်ဆတ်သူ စိတ်တိုင်းကျ သုံးဆောင်ပါ စိတ်ဓာတ်မကျပါနှင့် စိတ်မကျေပွဲ စိတ်မနှံ့သူ စိတ်ဖြာ စိတ်လိုက်မာန်ပါ မလုပ်ပါနှင့် စိတ်ဝမ်းနှလုံး ကောင်းပါစေ စိတ်သန္တာန် ဆန်တစိတ် (ဆန်တစ်စိတ် မဟုတ်) မိုးတစိတ်စိတ် (မိုးတစိမ့်စမ့်) အသေးစိတ် ငွေအစိတ်  ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၆ ၃၁-၁၂-၂ဝ၂၀
နှစ်သစ်ကို ကြိုကြခြင်း
Image
ပြည်တွင်းမှာရော ယူအက်စ်အေမှာပါ မိတ်ဆွေအပေါင်းအသင်းတွေ စုဝေးပြီး စားကြ ဆိုကြတာတွေ တွေ့ရတယ်။  ဆရာဝန်ဖြစ်တော့ ဆရာဝန်စကားသာပြောရမယ်။ ယူကေအပါအဝင် တိုင်းပြည်အတော်များများမှာ နှစ်သစ်ကာလ ခရီးသွားခွင့်နဲ့ ဆိုင်ဖွင့်ခွင့်တွေ ပိုပြီး ကန့်သတ်လိုက်ရတယ်။ နှစ်သစ်ဖြစ်ပေမဲ့ မိဘတွေအိမ်ကို သားသမီးတွေ မြေးတွေ မလာကြပါ။ အသက်ကြီးသူတွေအတွက် ငယ်သူတွေက သတိ ပိုထားပေးကြတာ။ ပျော်သူတွေဆီကတော့ အပျော်ကူးစက်ပါတယ်။ လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ်  တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၂၀
COVID-19 Vaccination ကိုဗစ်ကာကွယ်ဆေးအကြောင်း
Image
ဆရာ အသက် ၇၀ အမျိုးသား ကျောက်ကပ်ရေအိတ်ရှိသူနဲ့ အသက် ၆၈ အမျိုးသမီး စီပိုးကုပြီးအသည်းနည်းနည်းခြောက်သူက covid ကာကွယ်ဆေးထိုးလို့ရပါသလား။ မကြာခဏ ဖြေထားတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးရသူများစာရင်းဆိုတာ မရှိသလောက်နည်းတယ်။ တိုင်းပြည်အလိုက် အသက်ကန့်သတ်ချက်သာထားတယ်။ ၃၀-၁၂-၂၀၂၀ နေ့က အင်ဒီယာနာပုလစ်မြို့မှာအခြေစိုက်တဲ့ BACI ခေါ် မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျု ကနေ စီစဉ်တဲ့ Zoom Talk Show မှာ ပင်တိုင်ဆွေးနွေးသူ ၃ ယောက်ထဲက တယောက်အဖြစ် ပါဝင်ဆွေးနွေးရတယ်။ အတိုချုပ်ကို ရေးပါမယ်။  Antigens အင်တီဂျင်ဆိုတာ ရောဂါကိုဖြစ်စေတဲ့အရာနဲ့ Antibody အင်တိုင်ဘော်ဒီဆိုတာ ရောဂါကို ခုခံတိုက်ဖျက်ပေးတဲ့အရာ။ Vaccine ခေါ် ကာကွယ်ဆေးဆိုတာ အင်တီဘော်ဒီတွေ ကိုယ်ခန္ဓာကနေထွက်လာစေအောင် နိုးဆွပေးတဲ့ဆေး။  ကိုယ်ခန္ဓာမှာ ရောဂါတွေ မသင့်တာတွေဝင်လာရင် ခုခံတိုက်ဖျက်နည်း စည်းသုံးတန်ရှိတယ်။ 1. Physical and chemical barriers ရုပ်ပိုင်းနဲ့ ဓါတ်ပိုင်း 2. Non-specific innate responses ယေဘုယျတုန့်ပြန်နိုင်စွမ်း 3. Specific adaptive responses တိတိကျကျတုန့်ပြန်နိုင်စွမ်း။ ၁။ Physical and chemical barriers ရုပ်ပိုင်းနဲ့ ဓါတ်ပိုင်း အရေပြားအထူအပါးအမျိုး
Socialism for the Rich သူဌေး ဆိုရှယ်လစ်
Image
ယူအက်စ်အေ ကနေ့သတင်းတပုဒ်က အဲလိုတဲ့။ ဆီးနိတ် ခေါ် အထက်လွှတ်တော် ခေါင်းဆောင် မစ့်ခ်ျမကော်နယ်က ပြောတာ။ သူက ရီပတ်ဘလီကင်။ ရီပတ်ဘလီကင်ဆိုတာ လူချမ်းသာကောင်းစားရေး။ သမတသစ်ဖြစ်လာမဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကို ရီပတ်ဘလီကင်တွေကနေ ဆိုရှယ်လစ်နဲ့ ပေးစားနေတယ်။ အမေရိကမှာ ဘယ်သူတက်တက် ဈေးကွက်စီးပွးရေးစနစ်လို့ ဖွဲ့စည်းပုံမှာပြဋ္ဌာန်းထားပြီးသား။ သူတို့က အခွန်ကောက်တာမှာ လက်လှုပ်လက်စားတွေအပေါ် တိုးကောက်သလား၊ မီလီယန်နာတွေဆီက တိုးကောက်သလားသာ ကွာတယ်။ ဒေါ်နယ်ထရမ့်က ဘီလီယန်နာ။ သူ့ကို မြန်မာပြည်က သဘောကျသူတွေကလည်း ချမ်းသာသူတွေဖြစ်မလား မသိပါ။ အမေရိကမှာနေတဲ့ မြန်မာပြည်ကလူတွေရော လက်တီနိုတွေက ထရမ့်ကို မဲပေးသူ အတော်များတယ်။ သူတို့လည်း ချမ်းသာသူတွေအပေါ် အခွန်လျော့ကောက်တာ သဘောကျသူတွေ။ ဆိုရှယ်လစ်အယူအဆဟာ ဘီစီအီး ၃ ရာစု အိန္ဒိယနိုင်ငံ မောရိယအင်ပါယာကတည်းက စတယ်လို့ဆိုတယ်။ ကနေ့ လူသိများထင်ရှားတဲ့ ဆိုရှယ်လစ်ဇင်ကတော့၁၈၇၁ ခု ပဲရစ်ကွန်မြူးကနေစပါတယ်။ သမိုင်းကြောင်းတွေ အများကြီး မရေးတော့ပါ။ မြန်မာ့ဆိုရှယ်လစ်တော့ ထည့်မရေးလို့မဖြစ်။ ဦးနေဝင်းခေတ် ၂၆ နှစ်ကြာခဲ့တယ်။ ဆိုရှယ်လစ် လောကနိဗ္ဗာန် တည်ဆောက်ပါတယ်။ ၁၉၈၇ ရောက်တော့တိုင်းပြည် LDC ဖြစ်
Kempeitai ပြည်တွင်းဖြစ် ကင်ပေတိုင်
Image
မင်္ဂလာပါ ဆရာ။ အသက် ၁၉ နှစ် ကျား ပါဆရာ။ သတ်ပုံတွေကိုအမိန့်နဲ့ပြောင်းစဉ်အခါ ကပေါ်လစီသတ်ပုံတွေကို ကန့်ကွက်ခဲ့တယ့် စာပေပညာရှင်နဲ့ စာပေအနုပညာရှင်တွေ ကိုဗဟုသုတအနေနဲ့သိလိုပါတယ်ဆရာ။ စာမှတ်တမ်းတော့ မသိပါ။ ဆောရီး။ ကြေားမုံဦးသောင်းနဲ့ မောင်သာရတို့ကတော့ စာနဲ့ပါ သဘောမတူကြောင်းရေးတယ်။ ဆရာမောင်စွမ်းရည်လည်း အခုထိ ရေးတယ်။ အမိန့်ဆိုတာထက် သတ်ပုံစာအုပ်သစ် ထုတ်တာဖြစ်ပါတယ်။ နောက် မြန်မာ-အင်္ဂလိပ် နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေ ထုတ်ပါတယ်။  သိရသလောက် အစိုးရရုံးတွေမှာ အဲဒါတွေကို လိုက်နာရမယ်လို့ ညွှန်ကြားတယ်။  နဝတ-နအဖ တက်လာတော့ စာပေစိစစ်ရေး ခေါ် စာပေကင်ပေတိုင်က သူတို့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့် မပေးတော့ပါ။ အရင်က မူလသတ်ပုံမှန်အတိုင်း ထုတ်ဝေလို့ ရသေးတယ်။  အဆိုးဆုံးတွေထဲက တခုတော့ အရင်က ထုတ်ဝေထားတဲ့စာမှန်သမျှကို ကင်ပေတိုင် သတ်ပုံနဲ့ ပြင်မှသာ ထုတ်ခွင့်ပေးတယ်။  တ နဲ့ တစ် သာမကပါ။ ဒါး ရေးခွင့်မပြု။ ပဌမ ရေးခွင့်မရှိ။ သမတ မနှစ်လုံးမဆင့်ရင် မရ။  ကျွန်တော်က ပြည်ပမှာနေရသူဖြစ်လို့ ကင်ပေတိုင်စက်ကွင်းကလွတ်ပြီး ပြောင်းလဲ ခြားနားလာတာတွေကို ခရေစေ့တွင်းကျနီးပါးသိတယ်။ ရင်နာစရာတွေ။ လယ်တီဆရာတော်၊ မင်းကွန်းဆရာတာ်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာေ
Pork Curry ဝက်သားဆီပြန်
Image
နှစ်သစ်ကူး ဆုတောင်းစာတွေရတယ်။ ငယ်ငယ်က ဘုန်းကြီးကျောင်းတွေကို သတိရတယ်။ ဆွမ်းလောင်းပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာက ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အပေါ့ အငန် မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေးရတာ အဆင်ပြေပါတယ်။  ခုခေတ် နှစ်သစ်ကူးဆုတောင်းစာတွေက ကိုယ်တိုင်ချက်ပြုတ်ကြတာမဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း အင်တာနက်တဆိုင်တည်းသာ။ ဟိုလူဆီကပုံ သည်လူဆီကဗီဒီယိုတွေက ထပ်နေတယ်။ အားလုံးက ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် လာနေတာ အီနောက်နေတာပဲ။  အိပ်မှာပြုတ်တဲ့ပဲလေး တခွက်တလေပါရင် တော်သေး။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုပ်သီးကလည်း ရှားတယ်။ မနက်ပြန်ညပြန် ဝက်သားဆီပြန်တွေ မြင်တာနဲ့ကို အီနောက်လာတာ။ (ဝက်သားမစားသူများ ကန်တော့) ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၇ ၃၁-၁၂-၂၀၂၀
ဆုတောင်းပြည့်ခဲ့ခြင်း
Image
၂၀၁၈ နှစ်သစ်ဆုတောင်း ကိုယ့်မွေးရပ်ကို • စိတ်ကူးပေါက် မရောက်တဲ့နေ့ မရှိ၊ • စိတ်အကြံနဲ့ မပြန်ဖြစ်တဲ့နေ့ မရှိ၊ • စိတ်အတွေးနဲ့ ပြေးမသွားတဲ့နေ့မရှိ၊  • နောက်ထပ် မရှိစကား မပြောရပါလို၏။ အဲဒီဆုတောင်း ပြည့်ခဲ့ပါတယ်။ ၂၀၁၈ နွေရာသီမှာ မြန်မာပြည်ကို ၂၈ နှစ်အတွင်း ပဌမဆုံးအကြိမ် အလည်သွားနိုင်ခဲ့တယ်။  အမျိုးတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဖရင်းတွေ၊ ဖရင်းမဖြစ်သေးသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၁၇ ၃၁-၁၂-၂၀၂၀
သတ်ပုံဇောက်ထိုးနဲ့ နိဗ္ဗာန်ဂိုးချင်သူ
Image
ကွန်မင့်တခုရတယ်။ သတ်ပုံကိစ္စ အဓိကမဟုတ် ဆရာ ကျန်းမာပျော်ရွှင် နိဗ္ဗာန်မြင်ရင် ကျေနပ်လျက် တဲ့။ ပရမတ္ထစက္ခုကျမ်းမှာ သည်လိုရေးထားတယ်။ တခုတည်းထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်။ အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်။ တစ်ခုတည်းမဟုတ်ပါ။  သတ်ပုံမှန်မှ တရားလည်းမှန်၏။  သတ်ပုံဇောက်ထိုးနဲ့တော့ နိဗ္ဗာန်ကို အတည့်မြင်မည် မထင်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၇ ၃၁-၁၂-၂၀၂၀
လူကြီးကတော်၏ မြန်မာသဒ္ဒါ
Image
မြန်မာစာအကြောင်း ဖြေတော့ ပြန်ရေးလာတယ်။ ငါးတန်းစတက်တော့ မြန်မာစာဘာသာရပ်မှာ သဒ္ဒါစာအုပ် အပြာရောင်ကို ဖတ်စာအုပ်နဲ့ အတူရခဲ့ပါတယ်။ အဲဒီစာအုပ်က အလယ်တန်း မြန်မာသဒ္ဒါ ၅တန်း ၆တန်း ၇တန်းအထိကိုင်ရတဲ့စာအုပ် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစာသင်တဲ့ ဘယ်ဆရာ ဆရာမမှ အဲဒီသဒ္ဒါ စာအုပ်ထဲကစာကို မသင်ခဲ့ပါ။ အဲဒီလိုနဲ့ စာအုပ်ဟာ အသစ်အတိုင်းကျန်ခဲ့ပါတယ် မှတ်မိခဲ့တာပါဆရာ။ ဆောရီး။ အဲလိုအဖြစ်အပျက်တွေ များတယ်။ မနေ့က ဒေါ်မြမြအေးက သူငယ်စဉ်ကကျောင်းအတွေ့အကြုံတခု ပြောတယ်။ ဆရာမ ဒေါ် - က ကျောင်းရောက်လာရင် စာမသင်ဘူးတဲ့။ သူ့အတန်းကမဟုတ်လို့ တော်သေးတဲ့။ စကားပဲ လည်ပြောနေတာ၊ လူကြီးကတော်တဲ့။ ဘယ်စာမဆို သဒ္ဒါဟာ အိမ်တိုင်လိုပဲ။ အခုခေတ်မှာ မြန်မာအိမ်အိုကြီး ယိုင်နဲ့နေတယ်။ အဲလို လူကြီးကတော်တွေ ဗိုလ်ကြီးကတော်တွေခေတ် ကုန်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၁၉ ၃၁-၁၂-၂၀၂၀
A Footwear Doctor ဖိနပ်စီးတဲ့ဆရာဝန်
Image
စောစောက နော်မန်ဗက်သွန်းအကြောင်းကို ခပ်တိုတိုရေးတယ်။ ကျွန်တော်ငယ်ငယ်က သူ့အကြောင်းစာတွေ ဖတ်ပြီး အားကျခဲ့ပါတယ်။ ဆေးကျောင်းမရောက်ခင်ကပါ။ ဒါပေမယ့် တကယ့်အဖြစ်ကတော့ အတော်ကြီးကို ကွာတယ်။ တရုပ်ပြည်မှာ ဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များလို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ ရိုးရိုးလူတွေကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။ ကျွန်တော်လည်း ဒေလီက ယမုန်နာဆေးခန်းလေးမှာ ဆေးပညာကို လူနာစောင့်ရင်း သင်ပေးခဲ့တယ်။ တချို့က ဆေးခန်းမှာ တရက်နှစ်ရက်သာကြာပြီး တချို့က ၄-၅ ခြောက်နှစ်ကြာတယ်။ နော်မန်ဗက်သွန်းက ဖက်ဆစ်ကိုဆန့်ကျင်သလို ကျွန်တော်က စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ သူက တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကို ဆေးကုပေးခဲ့တယ်။ ကျွန်တော်က အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း ရောက်တဲ့အခါတိုင်း
Image
ကျ ကျကျနနဝတ်စားလာခဲ့ပါ ကျနသေချာစွာလုပ်ပါ ကျပန်း (ကျဖမ်း) စကားပြောပွဲ ကျသင့်ငွေ ကျသွားသည် စားနေကျကြောင်ပါး စာကို ကျကျနနဖတ်ပါ စာရွတ်စာဖတ် ကျနသည် စာရေးရာ စာကျ၍ မှားသည် စိတ်တိုင်းကျ ဆီးနှင်းကျ တယောက်တခုကျ ယူပါ ကြုံရာကျဘန်း မပြောရ မတင်မကျ မိုးဦးကျ ရန်ကုန်ကျမှ တွေ့ကြအောင် လုပ်နေကျ ကိုင်နေကျ လုပ်နေကျအတိုင်းသာ လုပ်ပါ သင်္ကြန်အကျနေမှာ ရေကစားပါ သူငယ်နာကျဗဟုံး သဘောကျ အံဝင်ခွင်ကျ အကျအပေါက်ကောက်တတ်သူ အရွယ်ကျလာပြီ အရာကျသည် အားကျ အကျွေးကျအောင်မသုံးပါနှင့် ငွေကြေးအကုန်အကျများတယ် ကြေးငွေကုန်ကျ အောက်ကျနောက် မဖြစ်ပါစေနှင့် ကြ ကံကြမ္မာ ကျီကြ စိုးရိမ်ကြောင့်ကြ ကြခတ်ဝါး ကြငှန်း ကြစုမိတ်သရက် ကြစုသီး ကြပို့ရွာ ကြစေ့ပင် ကြသောင်းဝါး လာကြလေ သွားကြမယ် • ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား၊ • ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊ • လူကြီးမင်းကိုပြောရမှာ အားနာတယ်ဗျာ။ • ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ။ • မတင်မကျမလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့။ • သွားလာကြနေရာက စားသောက်ဆိုင်ကို သွားစားကြမယ်။ • စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။ • မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှာ
ဗမာတွေလည်း ပါပါရစေ
Image
ကံကောင်းချင်းတွေ ပိုင်ဆိုင်ပါစေဆိုပြီးဆုတောင်းတာတွေ့တယ်။ ချင်း နဲ့ ခြင်း မှားနေတယ်။ အမှားပုံကို မတင်တော့ပါ။  ချင်း ကိုယ်ချင်းစာပါ ချက်ချင်းလုပ်ပါ ချင်းစိမ်း ချင်းတွင်းမြစ် ချင်းနင်းဝင်ရောက် ချင်းယားပင် ချင်းပြည်နယ် ချင်းသုပ် (ဂျင်းသုပ်) ငါးမြစ်ချင်း၊ ငိုချင်းချသည် စုံတွဲသီချင်း၊ စက်ဝိုင်းအချင်း၊ ညတွင်းချင်း၊ တခဏချင်း၊ တမုဟုတ်ချင်း၊ တယောက်ချင်း၊ တနေ့ချင်း ထုတ်ချင်းခတ် (ထုတ်ချင်းခပ်) ထုတ်ချင်းပေါက် ဒုံးချင်း၊ ပွဲချင်းပြီး ပိတ်ချင်း မကုန်မချင်း၊ မင်းချင်းတယောက် မရမချင်းကြိုးစားပါ မျက်နှာချင်းဆိုင်၊ ဗြုန်းချင်းဒိုင်းချင်း၊ လုံးချင်းဝတ္ထု၊ လွှာချင်းစောင်၊ သံခြေချင်းခတ် သားချင်းသမီးချင်းစာနာပါ သီချင်း၊ သူငယ်ချင်း၊ အချင်းခပ်သိမ်း၊ အချင်းချင်း သင့်အောင်နေ အချင်းများ အချင်းမြှုပ်ရာအရပ် အချင်းဝက်၊ အချင်းအတ၊ အရည်အချင်း အိမ်နီးချင်း သင့်အောင်နေ အိုင်ချင်း။ အကြောင်းချင်းတ အဲချင်း၊ ဆွေမျိုးသားချင်း၊ တေးသီချင်း နေ့ချင်းညချင်း၊ ဘေးချင်းတိုက်၊ မွေးချင်းသားချင်း မွေးချင်းပေါက်ဖော်၊ ခြေချင်းဝတ်၊ ရေချင်းယားပင်၊ ရောက်လျှင်ရောက်ချင်း၊ ခြေချင်းလိမ် သွေးချင်းသားချင်း၊ အေးချင်းဆိုသည် အောက်ချင်းငှက် နှစ်ချင်းပေါက
Be Safe နေကောင်း
Image
မြန်မာ့အစဉ်အလာ နေကောင်းလားနှုတ်ခွန်းဆက်စကားဟာ ဒီနှစ်သစ်ကူးလောက် မှန်ကန် ကောင်းမွန်တာမရှိပါ။ လောဘ ဒေါသ မောဟတွေ ဘယ်လောက်ဟောဟော ၂၀၀၀၊ ၂၀၁၀၊ ၂၀၂၀ မကွာခြားလှပါ။ Be Safe ဆိုတာ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်တိုင်းပြည်မှာနေနေ၊ အသုံးတည့်မှန်တဲ့ ခေတ်မီဆုတောင်းစကားဖြစ်ပါတယ်။ စစ်ဘေးရှောင်သူတွေ နေကောင်းကြပါစေ။  ကပ်ရောဂါဘေးရှောင်သူတွေ နေကောင်းကြပါစေ။  စစ်တိုက်နေသူတွေ နေကောင်းပါစေ။  စစ်ယူနီဖေါင်းနဲ့ နိုင်ငံရေးတိုက်နေသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၂၀
မြန်မာစာ နှစ်တထောင်ကျော်ပြီ
Image
ကွန်မင့်တခုရတယ်။ အမှန်ပြောရရင် ကျမတို့ မြန်မာစာ အဓိပ္ပယ် အတော်ရူပ်တယ်လို့ ပြောရမလား သို့မဟုတ် အဓိပ္ပါယ် ကြွယ်ဝတယ်လို့ ပြောရမလား မြန်မာစာကို မြန်မာတယောက် လေ့လာနေရင်း မတတ်တာ ခေါင်းရူပ်လာပါတယ် တဲ့။ ကွန်မင့်အတွက် ကျေးဇူး။ မြန်မာစာဟာ နှစ်တထောင်ကျော်ပြီ။ တိတိကျကျပြောရရင် အေဒီ ၁၁-၁၂ ကစတယ်။ ရာဇကုမာရ်ကျောက်စာက ၁၁၁၃ ခုနှစ်ကဖြစ်တယ်။ ရခိုင်၊ ပျူ၊ မွန်စာ အထောက်အထားတွေက ဒိထက်စောသေးတယ်။ သက်တမ်းရှည်တဲ့စာဆိုတာ ကြွယ်ဝတယ်။ လေးနက်တယ်။ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်စည်ပင်လာပါတယ်။ မြန်မာစာကို သူငယ်တန်းကတည်းက စံနစ်တကျသင်ရင် ဆယ်တန်းကျောင်းသားတယောက်ဟာ စာရေးဆရာ ကဗျာဆရာ ဖြစ်နိုင်ပြီ။ ပါရမီပါသူတွေကတော့ ဒိထက်စောပြီး စာကောင်းကောင်းရေးတတ်ကြပြီ။ စံနစ်တကျဆိုတာ အဆန်းတော့ မဟုတ်ပါ။ ခုခေတ်အတွက်တော့ ဆန်းနေမယ်။ ငါးတန်းကတည်းက အလယ်တန်းသဒ္ဒါ၊ အလယ်တန်းကဗျာတွေ သင်ကြရပြီ။ ၈ တန်းကစတဲ့ အထက်တန်းမှာ သဒ္ဒါ၊ စကားပြေနဲ့ ကဗျာသင်ပေးတယ်။ စိတ်ကြိုက် မြန်မာစာယူရင် ဂန္ထဝင်စာပါတွေ သင်ယူကြရတယ်။  ပညာအပါအဝင် ဘာသာရပ်ပေါင်းစုံကို တန်ဖိုးမထားတဲ့ စစ်အစိုးရတက်ကတည်းက မြန်မာစာအပါအဝင် အရာရာ နိမ့်ကျသွားခဲ့ပါတော့တယ်။ အဲတော့ လေးနက်ကြွယ်ဝတဲ့ မြန်မာစာကို ရံဖန်ရံခါတေ
Blood Glucose Meter ဆီးချိုတိုင်းစက်
Image
မင်္ဂလာပါဆရာ ဆီးချိုတိုင်းတဲ့စက်အကြောင်းလေး မေးခွင့်ပြုပါရှင့် ကျွန်မတို့အိမ်က ဆီးချိုတိုင်းတဲ့စက်ကို thada တံဆိပ်နဲ့ သုံးပါတယ် ဘေးအိမ်ကတော့ g doctor လို့ပြောပါတယ် အဲ့ဒါ သူ့စက်က နေဆီးချို တိုင်းတာ ၁၀၁ လောက်ပဲပြနေပြီ ကျွန်မတို့ အိမ်က စက်နဲ့တိုင်းတော့ 149 လို့ စက်က ပြနေပါတယ် သူ့စက်နဲ့တိုင်းပြီးနာရီဝက် လောက်ကြာမှ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတာပါ အဲ့လိုတိုင်းတဲ့အချိန်ကြားထဲ ဘာမှမစားပါဘူး မတိုင်းခင်လဲ မစားထားပါဘူး အဲ့ဒါကို ကွာနေလို့ ဘယ်စက်က အဖြေမှန်မလဲ မသိပဲ အဲ့လိုပဲ ဖြစ်တတ်တာလား ဆီးချို စက်တွေကို ယုံသင့်ရဲ့လား မသေချာ လို့ ဆရာဆီကို မေးကြည့်တာ ပါကျေးဇူးပြုပြီးဖြေပေးပါဦးနော် ဆီးချိုဆိုတာ အချိန်တိုင်း ပြောင်းလဲနေတယ်။ စက်ကရိယာတွေက မတူကြပါ။ သွေးဖိအားတိုင်းတာတွေမှာလည်း မတူကြပါ။ ဆောရီး။ ဓါတ်ခွဲခန်းမှာစမ်းလိုရတဲ့အဖြေနဲ့ ကိုယ့်အိမ်သုံးစက်ကအဖြေဟာ ၁၅% သာကွာရင် လက်ခံသင့်တယ်လို့ မှတ်ယူနိုင်တယ်။ ယူအက်စ်အေမှာ အသင့်မှန်ဆုံး ဆီးချိုတိုင်းစက်တွေကတော့ Bayer Contour Next Roche ACCU-CHEK AVIVA Pplus Walmart ReliOn Confirm CVS Advanced by Agamatrix FreeStyle Lite by Abbott Accu-Check Smart View တွေဖြစ်ပါတယ်။ မေးတ
အသက်တချောင်း
Image
တချောင်းနှစ်ချောင်း ရှင်ဥက္ကံသမာလာ ပြုစုတဲ့ ဝဏ္ဏဗောဓနသတ်အင်းပါ သတ်ပုံတွေဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေတဲ့စာအုပ်ကို ကျွန်တော်တို့ ဆယ်တန်းမှာ အကိုးအကားအဖြစ် ပြဋ္ဌာန်းပါတယ်။ ခုခေတ်မှာတော့ တစ်ချောင်းသမား များတယ်။ မှန်သူတွေကို လိုက်ချောင်းမြောင်းတာလားမသိ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၁၈ ၃၁-၁၂-၂၀၂၀
၂၀၂၀ သင်္ခန်းစာ
Image
တိုက်ချင်လည်း သူတို့ ရပ်ချင်လည်း သူတို့ ငြိမ်းချမ်းရေးသည် သေနတ်ပြောင်းဝက ထွက်၏ ဒေါက်တာတင့်ဆွေ
နှစ်သစ်ကူး ဆွမ်းလောင်းပွဲ
Image
နှစ်သစ်ကူး ဆုတောင်းစကားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုပုံတွေပို့နေကြတယ်။ တယောက်လာဒါ။ နောက်တယောက်လာဒါ။ တောရွာတွေက ဘုရားပွဲ ဆွမ်းလောင်းပွဲတွေမှာ မုံ့ဆီကြော်နဲ့ ပဲခွေလောင်းကြသလိုပဲ။ ဘုန်းကြီးကျောင်း ကျက်သရေခန်းမှာ အဲတာတွေ ပုံနေရော။ တောမုံ့ဆီကြော်နဲ့ ပဲခွေတွေကတော့ ကိုယ်တိုင်လက်နဲ့ ကြော်ကြတာ။ အခုဆုတောင်းတာတွေက အင်တာနက်လမ်းပေါ်က ကောက်လာတာတွေ။ သတ်ပုံတွေကမှားသေး။  မှားလို့မှားမှန်းမသိတာ အတော်ဆိုးတယ်။ ဆုတောင်းစာ စာမပါလေ ကောင်းလေ သတ်ပုံမှားတာက တမျိုး စကားစုအထားအသိုလွဲတာက တမျိုး တချို့က အဖြစ်ဆိုးနဲ့ မကြုံပါစေနဲ့တဲ့ လမ်းပေါ်ကကောက်လာတဲ့အရုပ်တွေ အမှိုက်ရှင်းနေရတာကတမျိုး မပို့လေ ကောင်းလေ မေတ္တာစာ နှစ်သစ်ကူးမှာလာတဲ့ ဂူဂယ်လမ်းပေါ်ကကောက်ယူလာတဲ့ပုံတွေတော့ ရေးပြီးပြီ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်နဲ့ ဝက်သားဟင်းဆွမ်းဟင်းလည်း ရေးပြီးပြီ။ နောက်ထပ် ခပ်ဆန်းဆန်း နှစ်ခုလာတယ်။ အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။ နောက်တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။ မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ ရဟန်းတော်တွေ စာဆိုတွေကနေ ဘုရင
Image
Wuhan Pneumonia တနှစ်တိတိက ကျန်းမာရေးသတင်း
Image
31 Dec 2019  WHO ရဲ့ တရုပ်ပြည်ဆိုင်ရာရုံးကနေ Wuhan Municipal Health Commission ဝဘ်ဆိုက်မှာတင်ထားတဲ့ သတင်းတခုကို ရရှိတယ်။ Viral pneumonia in Wuhan လို့ တင်ထားတယ်။ WHO ရဲ့ တရုပ်ပြည်ဆိုင်ရာရုံးကနေ International Health Regulations (IHR) ကို အကြောင်းကြားလိုက်တယ်။ WHO ရဲ့ Epidemic Intelligence from Open Sources (EIOS) ကလည်း ဒီသတင်းကိုရရှိတယ်။ 1 January 2020 WHO ကနေ တရုပ်တာဝန်ရှိသူများထံ သတင်းထုတ်ပြန်ပေးပါရန် အြော့င်းကြားလိုက်တယ်။ WHO က အရေးပေါ်အဖြစ် Incident Management Support Team (IMST) ကိုစတင်ဆောင်ရွက်တယ်။  2 January 2020 တရုပ်ပြည်ဆိုင်ရာ WHO ကိုယ်စားလှယ်ကနေ တရုပ် National Health Commission ထံစာရေးတင်ပြပြီး WHO က ရောဂါအတွက် ကူညီမှုပေးပါမယ်လို့ တင်ပြတယ်။ သတင်းထုတ်ပြန်ပါရန်လည်း ထပ်မံတောင်းဆိုတယ်။ WHO ကနေ Global Outbreak Alert and Response Network (GOARN) ဆီအကြောင်းကြားတယ်။  3 January 2020 တရုပ်တာဝန်ရှိသူတွေကနေ WHO ကိုအြော့င်းပြန်တယ်။ viral pneumonia of unknown cause identified in Wuhan လို့ ပါရှိတယ်။ အမျိုးအမည်မသိသေးတဲ့ ဗိုင်းရပ်စ်ကနေဖြစ်တဲ့ နူမိုးနီးယား ရောဂါ။ 4 January 2020 WHO က အဲဒီသတင်းက
နှမလက်လျှော့နေလေတော့
Image
၁။ ဆရာရှင့် ဈေးလျှော့တာကိုပြောချင်ရင် လျှော့က အမှန်လား လျော့ ကအမှန်လားရှင့် လျှော့ နဲ့ လျော့ ကိုဝေခွဲမရဖြစ်နေလို့ပါ ၂။ လျှော့ နဲ့ လျော့ ဘယ်နေရာ ဘယ်လို သုံးရသလဲဆရာ ၃။ အလျော့အတင်းနဲ့ အလျှော့အတင်းကို နားလည်အောင် ရှင်းပြပေးပါဦးဆရာ ၄။ သိထားတာ လျော့ရိလျော့ရဲ ပါဆရာ လျှော့ စိတ်လျှော့သည် လက်လျှော့သည် အကြံလျှော့သည် ဈေးလျှော့ဖွင့်သည် ဈေးလျှော့ဖွင့်သည် လျှော့၍ လျော့သည် လျှော့ရက်ရသည် နှမလက်လျှော့ နေလေတော့ လျော့ ကြိုးလျော့ မာန်လျော့သည် အထူးလျော့ဈေး အားမတန် မာန်လျော့ အလျော့အတင်း စောင်းကြိုးညှင်း ဖြေလျော့ခွေ လျော့ကျသည် လျော့နည်း လျော့ပါး လျော့ရိ လျော့နည်း လျော့ရိ လျော့ရဲ လျော့လျည်း လျော့လျား လျော့နေသည် လူမြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွတ်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမက်ရက်သည်၊ အသက်တို့က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊ မမြုံရချေ၊ သတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပ
Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း
Image
ရေးထားတာ ၃ နှစ်ကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။ မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမ္ဘာကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။ ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။ သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။ ရောဂါတွေနဲ့ ဆင်းရ
Tale ဆရာဝန်ပြောတဲ့ ရှေးစကား
လွန်ခဲ့တဲ့ ၄ နှစ်တိတိက ဥရောပနိုင်ငံတခုမှာနေတဲ့သူက မေးတယ်။ မြန်မာပြည်ထဲမှာနေတဲ့ သူ့အကိုမှာ ဆီးချိုရှိနေလို့တဲ့။ ဆရာဝန်ဆီတခါသွား (၃) သောင်းလောက် ဝေါကနည်းကုန်တဲ့ခေတ် ဆရာရဲ့။ ဆေးရုံတက်ဆို သိန်း (၃ဝ) တဲ့။ အော်။ ကျွန်တော် ၁၉၇၃ ခုနှစ် မန္တလေးဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန်လုပ်နေစဉ်က (၁၄) လမ်းမှာ ဖွင့်ထားတဲ့ ဆေးတက္ကသိုလ်ဌာနမှူးတဦးရဲ့ ဆေးခန်းလေးကို သူမအားတဲ့ရက်မှာ သွားထိုင်ပေးရတယ်။ ဆေးတလုံးထိုးရင် (၃) ကျပ် ယူတယ်။ ကျွန်တော်က အဲဒီထဲကနေ ကော်မရှင်ရတယ်။ ပုံပြင်ဆိုတာလည်း (၃) မျိုးရှိတယ်။ စိတ်ကူးယဉ် အဖြစ်အပျက်။ တကယ့်အဖြစ်အပျက်တွေ တစိတ်တပိုင်းပါတဲ့ စိတ်ဝင်စားစရာ စတိုရီ။ တစုံတယောက်ရဲ့ တကယ့်အဖြစ်အပျက်။ မေးတဲ့သူဆီ ဆီးချိုစာ (၃) ပုဒ်ပို့လိုက်တယ်။ စုစုပေါင်း ၃ိ/ ကျတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂၀၁၉ ၃၁-၁၂-၂၀၂၀
နှစ်သစ်ဆုတောင်း
Image
နှစ်သစ်ကူးအခါသမယမှာ သမယကို မှန်အောင်မရေးတတ်သူတွေ အတော်ကို များတာပါကလား။ အဲဒီသတ်ပုံအမှား ဆုတောင်းစာကို တင်နေလိုက်ကြတာ တယောက်ပြီးတယောက်။ ကျွန်တော် ကျမသည် မြန်မာစာကို ကောင်းစွာမသင်ခဲ့ရပါလို့ ထုတ်ဖေါ်ပြောနေသလိုပဲ။ နှစ်သစ်မှာ မြန်မာစာတတ်အောင် သင်ကြစေချင်တယ်။ သမယ အခါ၊ အယူဝါဒ၊ စုဝေးခြင်း၊ အစည်းအဝေး၊ အပေါင်း။ ဧကံ သမယံ အခါတပါး၌ သမယ သတ်ပုံမှားနဲ့ နှစ်သစ်စတင်သူများသို့ အခါတပါး သတ်ပုံမှားရေးနေသူများသို့ သူများလုပ်ထာတဲ့ အရုပ်တွေ  အင်တာနက်လမ်းပေါ်ကကောက်ယူလာတာတွေ  သတ်ပုံမမှန် ဆုတောင်းစာတွေ မပို့ကြပါရန် ဒေါက်တာတင့်ဆွေ
သီချင်းတွေ ကဗျာတွေ ပျက်အောင်လုပ်တဲ့ခေတ်
Image
ဦးကြင်ဥ ပဒေသာသီချင်းများ ကျွန်တော်တို့ခေတ်က ကျောင်းသုံးစာအုပ်ဖြစ်ပါတယ်။ မှိုင်းတမို့မို့ချီ တဖော်ဝေးနယ်ချီ တကိုယ်ဆွေးဖွယ်ချီ သည်တခါ ငါဖေဂျီသနစ်ကိုချီ သည်တခါ ဝနေစရာချီ မှုန်တနွဲ့နွဲ့ ကဆုန်လဖွဲ့ သင်းမြေနံ့တကြိုင်။ စကားရွှေဝါနှင့်၊ ညောင်သီတာ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။ မြိုင်မြစ်စုံ ယမုံခပါတဲ့၊ ပြည်အမရမဏ္ဍိုင်၊ ခရိုင်နယ့်တဝိုင်း။ သို့ချိန်ဆီ၊ ရင့်ကျူးပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။ ခုခေတ်မှာ သတ်ပုံတွေပြောင်းထားကြတယ်။ သင်းမြေနံ့တစ်ကြိုင် တဲ့။ ခရိုင်နယ့်တစ်ဝိုင်း တဲ့။ သီချင်းတွေ ကဗျာတွေ ပျက်ရော။ ပဒေသာကို မြန်မာစာဖျက်၏။ ဒေါက်တာတင့်ဆွေ ၃၀-၁၂-၂၀၁၉ ၃၀-၁၂-၂၀၂၀
တကယ်တော့
Image
ပြားပြီးပျောက်ရတော့မည့် သတ်ပုံလော
Image
သူတပါးနင်းနေကြသည့် ခြေဘဝါးအောက်တွင် ပြားပြီးပျောက်ရတော့မည်လော မြန်မာပြည် နင်းပြားဘွဲ့ လေးချိုးကြီး သူတပါးနင်းနေကြသည့် - သူတစ်ပါးနင်းနေကြသည့် မဟုတ်။ ကျွန်သပေါက်တမျှသူငါကြုံ - ကျွန်သပေါက်တစ်မျှသူငါကြုံ မဟုတ်။ ပြည်တနယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် - ပြည်တစ်နယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် မဟုတ်။ ဗမာမလူသာအောင် နေရာတကာမှာများရာမှ - ဗမာမလူသာအောင် နေရာတစ်ကာမှာများရာမှ မဟုတ်။ ဇာတ်တဖြာ ပတ်ကာပိုးပါလို့ - ဇာတ်တစ်ဖြာ ပတ်ကာပိုးပါလို့ မဟုတ်။ ဘေးက တငွေ့ငွ့ တဖြည်းဖြည်းတွေ့ရမှာမို့ - ဘေးက တစ်ငွေ့ငွ့ တစ်ဖြည်းဖြည်းတွေ့ရမှာမို့ မဟုတ်။ တို့ဗမာ မြိုင်တိုင်းရယ် နယ်တကာ၌ - တို့ဗမာ မြိုင်တိုင်းရယ် နယ်တစ်ကာ၌ မဟုတ်။ ရက်စက်သူ မျက်နှာဖြူတသင်းတို့မှာ - ရက်စက်သူ မျက်နှာဖြူတစ်သင်းတို့မှာ မဟုတ်။ ပြည်မြန်မာတခွင်မှာ - ပြည်မြန်မာတစ်ခွင်မှာ မဟုတ်။ တကဲ့အချက် ရှက်ဖွယ်ရာကိုစော - တစ်ကဲ့အချက် ရှက်ဖွယ်ရာကိုစော မဟုတ်။ သခင်ကိုယ်တော်မှိုင်းထက် သာတယ်ထင်နေသူများကြောင့် မြန်မာစာသတ်ပုံ ပြားပြီးပျောက်ရတော့မည်လော။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၇ ၃၀-၁၂-၂၀၂၀
ဝေဖန်မှုတွေအပေါ် NLD ဘက်က ရပ်တည်ချေပချက်
Image
VOA - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဝေဖန်သူတချို့ ရဲ့  ပြောစကားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ခုခံချေပချက်ကို တင်ပြလိုပါတယ်။ အဲဒီလို ခုခံချေပသူကတော့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ပုလဲမြို့ နယ် မဲဆန္ဒနယ်မြေက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသူ ဒေါက်တာတင့်ဆွေ ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။ မေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အောင်ပွဲဟာ ပါတီကိုကြည့်ပြီး မဲပေးတာထက် အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးတည်းကို ထောက်ခံနှစ်သက်တဲ့အတွက် လူထုက မဲပေးကြတာ ဖြစ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာတင့်ဆွေက အခုလို စတင်ဖြေရှင်းပါတယ်။ ဖြေ ။ ။ ၂၀၁၅ နှင့် ၂၀၂၀ နှစ်ခုစလုံးကို ကြည့်လို့ရှိရင် မဲပေးတဲ့လူတွေဟာ မြန်မာနိုင်ငံရဲ့  သမိုင်းကိုကြည့်ပြီးတော့ ပေးကြတယ်လို့ ကျနော်က မြင်ပါတယ်။ မေး ။ ။ ဒါပေမဲ့ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်ပြီးတော့ ပေးကြတယ်ဆိုရင်ကော မှားမလား ဆရာ။ ဖြေ ။ ။ ရာခိုင်နှုန်းတော်တော်များများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြလို့ မဲပေးကြတာကတော့ မှန်ပါတယ်။ ဒါက
Manchu မန်ချူး
Image
သမိုင်းကြောင်းတခု သိချင်လို့ပါဆရာ ဂျပန်ခေတ်တုံးက ဂျပန်တပ်တွေထဲမှာ မန်ချူးလူမျိုးတွေပါတယ်ဆိုတာ ဟုတ်လား ဆရာ အဲမန်ချူးစစ်သားတွေက ဂျပန်စစ်သားတွေထက်ဆိုးတယ် ကြမ်းတယ် လို့ သိရပါတယ် ရှေးလူကြီးတွေပြောလို့ပါ အဲတာဟုတ်လားဆရာ။  ကနေ့ကာလမှာ မန်ချူးလူမျိုးအများစုက တရုပ်ပြည်မှာနေကြတယ်။ 10,410,585 ဆယ်သန်းကျော်ရှိတယ်။  မန်ချူးမင်းဆက်ဟာ တရုပ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တယ်။ ကွင်မင်းဆက်လို့လည်း ခေါ်တယ်။ Pinyin Manzu လို့လည်း ခေါ်တယ်။ မန်ချူးမင်းဆက်လက်ထက် တရုပ်ပြည်ကြီးဟာ ၃ ဆကြီးမားလာခဲ့တယ်။ လူဦးရေ သန်း ၁၅၀ ကနေ ၄၅၀ အထိရှိလာတယ်။ တရုပ်လူမျိုးတွှေပြင် တရုပ်မဟုတ်တဲ့လူမျိုးတွေပါ ရောနှောနေထိုင်ကြတယ်။  Qing dynasty ကွင်မင်းဆက်ကို ၁၆၃၆ ခုနှစ်မှာ မန်ချူးတွေကတည်ထောင်တာဖြစ်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ဒုတိယအင်းဝခေတ် (၁၄၉၇ မှ ၁၆၅၁) မှာဖြစ်တယ်။ Manchuria မန်ချူးရီးယားဒေသဟာ ကနေ့တရုပ်ပြည် အရှေ့မြောက်ပိုင်းမှာတည်ရှိတယ်။ ၁၆၄၄ ခုနှစ်မှာ ဘေဂျင်းမြို့တော်ကို Li Zicheng ကသိမ်းယူပြီး Ming မင်မင်းဆက် တည်ထောင်တယ်။ မန်ချူးတွေဆီက အကူအညီ ရယူတယ်။ မန်ချူးတွေကအခွင့်ကောင်းယူပြီး တရုပ်ပြည်ကြီးကို သိမ်းယူလိုက်တယ်။ မင်မင်းဆက်ကိုလည်း ဆက်သုံး
တစ် or တ
Image
ကလေးတွေအတွက် မြန်မာစာသင်ရိုးရှာရင်း တွေ့တာဆရာ။ တစ် or တ တဆယ် တရာ တထောင် တသိန်း ပဌမ ကျေးဇူး ကျွန်တော်တို့က အဲလို မှန်မှန်ကန်စာတွေ သင်ခဲ့ရတာ။ ဒေါက်တာတင့်ဆွေ
New Year Mistakes ရယ်ဒီမိဒ် အမှားများ ဝေနေကြချိန်
Image
နှစ်တိုင်းလိုပဲ ဆုတောင်းစာတွေ တင်ကြ ဝေကြ ပို့နေကြတယ်။ အမှားတွေလည်း ခါတိုင်းနှစ်လို များတယ်။ သမာယ မှား။ သမယလို့ ရေးရတယ်။ စိတ်တိုင်းကြ မှား။ စိတ်တိုင်းကျလို့ ရေးရတယ်။ လာဒ် မှား။ လာဘ်လို့ ရေးရတယ်။ ယခင်အမှားများ (မှတ်ထားနိုင်သလောက်သာ) သူများ ဦမှာဆိုးလို့ အရင်ပက်ပီးနော် စိတ်မဆိုးကျေး မှား။ သူများဦးမှာစိုးလို့ လို့ ရေးရတယ်။ သိတင်းကျွတ်ရာသီမှာ ကြံစဉ်သမျှအောင်မြင်ခြင် မှား။ သီတင်းကျွတ်ရာသီမှာ ကြံစည်သမျှအောင်မြင်ခြင်းလို့ ရေးရတယ်။ ကျန်းမာချမ်းသာ ဘေးဘရာ ဝေးကွာကြပါစေ မှား။ ဘေးဘယာလို့ ရေးရတယ်။ ဘရာဆိုတာ ဘရာစီယာ။ စိတ်မှာ ညစ်မဲကင်းပါစေ မှား။ မဲဆိုတာ မဲပေးသည်။ မည်းက နက်သော။ ဤပို့စ် မြင်သူ့အပေါင်း မှား။ ဤပို့စ် မြင်သူအပေါင်းလို့ ရေးရတယ်။ ကြွေးမြေခသိပ် ကင်းပါစေ မှား။ ကြွေးမြေခပ်သိမ်းလို့ ရေးရတယ်။ နေ့ဆင်နေတိုင်း တိုးပါစေ မှား။ နေ့စဉ်နေ့တိုင်းလို့ ရေးရတယ်။ ရိုးသေလေးစား မှား။ ရိုသေလေးစားလို့ ရေးရတယ်။ အိပ်စက်အနားယူန်ုင်ပါစေ မှား။ အိပ်စက်အနားယူနိုင်ပါစေလို့ ရေးရတယ်။ လိုအင်းဆန္ဒ မှား။ လိုအင်ဆန္ဒလို့ ရေးရတယ်။ မေတ္တာတော်အနန္ဒ မှား။ မေတ္တာတော်အနန္တလို့ ရေးရတယ်။ ပြည့်ဝကျပါစေး မှာ။း ပြည့်ဝကြပါစေလို့ ရေးရတယ်။ ဒေါက်
တခါမှမကြုံခဲ့ဘူးတာတွေ
Image
ဒို့တိုင်းပြည် ရာဇဝင်မှာ တခါမှမကြုံခဲ့ဘူးတာတွေ တွေ့ကြုံနေရပြီး ဘယ်မှာမှ မကြားဘူးခဲ့တဲ့ စစ်တပ်က အထက် အစိုးရကအောက်ဆိုတာ တွေ့နေရတယ် သခင်ကိုယ်တော်မှိုင်းပြောတဲ့ အဖြစ်မှန် သတ်ပုံမှန် ဒေါက်တာတင့်ဆွေ
Blood Pressure သွေးဖိအားအကြောင်း
Image
သွေးတိုးအကြောင်းမေးသူတွေ- ၁။ သွေးဖိအားနည်းလို့မေးသူတွေ သွေးပေါင်ချိန်လို့ရေးတာ မမှန်ပါ။ သွေးဖိအားလို့ရေးရမယ်။ ဘီပီ လို့လည်းရေးနိုင်တယ်။  ၂။ သွေးဖိအားကိုပြောတိုင်း အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီး ၂ ခုလုံးပြောရမယ်။  ၃။ အထက်ဂဏန်း ခေါ်များတာကိုအရင်ပြောပြီး အောက်ဂဏန်းခေါ် နည်းတာကို နောက်မှပြောရမယ်။ သွေးဖိအားကို ဘာတွေကနေသက်ရောက်သလဲ အသက် ၅၅ နှစ်ထက်ငယ်သူတွေထဲမှာ ယောက်ျားတွေကပိုပြီး သွေးဖိအားများတာတွေ့ရတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် တက်လာတာတွေ့ရတယ်။ သွေးတိုးကြောင့် ဆက်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါရသူတွေထဲမှာ အမျိုးသမီးဦးရေက ပိုနည်းတာတွေ့ရတယ်။ အဲလိုကွာခြားမှုတွေရှိပေမယ့် သွေးတိုးကို ကာကွယ်မှုနဲ့ ကုသနည်းတွေမှာ ယောက်ျားမိန်းမကွာခြားမှုမရှိပါ။ အသက်ကြီးသူတွေနဲ့ အသက် ၅ဝ ကျော်သူတွေမှာ ပုံမှန်သွေးဖိအားရဲ့ သွေးဖိအား ဂဏန်းနှစ်မျိုးမှာ Systolic ခေါ် အထက်ဂဏန်းများခြင်းကနေ နှလုံးရောဂါကိုရစေတယ်။ အထက်သွေးဖိအားလာရင် သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေတင်းမာလာစေတယ်။ Plaque ခေါ် အပြားလွှာ ဖြစ်လာစေနိုင်တယ်။ အဲတာကြောင့် နှလုံးရောဂါနဲ့ သွေးကြောရောဂါတွေဖြစ်စေနိုင်တယ်။ အရပ်ရှည်သူတွေမှာ သွေးဖိအားပိုမြင့်ကြတယ်။ သွေးတိုးဟာ မိသားစု
Nausea and Vomiting ပျို့ချင်အန်ချင်
Image
(ကန်တော့) ကန်တော့။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်။ ဆောရီး။ ၁။ ဆရာရှင့် ကျွန်မအသက် ၂၃ နှစ်ပါ အိမ်ထောင်မရှိပါဘူးရှင် မနက်တိုင်းလိုလို အဝါရောင် အရည်တွေအန်နေပါတယ်ရှင် ဘာဖြစ်တာလဲဆိုတာ သိလို့ရမလားရှင် တခါတလေ အချွဲတွေပါ ပါတယ်ရှင် (တစ် ၂ လုံးကို ပြင်လိုက်တယ်။ ရာသီ မသိ။) ၂။ မ Female 4days စားပီး (စားပြီး) စားသမျှ ပြန်အန် အပျိုပါဆရာ အသက် ၄ ရက်သမီး။ အပျို။ နားမလည်ပါ။ ဆောရီး။ ဖြစ်တာ ၄ ရက်ပါ အသက်က ၂၅ ရာသီ မပြော။ တခြား သံသယရှိစရာ မသိ။ ဘလော့မှာ ဖတ်နိုင်။ စားသမျှ ပြန်ပီး (ပြန်ပြီး) အန်ပါတယ် ရာသီလာပါတယ်ဆရာ ဆရာဝန်တွေက အစာအိမ်ဆေး ပေးတယ်ဆရာ ပျို့ချင်-အန်ချင်တာဟာ ရောဂါတခုခုရဲ့ လက္ခဏာသာဖြစ်တယ်။ ရောဂါမဟုတ်ပါ။ အန်ချင်တာကို အကြောင်းတရား အများကြီးကနေဖြစ်စေတယ်။ အစာအိမ်ရောင်တာ၊ အစာဆိပ်သင့်တာလို သိပ်မဆိုးတာနဲ့ ဦးနှောက်ကင်ဆာလို ဆိုးတာကနေလဲ ဖြစ်စေနိုင်တယ်။ မအန်ခင် ပျို့လာပေမဲ့ ပျို့တိုင်းတော့ မအန်ဘူး။ အန်တာများရင် ဝမ်းလျှောသူတွေလိုဘဲ ဓါတ်ဆားရည်တိုက်ရ သွင်းနိုင်တယ်။ အအန်ပျောက်ဆေး တခါတလေ လိုမယ်။ အန်တာနဲ့ အစာအိမ်ထဲကဟာတွေ အထက်ဆန်တာနဲ့မတူပါ။ အန်တာက အင်နဲ့အားနဲ့ အစာအိမ်ထဲက ရှိသမျှကို ထုတ်ပြစ်တာ။ နောက်တမျိုးက အားမပါဘူ