Posts

Showing posts from July, 2023

ကင်ဆာ

Image
ဘယ်ကင်ဆာဖြစ်ဖြစ် အစားအစာတွေကို အရေးစိုက်ပြောမနေကြပါနဲ့။ လူနာ တသက်လုံးစားသောက်လာတာ အကုန် စားနိုင်တယ်။  အစာမျိုပြွန်၊ အစာအိမ်နဲ့ အူလမ်းအတွက် စားသောက်စရာ သီးသန့်ရှိမယ်။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောပါတွဲရှိနေလို့ ကုသပေးနေတဲ့ အထူးကုဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် အကုန် (၁၀၀%) စားနိုင်တယ်။ ကူညီလိုသူတွေက ဆေးဈေးက ဘယ်လောက်၊ ဆေးဆိုင်က ဘယ်မှာ၊ ဆေးလှူချင်ပါတယ် စတာမျိုးနဲ့သာ ကူညီသင့်ကြတယ်။ လူနာတွေကလည်း သူလိုကိုယ်လိုလူတွေက ပြောဆိုအကြံပေးနေတာမှန်သမျှကို အလေးမထားသင့်ကြပါ။ မဟုတ်တာ မမှန်တာနောက်လိုက်တတ်သူမျိုးဟာ ဟုတ်တာ မှန်တာကို မသိဘဲဖြစ်လေ့ရှိတယ်။ စေတနာဆိုတာ ပညာပါရတယ်။ ဒေါက်တာတင့်ဆွေ

Incubation Period

Image
ကူးစက်ရောဂါပိုးနဲ့ ထိတွေ့ကူးစက်ခံရပြီးနောက်  ဘယ်တော့မှာ ရောဂါလက္ခဏာတွေ စတင်ပေါ်လာသလဲ 1. Chickenpox ရေကျောက် 10-21 ရက် 2. COVID-19 ကိုဗစ် 2-10 ရက် 3. Measles ဝက်သက် 8-12 ရက် 4. Rubella ဂျာမန်ဝက်သက် 9-10 ရက် 5. Scabies ဝဲ (ယားနာ) 30-45 ရက် 6. Shingles ဆင်ဖြူတော်ရေယုံ 14-16 ရက် 7. Warts ကြွက်နို့ 30-180 ရက် 8. Bronchiolitis လေပြွန်ရောင်ခြင်း 4-6 ရက် 9. Colds အအေးမိခြင်း 2-5 ရက် 10. Cold sores အပူကန်နာ 2-12 ရက် 11. Cough (viral) ချောင်းဆိုး (ဗိုင်းရပ်စ်) 2-5 ရက် 12. Influenza တုပ်ကွေး 1-2 ရက် 13. Sore throat လည်ချောင်းနာ 2-5 ရက် 14. TB တီဘီ 6-24 လ 15. Whooping cough ကြက်ညှာချောင်းဆိုး 7-10 ရက် 16. Diarrhea (bacterial) ဝမ်းပျက် (ဘက်တီးရီးယား) 1-5 ရက် 17. Diarrhea (giardia) ဝမ်းပျက် (ဂိုင်ယားဒီယာ) 7-28 ရက် 18. Diarrhea (Rotavirus) ဝမ်းပျက် (ဗိုင်းရပ်စ်) 1-3 ရက် 19. Hepatitis A အသည်းရောင်အေ 14-50 ရက် 20. Pinworms တုပ်ကောင် 21-28 ရက် 21. Vomiting, viral အန်ခြင်း (ဗိုင်းရပ်စ်) 2-5 ရက် 22. Meningitis, bacterial ဦးနှောက်မြှေးရောင် (ဘက်တီးရီးယား) 2-10 ရက

Kikuchi-Fujimoto disease (KFD) ရောဂါဆိုတာ

Image
မင်္ဂလာပါ ဆရာ ကျွန်မ အသက် ၃၁ အိမ်ထောင်ရှိပါတယ် ကလေးမရှိပါ  ရောဂါ အခံအနေနဲ့ အသည်းရောင်အသားဝါ ဘီပိုး ရှိပါတယ် ကုထားပါတယ် အခွံပဲကျန်တယ်ပြောပါတယ် အခုဖြစ်တာက အစကလည်ပင်းမှာ မြေပဲစေ့လောက်အကျိတ်လေးပေါ်လာတာပါ နှစ်ပတ်အကြာမှာ ညာဘက်မေးရိုးအောက်မှာ အလုံးပေါ်လာပါတယ် ၅ရက်လောက်နေတော့ ပိုပိုကြီးလာရော ပဌမ အကျိတ်ရဲ့ အပေါ်မှာရော အောက်မှာရော အကျိတ် ထပ်ပေါ်လာပါတယ် အထွေထွေအထူးကုနဲ့ ပြပါတယ် ပိုးသတ်ဆေး moxiclav 626mg သုံးကြိမ် ၇ရက်သောက်ခိုင်းပါတယ် infection ကြောင့်လဲဖြစ်နိုင်သလို TB or Cancer ဖြစ်နိုင်တယ်လို့ပြောပါတယ် ဆေးသောက်တာ ၂ရက်မြောက်မှာ ဖျားပါတယ် လည်ပင်းအကျိတ်နား နာပါတယ် ၆ရက်မြောက်မှာ အရမ်းစိုးရိမ်နေတာနဲ့ ENT နဲ့ ပြပါတယ် အလုံးတလုံးကိုခွဲပြီး စစ်ရမယ်ပြောလို့ ခွဲပြီး စစ်လိုက်ပါတယ် အခု အဖြေက TB or cancer မဟုတ်ပါ Kikuchi Fujimoto disease လို့ထွက်တာပါ ENT ကတောင်မသိလို့ google မှာရှာရပါတယ် ဘာမှမဖြစ်ဘူး ၁လ ကနေ ၆လ ထိဒီတိုင်းဖြစ်နေမယ်  cefuroxime 500mg ၂ကြိမ် ၅ရက် ရယ် ဖျားတာနာတာရှိ paracetamol သောက်လို့ပြောပါတယ် Immune Active ဆိုတဲ့အားဆေးလေးပဲ ပေးလိုက်ပါတယ် ခံစားရတာတော့ ညနေဆို မျက်လုံးပူ ချွေးကျ ဖျားချင်သလိုဖြစ်တ

Best Hospitals 2020-21 Honor Roll အကောင်းဆုံး အမေရိကန် ဆေးရုံကြီးများ

Image
1. Mayo Clinic (Rochester, Minn.)  2. Cleveland Clinic 3. Johns Hopkins Hospital (Baltimore)  4. NewYork-Presbyterian Hospital-Columbia and Cornell (New York City) 4. UCLA Medical Center (Los Angeles)  6. Massachusetts General Hospital (Boston) 7. Cedars-Sinai Medical Center (Los Angeles) 8. UCSF Medical Center (San Francisco) 9. NYU Langone Hospitals (New York City) 10. Northwestern Memorial Hospital (Chicago) 11. University of Michigan Hospitals-Michigan Medicine (Ann Arbor) 12. Brigham and Women's Hospital (Boston) 13. Stanford Health Care-Stanford Hospital (Palo Alto, Calif.) 14. Mount Sinai Hospital (New York City)  15. Hospitals of the University of Pennsylvania-Penn Presbyterian (Philadelphia) 16. Mayo Clinic-Phoenix 17. Rush University Medical Center (Chicago) 18. Barnes-Jewish Hospital (Saint Louis) 18. Keck Medical Center of USC (Los Angeles) 20. Houston Methodist Hospital  https://www.beckershospitalreview.com/rankings-and-ratings/us-news-best-hospitals-2020-21-honor-rol

Cancer Data and Statistics ကင်ဆာ ဒေတာနှင့် ကိန်းဂဏန်းများ

Image
ကင်ဆာနေရာတခုမှာ ဖတ်ရတယ်။ (စ) ဒီရောဂါသမားတွေ ဆေးရုံတွေမှာ တန်းစီနေရတာမဟုတ်သေးဘူးနော် တကယ်ပြည်သူကိုကြည့်တဲ့သူသာ ခေါင်းဆောင်ဆို ပြည်သူတွေဒီလောက်ဒုက္ခမရောက်ကြဘူး ခုကျ ကင်ဆာဆိုတာနဲ့ ငွေမနိုင်ရင် သေကြလို့ပြောနေသလိုပဲ (ဆုံး) ယူအက်စ်အေမှာ ၂၀၂၀ ခုနှစ်က ကင်ဆာလူနာသစ်ပေါင်း 1,603,844 ယောက်ရှိပြီး 602,347 ယောက်တို့ဟာ ကင်ဆာနဲ့ သေဆုံးခဲ့တယ်။  လူဦးရေ 100,000 တသိန်းမှာ ကင်ဆာလူနာသစ် 403 ယောက်ရှိပြီး 144 ယောက်တို့ဟာ ကင်ဆာနဲ့ သေဆုံးခဲ့တယ်။  လွန်ခဲ့တဲ့ နှစ် 100 တရာအတွင်းမှာ ကင်ဆာလူနာဖြစ်သူအရေအတွက် ကျဆင်းလာပေမဲ့ နှစ်စဉ်ကင်ဆာရောဂါလို့ စစ်ဆေးတွေ့ရှိသူ အရေအတွက် တိုးလာတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အသက် ၅၀ အောက်တွေမှာ ကင်ဆာဖြစ်တာ တိုးလာတယ်။ ၂၀၀၁ ကနေ ၂၀၀၅ အထွင်း ကင်ဆာနဲ့ သေဆုံးမှုနှုန်း တနှစ်မှာ 3.0% ကျဆင်းလာတယ်။ ဒါပေမဲ့ ၂၀၀၅ နဲ့ ၂၀၀၉ အတွင်းမှာ 0.9% သာ ကျဆင်းတယ်။ ၂၀၁၀ ကနေ ၂၀၁၈ အတွင်း ရင်သားကင်ဆာ ဖြစ်ပွားမှု တနှစ်မှာ 1.0% တိုးများလာတယ်။ မြန်မာပြည်မှာ ကျန်းမာရေး၊ ဆေးပညာသာမက ဘယ်ဘာသာရပ်မဆို သုတေသနတွေ မရှိသလောက် နည်းတယ်။ အစိုးရက ထုတ်ပြန်သမျှကိန်းဂဏန်းတွေကလည်း မဆလ လက်ထက်ကတည်းက အခုထိ ယုံရတာ မဟုတ်ပါ။ ဆောရီး။ အဲဒါကြေ

The normal value of blood CP ပုံမှန်အဖြေများ

Image
Blood For CP ဆိုတာ ဘာကိုစစ်ခိုင်းတာလဲရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ သွေးနီဥ အရေအတွက် Red blood cell count Male: 4.35 trillion to 5.65 trillion cells/L Female: 3.92 trillion to 5.13 trillion cells/L ဟီမတိုခရစ် Hematocrit Male: 38.3% to 48.6% Female: 35.5% to 44.9% White blood cell count 3.4 billion to 9.6 billion cells/L သွေးမှုန်အရေအတွက် Platelet count Male: 135 billion to 317 billion/L Female: 157 billion to 371 billion/L ဒေါက်တာတင့်ဆွေ

Most Common Causes of Knee Pain ဒူးနာရောဂါဖြစ်စေတုဲ့အကြောင်းခံ ၁၀ မျိုး

Image
ကွန်မင့်တခု = ဒူးနါတာကို ဆရာက အာရုံကြောအားဖြည့်ဆေးပေးပါတယ် ဒူးနာရောဂါဖြစ်စေတဲ့အကြောင်းခံ ၁၀ မျိုးရှိတယ်။ အကြောင်းခံအရ ကုသနည်းတွေ မတူပါ။ Most Common Causes of Knee Pain 1. Patellofemoral Pain Syndrome 2. Chondromalacia Patella 3. Osgood-Schlatter Disease 4. Osteoarthritis 5. Bursitis 6. Popliteal Cyst 7. Prepatellar Bursitis 8. Patellar Tendonitis 9. Iliotibial Band Syndrome 10. Osteochondritis Dissecans ဒေါက်တာတင့်ဆွေ

Thyroid Disorders လည်ပင်းကြီးရောဂါတွေ

Image
ဆရာရှင့် သမီးကကျောင်းဆရာမ တစ်ယောက်(တယောက်)ပါ အခုလည်းပင်းမှာ သိုင်းရိုက်ဖြစ်နေလို့ပါ သိတာ ရက်ပိုင်းပဲရှိပါသေးတယ် အာ့ရောဂါက ခွဲစိတ်မှပျောက်မှာလားရှင့် ဆေးထိုးဆေးသောက်နဲ့ မရဘူးလားရှင့် ခွဲစိတ်ခလည်း အများကြီးမတက်နိုင်လို့ပါရှင် ကျေးဇူးပြု၍ ဖြေပေးပါဆရာရှင့် သိလိုတာတချို့ကို မေးလိုက်ရင် ဆေးမစစ်သေးခင်မှာ ဘာရောဂါလဲ သိနိုင်တယ်။ မမေးတော့ပါ။ စာကိုဖတ်ပြီးသာ လိုတာ လိုက်နာပါလေ။ • Thyroid Gland (သိုင်းရွိုက်-ဂလင်း) လည်ပင်းကြီး အကျိတ်ဆိုတာ လိပ်ပြာပုံ လည်ပင်းရှေ့တည့်တည့် လူတိုင်းမှာ ရှိတယ်။ မကြီးရင်၊ ရောဂါမရှိရင် စမ်းလို့ မတွေ့နိုင်ဘူး။ သူကနေ Thyroid hormones ဟော်မုန်းတွေကို ထုတ်ပေးနေတယ်။ ဇီဝဖြစ်စဉ်တွေ မြန်စေ-မှန်စေဘို့ရာ အင်မတန်လိုအပ်တယ်။ ဒီလိုအလုပ်အတွက် (အင်နာဂျီ) ကိုသုံးပြီးမှ လုပ်ရတာဖြစ်တယ်။ • Thyroid Neck Check လည်ပင်းစမ်းသပ်ပါ ခေါင်းကို နောက်နဲနဲလှန်ထားပြီး၊ တံတွေးကို မျိုလိုက်ချိန်မှာ Adam's apple (အာဒမ်) ပန်းသီးခေါ်တဲ့ လည်စေ့ အထက်နားကို ကြည့်ပါ။ မျိုးချတာနဲ့ အတူ အလုံးလေးက လိုက်ပြီး တက်တာ၊ ဆင်းတာဖြစ်တာ သတိထားမိရင် ဆရာဝန်ပြပါ။ လည်ပင်းကြီးရောဂါရလာရင် ဇီဝဖြစ်စဉ်တွေကို သက်ရောက်စတယ်။ ဟော်မုန်းက မ

Peptic ulcer လေနာ

Image
ဆရာရှင့်အသက် ၃၄ပါ နို့တိုက်မိခင်ပါ အစာအိမ်ပိုးစစ်လိုက်တာရှိနေလို့ ပိုးသတ်ဆေးသောက်ဖို့ ကလေးနို့မဖြတ်ချင်သေးလို့ ပိုးသေဆေး bio fiber magnesium gastro biogaia ဆေး ၄မျိုး သောက်ပီး(ပြီး) ၁နှစ်လောက်ထိန်းထားလို့ ရလားဆရာ ဖြေပေးပါဦး အစာအိမ်ပိုးအတွက် တခြားဆေးတွေနဲ့အတူ ပိုးသေဆေး ခေါ် ပဋိဇီဝဆေး တမျိုးမျိုး သောက်ရမယ်။  amoxicillin (Amoxil), clarithromycin (Biaxin), metronidazole (Flagyl), tinidazole (Tindamax), tetracycline and levofloxacin ပိုးသေဆေး တခုစီမှာ နို့တိုက်မိခင်တွေ ဘယ်လိုသောက်ရသလဲ ရှိတယ်။ စာတွေအားလုံး ဆရာ့ဘလော့မှာ တင်ထားတယ်။ မေးခွန်းထဲကဆေးတွေကို သိပ်မသိပါ။ ပိုးကိုတော့ ပိုးသေဆေးကသာ နိုင်တယ်။ Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် https://dr-tint-swe.blogspot.com/2021/05/peptic-ulcer.html ဒေါက်တာတင့်ဆွေ

ဘာရောဂါလာလာ

Image
HIV ကင်ဆာ ကိုဗစ် (ပ) (ဒု) (တ) ငှက်သိုက် လောက်သေရွက် အောက်မည်းညိုရွက် မြက် ပေါင်းပင် စာကလေးသိုက် နှစ်တွေကြာပြီ။ ဒါတွေဘဲ ပြောနေ ရောင်းနေ ဝယ်နေ တင်နေကြတယ်။ အတော်ကို ညံ့လွန်းနေပြီ။ ဒေါက်တာတင့်ဆွေ ၂၆-၇-၂၀၂၁

vascular cleansing

After such vascular cleansing, elderly people finally get rid of high blood pressure and other 9 supposedly "incurable" diseases!https://eeblighi.online/collections/spools?fbclid=IwAR11X-CNPsA-2_5LaDTWvTW-a8MQ3wedgg4XXFG5w6h8GDrWgbvA5RViENs

Bone fracture အရိုးကျိုးခြင်း (၂)

Image
ဆရာရှင့် ကျွန်မအကိုအသက်က ၃၃ နှစ်ပါ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ဆိုင်ကယ်တိုက်တာကြောင့် ဒူးဆံထွက်ပီး(ပြီး) ခွဲစိတ်မှုပြုလုပ်ထားပါတယ် အဲ့ခွဲစိတ်ထားတဲ့ ခြေထောက်က ကွေးလို့မရပါဘူး ဆန့်ဆန့်ပဲနေရတာပါ  အခု ခြေဖမိုးမှာ စမ်းကြည့်တော့ အရိုးက ဖုနေလို့ပါ ဒီနေ့မှ ဘာရယ်မဟုတ်စမ်းကြည့်လိုက်တာပါ မနာပါဘူး အရိုးကဖုနေသလိုမာမာကြီးဖြစ်နေတာပါ အဲ့တာ ဘာကြောင့်လဲ ဆရာ ဆောရီး။ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့ ခွဲစိတ်ဒဏ်တွေဟာ အဲလိုဘဲ။ မိမွေတိုး် ပြန်မဖြစ်တော့ပါ။ အသက်ငယ်တာ၊ ဒဏ်ရာ မကြီးတာ၊ အပေါ်ယံဒဏ်ရာမျိုးကတော့ ကြောလေ နဂိုအတိုင်း ပြန်ဖြစ်လေ။ အရိုးကျိုးရင်လည်း အဲလိုဘဲ။ သူ့အလုပ်သူလုပ်နိုင်ရင် ကောင်းပါတယ်။ ကုသမှုမှာ အဆင့်ဆင့်လုပ်ရတယ်။ ငြိမ်နေရချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်။ အနာဒဏ်ရာရရင် အစားအသောက်ကို ပြောနောကတာ မမှန်ပါ။ အနာဆိုတာ သူ့အလိုလိုကျက်တယ်။ အရိုးလည်း သူ့အလိုလို ဆက်တယ်။ ပုံမပျက်အောင်သာ ပြုပြင်ပေးပြီး ကျက်တဲ့အထိ အနားပေးထားရတယ်။ တချို့ အကြည့်ရဆိုးတာကိုပြင်ချင်ရင် အနာ ဒဏ်ရာ ကျိုးပဲ့တာ ကောင်းပြီးနောက်မှာ ပြန်ပြင်လို့ရတာမျိုး ရှိတယ်။ အနာအကုန်ကိုတော့ ပြင်မရပါ။ ပြင်လို့ ပိုဆိုးတာလည်း တခါတခါရှိတတ်ပြန်သေးတယ်။ 1. Abscess ကိန္နရာနာ နှင

Stomahesive powder ဝမ်းအိတ် ပေါင်ဒါ

Image
ကင်ဆာ မေးခွန်းတခု။ ဆရာဝန်ကိုမေးတာတော့ မဟုတ်ပါ။ အမေက 53 (၅၃)နှစ်ပါ အူမကြီးကင်‌ဆာဖစ်(ဖြစ်)နေတာပါ ခုရန်ကုန်ပြည်သူ့ဆေးရုံးကြီးမှာပါ ခွဲစိတ်ထားတာ 15(၁၅)ရက်လောက်ရှိပါပီး(ပါပြီ) ကင်ဆာအကြိတ်(အကျိတ်) က ထုပ်(ထုတ်) မရလို့ အဲ့အတိုင်း ထားလိုက်ပီး(ပြီး) ဝမ်းအိတ်ဖောက်လိုက်ပါတယ် အကြိတ်(အကျိတ်) ကတော့ ကင်ဆာဆေးထိုး ဆေးသောက်ပီး(ပြီး) ကျုံ့အောင်လုပ်ပီး(ပြီး) မှ ပြန်ခွဲပေးမယ်တဲ့ ကင်ဆာဌာနနဲ့ မနက်ဖြန် တွေ့ဆုံး ဆွေးနွေးရပါမယ် အခုလက်ရှိဖစ်(ဖြစ်) ‌နေတာက အမေရဲ့ဝမ်းအိတ်ပြဿနာပါပဲ အပူတွေးလောင်နေပီး(ပြီး) အိတ်ကပ်မရတော့ဘူး ကပ်မရတော့ စီးကျလာသမျှထိုင်း(တိုင်း) သုပ်ပေးနေရတယ် ဖစ်(ဖြစ်) ဖူးသူ‌တွေပြောပြသမျှ ဆေးတွေးလည်း သုံးကြည့်တာမရပါဘူး ဆေးရုံးကခွဲစိတ်ဆရာကိုပြောပြတော့ မှင်ပဲသုတ်ခိုင်းတယ် ဆရာတို့ပြောတဲ့အတိုင်းလုပ်နေတာ 4 (၄)ရက်လောက်ရှိနေပီး(ပြီ) မရဘူး တော်တော်ဆိုးနေပီး(ပြီး) ဝမ်းဗိုက်စီးကျသမျှ ဝမ်းဗိုက်တခြမ်းလုံး အထိမခံနိုင်းတော့ဘူး ဘာမှကို မစားတော့ပါဘူး စာလိုက်ရင်ထွက်လာပီး(ပြီး) စပ်မှာဆိုလို့တဲ့ အခုဆိုရင်အဟာရပျက်တဲ့ဒဏ်း(ဒဏ်)ပါ ခံနေရပီး(ပြီး) ဘယ်လိုလုပ်ရမလဲ ကူညီးပီး(ပြီး) ပြောပြပေးပါအုံး ဆေးရုံးပေါ်မှာ ဒီအတိုင်းကြီး ဘေးက ကြည

တိုဖူး တို့ဟူး

Image
အေးခဲသော စနိုးပေါ်က တို့ဟူး အိမ်တိုင်ယာရောက် လာပေးသူ ကျေးဇူး။ တို့ဖူး နဲ့ တို့ဟူး မတူပါ။ ဆိုင်တခုက ဆိုင်းဘုတ်မှာ ရေးထားသလို ထိုဟူးနွေးလို့တော့ မကြားဖူးပါ။ မြန်မာအဘိဓာန် အကျဉ်းချုပ် ၁၉၇၈ ထုတ်ထဲမှာ တို့ဟူး = ကြိတ်၍ စစ်ထားသော ပဲရည်ကို ကျိုပြီး ခဲ့ထားသည့် စားဖွယ် အခဲအပျစ်လို့ ပါတယ်။ ကနေ့ လက်ဆောင်အဖြစ်လာပေးတာ ကို တို့ဟူးလို့ ခေါ်တယ်။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ မပါ။ ကဓိဓဇသတ်ပုံနဲ့ ဦးသာမြတ်သတ်ပုံစာအုပ်တွေထဲမှာ မပါ။ အညာမှာ တို့ဟူးလို့ခေါ်ကြတယ်။ ထိုဟူး မကြားဘူးခဲ့ပါ။ မြန်မာပြည်မူလ အစားအစာမဟုတ်ပါ။ တရုပ်ပြည်ကလာတယ်။ Mapo doufu လို့လည်းခေါ်တယ်။ Mapo tofu လို့လည်းခေါ်တယ်။ တိုဟူးလို့ အပြောများတယ်။ တို့ဟူးလည်း ပြောကြတယ်။ doufu ကို ထိုဟူး၊ ဒိုဖူးသံ ထွက်မလားလည်း မပြောတတ်။ Tofu တိုဖူး အမာခဲ 122 grams ကနေ ရနိုင်တဲ့ အာဟာရဓါတ်တွေ 177 calories ကယ်လိုရီ 5.36 g of carbohydrate ကာဘွန်ဟိုက်ဒရိတ် 12.19 g of fat အဆီ 15.57 g of protein ပရိုတင်း 421 mg of calcium ကယ်လ်စီယမ် 65 of magnesium မက်ဂနီဆီယမ် 3.35 mg of iron သံဓါတ် 282 mg of phosphorus ဖေ့စ်ဖါးရပ်စ်။ တိုဖူးဟာ Bean curd ဖြစ်တယ်။ soy milk ပဲနို့ကို ခဲစေအောင်လ

Sarcoma ဆာကိုမား

Image
(ဖြစ် ကို ဖစ် လို့ရေးနေသူတွေ ၉၀% တို့ဟာ ကင်ဆာနဲ့ဆိုင်ကြတယ်) စာလေးဖတ်ပေးပါဆရာရှင့် သမီး အမေအသက် ၄၉ပါ တင်ပါးမှာ အကြိတ်(အကျိတ်) ဖစ်(ဖြစ်)တာ အများကြီးပါ။ မြှပ်နေတာပါ အသားထဲမှာ။ အကြိတ်တေွကကိုက်ပါတယ် တင်ပါးနား မီးညေှာင်ရိုးနားပါ ကိုက်နေပါတယ် ဆေးတချိန်လုံးလူးနေရပါတယ် MRI CTအကုန်ရိုက်ပြီးပါပြီ မြန်မာပြည်က အတော်ဆုံးသော ဆရာဝန်ကြီး နှစ်ဦးနှင့်လည်းပြပြီးပါပြီ မသက်သာပါ ဆရာဝန်ကြီးများက အဆီကြိတ်(ကျိတ်)လို့ သတ်မှတ်ပြီးမခွဲကြပါ။ Biosy (Biopsy) လည်းမစစ်ပါ သေွးအဖြေကြည့်ပီးတော့ဘာမှမမစ်ကြပါ တင်ပါးအကြောညှပ်တယ်ပဲပြောပါတယ်။ အမေကတဖြည်းဖြည်းပိန်လာလို့ပါ အရိုးနဲ့သားရေလိုပါပဲ ပေါက်ချိန်ကတော့မကျပါ အရမ်းစိတ်ပူလို့ ဆရာနဲ့တိုင်ပင်ထားပါ။ ကြွက်သားကင်ဆာလာက္ခဏာကဘယ်လိုလဲဆရာ လူနာတဦး group မှာတင်ထားတာတေွ့လို့ပါ အမေနဲ့လက္ခဏာတူလို့ စိတ်ထဲပူလာလို့ပါ အခုလက်ရှိဦး မျိုးမြင့်မော်နဲ့ပြပါတယ် ဆရာကြီးကအဆီခဲပါပဲပြောတယ် ပြထားတာမနေ့ကပါပဲ Spindle cell sarcoma စပင်ဒယ်ဆဲလ် ဆာကိုးမား https://dr-tint-swe.blogspot.com/2021/12/spindle-cell-sarcoma.html Ewing sarcoma ဆာကိုမား တမျိုး https://dr-tint-swe.blogspot.com/2022/05/ewing-sarcoma.html

Radiation burn ဓါတ်ကင်သည့်နေရာ အရေပြားလောင်ခြင်း

Image
ရင်သားကင်ဆာဓာတ်ကင်ရင် လိမ်းဆေးလူးရလား ဘာဆေးလူးရတာလဲ ဖြေပေးပါနော်ကျေးဇူးပါ တခြားသူတွေလိုပါဘဲ ကင်ဆာဆို ဆရာဝန်ကို မေးလေ့ မရှိပါ။ Radiation burns လို့လည်းခေါ်တယ်။ X-ray dermatitis နဲ့ radiation dermatitis လို့လည်းခေါ်တယ်။ အပြင်ဓါတ်ကင်ခြင်းလုပ်ပြီး ၂ ပတ်လောက်ထိဖြစ်တယ်။ အဖြစ်များတယ်။ မဆိုးပါ။ ၂ လလောက်နေရင် ပျောက်သွားမယ်။ ကင်ဆာလူနာ ၆၀% လောက်ကို ဓါတ်ကင်ပေးရတယ်။ External beam radiation ခေါ် အပြင်မှာကင်ရတာနဲ့ Internal radiationအထဲမှာလုပ်ရတာလို့ ၂ မျိုးရှိတယ်။ Liquid radiation အရည်အမျိုးအစားလည်းရှိတယ်။ စားဆေး၊ သောက်ဆေးနဲ့ သွင်းဆေးတွေ။ တယောက်နဲ့တယောက် ဖြစ်တာတွေ မတူပါ။ ကြာချိန်လည်း မတူပါ။ စောစောဖြစ်တာတွေနဲ့ နောက်မှဖြစ်တာတွေလို့ရှိတယ်။  လောင်တဲ့နေရာမှာ • Redness နီ • Dryness ခြောက်သွေ့ • Itching ယား • Peeling အရေပြာကွာကျ • Blisters မီးလောင်ဖူးပေါက် • Swelling ရောင် • Tissue damage တစ်ရှူးပျက်စီးတာတွေ ဖြစ်နိုင်တယ်။ • တခြားဖြစ်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဖေါင်းတာ ၊ စိုတာ၊ ပွစိစိနေတာ၊ အရောင်ပြောင်းတာ စသည်။ Preventing radiation burns ဘယ်လိုကာကွယ်မလဲ ဓါတ်ရောင်ခြည်ဌာနက အကြံပေးပါမယ်။ လိမ်းစရာ (ခရင်မ်) ညွှန

ကြောင်ကိုက်ခံရလျှင် ကာကွယ်ဆေးလိုသလား

Image
ခြေထောက်ပုံအတွက် ကန်တော့။ မဂ်လာမနက်ခင်းပါဆရာ မေးစရာ နည်းနည်း ရှိတယ်ဆရာ  တူလေးက ကြောင်ကိုက်ခံရတယ်ဆရာ အဲ့ဒါ ကာကွယ်ဆေးထိုးဖို့လိုပါသလား ဆရာ ဖြေရတော့ ခက်တယ်။ ခွေးနဲ့ကြောင် အကိုက်ခံရတိုင်းတော့ ခွေးရူးကာကွယ်ဆေးထိုးရန် မလိုပါ။ ဒါပေမဲ့ ကိုက်တဲ့အကောင်ရဲ့ ကျန်းမာရေးဆေးထိုးရာဇဝင် သိသင့်တယ်။ အိန္ဒိယမှာ အကောင်တွေကို ဘေးမဲ့ပေးထားလို့ နေရာတကာမှာ ပေါတယ်။ မျောက်ကိုက်လို့ ခွေးရူးကာကွယ်ဆေး ထိုးရတတ်တယ်။ ရောဂါရှိနေတဲ့အကောင်တွေ ရောဂါကြောင့် မကြာခင် သေဆုံးကြတယ်။ ဥပမာ ခွေးရူးဆို တပတ်သာခံတယ်။ အကောင်တွေကိုက်ခံရရင် အနာဆေးထည့်ဘို့လိုနိုင်တယ်။ ပိုးသေးဆေးလိုနိုင်တယ်။ မေးခိုင်ကာကွယ်ဆေး လိုနိုင်တယ်။ အကောင်ကိုက်ဒဏ်ရာကို ချက်ချင်း မချုပ်သင့်ပါ။ Animal bite wound care အနာသစ်လုပ်၍ချုပ်ရခြင်း https://dr-tint-swe.blogspot.com/2020/12/animal-bite-wound-care.html ဒေါက်တာတင့်ဆွေ

World Brain Day ဇူလိုင် ၂၂ ကမ္ဘာ့ဦး​နှောက်​နေ့

Image
Brain size ဦးနှောက်ကြီးသလား • ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ • Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ Brain entirely ဦးနှောက်အင်္ဂါ မပါကြဘူး။ Starfish ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ Flat worms အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။ • ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။ • ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဉာဏ်ကတော့ ကောင်းပါတယ်။ • Dolphins ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို

Bamboo shoot မျှစ်

Image
ဖေ့စ်ဘွတ် ဆေးနည်းတခု ကိုဗစ်ဖြစ်နေလျှင် မျှစ်မစားကြပါနဲ့ မတည့်ပါ။ ဘလာ ဘလာ ဘလာ။ မှား မမှန် လွဲ။ မျှစ်ရောင်းချသူနဲ့ မတည့်သူကပေးတဲ့ ဆေးနည်းသာဖြစ်ပါတယ်။ ကိုဗစ်ပြီးသွားပြန်တော့ ကင်ဆာ။ ဘာကင်ဆာဖြစ်ဖြစ် စားစရာတွေလမ်းညွှန်နေကြတယ်။ သူတို့နဲ့ရန်ဖြစ်ထားတဲ့ဈေးသည်ကရောင်းတာတွေက ကင်ဆာနဲ့ မတည့်ဘူးတဲ့။ သူတို့ရောင်းသမျှ ကင်ဆာတွေ ပျောက်တဲ့။ အတဲ့သူတွေက ဝယ်ကြတယ်။ ဒေါက်တာတင့်ဆွေ ၂၁-၇-၂၀၂၁

Gargling With Salt Water ဆား + ရေနွေးနဲ့ ခံတွင်းသန့်ရှင်းရေး

Image
အရောင်ကျအောင် ဘာဆေးစားစရာလိုလဲရှင့် Paracetamol သို့မဟုတ် Ibuprofen တမျိုးမျိုးကို တခါသောက် တပြား၊ တနေ့ ၂-၃ ကြိမ် သောက်နိုင်။ ရက်ရှည် မလိုလောက်။ ဆား + ရေနွေးနဲ့ ခံတွင်းသန့်ရှင်းရေး တနေ့ ၂ ကြိမ်။ ဆား လက်ဘက်ရည်ဇွန်း ၂ ပုံ ၁ ပုံ + ရေခပ်နွေးနွေး ၈ အောင်စ။ ဒေါက်တာတင့်ဆွေ

Medical tourism နိုင်ငံခြား ဆေးသွားကုသခြင်း

Image
ကျွန်မရင်သားကင်ဆာဖြစ်တယ်လို့ သိကြတဲ့မိတ်ဆွေ တချို့က ထိုင်းမှာပဲသွားကုခိုင်းကြပါတယ်။ မြန်မာနိုင်ငံက စိတ်မချရဘူးလို့ ပြောကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ထိုင်းမှာပဲကုသနေကြသူတွေပါ။ သူတို့ပြောကြတာက ထိုင်းမှာဆေးသွင်းကုသရင် ကင်ဆာဆဲလ်တွေကိုသာ တိုက်ရိုက်တိုက်ခိုက်တဲ့ဆေးတွေနဲ့ကုသတယ်။ ဒါကြောင့်လူမထိခိုက်ဘူး။ မြန်မာပြည်မှာကုတဲ့ဆေးတွေက တခြားကလီစာတွေကိုထိခိုက်ပြီး ကုသမှုလည်းပြီးရော လူလည်းလူမမာဖြစ်ကျန်ရောလို့ ပြောကြပါတယ်။ ကုန်ကျစရိတ်လည်းအတူတူပဲလို့ ပြောကြပေမယ့် ကျွန်မမယုံပါဘူး။ ကျွန်မကတော့ခေါင်းမာစွာပဲ မြန်မာပြည်မှာကုသပါတယ်။ အခုထိ ကျွန်မဘာမှမဖြစ်ဘဲ ဆေးသွင်းကုသနေတုန်းပါ။ တကယ်ပဲ ထိုင်းမှာကုသရင် ကင်ဆာဆဲလ်တွေကိုပဲ တိုက်ခိုက်တဲ့ဆေးရှိသလားတော့သိချင်မိပါတယ်။ အတွေ့အကြုံရှိသူများ ဝင်ရောက်ပြောပြစေချင်ပါတယ်။ ဒီစာကို ကင်ဆာနေရာတခုမှာ ဖတ်ရလို့ ရေးပါတယ်။ ဒီခေါင်းစဉ်ကို ရေးရင် အတော်ရှည်မယ်။ ခေါင်းစဉ်ခွဲတွေနဲ့ ရေးရတယ်။ မရေးအားသေးပါ။  • History သမိုင်းကြောင်း • Description အဓိပ္ပါယ်ဖွင့်ဆိုချက် • International healthcare accreditation နိုင်ငံတကာဆေးကုခွင့် • Risks and criticism သတိထားစရာများနှင့် ဝေဘန်ချက်များ • Legal i

တခုခုနဲ့ မတည့်ခြင်း မေးခွန်းတခု

Image
မေးချင်တာလေးတခုရှိပါတယ်ဆရာ ငယ်ငယ်ကတည်းကစားလာတဲ့ ငှက်ပျောသီးက အခုစားလို့မရတော့ဘူး အသက်ရှုမရဘူးဆရာ ရင်ဝမှာပိတ်မိနေသလိုခံစားရတယ် ပိုဆိုးတာက တကိုယ်လုံး အဖုတွေထွက်ပီး(ပြီး) ယားလာပါတယ် အချိုရည်မသောက်ထားလည်း ငှက်ပျောသီးစားမိရင် ရင်ကြပ်လာပါတယ် နှစ်/သုံးနာရီလောက်ခံရပါတယ် အဲဒါဘာကြောင့်လဲ သိချင်ပါတယ်ရှင့်။ ဆောရီး။ အလာဂျီ ခေါ် မတည့်ခြင်းဖြစ်စဉ်က အဲလိုလည်း ဖြစ်နိုင်တယ်။ တယောက်က တည့်တာကို ကျန်တယောက်က မတည့်ဖြစ်နိုင်တယ်။ တယောက်တည်းမှာလည်း အရင်က မတည့်မရှိရာကနေ နောက်အခါ မတည့်ဖြစ်နိုင်တယ်။ ပန်းနာလည်း အဲလိုဘဲ။ အလာဂျီဖြစ်စဉ်နဲ့ ပန်းနာဖြစ်စဉ်တွေက တကယ်ဟုတ်မှသာ အထက်က တင်ပြချက်က မှန်တယ် တချို့က ပါးစပ်ကနေ မတည့်ဘူး မတည့်ဘူးသာပြောကြတယ်။ တကယ်မတည့်တာ မဟုတ်။ အလာဂျင် ခေါ် မတည့်တာကို စစ်လို့ရတယ်။ မြန်မာပြည်မှာတော့ မသိပါ။ ယူအက်စ်အေမှာ အဲလိုစစ်လိုက်တော့ မတည့်တဲ့စာရင်းရှည်ကြီး ထွက်လာတတ်တယ်။ တကယ် မတည့်တာ။ မြန်မာပြည်မှာက တယောက်ပြောတာ လိုက်ပြောသူတွေက များတယ်။ ဒီဟာစားရင် တက်တယ်ဆိုတာကို အသံကြားတာနဲ့ကို တက်နေသူတွေ မနည်းပါ။ စောစောက ကင်ဆာမေးခွန်းတခုမှာ ငါးတမျိုးကြောင့် ကင်ဆာဆိုးတယ်ထင်တာ မှားကြောင်း ဖြေခဲ့ရသေးတယ်။ အလာဂျီရတာ (အင်ပ

တျာချင်းပုံစံ

Image
ပိန်းကောလှေ တျာချင်း မူရင်း သတ်ပုံတွေကို ပြင်တင် ပြင်ထုတ်ကြတယ်။ ဝန်ကြီးပဒေတစ်ရာဇာ ရေးသည်လို့ ဆိုရလိမ့်မယ်။ တျာချင်းပုံစံ မိုးဦးကာလ၊ ချောင်းကျပြီ ဆိုလျှင် ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်  တောင်ဘက်ကယ်တခွင်၊ ထွက်ဝင် ဖောက်ကား၊  ပဲ့ပါမည့်သူ မပါလူ ထိုးသူတယောက်သားငယ်နှင့်လေး။ ငါးပိဆားပြား၊ ဖောက်ကားရအောင် ပဲလွမ်းပဲကြီး၊ သီးသီးယူကြဉ်းဆောင် တက်မကိုမြှောင်၊ ကွမ်းပေါင်နီကြောင်း နဗူးခက်ညို၊ ကိုင်းညွှတ်ယို ပင်ကိုယ်သာ နှီးသားပေါင်းငယ်နှင့်လေး။ ခမောက်မှာ ကောင်း၊ ဦးဆောင်းမပါ သိုးလည်းမစပ်၊ ဝါးပက်ကယ် တစေသာ ထိုးဝါးကိုယ်မှာ၊ ဘယ်ညာပခုံး ခြေနှင့်ကျောက်ကန်၊ တွန်းလိုက်လှန် အားအင်လွန်ကြီးဆုံးငယ်နှင့်လေး။ ခါးတောင်းကျိုက်လုံး၊ ပခုံးခဲထွေ ချွေးကလည်းစီး၊ တီးတီးကျသည့်ရေ စဖိုမှာပေ၊ ချက်လေထမင်း မနပ်နိုင်ပြီ၊ တစီစီ နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။ ဝမ်းဗိုက်တွင်းငယ်မှာ၊ သွတ်သွင်းမြဲပင် အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင် လှေဆိုက်တည့်လျှင်၊ ကြေးလင်နှင့်ကျင်း ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင် ချဉ်ပေါင် ပူသည့်ဟင်းငယ်နင့်လေး။ တယောက်ချင်းသည်၊ ထမင်းခူးသော် တဆုပ်ကယ်နေ့တိုင်း၊ လမိုင်းရှိပူဇော် သွေးသောက်ကယ်ခေါ်၊ အဖေ

Treatment Regime စံကိုက်နည်းကို လိုက်နိုင်လေ ကောင်းလေ

Image
ဆရာ အူမကြီးကင်ဆာကို ခွဲစိတ် ဆေးသွင်းပြီးပါပြီ အဲ့တာ ဓာတ်ကင်တာက ၂၅ ကြိမ် ကင်ရမှာပါ ပြည့်သူဆေးရုံမှာ စောင့်ပြီး ကင်လို့ ရသေးလားရှင် အမြန်ဆုံး ကင်သင့်လားရှင် Radiation Therapy Dosage ဘယ်လောက်ပေးရသလဲ Standard dose စံကိုက် Gray (Gy) ယူနစ်နဲ့ တိုင်းတာတယ်။ centigray (cGy) 0.01 of a single Gy unit နဲ့ သတ်မှတ်ထားတယ်။ Adjuvant therapy နည်းမှာ ရင်သားကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်တဆာတွေအတွက် 45 to 60 Gy ဖြစ်မယ်။  Dose fractioning ခွဲပြီးကင်ခြင်း စုစုပေါင်းကို တလ သို့မဟုတ် နှစ်လခွဲကင်ပေးမယ်။ ကင်ဆာနေရာနဲ့ ကင်ဆာအမျိုးအစားအရ ခွဲခြားတယ်။ စံကိုက်နည်းအရ တပတ်မှာ ၅ ရက်။ စုစုပေါင်း ၃ ပတ်ကနေ ၈-၉ ပတ်အထိကြာမယ်။ တချို့ကင်ဆာတွေအတွက် တရက်မှာ တကြိမ်က လိုတယ်။ ကျွန်တော်တင်ပြထားတာက ယူအက်စ်အေက သုတေသနသာ ဖြစ်ပါတယ်။ ဆေးကုသနည်း ရောဂါကာကွယ်နည်းတွေ အမျိုးမျိုးရှိတယ်။ တကမ္ဘာလုံးအတွက် WHO က ထုတ်ပြန်တယ်။ အမေရိကားအတွက် CDC ကနေ ထုတ်ပြန်တယ်။ စသဖြင့်ရှိတယ်။တသမတ်တည်း မကျတတ်ပါ။ လူတွေကတော့ တကမ္ဘာလုံးမှာအတူတူနီးပါး ရှိကြတယ်။ ဥပမာနည်းနည်း တင်ပြမယ်။ HIV ဆေးကို ဘယ်လိုလူနာတွေကို စပေးမလဲ။ မတူပါ။ WHO ကနေလည်း အချိန်ကာလအရ ပြင်တာရှိတယ်။  HIV ရှ

Bla Bla Bla ကင်ဆာဈေးကွက်

Image
• အူမကြီးကင်ဆာသမားများအတွက်ပါ ထိနံအရွက်ကအတော်ထိရောက်ပါတယ် မနက်မျက်နာသစ်ပီးတာနဲ့ ၅ရွက်ဝါးစားပါ ၇ရက်လောက်ဆိုရင်သိသာပါတာ်ရှင် ဆေးကိုအဂ်လိပ်ဆေး ဆေးပင်များနဲ့တွဲကုစေချင်ပါတယ်ရှင့် စေတနာဖြင့် • လိုခြင်ပါတယ် • အန်တီလိုချင်လို့လာရှင့် ဘယ်မြို့မှာနေတာလဲ မသိဘူး လိပ်စာပို့ပေးလေ Cb ကို သမီး ပို့ပေးပါမယ် ပို့ရလွယ်မယ်ဆို • ကိုယ့်ဖုန်း - - ကိုဆက့်ပါ၊အိမ်မှာအပင်ရှိတယ်၊ဘယ်နေရာထိုးထားထားရှင်တယ်၊နွေဆိုလဲအရွက်ဝါခြောက်ကြွေကျတာမျိုးမရှိ၊အမြဲစိမ်းနေတဲ့အပင်၊တောင်လုံးကျော်လို့လဲခေါ်တယ်။ • ဒါမျိုးမှက်လာ ခုကိုင်ထားရင်နဲ့တောင် အနံ့ကပြင်ပါတယ် အိမ်မှာရှိပါတယ် အမေလဲ အဆုတ်ကင်ဆာ ၄ပါ ဒါပင်မဲ့ မတိုက်ပါဘူး ရောဂါနုရင်တော့ သက်သာကောင်း သက်သာပါလိမ်မယ် ခုလို ရောဂါပြင်နေချိန်မှာ အစင်မပြေနိုင်ပါဘူး  ဆေးသွင်တာကိုပဲအာရုံစိုက်နေတာပါ ဆေးသွင်းတာပြင်ပါတယ် တချာသောအူကလိစာတွေမထိအောင် ဂရုတစိုက်ရှိနေချိန် ဒါမျိုးဟိုအပင်ဒီအပင်တေ မလုပ်တာကောင်းဆုံးပါ ဗာမာဆေးပဲကုမယ်ဆိုရင်တမျိုးပေါ့ရှင် • ဣဿရမူလီ ခေါ်လား အဲဒိအပင်ပါ ...ထိလိုက်ရင် အလွန်နံပါတယ်....ကျောက်ကပ်ထိပါမယ်.....ဆရာဝန် • ညွှန်ကြားတာဘဲဆောင်ရွက်ကြပါ.... • ကင်ဆာနိုင်တဲ့အပင်ပါ၊အသည်းကင်ဆာမဆိုးခင်မ

Acromegaly ဇီးကွက်စိန်

Image
ဒီမြို့က ဘုန်းကြီးကျောင်းကို အမေရိကန်အဖြူတယောက် လာလည်တော့ ဆရာတော်က ပို့စ်တင်ထားတယ်။  “တောင်တလုံးထက်မြင့်သော တောင်တလုံး အမြဲရှိ၏” (ရှေးဟောင်းတရုတ်စကားပုံ) ပုံထဲက အမေရိကန်ကတော့ ရောဂါမဟုတ်။ ဇီးကွက်စိန်ကတော့ ရောဂါ။ ဇီးကွက်စိန်သည် တချိန်က ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ သေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။ နေထိုင်မကောင်းသော အချိန်၌ နေခဲ့သည့် အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားသည်။ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။  Acromegaly ခေါ် ဦးနှောက်အတွင်းက နေရာလေးတခုက ဟော်မုန်းတွေ ပုံမှန်ထက် ပိုပြီးများများထုတ်ပေးနေတဲ့ရောဂါဖြစ်ပါတယ်။ Acromegaly is a disorder that occurs when your body makes too much growth hormone (GH). Produced mainly in the pituitary gland, GH controls the physical growth of the body. In adults, too much of this hormone causes bones, cartilage, body organs, an

PET ကိုယ်ဝန် သွေးဆိပ်တက်ခြင်း

Image
၁။ ဆရာ ကျွန်နော့်မိန်းမ အသက် ၃၀ ကိုယ်ဝန် ခြောက်လ ကျော်ပါပြီ ခု ခြေထောက်တွေ ယောင်နေ(ရောင်နေ) လို့ပါ အဲဒါ ပုံမှန်လား ဘယ်လိုနေထိုင် စားသောက်ရမလည်း ဖြေပေးပါဦဗျာ အခုစာကို ဖတ်ပါ။ အဲဒါဖြစ်နေတယ်လို့ပြောတာ မဟုတ်ပါ။ ဆီးစစ်ရမယ်။ သွေးဖိအားတိုင်းရမယ်။ ၂။ ဆရာ လူနာက ကျတော့်အစ်မပါ၊ ငါန်းဇွန်မြို့နယ်ကပါခဗျ။ အသက် (၃၅)နှစ်၊ ကိုယ်ဝန် (၅)လ။ ရောဂါ  ခန္ဓာကိုယ်အောက်ပိုင်းရောင်နေလို့ပါဆရာ၊ ရောဂါဖြစ်တာတလရှိပါပြီ။ အသားတွေက မာပြီးတင်းပြောင်နေပါတယ်။ ဆေးရုံတက်ပါတယ် မသက်သာပါဆရာ၊ ဘယ်လိုကုသမှုမျိုးလုပ်သင့်ပါသလဲ၊ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးဆရာ။ ၃။ ဆရာခင်များ ကျွန်တော်က မြိုင်မြို့နယ် ချောင်းဆုံအုပ်စုကပါခင်မျာ။ ကျွန်တော့်အမျိုးသမီး အသက်၂၈ နှစ်သည် ဒုတိယ ကိုယ်ဝန် ၉ လ ရှိနေပါပြီ။ ၎င်း၌ နယ်အခေါ် ကိုယ်ဝန်ဆိပ်တက်ခြင်း ကြုံတွေ့နေရပါသည်။ ပထမ သားဦးကိုယ်ဝန် လွယ်စဉ်မှ မွေးသည်အထိ ယခုလို အခံစားခဲ့ရပါဘူး။ လက်ရှိခံစားနေရခြင်းနှင့်ပါတ်သက်၍ ဆောင်ရန်ရှောင်ရန်များ သိလိုပါသောကြောင့် ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့်။ ဒီစာကိုမွမ်းမံပြီးပြန်တင်စဉ်က ကိုယ်ဝန်ဆောင်ချိန်မှာ ရောင်နေလို့မေးတာ ၂ ယောက်ရှိတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ လ

Radiation Therapy ဓါတ်ကင်ခြင်း (၂)

Image
သားအိမ်ကင်ဆာ အဆင့် ၂ က ဓာတ်ရောင်ခြည် ဘယ်နှခါ(နှစ်ခါ) ကင်ရလဲရှင့် ကီမိုကရော ဘယ်နှကြိမ်(နှစ်ကြိမ်) သွင်းရလဲ မြန်မာပြည်မှာ ကင်ဆာဖြစ်ရင် ဆရာဝန်ကို မမေးကြပါ။ ဖြေပါမယ်။ မဖတ်လိုက ကျော်သွားနိုင်။ လူနာတဦးနဲ့ တဦး မတူပါ။ လူနာတဦးချင်းစီကို အထူးကုဆရာဝန်တွေက အစီအစဉ်ဆွဲပေးထားမယ်။ Radiation Therapy Dosage ဘယ်လောက်ပေးရသလဲ Standard dose စံကိုက် Gray (Gy) ယူနစ်နဲ့ တိုင်းတာတယ်။ centigray (cGy) 0.01 of a single Gy unit နဲ့ သတ်မှတ်ထားတယ်။ Adjuvant therapy နည်းမှာ ရင်သားကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်တဆာတွေအတွက် 45 to 60 Gy ဖြစ်မယ်။  Dose fractioning ခွဲပြီးကင်ခြင်း စုစုပေါင်းကို တလ သို့မဟုတ် နှစ်လခွဲကင်ပေးမယ်။ ကင်ဆာနေရာနဲ့ ကင်ဆာအမျိုးအစားအရ ခွဲခြားတယ်။ စံကိုက်နည်းအရ တပတ်မှာ ၅ ရက်။ စုစုပေါင်း ၃ ပတ်ကနေ ၈-၉ ပတ်အထိကြာမယ်။ တချို့ကင်ဆာတွေအတွက် တရက်မှာ တကြိမ်က လိုတယ်။ ခီမိုပေးနည်းလည်း ရေးတင်ထားတယ်။ မကြခဏ ထပ်တင်ပါတယ်။ ဖြေပြီးပြီ။ နှ နှစ်ကို ပြောဦးမယ်။ ကင်ဆာနဲ့ ရသစာတွေမှာ စာရေးတာ အမှားဆုံး။ နှ စိတ်နှလုံး နှမ၊  နှမြော၊  နှမြောတသ၊  နှမသားချင်း နှမသားချင်း နှမိနှမြော နှမိနှမြော = စုံမက်ချစ်ခင်ခြင်း နှရွဲ = ရှုံ့မဲ့၍ငိုသည

Cancer ကင်ဆာနေရာတခုမှာ ဖတ်ရတာ

Image
ကျမအဖေ ဆုံးသွားပါပြီရှင် ကုသမှုခံယူဖို့ အချိန်တွေ ရှိခဲ့ပါလျက်နဲ့ သူများစကားတွေကြောင့် ကင်ဆာဆေးမသွင်းရဲခဲ့ဘူး အချိန်လွန်မှ ထကုတော့ ကျမအဖေကို ဆုံးရှုံးလိုက်ရပါပြီ ဖခင် ဆုံးရှုံးမှုအတွက် ဆောရီး။ ကင်ဆာမရှိရာဘုံသို့ ရောက်ပါစေသတည်း။ အသိပေး (ပညာပေး) စာအဖြစ် မှတ်ယူရမယ်။  လက်ရှိ ကင်ဆာရောဂါသည်တွေနဲ့ ကင်ဆာလူနာ့မိသားစုဝင်တွေ "သူများစကား" ဆိုတာတွေကို အသိပညာနဲ့ နိုင်းချိန်နိုင်ကြပါစေသတည်း။ ဘာကင်ဆာလာလာ ဓါတ်စာတွေ၊ ဖြည့်စွက်စာတွေ တန်းစီရေးနေကြသူတွေလည်း ဆင်ခြင်နိုင်ကြစေသတည်း။ အရပ်ဆေးနည်းတွေ တခုတလေမှ မရေးကြပါရန်။ ဒေါက်တာတင့်ဆွေ

Walking လမ်းလျှောက်ခြင်းနှင့် အစာစားချိန်

Image
ကနေ့ ၃ ယောက်က မေးပါတယ်။ အင်္ဂလိပ်လို ခပ်တိုတိုကိုသာ ပြန်တယ်။ တယောက်က ဘာသာပြန်ပေးပါဦးတဲ့။ လမ်းလျှောက်ချင်သူတွေအတွက် အစာစားပြီး မစားခင် စဉ်းစားရခက်သလို ကျွန်တော်လည်း ဘာသာပြန်ဘို့ အချိန်က ခက်တယ်။ နည်းနည်း ကြိုးစားလိုက်မယ်။ အစာမစားခင် လမ်းလျှောက်ခြင်းဟာ အစဉ်အလာအယူအဆအရ သင့်တယ်။ စိတ်ကိုကြည်လင်စေတယ်။ အစာချေတာ ပိုကောင်းတယ်။ သိပ္ပံလို ပြောဦးမယ်။ အစာစားပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းကြောင့် သွေးထဲကသကြားဓါတ်ကျစေမယ်။ ဆီးချိုရှိသူတွေ သင့်တယ်။ အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကနေ သွေးထဲကသကြားဓါတ်များများတက်မှာကို သက်သာစေမယ်။ အစာမစားခင် လေ့ကျင့်ခန်းလုပ်ခြင်းကနေ အဆီဓါတ်တွေကို ချေဖျက်စေမယ်။  ဘယ်တော့ ပိုကောင်းသလဲ လမ်းလျှောက်ချိန်ကာလအပေါ် မူတည်တယ်။ မိနစ် ၃၀ သို့မဟုတ် ပိုမများဘဲ လုပ်ခြင်းကြောင့် အစာမစားခင်နဲ့ စားပြီး မသိသာစေနိုင်ပါ။ လေ့ကျင့်ခန်းက ပြင်းထန်တာမျိုးဆိုရင် စားပြီးမှ လုပ်တာကို အကျိုးရတာ သိသာစေမယ်။ စားပြီးပြီးချင်း လမ်းလျှောက်တာက သကြားဓါတ် ကျစေတယ်။ သကြားဓါတ်ဟာ စားပြီးနောက် မိနစ် ၆၀ နဲ့ ၉၀ မှာ အတက်ဆုံးဖြစ်တယ်။ အိပ်ရာထ လမ်းလျှောက်ခြင်းကနေ ကိုယ်ထဲက အဆီတွေကို သုံးပစ်မယ်။ လေ့လာမှုတော့ နည်းသေးတယ်။ က

No No No

Image
ရွှေတံခါးဆေးကတကယ်ကင်ဆာပျောက်သလားရှင် No No No အူမကြီးကင်ဆာသမားများအတွက်ပါ ထိနံအရွက်ကအတော်ထိရောက်ပါတယ်  No No No အောက်မဲညို No No No လောက်သေ No No No ဆေးအိုးဗုတ် No No No ငှက်သိုက် No No No မြက်ပင် No No No ပေါင်းပင် No No No ရွှေ ဘလာဘလာ ဘလာ ငွေ ဘလာဘလာ ဘလာ စိန် ဘလာဘလာ ဘလာ No No No ဒေါက်တာတင့်ဆွေ

My Blogs ကျွန်ုပ်၏ ဘလော့ဂ် များ

Image
(၁) Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/ တင်ထားပြီး ပို့စ် စုစုပေါင်း 13430 posts ဖတ်ရှုသည့်အကြိမ်ပေါင်း All Time 1287412 Yesterday 903 This Month 15143 Last Month 30072 ဖတ်ရှုသူများနေထိုင်သည့်တိုင်းပြည်များ 1. Myanmar (Burma) 2.48K 2. United States 1.03K 3. Singapore 605 4. France 233 5. United Kingdom 218 6. Japan 153 7. Thailand 128 8. Netherlands 113 9. Ireland 106 10. Other 593 (၂) တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/ တင်ထားပြီး ပို့စ် စုစုပေါင်း 6512 posts ဖတ်ရှုသည့်အကြိမ်ပေါင်း All Time 31121 Yesterday 78 This Month 1715 Last Month 5725 ဖတ်ရှုသူများနေထိုင်သည့်တိုင်းပြည်များ 1. United States 285 2. Myanmar (Burma) 257 3. Singapore 81 4. United Kingdom 23 5. Thailand 21 6. France 20 7. Japan 18 8. Ireland 14 9. Netherlands 13 10. Other 81 ဒေါက်တာတင့်ဆွေ

Injectable Ketamine Shows Promise in Treatment-Resistant Depression

Image
၁၄-၇-၂၀၂၃ မေ့ဆေးအဖြစ်သုံးနေသည့်ဆေးကို ထိုးဆေးသုံးပြီး စိတ်ကျလူနာတွေကို သက်သာစေနိုင် — Effective when given as a flexible dose twice-weekly https://www.medpagetoday.com/psychiatry/depression/105496 ဒေါက်တာတင့်ဆွေ

Cephalexin and G6PD ဆေးနှင့် သင့် မသင့်

Image
ဒီဆေးလေးက g6pd ကလေးတွေကို တိုက်လို့ရပါသလား ခင်ဗျာ လူနာတဦးချင်းအပေါ်မှာ မူတည်တယ်။ Cephalexin ဆေးဟာ G6PD မရှိသူတွေနဲ့လည်း မတည့်တာ ဖြစ်နိုင်တယ်။ G6PD ရှိသူတွေမှာလည်း hemolysis ခေါ် သွေးပျက်စီးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆေးပေးတဲ့ဆရာဝန်က သူ့လူနာအခြေအနေကိုသိထားပြီး ပေးတာဆိုရင်တော့ ဆေးသုံးနိုင်တယ်။ ဒေါက်တာတင့်ဆွေ

What To Eat လူမမာ ဓါတ်စာစနစ်ကို မွမ်းမံသင့်ကြတယ်

Image
အမေကရင်သားကင်ဆာပါ prosure တိုက်ပါတယ် သိချင်တာက နွားနို့ကိုကျိုပြီး သကြားဘာညာ မထည့်ပဲတိုက်လို့ရလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆင်တူမေးခွန်းမျိုးတွေ ကင်ဆာနေရာတွေမှာ မကြာခဏ တွေ့ရတယ်။ ကင်ဆာနဲ့အစားအသောက်စာ ထပ်ထပ်တင်ဆာ အခါတရာလောက်ရှိပြီ။ နွားနို့အကြောင်း၊ အင်ရှူးဝါးနဲ့ ပရိုရှူးဝါးအကြောင်းတွေလည်း အခါတရာနီးပါး တင်ပြပါတယ်။ နွားနို့ဖြစ်ဖြစ်၊ ကော်ဖီဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် အချို အနည်းအများ အကြိုက်မတူကြပါ။ လက်ဖက်ရည်ဆိုင်တွေမှာ မှာတာတွေက လိုက်မမီနိုင်အောင် အမျိုးတွေက များတယ်။ အဲဒါက အကြိုက်။ ဆီးချိုရှိသူတွေ ကင်ဆာရှိရှိ၊ မရှိရှိ သကြားမတည့်ပါ။ နွားနို့ - မြန်မာပြည်အတွက် ပြောရတာ ခက်တယ်။ သူများတိုင်းပြည်တွေမှာ တခါတည်း အသင့် သောက်လို့ ရအောင် သန့်ထားပြီးသား များတယ်။ ဝယ်လာတာနဲ့ ရေခဲသေတ္တာထဲထားကြတယ်။ သောက်ခါနီးမှာ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၃၀-၄၅ ထည့်ကြတယ်။ အိန္ဒိယမှာတော့ မသောက်ခင် ပွက်အောင်လုပ်ကြရတယ်။  ဘယ်တိုင်းပြည်မှာနေနေ Pasteurized milk ပိုးသန့်ထားသောနွားနို့ကိုသာ သောက်သုံးကြရမယ်။ နို့ကနေ ကူးစက်ရောဂါ (အထူးသဖြင့် တီဘီ) မရအောင် လုပ်ရတာဖြစ်တယ်။ 63 °C (145 °F) အပူချိန်မှာ မိနစ် ၃၀ ကြာထားရတာဖြစ်တယ်။ သို့

ဖစ် နှင့် ကင်ဆာ အမျိုးတော်ပါသည်

Image
မနက်ဖြန်ကီမိုပထမဆုံးအကြိမ်သွင်းရမှာမို့လ်ု့ပါ အားဖစ်အောင်ဘယ်လိုတွေအများကြီးစားရမလဲရှင့် ရှောင်ကြဉ်ရမှာတွေပါ ပြောပေးပါရှင့် (ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့ရတာ။ ဆရာဝန်ကိုမေးလည်း မဖြေတတ်ပါ။ နေမကောင်းသူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။) 1. ကင်ဆာဖစ်(ဖြစ်)တိုင်းမကင်ရပါ 2. ကင်ဆာဖစ်(ဖြစ်)တဲ့အတွက်မပေါ့ပါနဲ့ - ဖစ်ဆိုတာ ကင်ဆာ။ ဖြစ်က ကင်ဆာမဟုတ်။ 3. ကင်ဆာဖစ်(ဖြစ်)သူတိုင်းကသေရမှာကုသနည်းမရှိဘူးလားပြောပြကြပါအုံးရှင့် 4. ကျန်းမာရေး ကြောင့်လား ဝေခွဲမရဖစ်(ဖြစ်)နေလို့ပါ 5. ကျမသဘောကတော့ အစာပြတ် ရေပြတ်ဖစ်ပီး(ဖြစ်ပြီး) ဒီတိုင်းကြီးကြည့်နေရမဲ့အစား အစာလေးဝင်သေးတော့ ပြန်ကောင်းလာနိုင်မလားလို့ပါ ကျမအဖေက အဆုတ်ကင်ဆာပါ 6. ကျွန်မ ဆီးခဏခဏသွားတာကလွဲလို့ ချမ်းတုန်ဖျား ဗိုက်အောင့်တွေ မဖစ်(ဖြစ်)ပါဘူးဆရာ  7. ကျွန်မအမေက ရင်သားကင်ဆာပါ ကီမိုသွင်းပီး(ပြီး) ဓာတ်ကင်ပီးပါပီ(ပြီးပါပြီ) ဓာတ်ကင်နေတုန်း ၁၅ကြိမ်လုံးဘာမှမဖစ်(ဖြစ်)ပါ နောက်၃ရက်လောက်နေမှလည်ပင်းမှာမဲ အသားတွေလန်လာပီး(ပြီး) အနာဖစ်(ဖြစ်)နေလို့ပါ 8. ကျိုင်းတုံရောက်ရင်အမြဲစားဖစ်(ဖြစ်)တယ် 9. ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။ 10. ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ

Penis problem အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့

ယောက်ျားတွေ ဆေးထိုးတဲ့ အန္တရာယ်များနေပြီ။ မူးယစ်ဆေးဝါးသာမဟုတ်ပါ။ ကျားအင်္ဂါကို ဆေးထိုးပြီးနောက် ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ မေးတာ-ဖြေတာတွေကို အများဖတ်အောင် (ဖေ့စ်ဘွတ်) မပြောနဲ့ ကိုယ်ပိုင် (ဘလော့ခ်) မှာတောင် မတင်သင့်လို့ မတင်ပါ။ အခုတော့ မပြောရင် ပိုဆိုးလာမယ်၊ အရိတ်အမြွက်တော့ ပြောမလားလို့ သဘောရလာပါတယ်။ Quack (ကွက်) ဆိုတာ မြန်မာလိုဘာသာပြန်ရင် (၁) ဆေးဆရာအတု (ရမ်းကု) နဲ့ (၂) ဘဲမည်သံ ဖြစ်တယ်။ အခု “ဘဲ” လို့ ဘမ်းစကားနဲ့ခေါ်တဲ့ ယောက်ျားလေးတွေ (ကွက်) တွေကို အားကိုးမိလို့ ဒုက္ခအကြီးအကျယ်ရောက်ကြတဲ့အကြောင်း ရေးပါရစေ။ မေးလာသူသူတွေရဲ့ ယူကြုံးမရလူလုံးမလှဖြစ်ကြတဲ့ဇာတ်လမ်းတွေ အားလုံးကို ပြန်ရှာလို့ ခက်လွန်းသွားပါပြီ။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားလို့ ဝမ်းနည်းပက်လက်ဖြစ်ကြရတယ်။ သူများနိုင်ငံတွေမှာ ယောက်ျားအင်္ဂါကိုဆေးထိုးလို့ ဘာတွေ ဖြစ်သလဲဆိုတဲ့သုတေသန ခုထိတော့ မတွေ့သေးပါ။ အရပ်နည်းတွေနဲ့ ဒုက္ခရောက်တာတွေကို နမူနာ ဖတ်ကြည့်စေချင်ပါတယ်။ အရပ်နည်းတွေဆိုတာ မြန်မာပြည်မှာသာမကပါ၊ မြန်မာတွေသွားနေကြတဲ့ နိုင်ငံတွေက နည်းတွေလဲပါတယ်။ 1. ကျနော်သည် အသက် ၂၉ နှစ်ရှိ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့သောတစ်နှစ်လေ