Posts

Showing posts from October, 2022

Rash ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး

Image
သမီးအသက်က ၂၉ ပါ သမီးအရေပြားယားယံတဲ့ဝေဒနာခံစားနေရပါတယ် ပေါင်နှင့် အတွင်းခံဝတ်တဲ့နေရာအပါအဝင် ခြေထောက်မှာလဲ အနည်းငယ်ရှိနေပါတယ် ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး ဆေးလိမ်းပြီး၂ ရက်လောက်ကြလျှင် အရေခွံလေးတွေလန်သွားပြီးခဏ သက်သာသွားပါတယ် နောက်ရက်အနည်းငယ်ကျရင် ပြန်ယားလာပါတယ်ဆရာရှင့် နီးစပ်ရာဆရာဝန်နှင့် ဆေးပြတော့ သောက်ဆေးနှင့် zaricort လိမ်းဆေးပေးပါတယ် အရှင်း ပျောက်မသွားလို့ သမီးကို ဆေးလေးပြောပြပေးပါရှင် လိုအပ်လို့ ဆေးသောက်ရမယ်ဆိုလဲသောက်ပါမယ်ရှင့် ဖြစ်နေတာ ၁ နှစ်လောက်ရှိပါပြီဆရာ ပွေး၊ ယားနာ၊ ဖန်းဂတ်၊ အလာဂျီ၊ နှင်းခူ မတူကြပါ။ ဆေးနည်းလည်း တခြားစီ။ မေးတဲံသူ ဘာဖြစ်နေ မသိသေးပါ။ ရောဂါစာအားလုံး ဘလော့မှာ ဖတ်နိုင်တယ်။ Ringworm ပွေး https://dr-tint-swe.blogspot.com/2021/05/ringworm.html Fungus မိုးစိုစို မှိုသတိထား https://dr-tint-swe.blogspot.com/2021/08/fungus.html Scabies ယားနာ (ဝဲ) https://dr-tint-swe.blogspot.com/2021/05/scabies.html Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://dr-tint-swe.blogspot.com/2020/12/dermatiti

Cordyceps ဟာဘယ်ဆေး

Image
ငယ်သူငယ်ချင်းတယောက်က လင့်တခုပို့ပြီး မေးပါတယ်။ စိတ်ညစ်နေလား ကျောက်ကပ်မကောင်းလို့ ကျောက်တည်လို့၊အဆုပ်မကောင်းလို့ အသက်ရှုမဝလို့ စိတ်ညစ်နေပါသလား ကျောက်ကပ်ရောဂါနဲ့ ရှီးပတီး သတင်းအချက်အလက်ရေးပြစေချင်ပါတယ် သူငယ်ချင်း မှန်၏/မမှန်၏ ဟုတ်၏/မဟုတ်၏ အားလည်းနာတယ်။ အားလည်းမနာပါ။ အရပ်ဆေးနည်းတွေ၊ ဗမာဆေးတွေ၊ မြန်မာဆေးတွေမှာ အမည်နာမတွေနဲ့ ထည့်မရေးလည်း မဖြစ်။ ရေးပြန်တော့ အားနာ။ ဆေးနည်းပေးသူနဲ့ ဆေးရောင်းသူတွေကိုသာ အားနာရတာမဟုတ်၊ နေမကောင်းသူတွေကို ပိုပြီးအားနာရတယ်။ တည့်တည့်ပြောရတယ်။ အမည်ဆန်းတွေကို ဆေးနည်းပေးကြတယ်။ လောက်သေတဲ့။ အောင်မည်းညိုတဲ့။ သတ်ပုံမှန်က အောက်မဲညို။ အိုးဗုတ်ဆိုတာ။ သတ်ပုံမှန်က အိုးပုတ်။ ငှက်သိုက်တဲ့။ တချို့ကဌက်လိုက်တဲ့။ ဟာဘယ် ခေါ် အသီးအရွက်တွေကနေ ဆေးအဖြစ်သုံးရတာတွေ အမှန်ရှိပါတယ်။ ဥပမာ ဝမ်းနုတ်ဆေး၊ ငှက်ဖျားဆေး။ တခြားဆေးတွေ ထည့်မရေးတော့ပါ။ 9 of the World’s Most Popular Herbal Medicines ကမာ္ဘမှာ ပေါ်ပြူလာအဖြစ်ဆုံး ဟယာဘယ်ဆေး ၉ မျိုးရှိပါသတဲ့။ 1. Echinacea 2. Ginseng 3. Ginkgo biloba 4. Elderberry 5. St. John’s wort 6. Turmeric 7. Ginger 8. Valerian 9. Chamomile သတိထားစရာတွေကလည်း များတယ်။ ဟာဘယ်ဆေ

Arimidex (anastrozole) 1 mg tablets စားဆေး

Image
ဆရာရှင့် ၅နှစ် ဆေးစသောက် တဲ့နေ့ နောက်နေ့တွေကတည်းက ခြေဆစ်လက်ဆစ်နာပါတယ် နေ့တိုင်းသောက်ရင်း သောက်ရင်း ပိုပိုနာပီး(ပြီး) ရိုက်ခံထားရသလို နာပါတယ်ရှင့် ကျေးဇူးပြုပြီး ဘာဆက်လုပ်သင့်လဲ ဖြေပေးစေလိုပါတယ်ရှင့် ရင်သားကင်ဆာမှာ အီစထိုဂျင်ဟော်မုန်းကို နည်းစေအောင်ပေးတဲ့ဆေး ဖြစ်တယ်။ selective, non-steroidal aromatase inhibitor လို့ ခေါ်တယ်။ သွေးဆုံးပြီးသူတွေကိုသာ ပေးလေ့ရှိတယ်။ ဘေးထွက် သက်ရောက်မှုများ အရိုးအဆစ်နာ၊ ပျို့၊ အန်၊ မျက်နှာနီ၊ အားနည်း၊ ခေါင်းကိုက်၊ အစားပျက်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ရင်ပူ၊ ကိုယ်အလေးချိန်တိုး၊ စိတ်မူပြောင်း၊ အအိပ်ပျက်၊ အရေပြားခြောက်၊ အာခေါင်ခြောက်၊ ခေါင်းမူး၊ ဗဂျိုင်းနာခြောက်၊ ချောင်းဆိုး။ အရိုးအဆစ်နာသူ အနာအကိုက်သက်သာဆေးတခုခု လိုတဲ့အခါသောက်နိုင်။ ဒေါက်တာတင့်ဆွေ

Google is developing cancer and heart attack detector ဂူဂယ်လ်ကနေ ကင်ဆာစမ်းသပ်စရာတီထွင်နေ

Image
နာမည်ကြီး ဂူဂယ်လ်ကုမ္ပဏီ ကနေ ကင်ဆာရောဂါတွေ၊ စထုပ် ခေါ်တဲ့ နှလုံးအတက်ရတော့မဲ့အခြေအနေနဲ့ တခြားအရေးကြီးရောဂါတွေကို စမ်းသပ်နိုင်မဲ့နည်းလမ်းကို စမ်းသပ်ရှာဖွေနေပါတယ်။  ဆေးလုံးသောက်ပြီးရင် Nanoparticles လို့ခေါ်တဲ့ အလွန်ကိုသေးငယ်တဲ့ အမှုံလေးတွေ သွေးထဲကို ဝင်လာချိန်မှာ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ‘ဆင်ဆာ’ ကိရိယာကနေရှာဖွေပါမယ်။ ကိုယ်ခန္ဓာမှာ ဗီဝဓါတုဖြစ်စဉ် နည်းနည်းလေးပြောင်းလဲတာနဲ့ သိပါမယ်။ ကင်ဆာဖြစ်လာတဲ့ တစ်ရှူးဆိုတာ တစ်ရှူးအကောင်းတွေနဲ့ ခြားနားလှပါတယ်။ စမ်းသပ်မှုက စောတော့စောပါသေးတယ်။ Google X ယူနစ်ကနေလုပ်နေပါသတဲ့။ Nanoparticles ဆိုတာ သွေးနီဥရဲ့ ၂ဝဝဝ ပုံ ၁ ပုံသာရှိပါတယ်။ သူတို့ကနေ ကင်ဆာဆဲလ်အပါအဝင် ဆဲလ်တွေကို ပူးကပ်ပြီး ‘ဆင်ဆာ’ ကနေဆင့် သတင်းအချက်အလက်တွေပေးနေပါလိမ့်မယ်။  ဒေါက်တာတင့်ဆွေ ၃၁-၁၀-၂၀၁၄

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်

Image
• အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက် ၂ဝ နဲ့ ၄ဝ ကြား ရောဂါရှိမှန်းစသိတာ များတယ်။ • အာရုံကြောဆဲလ်လေးတွေကို ဖုံးအုပ်ပေးထားတဲ့ (မိုင်လင်ရှိ) ဆိုတာ ပျက်စီးလို့ဖြစ်ရတယ်။ အဖုံးပျက်သွားလို့ အာရုံကြောရဲ့ အလုပ်တွေ နှေးကွေးတာ မလုပ်နိုင်တော့တာဖြစ်လာတယ်။ • ရောင်ရမ်းဖြစ်စဉ်ကြောင့် အာရုံကြောဆဲလ်လေးတွေ ထိခိုက်ခံရတယ်။ ဦးနှောက်၊ မျက်စိအာရုံကြောနဲ့ ခါးရိုးမကြီးထဲက အာရုံကြောတွေကိုထိခိုက်စေတယ်။ • ဘာလို့ဖြစ်သလဲ အတိအကျမသိရသေးပါ။ ဗိုင်းရပ်စ်လား မျိုးဗီဇလားဖြစ်နိုင်တယ်။ • ခံစားရတာတွေက အမျိုးမျိုးရှိတယ်။ တခါဖြစ်တာဟာ ရက်ပိုင်း၊ ရက်သတ္တပါတ်တွေကနေ လအထိကြာနိုင်တယ်။  သက်သာချိန်တွေကြာထဲမှာရှိပါတယ်။ ဖျားလို့၊ ရေပူချိုးလို့၊ စိတ်ဖိစီးမှုများလို့ကနေ ရောဂါထလာနိုင်တယ်။ • ကိုယ်ကိုထိန်းနိုင်မှု နည်းခြင်း၊ ကြွက်သားတွေလှုပ်ခြင်း၊ ထုံခြင်း၊ ခြေလက်လှုပ်ရတာ ခက်ခဲခြင်း၊ လက်တုန်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ အသေးစိတ်လှုပ်ရှားမှုခက်ခြင်း၊ စတာတွေဖြဖြစ်နိုင်တယ်။ • တင်ပါးဆုံတွင်း အာရုံကြောက်ကိုထိခိုက်ရင် ဝမ်းချုပ်၊ ဆီးသွားရခက်၊ ဆီးခဏခဏ သွားချင်၊ ဆီးမထိန်းနိုင်ဖြစ်မယ် • မျက်စိအာရုံကြောထိခိုက်ရင် အရုပ်နှစ်ခုမြင်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက

အားတော့နာတယ်

Image
ရင်သားကင်ဆာ သံသယပါ ခု Fame ကထုတ်တဲ့ မင်းကွတ်သီးဆေး တပင်တိုင်မြနန်းဆေး ခမ်မိုင်မိုင်ဆေးတို့သောက်နေတာပါ သောက်တဲ့သူရှိလားရှင် အဆင်ပြေကျလားရှင် မပြောလည်း မဖြစ်။ ဆေးအမည်တွေကို ချန်ထားလည်း သဘောပေါက်မှာမဟုတ်လို့ ထည့်ပါတယ်။ အားတော့နာတယ်။ ကင်ဆာကို ဓါတ်စာနဲ့ ကုသလို့ မရနိုင်။ ကင်ဆာကို ဗမာဆေး၊ မြန်မာဆေး၊ တရုပ်ဆေး၊ ကုလားတွေ ဆိုတာတွေနဲ့ မရနိုင်။ (ကျ) နဲ့ (ကြ) သတ်ပုံမှားနေတယ်။ ကျဆိုတာ စာမေးပွဲကျ၊ စိတ်ဓါတ်ကျ၊ သစ်ပင်ပေါ်ကလိမ့်ကျ။ ဆောရီး။ နေကောင်းကြပါစေ။ တပင်တိုင်ရေးတာ သတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။ နိုင်ငံတော်မြန်မာစာအဖွဲ့က မှန်အောင်မရေးတတ်။ ကန်တော့။ ဒေါက်တာတင့်ဆွေ

Foods For Health စားစရာနှင့် ရောဂါ

Image
အစားအသောက်တွေအကြောင်း၊ အာဟာရအကြောင်း၊ ဗီတာမင်တွေ ဓါတ်ဆားတွေအကြောင်း အများကြီး တင်ပြထားပြီးပြီ။ အခုထောက်ပြလိုတာက စားစရာနဲ့ ရောဂါတွေ။ ခပ်တိုတို။ လူနာတွေကိုယ်တိုင်ဖြစ်ဖြစ်၊ လူနာစောင့်တွေဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ကနေ အကြံပေးသူတွေဖြစ်ဖြစ် စာခပ်ရှာရှည်ကို မဖတ်အား၊ မဖတ်ချင်ကြပါ။ ကျန်းမာရေးသုတ အတန်အသင့်သိသူတွေက ရဒ်မိ(တ်) ခေါ် အသားအမျိုးအစားက ကျန်းမာရေးနဲ့ မသင့်ကြောင့် ဖတ်မိကြလိမ့်မယ်။ အမဲသား၊ ဝက်သားနဲ့ ဆိတ်သားတွေက နှလုံးရောဂါအတွက် မသင့်တာတော့ မှန်တယ်၊ ကင်ဆာကို ဖြစ်စေတာလည်း မဟုတ်။ ကုသနိုင်တာလည်း မဟုတ်။ ပိုဆိုးစေမှာလည်း မဟုတ်ပါ။  အစားအသောက်ရဲ့ အခြေခံအကျဆုံး ကကြီးခေခွေးက - ၁။ သွေးတိုးရှိသူ အငန် (ဆိုဒီယန်) မတည့်။ ၂။ ဆီးချိုရှိသူ အချို (သကြား) မည့်။ ၃။ နှလုံးသွေးကြောကျဉ်းသူနဲ့ ကိုလက်စထောများသူတွေ ကိုလက်စထောများတာ မသင့်။ ၄။ ဂေါက် ခေါ် ယူရစ်အက်စစ်များသူတွေ ကလီစာနဲ့ အရက် မတည့်။ အစားအစာတွေအကြောင်း တင်ကြသူတွေက ငရုတ်သီးဆို အရပ်ပုမှတဲ့။ ကစွန်းရွက် အရိုးနီမှတဲ့။ ခရမ်းသီး၊ ခရမ်းချဉ်သီး ကိုင်းသီးမှတဲ့။ အဲတာတွေက ကျန်းမာရေးနဲ့ မဆိုင်။ အရသာနဲ့သာ ဆိုင်တယ်။ ရောင်းပန်း လှစေတာသာဖြစ်တယ်။  ကင်ဆာဖြစ်လို့ အစားအသောက် ရှောင်စရာ

Milk နွားနို့

Image
၁။ အဆီထုတ် နို့မှုန့်ကို ကင်ဆာလူနာများ သောက်လို့ရလား ဆရာရှင့် ကင်ဆာလူနာ ကိုယ်တသက်လုံးစားလာခဲ့တာတွေ စားနိုင်။ ဖြည့်စွက်စာတွေ မလို။ ဖေ့စ်ဘွတ်ကပေးတဲ့ ဟိုဟာတွေစား ဒီဟာတွေမစားနဲ့ဆိုတာအကုန် လိုက်နာရန်မလို။ ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် စားနိုင်။ ကင်ဆာဆိုတာ အစာနဲ့ ကုသလို့မရ။ ၂။ ဆရာရှင့် အမေက သွေးတွင်းအဆီများလို့ ဆေးသောက်နေရတာပါ။ နွားနို့နဲ့တည့်လားရှင့် ၃။ ဆရာရှင့် ကလေးအသက်က ၃နှစ် ၄လယောကျာ်းလေးပါရှင့်၊ မနက်အိပ်ယာ(အိပ်ရာ)နိုးတာနဲ့အသင့်သောက်နွားနို့ ၂၅၀မီလီသောက်ပါတယ်။ နေ့စဥ်ရက်ဆက်သောက်ပါများတော့ ဆိုးကျိုးရှိပါသလားရှင့်။ ၄။ ဆရာခင်ဗျာ ကျနော့သားလေးက တနှစ်ခွဲကတည်းက နွားနို့ တနေ့ ၅၀၀ မီလီလီတာ သောက်လာတာ အခု သုံးနှစ်ရှိပါပြီ ဆက်ပြီး တိုက်လို့ရပါသလားဆရာ။ အသက်ဘယ်လောက်ထိဆက်ပြီးတိုက်လို့ရပါသလဲဆရာ။ ပမာန အနဲအများလဲ ပြောပြပေးပါဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာခင်ဗျာ။ ၅။ ဆရာနွားနို့ကအကျိုးရှိလား အာဟာရမကောင်းရင် စိတ်ခွန်အားရော့(လျော့)တတ်လားဆရာ လူတိုင်းစားသောက်တာတွေ သန့်ရှင်းရင် အကုန်ကောင်း။ အာဟာရမပြည့်သူ ရောဂါရနိုင်။ စိတ်ကတော့ စားနိုင်သောက်နိုင်သူတွေလည်း ရောဂါရတတ်ကြ။ ၆။ နွားနို့က ဆူပြီးသား

Milk types နွားနို့အမျိုးအစားများ

Image
ခုတလော နွာနို့နဲ့ဆိုင်တာတွေရေးကြတာ သတိထားမိတယ်။ မသောက်သင့်ဘူးဆိုတာလဲပါတယ်။ သမတနဲ့ဆိုင်တာလဲ ဆက်ပါနေတယ်။ ကျွန်တော်က နွားနို့ထဲက အဆီအကြောင်းသာရေးပါမယ်။ အကာတွေမရေးလိုပါ။ နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။ 1. Standardized milk စံချိန်ကိုက်နွားနို့၊ 2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊ 3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊ 4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့ 5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားန်ို့တွေဖြစ်တယ်။ ၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားန်ို့ကို ရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။ ၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် လယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။  ၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလ

အနီနဲ့အပြာ

Image
နေရင်းထိုင်ရင်း ဖရင်းတယောက် လျှော့သွားတယ်။ ဘာလို့လည်း မသိပါ။ ဘလော့ခြင်းအမှုက မပြုရတာ နည်းနည်းလေးကြာပြီ။ အမှတ်ရလို့ ဆရာမောင်စွမ်းရည်ကို ဖရင်းထဲထည့်လိုက်တယ်။ မက်စင်ဂျာကနေတော့ ဆက်သွယ်နေကြတာ နှစ်တွေကြာပြီ။ အခုမှသာ ထည့်ရတယ်။ ဆောရီးပါဆရာ။ အဲလိုဘဲ ညီတယောက်ကိုလည်း အတော်ကြမှသာ ဖရင်းထဲထည့်ရတယ်။ လက်ထဲမှာရှိတဲ့ ဆရာမောင်စွမ်းရည် အနီနဲ့အပြာ ကဗျာစာအုပ်ကို ၁၉၆၄-၆၅ မှာထုတ်တယ်။ (တ) ကို (တ) လို့သာရေးတယ်။  (၁) ဘုရားရှေ့မှ၊ လည်ဆံဖွ၍ ခေါင်းကြွ ရင်မောက်၊ အမြီးမြှောက်လျက် ဟောက်တော့မည့်ပုံ၊ ခုန်တော့မည့်လား မာန်ဝံ့ကြွားသည် အုတ်သားခြင်္သေ့ ခန့်ပါပေ့။ တနေ့ခါတွင်၊ သူ့ကျောပြင်ထက် ကျေးငှက်စွန့်ထား၊ ညောင်စေ့များသည် အုတ်သားကိုဖေါက်၊ အပင်ပေါက်ခဲ့ ဟိန်းဟောက်မာန်ချီ၊ ခြင်္သေ့သည်ကား မထီမာန်တက် မြဲပါကို။ (မောင်စွမ်းရည်) (၂) အဘွားအိုနဲ့ နပန်းသမား ဟို-ရှေးရှေးတုန်းက ကမ္ဘာ့လူသန်  လူလွန်မသားကြီးတဦး ရှိခဲ့ဖူးသတဲ့။ (မောင်စွမ်းရည်) (၃) ပိတောက်လွမ်းချင်း မိုးတမ်းချင်း အဆုံးပိုဒ် နေစွယ်ချိုးပေါ့ ပန်းမျိုးတရာ၊ လန်းခွင့်သာအောင် ပန်းမျိုးတရာ။ ဝေခွင့်သာအောင် ရွာ - ရွာတော့မိုး၊ အို - ဘယ့်မိုး။ (မောင်စွမ်းရည်) မောင်စွမ်းရည်ရေးတဲ့ ကဗျာအစစ

Fear of Heights အမြင့်ကြောက်ရောဂါ

Image
အမည် မ ( - )၊ အသက် ၂၉ နှစ်၊ အိမ်ထောင်ရှိ၊ ကလေးမရှိ၊ ( - ) မှာနေတာ ၅ နှစ်ရှိပါပြီ။ ကျွန်မငယ်ငယ်ထဲက အမြင့်အရမ်းကြောက်ပါတယ်။ ရိုလာကိုစတာလိုမျိုးစီးရင် သိပ်မကြောက်ပါဘူး။ ခြေထောက်နဲ့ဆင်းရတဲ့ လှေကား၊ ကတ္တယာလမ်းကုန်းဆင်းမျိုး အဒီအခါကျရင် ခြေဖဝါးကစလို့ သွေးတွေပူလာပြီး ရှူထွက်ပါတယ်။ ပုံမှန်လူတွေ မမြင့်ဘူးပြောတဲ့အနေထားလောက်ကို ကြောက်နေပါတယ်။ တကယ်လို့ အဒီအကြောင်းကိုပြန်စဉ်းစားရင်တောင် ကြောက်ပါတယ်။ ရုပ်ရှင်ကြည့်လို့မြင့်တဲ့အခန်းပါရင် ကြောက်လာပြီး ရှူထွက်ချင်ပါတယ်။ ပြီးခဲ့သောအပတ်က တောင်အဆင်းခရီးသွားကြည့်တာ အရမ်းကြောက်ပါတယ်။ ခေါင်းတွေပါမူးလာပြီး ရှူထွက်ပါတယ်။ ဒူးတွေ တုန်ပါတယ်။ ဆရာကျွန်မ ဘယ်လိုနေသင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ပြသင့်ပါလဲ။ အမြင့်ကြောက်တာကို ပျောက်သွားချင်ပါတယ်။ ရှက်လို့ပါ။ ဆရာ့ကိုအမြဲလေးစားလျက်ပါ။ကျေးဇူးတင်ပါတယ်ရှင်။  Anxiety စိုးရိမ်စိတ်ဆိုတာ သဘာဝဖြစ်တယ်။ အချိန်မရွေး၊ လူမရွေးမှာလာဖြစ်နေတယ်။ စိုးရိမ်စိတ်ကဲလွန်ခြင်းကတော့ ရောဂါဖြစ်တယ်။ သူ့ရဲ့ပုံမှန်ဘဝကို ရင်ဆိုင်ကျော်လွှားဘို့မှာ အခက်အခဲအတားအဆီးတခု ဖြစ်နေတော့တယ်။ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတွေထဲမှာ ဒီရောဂါက ဆိုးတဲ့အထဲမှာပါတယ်။ စိုးရိမ်စိတ်ကဲလွန်

အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ဖျက်ဆီးလိုက်

Image
အိန္ဒိယထုတ် Covishield ကိုဗစ်ကာကွယ်ဆေးဒို့စ် သန်း ၁၀၀ ကို ရက်စွဲလွန်သွားလို့ ဖျက်ဆီးလိုက်ပါတယ်။ မြန်မာပြည်ကိုတော့ ရောက်မလာကောင်းပါရဲ့။ သူတို့ဆီမှာ ကုဋေအသုံးများလို့ ၁၀ ကုဋေလို့ ပြောကြလေ့ရှိတယ်။ မြန်မာပြည်မှာက သိန်း-သိန်း-သိန်း။ ဟိုအရင်ကတော့ တကျပ်တပြားခေတ်။ ဒေါက်တာတင့်ဆွေ

High white blood cell count သွေးဖြူဥများခြင်း အကြောင်းခံများ

Image
သွေးဖြူဥများရတာ ဘာကြောင့်လဲရှင့် ဆောင်ရန်ရှောင်ရန်လေးတွေရောရှိလားမသိဘူး အမေအတွက် သိချင်လို့ပါရှင့် တစ်ခါ(တခါ)ဆေးသွင်းခါနီးရင်သွေးဖြူဥများတယ် ဆေးရုံ ၂ညအိပ် ၃ရက်တတ်ရမယ် ပိုးသက်(ပိုးသတ်)ဆေးသွင်းရမယ်အဲ့လိုဖြစ်တာမလို့ပါရှင့် ပုံမှန်ဆိုနေချင်းပြန်ပါရှင့် သွေးဖြူဥ များရတဲ့အကြောင်းရင်းကို တကယ်သိချင်လို့ပါရှင့် ကျေးဇူးပြုပြီးဖြေပေးပါအုံးနော် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။ 1. ရောဂါပိုးတခုခုဝင်လို့ ခုခံတိုက်ဖျက်ရန် သွေးဖြူဥတွေ ပိုထုတ်ပေးရခြင်း၊ 2. corticosteroids and epinephrine ဆေးတခုခုကြောင့် သွေးဖြူဥတွေ ပိုထုတ်ပေးရခြင်း၊  3. Myelofibrosis ရိုးတွင်းခြင်ဆီရောဂါ၊ 4. ရောဂါပြီးစနစ်ရောဂါ၊ 5. အကြောင်းခံရောဂါများ 6. Acute lymphocytic leukemia လူကီးမီးယား သွေးကင်ဆာ၊ 7. Acute myelogenous leukemia (AML) လူကီးမီးယား သွေးကင်ဆာ၊ 8. Allergy, especially severe allergic reactions ဆိုးဝါးသောအလာဂျီဖြစ်ခြင်း၊ 9. Chronic lymphocytic leukemia လူကီးမီးယား သွေးကင်ဆာ၊ 10. Chronic myelogenous leukemia လူကီးမီးယား သွေးကင်ဆာ၊ 11. Polycythemia vera ရောဂါတမျိုး၊ 12. Rheumatoid arthritis ရူမက်တစ်ရောဂါ၊ 13. S

နှင့် နဲ့ နင် နင့် နက်

Image
(ကန်တော့) 1. ဆရာခင်မျ ကျနော့် မိန်းမ နက် ( - ) မလို့ တားဆေးဘယ်လိုသောက်ရမလဲခင်မျ 2. ဆရာခမျ ကျန်းမာရေးနက်ပတ်သတ်တာယဲ့အကြောင်းလေးမေးချင်လို့ပါခမျ 3. ကျန်းမာရေးနှင့် ပတ်သက်လို့ ရေးရတယ်။ ပတ်သတ်တဲ့လို့ ရေးရတယ်။ 4. သတ်ပုံအမှား နှောင်းလူများ မခံစားနိုင်ကြတာ တူညီပါရဲ့ ဆရာ။ နဲ့ ကို နက် ဆိုပြီး ရေးကြတာကိုလည်း ထောက်ပြပေးပါဆရာ။ မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက် လို့ ရေးကြတာ အများအပြား ဖြစ်နေကြပြီဆရာ။ 5. ဆရာ ကျမက မကွေးတိုင်းကပါဆရာ။ မဲ နဲ့ မည်း ကို ဘယ်လိုခွဲခြားသုံးလဲ သိချင်လို့ပါရှင့်။ 6. ဆရာ အမဲ၊ အမည်းလို့ ဆရာပြင်ထားတာတွေ့လိုက်တယ်။ သူက အရောင်ကို ကိုယ်စားပြုပြောတာဆိုတော့ အမဲက အမှန်လား အမည်းက အမှန်လားခင်ဗျ။ 7. အမဲရောင်နဲ့ အမည်းရောင် ဘယ်ဟာအမှန်ပါလဲခင်ဗျ 8. နှင့်ကို စကားအရာမှာ နဲ့လို့ပြောဆိုကြပြီး စကားပြောစာရေးနည်းမှာ ထည့်ရေးလာကြပါတယ်။ နက်လို့ရေးတာတော့ မမှန်ပါ။ 9. ကောင်လေးကချောရက်သားနက် = အသားမည်းနက်သောကောင်လေး နဲ့ ချည့်နဲ့နဲ့သာ ကျန်တော့သည် ထော့နဲ့ထော့နဲ့ သွားနေသည် ဒါနဲ့ စကားမစပ် နှင့် ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ ကျန်းမာရေးနှင့် ပတ

Loudspeaker လော်စပီကာ မယဉ်ကျေးမှု

Image
အခုရက်တွေမှာ အသံချဲစက်ဒဏ်မခံနိုင်လို့ ကာတွန်းတွေနဲ့ သတိပေးတာတွေ တွေ့တယ်။ ကာတွန်းတွေကတော့ ကောင်းပါရဲ့ လော်စပီကာသံကို မကျော်နိုင်ဘူးထင်တယ်။ သာရေး၊ နာရေး၊ လူစုလူဝေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဆေးကြော်ငြာ ဘယ်ဟာဖြစ်ဖြစ်ပါတဲ့ လောက်စပီကာအကြောင်း ထပ်လောင်းပြောလာကြတာတွေ မကြာခဏဖတ်ရတယ်။  မေးလို့ ရေးထာတယ်။ အသံကြိမ်နှုန်းတိုင်းတာခြင်းကို ဘယ်လိုခေါ်ပါသလဲ။ လူတယောက်ရဲ့နားက အသံ ဘယ်လောက်ထိ ခံနိုင်ပါသလဲ။ မြန်မာပြည်မှာ မနက်စောစော တရားခွေဖွင့်တဲ့ လော်စပီကာ။ နေ့လည်နေ့ခင်း ထီရောင်းတဲ့သူတွေ၊ ဆေးကြော်ငြာသူတွေ၊ ရုပ်ရှင်ပိုစတာ ကြော်ညာတဲ့သူတွေ စုံလို့ပေါ့ဆရာ။ အားလုံးက လော်စပီကာ သုံးကြတယ်။ နေပူတဲ့အချိန် ပိုခံစားရခက်တယ် ဆရာရေ။ ဆရာရောက်ခဲ့ဘူးတဲ့ နိုင်ငံတွေမှာ ကြားခဲ့ဖူးလားခင်ဗျာ။ ဒီမှာတော့ ဆူညံလို့။ အေးဆေးစွာနေတတ်တဲ့ ကျွန်တော် ၃၅ နှစ်ကျော်လာမှ စိတ်တိုတတ်လာပြီ။ အသံဆူညံမှုကို decibels (dB) နဲ့တိုင်းတယ်။ ပုံမှန်စကားပြောသံက 60 dB လောက်ရှိတယ်။ မြက်ရိတ်စက်သံက 90 dB လောက်ရှိတယ်။ ရော့ခ်တေးဂီတသံက 120 dB လောက်ရှိတယ်။ 85 dB အထက်ဆိုရင် နားအကြားကို အနည်းနဲ့အများ ထိခိုက်စေတယ်။ အသံအနိမ့်အမြင့်သာမကာ အဲတာကို ဘယ်တော့ခဏခဏကြားသလဲ၊ ဘယ်လောက်

Boiling Bottled Water ရေသန့် ရေနွေးကြမ်း

Image
ဆရာရေးထားတဲ့ ရေသန့်ကို ရေနွေးတည်လို့ရတဲ့ ဆောင်းပါးလေးဖတ်ချင်လို့ တင်ပေးစေလိုပါသည်ခင်ဗျာ။ လေးစားစွာဖြင့်ပါဆရာ။ ပုံထဲက အပြာရောင် ရေသန့်ပုံးထဲကရေကို တည်စရာရေနွေးနည်အိုးထဲမှာထည့်ပြီး ပွက်လာတော့ စောမို လက်ဖက်ခြောက်ခပ် သောက်နေရင်း ဒီစာကို ရေးပါတယ်။ အဲလိုလုပ်နေတာက ဆယ်စုနှစ်တွေ ကြာပြီ။ နယူးဒေလီမှာ နေကတည်းက။ ကျွန်တော့မှာ ပြီးခဲ့တဲ့လအထိ ဆေးစစ်တော့ ကင်ဆာ မရှိဘူးတဲ့။ တခြား ရောဂါကြီးကြီးမားမားလည်း မရှိဘူးတဲ့။ အသက်အရွယ်အရ ဆီးကျိတ်ကငဆာလည်း စစ်တယ်။ နိုးတဲ့။  သွေးနည်းနည်းတိုးလို့ ဆေးတနေ့တပြားသောက်ပါတဲ့။ ကိုလက်စထောလည်း နည်းနည်း ပိုလို့ အစားသာဂရုစိုက် ဆေးသောက်စရာ မလိုသေးတဲ့။ စာရေးပြီးပြီ ရေနွေးတခွက် သောက်ဦးမယ်။ 1. ဆရာ ခင်ဗျာ့ ရေသန့်စက်ရုံကထုတ်တဲ့ ရေသန့်ကို ကြိုချက်သောက်သုံးဖို့မသင့်ဘူးဆိုတာ ဟုတ်ပါသလား။ ရေသန့်ထဲပါတဲ့ ကလိုရင်းက အပူပေးရင် ဓါတ်ပြုပြီး လူ့ခန္ဓာကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ တွေ့မိလို့ပါ။ 2. ဆရာ တခုလောက် မေးချင်ပါတယ် ရေသန့်ကို ထပ်ကြိုချက်ပြီးသောက်ရင် ကျမ်းမာရေးနံ့ ညီပါသလားဆရာ ကလေးနို့မုန့်တိုက်ရင် လိုအပ်နေလို့ပါဆရာ  3. ဆရာခင်ဗျား ရေသန့်ကိုကျိုချက်သောက်ရင် ဘေးဖြစ်တယ်ဆိုတာ မှန်ပါသလားခင်ဗျာ အမ

Infertility and TB တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း

Image
၁။ သမီးအိမ်ထောင်ကျတာ ၆ လရှိပါပြီ ဒါပေမဲ့ခုထက်ထိ ကိုယ်ဝန်မရှိသေးပါဘူး လက်မထပ်ခင်က လည်ပင်းမှာ အကျိတ်ရှိလို့ ခွဲလိုက်တော့အကျိတ်က တီဘီကျိတ်တဲ့။ တီဘီဆေးသောက်ရသေးတယ်။ ဆေးသောက်ပြီး ၂ လကျော်မှာ လက်ထပ်တာပါ။ သမီးတို့လင်မယားနှစ်ယောက်က တစ်မြို့စီပါ။ ဝန်ထမ်းဆိုတော့ တစ်လမှ ပိတ်ရက် ၂-၃ ရက်ဘဲ တွေ့ဖြစ်တာများတယ်။ တီဘီဆေးသောက်ရင် ကိုယ်ဝန်ရနိုင်လားမရနိုင်လား သိချင်လို့ပါဆရာ။ ၂။ ကျွန်မက အသက် ၃၁နှစ်ပါ။ ( - ) နိုင်ငံမှာ အလုပ်လုပ်နေသူ တယောက်ပါ။ အိမ်ထောင်ကျတာ ၁ နှစ်ခွဲ ကျော်ပါပြီ။ အခု ရာသီ မလာတာ ၁ လ (၅၄ ရက်) ကျော်ပါပြီ။ Pregnancy Test စစ်ကြည့်တော့လည်း Negative ပြပါတယ်။ ရှမ်းပျိုမေ သွေးဆေး သောက်တာလည်း ၁ ပတ် ကျော်ပါပြီ အခုထိ မထူးခြားသေးပါဘူး။ အရင်တခါကလည်း ရက် ၄၀ ကျော် သွားလို့ ဆေးခန်း ပြခဲ့ပါတယ်။ ကေသီပန် သောက်လိုက်တော့ အဆင်ပြေသွားခဲ့ပါတယ်။ ဒီတခါတော့ ကေသီပန်လည်း မသောက်ချင်တော့ပါဘူး။ ကလေးရှိနေရင် ဒုက္ခရောက်မှာလည်း စိုးရိမ်မိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က အဆုပ်ထဲ ရေဝင်တဲ့ ရောဂါ ဖြစ်ဖူးတော့ TB ဆေးကို ၆ လလောက် သောက်ခဲ့ပါတယ်။ ကျွန်မ Internet မှာ ဖတ်ဖူးတာတော့ TB ဆေး စားဖူးတဲ့ သူတွေက ကလေးရဖို့ ခက်တယ်တဲ့။ အခု ကျွန်မမှာ ဘာလုပ်

TB Signs & Symptoms တီဘီရောဂါလက္ခဏာများ

Image
ဆရာ ကျမက အသက် ၃၈ အိမ်ထောင်သည်ပါ ၃နှစ်အရွယ်သမီးလေး တယောက်ရှိပါတယ် ရာသီလဲမှန်ပါတယ် ကျမက လွန်ခဲ့တဲ့ ၄ နှစ်က လည်ပင်းသွိုင်းရွိက်ကြောင့် လည်ပင်းခွဲထားပါတယ် ပြီးတော့ ၁၂ လပိုင်း ၂ရက်နေ့ကနေ ၆ရက်နေ့ထိ အအေးပတ်အဆုတ်ရောင်လို့ ဆေးရုံတက်ထားပါတယ် ၃လပိုင်း ၇ ရက်နေ့မှာ လည်ချောင်းမရှင်းတာနဲ့ ချောင်းဟန့်ပြီး ထွေးလိုက်တာ သွေးတွေပါ လာပါတယ် နောက် ၂ ပတ်ခြားလောက်မှာလဲ သလိပ်ထဲမှာ သွေးပါလာပါတယ် ဆေးခန်းသွားပြတော့ ဆရာဝန်က ဓာတ်ပုံထဲကဆေးကို ၁၀ ရက်သောက်ခိုင်းပါတယ် ဆေးသောက်နေစဉ်မှာလဲ တကြိမ် သွေးပါတယ် အဲဒါနဲ့ ဓာတ်မှန်ရိုက်တော့ ဆရာဝန်က တီဗီ လို့ပြောပြီး ဆေးသောက်ခိုင်းပါတယ်ဆရာ ကျမမှာ မိသားစုနဲ့ သမီးလေးအတွက် ဘာတွေဆောင်ရရှောင်ရမလဲရှင့် ပြီးတော့နောက်ထပ်ကလေးယူဖို့ အဆင်ပြေပါ့မလား ဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့် တီဘီလို့ ရေးရတယ်။ တီဘီရောဂါဟာ ဆိုးပါတယ်။ ဆောရီး။ အများဆုံးက အဆုပ်ကိုရောဂါရစေတယ်။ ဦးနှောက်၊ အရိုး၊ အူ၊ ကျောက်ကပ်စတဲ့ တခြားနေရာတွေမှာလည်းဖြစ်တယ်။ M. tuberculosis ခေါ်ဗက်တီးရီးယားကနေဖြစ်စေတယ်။ ကူးစက်နိုင်တယ်။ AFB +ve သလိပ်ထဲပိုးတွေ့သူကနေသာ သူများကိုကူးစက်ပါတယ်။ ဆေးစနစ်တကျသောက်ရင် ပျောက်တယ်။ စနစ်မကျရင် ဆေးယဉ်တီဘီဖြစ်သွား

TB တီဘီ

Image
VOA Burmese မြန်မာပါဝင် ကမ္ဘာ့နိုင်ငံတချို့မှာ တီဘီရောဂါ ပြန်လည်ခေါင်းထောင် သတင်းထွက်လာလို့ ပြန်တင်ပါတယ်။ ရေးထာတာ ၁၀ နှစ်လောက်ရှိပြီ။ စာက နည်းနည်းရှည်တယ်။ မေးခွန်းတွေမထည့်တော့ပါ။ တီဘီရောဂါကို သလိပ်ထဲပိုးမတွေ့ဘဲ ဓါတ်မှန်အရ ဆေးပေးတယ်။ အဆုတ်မှာမဟုတ်ပဲ အရိုး၊ အူ စတဲ့ တခြား နေရာတွေမှာတွေ့လည်း ဆေးပေးပါတယ်။ ကလေးတွေမှာ သံသယရှိတာနဲ့ ဆေးပေးရတယ်။ Tuberculosis ခေါ် TB တီဘီဟာအဖြစ်များပြီး သေစေနိုင်တဲ့ကူးစက်ရောဂါဖြစ်တယ်။ Mycobacterium tuberculosis ခေါ် ဗက်တီးရီးယားကြောင့် ဖြစ်တယ်။ ဒီခေတ်မှာ တီဘီဖြစ်တာ ကံဆိုးကံကောင်း အောက်မေ့ပါ။ ဆေးတွေ ပိုကောင်းလာတယ်။ ဆေးသေချာသောက်ရင် သေချာပျောက်တယ်။ သေတယ်ဆိုတာရှားလာတယ်။ တချို့နိုင်ငံတွေမှာ တီဘီမဖြစ်တော့လို့ ဆေးကျောင်းတွေမှာ TB သင်မပေးတော့ဘူး။ ညွှန်ကြားချက်အတိုင်း စနစ်တကျနဲ့ ပုံမှန်ဆေးသုံးစွဲရင် အမြစ်ပြတ် ပျောက်ကင်းစေနိုင်တယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အများဆုံးဖြစ်တယ်။ ဆိုးတာက ရောဂါကူးစက်တာ ပိုများလာတယ်။ ဆေးယဉ်တီဘီဖြစ်တာလည်း များလာတယ်။ ဆေးပြီး-ဆေးယဉ်တီဘီရှိသူတွေကို ဒုတိယတန်းစား ဆေးတွေပေးရတယ်။ တီဘီရောဂါ ဘယ်လိုကူးစက်သလဲ ၁။ တံတွေးနဲ့ သလိပ်မှာ တီဘီပိုးတွေသူကနေသာ ကူးစက

Gout (2) ဂေါက်-ရောဂါ (၂)

Image
အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။ လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလ

Papillary carcinoma မရေရာတဲ့ ကင်ဆာမေးခွန်း

မင်္ဂလာပါဆရာ သမီး papillary carcinoma အကြောင်းသိချင်လို့ပါ ဖြစ်တဲ့သူ သမီးဆိုလို့ အမျိုးသမီးမှန်းသိရတယ်။ အသက် မသိပါ။ Papillary carcinoma ဆိုတာ လည်ပင်းမှာလည်း ရှိတယ်။ ရင်သားမှာလည်းရှိတယ်။ မေးတဲ့သူ ဘယ်နေရာမှာ ဘာဖြစ်နေမသိ။ အဲလိုမေးကြတာ မနည်းပါ။ အချိန်ကုန် အကျိုးမရှိ။ Papillary breast cancer ရင်သားကင်ဆာဆိုတာ Invasive ductal breast cancer အမျိုးအစားထဲကဖြစ်တယ်။ အတော်ရှားတယ်။ ရင်သားကင်ဆာတွေထဲမှာ ၁% သာ ရှိတယ်။ Papillary tumors အများစုက ကင်ဆာမဟုတ်။ Papillomas လို့ခေါ်တယ်။ သေချာတော့ စစ်ဆေးရမယ်။ Malignant papillary tumors ဆိုရင် ကင်ဆာ။ ရင်းသားထဲက နို့ပြွန်မှာဖြစ်တယ်။ in situ cells အမျိုးအစားနဲ့ invasive cells အမျိုးအစားလို့ရှိသေးတယ်။ Papillary breast cancers တွေက သေးတယ်။ estrogen and/or progesterone receptors (ER/PR+) ခေါ် ဟော်မုန်း + ပြတာနဲ့ HER2 receptor (HER2-) အနုတ်ပြတာလို့ ၂ မျိုးရှိပြန်တယ်။ တခြားရင်သားကင်ဆာတွေနဲ့မတူတာ နောက်တချက်က လင့်ဖ်နုတ် ခေါ် တက်စိကု မပြန့်ဘူး။ ကုသမှုကိုတုန့်ပြန်တာ ကောင်းတယ်။ ကုသနည်းတွေမှာ (lumpectomy or mastectomy)ခွဲစိတ်နည်းနဲ့ တချို့အတွက် radiation ဓါတ်ကင်နည်းရှိတယ်။ ပ

Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး

Image
၁။ ဆရာ မဂ်လာပါရှင့် အကြံဥာဏ်လေး တောင်းခံပါရစေရှင့် Group မှာလည်း post တင်ထားပါတယ်ရှင့် လည်ပင်းမှာအကျိတ်တွေ့လို့ FNCA test အပ်နဲ့သွေးဖောက် စစ်လိုက်ရာမှ Papillary carcinoma တွေ့ပါတယ်ရှင့် ကင်ဆာအကျိတ်ကိုခွဲထုတ်ဖို့စဥ်းစားရ သိပ်ခက်ခဲနေလို့ပါ လွန်ခဲ့သော ၁၉နှစ်က ကင်ဆာမဟုတ်သော အကျိတ်ကိုခွဲစိတ်ခဲ့ရာမှ ညာဘက်အသံကြိုး ထိခိုက်ပျက်စီးသွားပါတယ် လေပြွန်လည်းကျဥ်းနေပါတယ် လည်ပင်းအသက်ရှုပေါက် ဖောက်ဖို့နေရာကလည်း 6cm လောက်ပဲရှိတော့ နေရာမလုံလောက်​ဖြစ်နေပါတယ် ခွဲနေရင်းအသက်ပါ ပါသွားနိုင်တယ်လို့ပြောပါတယ် မခွဲပဲထားရင်လည်း ကင်ဆာဆိုတော့စိတ်မချရဘူး ပြောပါတယ်ရှင့် Papillary thyroid carcinoma ကို မခွဲစိတ်ပဲတစ်ခြားဘယ်နည်းလမ်းတွေနဲ့ထပ်ပြီးမပျံ့ပွားအောင် အသက်ရှည်အောင်လုပ်လို့ရနိုင်မလဲ သိပါရစေရှင့် ဆရာအသက်ရှည် ကျန်းမာပါစေရှင့် ၂။ မင်္ဂလာပါဆရာ အသက် ၂၈ နှစ်ပါ မိန်းကလေးပါ အပျိုပါ။ ခုလက်ရှိ - မှာအလုပ်လုပ်နေပါတယ်။ လည်ပင်းမှာ အလုံးလေးတွေ့လို့ပါ။ အလုံးကတံတွေးမျိုချရင် အပေါ် အောက်ရွှေ့လျားပြီး မနာပါဘူးရှင့်။ သတိထားမိတာ တနှစ်ကျော်လောက်ရှိပါပြီ။ စရောက်ခါစဆိုတော့ ပိုက်ဆံကုန်မှာစိုးတာရယ် ဘယ်ကဘယ်လို စပြရမှန်း မသိတာရယ်ကြောင့် ဒီလိုပဲ

Low white blood cell count သွေးဖြူဥနည်းခြင်း

Image
သွေးဖြူဥနည်းရင်ဘာတွေဖြစ်နိုင်ပါသလဲဆရာ။ သွေးဖြူဥနည်းတာကို Leukopenia လို့လဲခေါ်တယ်။ သွေးဖြူဥဆိုတာ ရောဂါတခုခုဝင်လာရင် ကိုယ့်ဘက်ကနေခံတိုက်ပေးတယ်။  သွေးဖြူဥဘာလို့နည်းနေသလဲ • Aplastic anemia အေပလပ်စတစ် သွေးအားနည်းရောဂါ • antibiotics and diuretics ဆေးတွေသောက်နေရချိန် • Chemotherapy ကင်ဆာဆေးပေးနေချိန် • HIV/AIDS • Hypersplenism ဘေလုံး အလုပ်ပိုလုပ်ခြင်း • Infectious diseases ကူးစက်ရောဂါဝင်နေခြင်း • Kostmann's syndrome ရောဂါ • Leukemia လူကီးမီးယား သွေးကင်ဆာ • Lupus လူးပတ်စ်ရောဂါ • Malnutrition အာဟာရချို့တဲ့ခြင်း • Myelodysplastic syndromes ရောဂါ • Myelokathexis မွေးရာပါရောဂါ • Other autoimmune disorders တခြား ရောဂါပြီးစနစ်ချို့ယွင်းရောဂါတွေ • Other congenital disorders တခြားမွေးရာပါရောဂါတွေ • Parasitic diseases ပါရာဆိုက်ဝင်နေခြင်း • Radiation therapy ဓါတ်ကင်နေရခြင်း • Vitamin deficiencies ဗီတာမင်ချို့ယွင်းခြင်း ဒေါက်တာတင့်ဆွေ ၂၇-၁၀-၂၀၁၄

Blood donation မြတ်သောနီသော သွေး

Image
ဆရာ ‌သွေးဘဏ်‌‌တွေမှာ‌သွေးလှူရင် red blood cell အတွက်ပဲ ယူတာများမယ်ထင်ပါတယ်။ ဘာလို့လဲဆို တခါလှူပြ်ီးတိုင်း ၄ လချိန်းလို့ပါ။ တကယ်လို့ သွေးရည်ကြည်တို့ သွေးမှုံတို့ လှူချင်တယ်ဆိုရင် ဘယ်လို‌ဆောင်ရွက်ရမလဲ သိချင်ပါတယ်။ ကျ‌နော်က O+ ပါ။ လူကို ပဌမဆုံး သွေးသွင်းပြီး ဆေးကုသတာဟာ ၁၅-၆-၁၆၆၇ မှာ ဖြစ်တယ်လို့ သမိုင်းတင်ထားတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) လက်ထက်မှာ သိုးရဲ့သွေးနဲ့ ၁၅ နှစ်သားလေးကို သွင်းခဲ့တာပါ။ ကလး အသက်ရှင်ပါတယ်။ သွင်းပေးတဲ့ သွေးကလည်း နည်းနည်းလေးသာ ဖြစ်တယ်။ လူ့သွေးကို လူသွင်းလို့ ပဌမဆုံးအောင်မြင်ခဲ့တာကတော့ ၁၈၁၈ တုံးက ဗြိတိန်မှာဖြစ်တယ်။ လှူတယ်တန်းတယ်ဆိုတာ ကိုယ်ပိုင်တာတခုခုကို စေတနာနဲ့ အခမဲ့ အပြီးအပိုင် ပေးအပ်လိုက်တာမျိုး ဖြစ်ပါတယ်။ မျှော်ကိုးချက် ဘာမှမထားဘူး။ အလှူထဲမှာ ကိုယ့်သွေးသားကို လှူတာက ပိုကြီးမြတ်တယ်လို့လဲ ယူဆကြတယ်။ စေတနာပေါက်လို့ သွေးလှူရမဲ့ နေရာကိုလာလှူပြီး ပီတိနဲ့ ကုသိုလ်ယူပြီး ပြန်မယ်။ တချို့နေရာတွေမှာ ကြက်ဥနဲ့ အားဆေး ပေးတာကို လက်ခံယူခဲ့ရတတ်တယ်။ သွေးရောင်းသူတွေလဲ ရှိတယ်။ ဒီလို ရောင်းသူတွေကိုလဲ ကျေးဇူးတင်ရမှာဘဲ။ ဆေးဆိုင်တွေလိုပေါ့။ တချို့သွေးလှူသင်းတွေကတော့ “သွေးရောင်းဝယ်ရေးစနစ် ပပျော

Allergy အလာဂျီ မေးခွန်းများ

Image
(၁) ကျနော့် အသက်က ၂၆ နှစ်ပါ။ အခု - မှာ နေပြီးအလုပ်လုပ်ပါတယ်။ ကျနော်ငယ်ငယ်ထဲက rubber allergy ရှိပါတယ်။ သရေဖိနပ်စီးမရပါ။ အခုဆိုရင် ဆိုင်ကယ်စီးရာမှာ ဆိုင်ကယ် လက်ကိုင်ကရာဘာနဲ့ဖြစ်နေပါတယ်။ ပြီးတော့ အလုပ်လုပ်ရာမှာလဲ စက်ချုပ်ရပါတယ်။ ဘောင်းဘီချုပ်ရာမှာ သရေကြိုးတွေနဲ့လဲ အထိတွေ့ရှိပါတယ်။ လက်မှာ အခု allergies ဖြစ်နေပြန်ပါပြီ။ ပျောက်မလားဆိုပြီး cream လိမ်းပီးနေတာ ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ ၃ လလောက် ရှိနေပါပြီ။ သရေပင် ဒါမှမဟုတ် သရေနဲ့လုပ်ထားတဲ့ ပစ္စည်းမှန်သမျှ ခဏလောက်တောင်ထိမရပါဘူးခင်ဗျာ။ ထိပြီးရင် ယားလာပြီး အရည်ကြည်ဘုတွေက အမြှပ်တွေလိုပဲ ထွက်လာပါတယ်။ ဖောက်လို့လဲမနိုင်တော့ပါဘူး။ ပြီးရင် ပြည်တွေတည်ပြီးတော့ အနာတွေဖြစ်ပါတယ်။ ဆေးခန်းသွားပြတော့လဲ သူတို့ပေးတဲ့သောက်ဆေးနဲ့ လိမ်းဆေး လိမ်းပြီး ခဏလောက်ပဲ ပျောက်ပါတယ်။  (၂) ကျန်မ အလာဂျီ အကြောင်း တစ်ခါ(တခါ) မေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက်လာပြီး အကြီးကြီး ဖြစ်လာတယ်။ ခနွာက

Chickenpox ရေကျောက်

Image
၁။ မင်္ဂလာပါဆရာ ၆ နှစ်အရွယ်သမီးလေးပါ အဖုတွေပေါက်လာလို့ရေကျောက်လို့ပြောတယ်ရှင့် အဖုတွေကတော်တော်ဆိုးဝါးလို့စိတ်ပူလို့ပါရှင် ကလေးကတော့လန်းပါတယ် ယားလည်းမယားဘူးပြောတယ်ဆရာ ဒီနေ့နဲ့ဆိုတပတ် ပြည့်ပါပြီ စပေါက်ခါစကအရည်ကြည်လေးပါ ခုကအပေါ်ကပံုလိုဖစ်(ဖြစ်)နေလို့ပါအရမ်းစိတ်ပူလို့ပါဆရာရှင့်ဖြေပေးပါဦးနော် ရှေ့လကမှ သွေးလွန်တုပ်ကွေးလည်း ဖစ်(ဖြစ်)ထားတော့စိတ်ပူလို့ပါဆရာရှင့် ၂။ ကျမ လွန်ခဲ့တဲ့ ၁ ပါတ် ၁ဝ ရက်လောက်တုန်းက ရေကျောက်ပေါက်ပါတယ်။ ရေကြည်ဖုလေးတွေပါ။ တကိုယ်လုံးမှာပါပဲ။ တခါမှမဖြစ်ဖူးပါဖူး။ အဲ့လိုဖြစ်တော့စိတ်တော်တော်ပူသွားတယ်။ ကလေးကလည်း မွေးခါနီးပြီးဆိုတော့ ဗိုက််အပ်ထားတဲ့ဆရာဝန်ကို သွားပြတော့ဆရာဝန်က ACYCLOVIR 800mg (VILEAM) 35 tab ကိုပေးပြီး ၄ နာရီခြား တခါ တနေ့ကို ၅ ကြိမ် ဆေးကုန်တဲ့အထိသောက်ခိုင်းပါတယ်။ အခု အနာတွေကခြောက်နေပါပြီ။ ကံဆိုးချင်တော့ အနာက ကျမမှာခြောက်ပြီး ကျမအမျိုးသားဆီကိုကူးသွားပါတယ်။ အခုသူပေါက်နေတာ နှစ်ရက်လောက်ရှိပြီ။ သူက အစာအိမ်ရောဂါရှိပါတယ်။ သိချင်တာက ကျမ သောက်တဲ့ဆေးကိုပဲ အပြင်ကဝယ်ပြီးသူ့ကို တိုက်လို့ ရ-မရ ကိုပါ။ သူကအခုကိုယ်ပါပူနေတယ်။ အရိုးအဆစ်တွေလည်းကိုက်တယ်။ ကျမတုန်းကတော့ကိုယ်မပူပါဖူး။ အဆစ်

Recommendations for the Early Detection of Breast Cancer အမေရိကန် ကင်ဆာဆိုဆိုင်ယာတီရဲ့ ရင်သားကင်ဆာ ဆန်ခါတင်စစ်ဆေးနည်း လမ်းညွှန်

Image
၁။ ဆေးစစ်ချင်တာပါ ရင်သားကိုအဓိကထားစစ်ချင်ပါတယ် ဘယ်အထူးကုနဲ့ပြသင့်ပါသလဲ အကြံပြုပေးကြပါဦးရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မြန်မာပြည်မှာ ကင်ဆာကို ဆရာဝန် မေးလေ့ အလွန်နည်းပါးတယ်။ မက်စင်ဂျာ ဖတ်ပါရန်။ ၂။ ဆရာ အမျိုးသမီး အသက် ၄၁ နှစ်ပါ။ annual medical check-up လုပ်တာမှာ memogram နဲ့ ultrasound အဖြေပါ ဆရာ။ ရင်သားကင်ဆာဖြစ်နိုင်ပါသလား။ ဆရာဝန်နဲ့ပြဖို့လိုတယ်ဆိုရင် ဘယ်ဆရာဝန်နဲ့ပြရပါမလဲရှင့်။ ရင်သားကို မင်မိုဂရမ်ရိုက်ရင် BI-RADS assessment categories အဆင့်သတ်မှတ်မှုတွေခွဲထားတယ်။ ပို့တဲ့ဆေးစစ်ချက်ပါလူနာ အကျိတ် မရှိ။ ကင်ဆာ မရှိ။ ရင်သားတစ်ရှူး မာနေတာသာရှိ။ ဆရာဝန်ကိုပြထားပြီးဖြစ်လို့ ဆေးစစ်ချက်ရတာ မဟုတ်ပါလား။ BI-RADS ရင်သားကင်ဆာစစ်ဆေးခြင်း 0- incomplete မပြည့်စုံ၊ 1-negative ကင်ဆာမရှိ၊ 2-benign findings ကင်ဆာမဟုတ်တာရှိ၊ 3-probably benign ကင်ဆာမဟုတ်လောက်တာဖြစ်နိုင်၊  4-suspicious abnormality မူမမှန်ကိုသံသယရှိ၊ 5-highly suspicious of malignancy ကင်ဆာလို့သံသယရှိ၊ 6-known biopsy with proven malignancy ကင်ဆာ။ အခုက BI-RADS 3 ပေါ့နော် ဆရာ။ နောက်ဘယ်နှစ်လနေရင် ထပ်စစ်ဆေးရပါမလဲရှင့်။ ကျေးဇူးပါ ဆရာ။ စစ်ဆေးကုသပေးနေတဲ့

Kiss The Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ

Image
(ကန်တော့) B ပိုးကာကွယ်ဆေးပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။ ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရရှိလာနိုင်တယ်။  ပေါ့ပေါ့ပါးပါးနမ်းတာကနေ  ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။ တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။ သွားရည်ထဲကနေ - Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့