Posts

Showing posts from February, 2024

Cancer ကင်ဆာ နောက်ဆုံးရ သုတ

Image
ဘယ်ကင်ဆာဟာ သက်တမ်းအရှည်ဆုံးနေနိုင်သလဲ ဘယ်ကင်ဆာမဆို ပျောက်ကင်းအောင်ထိ ကုသလို့ မရနိုင်သေးပါ။ ဆောရီး။ ဒါပေမဲ့  Melanoma မှဲ့ကင်ဆာ၊ Hodgkin lymphoma ဟော့ချ်ကင် လင်ဖိုမား၊  Breast ရင်သားကင်ဆာ၊ Prostate ဆီးကျိတ်ကင်ဆာ၊ Testicular ကျားအစိကင်ဆာ၊ Cervical သားအိမ်ဝကင်ဆာ၊ Thyroid cancer လည်ပင်ကြီးကင်ဆာတွေဟာ ၅ နှစ်အသက်ရှင်နှုန်း ရှည်ကြာကြပါတယ်။ ဘယ်ကင်ဆာဟာ ၅ နှစ်အသက်ရှင်နှုန်း အနည်းဆုံးလဲ Brain ဦးနှောက်ကင်ဆာ၊ Pancreatic သရက်ရွက်ကင်ဆာ။ Small cell lung cancer အဆုတ်ကင်ဆာတမျိုး။ မြန်မာပြည်သားတွေ ကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Books ခေတ်က မကောင်းသေးဘူး

Image
မင်္ဂလာပါဆရာ။ ဆရာ့စာတွေဖတ်ပြီးလေ့လာနေဆဲပါ။ မြန်မာစာကို ပြင်ဆင်ဖြည့်စွက်လို့ရလားရှင့်။ နားမလည်လို့ပါ အဲလို ပြင်ဆင် ဖြည့်စွက်မယ်ဆိုတော့ စိတ်ထဲတမျိုးပဲ နှမြောသလိုပဲ။ မေးခွန်းကို ပြန်ဖြေဖို့ အတော်စဉ်းစားရတယ်။ မေးတဲ့အတွက် ကျေးဇူး။ အမြန်သာဖြေပါရစေ။ မပြည့်စုံသေးပါ။ ဆောရီး။ သတ်ပုံကျမ်းရယ်၊ မြန်မာ့စွယ်စုံကျမ်းရယ်၊ နှစ်မျိုးရှိတယ်။  ၁။ မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုတယ်။ အတွဲ (၁) (က မှ ကုံ) ကို ၁၉၄၉ ခုမှာစပြီး ပြုစုခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ဝေခဲ့တယ်။ တခြားနိုင်ငံတွေက စွယ်စုံကျမ်းတွေနဲ့ ယင်ဘောင် (မူရင်းသတ်ပုံ) တန်းနိုင်အောင် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားတယ်လို့ ရေးသားထားတယ်။ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေအပြင် မြန်မာနိုင်ငံအကြောင်းအရာတွေ ပါတယ်။ ပညာရပ်အလိုက်၊ ပညာရှင်တွေနဲ့ အစိုးရဌာနတွေနဲ့ တင်ပြခဲ့တယ်။ သက်ဆိုင်ရာပညာရှင်တွေကိုယ်တိုင် ရှာဖွေ စုဆောင်းရေးသားတယ်လို့လည်းပါတယ်။ ၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆ဝ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆ

CP ကြက်နဲ့ ဗမာကြက်

Image
၁။ ဆရာခင်များ ဗမာကြက် စီပီကြက် ဟိုက်ချစ်ဆိုလားပဲ ကြက်သားစျေးအမျိုးမျိုးရှိပါတယ်။ ဗမာကြက်က စျေးကြီး အသားနည်း စီပီကြက်က စျေးချိုအသားများ အမြန်ကြီးစျေးကွက်ထဲ အမြန်ရောက်လာတယ်။ ဘာဆေးတွေကျွေးထားလည်းမသိပါ။ မွေးမြူခြဲထွက် ဖောင်းကားနေတာပဲ မြင်ရရင် စားချင်စိတ်မရှိ ကိုယ်ယောင်သေတဲ့ လူနာလိုပဲ။ အားတဲ့အချိန် ကြက်သားအမျိုးမျိုး ကျန်းမာရေးရှုထောင့်မှ ရေးပေးပါဆရာ။ ပုံတွေလိုလျင် ပို့ပေးပါမည်။ စားသောက်ဆိုင်တွေက စီပီကြက်ကိုအသုံးဆုံးပါ။ ဟိုက်ချစ်က အလယ်အလတ် အသားရော စျေးရောပါဆရာ။ မိသားစု ကျန်းမာကြပါစေ။ ၂။ မင်္ဂလာပါဆရာခင်ဗျာ။ ကျွန်တော့်သမီးကအသက် ၆လ ပါ။ ကြက်သားကျွေးချင်လို့ CP ကြက်နဲ့ ဗမာကြက် အာဟာရ ကွာပါသလားခင်ဗျာ။ လူကြီးတွေကဗမာကြက်ပဲကျွေးခိုင်းနေလို့ပါ။ CP ကြက်ရော ကလေးကိုကျွေးဖို့သင့်ပါသလားခင်ဗျာ။ ကျွန်တော့တင်ပြချက်တွေက ယူအက်စ်အေဆေးသုတေသနတွေကိုသာ အခြေခံပါတယ်။ မြန်မာပြည်မှာက သုတေသန၊ လေ့လာမှုတွေ မရှိသလောက်နည်းတော့ မသိပါ။ ရေးကြ ပြောကြတာတွေကလည်း ခပ်လွယ်လွယ် ထင်ရာသာများနေတယ်။ ရောင်းချင်သူတွေက ကောင်းကြောင်း၊ ရောင်းသူတွေကနဲ့ မတည့်သူတွေက မစားနဲ့၊ သတင်းဦးချင်သူတွေက သေတတ်တယ်၊ ပျောက်ကင်းတယ် စသဖြင့်သာ ရေးနေ ပြောနေကြတော့ ဂ

Diets for Patients With CKD နာတာရှည်ကျောက်ကပ်ရောဂါရှိသူများအတွက် အစားအစာများ

Image
ဘာသာမပြန်တော့ပါ။ ပုံကိုသာ ကြည့်ပါ။  တချို့ကလည်း တပင်တပန်းဘာသာပြန်ပေးလည်း လိုက်နာလက်ခံကြတာမဟုတ်။  ဖေ့စ်ဘွတ်ကနေ ဟိုဟာဒီဟာရေးတာကိုသာ အဟုတ်ထင်ကြတယ်။ မြန်မာပြည်မှာပေါ့။ ဒေါက်တာတင့်ဆွေ

အတွေးအသိကင်ဆာ

Image
အားနာနာနဲ့ ဖြေရတာတွေ မနည်းလှပါ။ တင်ပြထားပါတယ်။ အခု ၂ ခုလာတယ်။ ၁။ ART ဆေး သောက်နေသူက မေးပါတယ်။ ( - ) ကထုတ်တဲ့ ( - ) ဆေးသောက်လို့ရပါသလား။ ART ဆေးထက် ကောင်းတာ ကမ္ဘာမှာ မရှိ။ အပိုတွေ မလိုအပ်။ ၂။ အအေးမိသူဆီ လင့်ပို့ထားပြီး ထပ်မေးတယ်။ ( - ) နည်းတွေ သုံးလို့ရပါသလား။ အပိုတွေ မလိုအပ်။ အားနာတယ်ဆိုတာက ဆေးရောင်းသူတွေ၊ ဆေးနည်းတွေ၊ ဆေးပွဲစားတွေက ကိုယ့်တိုင်းပြည်ကချည်း ဖြစ်နေလို့။ ရောင်းကုန်အမည်၊ ဆေးနည်းအမည်တွေ မထည့်ပါ။ ကိုဗစ်တုန်းကလည်း အမုန်းခံပြီး ဖြေရတယ်။ ကင်ဆာနေရာတွေမှာလည်း ဆေးနည်းသာမက စာရေးနည်းအတွက်ပါ အမုန်းခံလို့ ကင်ဆာမေးခွန်းတွေက ဆရာဝန်ကို မမေးကြပေါ့ပါ။ ဖေ့စ်ဘွတ်မှာ ဘယ်သူကနေဝင်ဖြေဖြေ မေးကြပါတော့တယ်။ အတွေးအသိကင်ဆာ ပျောက်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Gym နှင့် လေးဘက်နာ

Image
ဆရာရှင့် သွေးလေးဖက်နာ ဖြစ်နေတာ ယောဂ ကျင့်တာ gym ကစားတာ လုပ်လို့ ရလားရှင့်။ သွေးလေးဖက်နာဆိုတာ အရပ်ခေါ်စာလုံးဖြစ်တယ်။ လူနာရဲ့ ဆေးစစ်ချက်အဖြေစာပါ အင်္ဂလိပ်စာလုံးပေါင်းသိမှသာ  ရောဂါအမည်ကို သိနိုင်တယ်။ လေးဘက်နာလို့ပြောသူတွေကို စစ်ပေါပေါက် ပြန်မေး ဆေးစစ်ချက်တောင်းယူတော့ သူတို့ပြောတဲ့အတိုင်း မဟုတ်တာက များတယ်။ ကိုယ်လက်လေ့ကျင်ခန်းဆိုတာ လူတိုင်းအတွက် ကောင်းတယ်။ တဦးနဲ့တဦးတော့ နည်းနာ၊ ကြာချိန်တော့ ရွေးရတယ်။  ဖီဇီကယ်သာရာပီ ဆရာဝန် ဆရာမတွေက တဦးချင်းကို ညွှန်ပါမယ်။ ဂျင်မ် ကစားတယ်၊ သွားတယ်လို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။  လူအများစုက ဂျင်မ်ဆော့တယ်တဲ့။ ဆော့တာနဲ့ ကစားတာ မတူ။ ဆော့တာမှာ စည်းကမ်းမထား သို့မဟုတ် သတ်မှတ်ချက် နည်းတယ်။ အားကစားဆိုတာ တိတိကျကျလုပ်ကြရတယ်။ ဒေါက်တာတင့်ဆွေ

Height and Weight Chart ကလေး အရပ်နဲ့ ကိုယ်အလေးချိန်ဇယား

Image
၁။ မင်္ဂလာပါဆရာ အသက်တနှစ်ကိုးလယောက်ျားလေးပါ အရပ်က ၈၃စင်တီမီတာ ကိုယ်အလေးချိန် ၁၁ကီလိုပါရှင့်။ ရှိသင့်ရှိထိုက်တဲ့အရပ်နှင့်အလေးချိန်ပြည့်မီပါသလားဆရာ။ ပိန်တယ်ပဲပြောနေကြလို့ပါရှင့်။ မြန်မာစာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တချို့က မလိုအပ်ပဲ စသတ်တွေထည့်ကြတယ်။ တချို့က ရရစ်တွေမပါ။ တချို့က ဂဏန်းရေးတာ အင်္ဂလိပ်လိုပြောင်းရေးကြတယ်။ မြန်မာလို ၁-၂-၃ ရှိတယ်။  ၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မရဲ့သားလေး အခုဆို ၆ လနဲ့ ၁၈ ရက်သားရှိပါပြီဆရာ။ ၆ လ ပြည့်ဆေးထိုးရင်း ပေါင်ချိန်ကြည့်တာ 7.5 kg တဲ့ဆရာ။ အဲဒါ ကျွန်မသားလေး သူ့အရွှယ် အလိုက် ရှိသင့်တဲ့ အရွှယ်အစား၊ ပေါင်ချိန် ရှိလားဆိုတာ သိချင်ပါတယ်ဆရာ။ ကလေးအရွှယ်အစားအလိုက် ပေါင်ချိန်ကို သိချင်ပါတယ်ဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ ကလေး အသက်၊ ကိုယ်အလေးချိန်နှင့် အရပ် မွေးစ - ကျား - မ အလေးချိန် 6.7 - 8.1 ပေါင် 6.5 - 7.8 ပေါင် အရပ် 19.1 - 20.1 လက္မ 18.9 - 19.8 လက္မ ၃ လ - ကျား - မ အလေးချိန် 13.0 - 15.2 ပေါင် 11.8 - 14.0 ပေါင် အရပ် 23.6 - 24.7 လက္မ 23.0 - 24.1 လက္မ ၆ လ - ကျား - မ အလေးချိန် 16.2 - 18.8 ပေါင် 14.8 - 17.5 ပေါင် အရပ် 26.1 - 27.2 လက္မ 25.3 - 26.5 လက္မ ၉ လ - ကျား

Aceclofenac ဆေး Gabacoron 300 ဆေး

Image
ဆရာ တစ်ခုလောက်(တခုလောက်)မေးပါရစေ ကျွန်မအမျိုးသား အသက် ၃၈ ပါ ခုသူဖြစ်တာက ခါးနာလို့ ဆေးခန်းပြပါတယ် ဆေးနှစ်လုံးထိုးပေးပါတယ် စားဆေးပေးပါတယ် ခုခါးနာတာသက်သာပြီး မျက်နှာရယ် လက်ရယ် ‌ခြေထောက်ရယ် အသားတွေတင်းနေလို့ပါ ဆေးကြောင့်လား တခြားဘာဖြစ်နိုင်လည်း ဖြေပေးစေလိုပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် ဆရာ၀န်ပေးတဲ့ဆေးတွေပုံပို့ပေးလိုက်ပါတယ်ရှင့် Aceclofenac ဆေး နာတာ ရောင်တာအတွက်ပေးတယ်။  osteoarthritis, rheumatoid arthritis, and ankylosing spondylitis ခေါ်အဆစ်နာအမျိုးမျိုးအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ ခေါင်းကိုက်။ ပျို့အန်။ ဗိုက်နာ။ ဝမ်းပျက်။ အိပ်ချင်။ ဘယ်ရောက်နေမှန်းမသိ။ ခေါင်းမူး။ သွေးဖိအားကျ။ အသက်ရှူရခက်။ နားထဲမြည်။ Gabacoron 300 ဆေး neuropathic pain အာရုံကြောကြောင့်နာတာအတွက်ပေးတယ်။ အတက်ရောဂါကိုလည်း ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ အိပ်ချင်။ ခေါင်းမူး။ ကိုယ်ထိန်းရခက်ခဲ။ အာခေါင်ခြောက်။ ဝမ်းချုပ်။ လေတက်။ ချောင်းဆိုး။ အားနည်ဒ ကိုယ်ပူ။ ခါးနာ။ ကြွက်သားနာ။ ပျိ့အန်။ ဒေါက်တာတင့်ဆွေ

Treatments for HER2-Negative Breast Cancer အမျိုးအစား ရင်သားကင်ဆာ ကုသနည်းများ

Image
မင်္ဂလာပါ ဆရာရှင့် ရင်သားကင်ဆာအတွက် မေးခွန်းလေး မေးခွင့်ပြုပါဆရာ ကျမ ရောဂါက Her 2 Negative ပါ ဆရာ ကီမိုသွင်းပြီးတာ ၂နှစ်နဲ့ ၂ လ ရှိပါပြီ ၃ လ တကြိမ် သွေးစစ် ပြနေရတုန်းပါဆရာ သွေးစစ်တိုင်းလဲ  စပြကတည်းက အဖြေတွေ အမြဲ ကောင်းပါတယ် letrozole နဲ့ cal need ၅ နှစ်သောက်ရမှာပါ ဆရာ သောက်နေလျှက်(လျက်)ပါ ဆရာ ဖြေထားပေးတဲ့ အဖြေတိုင်း ဝင်ဖတ်ပါတယ် ကျမ ရောဂါက ပျံ့နှုန်းနည်းတယ် ပြန်ဖြစ်ခြေလဲ နည်းတယ်လို့ ဖတ်မိပါတယ် အဲဒါလဲ ၃ လ တကြိမ် သွေးစစ် နေရ အုန်းမှာလား ဆရာရှင့် သွေးစစ်ခ ဆေးဖိုး အရမ်းကုန်နေပါပြီ ဆေးပဲ ၅ နှစ်သောက်ပြီး နေလို့ရမလားလို့ပါဆရာ မစိုးရိမ်ရတဲ့ အနေထားဆိုရင်ပါရှင့် ကျေးဇူးတင်လျှက်(လျက်)ပါဆရာ မိသားစုအားလုံး ကျန်းမာ ချမ်းသာကြပါစေရှင် CEA CA 153 ရဲ့  ၂၀၂၃ အဖြေပါ ဆရာ။ Treatments for HER2-Negative Breast Cancer အမျိုးအစား ရင်သားကင်ဆာ ကုသနည်းများ ၁။ Surgery and/or radiation ခွဲစိတ်ကုသ +/- ဓါတ်ကင်ခြင်း စောစောသိရင် အလွန်ကောင်း။ ကင်ဆာအကုန်ထုတ်ပြစ်နိုင်။ တချို့ကို ခွဲစိတ်ခြင်းမပြုမီ ဓါတ်ကင်စေမယ်။ ၂။ Endocrine therapy ဟော်မုန်းဆေးပေးခြင်း ၃။ Chemotherapy ခီမိုသာရာပီပေးခြင်း ၄။ HR-positive/HER2-negative အမျိုးအ

အသက် ၁၂၀ ရှည်စေသောဝ်

Image
သက်တူရွယ်တူ အတန်းတူတွေ ဆေးစစ်ကြရတယ်။ တချို့က အဖြေကိန်းဂဏန်းတွေကိုပါ တင်ပြကြတယ်။ အသက်ရသူတိုင်း ကျန်းမာရေးကို ငယ်တုန်းရွယ်တုန်းကထက် ပိုပြီးဂရုစိုက်ကြရပါတယ်။ ၁။ သွေးတိုး၊ ၂။ ဆီးချို၊ ၃။ ကိုလက်စထောနဲ့ ၄။ ယူရစ်အက်စစ် တွေကို စစ်ရမယ်။ 1. Blood Pressure (BP) သွေးဖိအားတိုင်းခြင်း https://dr-tint-swe.blogspot.com/2021/10/blood-pressure-bp.html 2. Blood Pressure သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ အချက် https://dr-tint-swe.blogspot.com/2022/02/natural-ways-to-lower-your-blood.html 3. Blood Pressure သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ အချက် https://dr-tint-swe.blogspot.com/2021/11/blood-pressure.html 4. Blood Pressure သွေးဖိအား https://dr-tint-swe.blogspot.com/2021/06/blood-pressure.html 5. Blood Pressure သွေးဖိအားအကြောင်း https://dr-tint-swe.blogspot.com/2021/05/blood-pressure.html 6. BP သွေးတိုး ဆား နဲ့ သကြား https://dr-tint-swe.blogspot.com/2021/05/bp.html 7. Dial type Blood pressure Apparatus ဒိုင်ခွက်ပါ သွေးတိုင်းကရိယာ https://dr-tint-swe.blogspot.com/2021/08/dial-type-blood-pressure-apparatus.html 8. Di

Ectodermal Dysplasia မွေးရာပါမျက်စိရောဂါ

Image
မဂ်လာပါဆရာ ကျွန်မသမီးလေးကမွေးရာပါ Ectodermal dysplasia ပါရှင့်  အဲ့ဒါကြောင့်မို့လို့ မျက်ချေး စက္ကန့်တိုင်းထွက်ပါတယ် မျက်ချေးထွက်တာ ရပ်သွားနိုင်ဖို့ မျက်စင်း သို့မဟုတ် ဆေးဝါးများ မကြံပြုပေးဖို့ တောင်းဆိုပါရစေ Ectodermal Dysplasia ရောဂါ အများစုဟာ မျက်စိအမြင်တော့ ပုံမှန်ရှိကြတယ်။ ဒါပေမဲ့ မျက်ရည်ခမ်းခြောက်တာ၊ ပိုးဝင်တာ၊ မျက်ကြည်လွှာ အမာရွတ်ဖြစ်တာ၊ အတွင်းတိမ်နဲ့ မြင်လွှာပြောင်းလဲမှုတွေကြောင့် အမြင်အားပါ နည်းလာနိုင်ကြတယ်။ Dry eyes မျက်ရည်ခမ်းခြောက်တာ အများဆုံးဖြစ်တယ်။ artificial tears မျက်ရည်တုခတ်ပေးရမယ်။ saline solution ဆာရည်မျက်စဉ်း လိုနိုင်တယ်။ အလင်းရောင်ကိုမခံနိုင်ရင် နေကာမျက်မှန်သုံးပါ။ မျက်တောင်မွေး အတွင်းဝင်တာဖြစ်ရင် မျက်စိဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်လာရင် ပိုးသေဆေးပါမျက်စဉ်းတခုခုသုံးပါ။ Infective conjunctivitis မျက်စိကျိန်းခြင်း https://dr-tint-swe.blogspot.com/2021/11/infective-conjunctivitis.html Eye Drops မျက်စဉ်းအမျိုးမျိုး https://dr-tint-swe.blogspot.com/2021/01/eye-drops.html Dry eye syndrome မျက်ရည်ခြောက်နေခြင်း https://dr-tint-swe.blogspot.com/2022/07/dry-eye-syndrome.html ဒေါ

Deep vein thrombosis အတွင်းသွေးပြန်ကြောပိတ်ခြင်း

Image
ဆရာရှင့် ကျမအဒေါ်က ဘယ်ခြေထောက်ဒူးအောက်ပိုင်းရောင်ပါတယ်သွားပြတော့ daflon 1000mg နဲ့ pixaban 5mg နှစ်ကြိမ် 72 Cardivas 6.25 atova 20 losar 50 နဲ့သွေးကျဆေးတိုက်ပါတယ်ရှင့် ခြေထောက်ရောင်တာပျောက်ပြီး လမ်းလျှောက်ရင် ဒူးခေါင်းနောက်ကခြေသလုံးကြောက လမ်းလျှောက်ရင်နာလို့ပြောတော့ သွေးခဲတယ်ပြောပါတယ် Color doppler ရိုက်ပြီးပြောပါတယ် Fondaparinux 2.5mg ကို (11) လုံးထိုးပါတယ် D-dimer လဲ limit ထက်နှစ်ဆတက်နေပါတယ် Cholesterol နဲနဲများပါတယ် ထိုးပြီးတော့ လျှောက်တာမနာပေမဲ့လျှောက်ရတာထော့နင်းဖြစ်နေပါတယ် အသက်က (72)နှစ်ပါရှင့် မမောဘူးစားလို့လဲကောင်းတယ်နှလုံးသွေးကြောကျဥ်းတယ်လို့လဲပြောပါတယ် ကျမသိချင်တာက ဒီလိုဘဲ ခြေထောက်ကဖြစ်နေမှာလားဒီရောဂါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုထပ်ဖြစ်ဦးမှာလဲ ကုလို့မရတော့ဘူးလား ကျေးဇူးပြုပြီးပြောပေးပါလားဆရာရှင့် မေးတဲ့ထဲမှာအမှားပါရင် တောင်းပန်ပါတယ်နော် ဘယ်ဘက်ခြေ ထောက်တဘက်ဖြစ်တာပါဆရာ အပေါ်ထပ်နေတော့လှေကားခြေနင်းပြားနဲ့လက်ရမ်းကိုဆွဲတက်နေရပါတယ် နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ သွေးလွှတ်ကြောပိတ်တာကို Stroke လို့ ခေါ်တယ်။ Myocardial infarction လို့လည်းခေါ်တယ်။ တကိုယ်လုံးကနေ နှလုံးဆီပြန်လာရတဲ့ သွေးပ

မြန်မာ့ရိုးရာမှသည် မြန်မာ့ခေတ်သစ်သို့ ချီတက်နေပါပြီ

Image
ကွန်မင့်တခု = ရွှေဉာဏ်တော်စူးရောက်ပုံက မြန်လည်းမြန် မာလည်းမာလို့တဲ့ဗျ။ မန္တလေးနန်းကြီးသုပ်ကို နန်းတော်ကလာတယ်ဆိုတဲ့ ပညာရှင်လိုပေါ့။ ဟုတ်ပါ့ဗျာ။ ပန်ထွေဖျော်ဆိုတာ ပန်ထွာမင်းသမီး ပွဲတော်စာဆိုဘဲ။ သန်ကောင်ရောဂါ သံချောင်းသွေးသောက်ရမယ်တဲ့။ ဘယ်ကင်ဆာကိုမဆို ကင်စာလို့ရေးကြပြီး အစားအစာတွေနည်းပေးလိုက်ကြတာ သောက်သောက်လဲ။ အလာဂျီကြောင့် အင်ပြင်ထာတော့ အင်ရွက်နဲ့ပွတ်တဲ့။ ကျွန်တော်ဆရာဝန်ကလည်း ခေတ်မီတယ်။ ချောင်းဆိုးသလား၊ ချောင်းဖြတ်ကူးတဲ့တံတားပေါ်ကသွား။ ဒေါက်တာတင့်ဆွေ

Clotrimazole ထည့်ဆေး

Image
(ကန်တော့) Clotrimazole 100 mg က ကိုယ်ဝန်နဲ့ဆို မိန်းမကိုယ်ထဲထည့်လို့ရလားရှင့် အဖြူဆင်းပြီးယားပြီးယောင်နေလို့ Topical and vaginal miconazole and clotrimazole မွေးလမ်းထဲ ထည့်ဆေး လိမ်းဆေးများက ကိုယ်ဝန်ကို ဆိုးကျိုး မဖြစ်စေလာက်ပါ။ ဆေးသုတေသန လေ့လာမှုတွေအရ ဖြေပါတယ်။ Clotrimazole ဆေး https://dr-tint-swe.blogspot.com/2020/12/yeast-infection.html Cervicitis သားအိမ်ဝ ရောင်ခြင်း https://dr-tint-swe.blogspot.com/2021/05/cervicitis.html Vaginal tablet ထည့်ဆေး https://dr-tint-swe.blogspot.com/2020/12/vaginal-tablet.html Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/05/personal-hygiene-for-women.html Metronidazole မက်ထရိုနိုက်ဒဇောလ် https://dr-tint-swe.blogspot.com/2021/05/metronidazole.html ဒေါက်တာတင့်ဆွေ

Sore nipples ရင်သားထိပ်ဖျားနာခြင်း

Image
(ကန်တော့) ဆရာရှင့် အသက် ၄၆နှစ်အိမ်ထောင်မရှိအမျိုးသမီးပါရှင့် သွေးဆုံးတာ ၃နှစ်နီးပါးရှိပါပြီရှင့် နို့သီးခေါင်းတွေ မာပြီးနာနေလို့ပါရှင့် သွေးတိုး ဆီးချိုရောဂါလဲမရှိပါဘူးရှင့် အောက်ခံအင်္ကျီက ဖော့မပါတာဝတ်ပြီး အပေါ်ကချည်သားအင်္ကျီဝတ်ထားရင် နို့သီးခေါင်းထောင်နေတာကို မြင်နေရပါတယ်ဆရာ ထိမိရင်နာပါတယ်ဆရာ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲနဲ့ ဘာဖြစ်တာလဲ သိချင်လို့ပါဆရာ ဒီနေ့နဲ့ဆို ၃ရက်မြောက်နေ့ပါဆရာ ရင်သားထိပ်ဖျားနာတာ အများအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်။ ကိုယ်ဝန်နဲ့ လစဉ်ရာသီလာခြင်း။ ဆေးမလိုအပ်ပါ။ တခါတခါ အလာဂျီသဘောကြောင့် ဖြစ်တယ်။ နာတာအပြင် ယားမယ်။ ကော်တီဇုံး လိမ်ဆေးနဲ့ ပျောက်နိုင်တယ်။ တခါတခါ အတွင်းခံ အဆင်မပြေလို့လည်း နာမယ်။ အဆင်ပြေတာ ရွေးဝတ်ပါ။ သေချာအောင်တော့ ရင်သားကင်ဆာ ဟုတ် မဟုတ် စစ်သင့်တယ်။ Breast pain ရင်သားနာတာ ဘာလို့ပါလဲ https://dr-tint-swe.blogspot.com/2021/05/breast-pain.html BI-RADS ရင်သားကင်ဆာစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2021/01/bi-rads.html ဆရာဝန်မလိုလောက်တာမျိုးတွေလဲလုပ်ပါ။ အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊ ဆားလျော့စားပါ၊ (ကေဖင်း) ပါတာတွေ လျော့စားသောက်ပါ၊ အဆီလျ

Avoid these foods if you are suffering from arthritis အဆစ်နာကို ပိုဆိုးစေနိုင်သည့် အစားအစာများ

Image
ပို့စ် = Foods and Taste စားစရာဆိုတာ အရသာတခုတည်းကိုသာ ကြည့်ရတာ မဟုတ် ကွန်မင့်တခု = ကျနော်ကတော့ MSG ပါတာစားမိရင် လှေကားအတက် ဒူးနာတော့တာဘဲ။ နည်းနည်းမှ စားလို့မရပါ။ တရုတ်လုပ် ပဲငံပြာရည် (ကြာညို့) ထဲပါတာတောင် မရပါ။ Monosodium glutamate (MSG) is a compound used to enhance the flavor of a dish. This affects inflammation pathways and stimulates widespread inflammation and swelling throughout the body, including the joints. ဟင်းချိုမှုန့်၊ အရသာမှုန့်၊ အသားမှုန့် စတဲ့အမည်တွေအမျိုးမျိုးနဲ့ရောင်းချတဲ့ အချိုတိုင်းမှာ MSG ဓါတ် ပါတယ်။ Monosodium glutamate လို့ခေါ်တယ်။ သူ့ကိုသုံးစွဲနေကြတာ နှစ်တွေ အလွန်ကြာမြင့်ပြီ။ ကင်ဆာ မဖြစ်စေနိုင်ပါ။  ဒါပေမဲ့ Inflammation ခေါ်ရောင်ရမ်းမှုကို နှိုးဆွးပေးလို့ အဆစ်တွေအပါအဝင် တကိုယ်လုံးမှာ ရောင်ရမ်းတာ ဖြစ်စေနိုင်တယ်။ Inflammation ရောင်ရမ်းခြင်းဆိုတာ ရောဂါဗေဒအရ ၅ မျိုးရှိတယ်။ ၁။ နာ၊ ၂။ နီ ၃။ ပူ၊ ၄။ ရောင်၊ ၅။ သူ့အလုပ်သူ ပုံမှန်မလုပ်နိုင်ခြင်း။ အဆစ်နာကို ပိုဆိုးစေနိုင်သည့် အစားအစာများ Heavily processed foods အလွန်ပြုပြင်ထားသောစားစရာများ။ Red meat ခေါ် အမဲသား၊ ဆိတ်သား၊ သို

ကြွပ်

Image
ရန်ကုန်က ကြက်ကင်နဲ့ ငဖယ်လုံးအကြွတ်ပြန်ကြော် အကြွပ်ပြန်ကြော်လို့ ရေးရ။ သတ်ပုံကျမ်းတွေထဲမှာ ကြွတ် မရှိပါ။ ကြွပ် = ကျိုးလွယ်သော။ ဆတ်သော။ ရွသော။ စိတ်တိုလွယ်သော။ နှလုံးကြွပ်ဆတ်၊ ကြံအင်ချွတ်၏။ ကြွပ်ဆတ် = ကျိုးလွယ် ပျက်လွယ်သော။ သားရေနုတို့မှာ အမြန်သွေ့ခြောက်စေရသောအခါ ဆတ်သွားမည်။ ကြွပ်ဆတ်ဆတ် = အပြောအဆို၊ အပြုအမူ တိုတိုတောင်းတောင်း။ မပြေမပြစ်ပဲ။ မပျောင်းမပျော့ပဲ။  ကြွပ်တက် = တံတောင်ဆစ် ဒူးဆစ်တို့တွင် ပွန်းပဲ့ ပြုပ်ထနေသည်။ ချေး အတင်များသည်။  (အသံထွက်တော့ ဂျွတ်) ကြွပ်ကြွပ်အိတ် ကြွပ်ဆတ်ဆတ် ကြွပ်ဆတ်သောသူ ကြွပ်သတ္တု (နီဖျော့သောအဆင်းရှိသည့် သတ္တုတမျိုး) ခရမ်းကြွပ်ပင် ခဲမကြွပ် ပျဉ်ကြွပ်၊  မြက်ကြွပ်ရွက်၊  မှိုကြွပ်ပင်၊  မုံ့ကြွပ် ရွရွကြွပ်ကြွပ်၊  ဝက်ကြွပ်ပင်၊  သံကြွပ်၊  သင်းကြွပ်ထ  ဟင်းကြွပ်ပင်၊  အကြွပ်ကြော် အုပ်ကြွပ်အမိုး  ဒေါက်တာတင့်ဆွေ

Respiration rates ပုံမှန် အသက်ရှူနှုန်း

Image
မွေးစကလေး = တမိနစ် ၄၄ ကြိမ်။ တနှစ်အောက်ကလေး = တမိနစ် ၂၀-၄၀ ကြိမ်။ အသက် ၁ နှစ်မှ ၇ နှစ်ကလေ = တမိနစ် ၁၈-၃၀ ကြိမ်။ လူကြီး = တမိနစ် ၁၂-၂၀ ကြိမ်။ Heart rate နှလုံးခုန်နှုန်း https://dr-tint-swe.blogspot.com/2020/12/heart-rate.html ဒေါက်တာတင့်ဆွေ

တို့စရာ

Image
ပို့စ်တခု = ငါးသလောက် ကွန်မင့်တခု = ကြိုက်သည် သို့သော် သွေးတိုး မှာစိုးလို့ နည်းနည်းပဲစား အဲလိုကွန်မင့်မျိုးတွေ ခဏခဏ (ခဏခဏ) လာပါတယ်။ ငါးသလောက်၊ တမာရွက်စတာတွေက တက်တယ်၊ သွေးတိုးတယ်၊ အိပ်ချင်တယ်လို့ ပြောကြတယ်။ ဆေးသုတေသနတွေအရ အဲလို အထင်မှားတာတွေ မမှန်ပါ။ ငါးသလောက်ရဲ့ ကျန်းမာရေးအတွက် အကျိုးရှိပုံတွေကို သမားတော်ကြီး ဒေါက်တာမြင်မြင်ခင်က သူ့စာအုပ်မှာ ရေးထားတယ်။ တမာကနေ သွေးကျစေနိုင်ကြောင်း အိန္ဒိယဆေးသုတေသနက ဆိုပါတယ်။ တင်ပြထားတယ်။ တမာရွက်၊ ဆူးပုပ်ရွက်၊ တညင်းသီး စတာတွေကို အတို့အဖြစ်စားတဲ့အခါ ငပိချက်၊ ငန်ပြာရည်ချက်နဲ့ စားကြတယ်။ အဲဒီအငန်ချက်တွေထဲမှာ ဆိုဒီယမ်ဓါတ်တွေများလို့ သွေးတိုးအခံရှိသူတွေ သွေးတိုးတက်နိုင်တယ်။ တညင်းသီးအကြောင်း သီးသန့်တင်ပြထားတယ်။ ထမင်းစားပြီးတိုင်း ဘယ်သူမဆို ခဏလောက်ဖြစ်ဖြစ် အိပ်ချင်ကြတယ်။ ဘာစားစား။ တက်တယ်ကို တတ်တယ်လို့ မရေးလို့။ တော်သေးတယ်။ ဒေါက်တာတင့်ဆွေ

Foods for Liver အသည်းမကောင်းသူများ ရှောင်ရန်

Image
ဆရာ အသဲကြီးတာ တမာရွက်နဲ့တည့်ပါသလားဗျ အသည်းမကောင်းသူများ ရှောင်ရန် အရက် အမျိုးမျိုး မသင့်သောဆီများ အဆီများခြင်း ဆားများခြင်း ဆော်ဒါရည်များ စည်သွတ်ဗူးများ Cirrhosis Diet အသည်းခြောက် အစားအသောက် https://dr-tint-swe.blogspot.com/2022/05/cirrhosis-diet.html ပုံထဲမှာ ပါတာတွေ စားသင့်။ အလားတူ မြန်မာပြည်မှာရတဲ့ အသီး၊ အသီးအရွက်တွေကိုလည်း စားသင့်။ ဒေါက်တာတင့်ဆွေ

Anti-Itch Creams အလာဂျီ သက်သာစေသည့် လိမ်းဆေးများ

Image
ကလေးက မျက်လုံးကို အကောင်တစ်ကောက်(တကောင်)  ကိုက်သွားတာလား မသိ အဲဒါသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ ဆရာ ဘယ်လောက်ကြာပြီလဲ။ ယားသလား၊ နာသလား။ ကလေးကတော့ ဘာမှမဖြစ်ဘူးဆရာ ဖြစ်တာ ၂ ရက်ရှိပါပီ(ပါပြီ) ကလေးက အသက် ၁ နှစ် ၄ လပါ ဆရာ Benadryl cream နဲ့ Cortisone cream တခုခု လိမ်းနိုင်။ ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါ ဆရာ  ပို့ပေတဲ့ ကလေးမျက်နှာပုံ မသုံးပါ။ ဒေါက်တာတင့်ဆွေ

Swollen lymph nodes တက်စေ့ရောင်တာဖြစ်မယ်

Image
ဆရာ မေးစေ့အောက်က ပါးစိယောင်(ရောင်)တယ်ဆိုရှိလားဗျ ဝမ်းချုပ်တက်(တတ်)ပါတယ် မကျည်းရည်သောက်နေပါတယ်ဗျ ကွမ်းစားလို့ အခုမေးစေ့အောက် ၂ဘက်လုံးယောင်(ရောင်)နေတာထင်တယ်ဗျ အဲ့ဆုံး ၂ခုလုံးက နာနေလို့ပါ မေ့စေ့အောက်ကိုစမ်းတော့လဲ အစိလေးတွေက နာတယ်ဗျ ကိုင်လိုက်ရင် တက်စေ့ရောင်တာဖြစ်မယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီ ရောက်ပြီး ရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေ ဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။ လည်ပင်းနဲ့ မေးအောက်မှာ အကျိတ်တွေ့ရင် ဖြစ်နိုင်တာ အမျိုးမျိုးရှိတယ်။ အဲတာက လင့်ဖ် ခေါ် တက်စေ့လေးတွေ ရောင်တာ ကြီးတာဖြစ်တယ်။ လူတိုင်းမှာ သွေးပြန်ရည်စနစ် ရှိတယ်။ အစေ့လေးတွေ တခုနဲ့ တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့ နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင်

Kegel Exercise ကီဂယ်လ် လေ့ကျင့်ခန်း

Image
နှစ်ရက်အတွင်း နှစ်ယောက်ကမေးကြတယ်။ မေးခွန်းတွေကို မထည့်တော့ပါ။ Kegel Exercise for Men ယောက်ျားများအတွက် ကီဂယ်လ် လေ့ကျင့်ခန်း https://dr-tint-swe.blogspot.com/.../kegel-exercise-for... Kegel Exercises Mechanism (အမျိုးသမီး + အမျိုးသားများအတွက်) ကီဂယ်လ် လေ့ကျင့်ခန်းနည်းစနစ် https://dr-tint-swe.blogspot.com/.../kegel-exercises... ဒေါက်တာတင့်ဆွေ

Kegel Exercises Mechanism (အမျိုးသမီး + အမျိုးသားများအတွက်) ကီဂယ်လ် လေ့ကျင့်ခန်းနည်းစနစ်

Image
ဆရာရှင့်။ ကျွန်မအသက်၃၁၊ အိမ်ထောင်ရှိပါတယ်။ ဒုတိယကလေးကိုမွေးတုန်းက မွေးလမ်းချဲ့ရပါတယ်။ ကလေးမွေးထားတာ ၂လကျော်ပါပြီ။ ကျွန်မအခုခံစားနေရတာက မွေးလမ်းကြောင်းအဝအပေါ်ဘက်မှာ တစ်ခုခုခံနေသလို ခံစားရတယ်။ တနေ့က ဆရာတင်ထားတဲ့ သားအိမ်ကျခြင်းနဲ့ပတ်သက်တဲ့စာကိုဖတ်ရပါတယ်။ ကျွန်မသိချင်တာက သားအိမ်ကျခြင်း၊ ဆီးအိမ်ကျခြင်းဖြစ်စဉ်တွေမှာ ဆီးအောင့်တာ၊ ခါးနာတာတွေက အပြင်းထန်ခံစားရပါသလား။ ကျွန်မမှာ ဆီးအောင့်တာ၊ ခါးနာတာမျိုးမခံစားရသေးပါ။ ဆရာရေးတဲ့ ကီဂယ်လေ့ကျင့်ခန်းကို အခုစမ်းလုပ်ကြည့်ပါတယ်။ စအိုဝနဲ့မွေးလမ်းကိုပိတ်၊ အတွင်းပိုင်းဦးတည်ပြီးအပေါ်ဘက်ဆွဲမသလိုလုပ်ရမယ်။ အဲဒီမှာ ကြွက်သားတွေကိုပြန်ဖြေလျှော့ချိန်မှာ ဇတ်ကနဲဖြေလျှော့ရမှာလား။ ဒီလေ့ကျင့်ခန်းကိုအခုမှစလုပ်မယ်ဆိုတော့ ကြွက်သားတွေကို ဖြေးဖြေးချင်းဖြေလျှော့ရမှာလားဆိုတာ ရှင်းပြပါအုန်းရှင့်။ ကီဂယ်လ်လေ့ကျင့်ခန်းကို တိတိကျကျရေးပါရစေ။ လူတိုင်း တင်ပါးနေရာမှာ အရိုးကွင်းတခုရှိတယ်။ ပုံမှာ ဘေးတိုက် မြင်ရမယ်။ ရှေ့ဆုံးမှာ ဆီးစပ်ရိုးရှိတယ်။ ကိုယ်တိုင်လက်နဲ့စမ်းရင် အရိုးမာနေတာတွေ့မယ်။ နောက်ဖက် တင်ပါးအရိုးဟာ ခါးရိုးဆစ်တွေအဆုံးကနေ ဆက်လာတယ်။ ဘေးတိုက်ကြည့်ရင် (င) ပုံရှိတယ်။ ရှေ့ဖက်မှာ ခွက်န

Kegel Exercise for Men ယောက်ျားများအတွက် ကီဂယ်လ် လေ့ကျင့်ခန်း

Image
ဆရာခင်ဗျား။ kegel exercise လုပ်ချင်လို့ ရှာတာမတွေ့လို့ပါခင်ဗျာ (ကီးဂယ်လ်) လေ့ကျင့်ခန်းဟာ အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူကျော်သွား၊ သိသူဖေါ်စားနည်းလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက်ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကိုသိအောင် အရင်လုပ်ရတယ်။ ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေဖြစ်ပါတယ်။ (ပြူဘို-ကောက်ဆီဂျီယပ်စ်) ခေါ်တယ်။ ဆီးစပ်ရိုးနောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်းနေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။ အဲဒီကြွက်သားဟာ (လီဗေတာ အေနိုင်း) ဆိုတဲ့ တင်ပါးဆုံတွင်းမှာ အခင်းသဘောဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။ သူ့ကို လေ့ကျင့်ရင်း (ခရီမက်စတာ) ကြွက်သားဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သား

Kisqali 200 mg ဆေး

Image
ဆရာ ဒီဆေးရဲ့ဆိုးကြိုး(ဆိုးကျိုး) ကောင်းကြိုး(ကောင်းကျိုး) လေးတွေပြောပြပေးပါ ဆရာ ရေရှည်သောက်လို့ရလာ Ribociclib ဆေးဖြစ်တယ်။ cancer growth blocker ကင်ဆာကြီးထွားလာမှာကို တားပေးတဲ့ ဆေးအမျိုးအစား ဖြစ်တယ်။  ခီမိုသာရာပီဆေး မဟုတ်ပါ။ targeted treatment ပစ်မှတ်ထားကုသဆေးဖြစ်တယ်။ ရင်သားကင်ဆာအမျိုးအစားတချို့ကို ပေးတယ်။  hormone receptor (HR)-positive ရင်သားကင်ဆာအတွက် ပေးတယ်။ human epidermal growth factor receptor 2 (HER2)-negative breast cancer အမျိုးအစား ရင်သားကင်ဆာက တခြားနေရာကို ပြန့်နေတာဆိုရင် တခြားဆေးနဲ့ ရောပေးတယ်။ an aromatase inhibitor as the first endocrine-based therapy; or fulvestrant as the first endocrine-based therapy or following disease progression on endocrine therapy in postmenopausal women or in men တွေအတွက် ပေးတယ်။ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ ကင်ဆာအထူးကု ညွှန်မှသာ ညွှန်သလိုသောက်ရမယ်။ ဘေးထွက်သက်ရောက်မှုများ ဝမ်းပျက် ဝမ်းချုပ် ဗိုက်နာ ခေါင်းကိုက် ဆံပင်ကျွတ် ခါးနာ ယား ပါးစပ်အနာပေါက် ခြေလက်ရောင် အိပ်မကောင်း ဒေါက်တာတင့်ဆွေ

ကျန်းမာရေးသာမက တခြားဟာတွေ ဘာလို့ရေးရသလဲ

Image
ကျွန်တော်အဓိက ရေးတာတွေက ဆေးပညာစာတွေဖြစ်ပါတယ်။ နိုင်ငံရေးကတော့ အင်တာဗျူးကပိုများလို့ စာနဲ့ရေးဖြစ်တာ သိပ်မများလှပါ။ ဆေးစာတွေကိုလည်း ဆေးကျောင်းမှာသင်သလို 'ချပ်ပတာ' အလိုက် မရေးပါ။ နေမကောင်းလို့မေးတဲ့ မေးခွန်းတခု လာတိုင်း စာတပုဒ် ရေးပါတယ်။ မေးတာတွေကိုဖြေနေတာ ၁၅ နှစ်ရှိတော့ စာပုဒ်ရေ ထောင်ဂဏန်းမနည်းတော့ပါ။ မေးတာတွေက နှစ်အလိုက် မတူပါ။ စောစောပိုင်းမှာ တားဆေး၊ တားနည်း၊ ကိုယ်ဝန် မေးခွန်းတွေများခဲ့တယ်။ နောက် အဲလိုမေးခွန်းတွေ နည်းနည်းလာတယ်။ တင်ထားတာတွေဖတ်ကြလို့လည်း အမေးနည်းလာတာလည်း ဖြစ်နိုင်တယ်။ ၁၀-၁၅ နှစ်အတွေ့အကြုံတွေအရ ကောက်ချက်ချလို့ရတာတွေ ရှိလာပါတယ်။ ဘယ်လိုလတွေမှာ ဘာရောဂါတွေဖြစ်သလဲ သိလာတယ်။ တရက်တည်းမှာ ရောဂါတူမေးခွန်းတွေ လာတတ်တယ်။ မေးခွန်းဖတ်တာနဲ့ မေးတဲ့သူရဲ့ စိတ်ကျန်းမာရေးကိုပါ သိတယ်။ ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းစကာလတွေမှာ မေးခွန်းတွေ သိသိသာသာနည်းလာတယ်။  မြန်မာစာစာလုံးပေါင်းသတ်ပုံတွေ ရေးရခြင်းအကြောင်းကလည်း မေးခွန်းတွေ မှန်အောင်မရေးကြလွန်းလို့ ဖြစ်ပါတယ်။ သက်သေခံတွေ ထောင်ဂဏန်းမနည်းပါ။ သတ်ပုံ အမှားဆုံးနဲ့ စာလုံးပေါင်းဖျက်ရေးတာ အများဆုံးက ကင်ဆာမေးခွန်းတွေ။  ရသအမည်ရစာတွေ၊ ပြန်ထုတ်စာအုပ်ကနေ ကူး

Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း

Image
(ကန်တော့) ၁။ မင်္ဂလာပါဆရာ ကျတော်အမျိုးသမီးက အသက် ၃၉ပါ  ခုကိုယ်ဝန် ၂လရှိပြီ။ အဲ့ဒါ တနေ့ ၂ကြိမ်လောက် သွေးဆင်းနေလို စိုးရိမ်ရလားဆရာ။ ဆေးခန်းပြ ဆေးစားလဲ သွေးက ကျနေတုန်းဆရာ အဲဒါလေဖြေကြားပေးပါ။ ၂။ မင်္ဂလာပါဆရာ သမီးအသက်က ၂၉နှစ်ပါ အခုသမီးမှာ ဒုတိယ ကိုယ်ဝန်လွယ်ထားရတာ ၁လကျော်ပါပြီ အခု အရင်တပတ်က သွေးအခဲတွေဆင်းပြီး ခါးတွေကိုက်နေလို့ပါဆရာ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာလားသိချင်လို့ပါရှင့် ၃။ မင်္ဂလာပါ ဆရာရှင့်။ သမီး တခုလောက် မေးချင်လို့ပါ ဆရာရှင့်။ သမီးအသက် ၃၂နှစ်ပါဆရာ။ ခု သားဦး ကိုယ်ဝန်ဆောင်ပါဆရာ။ ကိုယ်ဝန်က ၁၂ ပတ် ရှိပါပြီဆရာ။ ဆေးခန်းကို ၉ပတ်က အပ်ထားပြီးပါပြီဆရာ။ ကန်တော့ပါဆရာ ရာသီနည်းနည်းဆင်းနေလို့ပါဆရာ။ အဲဒါ စိုးရိမ်ရလား သမီးသိချင်လို့ပါဆရာ။ ၄။ ဆရာရှင့် သမီးက ဇန်နဝါရီလ ၃၁ က ရာသီလာပါတယ်။ ပြီးတော့မလာတော့ပါဘူး။ အဲဒါနဲ့ မနေ့က စစ်လိုက်တာ ၂ ကြောင်းပေါ်နေပါတယ်။ အောက်ကြောင်းကတော့ မှိန်ပါတယ်။ ဒါပေမယ့် ဒီနေ့မနက်ကြတော့ သွေးဆင်းနေပါတယ်ရှင့်။ သမီးဘယ်လိုလုပ်ရမလဲမသိလို့ပါ။ ကိုယ်ဝန်ကို ပဌမ၊ ဒုတိယနဲ့ တတိယ ၃ လစီပိုင်းပြီး လေ့လာရ၊ ပြောရတယ်။ နဲနဲလေး စွန်းယုံဆင်းတာနဲ့ အများကြီး၊ သွေးခဲပါ ဆင်းတာရှိတယ်။ ၃ လ နောက်ပိုင်း သွေးဆင

Oral Chemotherapy for breast cancer ရင်သားကင်ဆာအတွက် ခီမိုသောက်ဆေးများ

Image
ခီမိုသာရာပီဆေးတွေကို အများအားဖြင့် IV route သွေးပြန်ကြောထဲသွင်းပေးရပါတယ်။ ရင်သားကင်ဆာအတွက် ခီမိုသောက်ဆေးများ ၁။ Capecitabine (Xeloda) ၂။ Cyclophosphamide (Cytoxan) ၃။ Methotrexate ဘေးထွက်သက်ရောက်မှုများ  ဗိုက်နာ ဝမ်းပျက် ပျို့အန် ခြေလက် ထုံနာ ပါးစပ်အနာတွေပေါက် မောပန်း ချောင်းဆိုး ဖျား ချမ်း ခါးနာ လစဉ်ရာသီ ပျောက် ဆီးသွားရင်နာ ဝမ်းအရောင်မည်း သွေးထွက် နှလုံးခုန်မြန် အရေပြားအနီပြင်ထွက် ခြေလက်ရောင် အသားဝါ အရိုးအားနည်း ဒေါက်တာတင့်ဆွေ

ဖေ့စ်ဘွတ်ဒုက္ခ

လွန်ခဲ့တဲ့ ၂ နာရီလောက်ကစပြီး ပေချ် နှစ်ခုမှာ ပုံတင်လို့မရတော့။  ပရိုဖိုင်းကိုလည်း ၂၉ ရက်ပြုပြင်မရဆိုလား အခုလာပြန်တယ်။  အခြေအနေ ကောင်းမယ်မထင်။ မတတ်နိုင်။ ကိုယ်ပိုင် မဟုတ်။ ဘလော့နှစ်ခုကတော့ ကိုယ်ပိုင်။ ဖေ့စ်ဘွတ်သုံးမရတော့ရင် ဘလော့က ကွန်မင့်ကနေ မေးတာတွေ ဖြေပါမယ်။ အခုထိတော့ အချိန်မရတဲ့အတွက် ကွန်မင့်ကို ပိတ်ထားတယ်။ ဘလော့တခုက ကျန်းမာရေးသီးသန့်။ တခုကတော့ နိုင်ငံရေး၊ မြန်မာစာနဲ့ သုတစာတွေ။ တယ်လီဂရမ်လည်း ရှိတယ်။ အမေးအဖြေ အဆင်ပြေ မပြေ မသိပါ။ ဗိုက်ဘာလည်း ရှိတယ်။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

Counterfeit Medicines ဖေ့စ်ဘွတ်ကပေးသော ကျန်းမာရေးဒုက္ခများ

Image
ဒူးရင်းသြဇာ အရွက်ခြောက်နဲ့လောက်သေရွက်ခြောက်ကိုပြုတ်သောက်သင့်ပါလား နိုး နိုး နိုး ဖေ့စ်ဘွတ်ကပေးသော ကျန်းမာရေးဒုက္ခများ အောက်မဲညို ငှက်သိုက် လောက်သေ ဆေးအိုးဗုတ် မြက်ပင် ပေါင်းပင် အလေ့ကျပေါက်ပင် အမည်အခေါ်ရခက်တဲ့ အသီး အရွက် အပွင့် အပင် ဘယ်လိုက်ရှာရမှန်းမသိတဲ့ အသီး အရွက် အပွင် အပင် ဆေးသုတေသနမရှိတာမှန်သမျှ လူပြောများ လူကြိုက်များ ရှာဝယ်သူများတဲ့ ဆေးနည်းများ ဒေါက်တာတင့်ဆွေ

Food Cravings and Pregnancy ချဉ်ခြင်းတပ်တာ ဘယ်လိုလဲ

Image
၁။ ဆရာ ကိုယ်ဝန်ဆောင်သည်တွေ တခုခုစားချင်တာရှိရင် ပြောတဲ့ ဝေါဟာရ ချဥ်ခြင်းတက်(ချဉ်ခြင်းတပ်) တယ်ဆိုလား။ ကျနော် ဝေါဟာရရဲ့ စာလုံးပေါင်းအမှန်ကိုသိချင်လို့ပါ။ ကျနော်ရေးထားတာမှားတယ်လို့ထင်လို့ပါ။ ကျေးဇူးပါ ဆရာ ၂။ ဆရာခင်ဗျာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ချဉ်ခြင်းတက်ခြင်းဖြစ်ရသည့် အကြောင်းရှင်းပါပေးပါ။ ကျွန်တော့်ကို ကလေးတွေ မေးလို့ပါ။ ကျွန်တော်တို့က သာမန် Zoo နဲ့ ကျောင်းပြီးသူတွေကတော့ တိတိကျကျ မသိလို့ပါ။ ဒီစာမှာ သုတေသနတွေလုပ်တဲ့ ယူအက်စ်က ကလေးမိခင်တွေအကြောင်းက များပါတယ်။ ချဉ်ခြင်းတပ်တာက အစားအသောက်မတူရင် မတူကြပါ။ အမေရိကန်မတွေကိုမေးကြည့်တာ ၄ဝ% က ချိုတာတခုခုကိုစားချင်တယ်တဲ့။ ၃၃% က ငန်တာတဲ့။ စပ်တဲ့ မက်ဆီကန်စာစားချင်သူက ၁၇% နဲ့ အသီးတွေကိုသာတမ်းတသူက ၁ဝ%။ အချဉ်ကိုတပ်မက်သူက အနည်းဆုံးဖြစ်နေတယ်။ ကိုယ်ဝန်ဆောင် ၅ဝ% လောက်က အစားအသောက်ချဉ်းခြင်းတပ်ကြတယ်။ အချိုကို အချဉ်ထက်ပိုကြိုက်ကြတယ်။ ဘာလို့အဲလို ထူးခြားပြီးစားချင်ကြသလဲ။ ဟော်မုန်းကိုပဲ လက်ညှိုးထိုးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်း အပြောင်းအလဲတွေက အလွန်များတယ်။ အရသာခံတာနဲ့ အနံ့ခံတာ မူပြောင်းလာနိုင်တယ်။ အီသီယိုးပီးယားမှာလုပ်တဲ့ လေ့လာမှုအရ အစားအသောက် ဇီ

Dementia ဆိုတာ

Image
(ကျွန်တော်ရေးတာ မဟုတ်ပါ။ အချက်အလက်သာမက စာရေးတာလည်းမှန်လို့ ကူးယူတင်ပြပါတယ်။ စာရိုက်တာ လိုအပ်ချက်နည်းနည်းကိုသာ ပြင်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း + ကျေးဇူး။) Dementia ဆိုတာ ရောဂါတခုခုကြောင့်ဖြစ်စေ အသက်ကြီးလို့ဖြစ်စေ ဦးနှောက်လုပ်ဆောင်မှုပိုင်းမှာထိခိုက်ပျက်စီးလာခြင်းကြောင့်ခံစားရတဲ့ဝေဒနာတွေကိုခေါ်တာပါ။ မှတ်ဥာဏ်ပိုင်းဆိုင်ရာထိမယ်၊ အတွေးအခေါ်- စဉ်းစားတာတွေ- လွဲလာမယ်၊ ထင်ရာတွေလုပ်နေသလိုမျိုး၊လုပ်နေကျတွေကိုတောင်အလွဲလွဲချော်ချော်ဖြစ်တာမျိုးပါ စိတ်ခံစားမှုတွေရှိတတ်ပါတယ်၊ အကောင်းပြောလည်း စိတ်ဆိုးသွားတမျိုး၊ စေတနာနဲ့ပြောလည်း နားမဝင်တော့တာမျိုး(ခံစားခံယူနိုင်မှု လွဲလာတာပါ)  အစပိုင်းမှာတော့ သိပ်မသိသာတတ်ပါဘူး သတိမေ့တတ်လာတာ တခုခုကိုအာရုံမစိုက်နိုင်တာ လုပ်နေကျအလုပ်တွေကိုပဲလွဲချော်လာတာ စကားပြောရင်း စာကားလုံးရှာမတွေ့တာ နေရာတွေအချိန်တွေ မမှတ်မိတာ စိတ်ခံစားမှုမထိန်းနိုင်တာတွေကို စတင်ခံစားရတတ်ပါတယ်၊၊ Dementia ရဲ့အစောပိုင်း လက္ခဏာတွေပါ။ Dementia ဖြစ်စေတတ်တဲ့ အဓိကရောဂါကတော​့ Alzheimer's disease ပါ သတိမေ့တတ် ခြင်း။ Recent memory loss လတ်တလောကိစ္စကိုပိုမေ့တတ်တာပါ(ငယ်သူငယ်ချင်းနာမည်ကိုတော့မှတ်မိနေပြီး မနက်ကဘာဟ

သန့်တဲ့ငါးတွေဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတယ်

Image
ငါးမြင်းဟင်းလို့ တင်ထားတာတခု တွေ့လို့ ရေးပါတယ်။ စွယ်စုံကျမ်းမှာ - ငမြင်း ငမြင်းကကလောင် (ငကလောင်) ငမြင်းရင်း ငမြင်းအုပ်ဖါး ငမြစ်ချင်းလို့ ရေးတယ်။ ငါးမြစ်ဟင်းကို ငါးဟင်းနဲ့ မြင်းသားဟင်းလား စဉ်းစာမိစေတယ်။ ငါးဘတ် လို့ရေးတာကို ထိုင်းပိုက်ဆံလား အရင်စဉ်းစားမိစေတယ်။ စာလုံးပေါင်း မှားတာတော့ မဟုတ်ပါ။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ ၁၉၇၈ ထုတ်မှာ ငါးလို့သာ ရေးပါတယ်။ ငါးတွေကို င နဲ့သာ ရေးရတာများတယ် https://burmese-spelling.blogspot.com/2022/08/blog-post_673.html ငါး နဲ့ ပြဒါး https://dr-tint-swe.blogspot.com/2022/07/blog-post_855.html Tilapia တီလားပီးယားငါး https://dr-tint-swe.blogspot.com/2022/12/tilapia.html Salmon ဆယ်လ်မွန်ငါး https://dr-tint-swe.blogspot.com/2022/05/salmon.html ငါး နဲ့ ပြဒါး https://dr-tint-swe.blogspot.com/2022/07/blog-post_855.html ၁၉၇၈-၇၉-၈၀ ထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ်မှာတော့ ငါးလို့သာ ရေးပါတယ်။ DrZaw Min Salmon ငါးကိုတလွဲကြီး ဆယ်လမွန် လို့နှုတ်ကျိုးနေကြပြီ။ အင်္ဂလိပ်စကားမှာ ၁/ အွန်သံမရှိ၊ ၂/ ဒီဝေါဟာရမှာ လ သံလည်းမထွက်၊ ဆယ်မန်(ယူအက်စ်) ဆာမန်(ယူကေ) လို့သာထွက်ပါတယ်။ almond မှာလည်း

ကင်ဆာအတွက် အကောင်းဆုံးအစာများ (၂)

Image
ဆရာ့ဆောင်းပါး ဖတ်ကောင်းလို့ ခုထိရှိပါတယ် ဆရာခင်ဗျ။ ဟုတ်။ အဲလိုပုံနှိပ်ဖေါ်ပြတာ မသိပါ။ ကျွန်တော်ရေးသမျှစာတွေက အခမဲ့သာဖြစ်ပါတယ်။ သိသင့်သူတွေ ဖတ်ရလေ အကျိုးရှိလေ။ 1. Cancer and Foods အစားအစာနဲ့ ကင်ဆာ ရန်သူမဟုတ်ပါ https://dr-tint-swe.blogspot.com/2022/10/cancer-and-foods.html 2. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html 3. Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html 4. Cancer Foods ခဏခဏတင်ရသော်လည်း လူကြိုက်မများ လူဖတ်နည်း လိုနာသူရှားသောစာ https://dr-tint-swe.blogspot.com/2022/07/cancer-foods.html 5. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html 6. Chemotherapy and Cancer Foods ခီမိုသာရာပီ နှင့် အစားအစာ https://dr-tint-swe.blogspot.com/2022/07/chemotherapy-and-cancer-foods.html 7. Foods For Cancer ကင်ဆာနဲ့ အစားအစာ အခြေခံအကျဆုံးအချက်များ https://dr-tint-swe.blogspot.com/2022/08/foods-for-cancer.html 8.

Countries with the best health care ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးတိုင်းပြည်များ

Image
ပို့စ် = CAR T-Cell Therapy ကင်ဆာကုသနည်း ကွန်မင့်တခု = ကုသစရိတ် ကျပ် သိန်းပေါင်းတသောင်းခွဲကျော် ယူအက်စ်အေမှာမှာ ကျန်းမာရေးအာမခံစနစ်လည်း ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ တနိုင်ငံနဲ့ တနိုင်ငံ အတော်မတူပါ။ ယူအက်စ်အေဟာ အကောင်းစားနိုင်ငံစာရင်းထဲမှာ မပါ။  ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးတိုင်းပြည်များ Switzerland Australia Germany United Kingdom Japan Netherlands Sweden Denmark Norway မြန်မာနိုင်ငံအဆင့်နဲ့ အခြေအနေတော့ ပြည်တွင်းမှာနေသူတွေက ပိုသိကြတယ်။ ယူအက်စ်အေမှာလည်း နိုင်ငံရေးပါတီကြီး ၂ ခု မတူပါ။ ရီပတ်ဘလီကန်တွေက ချမ်းသာတဲ့သူတွှေတွက် ဦးစားပေးတယ်။ ဒးီမိုကရင်က ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေး အလေးထားတယ်။ ဒေါ်နယ်ထရမ့်သာပြန်တက်လာရင် ကျောင်းသားတွေနဲ့ လူအိုတွေကိုကြည့်ရှုတာ ဖြတ်တော့မယ်။ အမေရိကန် မဲပေးသူတဝက်လောက်က ဦးနှောက်မသုံးတတ်ကြဘူး။ ဒေါက်တာတင့်ဆွေ

CAR T-Cell Therapy ကင်ဆာကုသနည်း

Image
အိန္ဒိယမှာ ကင်ဆာကို ပျောက်အောင်ကုနိုင်ပြီလို့ ရေးတင်နေကြတာတွေ တွေ့တယ်။ အတိအကျပြောရရင် အဲလို မဟုတ်ပါ။  CAR T-Cell Therapy ကုသနည်းလို့ခေါ်တယ်။ ၂၀၁၇ ကတည်းက ဆေး ၆ မျိုးကို FDA က ခွင့်ပြုပေးထာတာဖြစ်တယ်။ သွေးကင်ဆာတွေဖြစ်တဲ့ lymphomas, some forms of leukemia, and multiple myeloma တွေအတွက်သာ ဖြစ်တယ်။ ယူအက်စ်အေမှာ ဆေးကုသစရိတ် $450,000 ကုန်ကျလို့ ဝေဘန်မှုတွေရှိတယ်။ ဆေးညာသတင်း၊ နိုင်ငံရေးသတင်း၊ လူမှုရေးသတင်းတွေကို ခပ်လွတ်လွယ်၊ မတိမကျ မရေးသင့်ကြပါ။ မယုံသင့်ကြပါ။ ဒေါက်တာတင့်ဆွေ

Cold extremities ခြေဖျားလက်ဖျား အေးနေသူတွေ

Image
ဆရာ ကျမမောင်လေးပါ။ အသက်က 26(၂၆)ပါ Seaman ပါဆရာ သူ့ရဲ့ခြေတွေလက်တွေက လူသေတစ်ယောက်(တယောက်)လက်လိုမျိူးကို အေးစက်နေပါတယ်။ အချိန်ရှိတိုင်း သူ့လက်ကိုင်လိုက်တာနဲ့ အဲ့လိုအေးနေတာပါဆရာ။ လက်ဖဝါးခြေဖဝါးတွေပဲ အေးတာပါ။ ဆေးလိပ်တော့အတော်သောက်ပါတယ်။ လူငယ် seaman ဆိုတော့ အရက်တော့နည်းနည်းသောက်ပါတယ်။နေ့တိုင်းသောက်တာတော့ မဟုတ်ပါဘူးဆရာ။ အပေါင်းအသင်းနဲ့ဆုံရင်သောက်ဖြစ်တာပါ။ onboard မတက်ခင်ကအသဲအား‌ဆေး (Live up) 1 (၁)လ‌ သောက်ခိုင်းထားဖူးပါတယ်ဆရာ၀န်မှ။အခုပြန်ဆင်းလာ‌တော့ ဆေးတော့ပြန်မစစ်ရသေးပါဘူး။ အဲ့လို ခြေဖဝါးလက်ဖဝါးတွေအေးအေးနေတော့ လေဖြတ်သွားမှာစိတ်ပူလို့ပါဆရာ။ ‌ခြေဆီလည်းထွက်ပါတယ်။ သွေးလေလည်ပတ်မှု့(လည်ပတ်မှု)ကောင်းအောင် ဘယ်လိုတွေလုပ်ဆောင်ပေးရပါမလဲဆရာ။ လေရောဖြတ်သွားနိုင်ပါသလားရှင်။ ကျေးဇူးတင်စွာဖြင့် ဆရာလည်းစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။ ခြေဖျားလက်ဖျား အေးနေသူတွေ - anemia သွေးအားနည်း၊ autoimmune disease အော်တိုအင်မျူးရောဂါ၊  blood or thyroid disorder သွေး သို့မဟုတ် လည်ပင်ကြီးရောဂွ၊ reaction to medication ဆေးတချို့၏ ဘေးထွက်သက်ရောက်မှုနဲ့ smoking ဆေးလိပ်သောခြင်း၊  Buerger disease ရောဂါ Diabetes ဆီးချို၊ Lupus ရောဂ