Posts

Showing posts from June, 2022

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ

Image
၁။ ရင်သားကင်ဆာ heR2 ပါ ဆေး ၇ ကြိမ်သွင်းပီးပါပီ (ပြီးပါပြီ) ၅ နှစ်ဆေး မသောက်ရဘူးပြောလို့ပါ ၅ နှစ်ဆေး မသောက်ရဘဲ ပြောက်တဲ့သူတေ (ပျောက်တဲ့သူတွေ)ရှိကြလား ကျေးဇူးပြုပီး(ပြီး) ဖြေပေးကြပါအုန်းနော် အသက်က ၅၃ နှစ်ရှိပါပီ(ပါပြီ)) စိတ်ပူလို့ပါ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မေးတဲ့သူရဲ့ မက်စင်ဂျာရှာ မတွေ့ပါ။ ပို့စ် တင်လိုက်မယ်။ ၂။ ဓာတ်ကင်သင့် မကင်သင့် အကြံဥာဏ်လေးများတောင်းခံပါရစေ ကျမက ရင်သားကင်ဆာ Her2 အဆင့် ၃ ခွဲစိပ်ပြီး ဆေးသွင်းပြီးသော်လည်း အခု ၁နှစ်နဲ့၈လကြာသည်အထိ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်မကင်ရသေးပါ။ အခုလောလောဆယ်ဆေးစစ်ချက်တွေအရ အားလုံး ပုံမှန်ကောင်းမွန်သက်သာ ပျောက်ကင်းနေပြီလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။ ဆရာဝန်ကို မေးတာ မဟုတ်ပါ။  ၃။ Her 2 Positive အကြောင်း သိတဲ့သူတွေ နည်းနည်းလောက် မျှဝေပေးကြပါလား ခီမို လေးကြိမ်သွင်းပြီးရင် Her 2 ဆေး ၁၇ ကြိမ် သွင်းရမယ်လို့ပြောတယ် Her 2 ဆေးက ၂၀၀ ဝန်းကျင်လောက် ပေးရမယ်ပြောတယ် အချို့က အိန္ဒိယဆေးဆိုရင် ၅၀ ဝန်းကျင်လောက် ကုန်မယ်ပြောတယ် ကောင်းတဲ့ဆေးနဲ့ဘဲ့ ကုချင်ပါတယ် သိတဲ့သူတွေ ဆေးသွင်းထားပြီးသူတွေ ကျေးဇူးပြုပြီး အလင်းပြပေးပါလား ယခုလက်ရှိ ဆရာမ S.S.W နဲ့ ပြနေပါတယ်။ ဆရာဝန်က

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ

Image
၁။ ဓာတ်ကင်သင့် မကင်သင့် အကြံဥာဏ်လေးများတောင်းခံပါရစေ ကျမက ရင်သားကင်ဆာ Her2 အဆင့်၃.ခွဲစိပ်ပြီး ဆေးသွင်းပြီးသော်လည်း အခု ၁နှစ်နဲ့၈လကြာသည်အထိအကြောင်းအမျိုးမျိုးကြောင့်ဓာတ်မကင်ရသေးပါ။ အခုလောလောဆယ်ဆေးစစ်ချက်တွေအရ အားလုံးပုံမှန်ကောင်းမွန်သက်သာပျောက်ကင်းနေပြီလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။ ကျွန်တော့်ကို မေးတာ မဟုတ်ပါ။  ၂။ Her 2 Positive အကြောင်း သိတဲ့သူတွေ နည်းနည်းလောက် မျှဝေပေးကြပါလား ခီမို လေးကြိမ်သွင်းပြီးရင် Her 2 ဆေး ၁၇ ကြိမ် သွင်းရမယ်လို့ပြောတယ် Her 2 ဆေးက ၂၀၀ ဝန်းကျင်လောက် ပေးရမယ်ပြောတယ် အချို့က အိန္ဒိယဆေးဆိုရင် ၅၀ ဝန်းကျင်လောက် ကုန်မယ်ပြောတယ် ကောင်းတဲ့ဆေးနဲ့ဘဲ့ ကုချင်ပါတယ် သိတဲ့သူတွေ ဆေးသွင်းထားပြီးသူတွေ ကျေးဇူးပြုပြီး အလင်းပြပေးပါလား ယခုလက်ရှိ  ဆရာမ S.S.W  နဲ့ ပြနေပါတယ်။ ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။ ၃။ Her 2 negative နဲ့ Her 2 positive ဘာကွာပါသလဲ ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။ ၄။ မင်္ဂလာပါဆရာရှင့် သမီးကရင်သားကင်ဆာဝေဒနာသည်ပါ Her2 အမျိုးအစားပါရှင့် CHEMO 16 ကြိမ်၊ Radiatoin 15 ကြိမ်၊ Herceptin 12 ကြိမ်သွင်းခဲ့ရပါတယ်ဆရာ။ အခုtreatment အားလုံးပြီးသွားပါပြီ။ သမီးသိချင်တာလေး မေးချင်လို့

Real Name ဦးတစ်လုပ်ကြီးသို့

Image
မြန်မာစာသတ်ပုံအကြောင်းပြောတိုင်း ဆတ်ဆတ်ထိမခံနိုင်သူတွေ တွေ့တတ်တယ်။ ဒီအကြောင်းအရာကို ရေးနေတာက ၈ နှစ်ရှိပြီ။ မခံမရပ်ဖြစ်တာ မတူကြတာကိုလည်း သိတယ်။ သူတို့ပေးတဲ့ ဥပမာက - ကလေးအဖေအမည် ငယ်ငယ်က ဦးလူလှဖြစ်တာကို (တစ်) ရေးတာကို မှားတယ် ပြောသူတွေကတဲ့ ဦးရုပ်ဆိုးလို့ အပြောင်းခိုင်းသလိုဘဲတဲ့။  ပြန်ဗြောင်း ပြောတာဖြစ်နေတယ်။ နှစ်ခါပြန် စဉ်းစားပါဦး။ အရင်ကမှန်ခဲ့တာကို မှားအောင်လုပ်ထာရာကနေ အမှန် ပြန်တည့်စေချင်တာ။ ကလေးအဖေအမည်မှန်က ဦးလူလှ။ ကျွန်တော့ ဥပမာက - ကလေးအဖေက ၁၉၅၀ ခုနှစ်မှာမွေးတော့ ဇာတာထဲမှာ တလုပ်ကြီးတဲ့။ ၁၉၈၈-၁၉၉၀ ရောက်တော့ မဟုတ်ဘူးတဲ့။ တစ်လုပ်ကြီးဖြစ်စေတဲ့။ ဦးတလုပ်ကို ဦးတလုပ်သာ လုပ်ပါလို့ ပြောနေတာ။ ဒေါက်တာတင့်ဆွေ

July ဇူလိုင်လ

Image
၂၀၂၂ ဇူလိုင်လဟာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၄ ရက်နေ့မှ ဝါခေါင်လဆန်း ၄ ရက်နေ့အထိ ကျရောက်တယ်။ ဇူလိုင်လမှာ မုတ်သုန်ဥတုရှိရာဒေသတွေမှာ မုတ်သုန်မိုး ဖြိုင်ဖြိုင်ရွာတယ်။ ဇူလိုင်ဆိုတဲ့အမည်ကို ဂျူလီယက်ဆီဇာကို သူ့မွေးလဖြစ်လို့ ရောမဆီးနိတ်ကနေ ဂုဏ်ပြုမှည့်ခေါ်ခဲ့တယ်။ အရင်ကတော့ Quintilis ကွင်တီလစ်လို့ခေါ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အပူအိုက်ဆုံးလနဲ့၊ တောင်ခြမ်းမှာ အအေးဆုံးလ ဖြစ်တယ်။ ဇူလိုင်လ နိုင်ငံတကာအထိမ်းအမှတ်နေ့များ ဇူလိုင် ၁ ရက် = ဆရာဝန်များနေ့ (အိန္ဒိယ)၊ လွတ်လပ်ရေးနေ့ (ဆိုမာလီ)၊ ကနေဒါနေ့၊ ဇူလိုင် ၃ ရက် = လွတ်လပ်ရေးနေ့ (ဘဲလားရုစ်)၊ ဇူလိုင် ၄ ရက် = ၁၇၇၆ လွတ်လပ်ရေးနေ့ (ယူအက်စ်) ဇူလိုင် ၅ ရက် = နိုင်ငံတကာသမဝါယမနေ့၊ ရေတပ်မတော်နေ့ (ယူကရိန်း)၊ လူငယ်များနေ့ (စင်္ကာပူ)။ လွတ်လပ်ရေးနေ့ (အယ်လ်ဂျီးရီးယား)၊ (ကိပ်ဗာဒီ)၊ (ဗင်နီဇွဲလား)၊ ဇူလိုင် ၆ ရက် = အမေနေ့ (တောင်ပိုင်းဆူဒန်) ဇူလိုင် ၉ ရက် = အမျိုးသားသစ်ပင်နေ့ (မက်ဆီကို) ဇူလိုင် ၉ ရက် = လွတ်လပ်ရေးနေ့ (၁၈၁၆ အာဂျင်တီးနား၊ တောင်ဆူဒန်)၊ ဇူလိုင် ၁ဝ ရက် = လွတ်လပ်ရေးနေ့ (ဘဟားမား) ဇူလိုင် ၁၁ ရက် = ကမ္ဘာ့လူဦးရေနေ့ ဇူလိုင် ၁၂ ရက် = အဖေနေ့ (ယူရူဂွိုင်း) ဇူလိ

ဂရုများအကြောင်း

Image
၁။ စာအုပ် အငန်းမရကြိုက်သူများ ဂရုဖွဲ့ကြသည် သတ်ပုံ မှန်အောင်မရေးတတ်ကြ။ သို့သော် အရင်ကမှန်နေတဲ့စာကို သတ်ပုံပြင်တင်ရာမှာ အပင်ပန်းခံကြသည်။ ၂။ ကဗျာ တဘက်သတ်ကြိုက်သူများ အုပ်စုဖွဲ့ကြသည် ကူးချတာတောင် သတ်ပုံမှားကြသည်။ ၃။ သီချင်း အတင်းကြိုက်သူများ စာမျက်နှာဖွင့်ထားသည် သီဆိုလျှင် အသံတစ်၍ အစ်နေစေသော စာသားများ တင်ထားပေးကြသည်။ ဒေါက်တာတင့်ဆွေ

ကောက်ရိုးနွယ် (ဇေယျ)

Image
တပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးကလည်း လှပါပေ၏။ တပေါင်းလရောက်လျှင် နှင်းကလေး တဝေဝေ၊ မြူကလေး တဆို့ဆို့နှင့်၊ တောင်လိုလို မြောက်ယောင်ယောင် လွမ်းစိတ်များပေါ်လာ၏။ သွားလေသူ အဖေ့မျက်နှာ၊ အမေ့မျက်နှာ၊ အကို့မျက်နှာ၊ အမမျက်နှာများကို မြင်ယောင်မိ၏။ နှစ်ပေါင်း လေးဆယ်ကျော်ခဲ့ပြီ။ ရန်ကုန်ရောက်ယင် ကျမ မမေ့နဲ့နော်။ ရောက်ရောက်ချင်း စာထည့်နော်။ အမေသိရင် ဆူနေအုံးမယ်။ ဈေးထဲက ဒေါ်ဒေါ်အေးနာမည်နဲ့ ထည့်နော်။ ကျမဈေးသွားယင်း ဝင်ယူမယ်။ သီတင်းကျွတ် အလုပ်ပိတ်ရက် ဆက်ဆက်ပြန်ခဲ့နော်။ ကျောင်းကပြန်တုံးကလို အိမ်ကိုတိုက်ရိုက်ကြီး ဝင်မလာနဲ့အုံးဟု မှာလိုက်သော အသံကလေးကို ပြန်လည်ကြားယောင် လွမ်းတမိ၏။ လွမ်းရင်းလွမ်းရင်း တန်ခူးရောက်ခဲ့ပြန်၏။ ရွက်သစ် ပုရစ်အဖူး အညှောင့်ကလေးတွေ ထွက်လာ၏။ တခွင်တပြင်လုံး စိမ်းနုလျက်ရှိ၏။ တခါတခါ နံနက်ကြော မြူဆို့သလိုလို မှုန်မှုန်မှိုင်းမှိုင်းကလေးပြုနေ၏။ ကျီးကန်းတွေ ဒီနှစ် အသိုက်စောစော လုပ်ကြတယ်ကွ။ မိုးဦးစောလိမ့်မယ် တင်ပါရဲ့ဟု ဦးကြီးရွှေဖိုး ပြောသံနှင့်အတူ အနောက်ဖက်ဆီက မိုးသားကလေးလိုလို သန်းသွားသည်ကို မြင်လိုက်မိ၏။ ပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးကတည်း လှပါပေသည်။ အလွမ်းစိတ်နှင့် အတွေးစိတ်သည် သူတပြန် င

သုဒ္ဓေါဒနမင်းသားနှင့် ထိုက်သော မိဖုရားကို ရှာစေခြင်း

Image
ပုဏ္ဏားရှစ်ယောက်စေလွှတ်ခြင်း ထိုသိရိမဟာမာယာ တဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ကပိလဝတ်ပြည်၌ သီဟဟန မင်းကြီး၏ သားတော် သိရိသုဒ္ဓေါဒနမင်းသားလည်း တဆယ့်ရှစ်နှစ် အရွယ်ရောက်သဖြင့် ယခုအခါ၌ ငါ၏သားတော်အား မင်း၏အဘိသိက်ပေးအံ့၊ မြတ်သော အမျိုး၌ဖြစ်သော ခြောက်ဆယ့်လေးပါးသော လက္ခဏာနှင့် ပြည့်စုံသော သီလအကျင့်နှင့် ပြည့်စုံသော တင့်တယ်ခြင်းအထွတ်သို့ ရောက်သော မိဖုရားကြီးအရာ၌ ထားထိုက်သော သတို့သမီးကို ရအပပ်၏ဟု ကြံ၍ မိန်းမလက္ခဏာ၊ ယောက်ျားလက္ခဏာတို့၌ လိမ်မာကုန်သော ဗေဒင်သုံးပုံတို့ကို အကုန်အစင် တတ်ကုန်သော ပုဏ္ဏားရှစ်ယောက်တို့ကို ခေါ်၍ - မှတ်ရန် - တဆယ့်ခြောက်နှစ် တဆယ့်ရှစ်နှစ် ဒေါက်တာတင့်ဆွေ

သက်ဝေ

Image
တေးရေး - မြို့မငြိမ်း ဆို ပြည်လှဖေ၊ မေရှင် သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ မေတ္တာမိုးတွေ သွန်းဖြိုးရွာစေ အသဲမှာ စွဲမက် အသက်ကို ပုံတယ်လေ တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည် အချစ်အတွက်ဖြင့် အသက်ပင် သေသေ အသွေးယူ အသားကို လှူလှူ စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး မဒီဒေဝီ ဝေသန်ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ သက်ဝေ အလိုကျ ဆိုသမျှ ကိုယ်ရောစိတ်က လိုက်လျှောရပါမယ်လေ ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေ လ တွေကွယ်စေ မြမြင့်မိုရ် ပြိုအက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မပွေ ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေ လ တွေကွယ်စေ မြမြင့်မိုရ် ပြိုအက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မပွေ ချစ်တဲ့သူ အမူတုံးကလေးက တိမ်စင်လနှယ် အလှကြွယ်ရှာပေ ကြာကြာလေ မရိုးတဲ့အပြင် ဆထမ်းပိုးတိုးတဲ့ အချစ်တွေ ကမ္ဘာမြေ အသင်္ချေလဲတောင် မကွဲအောင် တောင်းဆုကို ခြွေ သက်ဝေ ချစ်မက် မပြေတယ်လေ ခိုင်းတော့ သက်ဝေ အချစ်စမ်းချင်စမ်း မစမ်းချင်နေ ထူးတဲ့ ခင်မင်တာတွေ အသက်ကို စွန့်ရတောင်ပင် မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ မခိုင်းရက်ဘူးကွယ့် သည်ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ ရှေ့က မောင်သာ အစဉ်နေ အသက်နဲ့ထပ်တူ ကြင်မလေ ရင်ကို ခွဲလို့ အသည်းကင်ပါစေ ချစ်သက်ဝေန

Paracetamol Syrup (ပါရာစီတမော) အရည်

Image
၁။ ပါရာစီတမောကို အရည်ဖျော်ပြီး ကလေးကိုယ်အလေးချိန်အရတိုက်ပါဆိုတာ ကိုယ်အလေးချိန် ဘယ်လောက်မှာ ဘယ်အချိုးအစားလောက် တိုက်ကျွေးသင့်ပါသလဲ ခင်ဗျာ။ ၂။ ဆရာမင်္ဂလာပါ။ ကျွန်မနာမည်က - ပါ။ မန္တလေးကပါ။ အသက်က ၂၃ နှစ်ပါ။ ကျွန်မကလေးက ၁ လပဲ ရှိပါသေးတယ်ဆရာ။ ကလေးကဖျားနေလို့ ဆေးတိုက်လို့ရလား။ ရရင်ဘာဆေးတိုက်ရမလဲဆရာ။ ကျွန်မက ပထမဦးဆုံးကလေးဆိုတော့ ဘာမှမလုပ်တတ်လို့ပါဆရာ။ ၃။ ဘိုင်အိုဂျက်ဆစ်ရှိတယ်ဆရာ။ .၅ စီစီလောက်ဆိုရလားဆရာ။ အသက်က ၅ လ မပြည့်သေးပါဘူး။ ကိုယ်အလေးချိန် ၁ဝ ကေဂျီ ရှိပါတယ်။ ၄။ ဆရာရှင့် သားလေးက ၂ လ နှင် ၃ ပတ်ရှိပါပြီ။ ၄ ရက်နေ့က ငါးမျိုးစပ်ကာကွယ်ဆေးထိုးရပါတယ်။ နောက်တရက်မှ ဖျားပါတယ်။ အဲဒါ biogesic drop ကို drop တချောင်းစာကို ၆ နာရီခြားတိုက်ပါတယ်။ အဲဒါ တစ်ရက်ဖျားပြီး နောက်ရက် ကျတော့မဖျား တော့ပါဘူး။ ကာကွယ်ဆေးထိုးရင် ပုံမှန်ဘယ်နှစ်ရက် ဖျားတတ်ပါသလဲဆရာ။ အဲဒါ biogesic ဆိုတာ course ကို ဘယ်လိုတိုက်ရင် အပြီးလို့ သတ်မှတ်လို့ရပါသလဲ။ မဖျားရင်တိုက်စရာမလိုတော့ဘူးလား။ ဆေးတိုက်တာ over dosage ဖြစ်မှာလည်း စိုးရိမ်ပါတယ်။  Biogesic = Paracetamol ပါရာစီတမောလ်ဖြစ်တယ်။ (ကိုယ်ပူ + အနာအကိုက် + အရောင်သက်သာဆေး) ဖြစ်တယ်။ ဆေးကို ဘယ်နှစ်

မြန်မာစာအဖွဲ့

Image
မြန်မာစာအဖွဲ့ ထိန်းသိမ်း ရေးတာ မှားနေ။ (ပုံ ၂) ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ ရက်။ မြန်မာစာအဖွဲ့သည် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ၁၉၈၆- ခု၊ ဇါန်လတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၉၆-ခု၊ အောက်တိုဘာလတွင် ဒုတိယအကြိမ် မွမ်းမံတည်းဖြတ် ပုံနှိပ် ထုတ်ဝေခဲ့သည်ပါသည်။ မှတ်ချက်။ မြန်မာအဘိဓာန်ကို ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမနှိပ်ခြင်း ထုတ်ဝေထားပါသည်။ ဒေါက်တာတင့်ဆွေ ဒေါက်တာတင့်ဆွေ

မောင်သာရ၏ စာစုစာရင်း

Image
ရှင်ဘုရင်နှင့် ညားရင် မိဖုရား  ရှင်ဘုရင်နဲ့ ညားရင် မိဖုရား (မောင်သာရ) အမည်နဲ့ စာအုပ်သစ် ထွက်သတဲ့။ မောင်သာရ စာအုပ်တွေမှာ တ သတ်ပုံကို မှားအောင်ပြင်ထားရင် မောင်သာရရေးတာ မဟုတ်။ (မောင်သာတစ်) ရေးတာ ဖြစ်ပါတယ်။ မောင်သာရ၏ စာစုစာရင်း (အက္ခရာစဉ်အလိုက်) 1. ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း (၁၉၆၉၊ ၁၉၇၀၊ ၁၉၈၃၊ ၁၉၊ ၁၉၉၂၊ ၂၀၁၈) 2. ကျဉ်တုတ်ခံဝံ့ မခံဝံ့ (၁၉၇၁၊ ၂၀၁၅) 3. ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့ (၁၉၈၅) 4. ကြာဖက်က လကို တက်မပြိုင် (၁၉၇၄) 5. ကြောက်ရခြင်းမှ ကင်းလွတ်ရပါလို၏ (၁၉၈၅) 6. ကြောင်ကိုဘယ်သူခြူဆွဲပေးမလဲ (၁၉၇၇၊ ၂၀၁၇) 7. ကောင်းပြီဆိုရင် ခံရပြီသာမှတ် (၁၉၈၄) 8. ချစ်သူကနေ့ ကိုယ်ကည (၁၉၆၃၊ ၁၉၇၀၊ ၁၉၇၃) 9. ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့် (၁၉၇၄၊ ၁၉၇၇) 10. ဂူတဂူထဲ ခြင်္သေ့နှစ်ကောင် (၁၉၇၆၊ ၂၀၁၉) 11. ငရုတ်မှန်လျှင် စပ်ရလိမ့်မည် (မစန္ဒာ၏ မစပ်သောငရုတ်နှင့် ပူးတွဲ - ၁၉၈၂) 12. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (၁၉၈၀) 13. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (ဇာတ်သိမ်း - ၁၉၈၀) 14. စီးပလေစေ မောင်မသုတ်နဲ့ (၁၉၇၁၊ ၁၉၇၆၊ ၁၉၇၈) 15. ဇီးကွက်ရုပ် အသည်းနှလုံး (၁၉၈

Cervical Cancer Risks သားအိမ်ဝကင်ဆာ ဖြစ်နိုင်သူများ

Image
(ကန်တော့) မြန်မာလိုရေးတင်ထားတာတွေ တွေ့တယ်။ သေချာမဖတ်အားပါ။ အရင်ကလည်း တင်ပြထားတယ်။ စာအသစ်တပုဒ် ရေးပါမယ်။ သားအိမ်ခေါင်းလို့သာ ရေးကြတယ်။ ကျွန်တော်က သားအိမ်ဝ။ ဘာကြောင့်လဲ တင်ပြပြီးသား။ ဘယ်လိုလူတွေမှာ သားအိမ်ဝကင်ဆာ ဖြစ်နိုင်ကြသနည်း - အမျိုးသမီး၊ အသက်မကြီးလှသေး။ အိမ်ထောင်သားမွေးအရွယ်။ အသက် ၂၀ အောက် ရှားတယ်။ ၃၀ ဝန်းကျင် များတယ်။ - Human papillomavirus (HPV) infection ရှိသူတွေ၊ - Chlamydia infection လိင်ကတဆင့်ကူးစက်ရောဂါရှိသူတွေ၊ - Contraceptives ကိုယ်ဝန်တားဆေး နှစ်ရှည်သုံးရသူတွေ၊ - Pregnancy ကိုယ်ဝန်ဆောင်စဉ်၊ သားအိမ်ဝကင်ဆာဟာ အသက် ၃၅ နဲ့ ၄၄ ကြား အဖြစ်များတယ်။ စစ်လို့တွေသူတွေက အသက် ၅၀ ဝန်းကျင် ဖြစ်နေတတ်တယ်။ အပျိုတွေ အဖြစ် အလွန်နည်းပါးတယ်။ တကမာ္ဘလုံးမှာ ၂၀၁၈ ခုနှစ်က သားအိမ်ဝကင်ဆာလူနာသစ်ပေါင်း 570,000 ယောက်တွေ့ခဲ့တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးမျိုးရဲ့ ၇% ရှိတယ်။ Regular cervical cancer screenings ခေါ် ပုံမှန် သားအိမ်ဝကင်ဆာစစ်ဆေးနည်း Pap test လုပ်သင့်တယ်။ HPV test လည်းလိုတယ်။ Cervical Cancer Screening Guidelines သားအိမ်ဝကင်ဆာစစ်ဆေးနည်း လမ်းညွှန် - Ages 21-29 နှစ်။ အသက် ၂၁ နှစ

မင်္ဂလာပါရဲ့ ကြက်သား ကာလသားချက်နည်း

Image
ကြက်သားကာလသားချက်ဆိုတာ ချက်ရတာ လွယ်ကူပြီး အရပ်ထဲ ရွာထဲမှာ ကာလသားတွေ အပျော် စုချက်စားရာကနေ ဖြစ်လာတဲ့ဟင်းလို့ ဆိုရပါမယ်။ လတ်လတ်ဆတ်ဆတ် ဘူးသီးခူး၊ ကြက်ခိုးပြီး သူခိုးကြီးညတွေမှာဆိုရင် တပျော်တပါး ချက်ပြုတ်စားကြတဲ့ ဟင်းပါ။ ဘူးသီးရဲ့ အချိုနဲ့ ကြက်သားရဲ့ အချိုပေါင်းစပ်ပြီး ရတဲ့အရသာဟာ စားဖူးသူတိုင်း သိကြမှာပါ။ ဒါကြောင့် ဒီတစ်ပတ်(ဒီတပတ်)မှာ လူတိုင်း ကြိုက်တဲ့ မင်္ဂလာပါဆိုင်ရဲ့ ကြက်သားကာလသားချက်ကို အိမ်ချက်လေး ဘယ်လို ချက်ရမလဲဆိုတာ ပြောပြပေးပါမယ်။ ပါ၀င်ပစ္စည်းများ - ဗမာကြက် ၃၀ကျပ်သား ဘူးသီးနုနု တစ်လုံး(တလုံး) ဆား နနွင်း အရောင်တင်မှုန် ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်း ငံပြာရည် အနည်းငယ် ငရုတ်သီးစိမ်း ပင်စိမ်း(သို့)နံနံပင် ပြုလုပ်နည်း ၁။ အရင်ဆုံး မချက်ပြုတ်ခင် ကြက်သားကို ရေစင်အောင် ဆေးထားပါ။ အရိုးကိုက်ဖို့ ကြိုက်သူဆိုရင်တော့ အရိုးတွေကို အမွှေးအမျှင်တွေကို သေချာအောင် ဖယ်ရှားပါ။ ကြက်သားကို ရေဆေးပြီးရင်တော့ ဆား၊ နနွင်းနဲ့ ဟင်းခတ်မှုန့်တို့နယ်ပြီး ခဏနှပ်ထားပါ။ ကြက်သားကို နှပ်ထားချိန်မှာ ဘူးသီးကို အခွံနွှာပြီး အတုံး ခပ်သေးသေးလေးတွေ တုံးပြီး ရေဆေးထားပါ။ ၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းတို့ကို ထောင်းထားပါ။ (

ကင်ဆာလူနာဆိုတာ မကနိုင်ကြပါ

Image
မေမေက ကင်ဆာအဆင့် ၃ ဆေး ၁၂ကြိမ်သွင်းထားကတဲ့လူနာပါ အဆုတ်ကို ဓာတ်မှန်ရိုက်ထားပါတယ် အကယ်လို့ ကူးနိုင်ခြေရှိရင်ဘာတွေရှောင်ကမလဲရှင့် ရောဂါပြောက်ကင်းနိုင်ခြေကောရှိပါသလားရှင်  Herceptin ကိုသောက်ဆေး အနေနဲ့ ၁နေ့ ၂ကြိမ် တိုက်ပါတယ်ရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ပြင်စရာတွေပါတယ်။ - အဆုတ်ကို ကူးတယ်လို့ မခေါ်ပါ။ ပြန့်တယ်လို့ခေါ်တယ်။ တီဘီရောဂါမျိုးကသာ ကူးတယ်လို့ ခေါ်တယ် - ပျောက်နိုင်ခြေလို့ ရေးရတယ်။ - ရှောင်ရမလဲလို့ ရေးရတယ်။ ကင်ဆာလူနာဆိုတာ မကနိုင်ကြပါ။ ဒေါက်တာတင့်ဆွေ

ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံး တီထွင်သူ

Image
ကျနော်တင်ပြချင်တဲ့ ရုပ်ပုံလွှာတချပ်ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံး တကသဥက္ကဋ္ဌဖြစ်တဲ့ ကိုဗဆွေလေးပါ။ သူက ဘိုကလေးသား။ ကိုဗဆွေလေးကို မြင်ရရင် မျက်နှာကလေးချောင်ပြီး ပင်ပန်းနွမ်းနယ်နေဟန် ပုံသဏ္ဌာန်ပါ။ အိပ်ရေးမဝတဲ့ အခြေအနေနဲ့ တူပါတယ်။ သူ့အပြုံးကလေးက လျော့ရဲရဲအပြုံးလို့ ဆိုနိုင်ပါတယ်။ ဆံပင် သပ်သပ်ရပ်ရပ် ဖီးသင်ထားခြင်း မရှိ။ သူ့ကို နာမည်သာကြားဖူးပေမဲ့ လူချင်းမတွေ့ဖူးပါ။ ၁၉၆ဝ - ၆၁ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူးသင်တန်း လာတက်စဉ်က တကသ လက်ဖက်ရည်ဆိုင်မှာ စတင်တွေ့ဖူးခြင်းပါပဲ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ဆရာမင်းသုဝဏ် ပါမောက္ခ ဖြစ်ပြီလို့ သတင်းစာထဲမှာ တွေ့လိုက်ရတော့ ကျနော်ဟာ ဆရာမင်းသုဝဏ်ရဲ့ပို့ချမှုကို ခံယူချင်တာနဲ့ ရန်ကုန်တက္ကသိုလ် ပြောင်းခဲ့တာပါ။ အရင်နှစ်က မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ ပထမနှစ် မြန်မာစာဂုဏ်ထူးသင်တန်း တက်ခဲ့ပါတယ်။ မန္တလေး သီးခြားတက္ကသိုလ်နှစ်ရဲ့ ပထမဦးဆုံး စာမေးပွဲပါ။ ကျနော် ဂုဏ်ထူးတန်း ပထမနှစ် ကျခဲ့ပါတယ်။ သမိုင်းဘာသာမှာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်ပါတယ်။ ယခင့် ယခင် နှစ်များက သမိုင်းဘာသာ ကျရှုံးသူ မရှိသလောက်ပါပဲ။ ဝိဇ္ဇာ ပထမနှစ် ဆိုရင် အေးအေးဆေးဆေး အောင်ကြတာ များ

We were waiting for you

Image
ဒီပုံနဲ့အတူ စာရေးပြီးတင်ထားတာကို မကြာခဏ တွေ့တယ်။ စာရေးတာမှာ ပြင်စရာတွေ ပါနေတယ်။ (စ) အနောက်က ဆင်ထိန်းသခင်က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်။ တကယ်တော့ သူတွန်းတင်ဖို့ ကြိုးစားနေတာလဲ မဟုတ်ဘူး။ လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့ မင်းနောက်မှာငါရှိတယ်" ဆိုပြီး အားပေးနေတာ။ လူတယောက်ကိုအားပေးဖို့၊ သူ့နဲ့အတူရပ်ဖို့က သူရင်ဆိုင်နေရတဲ့ပြသနာကို ဖြေရှင်းနိုင်စွမ်း ရှိမှမဟုတ်ဘူး "မင်းနဲ့အတူ ငါရှိတယ်" ဆိုတဲ့ ခံစားချက်လေး ဖန်တီးပေးနိုင်ရင်ပဲ လုံလောက်ပါပြီ။ (ဆုံး) • တကယ်တော့ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ • လူတယောက် မှန်။ ကွန်ဂရက်ကျူလေးရှင်း။ • အနောက်က မမှန်။ ဆင်က အရှေ့-အနောက်-တောင်-မြောက် ဘယ်အရပ်မျက်နှာကို လှည့်နေတယ်ဆိုတာ မသိ။ ဘယ်အရပ်မျက်နှာဘက်ကိုလှည့်လှည့် နောက်က ဆင်ထိန်းလို့ ရေးရမယ်။ ဆင်၏နောက်မှာ လူရှိ၏။ ဆင်၏ရှေ့မှာ ကားရှိ၏။ • ကျန်းမာရေး မေးတာတွေမှာလည်း ရှေ့နဲ့ အရှေ့၊ နောက်နဲ့ အနောက် အတော်မှားရေးကြတယ်။ ပုံက ဆိုရှယ်မီဒီယာမှာ ၁၈-၁၂-၂၀၂၁ နေ့ကတည်းက ပြန့်နေပါတယ်။ Viral: The picture of the person carrying the elephant in the truck went viral, people are praising because of this.

ဗဟိန်း (သို့မဟုတ်) ကဗျာ

Image
(ဒဂုန်တာရာ) အကယ်၍ ကိုဘဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် ဧကန်စာရေးဆရာတယောက်ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ သူသည် စာပေကိုလည်း အင်မတန် ဝါသနာပါသည်။ ကားလ်မတ်စ်၏ ကွန်မြူနစ်စာပေကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူ အတော်ကြိုက်သည်။ တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို မြန်မာလို ဆီလျော်အောင်ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော်ရှေ့တွင်ပင် ဝတ္ထုတိုကို ရေးပေသည်။ သူ၏ဝတ္ထုသည် ထိုအခါက နာမည်ထွက်စ ပြုလျက်ရှိသော လက်ရွေးစင် မဂ္ဂဇင်းတွင် ပါစေသည်။ (လက်ရွေးစင် မဂ္ဂဇင်းကို စတင်တည်ထောင်သူ အယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွန်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်းရေးသော ဝတ္ထုတို၏အမည်မှာ ‘လေလွင့်သူ’ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသောငတ်မွတ်ခြင်း ဘွဲ့တပုဒ်ဖြစ်ပေသည်။ ဒဂုန်မဂ္ဂဇင်းတွင် ပါဝင်သော သူ၏ ‘ဘဝခရီး’အမည်ရှိ ဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာနှင့် ငတ်မွ

ဂွေးသီးငပိချက် နည်းလေးပါရှင်

Image
ခုချိန်လေး ဂွေးသီး နုနုလေးတွေပေါ တချို့ကအသီးကိုပြုတ်ပြီးခြေချက်ပါတယ် အိမ်မှာတော့အသီးကိုရေဆေးငြုပ်ဆုံထဲဆားအနဲငယ်ထည့်ပြီးအသီးကိုထောင်းချက်ပါတယ် ဒယ်ထဲဆီထည့်ပါဆီကျက်ရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါဆနွင်းထည့်ပါ ငြုပ်သီးအရောင်တင်မှုန့်ထည့်ပါ (သို့) အကြမ်းဖတ်လေးစိတ်ကွဲလဲထည့်ပါတယ်ပြီးရင်မျှင်ငပိကွန်းသီးတလုံးလောက်ထည့်ပါ .ပုစွန်ထည့်ပါ ပုစွန်ခြောက်နဲ့ချက်လဲရပါတယ်ဂွေးသီးထည့်ပါရေနဲနဲထည့်ပြီးအဖုံးခဏဖုံးထားပါအသီးတွေနူးအိသွားရင်အရသာမှုန့်ထည့်ငံပြာရည်ထည့်ပြီးမြည်းကြည့်ပါ ငြုပ်သီးစိမ်းလေးတွေထည့်ပါဆီပြန်ရင်ရပါပြီ (ချက်နည်းပြုတ်နည်း) သတ်ပုံမှန်သဖြင့် စားကောင်းမည်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်။ တချို့ဟင်းချက်နည်းတွေက မျိုချမရ။ ဒေါက်တာတင့်ဆွေ

အမျိုးများသော စာပေနှင့် အနုပညာရှင်များ

Image
ပြည်သူ့အချစ်တော်အန်တီချိုပြုံး တင်ထားတာတွေ တွေ့ပါတယ်။ အဆိုတော်ချိုပြုံးရဲ့ တူတွေလား တူမတွေကလား မသိပါ။ လူထုဒေါ်အမာမှာလည်း အမေလို့ခေါ်ကြတဲ့ သားတွေ သမီးတွေ အတော်ကိုများပါသည်။ ဘိုကလေးတင့်အောင်မှာလည်း ဘဘလို့ခေါ်ကြတဲ့ မြေးတွေ အတော်များပါသည်။ စိုင်းထီးဆိုင်ကို အနုပညာအမည်နဲ့ မခေါ်သူတွေကလည်း ပေါလှပါသည်။ မောင်သာရကို ဦးတပ်ခေါ်တာတော့ မတွေ့သေးပါ။ ဒေါက်တာတင့်ဆွေ

ဆေးနည်းတွေ

Image
တင်ထားတာတခု တွေ့တယ်။ လေဖြတ်ပြီး စကားမသွက်ပါက သပွတ်ခါးသီးတဲ့။ အရပ်ဆေးနည်းတွေ၊ ဗမာနဲ့ မြန်မာဆေးနည်းတွေ၊ တရုပ်နဲ့ ကုလားဆေးနည်းတွေ၊ ဖေ့စ်ဘွတ်ဆေးနည်းတွေ၊ အမျိုးအမည်အဆန်း စာလုံးပေါင်းမှန်အောင်မပေါင်းတတ်တဲ့ အသီး၊ အပွင့်၊ အရွက်၊ မြက်နဲ့ ပေါင်းပင် ဆေးနည်းတွေ နေ့တိုင်း တင်ကြတယ်။ လူတိုင်းလိုလို တသက်လုံးစားသုံးလာတာတွေကို ဆေးနည်းအဖြစ်ပေးတာက ရောဂါပျောက်တာ မပျောက်တာ အပထား၊ လူကို အန္တရာယ်မပေးပါ။ ဖြည့်စွက်စာတွေနဲ့ အဲလိုဆေးနည်းတွေက မကုမဖြစ်တဲ့ ဆေးကုသနည်းကနေ လမ်းလွဲစေရင်တော့ မကောင်းပါ။ ကျွန်တော်လည်း တခါတခါ သပွတ်သီး စားပါတယ်။ လေဖြတ်မထားပါ။ ဒေါက်တာတင့်ဆွေ

အရက်သမား

Image
(ဦးဖိုးကျား) အင်းစိန်မြို့နေ ကျောင်းဆရာမ မစိန်သည် ဆယ်တန်းနှင့် ဆရာဖြစ်စာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်မြို့ ကျောင်းတကျောင်းတွင် အလုပ် လုပ်နေရာ တနေ့၌ ကျောင်းဆင်း၌ ညနေလော်ကယ်ရထားနှင့် ပြန်လာခဲ့၏။ ၎င်းစီးသောတွဲတွင် လူမများလှ၊ မနီးမဝေးခုံတွင် "ဗိုလ်ဆံတောက်"ခေါင်းစုတ်ဖွားနှင့် အဝတ်အစား မသပ်မရပ်သော လူရွယ်ရွယ်တယောက် ပါ၏။ အသက်ကား ၂၄နှစ်လောက်ရှိ၍ ဆရာမ မစိန်အောက် သုံးလေးနှစ် ငယ်ပုံရ၏။ သမိုင်းဘူတာအနီးသို့ ရောက်သော အခါ လက်မှတ်စစ်တက်လာ၍ လက်မှတ်စစ်ရာ မကြာမီပင် ၎င်းလူကို ရထားခိုးစီးသည်ဟု ဖမ်းလေ၏။ မလိုက်ဘူး၊လိုက်ရမည်ဟု ငြင်းနေစဥ် မစိန်က ဝင်၍ လက်မှတ်စစ်အား မိမိကပင် ကျသင့်သော လက်မှတ်ဖိုးငွေကို ပေးပါမည်ဟုဆို၍ လက်ထဲသို့ ငွေထည့်ပြီး လက်မှတ်စစ်ကို လွှတ်လိုက်လေသည်။ "ရှင် ဘာဖြစ်လို့ ရထားခိုးစီးရသလဲ" "ပိုက်ဆံ မရှိလို့" "ဪ-ဪ ပိုက်ဆံမရှိရင် ခိုးစီးရရောလား"ဟု ဆရာသံဖြင့် ခပ်ထန်ထန်မေးလေသည်။ ထိုယောကျာ်းပျိုကား ဘာမျှ ပြန်မပြောဘဲ မျက်နှာအောက်ချ၍ အောက်သိုးသိုး လုပ်နေသည်။ အတန်ကြာမှ မစိန်က ဆက်၍- "ဘယ်သွားမလို့လဲ" "သွားချင်တာကတော့ ပြည်မြို့ကို ရောက်အောင်သွားချင်တာပဲ။