Posts

Showing posts from August, 2023

Foods for Blood သွေးအားနှင့် အစားအသောက်

Image
နမူနာမေးခွန်း တခုသာ တင်ပါမယ်။ သားဥပြွန်ကင်ဆာ အဆင့် ၃ပါရှင့် ကင်ဆာဆေးသွင်းထားတာ ၃ကြိမ်ရှိပါပီ(ပါပြီ) သွေးအဖြေ PLT 60ကျော်ဘဲရှိနေလို့ ဆေးဆက်သွင်းလို့မရသေးပါ ကင်ဆာဆရာဝန် သွေးရောဂါဆရာဝန်နဲ့ တလှည့်ဆီပြနေပေမဲ့ သွေးအဖြေကတက်မလာပါဘူရှင် သွေး PLT တက်စေမဲ့ အစားအသောက်လေးများ ညွန်ကြားပေးကြပါရှင် ပါပီ = puppy ခွေးကလေး။ ကင်ဆာနေရာမှာ ဘာကင်ဆာဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် အစားအသောက်ကိုသာ ဦးစားပေး မေးကြတယ်။ ဖြေတဲ့သူတွေကလည်း ဟိုဟာတွေ မစားနဲ့၊ ဒီဟာတွေစား။ အစားအမည်တွေကလည်း ဘာလာလာ ဒါ။ မဟုတ်ပါ။ ဆောရီး။ သွေးအားဆိုတာ - - သွေးနီဥ၊ - သွေးဖြူဥ နဲ့ - သွေးမှုန်လို့ ရှိတယ်။ - ဗီတာမင်တချို့ (ဘီ-၁၂ နဲ့ စီ) ကလည်း သက်ဆိုင်တယ်။ သွေးနီဥအတွက်သာ သံဓါတ်ကြွယ်တာ စားရတယ်။ ကျန်တာတွေက ပုံမှန် အာဟာရပြည့်တဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်။ အဆန်းတွေတော့ မဟုတ်ပါ။ တမိသားစုလုံး စားနေတာတွေ။ တကယ်အားနည်းသူကို လူနာတဦးစီအလိုက် ဆေးသို့မဟုတ် သွေး ပေးပါလိမ့်မယ်။  ဒေါက်တာတင့်ဆွေ

Do's and Don'ts to Reduce Your Risk of Cancer ကင်ဆာအန္တရာယ်ကာကွယ်ရေး

Image
၁။ ဆေးလိပ်မသောက်ပါနဲ့။ ၂။ ကြိုတင်ဆန်ခါတင်စစ်ဆေးတာတွေလုပ်ပါ။ ၃။ အရက်မသင့်ပါ။ ၄။ အရေပြားကို နေရောင်ကနေကာကွယ်ပါ။ ၅။ လူကတက်ကြွမှုရှိနေပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ၆။ ကိုယ်အလေးချိန်ထိန်းပါ။ ၇။ သွေးဆုံးချိန်မှာ အိုဂျီမညွှန်ဘဲ ဟော်မုန်းအစားထိုးကုသတာမလုပ်ပါနဲ့။ ၈။ ဆရာဝန်ကညွှန်ရင် ကင်ဆာကာကွယ်ဆေး ဥပမာ selective estrogen receptor modulators သောက်ရင် ရင်သားကင်ဆာကို ကာကွယ်ထားနိုင်တယ်လို့ Mayo Clinic ကဆိုပါတယ်။ ၉။ Radiation exposures ဓါတ်ရောင်ခြည်သင့်ရှောင်ရှားပါ။ ionizing radiation ခေါ်တဲ့ gamma rays, high-energy UV rays နဲ့ X-rays တွေဖြစ်တယ်။ ၁ဝ။ အသီးအရွက်နဲ့ အသီးအနှံကလုပ်တဲ့အစာတွေကို ဦးစားပေးစားသုံးပါ။ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ်ရာကျတယ်။ ပြုပြင်ထားတဲ့အစားတွေ နည်းပါစေ။ အချိုရည်တွေ နည်းသောက်ပါ။ ၁၁။ Know your family cancer history မိသားစုကင်ဆာရာဇဝင်သိပါသလား။ ဒေါက်တာတင့်ဆွေ

Heart Muscles အဲလို ဘယ်သူကပြောပါသလဲ

Image
ဆရာခင်ဗျာ ခြေသလုံးကြွက်သားလေ့ကျင့်ခန်းပုံမှန်လုပ်လျှင် နှလုံးကြွက်သားအားကောင်းတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ ကျေးဇူးပါ အဲလို ဘယ်သူကပြောပါသလဲ။ တရားဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ သုတဖြစ်ဖြစ်၊ ဆေးပညာဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ အတင်းအဖျင်းဖြစ်ဖြစ် ဘယ်အကြောင်းအရာမဆို ဘယ်သူက၊ ဘယ်ထဲမှာ၊ ဘယ်တုန်းက၊ ဘယ်လိုပြောသလဲ၊ ရေးသလဲ၊ ဟောသလဲကို သိရပါတယ်။ ဖေ့စ်ဘွတ်မှာကတော့ အကာင့်တခုရှိသူတိုင်းက အထူးကုတွေ။ လက်ရှိအကောင့် ပျက်သွားလည်း အမည်သစ်နဲ့ဖွင့်ပြီး အထူးလိုင်းတခု လာမယ်။ လူကြိုက်ကလည်း များတာကိုး။ ဖေါ်လိုဝါတွေ၊ သာဝကတွေလည်း ပေါသတဲ့။ ရောင်းလို့လည်း ကောင်းသတဲ့။ မြန်မာပြည်မှာပေါ့။ မေးခွန်းမေးသူရဲ့ နှလုံးကြွက်သား ဘာဖြစ်နေသလဲကို ဆေးစာစာလုံးနဲ့ သိရရင် ဖြေနိုင်ပါမယ်။ ဒေါက်တာတင့်ဆွေ

Smile "ပေါက်"သွားသလော

Image
ဆိုရှယ်မီဒီယာမှာ စာတွေအမျိုးမျိုးရေးနေတာ ဆယ်စုနှစ်တခုခွဲကြာပြီ။ စာပုဒ်ရေ နှစ်သောင်းလောက်ရှိပြီ။  ကနေ့မနက်မှာ မှတ်ချက်တခုရတယ်။ "ဒီတခါတော့ ကျန်းမာသုတ မှတ်ဖွယ်ပါပဲ။" ကျေးဇူး။ UTI treatment ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ တင်လိုက်စာက ထူးခြားပြီး "ပေါက်" သွားသလား မသိ။ အဲဒီစာကို အရင်ကလည်း ၁၀ ကြိမ်ထောက်တင်ပြထားပြီးသား။ မနေ့ကတင်တာက ထူးခြားတယ်။ တခါတခါ အဲလိုလာလေ့ရှိတော့ ကျွန်တော့အတွက်တော့ မထူးခြားပါ။ ဒေါက်တာတင့်ဆွေ

Air travel and infants ကလေးငယ်နဲ့ လေကြောင်းခရီး

Image
၁။ ဆရာ ကျွန်မ ညီမလေးက (၁၁လပိုင်း) ရန်ကုန်မှာ ကလေးမွေးပြီး စစ်တွေ ပြန်ရမှာပါ။ ကလေး ဘယ်နှစ်ပါတ်အရွယ်ကြီးမှ လေယာဉ်နဲ့ပြန်လို့ရနိုင်ပါမလဲဆရာ။ လေယာဉ်စက်သံတွေနဲ့နားစည်ထိခိုက်သွားနိုင်ပါသလား သိချင်ပါတယ်ဆရာ။ ၂။ ဆရာ ကလေးမွေးပြီး ဘယ်လောက်မှာ လေယာဉ်စီးလို့ရမလည်း။ ကလေးသုံးလလေးနဲ့ စီးရင် ကလေးအတွက် အဆင်ပြေလောက်လားဆရာ။ - ကလေးငယ်ဆေးတွေ အများစုအတွက် လေယာဉ်ခရီး စီးရတာအဆင်ပြေပါတယ်။ သတိထားပြင်ဆင်စရာတွေတော့ ရှိတယ်။ - ကလေးအသက်ကို တွက်ချက်စဉ်းစားဘို့ မလိုပါ။ ကလေးဆရာဝန်ကတော့ လိုအပ်မှသာ ခရီးသွားပါလို့တော့ အကြံပေးပါမယ်။ ၆ လအမတိုင်မီမှာ ကာကွယ်ဆေးတွေမစုံသေးပါ။ ကလေးငယ်လေ ခုခံအားစနစ်ဖြစ်ထွန်းမှု နည်းသေးလေဖြစ်လို့ ကူးစက်ရောဂါပိုရလာနိုင်တယ်။ လူအများစုကြားသွာလာတိုင်း ဒီအချက်ကို သတိပြုရတာပါ။ - နားကိုတော့ လူကြီးတွေမှာလို သတိထားရမယ်။ ပတ်ဝန်းကျင်ဖိအား မတူရင် နားကိုသက်ရောက်ခံရတယ်။ နားအလယ်ပိုင်းဖိအားကို ပြောင်းလဲစေတယ်။ နားကိုက်လာတတ်တယ်။ အဲတာသက်သာအောင် ကလေးကို စို့စရာပိုပေးထားသင့်တယ်။ နို့ဗူးဖြစ်စေ၊ ပါးစပ်ထဲထည့်ထားရတဲ့ Pacifier ဖြစ်စေ၊ မိခင်နို့စို့စေတာဖြစ်စေလုပ်ပါ။ ကလေးအသက်ရှူနေတာကို စစ်ဆေးနေပါ။ အထက်တက်ရလေလေ လေဖိအားနည်းသလို

Normal labor ပုံမှန် ကလေးဖွါးခြင်း

Image
(ကန်တော့) ဒေါက်တာ၊ နေကောင်းတယ်နော်၊ တခုအကူအညီတောင်းချင်တာက မိန်းကလေးများ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ နေရာမှာ ရှေးဦးမီးဖွားစေနည်း၊ ချက်ဖြတ်နည်းတွေကို ပုံနှင့်တကွ ‌ပို့ပေးနိုင်မလား။ ကျေးဇူးတင်တယ်။ ရေးထားတာ ၁၃ နှစ်ရှိပြီ။ စာရေးစာရိုက်လွဲတာတွေပါနေရင် ပြင်ရပါဦးမယ်။ ဆောရီး။ စာရေးစက ပိုမှားတယ်။ ယမုန်နာဆေးခန်းမှာလာကူညီကြမဲ့ ဆရာမတွေကို သင်ပေးဖို့ ရေးထားတာ။ စာနဲ့သင်တာထက် လက်တွေ့သင်တာက ပိုထိရောက်အောင်မြင်ပါတယ်။ ၁။ ကျွန်မအသက် ၂၀။ အိမ်ထောင်သက်က ၂နှစ်ပါ။ သားဦးကိုယ်ဝန်ပါဆရာ။ မွေးမယ့်ရက်က ၁၅ ရက်လောက် လိုပါသေးတယ်ရှင့်။ အချွဲဆင်းတာတညနဲ့ နေ့လည်အထိဆင်းပြီး အခုချိန်ထိ မဆင်းတော့ပါဘူး။ အဲ့ဒါ ရက်မတိုင်ခင် စောမွေးနိုင်လားသိချင်ပါတယ်ရှင်။ အချွဲကနဲနဲပဲဆင်းပြီး ဆေးရုံရောက်တော့ ထပ်မဆင်းတော့ပါဘူး။ ခါးနာ ဗိုက်နာ ဆီးစပ်နာတာတွေလဲ မရှိပဲနဲ့ အာ့လိုဆင်းတာဘာဖြစ်လို့လဲဆိုတာလဲ သိချင်ပါတယ်ရှင့်။ ဆေးရုံမှာအခုဆို ၃ ရက်ရှိပါပြီ။ ဘာမှလဲထူးမလာဘူးဆရာရယ်။ ဘာဖြစ်တယ်ဆိုတာလဲ မသိရဘူး။ ဗိုက်ထဲကလဲ ပုံမှန်ပဲဆိုတော့ အိမ်လဲပြန်မလွှတ်တော့ ရက်ပြည့်တဲ့အထိပဲ ထားမလား မသိဘူး။ အာ့အဖြေလေးတွေလဲသိချင်လို့ ကျေးဇူးပြုပြီး ဖြေပေးပါနော်ဆရာ။ အမှားပါလဲခွင့်လွှ

Privacy ပရိုက်ဗေစီ

Image
(ကန်တော့) ဖုန်းနဲ့ မေးတာ မကိုင်ပါ။ အခုလေးတင် ၂ ခုလာတယ်။ အရင်ကလည်း မကြာခဏ တင်ပြထားတယ်။ ကွန်မင့်ကမေးတာ မဖြေပါ။ ကွန်မင့်မှာ ရောဂါအစုံ ရေးမေးတယ်။ လူကြီးမင်းတို့ရဲ့ တကိုယ်ရေအတွင်းရေးကို လူတကာဖတ်ခိုင်းသလို မလုပ်သင့်ပါ။ အီးမေးလ်နဲ့ မက်စင်ဂျာကနေလည်း ဝမ်းပုံ၊ သုက်ရည်ပုံ၊ ကိုယ်ဝန်ပျက်တဲ့ပုံ၊ သွေးဆင်းတဲ့ပုံ၊ ဆီးပုံ၊ အန်ဖတ် စတာတွေ ခဏခဏလာတယ်။ ဝမ်း၊ သလိပ်၊ သွေးဆိုတာ မျက်စိနဲ့ကြည့်ရတာမျိုး မဟုတ်ပါ။ မိုက်ကရိုစကုပ် ခေါ် အနုကြည့် မှန်ဘီလူးနဲ့သာ စစ်ရတာ။ ကျွန်တော့်မှာ ရုံးခန်းမရှိပါ။ ကိုယ့်အိမ်မှာပဲ ဖြေရပါတယ်။ အနားမှာ မိသားစုဝင်တွေ၊ အလည်လာသူတွေက အမြဲလိုလို ရှိတတ်တယ်။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ တခါတလေ စာသင်ကျောင်းမှာ။ အရုပ်တွေက မေးခွန်းနဲ့အတူ တန်းပေါ်လာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေလည်း မဖွင့်ရဲပါ။ ဆရာဝန်ဖြစ်လို့ ညစ်ပေတာတွေကို မကြောက်ပါ။ သားဖွားခန်းနား ကလေးမွေးတာ စောင့်ရင်း အစာစားတတ်ပါတယ်။ ဝမ်းပုံရတော့ ညစာစားတော့မှာ။ ကလေးဝမ်းပုံလာတော့ မနက်ထ ကော်ဖီသောက်နေရင်း ဖြေနေပါတယ်။ ကျေးဇူးပြုပြီး အခြေခံအကျဆုံးယဉ်ကျေးမှုကို သတိပြုစေလိုပါတယ်။ လိင်လမ်းပုံကို ယောက်ျားတွေရော အမျိုးသမီးတွေကပါ ပို့တယ်။ ပုံတွေပို့ရင် လုံခ

TB တီဘီရောဂါ

Image
Dr. ရှင့် ကိုယ်ဝန်သည်က TB ရောဂါကူးစက်ခံရသည်ရှိသော် ဘယ်လို့ကုသမှုမျိုး ခံယူလို့ရပါသလဲရှင့် ဖြေကြားပေးပါအုံးရှင့်။ ကျွန်မက ဝန်ထမ်းဆိုတော့ အတူထိုက် အတူစားတဲ့ သူငယ်ချင်းက ချောင်းဆိုးတာရှည်လို့စစ်ကြည့်တာ TB လို့ အဖြေထွက်လာလို့ပါရှင့်။ တီဘီ ရောဂါဆိုတာ AFB + ve ခေါ် သလိပ်ထဲမှာ ပိုးပါနေသူ ချောင်းဆိုးတာကို ရှူမိသူတွေ တီဘီကူးစက်နိုင်တယ်။ သလိပ်ထဲ ပိုးမတွေ့သူကနေ မကူးလောက်။  သလိပ်ထဲပိုးပါနေသူနဲ့ ၆ ပေအတွင်းနေသူတွေကို ကူးစက်ကောင်း ကူးစက်နိုင်တယ်။  ဒါပေမဲ့ BCG ခေါ် တီဘီကာကွယ်ဆေးထိုးထားသူတွေနဲ့ တီဘီပိုးကိုတနည်းနည်းနဲ့ ခံနိုင်ရည် ရှိနေသူတွေကို မတူးစက်ပါ။ BCG ကို ကလေးတိုင်း မွေးစကတည်းက ထိုးပေးတယ်။ တီဘီဖြစ်နေ မနေ စစ်နည်း တွေ တင်ပြထားတယ်။ တီဘီကုသနည်းလည်း တင်ပြထားတယ်။ MDR TB ခေါ် ဆေးယဉ်တီဘီအကြောင်းလည်း တင်ပြထားတယ်။ အားလုံး ဆရာ့ဘလော့မှာ ရှိတယ်။ ဒေါက်တာတင့်ဆွေ

ALBUTEROL NEBULES

Image
မင်္ဂလာပါ ဆရာ nebulizer ကို တရက် အကြိမ်ရေ ဘယ်လောက်များများ အသုံးပြုလို့ ရလဲဆရာ အသုံး Bronchospasm ပန်းနာလို အသက်ရှူလမ်းလေပြွန်လေးတွေကျဉ်းခြင်းအတွက် ရှူရတယ်။ လူကြီး By nebulizer: 2.5mg (0.5mL of 0.5% diluted to 3mL with sterile normal saline, or 3mL of 0.083%) 3–4 times daily တနေ့ ၃-၄ ကြိမ် သ်ို့မဟုတ် ကုသပေးနေတဲ့ဆရာဝန်ညွှန်တဲ့အတိုင်း။ သတိပြုရန် အလွန်အကျွံသုံးစွဲခြင်း မပြုရ။ Sensitivity to sympathomimetics. Discontinue if paradoxical bronchospasm or cardiovascular effects occur. Cardiovascular disease (eg, coronary insufficiency, arrhythmias, hypertension). Diabetes. Hyperthyroidism. Seizure disorders. Reevaluate periodically. Elderly. Labor & delivery. Pregnancy (Cat.C). Nursing mothers: not recommended. Interactions တွဲမသုံးသင့်သော အခြားဆေးများ Avoid MAOIs, tricyclics within 14 days (increased cardiovascular effects). Oral sympathomimetics: not recommended. Antagonized by β-blockers. Monitor digoxin. Caution with other drugs that may lower serum potassium (eg, diuretics). ဘေးထွက်သက

Symptoms of Breast Cancer ရင်သားကင်ဆာလက္ခဏာများ

Image
(ကန်တော့) ရင်သားကင်ဆာဖြစ်ရင် ဘယ်လိုလက်ခဏာတွေပြလဲရှင့် မျှဝေပေးပါအုံးနော် ဘယ်ဘက်ရင်သားက ခဏခဏတစစ်စစ်(တဆစ်ဆစ်)နဲ့မလို့ပါ ဆရာဝန်ကို မေးတာ မဟုတ်ပါ။  တယောက်နဲ့တယောက် မတူတတ်ပါ။ တချို့က ဘယ်လိုမှ မထူးခြားဘဲ စစ်ဆေးမှသာ သိတာလည်း ရှိတယ်။ 1. ရင်သားတဖက်ဖက် သို့မဟုတ် ချိုင်းတဖက်ဖက်မှာ အလုံးအကျိတ်စမ်းရခြင်း။ 2. ရင်သားတဖက်ဖက်က အရေပြားတနေရာ ထူလာခြင်း။ 3. ရင်သားတဖက်ဖက်က အရေပြား အနေရခက်သလိုဖြစ်လာခြင်း။ 4. ရင်သားတဖက်ဖက်က အရေပြားခွက်ဝင်နေခြင်း။ 5. ရင်သားတဖက်ဖက်က နို့သီးခေါင်းခွက်ဝင်နေခြင်း။ 6. ရင်သားတဖက်ဖက်က အရောင်ရင့်အဝိုင်းနေရာ အရောင်ပြောင်းလာခြင်း။ 7. ရင်သားတဖက်ဖက်က နို့သီးဖျား ခွက်ဝင်ခြင်း။ 8. ရင်သားတဖက်ဖက်က နို့ သို့မဟုတ် သွေး ထွက်ခြင်း။ 9. ရင်သားပုံပန်း အရွယ်အစားပြောင်းလာခြင်း။ 10. ရင်သားနာခြင်း။ သံသယရှိရင် ဆရာဝန်ပြပါ။ အာထွာဆောင်း သို့မဟုတ် မင်မိုဂရမ်နဲ့ စစ်ဆေးပါလိမ့်မယ်။ ဖေ့စ်ဘွတ်မှာ ရေးတာတိုင်းကိုတော့ မယုံပါနဲ့။ အရပ်ဆေးနည်းတွေ မလုပ်ပါနဲ့။ Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ https://dr-tint-swe.blogspot.com/2021/07/breast-cancer-risk.html ဒေါက်တာတင့်ဆွေ

Not All Mistakes Are Good လည် နှင့် လယ်

Image
လွန်ခဲ့တဲ့ ၁၂ နှစ်က ရေးထားတဲ့ နားစည်ပေါက်ခြင်းစာ နှစ်လည်စာအဖြစ် ပြန်တွေ့လို့ ပြန်တင်ပါတယ်။ တယောက်က ထောက်ပြမှ နားအလယ်ကို နားအလည်လို့ မှားရေးထာတာကို သိပါတယ်။ ကျေးဇူး။ ဖေ့စ်ဘွတ်မှာရော ဘလော့မှာပါ လိုက်ပြင်ရတယ်။ စာရေးသူတိုင်း ရေးစမှာ အမှားတွေပိုပါလေ့ရှိတယ်။ ကျွန်တော်က ဆယ်စုနှစ်တခုခွဲကြာပြီ။ စာအဟောင်းတွေမှာ ပိုမှားခဲ့တယ်။ အမှားတွေ့တိုင်း ပြန်ပြင်နေရတယ်။ ပြင်စရာ မကုန်သေးပါ။ ဆောရီး။ အသစ်ရေးတာတွေထဲမှာလည်း မှားတတ်လို့ သိလာရင် ပြင်ပါတယ်။ အမှားဆိုတာ သိတာနဲ့ ပြင်လိုက်ရင် မှန်သွားတယ်။ ဒေါက်တာတင့်ဆွေ

Stroke လေဖြတ်တဲ့လူနာ

Image
ဆရာ ဒုတိယအကြိမ်လေဖြတ်ခြင်းအတွက်လေ့လာလို့ဖတ်လို့ရတဲ့ဆောင်းပါးများရှိလားခင်ဗျာ လိုက်ရှာတာ ပထမတစ်ကြိမ်(တကြိမ်) လေဖြတ်ခြင်းအတွက် ပြန်လည်ကုသရေးပဲတွေ့လို့ ဒုတိယကြိမ်လေဖြတ်တာက ပိုဆိုးလို့ ပြန်လည်ထူထောင်သန်စွမ်းတဲ့အတွေ့ကြုံတွေသိချင်တာပါဆရာ Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်းhttps://dr-tint-swe.blogspot.com/2023/05/stroke.html  Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/stroke.html Seasonal variation in types of stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်းနှင့် ရာသီဥတု https://dr-tint-swe.blogspot.com/2022/03/seasonal-variation-in-types-of-stroke.html Stroke Risks လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ https://dr-tint-swe.blogspot.com/2022/09/stroke-risks.html Stroke လေဖြတ်တဲ့လူနာကို ဘယ်လိုကုသမလဲ https://dr-tint-swe.blogspot.com/2022/05/stroke.html After Stroke လေဖြတ်ပြီးနောက် https://dr-tint-swe.blogspot.com/2021/05/after-stroke.html Vitamins for Stroke Recovery လေဖြတ်ထားသူတွေအတွက် အားဆေး https://dr-tint-swe.blogspot.com/2022/07/vitamins-for-stroke-recovery

Stroke လေဖြတ်ခြင်း

Image
ဦးနှောက်သွေးကြော မတော်တဆမှု တမျိုးမျိုးဖြစ်သူတွေ ကိုယ်တခြမ်း အရင်ကလို အလုပ် မလုပ်နိုင်ကြတော့ပါ။ ဆေးညာစာတွေကို အင်္ဂလိပ်လိုသာသင်ရတော့ CVA လို့ အတိုကောက်ခေါ်တယ်။ အရပ်သုံးအင်္ဂလိပ်လို Stroke လို့ခေါ်ပါတယ်။ လူနာတွေက မြန်မာစကားသာပြောကြတာဖြစ်တော့ လေဖြတ်တယ်လို့ အများဆုံးသုံးပါတယ်။ ဆေးပညာမေးခွန်းတွေ ဖြေရတော့ ရောထွေးခေါ်ဝေါ်နေကြတာ ဖတ်ရတယ်။ တချို့က လေဖျန်းတဲ့။ တချို့က လေဖြန်းတဲ့။ တချို့ကရောချတယ်။ ဖြတ်တာနဲ့ ဖျန်းတာ မတူပါ။ လေဖြတ် = ကိုယ်ခန္ဓာသွေးကြောများအတွင်း၌ လိုအပ်သော လေတွန်းပို့အား ပြတ်တောက် ချို့တဲ့သည်။ အကြောသေသည်။ သွက်ချာပါဒဖြစ်သည်။ လေဖျန်း = ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ လေအားကြီးစွာ တွန်းကန်သက်ရောက်သဖြင့် ရောင်ရမ်းခြင်း ဖြစ်သည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်မြန်မာတိုင်းရင်းဆေးအသုံးအရ ရေးထားတာသာဖြစ်တယ်။ လေအားလို့ ဆရာဝန်တွေက မသုံးပါ။ ဦးနှောက်သွေးကြောပိတ်ပြီး သွေးမလျှောက်တာနဲ့ သွေးကြောပေါက်ထွက်ပြီး သွေးယိုတာ။ ဘယ်လိုနည်းဖြစ်ဖြစ် ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်။ စစ်ဆေးမှာသာ အတိအကျ သိတယ်။ ကုသနည်း မတူပါ။ ကိုယ်ရောင်တာကိုသာ ဖျန်းတယ်လို့ သုံးရပါမယ်။  ကိုယ်တခြမ်းအလုပ်ပုံမှန်မလုပ်နိုင်တာကို လေဖြတ်တယ်က မှန်တယ်။

Woman receives sister's womb in first UK transplant သားသားအိမ်အစားထိုးခွဲစိတ်ကုခြင်း

Image
လွန်ခဲ့တဲ့ ၂ ရက်က၊ ယူကေနိုင်ငံမှာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးဟာ အသက် ၄၀ အရွယ် သူ့အမဆီက ပေးလှူတဲ့ သားအိမ်ကို လက်ခံရယူပါတယ်။ အမည်တွေကို ထုတ်ဖေါ်ခြင်း မပြုပါ။ ဆရာဝန် ၃၀ ပါတဲ့အဖွဲ့ဟာ ၁၇ နာရီကြာခွဲစိတ်ကုသပေးခဲ့ရတယ်။ သားအိမ်လက်ခံရယူတဲ့ စုံတွဲမှာ သိုလှောင်သိမ်းထားတဲ့ သန္ဓေဆဲလ်အစုတွေရှိထားလို့ အချိန်ကျရင် သားအိမ်သစ်ထဲ ထည့်ပေးနိုင်ပါလိမ့်မယ်။ လူနာတွေ နေကောင်းကြပါတယ်။ ဒေါက်တာတင့်ဆွေ

Nocturia ညအချိန်တွင် ဆီးသွားခြင်း

Image
ငယ်သူငယ်ချင်းတယောက်က ပို့ပြီး မေးပါတယ်။ ဖတ်ကြည့်တယ်။ မျက်စိက သတ်ပုံမမှန်တာကို အရင်သိတယ်။ အချက်အလက်တွေက ယေဘုယျသာ ဖြစ်တယ်။ လူတဦးစီကို ကြည့်ရမယ်။ ကလေးနဲ့ လူကြီး။ အမျိုးသမီးနဲ့ အမျိုးသား။ ရောဂါအခံ။  Nocturia ဘာတွေကနေ ညအခါ ဆီးထသွားရသနည်း Polyuria ဆီးထုတ်များနေခြင်း၊ Diabetes ဆီးချို High blood pressure သွေးတိုး၊ Benign prostatic hyperplasia ယောက်ျားဆီးကျိတ်ကြီးခြင်း၊ Heart disease နှလုံးရောဂါ၊ Sleep apnea or other sleep disorders အိပ်စက်ခြင်းရောဂါ Pelvic organ prolapse အမျိုးသမီးများ တင်ပါးဆုံတွင်အင်္ဂါကျွံကျခြင်း၊ Childbirth, pregnancy or menopause ကိုယ်ဝန်၊ ကလေးဖွားခြင်း၊ သွေးဆုံးခြင်း၊ Dirutics ဆီးသွားစေတဲ့ဆေး။ ကိုယ်ရောင်၊ သွေးတိုးအတွက် တချိုု့ဆေးတွေထဲမှာ ပါတယ်။ Beer ဘီယာသောက်ခြင်း။ Habit or routine အကျင့်ပါနေခြင်း။ Drinking too much fluid before bedtime အိပ်ရာမဝင်မီ ရေ အရည်သောက်များခဲ့ခြင်း။ Polyuria ဆီးသွားများခြင်း https://dr-tint-swe.blogspot.com/2021/05/polyuria.html Frequent urination ဆီးသွားတဲ့အကြိမ်များစေနိုင်တဲ့ အကြောင်းရင်းများ https://dr-tint-swe.blogspot.com/2020/12/frequent-

Morphine မော်ဖိန်းဆေး၏ ဘေးထွက်သက်ရောက်မှုများ

Image
Morphine ဆက်တိုက်သောက်လာတာ ၂လကျော် ၃လ လောက်ရှိလာပြီ  နေရင်း မျက်လုံး တွေ အရမ်းဝါးလာပါတယ် တခြား သောက်နေရတဲ့သူတွေရော ဖြစ်ကြလား သိချင်ပါတယ် ရေရှည် သောက်သွားရမှာမို့ မျက်လုံးအတွက် စိုးရိမ်လို့ပါ။ မော်ဖိန်းဆေး၏ ဘေးထွက်သက်ရောက်မှုများ Drowsiness အိပ်ချင်၊ stomach pain and cramps ဗိုက်အောင့်၊ dry mouth အာခေါင်ခြောက်၊ headache ခေါင်းကိုက်၊ nervousness စိတ်မတည်ငြိမ်၊ mood changes စိတ်မူပြောင်း၊ small pupils မျက်စိသူငယ်အိမ်ကျဉ်း၊ difficulty urinating or pain when urinating ဆီးသွားရခက်၊ ဆီးသွားရင်နာ။ ဆေးတိုင်းမှာ အားဆေးဆိုတာဖြစ်စေ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ လိုအပ်ရင် သုံးကြရပါတယ်။ မူးယစ်အုပ်စုဝင်ဆေးတွေကိုပါ သုံးကြရတယ်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်ရင် သုံးရတယ်။ ဒေါက်တာတင့်ဆွေ

Cancer ကင်ဆာ နှင့် အရပ်ဆေးနည်းများ

Image
ဆရာဝန်ကို မေးတာတွေ မဟုတ်ပါ။ ၁။ ကျွန်မအဖေ အသက် ၇၇နှစ်ရှိပါပြီ အဆုပ်ကင်ဆာလို့ အဆုပ်နှင့်ရင်ခေါင်းအထူးက ကင်ဆာဆရာဝန်စီ (ဆီ) လွှဲပါတယ်ရှင့် လူနာကို ကင်ဆာလို့ အသိမပေးချင်တာကတကြောင်း ဆေးသွင်းရင် ဒဏ်မခံနိုင်မှာစိုးတာကော ကင်ဆာဆရာဝန်က လူနာကိုကင်ဆာလို့ပြောလိုက်မှာစိုးပီး(ပြီး) ကင်ဆာဆရာဝန်နှင့်မပြဘဲ ဗမာဆေးနဲ့ ကုနေပါတယ်ရှင့် ဘယ်လိုကုသင့်လဲရှင့် အကြံပေးစေလိုပါတယ်ရှင့် ၂။ လူနာရှင်ပါရှင့် ရင်သားကင်ဆာကို အကြိတ်ခွဲထုတ်ပြီး ဆရာဝန်နဲ့ဆက်မကုပဲ တိုင်းရင်းဆေးကုထားပါတယ် လူကတော့ ကျန်းမာပါတယ်  (၅)လ အကြာမှာ အကြိတ်တစ်လုံး(တလုံး)ပြန်ပေါ်လာလို့ တိုင်းရင်းဆေးနဲ့ ဆက်မကုချင်တော့ဘူး ဆရာဝန်နဲ့ပြန်ကုချင်တယ် ဆေးမတည့်ဖြစ်ပြီးတတ်လား ဘာဆိုးကျိုးရှိနိုင်လဲ   ကူညီဝေမျှပေးကြပါအုံးရှင့် ကင်ဆာမှန်သမျှ  ၁။ စောစောသိရမယ်။ ၂။ စနစ်တကျ ကုသရမယ်။ ၃။ ပြန်ပြချိန်မှာ ပြန်ပြရမယ်။ ၄။ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေး၊ ဗမာဆေး၊ ကုလားဆေး၊ တရုပ်ဆေးတွေ မသင့်ပါ။ ၅။ အစားအသောက်အတွက် ပူပင်ရန် မရှိပါ။ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ပါဆိုတာကလွဲရင် တသက်လုံးစားလာတာတွေ အကုန် စားနိုင်တယ်။ ဖြည့်စွက်စာတွေအတွက် ပိုက်ဆံအပိုကုန်မခံသင့်ပါ။ ကင်ဆာကုရတာကိုက အကုန်အကျ များတယ်။ ဒေါက်တာတ

MRI scan စကန် နှင့် Prostate Cancer ဆီးကျိတ်ကင်ဆာ

Image
အမျိုးသား ဆီးကျိတ်ကင်ဆာကို MRI scan စကန်နဲ့ စောစောသိရှိနိုင် လက်ရှိမှာ အမျိုးသား ဆီးကျိတ်ကင်ဆာကို PSA သွေးစစ်ရပါတယ်။ MRI scan စကန်စစ်တာ ၁၀ မိနစ်ကြာမယ်။ အသက် ၅၀ ကျော် အမျိုးသားတွေ ဆီးကျိတ်ကင်ဆာ စစ်ထားသင့်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

Best Vegan Protein Sources ရိုတင်းဓါတ်

Image
ပရိုတင်းဓါတ်ကို ဟိုအရင်က အသားဓါတ်လို့ လွဲခေါ်ခဲ့ကြတယ်။ အသားမစားသူတွေဖြစ်ဖြစ် အစုံစားသူတွေဖြစ်ဖြစ် ပရိုတင်းဓါတ်ရစေတဲ့ အစားအစာတွေ အများကြီးရှိတယ်။ ကင်ဆာနေရာတွေမှာ ကုသနည်းထက် အစားအစာကိုသာ မေးလေ့ရှိကြတယ်။ ဖြေတာတွေကလည်း မှန်တာရှားတယ်။ Vegan Protein Sources 1. Soy 2. Nutritional Yeast 3. Seitan 4. Whole Grains 5. Green Veggies 6. Sprouted Bread 7. Potatoes 8. Legumes 9. Seeds 10. Nuts ဘာသာမပြန်တော့ပါ။ ပုံတွေသာကြည့်ပါ။ အရင်ကတော့ ဆေးပညာစာတွေ ရေးစက ဘာသာပြန်ပြီး ပြည့်စုံအောင် ခပ်ရှည်ရှည်ရေးတယ်။ လူအများစုက စာမဖတ်ကြပါ။ ဖတ်ချိန်မရလို့ ဖြစ်ပါတယ်။ အရုပ်သာကြည့်လေ့ရှိတယ်။ ဆေးဗူးခွံလှရင် ဝယ်ချင်ကြတယ်။ ဒေါက်တာတင့်ဆွေ

NACLO-R ACECLOFENAC, RABEPRAZOLE

Image
ဆရာရှင့် ပုံပါဆေးကိုကျမကအာရုံကြောအားဆေးထင်နေမိတာပါ ဆရာပြောမှအနာသက်သာဆေးဆိုတာသိရပါတယ် အဲ့ဆေးကို သောက်ခိုင်းတုန်းက ဆရာ၀န်က ဘယ်နှစ်လဘယ်နှစ်ရက်သောက်ပါလို့မပြောလိုက်ပါဘူးရှင် အဲ့ဆေးပေးပြီးတော့ ၆ လနေရင် လာပြန်ပြ(ပြန်လာပြ)ပါလို့ပဲပြောလိုက်ပါတယ်ဆရာ အခုမှအနာသက်သာဆေးဆိုတာသိရတော့ ဒီဆေးကို ကျမအမြဲတမ်းစွဲသောက်လို့ရော ရပါ့မလားရှင် အကိုက်အခဲပျောက်ဆေး‌ နေ့တိုင်းသောက်နေရသလိုမျိုးများဖြစ်နေမလားဆရာ အခုတောင် အစာအိမ်က အချဉ်ပြန်ပြန်တက်နေတာပါ အနာသက်သာဆေးတွေက အကိုက်အခဲပျောက်ဆေးတွေလိုပဲအစာအိမ်ထိခိုက်နိုင်ပါသလားရှင်။ဒီဆေးသောက်တာ သုံးကဒ်တော့ရှိပါပြီဆရာ။အကြောတက်တာနံရိုးတွေနာတာတော့သက်သာပါတယ်ဆရာ။ ကျမရဲ့ခါးသိမ်ဘယ်ဘက်နံရိုးထဲကအိပ်မရအောင် ဘေးစောင်းလို့ မရလောက်အောင်ကိုနာလို့ကျောက်ကပ်ထင်ပြီးသွားပြတာပါဆရာ ကျောက်ကပ်က ကျောက်တည်လို့နာတာမျိုး မဟုတ်လို့ ကျောက်ကပ်ဆရာ၀န်က ဒီဆေးကိုပေးလိုက်တာပါ။ ၆လနေမှသူ့ဆီပြန်ပြခိုင်းတာပါဆရာ။ ဘယ်လောက်သောက်ရမယ်ဆိုတဲ့အချိန်မျိုးတော့ မပြောလိုက်ပါဘူး ကျမကဒီဆေးကိုအာရုံကြောအားဆေးလို့ထင်ခဲ့မိလို့ ဘယ်လောက်ကြာကြာသောက်ရမလဲဆိုတာမမေးလိုက်မိတာပါရှင်။အဲ့တာကျမဒီဆေးကိုရေရှည်6လလောက်အထိစွဲသောက်လို့ရနိုင်ပါ့မလားဆိ

Thyroid nodule လည်ပင်းအကျိတ်

Image
၁။ မင်္ဂလာပါဆရာ Free T4 = 12.56 pmol/L(12-22)  TSH = 3.2 µIU/ L (0.27-4.2) ရောဂါလက္ခဏာ ခံစားရတာကတော့ စိတ်တိုလွယ်လာတယ် မောတယ် ဆံပင်ကျွတ်တယ် မျက်လုံးပြူးတယ် မေ့တတ်လွယ်တယ် အိပ်ရေးမဝဘူး အာရုံစူးစိုက်၍မရဘူး အကြိတ်(အကျိတ်)စဖြစ်တာကတော့ ၁၀နှစ် နီးပါလောက်တော့ရှိပါပြီ လက်ရှိသောက်နေသောဆေး မရှိသေးပါ ဆရာ လည်ပင်းမှာပါဆရာ အမှားပါရင် တောင်းပန်ပါတယ် ဆရာ ဖြစ်တဲ့သူ အသက် မသိရ။ ဆေးစစ်ချက်အရ ဟော်မုန်း မနည်း မများ။ ကုသပေးနေတဲ့ဆရာဝန်ကု နောက်ဘယ်တော့ထပ်စစ်ပါဆိုတဲ့အချိန် ထပ်စစ်ရမယ်။ ၂။ မင်္ဂလာပါဆရာ ကျမရဲ့အမေက အသက် ၆၀ပါ လည်ပင်းမှာအကျိတ်လေးတွေ့လို့ ဒီနေ့ Ultrasound ရိုက်ခဲ့ပါတယ်ဆရာ လည်ပင်းအစ်တာ အစာနင်တာ အစာသီး (သည်း) တာ နာတာ စသည့်လက္ခဏာတွေမရှိပါဘူးဆရာ Ultrasound Result လေးကို ဖတ်ပြီး လိုအပ်တာပြုလုပ်နိုင်ဖို့ လမ်းညွှန်ပေးပါဦးဆရာ ဆရာ အသက်ရှည်ကျန်းမာပါစေရှင် ရိုသေစွာဖြင့် Thyroid nodule လို့ ဖတ်ရတယ်။ ဆေးစစ်ချက်မှာ ပုံတွေ မလိုပါကြောင်း အခါပေါင်းများစွာတင်ပြထားတယ်။ မှတ်ချက်စာကြောင်းသာ လိုတယ်။ ဆေးစစ်ချက်အဖြေကို စစ်ဆေးခိုင်းတဲ့ ဆရာဝန်ကလည်း လိုတာကို ပြောပါမယ်။ Thyroid nodules ဆိုတာ ရောဂါခံစားရတာ မရှိ။ ရှားရှားပါးပါးလောက်သ

Chemotherapy for ovarian cancer မျိုးဥအိမ်ကင်ဆာကို ခီမိုသာရာပီးပေးမယ်ဆိုရင်

Image
- သားဥအိမ်ကင်ဆာဖြစ်တာ ဆေးဘယ်နှစ်ကြိမ်သွင်းရလဲ တစ်ကြိမ်(တကြိမ်)သွင်းရင်ရော ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ကင်ကင်တို့ရေအားကိုးပါတယ်နော် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ တဦးက ကူညီဖြေပေးထားတယ်။ - သူများကိုမေးတာနဲ့စာရင် ကင်ဆာဆရာဝန်ကိုမေးပါ အကြိမ်အရေအတွက်ပြောပြပါတယ် နေပြည်တော်ဇဗ္ဗူသီရိမှာတခါဓါတ်ကင်ရင် တသိန်းခွဲ ပေးရပါတယ် ကင်ဆာဆိုတာ သိရရင်အမြန်ကုသပါ ယူအက်စ်အေ ကင်ဆာဌာနတခုရဲ့ လမ်းညွှန်ကို တင်ပြပါမယ်။ မျိုးဥအိမ်ကင်ဆာကို ခီမိုသာရာပီးပေးမယ်ဆိုရင် ပဌမနေ့က စပေးမယ်။ ၃-၄ နာရီကြာမယ်။  ရက်ခဏနားပြီး ဆေးရဲ့ ဘေးထွက်သက်ရောက်မှုကို စစ်ဆေးမယ်။  ၃ ပတ်တကြိမ်ကို ဆိုက်ကယ်တခုလို့ ခေါ်တယ်။  အများအားဖြင့် စုစုပါင်း ၆ ဆိုက်ကယ် ပေးတယ်။  တချို့ကို ဆိုက်ကယ် ပိုပေးရတယ်။ ဒေါက်တာတင့်ဆွေ

Sterilization ပိုးသန့်ခြင်း

Image
ဖေ့စ်ဘွတ်မှာ အသက်ကြီးအမျိုးသမီးတယောက် မတော်တဆဖြစ်ရာကနေ ပေါက်ပြဲသွားလို့ ဆေးခန်းတခုကိုသွား၊ ဆေးခန်းက အိမ်မှာပြန်နေတဲ့ဆရာဝန့်အိမ်ကိုလိုက်သွား၊ အဲဒီမှာအနာကိုချုပ်ပေး၊ ကုန်ကျစရိတ်တောင်းတာလည်းပေး၊ ၂-၃ ရက်နေလို့ဆေးထည့်ဖို့ ပတ်တီးဖြေတော့ အနာရင်းနေတာ စသဖြင့် တိတိကျကျရေးထားတာကို ဖတ်ရပါတယ်။ စတာရာလိုက်ဇေးရှင်း ဆိုတဲ့စကားလုံးကို နှစ်နေရာမှာသုံးတာမှာ အဓိပ္ပါယ်တွေမတူပါ။ သားသမီးမလိုချင်တော့လို့ သားကြောဖြတ်တာကိုလည်း ဒီလိုခေါ်သလို ပိုးမွှားသန့်အောင် လုပ်ပေးရတာကိုလည်း စတာရာလိုက်ဇေးရှင်းခေါ်တယ်။ လူတယောက်ကို ချီးမွမ်းတဲ့အခါ သန့်ပြန့်လို့ပါလားလို့ ပြောကြတယ်။ ကိုယ်ခန္ဓာသာမက ပတ်ဝန်းကျင်လည်း သန့်ရှင်းဘို့ လိုတယ်။ ဆေးကုသရာမှာတော့ အထူးသန့်ရှင်းရေးလုပ်ဘို့ လိုပါတယ်။ လူသန့်ရှင်းရေး နဲ့ အိမ်သန့်ရှင်းရေးကိစ္စတွေမှာ သာမန်အားဖြင့် အမျိုးသမီးတွေက ပိုကျွမ်းကျင်ကြတယ်။ မိန်းကလေးတိုင်းလည်း မဟုတ်သလို၊ ယောက်ျားလေးထဲမှာ ဖိုးသန့်ရှင်းတွေရှိတယ်။ တာဝန်အရသာမက စိတ်ပါမှ အရာရာ သေခြာတယ်၊ ခိုင်မာတယ်။ အမိန့်ထုတ်နိုင်သူတွေကနေ ကြေညာပြီး လိမ်တာမျိုးက တခြားနယ်ပယ်မှာ ရချင်ရပါမယ်။ ဆေးလောကမှာတော့ အသက်နဲ့ ကစားတာဘဲ။ HIV တို့ B ပိုး၊ C ပိုးတို့

RSV vaccine ကာကွယ်ဆေး

Image
အမေရိကန် FDA ကနေ အသိအမှတ်ပြုလိုက်ပါတယ်။ RSV (respiratory syncytial virus) ခေါ် ဗိုင်းရပ်စ်ကူးစက်ရောဂါကို ကာကွယ်မှုပေးမဲ့ ပဌမဆုံး ကာကွယ်ဆေးဖြစ်တယ်။ Pfizer ကနေထုတ်လုပ်တယ်။ Abrysvo ကာကွယ်ဆေးလို့ ခေါ်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ထိုးပေးရတယ်။ ကလေး အသက် ၆ လ အထိကာင်္ကယ်မှုရစေမယ်။ ကိုယ်ဝန်ဆောင်မိခင် ၇၀၀၀ ကို စမ်းခဲ့ပြီးပြီ။ ဒေါက်တာတင့်ဆွေ

Meta ဖေ့စ်ဘွတ် ဒုက္ခတချို့

Image
ဖေ့စ်ဘွတ် ပေ့ချ် ခေါ် စာမျက်နှာမှာ လူလာများတယ်။ ကွန်မင့်တွေလည်း များတယ်။  ဒါပေမဲ့ တချို့ကွန်မင့်တွေက ဘာရေးမှန်း မသိ။ သတ်ပုံကြောင့် မဟုတ်ဘဲ ဆိုလိုတာကို နားမလည်ပါ။ တချို့ကွန်မင့်တွေက နည်းနည်းရိုင်းစိုင်းတယ်။  ကင်ဆာနေရာ ၂ ခုကို နေ့စဉ်နေ့တိုင်း သွားဖတ်ပြီး ဆရာဝန်ကိုမေးတာမဟုတ်လည်း ဖြေသင့်ရင် မေးတဲ့သူရဲ့ မက်စင်ဂျာ ဖတ်ပါရန်လို့ ရေးပြီး မက်စင်ဂျာကနေ ဖြေတယ်။  ကင်ဆာနေရာမှာ မေးသူတချို့က မက်စင်ဂျာ မပါတော့ ဖြေမရပါ။  ကွန်မင့်နေရာကနေလည်း လင့်ပို့လို့မရတဲ့ စည်းကမ်း ရှိပုံရတယ်။ စည်းကမ်းထားတာ ကောင်းပါတယ်။ ဖေ့စ်ဘွတ် ပေ့ချ် ခေါ် စာမျက်နှာကနေ ဆေးစစ်ချက်ပုံတွေကို ဘယ်သူကပို့ပို့ ရှင်းရှင်းလင်းလင်း ဖတ်မရနိုင်။ ချဲ့လည်း မရ။ ကွန်မင့်ကိုနှိပ်လည်း သူ့ဆီ သွားမရ။ ရိုးရိုးဖေ့စ်ဘွတ် မင်စင်ဂျာက အဆင်ပြေတယ်။ နေမကောင်းလို့မေးတာတွေ ဖြေတာမှာ ရိုးရိုးဖေ့စ်ဘွတ် မင်စင်ဂျာကိုသာ အများဆုံးသုံးပါတယ်။  တချို့က ကင်ဆာရောဂါအဖြေကို တော်တော်နဲ့ မဖတ်ကြ။ ကနေ့တယောက်က ၂၀ ရက်တိတိကြာမှ ကျေးဇူးပါတဲ့။ ဘလော့တိုင်းလည်း မကောင်းပါ။ ဘလော့ထားသူတွေ ကင်ဆာဖြစ်ရင် မေးလို့ရကြမှာ မဟုတ်တော့။ တခြား ဆရာဝန်တွေတော့ အများကြီးရှိပါတယ်။ ဒေါက်တာတင့်ဆွေ

Nutrition for women အမျိုးသမီးတွေအတွက်အာဟာရ

Image
၁။ ဆရာရှင့် ကျမ ကလေးနို့တိုက်မိခင်ပါ။ ကလေးက ၁လရှိပါပြီ။ ကျမအရွက်လုံးဝမစားပါဘူးရှင့် အသားတော့စားပါတယ်။ အရွက်မစားတဲ့အတွက် နို့ထဲမှာ ကဘေလးအတွက်လိုအပ်တဲ့ အဟာရချို့တဲ့နိုင်ပါသလားရှင့်။ အကယ်၍ ချို့တဲ့တယ်ဆိုလျှင် လိုအပ်တဲ့အဟာရကို အခြားဘယ်နည်းနဲ့ ဖြည့်ပေးနိုင်ပါသလဲရှင့်။ လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ အသီး + အရွက်တွေကနေ အများဆုံးရတာက ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ ဖြစ်တယ်။ အသီးအရွက်မစားသူတွေက အဲတာတွေကို ဆေးအဖြစ်သောက်နေရမယ်။ ၂။ ဆရာရှင့် ရိုသေစွာမေးပါရစေ။ သမီး ဥပုသ်စောင့်တာက ၃ လလောက်ရှိပါပြီ။ သမီးမှာ မနှစ်ကတော့ ပိုတက်စီယမ် လျော့နည်းလို့ ဆေးရုံတက်ရဖူးပါတယ်။ မွေးရာပါ အရိုးအသားတွေ ပျော့ပါတယ်။ ငယ်ငယ်က တော့ ကြာဆူးအတွေကြီးပေါက်တယ်။ အကြောတက်ပါတယ်။ အခုက ဘယ်ဘက် ခြေထောက် ခြေဖဝါး ထုံကျင်နာလို့ ဆရာဝန်က neobest fitfree ဆေး ၂မျိုး ညဘက် သောက်ခိုင်းလို့သောက်တာ နောက်နေ့မနက်ကျ အရမ်းမူးလို့ fitfre မသောက်တော့ဘဲ ကယ်စီဗိုက်တာ ဖိုတီနဲ့ neobion အနီသောက်ပါတယ်။ ညဘက်အိပ်ခါနီး သောက်ခိုင်းလို့ သောက်တော့ ဥပုသ်နဲ့သောက်လို့လား မသိဘူး၊ အစာအိမ်က လေချဉ်တက်ပြီး ရင်ထဲက မအီမသာဖြစ်ပါတယ်။ တနေ့ကတော့ အန်ပြီး ဝမ်းသွားတာ ဒီနေ့ပါဆို ၃ ရက်ပါ။ အစား

Yoga ယောဂ

Image
၁။ ဆရာရှင့်ကျွန်မက သားဉအိမ်(သားဥအိမ်)ကင်ဆာ ကုထားပီး(ပြီး) ဆေးသွင်းဓာတ်ကင်ပီးပါပီ(ပြီးပါပြီ) ဆရာက ယောဂကျင့်ရမယ် လေ့ကျင်ခန်း လုပ်ရမယ် ပြောပါတယ် ဘာကစလုပ်ရမယ်ဘာတေ(တွေ) လုပ်ရမလဲမသိလို့ ဖြေပေးပါရှင့် ကျေးဇူးတင်ပါတယ် ယောဂသင်တန်းဆရာမက ပြောပါမယ် ၂။ ဆရာ ယောဂ ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ရှင်းပြပေးပါ။ အင်္ဂလိပ်လိုရေးထားတာတွေကတော့ အများကြီး။ နည်းနာတွေကလည်း များတယ်။ မြန်မာလို မရေးအားသေးပါ။ လေ့ကျင့်ခန်းဆိုတာ လိုသူတိုင်း မလုပ်မဖြစ် လုပ်ရတယ်။ ကိုယ့်အခြေအနေ ကိုယ့်လိုအပ်ချက်အရ နည်းရွေးရတယ်။ ကြာချိန်ရွေးရတယ်။ ၃။ တနေ့တခြားတက်လာတဲ့ weight ကို ထိန်းဖို့ နည်းလမ်းလေးတွေ ကျမ နားလည်သလောက်၊ သိသလောက် မျှဝေပါ့မယ် ရှင် တချို့ အသီးအနှံတွေထဲမှာ fructose ပါဝင်မှု့(ပါဝင်မှု)နှုန်း မြင့်ပါတယ်။ အချိုရည်တွေကတော့ ပါဝင်မှု့အမြင့်မားဆုံးပါပဲ။ နောက်တခု သိသလောက် သတိပေးချင်တာက အများသိတဲ့အတိုင်း ပြင်ဆင် မွမ်းမံထားတဲ့ အစားအသောက် fast foods တွေပါ။ ဒီတော့ တခါ ထပ်စားကြပြန်ရော။ အားလုံး နေနေကြ(နေနေကျ) life style တွေထဲကနေ ရုန်းထွက်နိုင်ပြီး ကျန်းမာ လှပ နုပျိုကြပါစေရှင် (#relax_yoga_family) Laurel Yoga Studio https://www.facebook.com/

Cancer Treatment Options ကင်ဆာကုထုံး

Image
ဆရာခင်ဗျား chemo ဆေးသွင်းတာ သွေးစစ်ပြီးရတဲ့အဖြေပေါ်မူတည်ပြီးသွင်းတာလို့ ထိုင်းကဆရာဝန်များဆီက သိရပါတယ် မြန်မာပြည်မှာတော့ လူတိုင်းကိုရှိတဲ့တမျိုးဘဲသွင်းတယ်လို့ သိရပါတယ် အခုကခုက ရင်သားကင်ဆာအဆင့် ၁ပါ ထိုင်းမှာ တကြိမ်သွင်းပီးပါပြီ Lampar cancer Hospital ပါ မြန်မာပြည်ပြန်ပြီး ဆက်ကုရင် အစဉ်ပြေ(အဆင်ပြေ)မပြေ ဆေးတူမတူ သိပရစေဆရာ ကင်ဆာကုထုံးတွေမှာ ရွေးချယ်စရာတွေ ရှိတယ်။ တိုင်းပြည်အလိုက်သာမက ဆေးရုံအလိုက် တူချင်မှ တူမယ်။ ဆေးရုံတခုတည်းမှာ အထူးကုဆရာဝန် တဦးမကရှိရင်လည်း သဘောထား ထပ်တူကျချင်မှ ကျမယ်။  လူနာတွေကလည်း ရောဂါအမျိုးအစား + အဆင့် + အခံရောဂါ စတာတွေ တယောက်နဲ့ တယောက် မတူပါ။ မြန်မာပြည်မှာ တခြားကနေပြန်လာသူတွေကိုလည်း ဆက်ကုသပေးပါတယ်။ လူနာတိုင်းမှာ ဆေးမှတ်တမ်း သိမ်းထားကြရတယ်။ ကုသပေးမဲ့ဆရာဝန်က ဖတ်ရှုစစ်ဆေးပြီး အသင့်မှန်ဆုံးကို ဆက်လက်ဆောင်ရွက်ပေးကြပါလိမ့်မယ်။ ဘယ်တိုင်းပြည်မှာဖြစ်စေ ကင်ဆာကုသနေစဉ် စစ်ဆေးမှုတွေ လိုတာ လုပ်ပါတယ်။ ဒေါက်တာတင့်ဆွေ

Methadone မက်သဒုံး

Image
ဆရာ မူးယစ်ဆေးဝါးများနဲ့ ပတ်သက်သောအချက်အလက်များ အစားထိုးဆေးဝါးများသုံးစွဲ၍ ဖြတ်တောက်သည့်တိုင် ထိုအစားထိုးဆေးဝါးများ စွဲသွားသည့် ပြဿနာကို မည်ကဲ့သို့ဖြေရှင်းနိုင်ပါသလဲ။ မူးယစ်ဆေးသုံးသူများဟာ အစားထိုး ဆေးဝါးများမသုံးစွဲဘဲ ပကတိကင်းပြတ်သွားနိုင်ပါသလား။ ထိုအကြောင်းအရာများကို မည့်သည့်နေရာများတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသလဲ။ ကျနော် ကချင်ပြည်နယ် နယ်စပ်ကပါ။ ကျနော်တို့ မြို့တွင် မူးယစ်ဆေးစွဲ လူငယ်များစွာရှိပါသည်။ ယခု မက်သဒုန်းဆေးကို အခမဲ့ဖြန့်ဝေနေပါသည်။ ထိုဆေးသည်လည်း စွဲစေသည်ဟုသိရပါသည်။ ဘိန်းစိုက်ခဲ့တာ ကျောက်ခေတ်သစ်ကတည်းဖြစ်တယ်။ (ဆူမေးရီယန်း)၊ (အဆီးရီးယန်း)၊ (အီဂျစ်ပ်ရှန်း)၊ (အင်ဒီးယန်း)၊ (မင်နိုအန်)၊ (ဂရိ)၊ (ရိုမန်)၊ (ပါရှန်) နဲ့ (အာရပ်) အင်ပါယာအားလုံးမှာ ဘိန်းစိုက်ခဲ့တာချည်းဘဲ။ အခုခေတ်မှာတော့ (အာဖကန်) နဲ့ မြန်မာနိုင်ငံတို့က ဗိုလ်လုနေကြတာ ၂ဝဝ၂ ခုနှစ်တုံးက သူတို့ဆီမှာ စစ်ပွဲကြီးကျယ်နေချိန်မှာ ကိုယ့်တိုင်းပြည်က ကျော်တက်နိုင်ခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှကလဲ မြန်မာပြည်ကို တစိတ်တပိုင်းသိမ်းပြီး၊ ၁၈၂၆ ခုကတည်းက ဘိန်းရောင်းတာဝယ်တာကို အစိုးရကိုယ်တိုင်လုပ်ခဲ့ပါတယ်။ ဗြိတိသျှ-တရုတ် ပဌမဘိန်းစစ် ၁၈၃၉ နဲ့ ဒုတိယဘိန်းစ

Heroin ဘိန်းဖြူဇာတ်လမ်းတပုဒ်

Image
ကနေ့ ဘိန်းဖြူစွဲနေသူတယောက်က မေးတယ်။ မေးခွန်းကို မထည့်တော့ပါ။ အရင်က အတော်မေးကြတယ်။ သို့ ဆရာတင့်ဆွေခင်ဗျာ။ ကျနော့်အသက်က ၂၈ နှစ်။ ကျနော့်နာမည်က ( - ) ပါ။ (  ) မြို့မှာနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တက္ကသိုလ်တက်တုန်းအချိန်မှာ သူငယ်ချင်းအပေါင်းအသင်းများမှတဆင့် မူးယစ်ဆေးဝါး Heroin ကို စတင်ပြီးအသုံးပြုခဲ့ဖူးပါတယ်။ အသုံးပြုချိန် ၆ လလောက်ကြာပြီး မူးယစ်ဆေးဝါးကိုမည်သည့် ဆေးအကူအညီမှမပါပဲ ဖြတ်ခဲ့ပါသည်။ ထိုစဉ်အချိန်က မန္တလေး တွင်ကျောင်းတက်သည်ဖြစ်သဖြင့် Heroin ဝယ်ယူသုံးစွဲသည်မှာလည်း မန္တလေးတွင်သာဖြစ်သဖြင့် မိမိနေရပ် ပြန်ရောက်သည့်အခါ Heroin ဝယ်ယူသုံးစွဲရန်နေရာနှင့် အပေါင်းအသင်းလည်း မရှိသဖြင့် ပြတ်သွားခြင်းဖြစ်မည်ဟု ထင်ပါသည်။ လွန်ခဲ့သည့် ၅ လလောက်က အပေါင်းအသင်းများမှတဆင့် Heroin (ဘိန်းဖြူ) ကို ပြန်လည်သုံးစွဲခဲ့ပါသည်။ အစပိုင်းမှာတော့ ၂-၃ ရက်ခြားတခါသာဖြစ်ပြီး လွန်ခဲ့သည့် ၄ လလောက်မှစပြီး နေ့စဉ်သုံးစွဲခဲ့ပါသည်။ ဖြတ်ဖို့ ကြိုးစားသည်မှာ နှစ်ကြိမ်ရှိပါပြီ။ ဖြတ်သည့်အချိန်တွင် ဆေးဖြတ်ရာတွင်ခံစားရသည့် withdrawal symptoms များကို သက်သာလိုသည့်အတွက် သူငယ်ချင်းမှညွန်းသည့် Tramacap နှင့် Sedil ဆေးများကို သုံးစွဲခဲ့

ရိုးရိုးယဉ်ယဉ် တည့်တည့်တိုတို

Image
ကျေးဇူးပြု၍ ကျန်းမာရေးမေးတာတာမှာ - တောင်းပန်ခယတဲ့အသုံးတွေ မပါစေလိုပါ။  ဘန်းစကားတွေ မရေးစေလိုပါ။ ကျွန်တော်က နားမလည်ပါ။ သား၊ သမီး၊ အဘတွေက နားလည်ရခက်တယ်။ အစမှာ Hi လည်း မသင့်၊ အဆုံးမှာ နော်လည်း မသင့်ပါ။ ရှိခိုးပုံံတွေ မထည့်စေလိုပါ။ သတ်ပုံမမှန်လို့ မဖြေတာတော့ မရှိပါ။ နားလည်ရင် ဖြေပါတယ်။ ရိုးရိုး ယဉ်ယဉ်ကျေးကျေး တည့်တည့်တိုတိုသာ ရေးစေလိုပါသည်။  ရေးတဲ့သူရော ဖတ်တဲ့သူပါ အချိန်ကုန်သက်သာတယ်။ ဒေါက်တာတင့်ဆွေ

Which arm gets the Covid-19 booster may make a difference ကိုဗစ်ကာကွယ်ဆေး ဘူစတာဒို့စ် ထိုးခြင်း

Image
မနှစ်က ဒီလိုနေ့မှာ COVID-19 vaccines Latest CDC guidance ကိုဗစ်ကာကွယ်ဆေး စီဒီစီ နောက်ဆုံးလမ်းညွှန် တင်ပြခဲ့တယ်။ အခု နောက်ဆုံးထွက် ဆေးသုတေသနတခုကို ကိုးကားပြီး ထပ်မံ တင်ပြပါမယ်။ အရင်ထိုးထားခဲ့တဲ့လက်မောင်းမှာ ဘူးစတာဆေး ထပ်ထိုးခြင်းက ခုခံအားရနိုင်စွမ်း ပိုကောင်းတယ်လို့ ၁၁-၈-၂၀၂၃ နေ့ကထွက်တဲ့ eBioMedicine ဂျာနယ်မှာပါရှိတယ်။ ၅ နှစ်မှ ၁၁ နှစ်အထိကိုလည်း Pfizer-BioNTech ဆေး ၂ ကြိမ်ထိုးပြီးသူတွေ ၅ လနေပါက ဘူစတာ ခေါ် အားဖြည့်ထပ်ထိုးခြင်း ထိုးပေးနိုင်။ 1 Booster ဘူစတာ ခေါ် အားဖြည့်ထပ်ထိုးခြင်း ပဌမအကြိမ် ၅ နှစ်အထက် Pfizer-BioNTech သို့မဟုတ် Moderna ဆေး ထိုးပြီးနောက် အနည်းဆုံး ၅ လအကြာ အများစု + ကိုယ်ခံအားနည်းသူများ  Pfizer-BioNTech သို့မဟုတ် Moderna ဆေး ထိုးပြီးနောက် အနည်းဆုံး ၃ လအကြာ အများစု။ 2 Boosters ဘူစတာ ခေါ် အားဖြည့်ထပ်ထိုးခြင်း ပဌမအကြိမ် ၅၀ နှစ်အထက် + အချို့သော ၁၂ နှစ်အထက် + ကိုယ်ခံအားနည်းသူများ Pfizer-BioNTech သို့မဟုတ် Moderna ဆေး ပဌမဘူစတာ ထိုးပြီးနောက် အနည်းဆုံး ၄ လအကြာ အများစု + ကိုယ်ခံအားနည်းသူများ  1st Booster ဘူစတာ ခေါ် အားဖြည့်ထပ်ထိုးခြင်း ပဌမအကြိမ် အများစု + ကိုယ်ခံအားနည်းသူများ  J&am

Chemotherapy ဖေ့စ်ဘွတ် ကင်ဆာအထူးကုများသို့

Image
မေးခွန်းတခု = ကီမို စစသွင်းလူနာကလေ သွင်းနေရင်း ၁ကြိမ်မှာတင် တခြားရောဂါကုဖို့အတွက် ကီမိုကဒုက္ခပေးနိုင်လို့ ကင်ဆာဆရာဆရာဝန်က သွင်းတာရပ်ခိုင်းထားတာလေ အဲ့လိုသွင်းနေရင်းရပ်ရင် ဘယ်လောက်ကြာကြာရပ်လို့ရလဲ ပြန်သွင်းရင်အကြိမ်ရေအစကပြန်စတာလား ကြားထဲမသွင်းရင် ကင်ဆာကပျံနိုင်တာပေါ့နော် ဒီလိုမေးခွန်းကို ကုသပေးနေတဲ့ ဆရာဝန်တွေကသာ မှန်အောင် ဖြေနိုင်ပါသည်။ ကျွန်တော်လည်း ဆရာဝန် အတိအကျ မဖြေနိုင်ပါ။ ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်က အသင့်မှန်ဆုံး ဆောင်ရွက်ပေးပါလိမ့်မယ်။  ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်တွေက ဘယ်လိုဖြေကြမလည်းတာ့ မသိပါ။ ခေတ်ကလည်း ကင်ဆာဆို ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။  ဘာတွေစားရမလဲ ဘယ်အစာတွေ ရှောင်ရမလဲ ဖြေတာတွေ တခုမှ မှန်တာ မတွေ့ပါ။ ကင်ဆာနဲ့ အစားအစာ ရန်သူ မဟုတ်ပါ။ စောစောက ဆေးဘယ်မှာရှာရမလဲမေးခွန်းမျိုး မေးသင့် ဖြေသင့်တယ်။ ဆေးပြန်လှူချင်ပါတယ် တင်သင့်တယ်။ လှူသင့်တယ်။  ဒေါက်တာတင့်ဆွေ

Summer holiday နွေကျောင်းပိတ် အတိတ်သတိရ

Image
သူများစာရေးမှားတာတွေကို လိုက်ပြင်နေသူလို့ နာမည်ဆိုးထွက်နေတဲ့ကျွန်တော်လည်း စာရေးတာ မှားလေ့ရှိပါသည်။ စာတွေရေးစက ပိုမှားသည်။ သိတိုင်းလိုက်ပြင်ပါသည်။ အမှားတွေ မကုန်သေး။ ကန်တော့ + ဆောရီး။ ဒီစာကို ၂၀၁၃ ခုနှစ်မှာရေးတာ။ ငယ်သူငယ်ချင်းတယောက်က ကူးတင်ပေးထားတာကို အမှတ်မထင် ပြန်တွေ့တော့ သတ်ပုံမှား ၃ လုံးပါလို့ ပြင်လိုက်ပြီ။ (မုံရွာ၊ ‘စတိတ်တူး’ ကျောင်း၊ ရတနာပုံရပ်ကွက်၊ ချင်းတွင်းမြစ်၊ ညောင်ပင်ကြီးဆိပ်ကတဆင့် နွေရာသီကျောင်းပိတ်ရက်မှာ ပုလဲမြို့နယ်၊ မင်းရွာကို အလည်ပြန်တာကို နွေတုန်းကရေးထာတာပါ၊ ညောင်ပင်ကြီးသား ဆရာဝန်တယောက်ဆီက ဓါတ်ပုံအဆင်ပြေတာရလို့ ပြန်တင်တာ ဖြစ်ပါတယ်။) • ကျောင်းလွယ်အိတ်ထဲက စာအုပ်တွေထုတ်၊  • မစုတ်သေးတဲ့ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီထည့်၊  • စွပ်ကျယ်မလို ဘောင်းတီတိုလည်း နှစ်ထည်၊  • ရွာလည်ပြန်မှာ သွားတိုက်တံမလို၊ ဗိုလ်ကေဖီးဘို့ ဘီးမလို၊  • ခုံဖိနပ်တို အိမ်မှာထား၊ (ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ) အမေက တာယာဖိနပ် စီးသွားတဲ့။  • ထွက်မဲ့ကားမီအောင် အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊  • သူငယ်ချင်းတွေ မေးငေါ့၊ ငါရွာအလည်သွားတော့မယ်ပေါ့။  • ချင်းတွင်းမြစ်ကြီး ကူတို့စီးပြီး ညောင်ပင်ကြီးကူး၊  • က

Cyanosis အောက်စီဂျင်မဝခြင်း

Image
ဆရာခင်ဗျာ မေးခွင့်ပြုပါ အရင်ကလည်းမေးဘူးပါတယ် ကျွန်တော်သားက ဆယ်နှစ်ပါလက်ဖျားလေးတွေမဲနေတာ ကြာပါပြီ ကျန်းမာရေးနဲ့က ဘာလက္ခဏာမှမပြပါ ဘာများ‌ဖြစ်နိုင်လည်း ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ Cyanosis လို့ ဆေးစာမှာ ခေါ်တယ်။ ဆေးပညာစာကိုရေးမှာဖြစ်လို့ စုံးအောင်ထည့်ရေးပါမယ်။ မေးတဲ့သူမှာ အဲဒါတွေဖြစ်နေတယ်လို့ ပြောခြင်း မဟုတ်ပါ။ သွေးမဝခြင်းလက္ခဏာတရပ်ဖြစ်တယ်။ အရေပြား၊ နှုတ်ခမ်၊ ခြေဖျာ လက်ဖျား ပြာနေမယ်။ အဲဒီနေရာတွေမှာ အောက်စီဂျင်မဝတာ။ အကြာင်းခံအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ လူတိုင်းမှာရှိတဲ့ သွေးနီဥလေးတွေက အသက်ရှူတာကရတဲ့ လေထဲကအောက်စီဂျင်ကို အသုံးချလို့ သွေးဟာ နီရဲနေတယ်။ ၃ မျိုးရှိတယ်။ ၁။ circumoral (perioral) ပါးစပ်အနီးအနား  ရောဂါသဘောတော့ မဟုတ်။ မွေးစကလေးတွေ၊ ကြီးလာသူတွေ ရေအေးသောက်တဲ့အခါ၊ အေးလွန်းတဲ့ရာသီဥတုမှာ ဖြစ်လေ့ရှိတယ်။  ၂။ peripheral အဖျားအနား ဒါလည်း အေးလွန်းတဲ့ရာသီဥတုမှာ ဖြစ်လေ့ရှိတယ်။  ၃။ Central cyanosis ဗဟိုကနေ အရင်းခံတယ်။ ကုသရန် လိုနိုင်တယ်။ လက္ခဏာတွေ မေးရ စစ်ရမယ်။ Low body temperature (hypothermia) ကိုယ်အပူချိန်ကျနေခြင်း၊ Numbness or tingling in your arms and legs ခြေလက်ထုံနေခြင်း၊ Coughing ချေ