Posts

Showing posts from May, 2022

မှာ ဆို ကျ ပျောက် ဖတ် ဦး

Image
အလွန်မှားကြတဲ့ စာလုံးတွေ လျှာမာ(လျှာမှာ) အဖုပေါက်နေတာ တနှစ်ခွဲ (မှန်) ရှိပါပြီ ကြီးလည်းမလာ သေးလည်း မသွားပါဘူး ဆေးရုံဆေးခန်းလည်းပြနေပါတယ် ခုထိမပြောက်(မပျောက်) လို့ တချို့က အပူကြောင့်တဲ့ အပူစို (အပူဆို) ခုလောက်နှစ်နဲချီကြာပါ့မလား တချို့ကြ(တချို့ကျ) ကင်ဆာအစပျိုးတာတဲ့ ကင်ဆာပေါ့ အဲ့တာနဲ့ ကင်ဆာဆေးရုံ တိုက်ရိုက်ပြပါတယ်ရှင် ကင်ဆာဆရာဝန်ကလည်း မစိုးရိမ်ရဘူးလို့ပြောပေမဲ့ ခုထိမပြောက် (မပျောက်)ဘူး လျှာကအဖုကို လှီးထုက်(လှီးထုတ်)ရင်ရလားမေးတော့ လှီးမရဘူးတဲ့ ပုံကပါတဲ့စာလေးကို သေချာဖက်ပြီး(ဖတ်ပြီး) အကြံညဏ်(ဉာဏ်) ပေးကြပါအူး(ဦး၊ အုန်း) ရှင့် မရှိတဲ့ကင်ဆာ ပျောက်ပါစေ။ သတ်ပုံမှားတွေလည်း ပျောက်ပါစေ။ ဒေါက်တာတင့်ဆွေ

အစွယ်ကိုလိုသူ မိဖုရား

Image
အဆွယ်အပွါး အစွယ်အပွါး ဘယ်တခုက အမှန်ပါလဲ ဆရာ။ အဆွယ်အပွါးကသာမှန်တယ်။ ဆွယ် ဆွယ်ကပ် ဆွယ်တရား ဆွယ်တာ ဆွယ်မြှောင် သူများအိမ်မှာ ဆွယ်နေရသည် အဆွယ်ကောင်းလို့ ပါသွား စွယ် စွယ်စုံကျမ်း စွယ်စုံဆင် စွယ်ပုန်း စွယ်ဖုံး စွယ်ရံ (သွား) စွယ်ရန်း (လှည်း၊ ရထား) စွယ်တော် စွယ်တော်ပန်း စွယ်တော်ရွက် စွယ်ယောင်ပြ ဆင်စွယ် ရန်စွယ် အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ (ဆဒ္ဒန်ဆင်မင်း၊ ဦးပုည) နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက် (သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်၊ တက္ကသိုလ်ဘုန်းနိုင်) ဟိုတနှစ်က စည်ပင်သာယာရွေးကောက်ပွဲပို့စ်တွေဖတ်ရတယ်။ မဲစွယ်တဲ့ပုံကြည့်ပါအုံး ဘယ်လောက် ရိုးစင်းလည်းဆိုတာ တဲ့။ မဲဆွယ်လို့ ရေးရတယ်။  ဒေါက်တာတင့်ဆွေ ၁-၆-၂၀၂၀

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ

Image
၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ မုံရွာ သာစည်လမ်းစျေးဘက် လမ်းလျှာက်ထွက်တယ်။ စမ်းတမ်းစမ်းတမ်း ဟိုမေးသည်မေးနဲ့ သူငယ်ချင်းအိမ် ရောက်သွားတယ်။ ရောက်တာနဲ့ သူ့စာအုပ်ပုံကိုရှာတယ်။ မြန်မာစာသတ်ပုံမှန်ကို ဖုံတလုံးလုံးနဲ့ အဖုံးမပါတဲ့ စာအုပ်တွေထဲမှာသာ တွေ့ရတယ်။ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အမျိုးထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့ အပါယ်ထိုထို၊ ဥဒဟိုသည် နင်လိုလုမိုက် သွားလမ်းတည်း။ ဆရာတော်ကြီး စင်္ကြ ံလမ်းနေရာလည်း ရောက်ခဲ့တယ်။ ငယ်ငယ်ကတော့ ဆော့ကစားခဲ့တဲ့နေရာ။ အခုရက်တွေမှာ လယ်တီဒီပနီပေါင်းချုပ် ပဌမတွဲ ဖတ်နေတယ်။ တအုပ်လုံး သတ်ပုံတွေမှန်လို့ ဖတ်ရတာ နားလည်လွယ်စေတယ်။ ဒေါက်တာတင့်ဆွေ ၁-၆-၂၀၁၈

Allergy အလာဂျီဆေး

Image
အလာဂျီဆိုတာ တခုခုနဲ့ မတည့်တာ။ အလာဂျီရရင် အင်ပြင်ထနိုင်တယ်။ နှာခေါင်းမှာ နေမထိထိုင်သာဖြစ်နိုင်တယ်။ နှာချေမယ်။ နှာရည်ယိုမယ်။ ကန်တော့။ တချို့ ပန်းနာဖြစ်မယ်။ အလာဂျီရစေတတ်တဲ့ အကြောင်းတရားတွေကများတယ်။ ၁။ Pollen ပန်းဝတ်မှုံ ၂။ Animal Dander တိရစ္ဆာန်အမှုံ ၃။ Dust Mites အကောင်သေးသေးလေးတွေ ၄။ Insect Stings အင်းဆက်အဆိပ် ၅။ Molds မှို ၆။ Food အစားအသောက် ၇။ Latex ရာဘာ ၈။ Medication ဆေးဝါးတွေ ၉။ Cockroaches ပိုးဟပ် ၁ဝ။ Fragrance အမွှေးအကြိုင် စာရင်းထဲမပါတာတွေကနေလည်း ဖြစ်နိုင်တယ်။ ရာသီဥတု၊ အနံ့အသက် စတာတွေ။ လွန်ခဲ့တဲ့ တလနှစ်လလောက်ကတည်းက နှာချေတာ များလာတာသတိထားမိတယ်။ အမှုန်တခုခုကြောင့်ဖြစ်နိုင်တယ်လို့ သတိပြုမိလာတယ်။ ပုံထဲက စာဆေးကို လိုတာအခါ တပြားသောက်တယ်။ နှစ်ခါသောက်ရပြီ။ ကနေ့တော့ နှာခေါင်းထည့်ဆေး သွားဝယ်လိုက်တယ်။ တကြိမ်သုံးလိုက်ပြီ။ ဒေါက်တာတင့်ဆွေ ၁-၆-၂၀၂၀

Salmon ဆယ်လ်မွန်ငါး

Image
ဆယ်လ်မွန်ငါးနဲ့ ပုံထဲပါ အသီးအရွက်လေးတွေနဲ့ သံလွင်ဆီ ပါတဲ့အစားအစာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ သတ်မှတ်ပါတယ်။ မြန်မာပြည်မှာ ဆယ်လ်မွန်ငါးတို့အပြန်သီချင်းသာ ဆိုကြတယ်။ ဆယ်လ်မွန်ငါး ရှားနိုင်တယ်။ လူအများ စားသုံးတဲ့ ရတဲ့ငါးလည်း ကောင်းပါတယ်။ ရတဲ့ဟင်းသီးဟင်းရွက် လတ်ဆတ်တာကောင်းပါတယ်။  သံလွင်ဆီက ကြော်တာ ချက်တာ မဟုတ်ပါ။ နည်းနည်းပါးပါး ဆမ်းစားတဲ့သဘောသာဖြစ်တယ်။ ကိုယ့်ဆီရတဲ့ ပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ အကောင်းပါတယ်။ ငန်ပြာရည် မပါ။ ငပိ မပါ။ အရသာမှုန့် မပါ။ ကိုင်းသီး မပါ။ ငရုတ်ပု မပါ။ ကန်စွန်းရိုးနီ မပါ။ မာလာ မပါ။ ရိုးရိုးရှင်းရှင်းလေးသာ။ သွေးတိုးရှိသူ၊ ဆီးချိုရှိသူ၊ ကိုလက်စထောများသူ၊ နှလုံးရောဂါရှိသူ၊ ကိုယ်အလေးချိန်များသူတွေ အကုန်သင့်တယ်။ Aung Myin Tun Salmon ကဝယ်လို့ရပါရဲ့၊ ဈေးကအကြီးသား။ သူဌေးစာ၊ လူလတ်တန်းစား၊ အခြေခံလူတန်းစား အတွက်သင့်တော်တဲ့ငါးဟုတ်ပုံမရပါ။ DrZaw Min Aung Myin Tun အနောက်နိုင်ငံမှာလည်းဈေးကြီး ဟန်လုပ်ပြီးစားကြတဲ့ငါး မျက်နှာပန်းလှအရောင်လှ။ သူလိုပန်းရောင်ဈေးပေါတဲ့ကျူနာ tuna ပိုအစားများပါတယ်။ smoked salmon လျှော့စျေးတော်တော်ချထားတာမြင်ရင်တခါတရံဝယ်စားပေမဲ့ ငါးနှစ်မျိုးလုံးမကြိုက် အနံ့အရသာ

Monkeypox မန်းကီးပေါက်စ်

Image
၃၁-၅-၂၀၂၂ နေ့စွဲပါ WHO ထုတ်ပြန်ချက် မန်းကီးပေါက်စ် ခေါ် မျောက်ကျောက်ရောဂါဟာ နိုင်ငံပေါင်း ၃၀ မှာ ကူးစက်ခံရသူပေါင်း ၅၅၀ ယောက်ရှိပြီ။ မန်းကီးပေါက်စ် ရောဂါဟာ ဗိုင်းရပ်စ်ကနေ ကူးစက်တယ်။ အရင်က စမောလ်ပေါက်စ် ခေါ် ကျောက်ကြီးရောဂါနဲ့ ဆင်တယ်။ ဒါပေမဲ့ ရောဂါခံစားရတာ အတော်သက်သာတယ်။ ဖျားမယ်။ ခေါင်းကိုက်မယ်။  လည်ချောင်းနာ။ ချောင်းဆိုး။ တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေ ရောင်မယ်။ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံ။ ခါးနာမယ်။ ကြွက်သားတွေ နာမယ်။ အားမရှိသလိုနေမယ်။ မျက်နှာ၊ ခြေ၊ လက်၊ ကိုယ်တွေမှာ အရေပြား အနာလေးတွေဖြစ်မယ်။ ၂ ပတ်ကနေ ၃ ပတ်ကြာရင် သက်သာပျောက်ကင်းမယ်။  ဒိနောက်မှာ တခြားသူတွေကို မကူးစက်တော့ပါ။ သေဆုံးနှုန်း ၃% ကနေ ၆% ရှိတယ်။ မန်းကီးပေါက်စ် ခေါ် မျောက်ကျောက်ရောဂါပုံတွေ တင်ထားကြတာ တခုတလေမှ အစစ်အမှန် မဟုတ်ပါ။ ဟိုရှေးရှေးတုန်းက ကျောက်ကြီးလူနာတွေနဲ့ မျောက်ကျောက်စတင်ခဲ့တဲ့ အာဖရိကက ပုံဟောင်းတွေသာ ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

ကလေးကဗျာကြည့်စာ

Image
မိုဃ်းပေါ်မှာ ကြယ်တလုံး၊  တိမ်ဖုံးပါလို့ လမသာ၊  သာတော့ခါ သာပါလိမ့်၊  နတ်ဒေဝါ သူဖန်ဆင်း၊ ဘိုး ရွှေလမင်း။ (ဦးဘ) တောင်တောရယ်သာ မာလာကငုံဖူး တပင်ကို နှစ်ပင်ရှက်တယ် ကြေးငှက်ကမြူး ကလေးကဗျာကြည့်စာ (ဦးဘ) ဒေါက်တာတင့်ဆွေ

ပျို့မှာတမ်း - ပျို့မှတ်တမ်း

Image
စိတ်ချလက်ချ ကြည်ဖြူချင် မြေပေါ်တွင် သူဘဲစွဲလို့သာခင် သစ္စာတော်ပန်း မသွေတမ်းပင် တူနှစ်ကိုယ် အသည်းရွှေခိုင် မြဲခိုင်ခိုင် ပေါင်းဖက်ဖို့ စိတ်မှာ မျှော်မြင် အခုများဖြင့် သူဉာဏ်တွေဝင် အသစ်တွေ့လို့ မောင်မေ့တယ်ထင် မျှော်သူပမ်း လွမ်းသမျှ စာတင် ချစ်သူ့ထံ ရည်မှန်း ပျို့မှာတမ်း ဆက်တယ်ရှင် မိုးကလေးညိုညို လွမ်းစိတ်ပိုချင် ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင်  သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ စိတ်စွဲလို့ပင် ချစ်သူ့မျက်နှာလေးကို တမြင်မြင် စားစားသွားသွားနေနေ မောင့်အပူပွေသူပါရှင် မြင်တော်မူဦး မောင့်ရဲ့မေ့တတ်လွန်းထင် လွမ်းစာရေးလိုက်ရပါတယ်ရှင် မိန်းကလေး လက်ရေးသီရင် ခွင့်လွှတ်မယ်ထင် တကိုယ်ရည်တွေးဆွေးနေ မရွှင် ရော်ကာရမ်း ခန်းစက်ရာဝင် မျက်တောင်ကလေးယှက် ဖူးလက်တင် ဖော်မဲ့သူတွင် စိမ်းကားသလောက် ပျိုမငြိုငြင် လာခဲ့ရင်ရင်တွေ့မှာမို့လား ဒေါသမထားရက်ဘူးရှင် အသက်လောက် မောင့်ကိုပဲခင် မိဘအပေါ် ဆိုးနွဲ့လေသမျှ သူနဲ့ကျမှ ဝဋ်လည်တယ်ထင် သနားစေချင်လို့ ပျို့ငွေလွှာတင် မိုးကလေးညိုညို လွမ်းစိတ်ပိုချင် ညနေဆီ နေရည်ရင်လည်း တမ်းတကာပဲရှင် သော်တာလမင်း သာဆဲမှာလည်း ဒါဘဲ စိတ်စွဲလို့ပင် ချစ်သူ့မျက်နှာလေးကို တမြင်မြင် မိုးကလေးညိုညို လွမ်းစိတ်ပိုခ

မရှိတဲ့ကင်ဆာ ပျောက်ပါစေ

Image
လျှာမာ(လျှာပျော့ကော ရှိပါသလား) အဖုပေါက်နေတာ တနှစ်ခွဲ (မှန်) ရှိပါပြီ ကြီးလည်းမလာ သေးလည်း မသွားပါဘူး ဆေးရုံဆေးခန်းလည်းပြနေပါတယ် ခုထိမပြောက်(မပျောက်) လို့ တချို့က အပူကြောင့်တဲ့ အပူစို (အပူဆို) ခုလောက်နှစ်နဲချီကြာပါ့မလား တချို့ကြ ကင်ဆာအစပျိုးတာတဲ့ ကင်ဆာပေါ့ အဲ့တာနဲ့ ကင်ဆာဆေးရုံ တိုက်ရိုက်ပြပါတယ်ရှင် ကင်ဆာဆရာဝန်ကလည်း မစိုးရိမ်ရဘူးလို့ပြောပေမဲ့ ခုထိမပြောက် (မပျောက်)ဘူး လျှာကအဖုကို လှီးထုက်ရင်ရလားမေးတော့ လှီးမရဘူးတဲ့ ပုံကပါတဲ့စာလေးကို သေချာဖက်ပြီး အကြံညဏ်(ဉာဏ်) ပေးကြပါအူး(ဦး၊ အုန်း) ရှင့် ကင်ဆာဆရာဝန် ပြထားပြီးသူ ကင်ဆာအတွက် ဖြေရန်မရှိ။  ကင်ဆာမဟုတ်ဘဲ လျှာကိုလှီးရင်တော့ အတော်ကို ဒုက္ခရောက်တော့မယ်။ အစားစားမရ၊ စကားပြောခက်။ မရှိတဲ့ကင်ဆာ ပျောက်ပါစေ။  ဒေါက်တာတင့်ဆွေ

မြန်မာစာရယ် စိုးရိမ်မိတယ်

Image
တက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ် အပါအဝင် တခြားဝတ္ထုတွေကို ပြန်ရိုက်ပြီး တင်တာတွေ တွေ့တယ်။ သတ်ပုံတွေက မူရင်းအတိုင်း မဟုတ်ပါ။ မလုပ်ကောင်းပါ။  ညီမလေးရယ်စိုးရိမ်မိတယ် (၁၉၅၈) စာမျက်နှာ ၄၅ • မေရီနှင့် ပဂ္ဂ္ဂ္ဂီတို့မှာ တယောက်မျက်နှာ တယောက်ကြည့်၍ တိတ်တိတ်ပြုံးနေကြစဉ် အဆောင်မှူးသည် ဟောကြူတာဆရာမတဦးနှင့် ရပ်စကားပြောရင်း ဆက်လက်ဆိုမြည်နေ၏။ • သမီးတကောင် နွားတထောင်ဟု ဆိုရိုးရှိရာ တကောင်မကသော ဝမ်းမလွယ် သမီးတို့အား  • တစတစ တတ်သိလိမ္မာလာကြသော်လည်း တယောက်ကောင်း နှစ်ယောက်ကောင်းဟူ၍ တက္ကသိုလ်ဘုန်းနိုင်စာအုပ်က နမူနာမျှသာဖြစ်တယ်။ အဲလို မလုပ်သင်တာကို လုပ်နေတာတွေ လက်ညှိုးထိုးမလွဲ။ ကိုယ့်ဝတ္ထုကိုတော့ ကိုယ်ထင်ရာ သတ်ပုံနဲ့ ရေးကြတာအတွက် ပြောရန်မရှိပါ။ တက္ကသိုလ်ဘုန်းနိုင် ရေးထားတဲ့အတိုင်း မဟုတ်ရင်တော့ တက္ကသိုလ်ဘုန်းနိုင်အမည် မထည့်ရပါ။ တစ်ကသို်လ်မောင်ဘုန်းပြင်၊ တစ်ကသိုလ်မလျှာရှည်လို့သာ ရေးသူအမည် ထည့်ရပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ

တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတိုပေါင်းချုပ်

Image
မောင်က ချော့ချော့မော့မော့နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြော၏။ ထို့နောက် ချိုချိုသာသာဖြင့် နတ်သျှင်နောင်၏ ကဗျာတပုဒ်ကို ရွတ်ဆိုပြသည်။ တသောင်းဇမ္ဗူ လှည့်ယူကြိုက်ရာ ရွေးခဲ့ရှာလည်း စကြာရဟတ် ပန်းကာပတ်လိမ့်။ ထိုစဉ်က မြသွေးသည် ပြုံးလို့ပင် ရယ်လိုက်သည်။ နှုတ်ခမ်းဖြင့်ရော၊ မျက်လုံးဖြင့်ရော၊ အသဲနှလုံးဖြင့်ရော ပြုံး ပြုံး ပြုံး၍ပင် ရယ်လိုက်ခဲ့ရပါ၏။ သြော် မောင်ရယ်။ သြော် အတိတ်တွေရယ်။ - - - ထို့နောက် ကုတ်အကျႌတထည်၊ ကုတ်အကျႌဘေးဘက်မှာ ပြင်းထန်သောအင်အားတခုကြောင့် စုတ်ဖွာထွက်နေသည်။ ကုတ်အကျႌအပြာပေါ်တွင်လည်း သွေးတို့လွှမ်းညိုနေသည်။ သွေးစွန်းသော လုံချည်တထည်။ ဟောင်းနွမ်းသော ဆရာဝန်ကို နားကြပ်တခု။ ဤပစ္စည်းတို့ကို ကြည့်ရင်း မြသွေးငိုင်နေသည်။ ဤသို့ငိုင်မိသည့်အခါပေါင်းလည်း မရေတွက်နိုင်တော့။ မြသွေး၏မျက်နှာမှာ တည်ငြိမ်လျက်ဖြစ်သော်လည်း မျက်ရည်များက ပါးပြင်ထက် အဆက်မပြတ် စီးဆင်းနေ၏။ မျက်ရည်များကို လက်ဖမိုးနှင့်သုတ်ပြီး မြသွေးသည် ဒူးထောက်ထိုင်ချလိုက်သည်။ အံဆွဲတွင်းမှ သေတ္တာလေး တလုံးကို ဆွဲယူလိုက်သည်။ သေတ္တာတွင်း၌ ဆရာဝန်ဘွဲ့လက်မှတ်တခုရှိသည်။ ဓါတ်ပုံတပုံလည်း ရှိသည်။ မြသွေးလက်စွပ်တကွင်းလည်းရှိ၏။ မောင်နှင့်မြ တွေ့ခဲ့ရသော အချိန်မှ

Home Made Scrubs to Get Rid of Cracked Heels ဖနောင့်ကွဲခြင်း

Image
(ကန်တော့) ၁။ မင်္ဂလာပါဆရာ ကျွန်တော့်အဘ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ကပါ။ အသက် ၆၅ ပါ။ ခြေဖဝါးမှာ အနာဖြစ်လို့ပါဗျ။ တခြားသူတွေလိုခြေ ဖနှောက်ကွဲတာမဟုတ်ဘဲ ခြေဖဝါးအလယ်မှာကွဲတာပါခဗျ။ ခြေပူနာလို့ ပြောပါတယ်။ အဲဒါ အခုကကျွန်တော်တို့မြို့လည်း အပြင်ထွက်လို့အဆင်မပြေတာကြောင့် အဆင်ပြေမဲ့နည်း ပြောပြပါဦးခဗျ။ အခုလို ကာလမှာ မေးရတာအားနာပါတယ်ဆရာ။ဆရာအဆင်ပြေရင် ဖြေပေးပါဦးခဗျ။ ကျွန်တော်ပုံကောပို့ပေးလို့ရမလားခဗျ။ ၂။ ဆရာ ခြေထောက်တွေကွဲနေလို့ပါခင်ဗျ ဖြစ်တဲ့သူကအမျိုးသ္မီးပါ အသက်က (၆၄)နှစ် ဖြစ်တာကသုံးလရှိ သွေးချိုဆီချိုရှိ အမြဲသောက်ဆေးက မြန်မာဆေးကဖျံငါးကောင်း တနေ့ငါးလုံးသောက် မက်ဖော်မင် မနက်တလုံး ညလုံးသောက်ပါတယ် ခြေကွဲနာအတွက်လိမ်းဆေးသို့မဟုတ်သောက်ဆေးလေးသိပရစေခင်ဗျ ၃။ အမျိုးသမီး၊ အသက် (၄၄) နှစ်၊ ကျန်းမာရေးကောင်း၊ လွန်ခဲ့သော (၃) ရက်မှစ၍ ခြေဖဝါးကွဲ၊ ခြေဖဝါးယား၊ လက်ရှိ USA တွင်ရောက်နေပါသည်။ ၄။ ဆရာမင်္ဂလာပါရှင့် ကျမအသက်က ၂၈ နှစ်ပါ။ မကွေးတိုင်းမှာနေပါတယ်ရှင့်။ ကျမအိမ်ထောင်မရှိပါဘူး။ ရာသီလည်း မှန်ပါတယ်ရှင့်။ ကျမခြေထောက်ကနွေရာသီဆို ဘာမှမဖြစ်ဘဲနဲ့ ခုဆောင်းရာသီနား ရောက်ခါနီးလို့ အေးလာတာနဲ့ ခြေဖနောင့်တွေက အရမ်းကွဲလာတယ်ဆရာ။ ခြေ

ပဋိစ္စသမုပ္ပါဒ်တရားတော်

Image
အာနန္ဒာ တစုံတခုသော ဘုံ၌ တစုံတယောက်သော သတ္တဝါအား ခံစားခြင်း ဝေဒနာသည် မည်သည့် အခြင်းအရာ မည်သည့်သဘော အားဖြင့် မရှိငြားအံ့။ ဤခံစားခြင်း ဝေဒနာကား အဘယ်နည်း။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန် မဟာဝဂ် ပါဠိတော် မြန်မာပြန် သာသနာ ၂၅၅၉ ကောဇာ ၁၃၇၇ ၂၀၁၆ ပြန်ထုတ် ဒေါက်တာတင့်ဆွေ

ပွက်ပွက်ဆူ

Image
မှိုငရုတ်သီးစိမ်းခွဲအရည်ဆမ်းချက် - အိုးထဲကို ငရုတ်သီးစိမ်းအစပ်လိုသလိုခွဲထည့် ငပိအနေတော် ဆား ဟင်းခပ်မူန့်သင့်ရုံ ရေအနဲငယ်(အနည်းငယ်)ဖြင့်တည် ဗွင်းဗွင်းဆူရင် မှိုထည့်ခဏနေရင် ရှမ်းနံနံအုပ် ခဏနေရင်ရပါပြီ  အသံဆိုရင် ဗွတ်ဗွတ်လို့က ပိုမှတ်တယ်။ ရေဆူတာက ပွက်ပွက်ဆူ။ ကျိုက်ကျိုက်ဆူ။  ဗွတ်ဗွတ်မြည်သံ ဗွမ်းကနည်း ရေလောင်းပက်သည် ဗွမ်းဗွမ်း အသံ ဘွင်းဘွင်းပြော ဘွတ်ငှက် ဘွတ်ဖိနပ် ရွှံ့ဗွက် ခွေဗွမ်းရွာ (တွန်းဇံ) ပုံဗွမ်း ခေါ် ထီပုံရွာ (တောင်ကြီး) ဗွတ်ကလုံငှက် ဗွတ်ကလားငှက် ဒေါက်တာတင့်ဆွေ

Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ

Image
၁။ ကျွန်မအဖေ အသက် ၈၄ နှစ်ပါ ဆီးကျိတ်ကင်ဆာ အဆင့် ၄လို့ ဆရာ၀န်ကပြောပါတယ် ၁၂ ရက် ၅လကမှ ကင်ဆာဖြစ်မှန်းသိတာပါ အသားစယူဖို့ကို လူနာကအားလဲနည်းတယ် အသက်လဲကြီးတော့ မေ့ဆေးဒဏ်မခံနိုင်မှာဆိုးလို့ မယူဖြစ်ပါဘူး နှာခေါင်းပိုက်လဲသွင်းထားရပါတယ် ဆီးပိုက်ထဲထည့်ထားရပါတယ် ကင်ဆာဆဲလ်က ခါးရိုးတွေပါ ပြန့်ပြီး ဓာတ်မှန်အရ ခါးရိုးတွေလဲ ကျိုးနေတယ်လို့ပြောပါတယ် ခါးရိုးကအာရုံကြောမကြီးကို ကင်ဆာဆဲလ်က ပိပြီး ခုခါးအောက်ပိုင်းကနေ လှုပ်လို့မရတော့ပါဘူး အောက်ပိုင်းသေသလို ဖြစ်နေပါတယ် အဲ့တာကင်ဆာဆရာ၀န်က ခါးရိုးကို ဓာတ်ကင်ရမယ်လို့ ပြောပါတယ် အဲ့တာဓာတ်ကင်ရင်ကော သူအသက်အရွယ်နဲ့ ခံနိုင်ပါ့မလားရှင့် အသိမိတ်ဆွေတွေကလဲ မကင်နဲ့လို့ပြောလို့ပါရှင့် ပထမဆုံးရေးတာမို့လို့ အရေးအသားမှားယွင်းခဲ့ရင် တောင်းပန်ပါတယ်ရှင့် ၂။ ဆရာရှင့်ကျွန်မဖခင်က အသက်က ၇၄နှစ်ပါ။ ရန်ကုန်ဆေးရုံကြီးမှာပြသနေပါတယ်။ ဆီးကျိတ်ကင်ဆာလို့သိရပါတယ်။ ဆေးစာရွက်ကိုကြည့်ပေးပါရှင်။ ကုသလို့ပျောက်နိုင်သေးလား၊ ဘယ်အခြေနေလောက်ရောက်နေပြီလဲဆရာ။ သိပ်မနေရတော့ဘူးလားဆရာ။ ဖြေပေးပါရှင် လေးစားစွာဖြင့်။ ၃။ ဆရာရှင့် ကျွန်မအဖေက အသက် ၇၄ နှစ်ပါ။ ဆီးမသွားနိုင်လို့စံပြဆေးရုံသွားပြတာ ဆေးရုံကစစ်ဆေးပြီး ဆေးရုံတ

Breech Presentation ကလေးအနေအထား တင်ပါးဆုံပြုခြင်း

Image
(ကန်တော့) ၁။ အသက် ၂၉နှစ်ပါရှင့်။ ကိုယ်ဝန် ၂၈ပတ်ပါဆရာ။ သားဦးကိုယ်ဝန်ပါ။ ကလေးအနေအထားက တင်ပဆုံထဲရောက်နေတယ် ပြောပါတယ်ဆရာ။ အဲဒါစိုးရိမ်ရပါသလား။ ဘာတွေလုပ်ဖို့လိုအပ်ပါသလဲရှင့်။ ultrasound result လေး attach တွဲပေးလိုက်ပါတယ်ဆရာ။ အချိန်ရမယ်ဆိုရင် ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်ရှင့်။ ဆရာလည်းကျန်းမာပါစေ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၂။ ဆရာ ကျွန်မအသက် ၂၈ နှစ်ပါ။ ကိုယ်ဝန် အပတ် ၃ဝပြည့်ပါပြီရှင့်။ ကလေးက breech ဖြစ်နေတယ်လို့ ပြောပါတယ်ရှင့်။ ကျွန်မက ခွဲရမှာ အရမ်းကြောက်ပါတယ်။ ကလေးပြန်လှည့်နိုင်သေးလား သိပါရစေဆရာ။ ဘယ်လိုနေထိုင်သင့်ပါသလဲရှင့်။ မေးခွန်းတွေကို အမြဲဖြေကြားပေးတဲ့ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဆရာ ကျန်းမာပျော်ရွှင်ပါစေ။ ပုံမှန်ကိုယ်ဝန်မှာ ကလေးခေါင်းဟာ အောက်စိုက်နေပါတယ်။ အဲလိုမဟုတ်ပဲ တင်ပါးဆုံက အောက်ဖက်မှာရှိနေတာကို Breech Position ခေါ်တယ်။ ဗမာတွေက မွေးလာတဲ့ကလေးကို ခြေကဖွါးလို့ခေါ်ကြတယ်။ ၃-၄% သောကိုယ်ဝန်တွေမှာ တင်ပါးဆုံပြုနေတယ်။ ကလေးအနေအထားကလည်း ရဝ% က ပေါင်ကွေး၊ ဒူးဆန့်နေတယ်။ ၁ဝ% က ပေါင်ရော ဒူးပါကွေးနေတယ်။ ၂ဝ% က ပေါင်တဖက် သို့မဟုတ် ၂ ဖက်လုံး ဆန့်နေတယ်။  ကိုယ်ဝန်နုစဉ် တင်ပါးဆုံပြုနေပေမယ့် နောက်မှာ ခေါင်း

Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း

Image
မြန်မာပြည်ထဲကနေ လျှပ်စစ်မီးအကြောင်းတွေဖတ်နေရတယ်။ ကျွန်တော်ပါ ဓါတ်ကူး (ဓါတ်လိုက်မဟုတ်) သွားပြီ။ လျှပ်စစ်ဓါတ်လိုက်ခြင်းရှေးဦးသူနာပြုစုနည်း • လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။ • လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။ • မီးခလုပ် ပိတ်ပါ။  • လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊ • လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ အသက်မရှူလျှင် ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပေးပါ။ နှလုံးမခုန်လျှင် ရင်ပတ်ဖိနည်းလုပ်ပါ။ အကူအညီတောင်းပါ။  • ကြွက်သားတွေ ဆွဲဆန့်ခံရမည်။ • တက်မည်၊ • ရေ-ဆား ခန်းခြောက်မည်။ • အပူလောင်ခံရမည်။ • ကျိုးပဲ့မည်၊ • သွေးခဲသွားမည်။ • (တစ်ရှူး)များ ပျက်စီးမည်။ • အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။ • မီးလောင်နာကို ကုပေးပါ။ High Voltage စွမ်းအားများလျှပ်စစ်ကနေ (၁၈) မီတာအထိ ခုန်ထွက်၊ ကွေးကောက်သွားေးစေနိုင်တယ်။ မီးလာရာကို မပိတ်မီ ဖြစ်သူအနားမကပ်ပါနဲ့။ (၂၅) မီတာအကွာကနေပါ။ Low voltage စွမ်းအားနိမ့်လျှပ်စစ်ကနေဖြစ်ရင် ပင်မမီးခလုတ် ပိတ်ပါ။ မီးကြိုးစတာတွေဖယ်ရှားပါ။ ကယ်မယ့်သူက မြေကြီးအစိုဓါတ်နဲ့ကင်းအောင် ခြောက်သွေ့တဲံ သစ်သားပြား စက္ကူ၊ ရာဘာလိပ်၊ ဖြာ၊ ကော်ဇောပေါ်မှာနေရာယူပါ။ လျှပ်စစ်မလ

ယောက်ျား ယောင်္ကျား ယောကျာ်း

Image
၁။ BBC News မြန်မာ - ယောင်ကျားလေး ယောက်ျားကို ယောင်္ကျားလို့ရေးရင် ယောင်ကျားဖြစ်သွားစေတယ်။ ယောကျာ်း လို့ရေးတာလည်း မှားတယ်။  ၂။ ယောင်္ကျားယူတာကောင်းလားဆိုတော့ နေမကောင်းတဲ့ချိန် တော်တော်ကောင်းပါတယ် ၃။ ဟသာင်္တမုန့်ဟင်းခါး လို့ ရေးတာ တွေ့လိုက်တယ်။ ဟင်္သာတလို့ ရေးရတယ်။ ၄။ ဆရာရှင့် လကျာ်ဆိုသော စကားလုံးကို အသံထွက်လျှင် လက်ယာဟု ထွက်ပြီး အဓိပ္ပါယ်က ညာဖက်ဟု ကျွန်မ နားလည်ထားတာ မှန်ပါသလားရှင့် ကျွန်မရေးထားသော လကျာ် စာလုံးပေါင်းရော မှန်ပါသလားရှင့် လက်ယာ အသံထွက်တယ်။ လက်ျာလို့ ရေးမှသာ မှန်တယ်။ အသတ်တင်တဲ့စာလုံးတွေ အတော်မှားရေးနေကြတယ်။ ယောက်ျားကို မှန်အောင် မရေးတတ်သူနေ့တိုင်း ၄-၅ ယောက်ဆီကလာတယ်။ ယောကျာ်း မှားတယ်။ ယောင်္ကျား (ယောင်ကျား)  မှားတယ်။ မင်းလက်ျာ မှန်တယ်။ င် အသေးကို အပေါ်တင်ထားရင် လင်ယာလို့ ဖတ်မယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်သေနာပတိ။ ဗိုလ်မှူးကြီး လက်ျာ ဒုတိယစစ်သေနာပတိ။ (သမိုင်း) ၅။ လကျ်ာဆိုတဲ့အသုံးနှုံးက မရှိတော့ဘူးဆိုတာ ဟုတ်ပါသလားရှင့်။ လက်ယာဆိုတာက လက်ဝဲ လက်ယာ ဘယ်ညာကို ဆိုလိုတာဖြစ်ပြီး လကျ်ာဆိုတဲ့အဓိပ္ပါယ်ကို သိချင်ပါတယ်ရှင့်။ လကျင်္ာမဟုတ်ပါက လကျ်ာလို့ ပေါင်းတာ မှန်ကန်ပါသလားရှင့်။ ဇမ္ဗူဒီပါလကျ်ာတ

Chemotherapy hiccups ခီမိုသာရာပီရယူနေစဉ် ကြို့ထိုးခြင်း

Image
လူနာက ကင်ဆာဆေးသွင်းတာမနေ့ကပေါ့ ဒီနေ့ကင်ဆာဆေးသောက်ပြီး ကျို့ထိုးတာဆက်တိုက်ပဲခင်ဗျ ဘာဖြစ်တာလဲမသိဘူး ဘာလုပ်ပေးရမလဲလဲမသိဘူး ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမယ်။ ဖြစ်တတ်တယ်။ အများအားဖြင့် ယာယီသာဖြစ်တယ်။ တချို့ ကြာနေနိုင်တယ်။ ဆေးလိုတဲ့နည်းတွေ - အသက်ဖြည်းဖြည်းရှူပါ။ စက္ကူ သို့မဟုတ် ပလပ်စတစ်အိတ်တခုထဲမှာ အိတ်အဝကို လက်နဲ့ပိတ်ထားပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ - ရေကိုဖြည်းဖြည်းသောက်ပါ။ - သကြားလက်ဖက်ရည်ဇွန်း တဇွန်းကို ပါးစပ်ထဲထည့်ပြီး မျိုချပါ။ - ဘာကိုဖြစ်ဖြစ် အတင်းစားတာ မလုပ်ပါနဲ့။ - ရေခဲရေသောက်ပါ။ သို့မဟုတ် ပလုပ်ကျင်းပါ။ - ပေါင်မုံ့အခြောက်ကို ဖြည်းဖြည်းစားပါ။ - သံပုရာသီးခြမ်း စုပ်ပါ။ - ဒူးကို ရင်ဘတ်ဆီကွေးထားပါ။ ဆေး - Metoclopramide (Maxolon) ဆေးလည်း ပေးတတ်တယ်။ - haloperidol ဆေးလည်း ပေးတယ်။ - chlorpromazine ဆေး ဆေးလည်း ပေးတယ်။  - baclofen ဆေးလည်း ပေးတယ်။ - omeprazole ဆေးလည်း ပေးတယ်။ Hiccups ကြို့ထိုးခြင်း https://dr-tint-swe.blogspot.com/2021/02/hiccups.html ဒေါက်တာတင့်ဆွေ

Capecitabine ဆေး

Image
ဒီဆေးကို  သုံးဘူးသူရှိပါသလားခင်ဗျာ ဆေးဆိုင် စျေးနှုံးလေး  သိပါရစေ။ ဘေးထွက်ဆိုးကျိုး နဲ့ ဆောင်ရန် ရှောင်ရန် သိပါရစေ။ ကျေးဇူးပြု၍ အလင်းပြပါ  ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ စျေးနှုန်းနဲ့ ဆေးဆိုင် မသိပါ။ အလင်းတော့ မပြတတ်ပါ။ ဆောရီး။ ဆေးအကြောင်းသာ ဖြေပါမယ်။ INCITABINE FILM COATED TABLET 500MG = Capecitabine 500 mg Capecitabine ဆေးဖြစ်တယ်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေမှာ သုံးတယ်။ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တဲ့အတိုင်း အတိအကျ သောက်ရမယ်။ အများအားဖြင့် တနေ့ ၂ ကြိမ်။ အစာစားပြီး နာရီဝက်အတွင်း သောက်သင့်တယ်။  Docetaxel နဲ့တွဲပြီး metastatic breast cancer အဆင့်နောက်ကျနေတဲ့ ရင်သားကင်ဆာကိုလည်း ပေးတယ်။ Dukes' C colon cancer ခေါ် တက်စေ့ကိုပြန့်နေပြီဖြစ်တဲ့ အူမကြီးကင်ဆာကိုလည်း ပေးတယ်။ လူကြီး 2500 mg per square meter (m(2)) of body size per day ကနေ စပေးတယ်။ တနေ့ ၂ ကြိမ်ခွဲပေးတယ်။ ၂ ပတ်နေတော့ ၁ ပတ်နားစေတယ်။  ဘေးထွက်သက်ရောက်မှုများ = ပျို့၊ အန်၊ အစားပျက်၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ မောပန်း၊ အားနည်း၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်မရ၊ အရသာပျက်၊ ယာယီဆံပင်ကျွတ်။  ဒေါက်တာတင့်ဆွေ

ကမ္ဘာ့စာပေအညွှန်း (အမေရိကန်စာပေသမိုင်း)

Image
မောင်ထင် အမှာ အမေရိကန် စာပေဆိုသည်မှာ အင်္ဂလိပ်စာနှင့် ရေးသားရေးသားသော စာပေပင် ဖြစ်လေရကား ဤ အမေရိကန် စာပေသမိုင်း အညွှန်းကို ယခင်က ထုတ်ဝေပြီး ဖြစ်သော အင်္ဂလိပ်စာပေသမိုင်း နှင့် ယှဉ်၍ စာတအုပ်တည်း တတွဲတည်း ထုတ်ဝေမည်ဟု ကျွန်တော် မူလက ကြံရွယ်ခဲ့၏။ စာရေးဆရာ မောင်ထင်ရေးသမျှစာအုပ်တွေက မြန်မာစာသတ်ပုံမှန်တယ်။ ပြန်ထုတ်စာအုပ်တွေမှာ မူရင်း သတ်ပုံမှန်တွေကို မှားအောင်ပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ ဒေါက်တာတင့်ဆွေ

ပုံတွေ

Image
ဖေ့စ်ဘွတ်ဆိုတာ ပုံကိုအသားပေးသူက ပိုများတယ်။ တစ်တော့မှာ ဗီဒီယိုသာ။ စာမပါတဲ့ပုံတွေမှာ အားသာချက်က သတ်ပုံမှားတာ လူမသိစေနိုင်။ ပုံတိုင်းကတော့ မသင့်ပြန်ပါ။ အညစ်အကြေးပုံတွေ၊ အဖော်အချွတ်ပုံတွေကိုတော့ လူတိုင်းက နားလည်ကြပါတယ်။ အရက်ပုလင်းပုံတွေ မြင်တိုင်း ဟိုဒ် လုပ်ပါတယ်။ စားကြွင်းစားကျန်ပုံတွေ မသင့်တော်ပါ။ ခြေထောက်ပုံတွေလည်း မသင့်တော်လှပါ။ တင်လိုရင် ကန်တော့လို့ ရေးသင့်တယ်။ ဒေါက်တာတင့်ဆွေ

Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး (၂)

Image
သပ်သပ်လွတ် စားနေတာမို့ ​ညစာ ​ကြက်သွန်နီလေး ကြော်စားပါတယ် သက်သတ်လွတ်လို့ ရေးရတယ်။ မှန်အောင်မရေးတတ်သူတွေ များတယ်။ သပ် ကျောသပ်ရင်သပ် ခေါင်းကိုသပ် စုပ်သပ် ဆီးလိမ်းဖီးသပ် နှီးသပ်သည် ပွတ်သပ် ရွှေရင်စမ်းသပ် လက်သပ်မွေး လျှိုသည့်သပ် လာဘ်သပ်ပကာရ သပ္ပာယဖြစ် သပ္ပာယ် သပ်စီခုံး (ပန်းရန်အတတ်) သပ်ထိုးသပ်နုတ် သပ်နှက်ရိုက်သည် သပ်ရပ် သပ်လျှိုသပ်ပင်း သပ်သပ်ယပ်ယပ် သုံးသပ်ဆင်ခြင် သတ် စပယ်နံ့ သတ် ဆီသတ် ရက်သတ်မှတ် သတ္တဌာန သတ္တဗေဒ သတ္တဘာဂနတ် သတ္တမ သတ္တရည် သတ္တရဘန် သတ္တဝါ သတ္တိ သတ္တုချ သတ္တုဓာတ် သတ္ထန္တရကပ် သတ်စုံရေး သတ်ညွှန်းကျမ်း သတ်ပုံကျမ်း သတ်ပုတ် သတ်ဖြတ် သတ်မှတ် သတ်သတ်ဖယ်ထားပါ သေအောင်သတ် Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/07/vegetarianism.html ဒေါက်တာတင့်ဆွေ

သွားလျှင် လာလျှင် မျက်စိလျင်

Image
တင်ထားတာတခု တွေ့တယ်။ ဆိုင်ကယ်နဲ့ ကန်သာယာဈေးသွားရင် ရင်တထိပ်ထိပ်။ အပြင်သွားလျင် (လျှင်) မျက်စိလျင်ပါ။ လျင် ငလျင်တော်လည်း လျင်မြန် လျင်လျား (ရင်ရှားသံထွက်) သံလျင်မြို့ အလျင် (အရင်သံထွက်) နှစ်က အလျင်စလို အလျင်လို လမ်းအိုလိုက် အလျင်အမြန် အလျင်အဦး အလျင်နှစ် ကောက်လျင် ဆောလျင်စွာ မြေငလျင် လျှင် ဆိုလျှင် (ရင်သံထွက်) တလလျှင် လာလျှင် သွားလျှင် သူလာလျှင်တွေ့မည် ပြောလျှင် ဒေါက်တာတင့်ဆွေ

မြူရွက်

Image
ဒါလည်း တိုက်ဆိုင်တာဘဲ။ ၂၀၁၅ ခုနှစ် ဒီလိုရက်မှာ မြူရွက်အပင်လေးတွေစိုက်တယ်။ အပင်စိုက်သူက သူ့သမီးနဲ့ စကားပြောနေလေရဲ့။ ပေါင်းပင်တွေကြားမှာ မြူရွက်ပင်လေးတွေလည်းရှိသတဲ့ ရန်ကုန်ကနေ လှမ်းပြောတယ်။ ပေါင်းပင်တွေကြား စားကောင်းတဲ့အပင်ပါတာ နည်းတဲ့ကုသိုလ်မဟုတ်။  ၂၀၂၂ ကနေ့တော့ မြူရွက်တွေ ခူးလာတယ်။ ဒေါက်တာတင့်ဆွေ

နှင်းဆီတရှိုက် စပယ်တပိုက်

Image
ငြိမ်းနိုင် ရေးတဲ့စာအုပ် ဖြစ်ပါတယ်။ တိုင်းပြည်ကြီး မငြိမ်းနိုင်ကတည်း တရှိုက်နဲ့ တပိုက်စာလုံးတွေပါ မလွတ်လပ်တော့ပါ။ စပယ် နဲ့ စံပယ်က မူကွဲ။ ဒါပေမဲ့ လျှာရှည်တာကိုသာ အဟုတ်ထင်ကြတယ်။  စပယ်ပင် ဦးလတ်(၁၂၂၈- ၁၂၈၃) က ဒီလိုရေးပါတယ်။ စပယ်ပင်၊ နယ်စဉ်သူလှည့်လို့၊ လူကြည့်အောင်ပျိုး။ ထိုက်ကြလျှင် ပန်ပစေလို့၊ ဉာဏ်ကဝေ တကယ်ဆန်းလိုက်တယ်၊ နမ်းကြ မညှိုး။  ပြည် တဝိုက်ကယ်က၊ 'ကြည်' ခိုက်တယ်လို့ ဆိုသူဆို၊ မှန်တိုင်းသာပ၊ 'ကြံသိုင်း' မတ်ပဂေးတို့လို၊ တွေးကြထိုထို၊ 'ကြည်' အပျို၊ ကြည်ညိုလို့ ကျုပ် မပေး။ 'စပယ်ပင်' ဝတ္ထု - ဝတ္ထု၊ ရှုကြ - ရှုကြ အကုန် - အကုန်၊ နုလှ - နုလှ အစုံ အစုံငယ်၊ တပုံ - တပုံ အယဉ်သုံး၊ ၊ စဆုံး - စဆုံး ဖတ်ကြပါလျှင်၊ မှတ်စရာ - မှတ်စရာ သာ၍ - သာ၍ မဆုံး၊ ၊ သုတ - သုတ လိုရာရာကို၊ ချိုစွာ - ချိုစွာ စီစဉ်ကုံး၊ ၊ ကြည်လင် - ကြည်လင် အစဉ်သုံးဖို့၊ ရွှင်ပြုံး - ရွှင်ပြုံး ရှိဖို့ကို၊ ၊ ကုန်းဘောင် - ကုန်းဘောင် နာသိင်္ဃ၊ ပဝရ - ပဝရ ထွန်းပ၊ ပြည်ရွှေဘို၊ ၊ လွမ်းစရာ့ - လွမ်းစရာ့ ကြည်စေပိုအောင်၊ ရည်ဆို - ရည်ဆို ရာဝင်ချပ်လို့၊ စာဖတ် - စာဖတ် ထပ်ထပ် ပဒုံ၊ ကပ်ဦး ပေါ်သည့်ပုံ၊ ၊ ဖတ်ကြ - ဖတ်ကြ ဝစ

June Born ဇွန်လလဖွါး

Image
ဇွန်လထဲမှ တူမတယောက်က ၁ ရက်၊ မြေး ရွှေရည်ဆွေက ၈ ရက်၊ မြေး သဒ္ဓါဆွေက ၁၈ ရက်နေ့တွေမှာ မွေးကြတယ်။ အမေရိကန်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးလည်း ဇွန်လ (၁) ရက်နေ့မှာ မွေးတယ်။ ဇွန်လ (၁) ရက်နေ့ ဖွါးသူတွေဟာ အရာရာကို စူးစမ်းချင်စိတ်များတယ်။ လူတွေရဲ့ အမူအယာတွေကို သိအောင် လုပ်တယ်။ အတွင်းကျကျတော့မဟုတ်။ သူများတွေအကြောင်း စူးစမ်းနေတာများလို့ ကိုယ်ကိုယ်ကို မေ့နေတတ်တယ်။ ကျန်းမာရေးမှာ သူတို့က ဆရာဝန်တွေကို သိပ်မယုံကြဘူး။ စူးစမ်းနေတာအတွက် အချိန်ကုန်တာနဲ့ ဆေးရုံဆေးခန်းကို အားမထားချင်လို့ ကိုယ့်ကျန်းမာရေးကို စစ်ဆေးဘို့အချိန်နည်းကြတယ်။ ဒါပေမယ့် ကာကွယ်ရေးတော့ လုပ်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာ ရွေးပြီး စားသောက်တတ်ကြတယ်။ ငွေရေးကြေးရေးမှာ ခက်ခဲတတ်တယ်။ သူများကို ပေးချင်ကမ်းချင်စိတ် များကြတယ်။ အဲတာနဲ့ ကိုယ့်တွက်မကျန် ဖြစ်တတ်ကြတယ်။ အလုပ်အကိုင်ကယ်ရီယာမှာ အဆင်ပြေကြတယ်။ လူတွေအကြောင်းသိကြလို့ရော ဆုံးဖြတ်တာမှန်ကန်လို့ကြောင့်ဖြစ်တယ်။ ဇွန်လ (၁) သမိုင်းအဖြစ်အပျက်များ ၁၂၁၅ တရုပ်နိုင်ငံ ဘေဂျင်းမြို့ကို မွန်ဂိုးလ်ဘုရင် ဂျင်ဂစ်စ်ခန်က သိမ်းယူလိုက်တယ်။ ၁၇၉၂ ကင်တပ်ကီဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၅ ခုမြောက်ပြည်နယ်ဖြစ်လာတယ်။ ၁၇၉၆ အမေရိ

ကစွန်းရွက်နှင့် ကန်စွန်းနွယ် (၂)

Image
မှိုကန်းစွန်းရိုး​လှော် မှိုကိုသင်ပြီးရေဆေးပြီးရေစစ်ထားမယ် ကန်းစွန်းရိုးလေးတွေကိုဓါးပြားရိုက်ပြီးဖြတ်ထားမယ် အိုးထဲကို ငပိနဲနဲ ဆီအနဲငယ်မျှ ဆနွင်းပါရုံ ဆားရသာမူန့် ငရုတ်သီး‌ခြောက်နဲနဲထောင်းထည့် ရေနဲနဲနဲ့တည်မယ် ပွက်ပွက်ဆူတဲ့အချိန် မှိုကန်းစွန်းရိုးထည့်မယ် နွမ်းရင်ရပါပြီ ငရုတ်သီးစိမ်းစားချင်ရင်ခွဲထည့်နိုင်ပါတယ်‌နော် (အိမ်ရှင်မ) မနေ့က တင်ပြပြီးသား။ ကနေ့လည်း ထပ်တွေ့လို့ ထပ်ဖြည့်ပါဦးမယ်။ တကယ်လို့ ရေစပ် ကမ်းစပ်မှာ ပေါက်တာကို ကန်းစွန်းလို့ ခေါ်လိုတာဆိုရင် ကမ်းလို့ ရေးမှသာ မှန်မယ်။ ကန်းဆိုရင် မျက်စိမမြင်တာဖြစ်သွားမယ်။ နိမိတ်မကောင်းပါ။ တချို့က ရမ်းတုတ်ကြတယ်။ စကားလုံးတခုချင်းစီကို အဓိပ္ပါယ်ဖွင့်ကြတယ်။ ထင်သလိုဖွင့်ကြတယ်။ မြန်လို့ မာလို့ မြန်မာတဲ့။ ဘယ်ဟုတ်ရမှာလည်း။ မြမ္မာလို့ အရင်ကရေးတယ်။ အဆန်းထွင်တိုင်း ကောင်းတယ်မှတ်သူတွေကလည်း မနည်း။ တွေ ရေးရမှာကို ဝဆွဲ မထည့်ကြ။ ရန်ကုန်ကလည်း မာ၊ မန္တလေးလည်း မာ၊ ခေါင်းလည်း မာ၊ ခြေလည်း မာ၊ ဆေးရုံမာလို့ ဘယ်ရှိမှာလည်း။ မမာလို့ ဆေးရုံရောက်တာ။ မြန်မာစာ အိုင်စီယူခန်းထဲမှာ။ ကစွန်းရွက်နှင့် ကန်စွန်းနွယ် မဂ်လာ(မင်္ဂလာ)ပါနော် ကန်းစွန်းရွက်က ကျမ်းမာရေးလည်း ညီညွတ်တယ် တင်ထားတာ တ

June ဇွန်လ

Image
၂၀၂၂ ခုနှစ်ဇွန်လဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ် နယုန်လဆန်း ၇ ရက်ကနေ ဝါဆိုလဆန်း ၃ ရက်နေ့အထိကျရောက်တယ်။ ဇွန်လနာမည်က လက်တင်လို Junius ကနေလာတယ်။ ထိမ်းမြားခြင်းနတ်ဘုရားမ Juno နဲ့ ဆက်စပ်တယ်။ ရှေးရောမအယူအဆက ဒီလမှာ လက်ထပ်ထိမ်းမြားတာ မလုပ်သင့်လို့ ဆိုတယ်။ လက်ထပ်တာကောင်းတယ်လို့ ယူဆကြတာလည်းရှိတယ်။ ဇွန်လထဲက ထူးခြားတဲ့နေ့များ • African-American Music Month အာဖရိကနွယ်ဖွါးအမေရိကန် တေးဂီတလ။ • Bike Week (Bicycle Week) စက်ဘီးလ။ • Canadian Rivers Day ကနေဒါမြစ်များနေ့ (ဒုတိယတနင်္ဂနွေနေ့)။ • Caribbean American Heritage Month ကရစ်ဘီယန်-အမေရိကန် ရှေးဟောင်းအမွေအနှစ်လ။ • Children's Day ပေါ်တူကီ၊ ပိုလန်၊ ဆလိုဗားကီးယား၊ ရိုမေးနီးယား၊ တရုပ် ကလေးများနေ့ • D-Day ၁၉၄၄ ဇွန်လ ၆ ရက် = နော်မန်ဒီကမ်းတက်တိုက်ပွဲနေ့။ • Father's Day အဖေနေ့ (ဘယ်လ်ဂျီယမ် ဒုတိယတနင်္ဂနွေနေ့)။ ယူအက်စ်၊ ယူကေ၊ မက်ဆီကို၊ ဗယ်နီဇွဲလား၊ နယ်သာလန်၊ အိုင်ယာလန်၊ ကနေဒါ၊ (တတိယတနင်္ဂနွေနေ့)။ • Feast of the Sacred Heart (Roman Catholic) ရိုမန်ကက်သလစ် မြင့်မြတ်သောနှလုံးသားနေ့ (ဇွန်လ ၆-၁၂)။ • Flag Days of Sweden အလံတော်နေ့ (ဆွီဒင် ဇွန် ၆ ရက်)၊ (ယူအက်စ်

တတိုင်းမွှေး

Image
သူငယ်ချင်းတယောက်က ကွန်မင့်ရေးပါတယ်။ ဒိန်ညင်းကနေ ဘယ်လိုတညင်းဖြစ်သွားတယ်မသိ၊ မန်ကျည်းလည်း မကျီးဖြစ်ပြီလား။ အများညီ ဤကျွဲဖြစ် တဲ့။ မြန်မာ့စွယ်စုံကျမ်းလှန်ရတယ်။ ဖုံခါရသေးတာ။ အတွဲ (၄) စာမျက်နှာ (၄၀၁) မှာတွေ့တယ်။ တညင်းပင် တဲ့။ တညင်းသီး တဲ့။ တညင်းဝက်၊ တညင်းသား၊ ကုဗပေ တပေလျှင် အလေးချိန် ၃၃ ပေါင်စီး၏။ တညင်းဖိုပင်၊ တညင်းရွေးပင်၊ တညင်းနီပင် (ဝါ) ကျွဲတညင်းပင် တဲ့။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၄) စာမျက်နှာ (၄၀၁) မှ တတိုင်းမွှေးပင် တဲ့။ ခုခေတ် (တစ်)တိုင်းမွှေးသတဲ့။ အများညီက ကျွဲကို ဤဟု ဖတ်ရ၏ တဲ့။ ကျွဲကိုလည်း ဤဟု ဖတ်ရ၏ ဒေါက်တာတင့်ဆွေ

မုန်ညင်း ဋီကာ သံခိပ်

Image
ညည်းညူတာတော့မဟုတ်ပါဘူး ကုန်ဈေးနှုန်းတွေကြီးသထက်ကြီးလာတော့ ဈေးဝယ်ရတဲ့ အိမ်ရှင်မတွေ ခေါင်းခြောက်ရတယ် ဒီမုန်ညင်းခါးတစည်းကို ၃၀၀ ပေးဝယ်ခဲ့ရတယ် တင်ထားတာခု ဖြစ်ပါတယ်။ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ စျေးကြီးသတဲ့ ဆောရီး။ အိမ်မှာလည်း မုန်ညင်းချက်စားတယ်။ ကျွန်တော်တို့က မုန်ညင်းအခါးကို အချိုထက် ပိုကြိုက်တယ်။ ပြည်တွင်းအညာဒေသမှာနေခဲ့စဉ်က မုန်ညင်းကို စားတဲ့အလေ့ အတော်နည်းတယ်။ မုန်ညင်းချဉ်သာ စားဖြစ်တာများတယ်။ အိန္ဒိယရောက်ကတည်းက မုန်ညင်းနဲ့ ညားတော့တာဘဲ။ သူတို့ဆီမှာ မဏိပူ၊ မီဇိုရမ်၊ နာဂလင်းပြည်နယ်တွေမှာ မုန်ညင်း အချို အခါး အလွန်စားတယ်။ မုန်ညင်းဆီ တတိုင်းတပြည်လုံး သုံးကြတယ်။  ကျွန်တော်က နိုင်ငံရေးထဲလည်းပါတော့ နာဇီတွေသုံးတဲ့ မုန်ညင်း အဆိပ်ဓါတ်ငွေ့အကြောင်းလည်း သိတယ်။ ဂျပန်စာ ဆူရှီးစားတိုင်း မုန်ညင်းပေ့စ် မပါလို့ မပြည့်စုံ။ မနေ့က အသိတယောက်က မျိုးစေ့တွေ လာပေးတာ မုန်ညင်းလည်းပါတယ်ထင်တယ်။ နက်ဖြန် သန်ဘက် စိုက်မယ်။ မုန်ညင်းခါး စျေးချိုလာပါစေသတည်း။ ဒေါက်တာတင့်ဆွေ

မင်းကြီးတာကထွက်သည်

Image
ကိုယ်၌က တာဝန်ပျက်သည် ရှေးက သမင်ဖမ်းသော မင်းတပါးသည် မှူးမတ်တို့အား တောခြောက်စေ၍ သမင်ကိုဖမ်းရာ၊ သမင်သည် မိမိတားရာ တာငန်းအကွက်မှ လွတ်ထွက်သွားသည်ကို မသိဟန်ပြု၍ အမတ်တို့အားမေးသဖြင့် အမတ်တို့က မင်းကြီးတာမှပင် ထွက်ပြေးကြောင်း သံတော်ဦးတင်သည်ကိုစွဲ၍ တစုံတရာတွင် ကြီးမှူးကွပ်ကဲသူတို့ကပင် စည်းကမ်းဖေါက်ဖျက် ပေါ့လျော့ခြင်းရှိသည့်အခါ တင်စား၍ သုံးနှုံးကြသည်။ လှသမိန်ပြုစုတဲ့ ဘန်းစကားများစာအုပ်က ဖြစ်ပါတယ်။ မင်းတပါး၊ တစုံတရာ၊ ဖေါက် သတ်ပုံတွေကိုပါ သတိပြုသင့်ပါတယ်။ ဒေါက်တာတင့်ဆွေ

ဝတ်စုံနိုင်ငံရေး

Image
စတစ်အကျႌနဲ့ တိုက်ပုံမဝတ်လိုက်ရတော့ အအိုက်သက်သာတယ်လို့ ရေးတာကို သဘောမပေါက်တဲ့ကွန်မင့်ဖတ်ရတယ်။ ဆောရီး။ ကျွန်တော်ခရီးထွက်လာတာ တလနည်းနည်းကျော်လာပြီ။ ဓါတ်ပုံတွေလည်းရာကျော်လောက်ပြီ။ ကျွန်တော် စတစ်အကျႌနဲ့ တိုက်ပုံဝတ်မထားတာ သတိထားမိသူတွေရှိမယ်။ လက်ဆောင်ပေးကြတဲ့ အဝတ်အစားတွေထဲမှာ စတစ်အကျႌ၊ တိုက်ပုံ၊ ကချင်ပုဆိုး အကောင်းစားတွေပါတယ်။ ကျေးဇူး။ ခုထိတော့ မဝတ်ဖြစ်သေးပါ။ ဝတ်သင့်သူတွေက ဝတ်ထိုက်တဲ့နေရာမျိုးမှာ ဝတ်စုံဝတ်ကြတာကို သဘောကျတယ်။ ဒီပဲယင်းနှစ်လည်နေ့က ကြည်ရွာဘုန်းကြီးကျောင်းမှာ အင်နလ်ဒီဝတ်စုံနဲ့ ဆရာမတယောက်ကနေ ကျွန်တော်တို့ သိလိုတာမှန်သမျှ ရှင်းပြပေးပါတယ်။ ကျေးဇူး။ ကျွန်တော်က ဝေါဟာရတွေကိုနိုင်ငံရေးလုပ်တာ မကြိုက်ပါ။ ဝတ်စုံမပါတဲ့နိုင်ငံရေးလုပ်တဲ့လူဖြစ်လာအောင် ၂၈ နှစ်ကြာ ကျင့်ကြံခဲ့ရပါတယ်။ ယူနီဖေါင်းမပါတဲ့ကာလကို မျှော်လင့်ထားတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၈

မရှာတာ တွေ့တတ်တယ်

Image
လွန်ခဲ့တဲ့ ၄ နှစ်တိတိက မုံရွာမှာ။ ဒေါ်မြမြအေးက မြွေတို့ ကင်းတို့ဆို အလွန်ကြောက်တာ။ အတူသွားရင် သူပဲ အကောင်တွေတွေ့တတ်တယ်။ ဆောရီး။ ကျွန်တော်ကြောက်တာက မြန်မာစာ မှားရေးတာ။ သွားတဲ့နေရာတိုင်းမှာ အမှားတွေတွေ့တယ်။  ၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ မုံရွာတောင်ဘုရားကြီးရောက်ကြတယ်။ စောင်းတန်းမှာ ကုသိုလ်ပြုသူတွေ အမည်ရေးထိုးထားတာ မိသားတစု ရေးသင့်တာကို နောက်ထိုးတချို့သာ စသတ်တာ တွေ့ပါတယ်။ အမှန်တွေသာ များတယ်။ ကောင်းတယ်။ ဘုရားမရောက်ခင် သန်းတရာဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်းဘုတ်လည်း ဖတ်ခဲ့သေးတယ်။ ဓါတ်ပုံရိုက်ချိန်မရလိုက်။ မုံရွာက မြန်မာစာတော်တယ်လို့ လိုက်ကြွားချင်တယ်။ စုန်းပြူးကတော့ ရှိတာပေါ့။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၈

Hygiene အစာလမ်း အူလမ်း ဆေးရန်မလို

Image
မင်္ဂလာပါဆရာ အစာအိမ်နဲ့အူလမ်းကြောင်းကို ဆေးကြောပေးတာ အညစ်ကြေးတွေကို ဆေးကြောပေးတာက ဝမ်းချူတဲ့နည်းအပြင် ဆားရည်တလီတာနဲ့အူကိုဆေးပေးလို့ရတယ်ဆိုတာ တလကိုဘယ်နှစ်ကြိမ် (သို့မဟုတ်) ဆားရည်နဲ့အူဆေးတဲ့နည်းလမ်းဟာ မှန်ကန်ပါသလားဆရာ ပန်းရောင်ဆားက သွေးတိုးစေတဲ့ ဆိုဒီယမ်တွေ မရှိသလောက်နီးပါးလို့ ဆိုထားတာတွေ့မိတယ် ပန်းရောင်ဆားနဲ့ အူခဏခဏဆေးကြောပေးခြင်းက ဆိုးကျိုးတွေ ရှိနိုင်ပါသလားဆရာ အူဆေးနည်းလမ်းတွေထဲက အခြားသော လုပ်ဆောင်လို့ရနိုင်တဲ့ အူဆေးကြော သန့်စင်နည်းလမ်းလေးတွေကို သိချင်ပါတယ်ဆရာ ကျေးဇူးတင်စွာဖြင့် လူတိုင်း အစာလမ်း၊ အူလမ်း ဆေးစရာမလိုပါ။ ကိုယ်ခန္ဓာက အလိုလို မသင့်တာ၊ ပိုတာတွေကို စွန့်ထုတ်ပေးတဲ့စနစ်တွေရှိပြီးဖြစ်တယ်။ ချွေး၊ ဆီး၊ ဝမ်း။ အဆိပ်သောက်တဲ့လူနာ ၄ နာရီအတွင်းရောက်လာရင် အစာအိမ်ထဲကျန်နေတဲ့အဆိပ်တွေကိုတော့ အစာအိမ်ဆေးနည်း လုပ်ပေးရတယ်။ ဝမ်းနှုတ်ဆေးကိုလည်း မလိုအပ်ပဲ တလွဲမသုံးရ။ မလိုပဲသောက်နေ၊ လုပ်နေသူတွေ နောက်ဆက်တွဲ ဖြစ်တာတွေ ရှိလာမယ်။ လက်ဆေး၊ ရေချိုး၊ ခေါင်းလျှော်၊ သွားတိုက်စတဲ့ တကိုယ်ရေသန့်ရှင်းရေးသာ နေ့စဉ်လိုအပ်တယ်။ အစာအိမ်သန့်ဆေး၊ အူသန့်ဆေး၊ အဆုတ်သန့်ဆေး၊ သားအိမ်သန့်ဆေး၊ သွေးသန့်ဆေး မရှိ။ ဒေါက်တာတင့်ဆွေ

Blood donation သွေးလှူခြင်း

Image
ကြံခင်းမြို့  ကရုဏာ အခမဲ့ သွေးကူညီရေး အဖွဲ့ ၏ ( - )လုံး မြောက် သွေးလှူရှင် ( - ) နေ့တိုင်းနီးပါး တွေ့တယ်။ ကြက်ခြေနီတွေ ကြက်ခြေစိမ်းတွေ မပါ။ နိုင်ငံရေးလည်းမပါတဲ့ စေတနာသန့်တယ်လို့ ထင်တယ်။ ကောင်းတယ်။ ပုံကိုတော့ မသုံးပါ။ မြန်မာပြည်က လူပုံပါတာတွေက သုံးရတာ အဆင်မပြေတတ်ပါ။ တချို့က သဘောမကျ။ တချို့က ပုံအတုတွေ။ Blood donation rules သွေးလှူခြင်းဥပဒေသများ https://dr-tint-swe.blogspot.com/2020/12/blood-donation-rules.html Facts about blood donation သွေးလှူခြင်းကိန်းဂဏန်းများ https://dr-tint-swe.blogspot.com/2021/05/facts-about-blood-donation.html Blood donation and Diseases ဒီရောဂါရှိသူတွေ သွေးမလှူရပါ https://dr-tint-swe.blogspot.com/2020/12/blood-donation-and-diseases.html ဒေါက်တာတင့်ဆွေ

Difference between learning a language and subject ဘာသာစကားနဲ့ အတတ်ပညာဘာသာရပ်

Image
ဟိုအရင်ကတည်းက ကိုယ့်တိုင်းပြည်မှာ အင်္ဂလိပ်စာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင်ကြိုးစားကြတယ်။ ကောင်းတယ်။ အခုနောက်ပိုင်း မျက်စိနားပွင့်တော့ ပိုပြီး လေ့လာလိုက်စားကြတယ်။ ကောင်းတယ်။ ထပ်တိုးလာတယ်။ တရုပ်စကားတဲ့။ ကိုရီးယားစကားတဲ့။ ဂျပန်စကားတဲ့။ ကောင်းတာပါဘဲ။ ထိုင်းသွား အလုပ်လုပ်သူတွေ အတော်များများ ထိုင်းစကားတတ်ကြတယ်။ မလေးသွားအလုပ်လုပ်သူတွေလည်း မလေးစကား။ အိန္ဒိယား ဟင်ဒီစကား။ ကောင်းတာဘဲ။ ဘာသာစကားဆိုတာ ဘာလဲ။ ပထဝီ၊ သမိုင်း၊ ဓါတု၊ ရုပတို့လို ပညာရပ်လား။ မဟုတ်ပါ။ ဘာသာစကား တတ်တာနဲ့ တံတားမဆောက်တတ်။ ဆေးမကုတတ်။ ရှေ့နေမလိုက်တတ်။ အင်္ဂလိပ်၊ တရုပ်၊ ကိုရီးယား၊ ဂျပန်၊ မလေး၊ ထိုင်း၊ ဟင်ဒီစကားတတ်သူတွေ မြန်မာစာနဲ့ မြန်မာစကား အလေးမထားတော့ပြီလော။ မကောင်းပါ။ ပြောစကားဆိုတာ ခက်တာမဟုတ်လို့ပြောရင် ကလေးတွေအတွက် မှန်တယ်။ ကိုယ့်နိုင်ငံက ကလေးတွေ ယူအက်စ်အေမှာ အင်္ဂလိပ်စကားကို အမေရိကန်တွေအတိုင်း ၁၀၀% ပြောတတ်ကြပါတယ်။ ၁၂ တန်းမှာ အင်္ဂလိပ်စာအပြင် သချင်္ာ၊ ဆိုရှယ်သိပ္ပံ၊ စတာတွေ သင်ကြရတယ်။  - Advanced math  - Communication  - English  - Foreign Language - High school level science  - Language arts  - Literature  - Mat

မြန်မာစာ နေကောင်းပါစေသတည်း

Image
ဆရာရှင့်သမီးကိုကူညီပါအူး အဲ့မမနဲ့ဖစ်တာချင်းတူနေပါတယ် အဲ့မမကတော့အဆာရေပြွန်(အစာရေပြွန်)ကင်ဆာပါတဲ့ သမီးကရောအဲ့လိုဖစ်နိုင်လားဆရာရှင့် - ကျောတေ - ပြောပါတရ် - နေပါတရ် - ညမဖစ်တာ - ဖစ်နေတာ - ခံစားရတရ် - တအားပူတရ် - အစာအိမ်နဲ့မှားပီး ဆရာယန်အြကြကိးမှားကုပေး နြေကတရ် - အလေးအပင်မရင်နာလာမမ - ရောတရ်ညီမ - မမMrtစိုတာ(ဆိုတာ) ဘယ်လိုပုံစံလည်းမမ - ဟုမမ - အဲ့စို(အဲ့တာဆို) မမလည်းမမလိုဖစ်နေတာပေါ့နောက် - Mri ညီမ အခုမေးသူ အမျိုးသမီးလို့တော့ သိ။ အသက်နဲ့ အချက်အလက်တွေ မသိ။ ဘာတွေဖြစ်နေသလဲ မသိ။ ပို့တဲ့စာကိုရေးသူနဲ့ မေးတဲ့သူ တထေရာတည်းတူတာကတော့ စာကို မှန်အောင်မရေး၊ မှားအောင်၊ လွဲအောင်ရေးတာ ဖြစ်နေတယ်။ ကျွန်တော်က နားလည်အောင် မဖတ်တတ်ပါ။ အသက် အချက်အလက်တွေ မသိသူကိုလည်း ရမ်းမကုတတ်ပါ။ အဲလိုစာအရေးအသားမျိုးကို နားလည်အောင်ဖတ်တတ်တဲ့ဆရာဝန်ဆီသာ မေးမြန်းကုသပါရန်။ မြန်မာစာ နေကောင်းပါစေသတည်း။ ဒေါက်တာတင့်ဆွေ

First case of Monkeypox in Thailand

Image
ထိုင်းနိုင်ငံမှာ မန်းကီးပေါက်စ် ခေါ် မျောက်ကျောက်ရာဂါ ကူးစက်ခံရသူတဦး တွေ့ရှိ ဥရောပကနေ သြစတေးလျအသွား ထရန်ဇစ်နားစဉ်မှာ ရောဂါလက္ခဏာတွေပေါ်လာလို့ စစ်ဆေးတော့ တွေ့ရတာဖြစ်တယ်။ လေယာဉ်ပေါ်မှာအတူပါလာသူအကုန်ကို သီးခြားခွဲထားပြီး စစ်ဆေးနေတယ်။ ၇ ရက်ကြာပေမဲ့ ဘယ်သူ့မှ ရောဂါလက္ခဏာ မပေါ်ပါ။ ၂၁ ရက်ကြာ ခွဲထားမယ်။  ဒိအရင် ဖူးခက်မှာ သံသယရှသူတွေကို စစ်တော့ ကူးစက်ခံရခြင်း မရှိပါ။ မေလ ၂၉ ရက်နေ့အထိ နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ ၄၀၆ ယောက်ကူးစက်ခံထားရပြီး ၈၈ ယောက် သံသယရှိတယ်။ ထပ်မံ အသိပေးပါမယ်။ မျောက်ကျောက်ရောဂါခံစားနေရသူများပုံတွေ တင်သမျှ တခုတလမှ အစစ်အမှန် မဟုတ်ပါ။ ဟိုအရင် ကျောက်ကြီးရောဂါနဲ့ မျောက်ကျောက်စတင်ဖြစ်ခဲ့တဲ့ အာဖရိကက ပုံအဟောင်းတွေသာ ဖြစ်တယ်။  ဒေါက်တာတင့်ဆွေ

Tests for Pancreatic Cancer သရက်ရွက်ကင်ဆာ စစ်ဆေးနည်းများ

Image
မုန့်ချိုအိတ်ကင်ဆာ ဟုတ် မဟုတ် အတိအကျသိရအောင် ဘယ်လိုစစ်ရမလဲချင်ဗျ။ CT တော့ ရိုက်ပီးပီ (ပြီးပြီ) ခင်ဗျ မေးခွန်းက ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ အမေရိကန်ဆေးပညာအရ တင်ပြပါမယ်။ ဒီစာထဲမှာပါတာတွေ အကုန်လုပ်မယ်လို့ မဆိုလိုပါ။ ကိုယ့်ကိုစမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က အလိုအပ်ဆုံး စစ်ဆေးနည်းကို ညွှန်ပါတယ်။ ဖေ့စ်ဘွတ်ကနေ ဆရာဝန်မဟုတ်သူတွေဖြေတာက မှန်တာရော မှားတာပါ ပါလေ့ရှိတယ်။ ကျွန်တော်က စာကိုသာ ရေးတာ။ ၁။ Medical history and physical exam ရောဂါရာဇဝင်မေးခြင်းနှင့် လက်နဲ့ စမ်းသပ်ခြင်း၊ ၂။ Imaging tests ပုံရိုက်စစ်ဆေးနည်းများ ရောဂါရှိ မရှိကိုသာ စစ်ဆေးတာ မဟုတ်။ ရောဂါက တခြားနေရာတွေကို ပြန့်နေ မနေကိုပါ စစ်တာဖြစ်တယ်။ ကုသနည်းရဲ့ ထိရောက်မှုကိုလည်း သိချင်လို့ဖြစ်တယ်။ - Computed tomography (CT) scan - Magnetic resonance imaging (MRI) - Ultrasound - Cholangiopancreatography - X-rays  - Percutaneous transhepatic cholangiography (PTC) - Positron emission tomography (PET) scan - X-ray angiography ၃။ Blood tests သွေးစစ်ခြင်း ၄။ Liver function tests အသည်းအလုပ်စစ်ဆေးခြင်း ၅။ Tumor markers ကျူးမာမာကာ CA 19-9 ၆။ Biopsy

အလွန်လင်းသော မှောင်ခို

Image
သတင်း = ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာပြည်သူတွေအတွက် ပေးအပ် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေ ဈေးကွက်အတွင်းပြန်ရောင်းချမှုတွေရှိနေတယ်လို ကရင်နီဒေသခံ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲထံက သိရပါတယ်။ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို ရှမ်းပြည်နယ်၊ ဖယ်ခုံမြိုပေါ်က ကုန်စုံဆိုင်တဆိုင်မှာ  ဆန်တွေသွားဝယ်ရာမှာ WFP တံဆိပ်နဲ့ ဆန်အိတ်တွေကိုတွေခဲ့လို ဝယ်ယူပြီး လိုအပ်တဲ့စစ်ဘေးရှောင်တွေထံ ပြန်လှူခဲ့တယ်လို ကွန်ရက်အဖွဲဝင်တဦးက ပြောပါတယ်။ WFP တံဆိပ်ပါ UN ဆန်အိတ် တအိတ်ကို ကျပ်ငွေ ၃၅,၀၀၀ နှုန်းနဲ့   ဆန်အိတ်ပေါင်း  ၉ အိတ် စုစုပေါင်း ကျသင့်ငွေ ကျပ် ၃၁၅,၀၀၀ ပေးခဲ့ရတယ်လိုလည်း သိရပါတယ်။  သတင်းရေးသူ သတ်ပုံလည်း မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အစစအရာရာရှားပါးတယ်။ သာမန်လူတွေအတွက် နေ့တိုင်းစားရသောက်ရ၊ သုံးစွဲရနဲ့ ဝတ်စားရတာတွေပါ ရှားတယ်။ ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူခွင့်ရှိတယ်။ မဆလ လူကြီးတွေအတွက်ကတော့ အထူးစပယ်ရှယ်ဆိုင်တွေရှိတယ်။ ခွဲတမ်းဆန်တွေက စားမဖြစ်လောက်အောင်ညံ့တယ်။ အတော်အသင့် မိသားစုတွေက

ကစွန်းရွက်နှင့် ကန်စွန်းနွယ်

Image
မဂ်လာ(မင်္ဂလာ)ပါနော် ကန်းစွန်းရွက်က ကျမ်းမာရေးလည်း ညီညွတ်တယ် တင်ထားတာ တခုဖြစ်ပါတယ်။ ကန်လို့ရေးချင်တာ ကန်းဖြစ်သွားပုံရတယ်။ မှားတတ်ပါတယ်။ စာအရေးများတဲ့ ကျွန်တော်က အမှားဆုံး ဖြစ်နိုင်တယ်။ အခု ကျန်းမာလို့သာ ရေးကြတယ်။ အရင်ကကျမ္မာလို့လည်း ရေးတာရှိခဲ့တယ်။ ကစွန်း၊ ကန်စွန်းနဲ့  ကဇွန်းတို့က မူကွဲတွေဖြစ်တယ်။ သင်ပုန်းကြီးမှာ က ကစွန်းပင် ရေမှာရွှင်။ ၁၉၆၄-၆၅ ကျွန်တော်တို့ဆယ်တန်းမှာ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ် မြန်မာ့မျက်ပွင့်ထဲမှာ ဇေယျက ကန်စွန်းနွယ်လို့ ရေးပါတယ်။ မြန်မာစာမှာ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ၊ တခါတလေကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။ ဗိုလ်တထောင်ကို စသတ်နဲ့ရေးလို့၊ ကောင်းမှုတော်ကို အောက်မြစ်အပိုထည့်လို့ ကုသိုလ်ပိုမရနိုင်။  ကန်ဘေး၊ ကန်အစွန်းမှာပေါက်လို့ ကန်စွန်းလို့ ဆင်ခြေပေးရင်တော့ မမှန်ပါ။ အိုးထဲလည်းပေါက်တယ်။ ရထားလမ်းဘေး၊ ယာခင်းထဲ၊ လမ်းဘေး၊ နေရာတကာမှာ ပေါက်တယ်။ ဒေါက်တာတင့်ဆွေ

ဉ နဲ့ ဥ မတူပါ

Image
ဉာဏ်ကောင်းသော ကျောင်းသူတယောက်သည် ကြက်ဥတလုံးစားပြီး ညတိုင်းစာဖတ်သည်။ ၁။ ကြက်ဉ(ကြက်ဥ)ငရုတ်သီးစိမ်းဆော့ ကြက်ဉ(ကြက်ဥ) (သို့) ဘဲဉ(ဘဲဥ)ကိုပြုတ်ပါ ၂။ ဉပုသ်နေ့တပိုင်းပဲစောင့်လို့ရပါလားခင်ဗျ ဥပုသ်လို့ ရေးမှသာ မှန်တယ်။ ( ဉ ) က ညကလေး။ ၃။ ပထမ သံဂါယနာ တင်စဉ်က အရှင်ဉပါလိ မည်သည့် တာဝန်ယူခဲ့သလဲ (အရှင်ဥပါလိလို့ ရေးရတယ်။ ဉ နဲ့ ဥ မတူပါ။) ၄။ ညဏ် နဲ့ ဉာဏ် ဘယ်ဟာအမှန်လဲဆရာ။ ဉာဏ်။ ၅။ ဆရာ ညီမလေးတယောက်က ညဏ်ပညာလို့ရေးထားပါတယ်။ ကျနော်က ဥာဏ်ပညာလို့ သိထားပါတယ်။ ကျနော် ရေးတာ အမှန်ထင်လို့ ဥာဏ်ပညာက အမှန်လို့ ပြောပြပါတယ်။ အဲဒီ ညီမလေးက လက်မခံပါဘူး ဘယ်ဟာအမှန်လဲဆိုတာ သိချင်ပါတယ် ဆရာ။ (ညဏ်ပညာ မမှန်ပါ။) ၆။ ဆရာ မောင်ဉာဏ ဖြစ်ရမှာ မောင်ဥာဏ ဖြစ်နေပါတယ်။ (နှစ်မျိုးလုံး ရေးကြတယ်။) ၇။ ဥာဏ်က အမှန်လား ဉာဏ်က အမှန်လား ပြောပြပေးပါအုံးခင်ဗျ။ အခုလို အမတ်တယောက်က တင်ထားတာတွေ့တော့ လူငယ်တော်တော်များများ အတုယူမှားသွားမှာစိုးလို့ပါ။ (မေးတဲ့သူပို့ပေးတဲ့ ဦးဥာဏ်လင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ရွှေပြည်သာ) ရေးတဲ့ ဥါဏပစ္စည်းဥပဒေရေးဆွဲရေး ပုံကို မထည့်တော့ပါ။ ရေးချကတော့ ပြင်သင့်တယ်ထင်ပါတယ်။) ၈။ သဉ္ဇာ ဆိုသော စာလုံးကို ပေါင်းရာမှာလည်း ညကလေး(ဉ)နေရာမ