Posts

Showing posts from July, 2022

မုန့် နဲ့ မုံ့

Image
မုံ့လေပွေ - ဆန်ဈေးတွေတက်လို့ ထမင်းမစားတော့ဘူး ဒါပဲ စားတော့မယ်  - သွေးသောက်အယ်ဒီတာ၏ အမှာ ၁။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၂။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၃။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၄။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၅။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၆။ မုံ့ လား မုန့် လား။ ၇။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။ မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလ

Spherical Earth ကမာ္ဘကြီးသည်

Image
ကမာ္ဘကြီးဟာလုံးဝန်းသောပုံပန်းသဏ္ဌာန်ရှိသည်ဆိုတဲ့အယူအဆကို ဘီစီ ၆ ရာစု ဂရိခေတ်ကတည်းကသိခဲ့ပါတယ်။ ကမာ္ဘကြီးကို ကြုံ့သွားစေခဲ့ပြီလို့ ကြုံးဝါးနေကြတယ်။ ကမာ္ဘဆိုတာသေးသေးလေးပါကွာလို့ပြောတာက နေရာတခုမှာ မထင်မှတ်ပဲ အသိတယောက်ကို ပြန်တွေ့တဲ့အခါမျိုးမှာပြောတယ်။ ကမာ္ဘရွာဆိုတဲ့အသုံးပေါ်လာတာ အမှန်က စာရေးဆရာ မာရှယ် မက်လူဟန်က ၁၉၆၂  မှာစာအုပ်ရေးတာကနေစပါတယ်။ မီဒီယာကျယ်ပြန့်လာတာကိုရေးတာပါ။ ကနေ့ လူသိများတဲ့ ကမာ္ဘရွာဆိုတာ အင်တာနက်ပေါ်လာမှပြောကြာတာဖြစ်တယ်။ ကမာ္ဘကြီးပြားပြီဆိုတာကတော့ သောမတ်စ် ဖရီးမင်းရဲ့စာအုပ်ကြောင့် ဖြစ်ပါတယ်။  ဖေ့စ်ဘွတ်ပေါ်လာတော့ ဘယ်မှာနေနေ နေ့နေ့ညည ဆက်သွယ်ရတာ ပိုလွယ်လာတယ်။ အသံ၊ ရုပ်ပုံ၊ ဗီဒီယို အစုံပါပဲ။ အဲတော့ ဝေးကွာမှုတံတိုင်းဆိုတာ မရှိတော့သယောင် ထင်မှတ်လာစေတယ်။ အထင်ပါ။ အသိတွေ၊ မိတ်ဆွေတွေ၊ အမျိုးတွေက လက်ဖက်စို၊ လက်ဖက်ခြောက်၊ ငါးခြောက်စသဖြင့် ပို့ပေးချင်တယ်တဲ့။ နေပါစေလို့ ပြန်ပြောရတာ အားနာတာတခုတည်းမကပါ။ ပစ္စည်းပို့ရတာ လူကြုံကောင်းဦးတော့ ခက်ပါတယ်။  ကမာ္ဘကြီးမှာ အတားအဆီးတွေ၊ အကွာအဝေးတွေ အမှန်တကယ်ရှိနေပါတယ်။ ဖေ့စ်ဘွတ်မှာ မွေးနေ့လက်ဆောင်ကိတ်မုံ့ သုံးဆောင်ပါလို့ပို့သလို မရပါ။ ဗာကျူရယ်ခေတ်မှာ အတု

သမိုင်း တစ

Image
သမိုင်း တစ - ၁  နန်းတော်ရှေ့မှာ အစဉ်အလာ အမှတ်တရလေးအဖြစ် နှစ်စဉ်ကျင်းပနေတဲ့ ကထိန်တော် အသင်းလေး ရှိခဲ့ပါတယ်  စစ်ပြီးခေတ် ကာလမှာ နန်းတော်ရှေ့ နေအိမ် ရပ်ကွက်က လူနေခပ်ကျဲကျဲ ဈေးကလေးက ယိုင်တိုင်တိုင် အမိုးအကာများနဲ့ ဈေးရောင်းကျရှာရင်း ဈေးသည် အမျိုးသမီးတစုဟာ ကထိန်ကလေးလုပ်ဖို့ဆန္ဒရှိလာတဲ့အတွက် တိုင်ပင် ကြပါတယ် တိုင်ပင်တဲ့ အမျိုး သမီးလေးတွေဟာ အပျို ကြီးတွေ ဖြစ်နေကြတာမို့ အပျိုကြီးကထိန်ဆိုတဲ့ နာမည်လေး စိတ်ကူးယဉ်ပြီး ပေးခဲ့ကြပါတယ်  ဒီသတင်းဟာ ဈေးလောကထဲမှာ တမဟုတ်ခြင်း ပျံနှံ့သွား ပြီး အမျိုးသား လူပျိုကြီးများ ဘက်ကလည်း အားကျမခံ လူပျိုကြီးကထိန်ရယ်လို့ အမည်တပ်ပြီး အကောင်အထည် ဖော်ပါတော့တယ်  လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ နန်းတော်ရှေ့ စာကြည့်သင်း ကော် မတီမှ ကြီးမှူးပြီး ကထိန်တော်ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။  ကောက်နှုတ်ချက်။ ရတနာပုံနေ့စဉ်သတင်းစာ သမိုင်း တစ - ၂ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်းရယ်လို့ မတည်မီ နန်းတော်ရှေ့ ရွာသာရပ်မှာရှိတဲ့ ဇရပ်ကြီးမှာ စာဖတ်ခန် တခု ရှိခဲ့ပါတယ် အားလပ်တဲ့အချိန်မှာ စာဖတ်ဝါသနာ ပါသူတွေဟာ စာလာဖတ်ကြပါတယ်  စာပေကတော့ ဗုဒ္ဓစာပေတမျိုးထဲသာ သီးသန့်ထားပါတယ်။ ခေတ်စာပေတွေ မထားပါဘ

တနေ့တော့ တယောက်နှင့်တယောက် လန်ချားတစီးနှင့် လူစိမ်းတယောက်

Image
သွေးသောက် အယ်ဒီတာ အမှာ ၁၉၄၇ ခုနှစ်။ ရှုမဝမဂ္ဂဇင်းထွက်စအချိန်တွင် ကျွန်တော်တို့သည် နေ့စဉ်လိုလိုပင် စကော့ဈေး အနောက်ဖက်တန်းရှိ ရှုမဝတိုက်သို့ ရောက်တတ်ကြသည်။ လူသွားစင်္ကြန်ပေါ်တွင်ချထားသော ရှုမဝဦးကျော်၏စားပွဲကို ဝိုင်း၍ ထိုင်ကာ ဦးကျော်ဧည့်ခံသော လဖက်ရည်နှင့် မုံ့များကို သုံးဆောင်ကြရင်း စာပေနယ်က ဟိုအကြောင်း သည်အကြောင်းများကို တယောက်နှင့်တယောက် ရောက်တတ်ရာရာ ပြောဆိုကြ၏။ တနေ့တော့ ကျွန်တော်သာည် လန်ချားတစီးနှင့် ရှုမဝသို့ လေပန်းရန် သွားသောအခါ ရှုမဝဦးကျော်၏ စားပွဲတွင် မင်းသားကလေးလို လှသော ဦးကျော်အစား မျက်နှာရှည်ရှည် ဖရန်ကင်စတိန်းနှင့် ဆင်ဆင်တူသော လူစိမ်းတယောက် ထိုင်နေသည်။ (သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၂ ခု ဇွန်လ) ငွေဥဒေါင်း စာဝင်္ဂဘာ (ကိုယ်တွေ့ စာပေလောက) စာအုပ်အမည် - စာဝင်္ဂဘာ စာရေးသူ အမည် - ငွေဥဒေါင်း ထုတ်ဝေသည့် ခုနှစ် - ၁၉၆၃ ဒေါက်တာတင့်ဆွေ

စာရေးခနှင့် စာရေးဆရာ

Image
အယ်ဒီတာထံ ပေးစာ ကဏ္ဍမှ ဗန်းမော်တင်အောင်၏ "စာရေးခနှင့် စာရေးဆရာ" သွေးသောက်မဂ္ဂဇင်း  အမှတ် ၁၇၊ ဧပြီ ၁၉၄၇။ ကနေ့အထိ ဝတ္ထုတိုပေါင်း ၂၀ နီးပါးလဲ ရေးခဲ့ဘူးပီ၊ ဉာဏ်ပူဇော်ခ လဘက်ရည်တခွက်နဲ့ ဒဂုန်တာရာ ဝယ်ကျွေးတဲ့ အိုက်စကရင်းတခွက်ဘဲ စားရဘူးတယ်။ (ဗန်းမော်တင်အောင်) သေရဲတာ အလံနီ - ငတ်ရဲတာ စာရေးဆရာ ယခုသော်ကား တခွက်လို့ မရေးသူများ ငွေရွှင်ကြသည်။  ဒေါက်တာတင့်ဆွေ

မေမြို့မိုး

Image
ရေး - စိုင်းခမ်းလိတ် ဆို - စိုင်းထီးဆိုင် ရွာမလိုလို လာမလိုလိုနဲ့ လေယူရာပါသွားတဲ့ မိုးတိမ်လို မြင်သာမြင် မကြင်ရတဲ့မေတ္တာ မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ သူမချစ်တာကို သူမချစ်တာကို ဘယ်လိုမှ အပြစ်ပြောဖို့မရှိပြီ ဟိုအရင် တခါက ရေစိုထမီနဲ့ မိုးရေမှာလှပခဲ့ဖူးတာ ပြန်မြင်ယောင်လည်း ရင်နာရုံကလွဲပြီးတော့ ဘာမှ မတက်နိုင်ဘူး ခွင့်လွှတ်လိုက်ရပြီ စွန့်လွှတ်လိုက်ရပြီ လက်လျှော့လိုက်ရပြီ အိုး မေမြို့မိုး အစိုးမရတော့ပြီ အိုး မေမြို့မိုး ကိုးမရတော့ပြီ အိုး အိုး အိုး အိုး မေမြို့မိုး မေမြို့မိုး ပြန်ကြုံရင် ရင်ခုန်နေဆဲ ဖွေသာဖွေ အဖြေမရှိတဲ့ ပုစ္ဆာလို မှန်သာမှန် ပန်မပေးရ သစ္စာ မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ သူပစ်ခွာလို့ သူပစ်ခွာလို့ အခြေအနေတွေ တမျိုးပြောင်းလဲခဲ့ပြီ ဒီလိုအချိန်မှာ လူမြင်မခံတဲ့ မျက်ရည်တွေ တိတ်တခိုးလေးကျလေ ရင်နာတာကို မနာလိုနေပြတဲ့ ကြားတဲ့ ဘာမှ မတတ်နိုင်ဘူး ယောက်ျားလည်း အသည်းနဲ့ ယောက်ျားလည်း အလွမ်းနဲ့ ယောက်ျားလည်း အဆွေးနဲ့ အိုး မေမြို့မိုး အစိုးမရတော့ပြီ အိုး မေမြို့မိုး ကိုးမရတော့ပြီ အိုး အိုး အိုး အိုး မေမြို့မိုး မေမြို့မိုး တ

အပုံတရာပုံ တပုံ

Image
ဓနရှင်တယောက် တကယ်လို့ အပုံတရာပုံ တပုံ တဦးမက များလှစွာသော (ပါရဂူ - ရာဟုလာသံကိစ္စည်း၏ နှစ်ဆယ့်နှစ်ရာစု) ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

တလိမ်နှစ်လိမ်

Image
သတ်ပုံမှန်ခတ်က စာအုပ်။ ခုခေတ်မှာ စာရေးတာကအစ နေရာတကာ အလိမ်တွေ များများလာတယ်။ ဒေါက်တာတင့်ဆွေ

ရေစကားပုံများ

Image
ရေကျက်အေး ရေကျိုငါးပိ ရေခပ်ပါ ရေခအုံးပင် ရေခဲခြစ် ရေချင်းယားပင် ရေချမ်းစင် ရေချိုး ရေငန် ရေငုပ် ရေစင်းစင်းသေ ရေစိမ်း ရေစီးကမ်းပြိုနာ ရေစုန်ရေဆန် ရေဆွတ် ရေညှိ ရေတံခွန် ရေတံလျှောက် ရေတကောင်း ရေဒီယို ရေနံချေး ရေပုံး ရေပန်းစား ရေဖတ်တိုက် ရေဖိတ်စပါး ရေဖျန်း ရေဖျဉ်းနာ ရေကြက် ရေကြည်ရာ မြက်နုရာ။ ရေမာကျီ ရေမျိုချပါ ရေမှုတ် ရေမှုန် ရေယက် ရေယဉ်ကြော ရေယုန်နာ ရေခြား မြေခြား။ ရေပြင်ညီ ရေပြန် (ကျင်ငယ်၊ ဆီး၊ သေး) ရေမြုပ်ပင် ရေမြှုပ် ရေရွတ် ရေလုံပြုတ် ရေလက်ကြား ရေလည် ရေလာမြောင်းပေး ရေလိုအေးလို့ ပန်းလိုမွှေးပါစေ။ ရေလဲ ရေဝတီနက္ခတ် ရေဝပ် ရေသကျည်းပင် ရေသပ္ပာယ် ရေသဖန်းပင် ရေသရဲ (ရေဘဝဲ) ရေသွန် ရေသီလံငှက်ပျော ရေသနုပ် ရေမြွှာ ရေအဆုံး ကုန်းတဝက်။ ရေအနည် ရေအလျဉ် ရေအီနေသည် ရေကျောက်ရောဂါ ရေညှောင့်ကောင်ငှက် ရေကြော ရေမျောကမ်းတင် ရေဝေကြော ရေသောက်မြစ် ရေနွေးဖြော ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ ရေသာများ၍ ငါးမတွေ့ကြပါ။ မီးများစဉ်က မီးနိုင်ခဲ့ပြီး၊ ရေများပေမယ့် ရေမနိုင်သေး။ မီးစတဖက် ရေမှုတ်တဖက်တွေ များနေသေးတယ်။ သောင်မတင် ရေမကျအဆင့်သာရှိသေးတယ်။ ရေမနောက် ကြာမလျှောက်လို့ အောက်မေ့ကြပါ။ မိုးရွာတုန်း ရေခံကြပါ။ အချိန်နှင့် ဒီရေဟာ လ

တဆက်ပြီးမှ တဆက်

Image
  ပင်းယနှစ့် စစ်ကိုင်း ခေတ် (၆၇၄ - ၇၂၆) ရှမ်းခေတ် (၆၀၀ ကျော်မှ ၉၀၀ ခန့်အထိ) အမောင်တို့ ယခု ငါတို့ သင်ကြားခဲ့ရသည်မှာ ပထမတကောင်း၊ ဒုတိယ သရေခေတ္တရာ၊ တတိယ ပုဂံခေတ်တို့ ဖြစ်ကြ၏။ ထို ၃ ခေတ် ၃ ဆက်ကား တဆက်ပြီးမှ တဆက် အစဉ်အတိုင်းရှိ၍ မှတ်ရန် လွယ်ကူ၏။ ထိုမှတပါး - ယခုတဖန် - မြန်မာစာသတ်ပုံ ရာဇဝင်လည်း ဖြစ်ပါသည်။ (ပုံအတွက် ကျေးဇူး) ဒေါက်တာတင့်ဆွေ

ဆရာဝန်ကို မမေးပါ

Image
  နနွင်းနဲ့ သံလွင်ဆီ သောက်မလို့ သောက်တဲ့သူများ ဘယ်လောက်သောက်ရတယ် တစ်နေ့(တနေ့)ဘယ်နှစ်ကြိမ်သောက်ရတယ် ထမင်းမစားခင်(သို့) စားပြီး ညွှန်ကြားပြသပေးပါ (ကင်ဆာပိုင်ရှင်နှင့် မိတ်ဆွေကောင်းများTSM) ကလေး-လူကြီး-အသက်-ကျား-မ-ကင်ဆာ မသိပါ။ နနွင်းမှုန့်က မီးဖိုမှာသုံးတယ်။ ကောင်းပါတယ်။ အရောင်လှစေတယ်။ သံလွင်ဆီလည်း ဆီတွေထဲမှာတော့ အရည်အသွေး ကောင်းတယ်။ အစားအသောက်ဆိုတာ ဆာရင် စားသောက်လို့ရတယ်။ တနေ့ ၂ နပ်ကနေ ၄ နပ်စားကြတယ်။ ကင်ဆာဖြစ်ရင်တော့ ကင်ဆာအထူးကုဆရာဝန်ကိုသာ ပြသပြီး ကုသမှုခံယူရပါမယ်။ နနွင်းနဲ့ သံလွင်ဆီ ရောင်းသူ၊ ပွဲစားနဲ့ ကုန်သည်တွေကတော့ များများသောက်ပါလို့ ဖြေကြလိမ့်မယ်။ မြန်မာပြည်မှာ။ ဒေါက်တာတင့်ဆွေ

Photo Editing ဖိုတိုအက်ဒစ်တင်း

Image
- တချို့က ဆရာတော်တပါးပုံကို ရောင်ခြည်တော်တွေ ထွက်နေသယောင်ယောင် ပြင်ဆင်တင်နေကြတယ်။ အချိန်ရရင်တော့ ဟိုဒ်လုပ်တယ်။ - တချို့က နောက်ဆရာတော်တပါးကို ဆယ်လီမင်းသားမင်းသမီးလို ပြောင်ပြောင်လက်လက်တွေခြယ်သပြီး တင်နေကြတယ်။ အချိန်ရရင်တော့ ဟိုဒ်လုပ်တယ်။ - တချို့က နောက်ဆရာတော်တပါးကို ဆဲရေးတိုင်းထွာကြတယ်။ အချိန်ရရင်တော့ ဟိုဒ်လုပ်တယ်။ - တချို့က နောက်ဆရာတော်တပါးကို ဆဲရေးတိုင်းထွာကြတယ်။ အချိန်ရရင်တော့ ဟိုဒ်လုပ်တယ်။ တန်ခိုး ကိုးကွယ်ချင်သူတွေနဲ့ တန်ခိုး တစက်ကလေးမှ မရှိတာတွေက ဂွကျတယ်။ ဖိုတိုအက်ဒစ်တင်း သင်တန်းသူ သင်တန်းသားတွေလားတော့ မသိပါ။ ဒေါက်တာတင့်ဆွေ

Plantar Warts Treatment ခြေဖဝါး အသားမာ

Image
(ခြေထောက်ပုံအတွက် ကန်တော့) ၁။ မဂ်လာပါ ဆရာ ကျမ အသက် ၃၀ ပါ လက်သည်းပန်းကုံးနား က အသားမာရှိပါတယ်။ လကိသည်းညှပ်နဲ့ အသားနုပေါ်တဲ့ထိ ညှပ်ပေမဲ့လဲ အသားပြန်တက်တဲ့ခါ အသားမာ ဖြူဖြူဘဲ ပြန်တက်ပါတယ် ။ ကြွက်နို့လို့ ပြောကြလို့ ကြွက်နို့ သတ်ဆေးကပ်ပီး (ကပ်ပြီး) အသားမာ ကွာခဲ့ပေမဲ့လို့ အသားပြန်တက်တဲ့ခါ အသားမာဘဲ ပြန်တက်ခဲ့ပါတယ်။ လက်က လုံးဝ မလှဘဲ ဖြစ်တာလဲ ၄ နှစ်နီးပါးရှိပါပီ (ရှိပါပြီ)။ ဆရာခို / Vaseline ထည့်လဲ မသက်သာပါ ။အနာနဲ့ဆေး မတည့်လို့လား ။ ဘာဓါတ်ချိူ့ ယွင်းပါသလဲဆရာ။ ပီးခဲ့တဲ့ (ပြီးခဲ့တဲ့) ၃ လကမှ လက်သည်း ပန်းကုံးနားမှာလဲ အဲ့လိုမျိူး ဖြစ်နေပြန်ပါတယ်။ ဖြစ်တဲ့ လက္ခဏာ ရှင်းပြရခက်လို့ ပုံပို့လိုက်ရပါတယ် ဆရာ ။ ပုံအတွက်ရိုင်းသွားရင် ခွင့်လွှတ်ပေးပါဆရာ  ၂။ ဆရာ ငါးမျက်စိမျက်နှာမှာပေါက်တာ ဘယ်လိုလုပ်သင့်ပါလည်းဆရာ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ကျား အသက် ၁၉ ငါးမျက်စိပေါက်တာ ၂လလောက်တော့ရှိပြီဆရာ အခုတော်တော်ဆိုးလာလို့ပါဆရာ မျက်နှာမှာ ပေါက်တာပါဆရာ ငါးမျက်စိလို့ အခေါ်က တနေရာ တမျိုး။ အများအားဖြင့် လက်ဖဝါး ခြေဖဝါးမှ အသားမာလိုဖြစ်တာကိုခေါ်ကြတယ်။ ကျွန်တော် ဘာဆက်လုပ်ရမလည်းဆရာ ဘယ်လိုနေရာမျိုးမှာပြသင့်လည်းဆရာ ကျွန်တော်ကိုလမ်းည

မြန်မာစာရေးထုံးကျမ်း

Image
ကျတော့်မှာ ဒီစာအုပ်ရှိပါတယ် စာမျက်နှာ ၄၀၀ ထိရှိပါတယ် ဆရာလိုအပ်မယ်ဆို လှူချင်ပါတယ် ဆရာ ကျန်းမာပါစေ ကျေးဇူး။ ကျွန်တော်က တခြားတိုင်းပြည်မှာနေရပါတယ်။ စာအုပ်ပေးလိုသူက ဘယ်မြို့မှာပါလဲ။ ကျွန်တော်က ရန်ကုန်မှာနေပါတယ် မြောက်ဥက္ကလာပမှာ နေပါတယ် ဟုတ်။ ရန်ကုန်မှာနေတဲ့ တူတူမတွေဆီအရင်ရောက်အောင်လုပ်ရမယ်။ ပြီးမှ တခြားစာအုပ်တွေနဲ့အတူ ပို့ဆောင်ရေးစနစ်တခုနဲ့ ယူအက်စ်အေကို သယ်ရမယ်။ အရင်ကတော့ သိပ်မခဲယဉ်းလှပါ။ ဗမာစားစရာတွေပါ ပို့ပေးကြတယ်။ အဲလို မမှာရတာ ကိုဗစ်ကတည်းက။ ကြိုးစားယူရမှာဘဲ။ ကျေးဇူး။ ကျွန်တော့ဆီကစာအုပ်မှာ စာမျက်နှာ အထိသာပါတော့တယ်။ အဲဒါလည်း ၈၂ ကနေ ၉၅ ရောက်သွားတာ။ မကြာမကြာ အကိုးအကားယူချင်တဲ့ (တ) အစ မပါ။ (တေ) ကနေသာပါတော့တယ်။ အစေးပေါက်လို့ သားရေကွင်းကို ခဏခဏအသစ်လဲရသေးတာ။ မြန်မာစာရေးထုံးကျမ်း ( ဦး)သာမြတ် စိုက်ပျိုးရေးဝန် ၁၉၅၃ ခု၊ နိုဝင်ဘာ ၁၀ ရက်၊ ကရာချိမြို့၊ အနောက်ပါကစ္စတန်။ ဒေါက်တာတင့်ဆွေ

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်လဲ

Image
  ၁။ ဆရာရှင့်။ ယုံကြည်ကိုးကားသင့်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းများရှိရင် သိခွင့်ရှိမလားရှင့်။ အချိန်များရခဲ့ရင် မျှဝေပေးပါဦးရှင့်။ ကျေးဇူးတင်ပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်လဲ။ အဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေက များတယ်။ အမည်တွေ၊ ထုတ်ဝေခုနှစ်တွေ၊ ပြုစုသူအမည်တွေနဲ့တကွ တင်ပြထားတယ်။ ၂။ ဆရာ ကျနော်တို့ အင်တာနက် မှာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းရှိရင် အဲဒါကို အပလီကေးရှင်းပေါ့ ဒေါင်းလို့ရ ပြီးတော့ အမှန်တွေထပ်ထည့် ဆင့်ပွားကြ အဲလိုဆိုကောင်းမှာပဲ ဆရာ ကျနော်တွေးမိတာပါ ခင်မျ ကျွန်တော်က အွန်လိုင်း မြန်မာသတ်ပုံကျမ်းစာမျက်နှာကို နေ့တိုင်း ဖွင့်ပါတယ်။ အမှားတွေပါနေတယ်။ စုံလည်း မစုံ။ ဒါပေမဲ့ အလွယ်ယူလို့ရတယ်။ ကျေးဇူး။  ၃။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းထဲမှာတော့ ဒီလိုတွေ့ရပါတယ်ဆရာ ဟုတ်ပါသလားဆရာရှင့် ၄။ အဖုံးပုံတခု ပို့တယ်။ ဟုတ်ဆရာ အမေက ငါသေတော့မယ် မင်း ဒီစာအုပ်ဝယ်ထားဆိုလို့ဆရာ တန်ဘိုးမထားကြပါဘူးဗျာ ကြိုက်တာယူ တထောင် ထဲမှာဗျ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်လဲ။ သတ်ပုံကျမ်းတွေက အများကြီးရှိတယ်။ ကျွန်တော်ကတော့ အမျိုးမျိုးကို အကိုးအကား အထောက်အထား ရှာပါတယ်။ တကယ်လိုအပ်တဲ့ စာလုံးမျိုးဆ

တရံတခါ

Image
တရံတခါ နောက်တခါ ဒေါက်တာတင့်ဆွေ

မင်းညီမင်းသားတပါး၏ သားဖြစ်သည်

Image
ပထမပိုင်း ဇာတ်လမ်းအကျဉ်းချုပ် တီဘက်ရမ်ပ၏ စူးစမ်းလေ့လာချက်များ၏ ပထမပိုင်း ဇာတ်လမ်းအကျဉ်းချုပ်မှာ မူရင်းစာရေးဆရာ ဆရာဝန်အင်္ဂါသား လော့(ဘ်)ဆန်ရမ်ပသည် တိဘက်ပြည်၏ မင်းညီမင်းသားတပါး၏ သားဖြစ်သည်။ မှန်ချက် - အင်္ဂလိပ်စာသည်လည်းကောင်း တိဘက်စာသည်လည်းကောင်း အစိုးရတွေဘယ်လိုပြောင်းပြောင်း သူတို့စာတွေကို စပယ်လင် မပြင်ကြပါ။ (ပုံအတွက် ကျေးဇူး) ဒေါက်တာတင့်ဆွေ

Gulliver's Travels ဂါလီဗာ၏ ခရီးစဉ်များ

Image
ကျောင်းနေဘက် သူငယ်ချင်းက ကွန်မင့် ရေးတယ်။ Gulliver's travels လည်း High school final မှာသင်ခဲ့ရသေးတယ်လေသူငယ်ချင်း တဲ့။ ဟိုက်စကူးဖိုင်နယ်ဆိုတာ ၉ တန်း။ ၁၀ တန်းကို တက္ကသိုလ်ဝင်တန်းလို့ ခေါ်တယ်။  အဲဒါကြောင့်လား မသိပါ ကျွန်တော်ဟာ ဂါလီဗာခရီးစဉ်ထဲကလို ဟိုတိုင်းပြည်ရောက်လိုက်၊ ဒီတိုင်းပြည်ရောက်လိုက်ရနဲ့။ လီလီပွတ်တို့တိုင်းပြည်ရောက်တော့ ဂါလီဗာက ဘီလူးကြီးလောက် ကြီးသတဲ့။ နောက်တိုင်းပြည်အဆန်းတခုရောက်ပြန်တော့ သူက ၆ လက်မတဲ့။ ကျွန်တော်နဲ့ ရွယ်တူတိုင်းပြည်ကို ၂၇ နှစ်ခွဲကြာမှ တခေါက် ပြန်ရောက်တော့တယ်။ ၂၀၁၈ ခုနှစ်နွေရာသီမှာ။ ဒေါက်တာတင့်ဆွေ

ချစ်ဖူးတငုံ

Image
သွယ်မြမိုး၏ ချစ်ဖူးတငုံ မိန်းကလေးတို့ စရိုက်၊ ဓလေ့၊ သဘာဝနှင့် မိန်းကလေးတို့၏ အဇ္ဈတ္တသန္တာန်ကို အတွင်းကျကျ ရေးသား၍ ဘဝသင်ခန်းစာ အပြည့်အဝ ပေးထားသည့် ဝတ္ထုကောင်း တပုဒ် တချိန်က အမျိုးသမီးစာရေးဆရာတွေလည်း သတ်ပုံမှန်ခဲ့တယ်။  (ပုံအတွက် ကျေးဇူး) ဒေါက်တာတင့်ဆွေ

ဥမ္မာဒန္တီပျို့

Image
စိတ်ကြိုက်မြန်မာစာ မဟာမင်းလှမင်းခေါင်ကျော် အခြေခံပညာအထက်တန်း ၁၉၈၅ ခု၊ နိုဝင်ဘာလ အုပ်ရေ ၁၀၀ , ၀၀၀   ( ၁၁) တရံရောခါ၊ တနေ့မှာ၌၊ ဥစ္စာကြွယ်ဖြီး၊ သဌေးကြီးသည်၊ သ္မီးရတနာ၊ စောဥမ္မာကို၊ အိမ်ရာထောင်လောက်၊ အရွယ်ရောက်၍၊ ချင့်ထောက်မျှော်က၊ ငါးပါးစသည်၊ မိဘတို့ဝတ်၊ တရားမြတ်ဖြင့်၊ မချွတ်စေမှု၊ ခင်ပွန်းပြုဖို့၊ ကြည့်ရှုလတ်သော်၊ မျိုးဖော်ဆွေချင်း၊ မတော်လျင်းခဲ့၊ အဆင်းရောင်ညီး၊ ငါ့သ္မီးသည်၊ မင်းကြီးမှမူ၊ တပါးသူနှင့်၊ လူတွင်ဖြစ်သော်၊ ကြည့်ရှုမျှော်လည်း၊ မတော်သောအား၊ သူတပါးနှင့်၊ ထိမ်းမြားခြင်းငှာ၊ မထိုက်ရာဟု၊ မင်းမှာဆက်မည်၊ နှလုံးရည်လျက်၊ ကြံစည်ပြီးသော်၊ ရွှေနန်းတော်သို့ -   ( တစ်)ရံရောခါ၊ (တစ်)နေ့မှာ၌၊ (တစ်)ပါးသူနှင့်၊ သူ(တစ်)ပါးနှင့်၊ စသဖြင့် မရေးပါ။ မြန်မာစာသည် ပင်ကိုယ်က လှ၏။ သတ်ပုံပြင်သော် အရုပ်ဆိုးသွားတော့၏။   ဒေါက်တာတင့်ဆွေ

The Empty Drum စာအုပ်များ

Image
မူလတန်းမှာ ပြည်သူ့နီတိသင်ကြရ လိမ္မာကြတဲ့။ အလယ်တန်းမှာ ဇာတ်ကြီးဆယ်ဘွဲ့၊ မဟောသဓာနဲ့ မဟာဇနက၊ ပညာနဲ့ ဇွဲလုံ့လရှိကြတဲ့။ အထက်တန်းမှာ အင်္ဂလိပ်စာ ဟိမဝန္တာက အာနာပူရနာ တောင်တက်ခြင်းအကြောင်း၊ မောတယ်ပန်းတယ် သဘောမှာ မထားရတဲ့။  ရှိတ်စပီးယား၊ ဗင်းနစ်မြို့က ဂျူးကုန်သည်ကြီး လောဘကြီးသတဲ့။ ကောလိပ်မှာ စိတ်ကြိုက်ဘာသာ သန်ရာသန်ရာ။ တယောက် တဘာသာ။ ကံစီမံရာ။ တတိယအရွယ်မှာ လိမ်မော်ရောင်အဖုံးနဲ့ စာအုပ်တွေ၊ ဂျပ်ထူဖုံးနဲ့ ကျမ်းတွေ။ ကိုးတန်းတုန်းကသင်ရာတာ စုန်းမကြီးက သူ့သားမက်တော်ကို သွန်သင်တယ်။ လုပ်စရာကိုသာ တစိုက်မတ်မတ်လုပ်။ ဘယ်လောက်ပြီးပြီးလဲ လှည့်မကြည့်နဲ့။ ဘယ်လောက်လိုသေး မျှော်မငေးနဲ့တဲ့။ ဒေါက်တာတင့်ဆွေ

မုတ်သုန်ဦး

Image
မနေ့ကနှင်းတဝေဝေ စိုပြေသယောင်ယောင်နဲ့ ဒီနေ့မှာ မုန်သုန် ( မုတ်သုန် ) ခြိမ်း​ချောက် ( ခြိမ်းခြောက် ) သံတွေနဲ့လာပြီ။ ရေးထားတာကို ပြင်ပါမည်။   ကယောင်ချောက်ချားဖြစ်နေသလား ကုန်ခြောက်ဆိုင် ချိန်း ချိန်းချက် ချိန်းတွေ့ ချောက် ချောက်ကမ်းပါးကသစ်ပင် ချောက်ချီးချောက်ချက်မလုပ်ပါနှင့် ချောက်တွန်းပါနှင့် ချောင်းခြောက်ဆိုးနေသလား ခြိမ်းခြောက် ခြိမ်းခြောက်ပြီးငွေတောင်းနေ ခြိမ်းနွှံ ခြိမ်းမောင်း ခြိမ်းမဲ ခြောက် ခြောက်ကပ်ကပ်နိုင်လှတယ် ခြောက်ဂဏန်း ခြောက်စထောင်လှည်း ခြောက်တိုင်းမကြောက်နဲ့ ခြောက်ပြစ်ကင်းအလှ ခြောက်ပေါက်သီချင်းဆိုနေသည် ခြောက်လှန့်နေသူ ခြောက်လုံးပတ် တီးတတ်သလား ခြောက်လုံးပြူးမကိုင်ရ ခြောက်သယောင်း ခြောက်သွေ့တဲ့ရာသီဥတု ငါးခြောက်စားမလား စာခြောက်ရုပ် စိတ်ချောက်ချားနေသူ ဆေးခြောက်ပင် ညှိုးခြောက် တုန်လှုပ်ချောက်ချားနေသလား တောခြောက် ထစ်ခြိမ်း ထုံးခြောက် ထောင်ချောက် ထောင်ထားသည် ဒုံးခြောက် နွေမှာခြောက်ခမ်းကုန်ပြီ ပလီစိချောက်ချက်မပြောရ မြစ်ခြောက်နာ မြွေစိမ်းမြီးခြောက် မွဲခြောက်ခြောက် မှဲ့ခြောက် မိုးခြိမ်း မိုးခြိမ

တင်းတိမ်ရံ

Image
တင်းတိမ်ရံ စံပြကျေးူရွာ၊ ရေဦးမြို့နယ်။ ရခိုင်ပြည်နယ် တင်းထိန်ရံကျေးရွာ ပရဟိတလူငယ်များအဖွဲ့။ တင်းတိမ်စောင် (ကဝိဓဇ)။ တင်းထိန်စောင် (မူကွဲ)။ ဒေါက်တာတင့်ဆွေ

ဆိမ့်ဆိမ့်လေးလို့ ရေးရ

Image
အရသာစိမ့်စိမ့်လေးနဲ့ ကောက်ညှင်းပဲလိတ် အရသာ ဆိမ့်ဆိမ့်လေးလို့ ရေးရ။ ဆိမ့်သော အရသာ။ ယိုစိမ့်ကျနေသည်။ စိမ့် "တနေ့ငါ့အကြောင်းသိစိမ့်မည်။" ဒီဝါကျမှာ စိမ့် ဟာ အနာဂတ်ကိုညွှန်းကြောင်း ထင်ရှားပါတယ်။ "မင်းသားလည်း စိုးရိမ်တော်မမူနှင့်၊ အလိုတော်အတိုင်းပြီးစိမ့်မည်ဟူ၍ လျှောက်၏။" ဒီစာသားက မှန်နန်းရာဇဝင်ထဲမှာ ဘုရင်မင်းခေါင်အကြောင်း ရေးသားထားတဲ့စာကြောင်းတွေထဲက ဖြစ်ပါတယ်။ ဘုရင်မင်းခေါင် ငယ်စဉ်ကျောင်းသားဘဝမှာ အိပ်မက်မက်တော့ ဆရာတော်က မင်းဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ်ပြီး သူ့ကိုမင်းဆရာအဖြစ်တင်မြှောက်ဖို့ မမေ့မလျော့အောင် ခြေထောက်နဲ့ကန်ကျောက်သတိပေးတဲ့အတွက် မင်းသားကပြန်လျှောက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း စိမ့် ဟာ အနာဂတ်ကိုပဲ ညွှန်းကြောင်းသိသာပါတယ်။ (ဘီဘီစီမြန်မာပိုင်) စိမ့် = အရည်၊ အအေးဓာတ် တဖြည်းဖြည်းထွက်သည်၊ ဝင်သည်။ မိုးရေသည် မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သွားသဖြင့်။ လုထုသိပ္ပံ၊ ၄။ ၆၅။ ဒေါက်တာတင့်ဆွေ

ပေဖူးလွှာ မဂ္ဂဇင်း

Image
ရော့ - ကွဲ့ - တထောင် ( ဇေယျ) အက်တမ်းတလွှာချင်းကို တက္ကသိုလ်ဓာတ်ခွဲခန်း ပညာရှင်တဦး (ကျော်ဇယျာ ပုသိမ်) တကယ့်ဖြစ်ရပ် တလှေတည်းစီးကြသူများကိုး (မောင်အောင်မွန်) ကိုပေဖူး မရွှေလွှာ (အောင်ရှိန်) ဒီတခေါက်ရောက်လာတာ ရွှေလွှာဆီ မင်း စာလွှာပါးဦးမလို့လား တကယ့်အဖြစ် တယောက်ကိုတယောက် လိမ်ညာနေတာချည်းပဲ (မောင်ချစ်ဝင်းမောင်) မာရသွန် ဗျတ္တ   ပုဂံပြည်တွင် အနော်ရတာမင်းကြီး မင်းပြုစဉ် မာရသွန်သူရဲကောင်း ဗျတ္တသည် ပုပ္ပါးတောင်သို့ တနေ့လျှင် (၁၀) ခေါက် ပြေး၍ ပန်းများခူးပြီးလျှင် မိဖုရားကြီးအား ပန်းဆက်သရသည်ဟူ၏။ ထိုသို့ ဗျတ္တသည် ပန်းခူးယင်း ဝဏ္ဏရူပလှပသည့် မယ်ဝဏ္ဏနှင့် ချစ်ကြိုက်လေရာ ပန်းတော်ဆက်သမှု တရက်ပျက်ကွက်သွားလေသည်။ ဒီဆေးလေးသောက်ပြီး ခဏနားပါအုံးကွယ် နောက်တနေ့ ဟဲ့ နင်ဘာဖြစ်လို့ ပျက်ကွက်ရသလဲ မှန်လှပါ တောင်တော်ရွှေပုပ္ပါးမှာ ရွှေပုပ္ပါး သွေးဆေး သောက်ပြီး အိပ်ပျော်သွားလို့ပါ ဒီလိုဆို နင် ပန်းတော်မဆက်နဲ့တောါ အိပ်မပျော်တဲ့ ငါ့ကို ရွှေပုပ္ပါးသွေးဆေး မှန်မှန်ဆက်စမ်း။ (ဖေသိန်း) ဒေါက်တာတင့်ဆွေ

သို့ မနူးအိ

Image
ကြက်ခြေထောက်ရခိုင်သုပ်လေး လုပ်စားရအောင်  ကြက်ခြေထောက်တွေကို အရမ်းမနူးအိပြဲမနေစေပဲပြုတ်ထားပြီးရင်အအေးခံ ရေးထားတာကို ခပ်မြန်မြန်ဖတ်တော့ နားမလည်။ ဆိုလိုတဲ့အဓိပ္ပါယ်လွဲစေတယ်။ မနူးအိ = လူအမည်လိုလို။ မနူးအိပြဲမနေစေပဲ = ရိုင်းတယ်။ (ကန်တော့) ပဲပြုတ် လား။ မနောက်က ဘဲလိုက် ဖေါ်မြူလာ မှားတယ်။ ပဲ နဲ့ ဘဲ ကို အဆင်သင့်သလို ရေးနိုင်တယ်။ ဥပမာ ပန်းပန်လျက်ဘဲ။ အရမ်း နူးအိပြီး၊ ပြဲမနေစေဘဲလို့ ရေးသင့်တယ်။ ဒေါက်တာတင့်ဆွေ

ဆိမ့်ဆိမ့်လေးလို့ ရေးရ

Image
၁။ ရွှေကန်စွန်းဥဆနွင်းမကင်း ချိုပြီးစိမ့်စိမ့်လေးနဲ့ အရမ်းစားကောင်းတယ်နော် (ဆိမ့်ဆိမ့်လေးလို့ ရေးရ) ၂။ ပုစွန်စိတ် မန်ကျီးသီးချက် (ပုစွန်ဆိတ်လို့ ရေးရ။ မန်ကျည်းလို့ ရေးရ။) ၃။ ပဲထောပတ်ကတော့ တော်တော်စိမ့်တယ်ဆရာ၊ (ဆိမ့်လို့ ရေးရ။) ၄။ အထပ်တစ်ရာနဲ့ ပေါ့ဆိပ် တဲ့။ (အမှား ၂ ခုပါတယ်။ ထပ်တရာ၊ ပေါ့ဆိမ့်) ၅။ ဆရာရှင့် အစားအစာမှာ အရသာကို ဆိမ့်တယ်လို့ မှတ်သားထားမိပါတယ် အခုတော်တော်များများလူတွေက စိမ့်တယ်လို့ ရေးနေကြပါတယ်။ နောက်ပြီး လူတွေက တချို့စာလုံးပေါင်းအမှားတွေကို တမင်ရေးရင်းနဲ့ အမှတ်မှားပြီး အမှန်ဖြစ်သွားမှာ စိုးရိမ်မိပါတယ်ဆရာ မြန်မာစာ စာလုံးပေါင်းနဲ့ ပတ်သက်လို့ တခုခုတွေ့မိရင် ဆရာ့ကို အရင် သတိရမိပါတယ်ရှင့်။  ၆။ ရေးပေးပါဦးဆရာ ချိုစိမ့်တဲ့ စိမ့်နေအောင်ကောင်းတယ်တဲ့ဆရာ ကြက်ဆိတ်သည် ကွန်စိပ်ချ၍ ငါးဖမ်းသည် ကူးတို့ဆိပ် ခပ်မဆိတ်နေသည် ချိုဆိမ့် စပါး ခပ်စိပ်စိပ်ကြဲပါ စိပ်ပုတီး စိမ့်ကြီးမြိုင်ကြီး စိမ့်စမ်း စိမ့်ရေ စိမ့်အေး ဆိတ်ကွယ်ရာ ဆိတ်ချို ဆိတ်ငြိမ်ရာအရပ် ဆိတ်ဆိတ်နေ ဆိတ်တကောင် ဆိတ်နို့မုန့် ဆိတ်ဖလူးပန်း ဆိတ်ဖွား ဆိတ်ဖူးပင် ဆိတ်ဖဲ့သည် ဆိတ်သို ဆိတ်သုဉ်း ဆိပ်ကမ်း ဆိပ်ခံသမ္ဗန် ဆိပ်ဖလူးပင် ဆိပ်ဖူးပင် ဆိမ့်သောအ

အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်မည်

Image
(စန္ဒယားချစ်ဆွေ) ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည် ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ မျှော်ကာငေးမြဲ ငေးမိပါသည် ဝေး ဝေး ပြေးသွား သက်ထားဒါလီ မဖြေသာအတွေးဆိုး ဝေဒနာ တရေးနိုးနေပြီ အဆွေးမိုးက ရင်ထဲမှာ ရွာပြီ အလွမ်းနွေကို စမ်းရေထဲမျှောလိုက်မည် ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည် ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ မျှော်ကာငေးမြဲ ငေးမိပါပြီ ဝေး ဝေး ပြေးသွား သက်ထားဒါလီ မဖြေသာအတွေးဆိုး ဝေဒနာ တရေးနိုးနေပြီ အဆွေးမိုးက ရင်ထဲရွာ ရွာပြီ နွေရောက်သော်လည်း ပိတောက်ကမပွင့်လေပြီ မိုးရောက်ပြန်လည်း နေကပူသည် ဆောင်းရောက်သော်လည်း နှင်းပျောက်လေပြီ အတိတ်ခြေရာ စိတ်ဝေဒနာ ကြိတ်မဖြေသာပြီ       သက်ထားရေ မုန်းသွားမထောက်ညှာ အမျက်မပွားပေ အရှုံးသမားတယောက်မှာ နှလုံးသားကမ်းက အလွမ်းဖြေ အပန်းဖြေမည် အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည် အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည် အလွမ်းနွေကို စမ်းရေထဲမျှောလိုက်မည် ချစ်ကြမ္မာအကျိုးပေးက ဆိုးလှပါသည် ပျော်စရာတွေးလည်း အဖော်ကွာဝေးဆဲ မျှော်ကာငေးမြဲ ငေးမိပါပြီ ဝေး ဝေး ပြေးသွား သက်ထားဒါလီ မဖြေသာအတွေးဆိုး ဝေဒနာ တရေးနိုးနေပြီ အဆွေးမိုးက ရင်ထဲမှာ ရွာပြီ နွေရောက်သော်လည်း ပိတောက်ကမပွင့်လေပြီ မိုးရောက်ပြန်လည်

တပြည်သူမရွှေထား

Image
ရုပ်ရှင်ခေါင်းစီးတေးများ တေးရေး စန္ဒရားလှထွတ် ၁။ မြင့်မိုရ်ထက်မြင့်သော‌နေရာ (ချောစုခင်) ၂။ ပန်းတွေနဲ့ဝေ (ထူးအိမ်သင်) ၃။ မုန်းရစ်လေဦး (ဂရေဟန်) ၄။ မောင့်မူပိုင်ရှင် (ဟေမာနေဝင်း) ၅။ မပြိုသည့်မိုး (တိုနီသစ်လွင်) ၆။ တပြည်သူမရွှေထား (ရာဇာဝင်းတင့်) ၇။ အသည်းအသက်နှင့်အတူ (ရန်အောင်) ၈။ ချစ်တဲ့သူငယ်လေ (ချောစုခင်) ၉။ မျက်လုံးစိမ်းနဲ့မိန်းကလေး (ဂရေဟန်) ၁၀။ သည်သောင်ယံက မခွာရက်နိုင်တယ် (တိုနီသစ်လွင်၊ ဟေမာနေဝင်း) ၁၁။ အလှသစ္စာတရား (ချိုဝေလွင်) ၁၂။ တိမ်ဦးလေပြေ မောင့်ကိုစေ (ရန်အောင်) ၁၃။ ပန်းတွေနဲဝေ (ထူးအိမ်သင်) သတ်ပုံမှန်နဲ့ ရေးတဲ့ သီချင်းခေါင်းစဉ်များ ရှားတယ်။  တချို့က တစ်ပြည်သူတဲ့။  တချို့က တစ်ပြေသူတဲ့။ တချို့က သပြေသူတဲ့။ တချို့က မြင်းမိုရ်တဲ့။ https://www.facebook.com/100026475497589/videos/448217627155231 ဒေါက်တာတင့်ဆွေ

မျှစ်နီ

Image
တောင်တွင်းဒေသထွက် ဓာတုဆေးလွတ် သဘာဝမျှစ် ရေတပွက်ဆူပြုတ်ထားတဲ့မျှစ် တောင်တွင်းဒေသထွက် မယ်ညိုငရုတ်သီးစိမ်း တောင်တွင်းဒေသထွက် ပင်နံသီး နောက်တကြိမ်ထပ်မှာပြီး ရောင်းပါမယ်ရှင် ကြိုတင်မှာစေချင်ပါတယ် တပိသာ(တပိဿာ မှာပြီး နှစ်ပိသာယူသူတွေရှိတဲ့အတွက် ကိုယ်စားဖို့မကျန်လိုက်ပါဘူး တင်ထာသူ သတ်ပုံလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကျွန်တော်က မျှစ်နီနဲ့ ဝေးနေတာ ကြာပြီ။ အတော်ကိုကြာပြီ။ မင်းရွာနဲ့ မုံရွာမှာ ပေါတယ်။ ကျွန်တော့်အမေသည် ဈေးကနေ မျှစ်နီအချောင်းလေးတွေကို ဝယ်လာပြီး အနှစ်နှစ်အလအလ သုံးထားလို့ အလယ်မှာ ချိုင့်ခွက်နေပြီဖြစ်တဲ့ စဉ်းတိတုံး (စစ်နီတုံး) ပေါ်မှာ မျှစ်နီအချာင်းလေးတွေကို တချောင်းစီတင်၊ ဘော်လီအင်္ကျီမှာ တွယ်ထားလေ့ရှိတဲ့ ခပ်ကြီးကြီး ပင်ချိတ်တချောင်း အယူခိုင်းပြီးတော့ မျှစ်ချောင်းကို အမြှောင်းလေးတွေဖြစ်အောင် ခြစ်ပါတယ်။ ပြီးတော့ အနေတော် ဖြတ်။ သံဒယ်အိုးမှာ ပဲတမျိုးမျိုးနဲ့ ရောကြော်တယ်။ တခါတခါ မြေပဲဆံထောင်းပြီး မျှစ်သုပ်တယ်။ နှမ်းလှော်လည်း ပါတဲ့အခါမှာ ပါတယ်။ တခါတလေမှာ တခုခုနဲ့ရောပြီး အရည်စပ်စပ်လေး မျှစ်ချက်တယ်။  မျှစ်ပေါတဲ့ရာသီမှာ မျှစ်နီလေးတွေကို ဝယ်ထားပြီး မျှစ်ခြောက် လှန်းထားလေ့ရှိတယ်။ မိုးအေးအေး

မပျော့်တပျော် အိပ်ချင်တယ်

Image
(ဘုတလင် ချစ်လေး) အဖွဲ့ခက်၍  တဝက်ကဗျာ၊ တိုတထွာနှင့်၊ ပိုဗျာလှိုက်ယင်း၊ ငိုက်မိတယ်။ ငါ့ဆံစကို နှမ လက်ဖြင့် ပင့်လှာတယ်။ ငါ့ပါးပြင်ကို ညင်သာလက်ဖြင့် သပ်နေတယ်။ ငါ့လည်ပင်းကို တင်းတင်းရစ်လို့ သိုင်းပြန်တယ်။ ငါ့လက်မောင်းကို နှာခေါင်းနှင့်ဖွေ့၊ သွားနှင့်မွေ့၍၊ အလေ့ နာအောင် ကိုက်လိုက်တယ်။ ချစ်သူအလို၊ ငါမငြိုဘဲ၊ ကိုယ်မှာ ပိုက်ထွေး၊ မျက်လွှာမှေးပြီး၊ ဝေးကမာ္ဘဘက်၊ ထွက်ကြတယ်။ ဖြတ်ကနဲနိုး ဝိုးဝါးသမ်းမှုန်၊ ရင်တွေခုန်တယ်၊ ဆုံကြုံသူလေး၊ ဘယ်ဆီပြေးတုန်း၊ နီးဝေးပတ်ချာ၊ လှကလျာကို၊ ဖွေရှာမတွေ့ ပါပြီတည်း။   ။ ဆရာ ဘုတလင် ချစ်လေးက ကျွန်တော်တို့ကို မြန်မာစာ သင်ပေးပါတယ်။ မပျော့်(တစ်)ပျော် မဟုတ်ပါ။ (တစ်)ဝက်ကဗျာ၊ တို(တစ်)ထွာနှင့် မဟုတ်ပါ။ သတ်ပုံမှန်တဲ့ မြန်မာစာ၊ နီးဝေးပတ်ချာ၊ လှကလျာကို၊ ဖွေရှာမတွေ့ ပါပြီတည်း။   ။ ဒေါက်တာတင့်ဆွေ