Posts

Showing posts from December, 2023

Alcohol-free Drug-free and be Safe

Image
နှစ်သစ်ကူးကာလ အရက်သောက်ကြတာကနေ အသဲကို ဘယ်လိုဆိုးစေသလဲ ၁၀ နှစ်တိတိကစာ။ ဆရာဝန့်မှာ အစွမ်းတန်ခိုးနဲ့ အာဏာမရှိတာတော့ သိပါသည်။ ၁၀ နှစ်ကတင်ထာတဲ့စာ အရာမရောက်တာလည်း သိပါသည်။ သို့သော် ဆန်ဖြူဖြူတခွက်မရစေဦးတော့ ရသလောက်ဆန်တဆုပ်ထဲကနေ စပါးလုံးကောက်ပါဦးမည်။ • အရက်များလေလေ အသဲကိုထိခိုက်လေဖြစ်တယ်။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေဖြစ်ပါမယ်။  • အရက်ဟာ သက်ရှိတွေအတွက် အဆိပ်ဖြစ်တာယ်။ သောက်သုံးလို့ အသဲရောဂါ (၃) မျိုးကိုဖြစ်စေမယ်။  - (၁) fatty liver အသဲအဆီဖုံးခြင်း၊  - (၂) alcoholic hepatitis အရက်-အသဲရောဂါနဲ့  - (၃) cirrhosis အသဲခြောက်ခြင်းတွေဖြစ်တယ်။  • အရက်သောက်တာကြာသူတိုင်းရဲ့ အသဲမှာ fat globules အဆီလုံးလေးတွေဖြစ်လာမယ်။ ကြာလာရင် hepatitis အသဲရောင်မယ်။ • cirrhosis အသဲခြောက်တယ်ဆိုတာ အသဲမှာအမာရွတ်ဖြစ်တာပါ။ ပြန်မကောင်းနိုင်တော့ပါ။ • အသဲအရွယ်အစား ကြီးနေရင် ဝမ်းဗိုက် ညာဘက်အထက်ပိုင်းနေရာမှာ နာမယ်။ • ၁ဝ နှစ်ရှိသူဆိုရင် ပျို့ချင်၊ အန်မယ်၊ ကိုယ်အလေးချိန်ကျမယ်။ ကိုယ်ပူနိုင်တယ်။ အသား-ဆီး ဝါမယ်။ ဗိုက်ထဲ အရည်အောင်းလို့ ဖေါင်းလာမယ်။  • Cirrhosis အသဲခြောက်နေပေမဲ့ ဘာမှမခံစားရသူတွေလဲရှိတယ်။ အစားအသောက်ပျက်တာ၊ အားယုတ်တာသာရှိတယ်။

PEP HIV အရေးပေါ်ကာကွယ်မှု

Image
Tenofovir (300 mg) + Emtricitabine (200 mg) + Efavirenz (600 mg) HIV ကူးစက်ခံရမှု သံသယရှိသူတွေ ၇၂ နာရီအတွင်း PrEP or PEP ကာကွယ်ဆေးသောက်ရတယ်။ ၂၈ ရက်ကြာသောက်ပါ။ Truvada (tenofovir and emtricitabine) ဆေးအတွဲ ၁ လုံးတည်းကို တနေ့ ၁ လုံးသောက်ဘို့ဖြစ်တယ်။ အဲတာက HIV ပိုးရှိနေသူဆိုရင် တခြားဆေးနဲ့ပါတွဲပေးတဲ့ဆေးဖြစ်ပါတယ်။  Post-exposure prophylaxis (PEP) drugs ခေါ်ဆေးကို ၇၂ နာရီအတွင်းသောက်သင့်တယ်။ (PrEP) လို့လည်း ခေါ်တယ်။ လိင်မှုကနေကူးစက်မှာကို ၉၉% နဲ့ ဆေးထိုးအပ်ကနေကူးမှာကို ၇၄% ကာကွယ်မယ်။ ဆေးကိုစဉ်ဆက်မပြတ် မသောက်ရင်တော့ အဲလောက် ကာကွယ်မှုမရနိုင်ပါ။ ကွန်ဒွမ်ပါသုံးရင် ပိုစိတ်ချရပါမယ်။ သံသယဖြစ်စရာနဲ့ကြုံပြီး ဆေးလည်းသောက်နေတုံး ၃ လနေရင် ဆေးစစ်ရပါမယ်။  PrEP or PEP ကာကွယ်ဆေးသောက်လို့ Antiretrovirals တွေသွေးထဲရှိနေမယ်။ သူတို့မှာ Antibodies ခေါ် ခုခံနိုင်စွမ်း အင်တီဘော်ဒီ ထုတ်လုပ်ပေးနိုင်ခြင်း အားနည်းနေမယ်။ Rapid tests နဲ့ self-tests တွေနဲ့စစ်ဆေးရင် အတခြားသူတွေလို အမှန်မရနိုင်။ စမ်းသပ်နည်းတွေက Antibodies ခေါ် ခုခံနိုင်စွမ်း အင်တီဘော်ဒီကိုစမ်းတာဖြစ်တယ်။  စမ်းလို့ Reactive ခေါ် (+) မပြတိုင်း ကူးစက်မှုမရှိပါ

January Observances ဇန္နဝါရီလ ကျန်းမာရေး အသိပညာပေးခြင်းများ

Image
National Blood Donor Month သွေးလှူရှင်များလ National Glaucoma Awareness Month မျက်စိရေတိမ် အသိပညာပေးလ National Winter Sports Traumatic Brain Injury Awareness Month ဆောင်းရာသီအားကစား ဦးနှောက်ထိခိုက်မှု အသိပညာပေးလ Cervical Health Awareness Month သားအိမ်ဝကျန်းမာရေး အသိပညာပေးလ Winter Safety Month ဆောင်းရာသီ လုံခြုံမှုလ ဒေါက်တာတင့်ဆွေ

Deformed Nipples နို့သီးရောဂါများ

Image
(ကန်တော့) ဆရာ ကျွန်တော့် အမျိုးသမီးရဲ့ နို့ထိပ်မှာကွဲ နေတယ်။ ပြီးတော့ အဖြူရောင်အနှစ်လေးတွေထွက်တယ်. နမ်းကြည့်ရင် အနံ့ ဆိုးတယ်ဆရာ။ နို့ကလည်း ၂ ဖက်လုံး ထိပ်ကလေးတွေ ကွဲနေတာ။ ၂ ဖက်လုံးက အဲလိုအဖြူလေးတွေထွက်တယ်။ ဘာဖြစ်တာလည်းဆရာ။.ဓာတ်ပုံပြပါ့မယ်ဆရာ။ ကလေးမရှိသေးပါဘူး။ အိမ်ထောင်ကျတာ မကြာသေးဘူးဆရာ။ နို့ထိပ်ကိုင်ရင် နာတယ်လို့ပြောပါတယ်။ နို့၊ ပုံပန်း၊ အရွယ်အစား၊ နို့သီး၊ ရောင်ရင့်အဝိုင်းတွေဟာ တဖက်နဲ့တဖက်တူချင်မှတူမယ်။ ရောဂါမဟုတ်ပါ။ မွေးရာပါ ဖြစ်တယ်။ နို့သီးရောဂါတွေကတော့ - - Traumas ဒဏ်ရာ ထိခိုက်မှုကနေအများဆုံးဖြစ်တယ်။ အလှအပအတွက် ကွင်းတပ်တာလည်းပါတယ်။ ကလေးနို့စိုတာလည်း ပါတယ်။ တခြားနေရာထွကို ထိခိုက်မိတာမျိုးလည်းရှိတယ်။ အနာ၊ ဒဏ်ရာရထားရာကနေ အနာပျောက်ဖြစ်စဉ်အရ အမာရွတ်ဖြစ်လို့ မတူတာလည်းဖြစ်နိုင်တယ်။ - Inverted nipples ခွက်ဝင်နေခြင်း နရိုကခွက်ဝင်နေပေမဲ့ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးချိုတိုက်ချ်ိန်မှာ ခွက်ဝင်နေတဲ့နို့သီးခေါင်း ထွက်လာတာလည်း ဖြစ်နိုင်တယ်။ လက်နဲ့ဆွဲဆွဲယူနည်းလုပ်ပေးနိုင်တယ်။ စုပ်စရာကိရိယာသုံးနိုင်တယ်။ တချို့ကိုခွဲစိတ်ပြင်ပေးရတယ်။ မွေးရပါဖြစ်တာများတယ်။ • Chromosome 2q deletion syndrome • Congenital d

Nipple Cracked and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း

Image
(ကန်တော့)  ဆရာရှင့် ကျွန်မက နို့တိုက်မိခင်တယောက်ပါ။ အသက်၂၅နှစ်ပါ။ ကလေးက ၁နှစ်၇လ ရှိပါပြီ။ လွန်ခဲ့တဲ့ ၁လလောက်က စပြီး ရင်ဘတ်တဖက်က နို့သီးခေါင်းကွဲပါတယ် ထိပ်ဖက်ရော ပတ်ပတ်လည်မှာရော သွေးထွက်ပါတယ် ကလေးစို့တာ မခံနိုင်တော့ ကောင်းနေတဲ့တဖက်ကိုဘဲတိုက်ပါတော့တယ် ၃ရက်လောက်နေမှ အနာဖေးတွေ ခွာပြီး ပြန်တိုက်တော့ ကလေးကဝမ်းပျက်ပါတယ် သွေးကတော့တိုက်တိုင်းထွက်လို့အခုမတိုက်တော့တာအရမ်းကြာသွားပါပြီဆရာ။ အနာက အရှင်းသက်သာသွားပေမယ့် ဝမ်းပြန်ပျက်မှာစိုးလို့ မတိုက်ရဲဘူးဖြစ်နေပါတယ်ဆရာ။ အဲ့ဖက်ကိုပြန်တိုက်ချင်ရင် ဘယ်လိုလုပ်ပြီးမှ ပြန်တိုက်ရပါမလဲဆရာရှင့်။ ရိုသေလေးစားစွာမေးမြန်းလိုက်ပါတယ်ရှင်။ ၂။ ဆရာရှင့် သမီးက သားဦးမွေးတာရက်ပိုင်းဘဲရှိပါသေးတယ်။ နို့သီးခေါင်းက ကွဲနေတော့ နို့တစ်ခါတိုက်တိုင်း မျက်ရည်ကျအောင်နာပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆရာ။ ကျေးဇူးတင်ပါတယ်။ ၃။ ဆရာရှင့် ကျွန်မ ၂၄ ရက်နေ့မနက်က သားသားကိုခွဲမွေးပါတယ်။ ဒီနေ့ဆို ၇ ရက်မြောက်ပါ။ နို့သီးခေါင်းတွေက ကွဲထွက်လာလို့ သားကိုနို့တိုက်တိုင်း မခံနိုင်အောင်နာပါတယ်။ သွေးနည်းနည်းထွက်ပါတယ်။ ဘာလုပ်ရမလဲ လမ်းညွှန်ပေးပါ ဆရာ။ ၄။ အနာဖြစ်နေတဲ့နို့ကို ကလေးကိုတိုက်လို့ရပါသလား။ ကလေးမှာရောဂါ ရနိုင

တောဆရာဝန်

Image
• ထန်းလျက်ကိုစား ထန်းသမားဆေးကု • လာခေါ်ထလိုက် တောသားမြွေကိုက် • ယောက်ျားလေးခြောက်နှစ် ဖိုင်မိုးဆစ် • ကိုလူပျိုလူနာ ဟာနီယာ • ယာတောပြန်တောသူမ ဒါးရှ ချုပ်ပေးရ • သန်ကောင်ကျော်ထပြေး ဗိုက်ခွဲကလေးမွေး • တောကိုနှုတ်ဆက် ပဲတွေ နှမ်းတွေပွေ့လျက်။ ဖိုင်မိုးဆစ် = မွေးရာပါပန်းငုံရောဂါ ဟာနီယာ = အူကျရောဂါ တောသူတောင်သားတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂၀၂၁

Simple breast cysts ကင်ဆာမဟုတ်တဲ့ ရင်သားအရည်အိတ်

Image
(ကန်တော့) ၁။ သမီးက ညာဘက်ချိုင်းအောက်ကနေ ထိုးလိုက် ကျောလယ်ကထိုးလိုက်နဲ့ဖြစ်ပါတယ် အတော်ကြာပြီ အက်ထာရာဆောင်းရိုက်ပါတယ် ရင်သားမှာရေအိပ်တည်နေတာ နောက်တခြားရောဂါတွေတော့ မရှိဘူး ဒါပေမဲ့ အဲလိုအောက်တာ အရိုးတွေအကျောတွေ ဘာဖြစ်တတ်လဲ ဓာတ်မှန်တော့မရိုက်ရသေးဘူး အသက်က ၃၄ပါ လက်ရှိပြည်ပမှာ။ ၂။ ဆရာရှင့် သမီးရင်သားမှာရေအိတ်တွေ့လို့ပါ ခွဲသင့်လား မခွဲဘဲ ထားရင်ရော အန္တရာယ်ရှိလားရှင့် သမီး အသက် ၃၃နှစ်ပါ အိမ်ထောင်မရှိပါဘူး။ ရာသီမပေါ်တာ ၅လလောက်ရှိပါပီ(ပါပြီ)ရှင့် ကျေးဇူး ပြုပြီးဖြေပေးစေလိုပါတယ်ရှင့်။ Simple breast cysts ရင်သားရိုးရိုးဆစ် ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။ အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။ ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုး လုပ်တာပါဘဲ။ ကုသရန် မလိုအပ်။ အလိုလိုပျောက်တာ များတယ်။ တနှစ်တခါ ပြန်စစ်သင့်တယ်။ Fine-needle aspiration အပ်သေးသေးနဲ

Heart rate နှလုံးခုန်နှုန်း

Image
(အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။) ၁။ ဆရာခင်ဗျာ ကျနော်က အသက် ၅၃ နှစ်ပြည့်ပြီး(ကျား)ပါ၊ မနက်အိပ်ယာ(အိပ်ရာ)နိုးရင် နှလုံးခုန်နှုန်းက တမိနစ်ကို အကြိမ်ရေ ၉၀ ကျော်နေပါတယ်၊ အဲ့ဒါသွေးတိုးတယ်ထင်လို့ မနက်စောစော မှမစားမီ  AMLOSUN 5 တနေ့တလုံးသောက်နေတာ လနဲ့ချီနေပါပြီ၊ သောက်သင့်လားဆိုတာ သိချင်တာပါဆရာ တခါတရံ နေ့ဘက်တွေမှာပါ နှလုံးခုန်နှုန်းက တမိနစ်ကို အကြိမ်ရေ ၉၀ ကျော်နေတာပါဆရာ၊ လက်ကောက်ဝတ်ကိုစမ်းပြီး နာရီနဲ့မှတ်တာပါဆရာ ၂။ ဆရာရှင့် သမီးအဖေက အသက် ငါးဆယ့်နှစ်နှစ်ပါ နှလုံးတွေအရမ်းခုန်ခုန်နေတာ ခဏခဏဖြစ်ပါတယ်ဆရာ ဆေးပေါ့လိပ်အရမ်းသောက်ပါတယ်ဆရာနှလုံးရောဂါ ဖြစ်နိုင်ပါသလားဆရာ တမိနစ်မှာ နှလုံးဘယ်လောက် ခုန်သလဲ။ အဖေ့ကိုပြန်မေးပြီး ပြောပါ့မယ်ဆရာ အဖေနဲ့က တစ်နေရာ (တနေရာ) စီမို့လို့။ သွေးတိုးဆိုသူတွေ အထက်ဂဏန်းနဲ့ အောက်ဂဏန်း သိရမယ်။ နှလုံးခုန်နှုန်း တမိနစ်ဘယ်လောက်သိရမယ်။ အဲဒီဂဏန်းတွေမပါပဲ ဖြေမရပါ။ ၃။ မင်္ဂလာပါဆရာ။ ကျွန်မက အသက် (၃၂)နှစ်အမျိုးသမီးပါ။ ဖြစ်နေတာက နှလုံးခုန်မမှန်တာပါ။ ထိုင်နေရင်း၊ အိပ်ရာထဲ လှဲနေရင်းကနေ ရုတ်တရက် နှလုံးခုန် မြန်လာတတ်တာပါ။ တနေ့ကို တခေါက်၊ နှစ်ခေါက်လောက်ဖြစ်လေ့ရှိပါတယ်။ ဖြစ်တ

ဘေးဘယာ နှင့် ဘရာစီယာ

Image
(ကန်တော့) ဆုတောင်းစာတခု ပို့တယ်။ ဘုရားပုံနဲ့။ ဘုရားပုံကို မထည့်တော့ပါ။ ဘေးဘရာလို့ရေးတာ မှားနေတယ်။ ဘေးဘယာလို့သာ ရေးရတယ်။ ဘရာဆိုတာ ဘရာစီယာ။ ပါဠိ ဘယ = ကြောက်ခြင်း။ ဘေး။ ဘယာ ဂတ် = ကြောက်ခြင်းသို့ ရောက်သည်။ ဘယ ဂတိ = ကြောက်ခြင်းကြောင့် မလားအပ်သည်သို့ လားခြင်း။ ဘေး နံဘေး ဘိုးဘေးစဉ်ဆက် လမ်းဘေး ဘေးကျပ်နံကျပ် ဘေးချင်းတိုက် ဘေးချိတ်ထား ဘေးဆီးရန်ကာ ဘေးထိုးရင်ကျင် ဘေးဒဏ် ဘေးပန်း ဘေးဖယ် ဘေးဘယာ ဘေးဘျမ်း ဘေးရန် ဘေးအနရာယ် ဘေးဥပဒ် ဘေးလောင်းတော် ရောဂါဘေး ဆုတောင်းစာတွေ တရားစာတွေမှာ တဝက်လောက်က သတ်ပုံတွေမှားနေတယ်။ တယောက်က သူများကို ဒုက္ခမပေးရင် ရပါတယ်တဲ့။ သဘော မတူပါ။ ဆုတောင်းစာ သတ်ပုံမှားရင် ဆုတောင်း မှားတယ်။ တရားစာ သတ်ပုံမှားရင် ဓမ္မ မဟုတ်တော့။  မြန်မာစာအရေးအသား အမှားဆုံးနေရာများ ၁။ ရသ နေရာများ၊ ၂။ ကင်ဆာ နေရာများ၊ ၃။ တရားစာ နေရာများ။ ဒေါက်တာတင့်ဆွေ

Thyroid Disorders လည်ပင်းကြီးရောဂါတွေ

Image
ဆရာရှင့် Thyroid အကြောင်းကို သိခြင်(သိချင်) လို့ပါ အမေး မဟော်သဓာ။ အဖြေစာတွေကတော့ များတယ်။ နောက်ထပ်လည်း ရှိသေးတယ်။ Thyroid Disorders လည်ပင်းကြီးရောဂါတွေ https://dr-tint-swe.blogspot.com/.../thyroid-disorders.html Thyroid Cancer သိုင်းရွိုက်ကင်ဆာ https://dr-tint-swe.blogspot.com/2021/05/thyroid-cancer.html Thyroid Cancer SEER Stage 5-Year Relative Survival Rate သိုင်းရွိုက်ကင်ဆာ ၅ နှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2022/12/thyroid-cancer-seer-stage-5-year.html Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း https://dr-tint-swe.blogspot.com/.../toxic-goiter-q-and.html Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သားသမီးရနိုင်ခြင်း https://dr-tint-swe.blogspot.com/.../hyperthyroidism-and... Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ https://dr-tint-swe.blogspot.com/.../05/hyperthyroidism.html Goitre Q and A လည်ပင်းကြီး အမေးအဖြေ https://dr-tint-swe.blogspot.com/2022/11/goitre-q-and.html Thyroid Disorders လည်ပင်းကြီးရောဂါတွေ https://dr-tint-swe.b

Stomach cancer and foods အစာအိမ်ကင်ဆာနှင့် အစားအသောက်

Image
အခြေခံအချက်ကတော့ အစာအိမ်ကင်ဆာရှိနေရင် အစာမကျေဖြစ်နိုင်တယ်။  အမေရိကားမှာတော့ ကာဘွန်ထည့်ထားတဲ့ သောက်စရာတွေ၊ အရက်၊ အစပ်များတာ၊ အချဉ်တည်တာတွေနဲ့ အချဉ်သီးတွေ၊ ကေဖင်းများတာတွေ၊ ပင်စိမ်းထည့်ထားတာတွေနဲ့ ချောကလက်တွေကို ရှောင်ခိုင်းပါတယ်။ ခံစားရနိုင်တာတွေက ပျို့မယ်၊ ဝမ်းပျက်မယ်၊ ဗိုက်အောင့်မယ်၊ လေပွမယ်၊ ရင်ပူမယ်၊ ရင်တုန်မယ်။ သကြားဓါတ်များတာ လျှော့ရမယ်။ လျှော့ဆိုတာ ရှောင်ခိုင်းတာ မဟုတ်။  ဟင်းချိုလို အရေများတာ သိပ်မသင့်ပါ။ မသင့်ဘူးဆိုတာ အဆိတ်ဖြစ်မှာလို့ဆိုလိုတာ မဟုတ်ပါ။ ခွဲစိတ်ပြီးသူတွေက အစားကို တခါတည်း အများကြီးမစားသင့်တော့ပါ။ နည်းနည်း နည်းနည်းနဲ့ အကြိမ်ရေ တိုးစားပါ။ အစာအိမ်ထဲက အစာကို အောက်ဆက်ဆင်းရာမှာကူညီနိုင်တဲ့ domperidone or metoclopramide (Maxalon) ဆေးကို ဆရာဝန်က ညွှန်နိုင်တယ်။ သတိထားရဦးမှာက အာဟာရပြည့်မီအောင် စားရမယ်။ ကယ်လိုရီပြည်မီအောင် ဆီ၊ အဆီ စားနိုင်တယ်။ ဖိုက်ဘာပါတာတွေ စားသင့်တယ်။ မြန်မာပြည်မှာ အရပ်ပြောစကားတွေနဲ့ ဖေ့စ်ဘွတ်ကနေပေးတဲ့အကြံတွေက မှန်တာ ရှားတယ်။ ဒေါက်တာတင့်ဆွေ

Warning Signs of Ovarian Cancer မျိုးဥအိမ်ကင်ဆာ သတိပေးချက်များ

Image
ယူအက်စ်အေမှာ တနှစ်မှာ အကြမ်းအားဖြင်း ၂၁၀၀၀ ယောက် မျိုးအိမ်ကင်ဆာ ဖြစ်နေကြတယ်။ ဆောရီး။ မျိုးဥအိမ်ကင်ဆာကို စောစောသိနိုင်တဲ့ သတိပေးချက်တွေက သိသိသာသာမဟုတ်လို့ အသိနောက်ကျလေ့ ရှိတယ်။ ၂၀% လောက်သာ ကင်ဆာကို စောစောသိကြတယ်။ သတိပေးချက်တွေကတော့ - အနေရခက်သလိုဖြစ်ခြင်း၊ ရင်ပြည့်ခြင်း၊ အားနည်းခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ချင်ဖြစ်ခြင်း၊ အစာမကျေဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခါးနာခြင်း စတာတွေ။ တခြားရောဂါလားလို့ အထင်မှားနိုင်တာတွေ။ ရာသီမမှန်ခြင်း၊ ဆီးသွားအကြိမ်ရေ များလာခြင်းတွေလည်း ဖြစ်နိုင်တယ်။ အစားပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတွေလည်း ဖြစ်နိုင်တယ်။ အတူနေစဉ် မနာသင့်ဘဲ နာတာလည်း ပါတယ်။ မသေချာရင် ဆရာဝန်ပြပါ။ Pap smear ခေါ် သားအိမ်ဝစစ်ဆေးခြင်းဆိုတာ မျိုးဥအိမ်ကင်ဆာအတွက် မဟုတ်ပါ။ complete pelvic exam တင်ပါးဆုံတွင်းစစ်ဆေးခြင်းနဲ့ CA-125 သွေးစစ်တာ လိုတယ်။ Cysts, Masses or Tumors ရေအိတ်၊ အလုံး၊ အကျိတ်တွေ့တာမျိုးဆိုရင်တော့ မျိုးဥအိမ်ကင်ဆာကို ပိုပြီး သံသယထားလို့ ရမယ်။ တင်ပါးဆုံတွင်းနေရာ နာခြင်းကလည်း ဖြစ်နိုင်တာတွေထဲမှာ ပါတယ်။ မျိုးဥအိမ်ကင်ဆာ ဘာလို့ဖြစ်သလဲ တိတိကျကျမပြောနိုင်ပါ။ အသက် ၅၅ နှစ်၊ သွေးလည်းဆုံးပြီးသူတွေမှာ ပို

Cancer Research ကင်ဆာ ဆေးသုတေသန

Image
၂၁-၉-၂၀၂၂ နေ့က သုတေသနဖြစ်ပါတယ်။ (၁) The deadliest cancers အဆိုးဆုံး ကင်ဆာများ 1. Pancreatic cancer သရက်ရွက် 2. Mesothelioma မီဆိုသီလီယိုးမား 3. Gallbladder cancer သည်းခြေအိတ် 4. Esophageal cancer အစာမျိုပြွန် 5. Liver and intrahepatic bile duct cancer အသည်းနှင့် သည်းခြေလမ်း 6. Lung and bronchial cancer အဆုတ်နှင့် လေပြွန် 7. Pleural cancer အဆုတ်ဖုံးလွှာ 8. Acute monocytic leukemia လူကီးမီးယား (၂) World Health Organization စာရင်းတွေအရ ၂၀၂၀ ခုနှစ်က တကမ္ဘာလုံးမှာ  - အဆုတ်ကင်ဆာကြောင့် လူပေါင်း 1.80 သန်း၊  - အူမကြီးကင်ဆာကြောင့် 916,000 ယောက်နဲ့ - အသည်းကင်ဆာဆေကြာင့် 830,000 ယောက် သေဆုံးခဲ့တယ်။ (၃) ၅ နှစ်အသက်ရှင်နှုန်း 1. PANCREATIC CANCER သရက်ရွက် 11.5% 2. MESOTHELIOMA မီဆိုသီလီယိုးမား 12% 3. GALLBLADDER CANCER 19.4% 4. ESOPHAGEAL CANCER အစာမျိုပြွန် 20.6% 5. LIVER AND INTRAHEPATIC BILE DUCT CANCER အသည်းနှင့် သည်းခြေလမ်း 20.8% 6. LUNG AND BRONCHIAL CANCER အဆုတ်နှင့် လေပြွန် 22.9% 7. PLEURAL CANCER အဆုတ်ဖုံးလွှာ 22% 8. ACUTE MONOCYTIC LEUKEMIA လူကီးမီးယား 24.8% 9. BRAIN CANCER ဦးနှောက် 32.5% 1

Diagnosis of Leprosy အနာကြီးရောဂါ စစ်ဆေးခြင်း

ဆရာ မင်္ဂလာပါရှင် သမီးအမက ခန္ဓာကိုယ်မှာ အဖြူကွတ်လေးတွေရှိနေပြီး ယားတယ် နီးစပ်ရာ ဆရာဝန်တွေနဲ့ပြလည်း မပျောက်ဘူး ဆရာ။ အဲ့ဒါအမျိုးထဲမှာ အနားကြီးရောဂါသည်တွေမရှိပေမယ့် သူက ရန်ကုန်ရောက်တုန်း အနာကြီးရောဂါ ဝင်ချင်တာလား သေချာအောင် စစ်ကြည်ချင်တယ်တဲ့။ အနာကြီးရောဂါကို ရန်ကုန်ဘယ်မှာစစ်လို့ရနိုင်သလဲဆရာ။ သမီးတို့က ( - ) မှာနေတာပါရှင် ဆရာမိသားစု ကျမ္မာချမ်းသာပါစေ။ (၁) Clinically လူနာကို ဆရာဝန်ကစမ်းသပ်နည်းကို အများဆုံးသုံးတယ်။ အဲဒါနဲ့ မသေချာသေးသူကို  (၂) Laboratory-based services ဓါတ်ခွဲခန်းနည်းနဲ့ စမ်းသပ်တယ်။ ၁။ လူနာရဲ့ အရေပြားတနေရာမှာ ထုံနေတဲ့အကွက်ရှိမယ်။ နီကောင်းနီနေမယ်။ ၂။ သက်ဆိုင်ရာအာရုံကြော ကြီးနေမယ်။ အဲဒီအာရုံကြောနဲ့ဆိုင်တဲ့ကြွက်သားတွေ အားနည်းနေမယ်။ ထုံနေမယ်။ ၃။ အရေပြားကို slit-skin smear ဓါတ်ခွဲခန်းမှာစစ်ရင် bacilli ပိုးတွေ့မယ်။ ရောဂါအမျိုးအစား ၂ ခုခွဲလို့ရလာမယ်။ Paucibacillary (PB) case နဲ့ Multibacillary (MB) case တွေဖြစ်တယ်။ PB case ဆိုတာ အရေပြား ၁ ကနေ ၅ နေရာမှာဖြစ်တယ်။ MB case ဆိုတာ အရေပြား ၅ နေရာမကဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

New Trials in Breast Cancer ရင်သားကင်ဆာ ကုသနည်းသစ် စမ်းသပ်ခြင်း

Image
ယူအက်စ်အေမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်လိုသူတွေကို ဖိတ်ခေါ်နေတယ်။ Treatment-Naive Early-Stage Triple-Negative Breast Cancer အမျိုးအစား ရင်သားကင်ဆာအတွက် ဖြစ်တယ်။ National Cancer Institute (NCI) ကနေ လုပ်တာ anthracycline-free, shorter chemoimmunotherapy in the neoadjuvant setting အဆင့် ၃ ရောက်နေပြီ။ usual chemoimmunotherapy လက်ရှိသုံးနေတဲ့နည်းနဲ့ အလားတူ ထိရောက်တာကို သုတေသနပြုတာဖြစ်တယ်။ မခွဲစိတ်မီမှာ လူနာအုပ်စုတခုကို anthracycline-based chemotherapy + pembrolizumab (Keytruda) ဆေးသွင်းပေးမယ်။ ကျန်လူနာအုပ်စုတခုကို taxane-platinum chemotherapy + pembrolizumab ဆေးသွင်းပေးမယ်။ ဒီလေ့လာမှုကို ၂၀၂၃ စက်တင်ဘာလကတည်းက ပြည်နယ် ၃၇ ခုက လူနာပေါင်း ၂၄၀၀ ကို စမ်းသပ်နေပါတယ်။ အသေးစိတ်ကို ဘာသာမပြန်တော့ပါ။ ဘယ်အကြောင်းအရာမဆို၊ သုတေသနတွေ စနစ်တကျလုပ်ရပါတယ်။ ဒေါက်တာတင့်ဆွေ

Dementia ဆိုတာ

Dementia, Alzheimer’s Disease ကို Functional medicine ဘက်ကနေ ရေးပေးပါလို့ တောင်းဆိုသူများ အတွက်  (အပိုင်း ၁၊ ၂၊ ၃) Dementia ဆိုတာက စိတ်စွမ်းအင်တွေ ကျဆင်းနေပြီး နေ့စဉ် လုပ်ရိုး လုပ်စဉ် လုပ်ငန်းများကို မဆောင်ရွက်နိုင်တော့ခြင်း ဖြစ်ပါတယ်။ နာတာရှည် ဦးဏှောက် နဲ့ အာရုံကြောရောဂါ ဖြစ်ပြီး တဖြေးဖြေး စဉ်းစားဦးာဏ် ကျဆင်းလာပြီး နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်း ဆောင်တာများကို မဆောင်ရွက်နိုင်တော့ခြင်းကို ဆိုလိုပါတယ်။ ၅၀ - ၇၀% လောက်သော Dementia ဟာ Alzheimer’s Disease ဖြစ်ပါ ယတယ်။ Alzheimer’s Disease ရဲ့ လက္ခဏာများဟာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 1. သတိမေ့လျော့ခြင်း  2. ပြဿနာ မဖြေရှင်းနိုင်ခြင်း၊ ကြိုတင် ပြင်ဆင်မှု မစွမ်းဆောင်နိုင်ခြင်း 3. လုပ်နေကျ အလုပ်တွေ မလုပ်နိုင်တော့ခြင်း 4. နေရာ၊ အချိန် မသိတော့ခြင်း 5. မြင်နေရသည့် အရာများကို နားမလည်တော့ခြင်း၊ အကွာအဝေး မမှန်းဆတတ်တော့ခြင်း 6. ဝိုင်းဖွဲ့ပြီး စကားပြောကြတဲ့အခါ မပါဝင်နိုင်တော့ခြင်း၊ စကားလုံး အခက်အခဲ ရှိခြင်း 7. ပစ္စည်း ထားခဲ့တဲ့ နေရာကို မမှတ်မိတော့ခြင်း၊ ပြန် မရှာနိုင်တော့ခြင်း 8. မစဉ်းစားတတ်တော့ခြင်း၊ ဆုံးဖြတ်ချက် မချနိုင်တော့ခြင်း 9. လူတော

Baby girl or boy ဘာလေးမွေးမှာလဲ

Image
၁။ ဆရာ ကလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ကိုယ်ဝန် ဘယ်နှစ်လမှာသိရပါသလဲဆရာ။ ၂။ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ထဲက ကလေးကို ယောက်ျား၊ မိန်းမ ခွဲတဲ့နေရာမှာ ဂျုံစေ့၊ ဘာလီစေ့တို့အပေါ်မှာ မိန်းမ ကျင်ငယ်ရည် ဖျန်းရုံနဲ့ခွဲခြားသိနိုင်တယ်လို့ သိရပါတယ်ဆရာ။ အဲ့ဒီကိစ္စ မှန် မမှန် ရှင်းပြပေးစေချင်ပါတယ်။  ဗိုက်ထဲကကလေး ယောက်ျားလေး-မိန်းကလေး ခွဲသိဘို့ အရပ်ထဲက အမျိုးသမီးကြီးတွေရဲ့ အတွေ့အကြုံတွေကို အားကိုးတတ်တယ်။ တရုတ်တွေက ပြက္ခဒိန်ကိုသုံးတယ်။ ဆရာဝန်တွေတေည့ စက်ပါမှရတယ်။ အာလ်ထွာဆောင်းရိုက်မှသိကြတယ်။  ဖေ့စ်ဘွတ်မှာ ရမ်းပြောကြတာတွေ အများကြီးဘဲ။ မိန်းကလေးမွေးမဲ့ ကိုယ်ဝန်ဆိုတာ - • အချိုတွေ၊ အသီးတွေ ချင်ခြင်းတပ်နေရင်၊ ဥပမာ (အိုက်စခရင်မ်)၊ (ကင်ဒီ)၊ ကျွန်တော်တို့ အမျိုးသမီးတွေက အချဉ်သီး၊ အချဉ်ထုပ်။ • ဗိုက်မှာ စက်ဝိုင်းလည်သလို လှုပ်ရင်၊ • ကိုယ်ဝန်ဆောင်ရတာ အရင်လောက် မလှဘူး ထင်နေရင်၊ • ဗိုက်ပုံစံက (ဘတ်စကက်ဘောလ်) လို မဟုတ်ဘဲ ဖရဲသီးလိုနေရင်၊ • ဆံပင် အရင်ကလောက် တောက်ပြောင် မနေရင်၊  • ကိုယ်ဝန်ဆောင်စလက္ခဏာတွေ မကြာခဏ ခံစားနေရရင်၊ • ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာ တန်းနေရင်၊ • ဘယ်ဘက်ရင်သားက ညာဘက်ရင်သားထ

New Year Habit နှစ်သစ်ကူးရောဂါ

Image
(ရေးထားတာ ၁၀ နှစ်လောက်ကြာပြီ။) နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြ-ပြုံးကြတာလဲ အစဉ်အလာပါဘဲ။ ပျော်စရာတွေ ဖန်တီးကြတယ်။ စုဝေးပြီး စားကြ-သောက်ကြမယ်။ မိတ်ဆွေ-သူငယ်ချင်းတွေက တနေရာရာ သွားပြီး လည်ကြ ပတ်ကြမယ်။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြို စီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေးထွေးထွေး အဆိုးကို မေ့ထားပြီး၊ အကောင်းကိုမျှော်၊ ဆုတွေ အပြန်အလှန်တောင်းပေးကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။ ပြက္ခဒိန်နှစ်ကူး၊ မြန်မာနှစ်ကူးမှ မဟုတ်ပါဘူး၊ နုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်၊ အလှူပွဲ၊ မွေးနေ့ကအစ ပျော်မယ်ဆိုပြီး၊ သောက်ကြစားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားဘဲ။ “အပျော်လွန်ရင် ငိုရတတ်တယ်” မဟုတ်လား။ ဒါ့ကြောင့် ဒီလိုရက်တွေရောက်ရင် ကျန်းမာရေးသမားတွေ မျက်ခုံး လှုတ်ကြရတယ်။ ဘယ်သူ့ ဘယ်နှစ်ချက် ချုပ်ပေးရမလဲ ပြင်ထားပေတာ့။ ကျန်းမာရေးမှာ အလုပ်လုပ်သူတွေက သိပ္ပံသမား ဟုတ်ကြပေမဲ့ အယူသည်းတာတော့ အလွန်ဘဲဗျ။ ဆေးရုံက စားပွဲကို လက်နဲ့ မခေါက်လေနဲ့၊ ဆရာဝန် မျက်မှောင်ကုတ်လိမ့်မယ်။ ခွဲခန်း-သားဖွါးခန်းမှာ ပစ္စည်းတခုခု လွတ်မကျ

Blood Groups သွေးအမျိုးအစားများ

Image
ပို့စ်တခု = B + သွေး လိုအပ်နေပါတယ် နိုင်ငံပေါင်း ၃၁ နိုင်ငံက လူပေါင်း ၂၂၆၁ဝ၂၅၂၄၄ (သန်း ၂ ထောင်ကျော်) ကို စာရင်းကောက်တယ်။ ရလဒ်တွေကတော့ - O (+) = 36.44% A (+) = 28.27% B (+) = 20.59% AB (+) = 5.06% O (-) = 4.33% A (-) = 3.52% B (-) = 1.39% AB (-) = 0.45% ဒေါက်တာတင့်ဆွေ

Stomatitis လျှာနာ ပါးစပ်နာအမျိုးမျိုး

Image
၁။ မင်္ဂလာပါရှင့်ဆရာ သမီးအသက်က ၃၀ ပါ အိမ်ထောင်ရှိပါတယ်ရှင့် သားလေးတစ်ယောက်(တယောက်)မွေးထားပါတယ် သမီး လျှာမှာ အဖုပေါက်ပီး(ပြီး) အဲနေရာက မာမာလေးဖြစ်နေပီး(ပြီး)တော့ တော်တ်ောနာလာပါတယ် ၂ ရက်လောက်ရှိပါပီ(ပြီ)ရှင့် စမ်းကြည့်လိုက်ရင် မာမာလုံးလုံးလေးနဲ့နာနေတာပါ ကင်ဆာဖြစ်မှာ ကြောက်လို့ပါဆရာ ဆေးခန်းတော့မပြရသေးပါဘူးရှင့် ဆရာအားတဲ့အချိန်လေး ဖြေပေးစေလိုပါတယ်ရှင့် ၂။ ကျား အသက် ၃၄ပါဆရာ လျာတွေနာတာ ၂နှစ်ဝန်းကျင်ရှိပါပြီဆရာ သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ လည်ပင်းမှာတစ်နေသလိုခံစား၊ ဂုတ်ဆက်တွေမှာလည်းကိုက်ခဲတယ်၊ ရင်ခေါင်းလဲတင်းပြီး တခါတခါမှာနာပါတယ်၊ အတွင်းနှုတ်ခမ်း၊လျာတွေမှာလဲအနာဖြစ်တက်ပါတယ်ဆရာ ကင်ဆာဖြစ်မှာကြောက်လို့ပါဆရာ ဖြစ်တတ်တဲ့လို့ ရေးရတယ်။ ပါးစပ်နာနဲ့ လျှာကွဲတာတွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို Geographic tongue ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ လျှာကွဲတာမွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ မသေချာရင် အပူအစပ်စားတာ၊ ဆေးလိပ်၊ အရက်စတာတွေကိုလွှဲချရတယ်။ ပါးစပ်အနံ့ပျယ်ဆေး အပြင်းသ

Most cancer types just bad luck ကင်ဆာနဲ့ ကံတရား

Image
နိုင်ငံရေးကို အကဲဒမစ် ခေါ် လေ့လာ သုတေသနဘက်မှာ အားသန်သူတဦးနဲ့ တလောက လက်ဖက်ရည်ဆိုင်မှာ စကေားပြောကြယင်း ကင်ဆာနဲ့ ကံတရားကို ပြောမိတော့ ရှိသလားလို့ မေးပါတယ်။ ရေးထားတာတခုကို တင်ပြမယ်။ မနှစ်က ရေးထားတာ။ မူရင်း ဆေးပညာဆောင်းပါးကို ဘီဘီစီ အင်္ဂလိပ် ဝဘ်ဆိုက်မှာ ၂-၁-၂၀၁၅ တုန်းက တင်ထားတာ။ Most cancer types just bad luck https://www.bbc.com/news/health-30641833 Luck ကို ကံ၊ ကံကောင်းခြင်း၊ ကံတရားလို့ ဘာသာပြန်ကြပါတယ်။ အခုဆေးသုတေသနအရ ကံမကောင်းခြင်းပါ ထည့်ရမလို။ ကျွန်တော်ဆေးပညာစာတွေရေးတာ ဖြေတာထဲမှာ ဘာလို့ဖြစ်မှန်းမသိနိုင်သေးတဲ့ ရောဂါတွေဆိုရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့အကြောင်းလေးပါးကို ထည့်ရေးပါတယ်။ ဆေးသုတေသနအရရေးတာတော့ မဟုတ်ပါ။ ၂-၁၂-၂၀၁၅ နေ့ထွက် ဆေးသုတေသနသတင်းအရ ကျွန်တော်ပြောတာ မမှားကြောင်းသိလာရပါတယ်။ အမေရိကန်သုတေသနလုပ်တဲ့အဖွဲ့တခုရဲ့ တွေ့ရှိချက်အရ (တစ်ရှူး) အမျိုးအစားတချို့ဟာ ကင်ဆာဖြစ်စေဘို့ အဆပေါင်း သန်းနဲ့ချည်ပြီး ခံနိုင်ရည်မရှိကြတာကို သိလာတာဖြစ်ပါတယ်။ လေ့လာမှုလုပ်သမျှ ကင်ဆာတွေထဲက ၃ ပုံ ၂ ပုံဟာ မတော်တဆပြောပြော ကံတရားအရဆိုဆို (မြူတေးရှင်း) ဖြစ်ကြတယ်။ လူနေမှုပုံစံအရ ကင်ဆာဖြစ်တယ်လို့ပြောမရပါ။ လူ့ကိုယ်မှာ

Gym ဆော့ ကစား သွား

Image
မြန်မာပြည်မှာ Gym တွေပေါ်ကတည်းက ဆော့  ဆော့  ဆော့ လို့ ပြောဆိုရေးသားနေကြတယ်။ ဆော့လွန်တဲ့ကလေးကိ ကမျင်းတယ်လို့ ခေါ်ကြပါတယ်။ ကစားတာနဲ့ ဆော့တာကို ကာတွန်းက ထောက်ပြထားတယ်။ ကျွန်တော်လည်း ပြောချင်တယ်။ Gym ဆော့လို့ရလားမေးတဲ့သူတွေကလေးမွေးထားသူတွေနဲ့  ရွယ်တူယောက်ျားတွေ။ ကန်တော့။ ၁။ ဆရာခင်ဗျ လေ့ကျင့်ခန်း gym စဆော့တာ ၆ရက်လောက်ရှိပြီဆရာ ၂။ ဆရာ သမီးက gym ဆော့ပါတယ်ဆရာ။ ၃။ ဆရာရှင့်သမီးဟာ အသက်၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။ ၄။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။ ၅။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အ

High Hemoglobin Level ဟီမိုဂလိုဘင် များနေခြင်း

Image
မဂ်လာပါဆရာအသက် ၃၈ ကျားပါ တခါတရံအရက်သောက်များတဲ့ခါကျ နှလုံးခုန်မြန်ပီး(ပြီး) သွေးတိုးလာပါတယ် 120 လောက်မြန်တာပါ ကျန်တဲ့အချိန်ကတော့ ပုံမှန်ပါပဲ နှလုံးခုန်မြန်တာ သွေးတိုးတာ မရှိပါဘူးဆရာ ဆရာဝန်ပြတော့ Ecg ဆွဲသွေးစစ်လုပ်ပါတယ်ဆရာ Ecg ပို့ထားပါတယ်ဆရာ သွေးစစ်တာလည်းပို့ထားပါတယ်ဆရာ HGB များတယ်ပြောပါတယ်ဆရာ အထူးကုနဲ့ပြဖို့လမ်းညွှန်ပါတယ်ဆရာ အဲဒါနှလုံးအထူးကုနဲ့ပြသင့်လား ရိုးရိုးအထူးကုနဲ့ ပြသင့်လား ဒါမှမဟုတ်ဒီအတိုင်း life style ပြောင်းပီး(ပြီး)နေရမလားဆရာ နယ်ရွာကဆိုတော့ သွားရလာရခက်လို့ပါဆရာ အကြံပေးပါအုံးဆရာ မြို့ပေါ်ပီး(ပြီး)ခဲ့တဲ့လလောက်က ပြထားစစ်ထားတာတွေပါဆရာ နောက်တခုက အိမ်မှာဘယ်ချိန်ပဲသွေးချိန် 130-80 မကျော်ပါဘူးဆရာ ဆေးခန်းရောက်ရင် 170-180 လောက်ဖြစ်နေပါတယ်ဆရာ အမြဲအလိုဖြစ်တာပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ အကြံညဏ်ပေးပါအုံးဆရာ ဆရာဖြေပေးပါအုံးနော်ဆရာ ဆရာကျန်းမာချမ်းသာပါစေဆရာ ဟီမိုဂလိုဘင် များနေသူ ခေါင်းကိုက်၊ ခေါင်းမူးခံစားရမယ်။ အောက်ခံရောဂါတွေ ရှိ မရှိ စစ်ရမယ်။ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်တယ်။ လူတိုင်းမှာ မဟုတ်ပါ။ • Heart attack နှလုံး အတက် ရခြင်း၊ • Stroke လေဖြတ်ခြင်း၊ • Blood clots သွေးခဲခြင်း။ ဘာက

Blood သွေး

Image
ဆရာ လူတယောက်မှာ သွေး ၅ လီတာ မှ ၆ လီတာအထိရှိတယ်လို့ စာအုပ်ထဲမှာဖတ်ဖူးပါတယ်။ Blog စာမျက်နှာတခုမှာ ၇ လီတာလို့ ရေးထားတာတွေ့ရတယ်။ ဘယ်ဟာအမှန်လဲဆရာ။ ပုံမှန်လူတယောက်မှာ သွေး ၅ လီတာရှိပါတယ်။ သွေးကို ခန္ဓာဗေဒမှာ ထူးခြားတဲ့ (ကွန်နက်တစ်-တစ်ရှူး) များထဲမှာ ထည့်ထားတယ်။ သွေးမှာ အခဲပိုင်းနဲ့ အရည်ပိုင်းရှိတယ်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်) ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓါတ်ဆားများ၊ Protein ပရိုတင်းတို့လည်း ပါဝင်တယ်။ အာဟာရ၊ ဂလူးကို့စ်၊ Lipid ခေါ် အဆီ၊ Amino acid အမိုင်နိုအက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတွေကို သယ်ပို့ပေးနေတယ်။ သွေး၏အခဲပိုင်းတွင် - ၁။ RBC = Red blood cell = Erythrocyte သွေးနီဥ၊  ၂။ WBC = White blood cells = Leukocytes (လူကိုဆိုက်) သွေးဖြူဥများနဲ့  ၃။ Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်တယ်။ RBC သွေးနီဥသည် အများဆုံးဖြစ်သည်။ RBC သည် ပျမ်းမျှ ရက် ၁၂၀ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ RBC ပေါင်း ၂့၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ RBC အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆ဝ,ဝဝဝ ခရီး သွားနေခြင်း ဖြစ်သည်။ RBC တခုသည် ကိုယ်ခန္ဓာထဲ

Cancer ကင်ဆာဆိုတာ

Image
Cancer Won't Stop for the Holidays And You Can't Either အနောက်တိုင်းနိုင်ငံတွေမှာ အခုလိုရက်တွေဟာ နေ့အားရက်တွေ အများကြီး။ နားကြတယ်။ သွားလာကြတယ်၊ အပန်းဖြေကြတယ်။ ဒါပေမဲ့ ကင်ဆာဆိုတာ နေ့အားရက်တွေကို မသိပါလို့ ကင်ဆာအသိပညာပေးစာ ထွက်ပါတယ်။ ဟုတ်တယ် ကင်ဆာဆိုတာကမှ တကယ့်ကို အသားရောင်မခွဲခြား၊ ကိုးကွယ်ရာဘာသာမခွဲခြား၊ ကျား-မ မခွဲခြား၊ ဆင်းရဲချမ်းသာမခွဲခြား၊ အားရက်နားရက်မသိပါ။ သတိရှိကြပါကုန်။ ဒေါက်တာတင့်ဆွေ

ထိ ရေ နှင့် အရက်

Image
ဆရာခင်ဗျ ထမင်းစားပြီး မိနစ်သုံးဆယ်အတွင်း ရေသောက်ရင် အစာအိမ်ထိတယ်လို့ပြောကြပါတယ် ဒါဆို အရက်သောက်ရင်း ထမင်းစားရင်ရော အစာအိမ်ထိပါသလား - ထိ ထိတယ်ဆိုတာ ဘာလဲ။ ထိခိုက်တာလား၊ သွားထိမိတာလား။ ကျန်းမာရေးမေးခွန်းဖြစ်လို့ ထိခိုက်ကို ဆိုလိုတာ ဖြစ်နိုင်တယ်။ ကျန်းမာရေးမှာ မြွေကိုက်တာကိုသာ ပိုးထိတယ်လို့ သုံးလေ့ရှိတယ်။ - ရေ ရေကို ဘယ်လိုသောက်သောက် (ထိုင်သောက်သောက်၊ ထသောက်သောက်၊ ထမင်းမစားခင်သောက်သောက်၊ စားနေတုန်းသောက်သောက်၊ စားပြီးသောက်သောက်) ရောဂါ တစိုးတစိမျှ မရနိုင်။ ခွဲစိတ်ထားလို့ ယာယီတားထားရင်တော့ လိုက်နာရပါမယ်။ မွေးစကလေး ၆ လအထိ မိခင်နို့တိုက်နေရင် ရေမလိုပါ။ - အရက် အရက်ဆိုတာ ဘယ်လိုသောက်သောက် အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ အရက်ထဲက အယ်လ်ကိုဟော % အနည်းအများ၊ သောက်တဲ့ပမာဏ၊ သောက်တဲ့သူရဲ့ အသည်း၊ စိတ်နဲ့ ဦးနှောက်ရောဂါအခံ ရှိ-မရှိအရ ရောဂါရပါမယ်။ ဒေါက်တာတင့်ဆွေ

ပဲ သတ်ပုံ (၂)

Image
၁။ ယနေ့ ပဲဒီစိမ်း လှလျင် - ၃၈၀၀၀ိ/ မလှလျင် - ၃၅၀၀၀ိ/ စျေး (ပဲတီစိမ်းလို့ ရေးရ။) ၂။ ပဲစင်းငုံလို့ ရေးတယ်မို့လားဆရာ တောင်သူလုပ်စဉ်က အဓိကထားစိုက်ခဲ့ပါတယ်။ ဟင်းစားပဲမှာ တန်ဘိုးထာမခံရဘူး၊ မြန်မာပြည်မှာပါဆရာ။ အဆစ်အမြစ် ကိုက်တာနဲ့ပတ်သက်လို့ ကောင်းတယ် ဆိုကြတယ်ဆရာ။ တိုင်းရင်းဆေးနည်းတွေ မသိပါ။ နေ့လယ်စာစားနေရင်း ဒေါ်မြမြအေးကတော့ သူငယ်ငယ်က အမျိုးသမီးတွေကို အဲဒီပဲ စားခိုင်းတာ သိတယ်တဲ့။ အရင်သတ်ပုံစာအုပ်တွေမှာ ပဲစင်းခုန်လို့ ရေးတယ်။ ခုခေတ်ထုတ် သတ်ပုံစာအုပ်တွေမှာ ပဲစင်းငုံလို့ရေးတယ် အရင်ထုတ်သတ်ပုံစာအုပ်မှ စားတော်ပဲ တပဲ = လေးရွေး ပဲကတိုး ပဲကျား ပဲခွပ် ပဲခူးစာငှက် ပဲချဉ်ပေါင် ပဲစင်းခုန် (ပဲစင်းငုံ၊ ပဲစင်းဂုံ၊ ပဲစဉ်းငုံ) ပဲစိမ်းစားဥ ပဲစုန်းကြူး ပဲတလက် ပဲတီချဉ် ပဲတီစိမ်း ပဲနံ့သာ ပဲပိစပ် ပဲပုစွန် ပဲကြီး ပဲပြားပုပ် ပဲလင်းမြွေသီး ပဲလွမ်း ပဲစောင်းလျား ပဲဆေးလုံး ပဲနောက် ပဲကြော် ပဲလှော် ဗိုလ်စားပဲ ဝမ်းပဲငှက် မြေပဲ နောက်ထုတ်သတ်ပုံစာအုပ်မှ ပဲကတ္တီပါ ပဲကပ်ကြော် ပဲကျပ်ပျဉ် ပဲကျား ပဲခွပ် ပဲခူးတိုင်း ပဲငံပြာရည် ပဲငါးပိ ပဲစင်းငုံ ပဲစိမ်းစားဥ ပဲစုန်းပြူး ပဲဆန် ပဲဆုပ်မုန့် ပဲတင်းပဲကျေ ပဲတီချဉ် ပဲကြီးခွံတွန့် ပဲဒလက် ပဲနံ

New Year's Resolutions နှစ်သစ်ကူးသန္နိဋ္ဌာန်

Image
(၂၀၁၈ ခုနှစ်က နှစ်သစ်မကူးမီရက်မှာ ရေးထားတာ) တချို့က "ရီဆိုလူးရှင်း" ဆိုရင် ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းက စကားလုံးလို့သာ ထင်ကြတယ်။ အခုရေးမှာ အဲဒါမဟုတ်ပါ။ စိတ်ခိုင်ခံ့သောသဘောထား ခေါ် သန္နိဋ္ဌာန်ဖြစ်ပါတယ်။ နှစ်သစ်ကူးမှာ ဘယ်လိုထားကြသလဲ၊ ထားမလဲ။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကူးအတွက် ယူအက်စ်အေလူတွေက ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားသောက်မယ်၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်မယ်၊ ပိုက်ဆံစုမယ်လို့ အများဆုံးက သန္နိဋ္ဌာန်ချခဲ့ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သူတွေက များတယ်။ ရလဒ်ဆိုတာထက် တကယ်လုပ်နိုင်တာကို တိုင်းတာပါလို့ အကြံပြုပါတယ်။ သန္နိဋ္ဌာန်ကို ဘယ်လိုချသင့်သလဲ - ကိုယ့်ကိုယ်ကို ရိုးသားပါ။ - ကိုယ်ပိုင်သုတေသန လုပ်ပါ။ - ကိုယ်မကြိုက်တာတွေ ချရေးပါ။ - သင်အကြောက်ဆုံးဟာ ဘာလဲ။ - ဖြစ်ချင်တဲ့ အရေးအကြီးဆုံးအချက်ကို နံပတ် (၁) နေရာထားပါ။ - ရည်မှန်းတာတွေက စမတ်ကျတာဖြစ်ပါစေ။ - လုပ်နိုင်တာထက် ပိုကဲလွန်းတာ မချမှတ်ပါနဲ့။ - ခွန်အားသစ် မွေးပါ။ နှစ်သစ်ကူးသန္နိဋ္ဌာန်သမိုင်းက ဘေဘီလုံခေတ်ကတည်းကလို့ဆိုပါတယ်။ နှစ်ပေါင်း ၄ ထောင်ကတည်းက။ အဲဒီခေတ်မှာ ဇန္နဝါရီကစတာမဟုတ်ပဲ မတ်လကနေစတယ်။ ပြီးခဲ့တဲ့နှစ်တွေက ယူအက်စ်အေမှာ ၃၈% က ကိုယ်လက်လေ့က

Pulse Oximeter အောက်စီမီတာ

Image
၁။ မင်္ဂလာပါဆရာ အသက် ၂၆နှစ် မ အိမ်ထောင် မရှိ အပျို ရာသီသွေး မမှန်ပါဘူးရှင့် တလခြားတခါ၊ နှစ်လခြားတခါ၊ တခါတလေတော့ တလတခါပုံမှန်သွေးဆင်းပါတယ်ရှင့်။ အသက် ၁၇၊ ၁၈လောက်ကတည်းကပါရှင့်။ အနေအထိုင် အိပ်ရေးမမှန်၊ အစာစားတာအချိန်မမှန်ပါဘူးရှင့် ပြီးခဲ့တဲ့ August လလောက်က ၈ရက်ဝန်းကျင်လောက်အနံ့ပျောက်သွားပါတယ်ရှင့် အနံ့ပျောက်နေချ်ိန် ညပိုင်းလောက်ဆို အသက်ရှုရတာရေမွန်းသလိုခံစားရပါတယ် ရှင့် covid test တော့ မစစ်ဖြစ်လိုက်ပါရှင့် stay home နေပြီး အနံ့ပြန်ရလာပါတယ်ရှင့် အခုတလော တခါတရံအရှိုက်ကနေ တင်းကြပ်ကြပ်နဲ့ အသက်ရှုမဝပဲ လူအရမ်းနုံးသလိုခံစားရပါတယ်ရှင့် အိပ်လိုက်မှသက်သာပါတယ်ရှင့် အနောက်ကျောဘက် အပေါ်ပိုင်း ညာဘက် လက်ဖျံဘေးနားလေးကနေလည်းအတွင်းကနေတခါတရံစူးခနဲခံစားရပါတယ်ရှင့် ရေးတာလေး မှားသွားလို့ပါဆရာ ကျောဘက်အပေါ်ပိုင်း အတွင်းကနေတခါတရံစူးခနဲခံစားရပါတယ်ရှင် အသက်ရှူမဝခြင်းဟာ ကိုဗစ်လက္ခဏာတွေထဲက တခုဖြစ်တယ်။ ကိုဗစ်ဟုတ် မဟုတ်ကတော့ စစ်မှသာသိမယ်။ စစ်လို့ (+) ပြသူတွေ ကိုယ့်အိမ်မှာ သီးခြားနေနိုင်တယ်။ ခံစားရတာမသက်သာရင်တော့ ဆေးရုံကို အရေးပေါ်သွားရမယ်။ အောက်စီဂျင်လယ်ဘယ်ကောင်းနေရမယ်။  အောက်စီဂျင်လယ်ဘယ် တိုင်းရမယ်။ Pulse Oximeter အေ

Cardivas Coversyl ဆေးများ

Image
အသက် ၆၂ နှစ် ကျားပါ အစာစားပြီးရင်နှလုံးခုန်မြန်ပြီးသွေးတိုးလို့ ပါရဂူပြပြီး နှလုံးဆေးနဲ့သွေးကျဆေး ပုံမှန်သောက်တာ ၇နှစ်ရှိပါပြီ စိုးရိမ်တာက နှလုံးဆေးတွေက ကြာကြာသောက်ရင် ကျောက်ကပ်ကိုထိစေနိုင်ပါသလား ဆရာခင်ဗျား လိုအပ်ပါက သောက်ဆေးတွေပို့ပေးပါမယ်ခင်ဗျား ဆေးအမည် အင်္ဂလိပ်လို စာလုံးပေါင်း သိလို။ Cardivas 6.25 MG Tablet Side effects ဘေးထွက်သက်ရောက်မှုများ • ခေါင်းမူး • အသက်ရှူရခက် • ကိုယ်အလေးချိန်တက် • ခြေထောက်ရောင် • ခေါင်းကိုက် • ချွေးထွက်များ • နောက်ကျောနာ • ဝမ်းပျက် • မောပန်း • ပျို့ အန် • ချောင်းဆိုး • သွေးဖိအားကျ • သကြားဓါတ်တက် Coversyl 5 mg ဘေးထွက်သက်ရောက်မှုများ • ချောင်းဆိုး • အသက်ရှူမဝ • လှုပ်ရှားရင်မော • ခေါင်းကိုက် • ခေါင်းမူး  • အပ်နဲ့ထိုးသလိုခံစား • နှလုံးခုန် မူမမှန် • အားနည်း • နားအူ • မျက်စိကြည့်မကောင်း • သွေးဖိအားကျ • ပျို့ အန် • လျှာအရသာပျက် • အစာမကျေ  • ဝမ်းပျက်  • ဝမ်းချုပ်  • ဗိုက်အောင့် • ကြွက်တက် • ယား ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်ရင်တော့ သောက်ရပါမယ်။ ဒေါက်တာတင့်ဆွေ

Norgetex ဆေး

Image
မေးခွင့်ပြုပါ ဆရာ ကျမကို ဆရာဝန်က သောက်ဖို့ ပေးထားတဲ့ ဆေးကတ်က ဝယ်မရလို့ အလားတူ ဆိုတာ ဝယ်လာပါတယ် အဲဒါလဲ အာနိသင် တူလားရှင့် အဲဒီဆေးကိုရော စွဲသောက်လို့သင့်လား အကြံပြု ပေးပါရှင် တကတ်ကို တသောင်း ပေးခဲ့ရပါတယ် နူရိုဘီယန် အပြာက တကတ်ကို 2000/ကျပ်ပါ နူရိုဘီယန်ဆိုရင်တော့ ‌ကျမ ရေရှည် စွဲသောက်နိုင်တဲ့ ဈေးပါ အကိုက်အခဲပျောက်ဆေးက အဲဒါ ရလာပါတယ်ဆရာ အမြဲတမ်း ကိုက်ခဲနေတာတော့ မရှိလို့ လိုအပ်ချိန်ဘဲ သောက်လို့ သင့်မလား ဆရာ ‌အမှားပါလျင် ခွင့်လွှတ်ပါ ဆရာ Norgetex ဆေးပြားကို ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်း၊ သွားနာသွားကိုက်ခြင်း၊ နားကိုက်ခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ အမျိုးသမီးများ ရာသီ ဓမ္မတာ လာချိန် နာကျင်ခြင်း၊  ဖျားခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းတို့တွင် အသုံးပြုနိုင်ပါသည်။ ဆေးပြားတွင် Orphenadrine Citrate နှင့် Paracetamol တို့ပါဝင်သည်။ Orphenadrine သည် ကြွက်သားများ လျော့စေပြီး နာကျင်မှုများကို သက်သာစေသည်။ ဘေးထွက်ဆိုးကျိုးများ ခံတွင်းခြောက်သွေ့ခြင်း၊ ပုံမှန်မဟုတ် နှလုံးခုန် မြန်ခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ မောပန်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆီးသွားခက်ခြင်း၊ အမြင်ဝါးခြင်း၊ အားနည်းခြင်း၊ ပျို့ချ

အသက် ၅ နှစ် မိန်းကလေး

Image
(ကန်တော့) မင်္ဂလာပါဆရာ။ ကျွန်မရဲ့တူမလေးအသက် ၅နှစ်က (ကန်တော့ပါနော်)ရှေ့မိန်းမကိုယ်နဲ့စအို နားလေးတွေ အခါခါ တစ်ရှူးနဲ့သုတ်တာ တွေ့လို့မေးကြည့်တော့ အခါခါယားတယ်ဆိုပြီးပြောပါတယ်ဆရာ သေချာမေးကြည့်တော့ တစ်ခါတလေ(တခါတလေ) ရူးရူးလိုထွက်လို့သုတ်တယ်ပြောပါတယ် သံချထားတာ ၅လကျော် ရှိပါပြီ။ အဲ့တာ အိုဂျီဆရာမကို သွားပြတာ ငွေ ၅သောင်းကျော်လောက်သာကုန်သွားတယ်။ သံ(သန်)ချဆေးပဲ ပေးလိုက်လို့ သောက်လိုက်ပြီးပါပြီ။ ဒါပေမဲ့ အိပ်နေတုန်းလည်း သူတစ်ခါတစ်ခါ(တခါတခါ)ကုတ်နေလို့ မနက်ကမေးကြည့်တော့လည်း ယားနေတုန်းပြောလို့ ၅နှစ်ကလေးလိမ်းလို့ရတဲ့လိမ်းဆေးတွေများရှိပါလား သိချင်ပါတယ်ဆရာရှင့်။ ဒါမှမဟုတ် အထွေထွေဆရာဝန်နဲ့ထပ်ပြသင့်ပါလားဆရာ။ ပဌမတချက် Cortisone 1% cream လိမ်းနိုင်တယ်။ ချက်ချင်း သက်သာသွားမယ်။ နေ့တိုင်း လိမ်းရန် မလို။ ယားမှသာ လိမ့်ပါ။ နောက်တချက် - အသက်ငယ်ငယ် မိန်းကလေးတွေလည်း အဖြူဆင်းတတ်တယ်။ အဖြူဆင်းတာမှန်ရင် ကိုယ်အလေးချိန် တပေါင်ကို Metronidazone 35 to 50 milligrams နှုန်းတွက်ပြီး စုစုပေါင်းကို တနေ့ ၂-၃ ကြိမ်ခွဲတိုက်နိုင်တယ်။ ၅ ရက်ဆို ပျောက်နိုင်တယ်။ အလွန်ဆုံး ၁၀ ရက်။ ဗဂျိုင်းနားထည့်ဆေး မလိုလောက်လို့ ထင်တယ်။ နောက်တချက် ဆီးသွားတ

NSAIDs အကိုက်အခဲပျောက်ဆေးများ

Image
ဆရာရှင့် ကျမ၏မိခင် ၈၃ နှစ်ရှိသူသည် လွန်ခဲ့သော ၁ လခွဲခန့်က ခြေကျင်းဝတ်နေရာမှ နာခြင်း၊ ဒူးအောက်ပိုင်း အနည်းငယ်ရောင်ခြင်းတို့ဖြစ်ပါသည်။ အထွေထွေဆေးကုခန်းမှ ဆရာဝန်ကြီးက မနက် ဆီးဆေး-၁လုံး၊ နေ့လည်(လယ်) ငါးကြီးဆီ ၁ လုံး၊ ည Astymin အားဆေး ၁ လုံး၊ ၁ဝ ရက်စာပေး၍ စားပြီး အရောင်ကျ၊ သက်သာသွားပါသည်။ 9.12.13 နေ့တွင် ခါးနာပြီး မထိုင်နိုင်တော့ပါသဖြင့် အရိုးအကြောဆရာနှင့်ပြရာ ဓါတ်မှန်ရိုက်ပြီး ဆေး ၁ လုံးထိုးပေးပြီး စားဆေး ၁ ပတ်စာ ပေးပါသည်။ သက်သာမှုရှိသော်လဲ အိပ်ယာမှထ ထိုင်ရာတွင် ဖေးမပေးရခြင်း၊ ခဏသာ ထိုင်နိုင်သေးခြင်း၊ တဦးထဲ လမ်းမလျှောက်ရဲသေးခြင်း၊ တခါတရံ အိပ်ယာ(အိပ်ရာ)ထဲ ဘေးစောင်းပက်လက်ပြောင်းလျှင် စူးကနဲနာ၍ အော်ရခြင်း၊ ဆီးသွားသည့် အကြိမ်စိပ်လာခြင်း (တနေ့လျှင် ၇-၈ ကြိမ်ခန့်) တို့ ရှိနေပါသေးသည်။ ပုံမှန်အတိုင်း ကိုယ်တိုင် လမ်းလျှောက်နိုင် ထိုင်နိုင်ပြီး နာကျင်မှုမရှိစေရန် မည်သို့ ဆောင်ရွက်သင့်သည်ကို ညွှန်ကြားပေးစေလိုပါသည်ရှင့်။ မိခင်ကြီးသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အစာအိမ် ရောဂါမရှိပါ၊ ဓါတ်မှန်အား ပူးတွဲပေးပို့အပ်ပါသည်ရှင့်။ ဓါတ်မှန်အရ အရိုးအားနည်းတာနဲ့ ခါးဆစ်ရောဂါရှိနေတယ်။ ဖြစ်တတ်ပါတယ်။ နာမယ် အန